← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း(၂၈)

(တစ်ယောက်တစ်ပေါက်)

စောရန်နိုင်တစ်ယောက် ပြန်မွဲသွားလေသည်၊ စောရန်နိုင်တစ်ရေးအိပ်လိုက်လေရာ ညနေစောင်းမှသာ ပြန်နိုးလာ၏၊၊

"ဟွန့် ... အိပ်ပုပ်၊ အပြင်မှာ အဖေ၊ ပန်းတစ်ရားဂိုဏ်းနဲ့ တစ်ခြားဂိုဏ်းက အကြီးအကဲတွေ စောင့်နေရတယ်၊ သူကတော့သိုးလို့"

သူဇာလွင်၏ ခပ်ထေ့ထေ့ အပြောအား ပြုံး၍တုန့်ပြန်ရင်း

"ဝါး ... ကြင်ယာတော် မရှိတော့ အိပ်ချိန်နဲ့ ထချိန်တောင် မမှန်ချင်ဘူး ... စကားမစပ် ကျွန်တော့်ရဲ့ ကြင်ယာတော် မဖြစ်ချင်ဘူးလား"

"ဆုတောင်းလေ ... "

သူဇာလွင်အား စနှောက်ပြီး သကာလ ခန်းမထဲသို့ ဝင်သွားလေတော့သည်၊ တိတ်ဆိတ်နေသော ခန်းမထဲ၌ လွင်မိုး၊ ပန်းတစ်ရာဂိုဏ်းချူပ်နှင့် တစ်ခြားဂိုဏ်ချုပ်များ ရောက်နေလေသည်၊ ပုံမှန်ဆို လေပစ်နေတက်သော ထိုလူများမှာ တပ်မဟာမှူး ဗလမင်းထင်အား ကြောက်လန့် နေကြခြင်းကြောင့် နေ့လည်ပိုင်းမှ ညနေစောင်းထိ ပြန်လဲမပြန်ရဲ စကားလဲမပြောရဲ ဖြစ်နေကြခြင်း ဖြစ်လေသည်၊၊

"မြို့စားအား နုတ်ဆက်ပါတယ်"

"နေသာသလို နေပါ"

တဆက်ထဲ၌

"လွင်ခေါင်းဆောင်နဲ့ ပန်းတ်ရာဂိုဏ်းက ထိုင်ကြပါ၊ ကျန်သူတွေ လာရင်းကိစ္စ အရင်ပြောပြပါဦး"

လွင်မိသားစုနှင့် ပန်းတစ်ရာဂိုဏ်းမှာ သူဇာလွင်နှင့် ဆက်စပ်နေ၍ မျက်နှာသာ ပေးနိုင်သော်လည်း တစ်ခြားဂိုဏ်းများကို မျက်နှာသာ ပေးစရာ အကြောင်းမရှိဟု စောရန်နိုင် ယူဆသောကြောင့်ဖြစ်သည်။

သို့သော်လည်း ထိုဂိုဏ်းများမှာ အထွဋ်မတက်ရဲချေ၊ ဂီတလုလင်ပျိိုုဂိုဏ်းမှ ဂိုဏ်းချုပ်က

"နူတ်ဆက်ပါတယ်မြို့စား ကျွန်တော်က ဂီတလုလင်ပျို ဂိုဏ်းကပါ၊ လာရင်းကိစ္စကတော့ လာမဲ့ဆောင်းရာသီ ကာကွယ်ရေးအတွက် မြို့စားဆီက စစ်သည်ဘယ်လောက် ထုတ်ပေးနိုင်မလဲ ဆိုတာရယ်နဲ့ တစ်ခြားအစီအစဥ်များ ရှိမရှိကို လာမေးမြန်းတာပါ"

စောရန်နိုင်

"ကျန်သူတွေကကော ဒီကိစ္စပဲလား"

"လွင်မိသားစုနဲ့ ပန်းတစ်ရာဂိုဏ်းကတော့ မြို့စားစီမံရာ လိုက်မှာပါ"

"ငါတို့ကတော့ အရည်အချင်းက ဘယ်လိုရှိမှန်း မသိသေးတဲ့ မြို့စားသစ်နောက်ကို မလိုက်နိုင်ဘူး"

"ဟုတ်တယ် ... နို့နံံ့တောင် မစင်လောက်သေးတဲ့ မြို့စားနောက်ကို လိုက်ရမှာထက် ကိုယ့်ဘာသာ ခုခံတာမှ အဆင်ပြေဦးမယ်"

"အခြေခံ တည်ဆောက်ခြင်းလောက်နဲ့ ငါတို့လို ချီစစ်သူကြီး အဆင့်တွေကို ဦးဆောင်ဖို့ဆိုတာ လက်ခံနိုင်စရာ မရှိဘူး"

"ငါတို့ကို စစ်သည်ပဲပေးပါ၊ ငါတို့နေရာအလိုက်ပဲ ခုခံလိုက်တော့မယ်"

"ပန်းတစ်ရာဂိုဏ်းလို ချီစစ်သူကြီး အထွတ်အထိပ်ရှိတဲ့ ဂိုဏ်းက သူငယ်တစ်ယောက်ရဲ့ နောက်ကိုလိုက်တယ်ဆိုတာ ငါတို့ဂိုဏ်းလောက အတွက်ရယ်စရာပဲ၊ ဟား ... ဟား "

"ပန်းတစ်ရာဂိုဏ်း သမီးတော်ကိုယ်တိုင်က သူ့ဘက်ပါနေမှတော့ဟား"

"သမီးတော် ... ငါတို့ဂိုဏ်းရဲ့ သားတော်က အခြေတည် အလယ်အလတ်ကို ရောက်နေပြီ၊ ပြန်ပြီးစဥ်းစား စေချင်တယ်နော်"

"ပန်းတစ်ရာသမီးတော် ... ကျွန်တော့်လို အသက်၂၃နဲ့ အခြေတည်အလယ်အလတ် ရောက်နေသူထက် အခြေခံတည်ဆောက်ခြင်းပဲ ရှိသေးတဲ့သူက ဘာနေရာများ သာနေသေးလို့လဲဗျာ၊ ကျင့်ကြံခြင်းက ရှည်လျားပါတယ်"

သူဇာလွင်

"နင် ... နင်တို့တွေ ..... "

တစ်ယောက်က စပြောသည်နှင့် ရင်တွင်းဖြစ်များ ပေါ်လာလေတော့သည်။

"ရယ်စရာပဲ ကောင်းတယ်ပေါ့ ... မဦးဆောင်နိုင်ဘူးပေါ့ ...ကျင့်ကြံဆင့်က နိမ့်ကျတယ်ပေါ့၊ သူမနဲ့လဲ မထိုက်တန်ဘူးပေါ့ ဟုတ်လား"

စောရန်နိုင်အနေနဲ့ သူ့အား ပစ်မှတ်ထားသည်ကို သည်းခံနိုင်သော်လည်း၊ သူဇာလွင်အား ပစ်မှတ်ထား နေကြသည်ကိုတော့ သည်းမခံနိုင် ဖြစ်နေလေသည်၊၊

သူကိုယ်တိုင်လဲ သူမအပေါ် ခံစားချက်က မသဲကွဲသေးချေ၊ ပြောရင်းနှင့် ချီစစ်သူကြီး အလယ်အလတ်အဆင့် ကျင့်ကြံခြင်း ချီစွမ်းအင်လှိုင်းများ ထုတ်ဖော်လိုက်လေသည်၊၊

"ဝုန်း ... "

"အာ့ ... အု ... ဝေါ့"

( အော်ရာ၊ ရောင်ဝါ၊ အရှိန်အဝါ အလျဉ်းသင့်သလို သုံးပါမည် )

အခန်း(၂၈)ပြီး

အခန်း(၂၉)

(သူဇာလွင်ရဲ့ အမေရင်း)

"ဝုန်း ... "

"အာ့ ... အု ... ဝေါ့"

ပန်းတစ်ရာ ဂိုဏ်းချုပ်နှင့် ချီစစ်သူကြီး အလယ်အလတ် အဆင့်၌ရှိသော ဂိုဏ်းချုပ်နှစ်ဦးမှလွဲ၍ ကျန်သောအောက်အဆင့်များက အော်ရာ ကြောင့် ဒူးထောက်ကျကုန်၏၊၊

အခြေတည်အဆင့် ဂိုဏ်းဝင်၊ မိသားစုဝင်များကား သွေးပါအန်၍ မျက်နှာများ ဖြူစွတ်ကုန်လေသည်၊၊

နောက်ထပ်

"ဝှစ် ... အုန်း ... ဝုန်း"

"အင့် ... ဝေါ့ ... အု"

ချီဘုရင် အော်ရာဝါတစ်ခု ထပ်မံပြီး ထွက်ပေါ်လာလေသည်။

ချီဘုရင်အဆင့်အောက် စောရန်နိုင်မှလွဲ၍ အကုန်လုံး ဒူးထောက်ကျကုန်၏၊ အခြေတည် အဆင့်များကား မူးမေ့ကုန်လေသည်။

ပန်းတစ်ရာ ဂိုဏ်းချူပ်မက

"မြို့စားမင်း သက်ညှာပေးပါ"

[ မသာကောင်တွေ၊ ကျားအသည်းစားပြီး အသည်းများ မာနေတာလားဟဲ့၊ သူ့ဘဲရှေ့ သူ့စော်ကို သွားနှိုက်ရသလား ]

"အဖေ ... "

"အစော ... ငါ့အဖေကို သက်ညှာပေးပါနော်၊ ငါ့အဖေက နင့်အပေါ်မှာ မကောင်းတဲ့စိတ်ဘမရှိပါဘူးဟာ ... ဟင့် ... ဟင့်"

ပြောရင်းဆိုရင်း ငိုချလေရာ၊ စောရန်နိုင်လဲ ပုထုဇဥ်မို့ ဗလမင်းထင်အား အရှိန်အဝါ ကန့်သတ်ခိုင်းလိုက်လေသည်၊၊

"ရော့၊ ဦးလေးနဲ့အဒေါ်ကို ဘေးအခန်းခေါ်သွားပြီး ဒီဆေးကို လိမ်းပေးလိုက်"

နွယ်သာကီ အထုတ်သေး နှစ်ထုတ်အားပေးရင်း ပြောလိုက်လေသည်၊၊

(ပန်းတစ်ရာဂိုဏ်းသည် အမျိုးသမီးသီးသန့် ဂိုဏ်းတစ်ခုမို့ ဂိုဏ်းချုပ်မှာလဲ အမျိုုးသမီးသာ)

"မြို့စား ... သက်ညှာ ပေးပါဦး"

"အခုချိန်ကစပြီး ပန်းတစ်ရာဂိုဏ်းကလွဲရင် သားရဲတစ်ထောင်မြို့မှာ တခြားဂိုဏ်းတွေ မရှိတော့ဘူး"

[ ငါ့အပေါ်ကောင်းရင် ပြန်ကောင်းမယ်၊ ငါ့အပေါ် ဆိုးရင်တော့လား၊ ဟွန့် ]

"မဖြစ်ပါဘူးမြို့စား၊ငါတို့မရှိရင်သောင်းချီတဲ့သားရဲခုခံသူတွေကိုဆုံးရှုံးရမှာပါ"

"ငါမြို့စားက သားရဲတွေကို ခုခံဖို့အတွက် မင်းတို့လို ဝတ်နဲ့တူတဲ့ မိတ်ဆွေတွေကို လိုအပ်မယ်ထင်လား"

"ဝှစ် ... ရွှတ် ... အင့်"

ဂိုဏ်းချုပ်များနှင့် ဂိုဏ်းဝင်များသည် ဒီကနေ့ ဒီခန်းမမှ ပြန်မထွက်နိုင်တော့ချေ၊၊

စနစ်

[ တွမ် ... ချီစစ်သူကြီး ၁၂ယောက်အား သတ်လိုက်ပါပြီ အမှတ် ၁၅၀၀ ]

[ အခြေတည်အဆင့် ၃၀ယောက်အား သတ်ဖြတ်လိုက်ပါပြီ အမှတ် ၃၅၀၊ စုစုပေါင်းအမှတ် ၁၉၃၆ မှတ် ]

"အလောင်းတွေကို ရှင်းလင်းလိုက်တော့"

"သူတို့ရဲ့ ဂိုဏ်းတွေကိုကော ညီလေးစော"

"ယာယီသ‌ဘောနဲ့ မေ့ထားလိုက်ပါ"

စောရန်နိုင်အနေနဲ့ သားရဲပြဿနာ ဖြေရှင်းပြီးမှသာ ဂိုဏ်းများဘက် လည့်မည်ဖြစ်လေသည်၊၊ တစ်နာရီခန့် အကြာတွင် ခန်းမအတွင်း၌ စောရန်နိုင်နှင့် ဗလမင်းထင်ကိုသာ တွေ့သောကြောင့် ပန်းတစ်ရာဂိုဏ်းချုပ်မှ

"သူတို့ပြန်သွား ကြပြီလား"

"ဟုတ်တယ် ဒေါ်လေး"

စောရန်နိုင် ရှင်းမပြပေ၊

"နင်မလို့ ငါ့အဖေကို လုပ်ရက်တယ်နော် ... ဘာလာဘာလာ"

သူဇာလွင်တစ်ယောက် ခန်းမအတွင်း ရန်တွေ့လေတော့သည်၊၊ ဗလမင်းထင်လဲ နှုတ်ခမ်းတလှုပ်လှုပ် လက်သီးတဆုပ်ဆုပ်ဖြင့်

[ မင်းသာ ကြင်ယာတော်လောင်း မဟုတ်ခဲ့ရင် ငါရိုက်ပြီးပြီဆိုတာ ယုံလား၊ နားကိုငြီးနေတာပဲ ]

မေသူဇာ ( ပန်းတစ်ရာ ဂိုဏ်းချုပ်မ၏ နာမည် ) တစ်ယောက်ပြုံး၍

"သမီး ... မြို့စားကို လေးစားရမယ်လေ"

"ဟွန့် ... "

"အန် ... သမီးဟုတ်လား"

"ဟုတ်ပါတယ် မြို့စား၊ သူမက ကျွန်မနဲ့ လွင်မိုးတို့ရဲ့ သမီးကြီးပါ၊ ကျွန်မ သမီးတော်ဘဝ၊ သားရဲတစ်ထောင် တောအုပ်ဆီ တာဝန်နဲ့သွားချိန်မှာ သူ့အဖေလွင်မိုးနဲ့ တောအုပ်ထဲမှာ တွေ့ဆုံပြီး မေတ္တာမျှခဲ့တာပါ"

"ကျွန်မက ဂိုဏ်းရဲ့သမီးတော် ဖြစ်တာကြောင့် ဂိုဏ်းကိုပြန်ပြီး တာဝန်ယူချိန်မှာ သူမကို ကိုယ်ဝန်ဆောင်ခဲ့ပြီးပါပြီ ၊သူကလဲ မိသားစုက ပေးစားသူနဲ့ ယူခဲ့ရပါတယ်၊ သူရဲ့အမျိူးသမီးက သူသားငယ်ကို မွေးဖွားပြီး ဆုံးပါးသွားတာပါ"

"သမီးကိုမွေးပြီး သူ့အဖေဆီ ပို့ထားလိုက်တာပါတယ် သူမအသက် ၁၀နှစ်မှာ ပန်းတစ်ရာဂိုဏ်းကို ပြန်ခေါ်ပြီး ပညာသင်ပေးခဲ့ပါတယ်"

"အဲ့အချိန်က သူ့အမျိုးသမီး ဆုံးပါးပြီးချိန်ပါ၊ ပြီးတော့ကျွန်မတို့ ... "

"အဟမ်း .... ရပါပြီ၊ရပါပြီ၊ ဆိုတော့ကာ အန်တီက သူမရဲ့ အမေအရင်းပေါ့"

"ဟုတ်ပါတယ် ..... သမီးကဆိုးလို့ ရှေ့ဆက်လျှောက် သည်းခံပေးပါဦး"

သူဇာလွင်က မျက်နှာကြီး နီမြန်းလျက်

"အမေကလဲ .... သူနဲ့သမီးက ဘာမှမဖြစ်သေးပါဘူး"

"ခ်ခ်ခ် ... ဟုတ်ပါပြီသမီးရယ် ...နောက်ဆိုရင် ဖြစ်လာတော့မှာကို"

"အဟမ်း ... သမီးနဲ့မြို့စားကို မစပါနဲ့တော့ အမေရယ်"

ထွက်ပေါက်ရသွားသော စောရန်နိုင်မှ

"ဦးလေးလွင် လာတာနဲ့ အတော်ပဲဗျာ၊ ကျွန်တော်မှာ ဆွေးနွေးစရာရှိတယ်"

"ဟုတ်ကဲ့ပါမြို့စား"

ထိုနောက် သူတို့သားအမိကို ကျောခိုင်း၍ သားရဲရန် ကာကွယ်ရေး ဆွေးနွေးဟန်ပြုနေ၏၊၊

အခန်း (၂၉)ပြီး

အခန်း(၃၀)

(ငါ့ဥလေး)

"သမီးရယ် .... သမီးက အသက်ပိုကြီးပေမဲ့ မြို့စားအပေါ် တအားမဆိုးပါနဲ့ကွယ်"

"အမေ့ ..... "

တစ်ဖက်တွင် စောရန်နိုင်တစ်ယောက် မျက်နှာပူနေ၏၊

[ ငါလဲဘာမှ မဘာရသေးဘူး၊ ငါ့အိပ်ယာဆီ အတင်းထိုးထည့်နေတာ ကောင်းသေးရဲ့လားဟ ]

"အဟမ်း ... သားရဲရန်ကို အဓိက ခံစားရတဲ့မြို့အနောက်ခြမ်းနဲ့ အ‌ရှေ့ခြမ်းကို ကျွန်တော်အဓိက တာဝန်ယူပေးမယ်"

စောရန်နိုင် မြေပုံထောက်၍

"တောင်ဘက်ကို ပန်းတစ်ရာဂိုဏ်းနဲ့၊ မြောက်ဘက်ခြမ်းကို လွင်မိသားစု ဦးဆောင်တဲ့ မိသားစုတပ်တွေက တာဝန်ယူပေးပါ"

"ကျန်တဲ့ လိုအပ်တဲ့ ထောက်ပံ့မှုကို ကျွန်တော်တို့ မြို့စားတပ်က တာဝန်ယူပေးမယ်"

"အင်အားအနေနဲ့ မြို့အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကို သုံးသောင်းဆီနဲ့တောင်ဘက်နဲ့ မြောက်ဘက်ကို တစ်သောင်းစီ ထောက်ပံ့ပေးမယ်"

မေသူဇာမှ နောက်လည့်ကြည့်၍

"တူလေးစော ...အဲဒီလောက်အင်အားကို ဘယ်ကရမှာတုန်း၊ ပြီးတော့အဲဒီလောက်လေးနဲ့ သားရဲသိန်းချီကို ခုခံနိုင်ဖို့ မလွယ်ဘူးနော်

"မပူပါနဲ့၊ ကျွန်တော့်ဆီမှာ ရှိပါတယ်၊ မနက်ဖြန်ကျရင် သိရပါလိမ့်မယ်၊ နောက်ပြီး အရပ်မျက်နှာ တစ်ခုဆီအတွက် အဆင့်၂ ခုခံရေးဝင်္ကပါ အစီအရင်တွေ တည်ဆောက်ပေးထားမှာပါ"

"ဦးလေးတို့ ဆီကကော အင်အားဘယ်လောက်ထိ ရနိုင်လဲ"

မေသူဇာ

"ပန်းတစ်ရာဂိုဏ်းဆီက ဂိုဏ်းဝင်သုံးသောင်းလောက်တော့ ရနိုင်ပါတယ်"

လွင်မိုး

"မိသားစုတွေ ပေါင်းရင်တော့ ခုနှစ်သောင်းခွဲ လောက်တော့ ရနိုင်ပါတယ်၊ ဘာပဲပြောပြော ကျန်မိသားစုလောက်တော့ ဘယ်မိသားစုမှ အင်အားမကြီး ကြဘူးလေ"

"အဲဒီလောက်ဆို အဆင်ပြေပါပြီ၊ လာမပူးပေါင်းတဲ့ မည်သူမဆို ကျန်မိသားစုလို အဆုံးသတ်မယ်လို့ သတိပေးလိုက်ပါ"

စောရန်နိုင်မျက်နှာထားတင်းလျက်

"ဂိုဏ်းတွေရော ပေါ့ဗျာ"

မေသူဇာ

"တခြားဂိုဏ်းတွေပါ ပူးပေါင်းရင်တော့ အင်အားငါးသောင်းကျော် ရှိမှာပဲ တူလေး"

"ဒီညတော့ ဒီမှာပဲ အိပ်လိုက်ကြပါ၊ မနက်မှ စီစဥ်စရာရှိတာ စီစဥ်ကြပေါ့၊ ဦးလေးနဲဒေါ်လေးကို မနက်ဖြန် ပြစရာရှိသေးတယ်"

"အော် ... ရော့၊ ဦးလေးနဲ့ သူဇာလွင်၊ တစ်ယောက်တစ်လုံးဆီ ယူလိုက်ပါ"

သူဇာလွင်မှ သံသယဖြင့်

"နင် ငါတို့သားအဖကို မဟုတ်တာ လုပ်မလို့လား"

"ဖွဟဲ့ .... အဆင့်တက် ဆေးလုံးပါ ဇာရယ်"

မေသူဇာမှ ရွှေရောင်တောက်ပနေသော ဆေးနှစ်လုံးကို ယူကြည့်၍

"ဒါ ... ဒါက ချီစစ်သူကြီး အဆင့်တက် ဆေးလုံးပဲ"

"ဟုတ်တယ်ဒေါ်လေး၊ အခြေတည် စဦးအဆင့်ကသောက်ရင် အထွတ်အထိပ်ထိ ရောက်ရှိနိုင်ပြီး၊ အခြေတည် အထွတ်အထိပ်ကသောက်ရင် ချီစစ်သူကြီး အလယ်အလတ်ထိ ရောက်စေနိုင်တယ်၊ ဘေးထွက်ဆိုးကျိုး လုံးဝမရှိိပါဘူး"

လွင်မိုးကား ဟန်ပင်မဆောင်နိုင်၊ သူအခြေတည်အဆင့်၌ ပိတ်မိနေသည်မှာ ၁၀နှစ်ခန့် ရှိပြီဖြစ်လေရာ ဆေးတစ်လုံးအားယူ၍ အလယ်ခြံဘက်သို့ ပြေးထွက်သွားလေသည်။

သူဇာလွင်မှာလဲ

"ကျေးဇူး ... ကျေးဇူးတင်ပါတယ်"

ပြောရင်း စောရန်နိုင်၏ပါးအား နမ်းလိုက်ပြီး ပြေးထွက်သွားလေသည်၊ သူမအဆင့်တက်ဖို့ မစောင့်နိုင်တော့ပေ၊ ခန်းမထဲ၌ မေသူဇာနှင့် စောရန်နိုင်သာ ကြောင်အရင်း ကျန်ခဲ့လေသည်။

[ ငါ့သမီးက သွက်သားပဲ ]

[ ငါတော့ တစ်ပန်းရှုံးပြီ၊ သူပဲနမ်းပြီး ပြန်နမ်းချိန် မရလိုက်ဘူး၊ ငါ့လေးဘဝက သနားစရာ ]

ပန်းတစ်ရာ ဂိုဏ်းသားများသာ ထိုအတွေးအား သိမည်ဆိုပါက [ ဖယ်စမ်း၊ ဒီကောင့်ကို မရိုက်နိုင်ရင် ငါ့မျိုးရိုးနာမည် ပြောင်းပစ်မယ် ]

နောက်တစ်နေ့ နံနက်တွင် စောရန်နိုင် မထသေးသော်လည်း သူ့ညီတော်မှာ ထနှင့်နေလေပြီ၊၊

"အိပ်ပုပ်လေး ထတော့"

"အမလေးဟ၊ အိချောပိုနဲ့ညား ကလေး ၁၀ယောက်ဖွား"

( ယောင်တာက အစမ်းကြီးဟ )

သူဇာလွင်၏ အသံကြား၍ အလန့်တကြား ထခုန်လေရာ ခါးကိုင်းထားသော သူဇာလွင်နှင့် တိုက်မိသွားပြီး နှစ်ယောက်သား အိပ်ယာပေါ်သို့ ထပ်လျက်သားပြန်ကျ လာလေသည်။

စောရန်နိုင်က အောက်မှ သူဇာလွင်က အထက်မှ ပြန်ကျလာပြီး နှစ်ယောက်သား နှုတ်ခမ်းခြင်း ရန်ဖြစ်ကုန်လေ၏၊ နှစ်ယောင်သား ကြောင်အန်းနေစဥ် သူဇာလွင်၏လက်က စောရန်နိုင်ခါးအောက် ထောက်လိုက်မိရာ

"အား ... နင်လူယုတ်မာ"

သူဇာလွင်၏ မျက်နှာလေးဖြူလျော့၍ နှလုံးခုန်မြန်ကာ ထပြေးလေတော့၏။

"အု .... ငါ့ဥ ... ငါ့ရေခဲချောင်းလေး"

ထပြေးစဥ်က သူဇာလွင်၏လက်မှာ စောရန်နိုင်၏ ညီလေးအား ပိုဖိမိသလို ဖြစ်သွားသောကြောင့် တန်းမထနိုင်ရှာပေ။ ညီလေးအားကိုင်၍ ကွေးကွေးလေး ကျန်ခဲ့လေသည်၊၊

အခန်းအတွင်းမှ အသံများကြောင့် အိပ်ခန်းနှင့် ကပ်လျက်ရှိသော ခန်းမအတွင်းမှ လွင်မိုး၊ မေသူဇာနှင့် ဇော်ပိုင်တို့ အပြေးဝင်လာပြီး အခန်းဝတွင် သူဇာလွင်နှင့် ဆုံကြလေရာ

"သမီး၊ ဘာဖြစ်တာလဲ ... လုပ်ကြံသူလား"

အခန်း(၃၀)ပြီး

All Chapters