← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း(၂၅)

(သုံးရာသီ ရောင်စုံပန်းခြံ)

"ခ်ခ်ခ်ခ်ခ်"

တပ်ဖွဲ့မှူးဝင်းမှ နှုတ်ခမ်း တဆက်ဆက်ဖြင့်

[ ဒီတစ်ခါလဲ မတော်တဆပဲလား ]

ကိုက်၂၀ခန့် လွင့်စင်သွားသော နိုင်လူအား ခရူးဆိတ် စစ်သည်များမှ ပြန်ဆွဲခေါ်လာလေသည်။

ထို့နောက်

"သူဇာ ... ကျွန်တော်သူ့ကို လောလောဆယ် အကျဥ်းချထားဦးမယ်၊ သူတို့ဂိုဏ်းက သေချာပေါက် လိုက်လာမှာပဲ၊ အဲ့ကျမှ ထပ်ရှင်းကြတာပေါ့"

သူဇာလွင်၏ နဖူးပေါ်မှ ဆံပင်လေးများအား သပ်တင်ပေးရင်း မေးလိုက်ရာ

[ ဒီကောင် တမင်လုပ်နေတာပဲ ]

စိတ်အတွင်းဝယ် ထိုကဲ့သို့ တွေးနေသော်လည်း အပြင်ပိုင်းတွင် နူးညံ့ပုံဖြင့် တိုးတိုးလေး

"အင်းပါ" ဟူ၍သာ .....

"အကိုဇော်ပိုင်"

"ရှိ"

"ကျန်မိသားစုတွေကို ရင်ပြင်ဆီ ဆွဲခေါ်သွား ဂိုဏ်းဝင်တွေကိုလဲ တစ်ခါထဲ ခေါ်သွားလိုက်၊ သူ့ကိုတော့ သီးသန့်ချုပ်ထားပါ"

"အော် ... အကုန်လုံးကို ကျင့်ကြံဆင့်ပိတ်ဖို့ မမေ့ပါနဲ့"

"ကျွန်တော်ခြံထဲ ပြန်နှင့်မယ်၊ ဒီကကိစ္စတွေကို စီမံဖို့ တပ်မဟာမှူးနဲ့ လွဲခဲ့မယ်၊ ကျန်မိသားစု ပိုင်ဆိုင်သမျှကို သိမ်းဆည်းပြီး ခြံထဲသယ်လာပါ"

"ခေါင်းဆောင်လွင် ကျွန်တော်နဲ့ ခြံထဲလိုက်ခဲ့ပါ"

"ဟုတ်ကဲ့ပါ မြို့စား"

သူဇာလွင်မှ စောရန်နိုင်၏ လက်မောင်းအား ဆွဲကိုင်ရင်း၊ မျှော်လင့်တကြီးဖြင့်

"ငါကော"

"သဘောပါဗျား၊ ဟား ... ဟား"

အပြင်ဘက် ခြံဝိုင်းရဲ့ အဝင်တံခါးဝ အရောက်တွင်

"သူဇာ ... ဒီခြံရဲ့ နာမည်က ဘယ်လိုခေါ်လဲ"

တစ်ညသာ နေရသေးသည်မို့ ခြံနာမည်ကို သူမသိသေးပါ၊ မေးဖို့လဲ အခွင့်မကြုံသေးချေ။

"သုံးရာသီ ရောင်စုံပန်းခြံပါ"

"လိုက်ဖက်ပါတယ်"

ခြံဝိုင်းအတွင်း၌ ၁၂ လရာသီဆိုင်ရာ ပန်းပင်များ အစီအရီ ရှိနေပြီး နေချင်စဖွယ်ဖြစ်မှန်း ယနေ့မှသာ သတိထားမိလေသည်။

"အခုကစပြီး ဒီခြံဝိုင်းက မြို့စားအိမ်တော်ရာ ဖြစ်လာလိမ့်မယ်"

မိနစ်အနည်းငယ် အကြာ၌

"ဦးလေးလွင်လို့ပဲ ခေါ်ပါရစေဗျ၊ ကျွန်တော့်ကိုလဲ တူတော်စောလို့ ခေါ်ပေါ့"

"အဲဒီလိုက သင့်တော်ပါ့မလား မြို့စားရယ် "

"အဆင်ပြေပါတယ်"

"တူတော်စော"

"ဒါနဲ့ ဦးလေးလွင်တို့ မိုင်းတွင်းတွေနဲ့ ဆေးပင်စိုက်ခင်းတွေကို ဘယ်လိုစီမံပြီး ဘယ်လိုမျိုး အခွန်ဆောင်ကြလဲဗျ"

လွင်မိုးက

"ဆေးပင်စိုက်ခင်း တွေကတော့ အခွန်ကိစ္စ မရှိပါဘူး၊ အနောက်ပြည်နယ်နဲ့ တစ်ခြားဒေသတွေဆီ တင်သွင်းမှသာ အခွန်အနေနဲ့ ဒေသအလိုက် ပေးဆောင်ရတာပါ၊ သားရဲတစ်ထောင် မြို့ထဲကို တင်သွင်းရင်တော့ ဆေးပင် ၁တန်ကို ငွေပြား ၁၀၀နှုန်း ကျန်မိသားစုဆီ အခွန်ငွေ ပေးဆောင်ရပါတယ်"

"သံသတ္တုရိုင်းတွေ အနေနဲ့ကတော့ အနောက်ပြည်နယ် အစိုးရဆီ ၁တန်ကို ငွေပြား ၃၀၀၀နှုန်းနဲ့ တင်သွင်းပါတယ်၊ မြို့ထဲက သံမဏိစက်ရုံ တွေဆီတော့ ၁တန်ကို ငွေပြား ၂၅၀၀နှုန်းသာ ရပါတယ်၊ အခွန်အနေနဲ့က ကျန်မိသားစုကို ၁တန် ငွေပြား၅၀၀နှုန်း အထိကို ပေးခဲ့ရပါတယ်"

( ငွေပြား ၁၀၀၊ ရွှေတစ်ပြား )

လွင်မိုးသည် စောရန်နိုင်မှ မြို့၏ သွင်းကုန် ထွက်ကုန်များအကြောင်း သိလိုသည်ဟု ခန့်မှန်းမိ၍

"ကျန်မိသားစုပိုင်တဲ့ မိုင်းတွင်းတွေထဲမှာ ငွေသတ္တုတွင်း တစ်ခုပါ ပါတယ်၊ တစ်လကို ၅တန်အထိ ထုတ်နိုင်လို့ သိရပါတယ်၊ ဦးလေးတို့ သံသတ္တုရိုင်း မိုင်းတွင်းတွေကတော့ တစ်လကို ၁၅တန် အထိကို ထုတ်နိုင်ပါတယ်"

"ကျန်မိသားစု ဆေးပင်ကြီး စိုက်ခင်းတွေက တန်ဖိုးကြီးတဲ့ ဆေးပင်တွေ စိုက်ပျိုးတာမို့ တန်ဖိုးပိုပြီး ရှိပါတယ်၊ သူကျတော့ တစ်နှစ်ကို တန်ဖိုးကြီးဆေးပင် ၄တန်အထိ ထွက်ပါတယ်၊ ကျွန်တော့်ဆေးပင်တွေကတော့ တန်ဖိုးနည်းတွေသာမို့ ၁လကို ၁၀တန်အထိ ထုတ်နိုင်ပါတယ်"

"စိုက်ပျိုးအခွန်က သီးသန့်တော့ မရှိထားပေမဲ့ ကျန်မိသားစုဆီ တစ်လကို ငွေပြား ၁၅၀ ပေးရပြီး မိုင်းတွင်းခွန်ကတော့ တစ်လကို ငွေပြား ၂၀၀ပါ"

စောရန်နိုင်မှ

"ဆိုတော့ကာ မြို့အခွန်ဆိုင်ရာ ထုတ်လုပ်ခွင့်ဆိုင်ရာနဲ့ အခွန်အားလုံးကို ကျန်မိသားစုကပဲ ထိန်းချူပ်ထားတာပေါ့"

"ဟုတ်ပါတယ််၊ သူတို့ကတော့ ပြည်နယ်အစိုးရ ဆီကနေ ပိုသက်သာတဲ့ အခွန်နှုန်း၊ ပိုရတဲ့ စျေးနှုန်းတွေနဲ့ ရောင်းနေကြတာပါ"

"သံမဏိစက်ရုံက ဘယ်သူ့အပိုင်လဲ"

"သံမဏိစက်ရုံကလဲ ကျန်မိသားစု ပိုင်တာပါ၊ သံမဏိ အရည်အသွေးအလိုက် ၁တန်ကို ငွေပြား ၁၀၀၀၀ အထိ ရတယ်လို့ ဆိုပါတယ်"

"အဲဒါအပြင် ခဲသတ္တုစက်ရုံ၊ ငွေသတ္တုစက်ရုံ၊ သစ်စက်၊ အုတ်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း တွေကိုလဲ ထိန်းချုပ်ထား ပါသေးတယ်"

"အဲဒါတွေကနေ တစ်လကို ငွေပြား နှစ်သောင်းကျော် ဝင်ငွေရှိနေတာပါ"

"ကောင်းပြီ အဲဒါတွေကို ကျွန်တော်သိမ်းပြီး လုပ်ပိုင်ခွင့်ကို လွင်မိသားစုဆီ ပေးမယ်ဆိုရင်ကော၊ ဦးလေးလွင်က ကျွန်တော့်ကိုယ်စား စီမံနိုင်ပါ့မလား"

"ဒါက"

"အဖေ ... သမီးလုပ်ချင်တယ်"

အခန်း(၂၅)

အခန်း(၂၆)

(ငါက ချမ်းသာနေပြီလေ)

"အဖေ ... သမီးလုပ်ချင်တယ်"

"ဟူး ... အဲဒီလုပ်ငန်းတွေက များလွန်းတယ်နော်သမီး၊ ငါ့သမီး လုပ်နိုင်ပါ့မလား၊ ပြီးတော့ သမီးက ပန်းတစ်ရာဂိုဏ်းရဲ့ သမီးတော်လေ"

"ဂိုဏ်းသမီးတော် ရာထူးကို နုတ်ထွက်နိုင်ပါတယ် "

သူဇာလွင် စောရန်နိုင်အား ခိုးကြည့်၍ တိုးတိုးလေး ဖြေလိုက်လေသည်။

"ပန်းတစ်ရာဂိုဏ်း သမီးတော် အဖြစ်ကနေ မထွက်ရအောင်၊ ဒါတွေကိုလဲ စီမံလို့ရအောင် ကျွန်တော်ဖက်က လုပ်ပေးမယ် ဆိုရင်ကော"

"ဒီလိုဆို ပိုကောင်းတာပေါ့"

"အခွန်အနေနဲ့က မြို့တွင်းကို တင်ပို့တဲ့ လွင်မိသားစုရဲ့ လုပ်ငန်းကထုတ်တဲ့ သွင်းကုန်တွေကို အရင်ကထက် ၃ပုံ ၁ပုံ လျော့ပေးမယ်၊ တစ်ခြားသော လုပ်ပိုင်ခွင့် အခွန်တွေကိုလဲ ၃ပုံ ၁အထိ လျော့ပေးမယ်"

"သံ၊ သံမဏိ၊ ခဲ၊ ငွေသတ္တုတွေရဲ့ ထုတ်လုပ်ပိုင်ခွင့်ကို လွင်မိသားစုဆီပေးမယ်"

"ဒီလုပ်ငန်းတွေကနေ ရရှိတဲ့ အမြတ်ငွေရဲ့ ၁၀ပုံ ၆ပုံကိုပဲ မြို့စားအိမ်တော်ဆီ အခွန်ပေးပြီး ကျန်တာကတော့ လွင်မိသားစုရဲ့ ပိုင်ဆိုင်မှုပဲ၊"

"အဲဒီလိုပဲ ကုန်ကျငွေကို လွင်မိသားစုက ၄၀ ရာခိုင်နှုန်း၊ မြို့စားအိမ်တော်က ၆၀နှုန်းနဲ့ သတ်မှတ်မယ်၊ အဲဒီလိုဆို အဆင်ပြေရဲ့လား"

"ပြေပါတယ်တူလေး၊ ပြေပါတယ်"

သတ္တုရိုင်း မိုင်းတွင်းအတွက် ကုန်ကျငွေမှာ ရငွေ၏ ၅ပုံ ၂ပုံ ခန့်သာရှိရာ ၄၀၊ ၆၀ ဆိုသည်မှာ လုံးဝမြတ်သော အမြတ်ဖြစ်လေသည်၊၊

လွင်မိသားစုနှင့် စီးပွားရေး ကဏ္ဍများ ဆွေးနွေးနေစဥ် ဇော်ပိုင်မှ

"ညီလေးစော ... လေ့လာရေးအဖွဲ့ ပြန်ရောက်ပါပြီ"

"ဝင်လာခိုင်းလိုက်ပါ"

"ဟုတ်"

တခဏအကြာ၌ အရိပ်အစေခံ တစ်ဦးမှ မြေပုံတစ်ချပ်နှင့်တကွ သတင်းအချက်အလက်များ စုစည်းထားသော စာလိပ်တစ်ခုအား ဆက်သလေသည်။

"တာဝန်ကျေပါတယ် ... ရော့ ... ဒီလိမ်းဆေး အထုတ်ကိုယူပြီး ဒဏ်ရာရထားတဲ့ ညီအစ်ကိုတွေကို တစ်ယောက်ကို တစ်ထုတ်နှုန်းပေးပြီး ပိုတာကို တပ်ဖွဲ့မှူးဝင်းဆီ သိမ်းခိုင်းထားပါ"

"ဟုတ်"

နွယ်သာကီ လိမ်းဆေးသည် အထုတ်ကြီး တစ်ထုတ်၌ အထုတ်တစ်ရာ ပါရှိလေရာ၊ မြို့သိမ်းဖြစ်စဥ်၌ ဒဏ်ရာရသူမှာ ၁၀၀ပ င်မပြည့်သောကြောင့် လိုတာထက် ပိုနေလေသည်။

မြေပုံအား ဖြန့်ကြည့်လေရာ၊ လွင်မိုးနဲ့ သူဇာလွင်ပါ စိတ်ဝင်တစားနှင့် ကြည့်ရှုနေလေသည်၊ ထို့နောက် အချက်အလက် စာလိပ်အား ဖွင့်ကြည့်ရာ

[ သားရဲ တစ်ထောင်မြို့သည် သားရဲတစ်ထောင် တောအုပ်နှင့် အပြိုင်တည်ရှိပြီး၊ အလျားမိုင်၅၀၊ အနံအားဖြင့် မိုင်၃၀ ရှိသည်။ လူဦးရေအားဖြင့် အမြဲနေ လူဦးရေ ၅သိန်း ကျော်ရှိပြီး ရံဖန်ရံခါ၌ ခရီးသွားများ ထောင်နဲ့ချီ လာရောက်ကြသော မြို့ဖြစ်သည်၊၊ တံတိုင်း၏ အတွင်းဧရိယာမှာ အလျား၃၀မိုင် အနံမိုင်၂၀ သာရှိသည်။ မြို့မြောက်ဘက် တံတိုင်း၏ အပြင်ဘက် ဧရိယာတွင် ထုတ်လုပ်မှုလုပ်ငန်းများ မိုင်းတွင်များ တည်ရှိပြီး၊ မြို့တောင်ဘက်တွင် ဆေးပင်စိုက်ခင်းများ ရှိသည်၊၊ မြို့အရှေ့ဘက်ပိုင်း၌ စားသုံးကုန် စိုက်ခင်းများ တည်ရှိပြီး မြို့အနောက်ဘက်‌၌ သားရဲတစ်ထောင်တောအုပ် တည်ရှိကာ အကျယ်အဝန်း အတိအကျ မသိရချေ၊၊ ခန်းမှန်းချေ ယူဇနာတစ်သောင်း အထက်ရှိနိုင်သည်။ ( ၁၂မိုင်၊ ၁ ယူဇနာ ) ၊ ဆောင်းရာသီ ကာလတိုင်း၌ တောအုပ်အတွင်းမှ သိန်းနှင့်ချီသော သားရဲများက ဝင်ရောက်တိုက်ခိုက်တက်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီအတွင်း၌ မြို့ထဲရှိ ဂိုဏ်းများ၊ မိသားစု အဖွဲ့အစည်းများနှင့် မြို့စားတပ်တွေက ပူးပေါင်းပြီး ကာကွယ်ခဲ့ရသည်။ အဓိက အင်အားစုတွေကတော့ ကျန်မိသားစု၊ မြို့စားတပ်၊ ပန်းတစ်ရာဂိုဏ်းတို့ဖြစ်သည်။အခုအခါ ကျန်မိသားစုနဲ့ မြို့စားတပ် မရှိတော့တဲ့အတွက် ပန်းတစ်ရာဂိုဏ်းပဲ ရှိပါတော့သည် ]

[ ပန်းတစ်ရာဂိုဏ်း အချက်အလတ်များ၊ ချီစစ်သူကြီး အထွတ်အထိပ်အဆင့် ဂိုဏ်းချုပ်၊ ချီစစ်သူကြီး အလယ်အလတ် အဆင့်နှင့် စဦးအဆင့် အကြီးအကဲများ ၂၀ဦး ဂိုဏ်းသား ငါးသောင်းခွဲကျော်၊ တည်နေရာ မြို့အနောက်ဘက် တောအုပ်နှင့် မြို့အစပ်ကြား ]

ထို့အပြင် ဂိုဏ်းငယ်တချိို့၏ အင်အားနဲ့ အဆင့်များ၊ မိသားစုအိမ်တော်များနှင့် အင်အားအဆင့်များအား ဖော်ပြထားလေသည်။

"ဒီနေ့တော့ ဒီလောက်ပါပဲ"

လွင်မိုးသည် မိသားစုရှိရာ ပြန်သွားပြီး သူဇာလွင်မှာ နေခဲ့လေသည်၊၊

ညနေပိုင်းတွင် အရိပ်အစေခံများနှင့် ခရူးဆိတ် တပ်ဖွဲ့ဝင်တချို့ ပြန်ရောက်လာကြလေသည်၊ ကျန်မိသားစု၏ ပိုင်ဆိုင်မှုများသည် များပြားလွန်းရကား ရွှေပြားချည်း သီးသန့် ၁၀သိန်း ခန့်အား သိမ်းနိုင်ခဲ့လေသည်၊၊

ကျန်မိသားစုအား ရင်ပြင်၌ပင် ကျင်ကြံဆင့်ပိတ်၍ အစောင့်တချို့နှင့် ထားခဲ့လေရာ ကျန်မိသားစုဝင်များမှာ အသတ်မသေ သေးသော်လည်း မြို့သားများ၏ ကြိမ်းမောင်းသံများ၊ ဂဲများအောက်ဝယ် တစ်ညသာ ကုန်လွန်ရမည် ဖြစ်လေ၏၊ တိမ်အရိပ်ဂိုဏ်ဝင်များလည်း ထို့အတူသာ၊၊

စောရန်နိင် မမွဲတော့ပါ၊ ဤခြံဝိုင်းအား ထိုအချိန်က လက်ဆောင်ရခဲ့၍သာ တော်တော့သည်၊ နန်းတွင်းမှ ထွက်လာရာတွင် သူ့၌ ရွှေပြား၅၀ခန့်သာ ပါလာလေရာ တည်းခိုဆောင်၌ ၁၀ပြားခန့် ကုန်ခဲ့လေပြီ။

"ကဲ သူဇာရေ ... ဘယ်အချိန်ထိ ဒီအခန်းထဲ နေဦးမှာလဲ၊ ကျွန်တော်နဲ့အတူတူ အိပ်မလို့တော့ မဟုတ်ပါဘူးနော် ... ဟီး"

"ဆုတောင်းလေ"

သူဇာလွင် မျက်နှာကြီး နီမြန်းလျက် သူမအဆောင်ဖက် ပြေးထွက်သွားလေတော့သည်၊ ထို့နောက်

"ကျေးဇူးတင်ပါတယ်"

အခန်း(၂၆)ပြီး

အခန်း(၂၇)

"ကျေးဇူးတင်ပါတယ်"

"သတ် ... သတ်"

မနက်စောစော မြို့စားအိမ်တော်ရှေ့ အာဇာနည် ( အဆိုတော်မဟုတ်ပါ ) ရင်ပြင်၌ သိန်းချီသော လူထုမှ အော်ဟစ်လျက် ရှိလေသည်။

စောရန်နိုင်မှ လက်ကာပြလျက်

"ဒီလူတွေကို သတ်လိုက်တာက သူတို့လုပ်ခဲ့တဲ့ အပြစ်အတွက် သက်ညှာလွန်းရာ ကျ‌နေပါတယ်၊ အဲဒီအတွက် သူတို့ကို ဆောင်းရာသီ သားရဲခံစစ်မှာ ရှေ့တန်းအဖြစ် ထည့်သွင်းအသုံးပြုဖို့ မြို့စားအိမ်တော်ကနေ အမိန့်ချမှတ်လိုက်တယ်"

"ဂိုဏ်းဝင်များကိုတော့ သက်ဆိုင်ရာဂိုဏ်းမှ ရွှေပြားနဲ့ ပြန်ရွေးစေပြီးအဲဒီရွှေပြားတွေကို မြို့အတွက် လိုအပ်နေတဲ့ အပြင်တံတိုင်း ကာရံဖို့သုံးမှာဖြစ်တဲ့အပြင်၊ ဂိုဏ်းသားတော်ကြောင့် နစ

စနစ်

"လျက်တပြက် အဓိကမစ်ရှင် သားရဲတစ်ထောင်မြို့အား သိမ်းယူပါ"

"မစ်ရှင်ပြီးမြောက်သောကြောင့် ...... "

သုံးရာသီ ခြံဝိုင်းအတွင်း၌

"စနစ် ကိုယ်ရေးအကျဥ်း ပြပါဦး"

စနစ် အဆင့် ၁ ( ၁၀၇၅၀၊ ၃၀၀၀ )

အမှတ် ၈၆၈၄

ပိုင်ရှင်အမည် စောရန်နိုင်

ကြင်ယာတော် မရှိ

နိုင်ငံတော် အောင်မင်္ဂလာနိုင်ငံတော်

ရာထူး မြို့စား

ကျင့်ကြံခြင်းအဆင့် ချီစစ်သူကြီး အဆင့်၆ (အလယ်အလတ် )

အဆင့်မြင့်ရန် အမှတ် ( ၁၀၇၅၀၊ ၁၅၀၀ )

သွေးမျိုးဆက် မရှိ

တပ်ဖွဲ့များ အရိပ်အစေခံတပ်ဖွဲ့ ၁၀၀၊ ခရူးဆိတ်တပ် တော် ၄၁၅၀၀၊ အနက်ရောင်သံချပ်ကာ မြင်းတပ် ၁၅၀၀၀ ၊ အိုးလ်ဂတ် လက်ရွေးစင်သေနတ်တပ် ၂၀၀၀၀ ၁၂ ပေါင်ဒါ Helepolis အမြောက်တပ် ၂၀၀ ( စစ်သည် ၈၀၀ )

လက်နက်၊ အဆင့်၂သံမဏိဓား၊ Colt Paterson1836 တစ်လက်

ပညာရပ်များ၊ ခြေလှမ်းသိုင်း(တစ္စေတစ်ကောင်ကခုန်ခြင်း - အခြေတည် အဆင့် )

ဆေးပညာရပ်- ( အင်မော်တယ်အကြည့်- ချီဘုရင်အဆင့် ) ၊ အဆင့် ၁ ရိုက်ဒါသင်္ဘော တည်ဆောက်ခြင်းပညာရပ်၊ karabiner 98k 1936 ရိုင်ဖယ်ပြုလုပ်နည်းပညာရပ်၊ အဆင့် ၂ အကာအကွယ် တည်ဆောက်ခြင်းပညာရပ်

အထွေထွေ- အကာအကွယ်ကဒ် ၂၊ မြို့တည်ဆောက်ပုံမူကြမ်း ၁

ကျန်မိသားစုနဲ့ မြို့စောင့်တပ်များကို သတ်ဖြတ်ရာမှ အမှတ်တစ်သောင်းကျော် တိုးတက်လာလေသည်။

"စနစ် ... စနစ် အဆင့်မြှင့်မယ်"

[ စနစ် အဆင့်မြှင့်တင် လိုက်ပါပြီ အမှတ်- ၃၀၀၀- စနစ် အဆင့် ၂ ( ၈၇၅၀၊ ၁၀၀၀၀ ) လက်ကျန်အမှတ် ၈၇၅၀ ]

[ တွမ် .... စနစ်အဆင့် ၂ ရောက်ရှိသောကြောင့် အောက်ပါလုပ်ဆောင် ချက်တစ်ခု ပွင့်လာပါပြီ တပ်ဖွဲ့များအပေါ် အသံလွှင့်ခြင်း၊ တပ်ဖွဲ့များအပေါ် အသံလွှင့်ခြင်း- ပိုင်ရှင်၏ သစ္စာခံများအပေါ် အသံထုတ်လွှတ်နိုင်သည်။ မိုင်တစ်ထောင် ဧရိယာ သက်ရောက်သည်။

[ တွမ် ... စနစ်စျေးဆိုင်ထဲတွင် ပစ္စည်းအသစ်များ ထည့်သွင်းပြီးပါပြီ ]

စောရန်နိုင် ကခုန်နေလေသည်၊ စနစ်ကား ရက်ရောလှ၏။ စနစ်စျေးဆိုင်အား ဝင်ကြည့်ရာတွင် လက်နက်စင်၌ သေနတ်များ၊ အမြောက်များ၊ ဓားလှံများ၊ စွမ်းအင်ကျင့်ကြံခြင်း ပညာရပ်များ၊ အစီအရင် အခင်းအကျင်းများ၊ ဆေးပစ္စည်းများ၊ အမြူတေများ၊ များလှစွသော ပစ္စည်းပစ္စရများသည် အရောင်အသွေး စုံလှစွာဖြင့် မျက်စိဖမ်းစားလျက် ရှိလေသည်။

စောရန်နိုင်သည် ရှေ့မှ ငွားငွားစွန့်စွန့် တိုက်မည့်သူမဟုတ်၊ နောက်ကွယ်မှ အမိန့်ပေးမည့်သူသာ ဖြစ်ပေသည်၊ ထို့အပြင် သူ့တွင်အဆင့် ၂ ဗျည်းနွဲ့ဓားနဲ့ ခြောက်လုံးပြူးတစ်လက် ရှိထားလေရာလက်နက်မလိုသေးပေ၊၊

ထို့ကြောင့် သူဇာလွင်အတွက် ချီဘုရင်အဆင့်ရှိ လရိပ်တစ််ရာဓားသိုင်းနှင့် နောင်တစ်ချိန် လိုရမယ်ရ အခြေတည်နှင့် ချီစစ်သူကြီးအဆင့် ဓားသိုင်းတစ်ခုဆီအား ဝယ်ယူခဲ့လေသည်၊ မကြာမှီ ရောက်ရှိလာမည့် သားရဲတိုက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် နွယ်သာကီဆေးထုတ်ကြီး ၁၀ထုတ်၊ ခြေလက်များ ပြန်ပေါက်စေသော ဇီဝကဆေးထုတ်ကြီး ၁ထုတ် ဝယ်လိုက်လေသည်၊၊

အကာအကွယ် ဝင်္ကပါလုပ်ရန် ပစ္စည်းရှားလေရာ လိုအပ်သောပစ္စည်းများလဲ ဝယ်လိုက်ရသေး၏၊၊

စနစ်

[ ဓားသိုင်းများအတွက် အမှတ်- ၁၈၀၀၊ ဆေးထုတ်ကြီးများအတွက် အမှတ်- ၁၄၀၀၊ အဆင့်၁ တိုက်ခိုက်ရေး အစီအရင်အတွက် အမှတ်-၁ ၉၀၀၊ အကာအကွယ် ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများတန်ဖိုး- ၂၅၀၀၊ ချီစစ်သူကြီးအဆင့် စွမ်းအင်ဆေးလုံး ၂လုံး- ၁၀၀၀

အမှတ်- ၈၆၀၀အား နုတ်ယူလိုက်ပါပြီ၊ လက်ကျန်အမှတ် ၈၆ ]

[ ငါပြန်မွဲသွားပြီပဲ ၊ ဟူး ]

အခန်း(၂၇)ပြီး

All Chapters