ဖယောင်းရုပ်ထုပြတိုက်တွင် ခြောက်ခြားဖွယ်ရာ ညတစ်ည
Vol. 18 Ch. 172
“ ဒီရဲ့ လူနာ … ကျေးဇူးပြုပြီး အဲ့ဒီနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကို အမှန်အတိုင်း ပြောပြပေးပါ …”
“ ပြီးရင် ငါမင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကူပြီး ဝေဖန်စီစစ်ပေးမယ် ….”
တစ်လကျော်မျှ ကြာပြီ ဖြစ်သော်လည်းပဲ စုံထောက်လင်းသည် ထိုအကြောင်း တွေးတောမိသည့် အချိန်တိုင်း ချွေးစေးတို့ ပျံလာရစမြဲပင်။
လွန်ခဲ့သော တစ်လခွဲလောက်ခန့်က ….
ထုံးစံအတိုင်း စုံထောက်လင်းမှာ သူ ရှာဖွေ စူးစမ်းနိုင်မည့် နေရာများကို ရှာဖွေနေခဲ့၏။
အွန်လိုင်း ရှာဖွေမှုမှတစ်ဆင့် မြို့၏ တောင်ဘက်ခြမ်းတွင် သည်းထိတ်ရင်ဖို ခံစားချက်ကို ရှာဖွေနေသူ သတ္တိရှင်တို့အား အထူးတလှယ် ဝင်ခွင့်ပေးနေသည့် ဖယောင်းရုပ်ထုပြတိုက် တစ်ခု ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ သူ့ဖန် အများစု ပြောစကားတို့အရလည်း ထိုနေရာက သမိုင်းတွင် ကြောက်စရာ အကောင်းဆုံး ဖယောင်းပြတိုက် ဖြစ်သည်ဆိုပင်။
အကယ်၍ တစ်စုံတစ်ဦးကသာ အထဲတွင် တစ်ညနေနိုင်မည်ဆိုပါက သူဌေးဖြစ်သူထံမှ ယွမ်တစ်သိန်းကို ဆုကြေးငွေ အဖြစ် ချီးမြင့်ခံရဦးမှာ ဖြစ်၏။
ဖယောင်းပြတိုက်က ဖွင့်ထားသည်မှာ နှစ်လကြာပြီ ဖြစ်ပြီး လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်အရေအတွက်ကလည်း ထောင်သောင်းချီသည်။
အင်ဖလူရန်ဆာ အများစုအတွက်လည်း ထိုနေရာက ဆွဲဆောင်မှုရှိသည့် နေရာတစ်ခု ဖြစ်လာခဲ့၏။
နယ်ပယ်မျိုးစုံမှ သတ္တိရှင်လူငယ်များနှင့် စထွင်မာများက အုပ်စုဖွဲ့ပြီး ထိုနေရာကို စူးစမ်းကြည့်ကြသည်။
ဝမ်းနည်းဖွယ်ရာကောင်းစွာဖြင့် …
အချိန်အတော်ကြာပြီ ဖြစ်သော်ငြားလည်း တစ်ညနေနိုင်သူကား ပေါ်ပေါက်မလာသေးချေ။
အကုန်လုံးက ညသန်းခေါင်ယံတွင် ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေး၍ ဖြစ်စေ၊ ဒါမှမဟုတ် ကြောက်လန့်အားကြီးစွာဖြင့် မေ့မြောသွား၍ ဖြစ်စေ၊ တစ်ဦးမဟုတ် တစ်ဦး ကျရှုံးသွားခဲ့ကြစမြဲပင်။
“ စစချင်းတုန်းကတော့ အခြေအနေက အဲ့လိုပဲ ဒေါက်တာချန် ….”
“ ငါ ကြည့်လေလေ ၊ စိတ်ထဲ ပိုပြီး စိတ်ဝင်စားမိလာလေလေပဲ …. စိန်ခေါ်မှုကို တစ်ယောက်မှ မအောင်မြင်ဘူးဆိုတာက အတွင်းမှာ ပြတိုက်ပိုင်ရှင် တစ်ခုခု လုပ်ထားတာကြောင့်ပဲ ဖြစ်ရမယ် ….”
“ သရဲအိမ်မှာ ထောင်ချောက်တွေ ဆင်ထားသလိုမျိုး … မဟုတ်လည်း ဝန်ထမ်းတစ်ယောက်ယောက်က လှည့်ကွက်တွေနဲ့ ကစားနေတာမျိုးပေါ့ ….”
“ သူက သည်းထိတ်ရင်ဖိုချင်စရာကောင်းတဲ့ လေထု တစ်ခုကို ဖန်တီးပြီး စိန်ခေါ်လာသူတွေကို ကြောက်လန့်ပြီး ထွက်ပြေးသွားအောင် လုပ်မယ် ….”
ထိုကဲ့သို့သော မှန်းဆမှုဖြင့် ဖယောင်းပြတိုက်သည် စုံထောက်လင်း၏ နောက်ထပ် ဦးတည်ရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။
ထိုနေ့ကား ရုံးတက်ရက်။ မိုးပေါက်တို့ကလည်း ကောင်းကင်ယံမှ သည်းထန်စွာ ဖြိုင်ဖြိုင်ရွာသွန်းဖြိုးနေပြီး ဖယောင်းပြတိုက်ထဲတွင် တစ်ညနေထိုင်မည့် စိန်ခေါ်မှုကို ကျော်ဖြတ်မည့်သူကား သူတစ်ယောက်တည်း။
ထိုနေရာအရောက်တွင် စုံထောက်လင်း၏ နှုတ်ခမ်းတို့ တုန်ယင်သွားခဲ့သည်။
“ သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ နေရာတွေ ၈၀၊ ၁၀၀ မက ငါရောက်ခဲ့ဖူးတယ် … ဒါပေမယ့် အဲ့လောက်ထိ ထူးဆန်းတဲ့နေရာမျိုးတော့ ငါ တစ်ခါမှ မရောက်ဖူးဘူး ….”
“ ငါ အထဲရောက်တဲ့အချိန်မှာပဲ အတော်လေး ရှော့ခ်ရမိသွားတယ် ….”
တစ်ညတာ နေထိုင်ရမည့် ကြာချိန်က ညကိုးနာရီမှ နောက်တစ်နေ့ နံနက် ခုနစ်နာရီ အထိ ဖြစ်သည်။
စုံထောက်လင်းက အသက် ၁၈ နှစ်တွင် စစ်ထဲ ဝင်ရောက်ခဲ့ပြီး အထူးတပ်ဖွဲ့ထဲတွင် ၇ နှစ်ကြာ နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့သည်။
သတ္တိပိုင်းဆိုင်ရာတွင် ဖြစ်စေ၊ အမြင်ပိုင်း ဆိုင်ရာတွင် ဖြစ်စေ ၊ သာမန်လူတို့ထက်ကို များစွာ သာလွန်သည်။
ဖယောင်းရုပ်ထုပြတိုက်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အထဲရှိ ဖယောင်းရုပ်ထုများကို စိတ်ဝင်တစားနှင့် စူးစမ်းလေ့လာကြည့်၏။
သူ ကြည့်လေလေ ၊ စိတ်ထဲ ထူးဆန်းသည့် ခံစားချက်တို့က ပိုပြီး ပြင်းထန်လာလေလေပင်။
ဖယောင်းရုပ်ထုတို့က အင်မတန် ရုပ်လုံးကြွပြီး အသက်ရှိနေသယောင် ထင်ရသည်။ ၎င်းတို့၏ မျက်နှာ ၊ သို့မဟုတ် အရေပြားဖြစ်စေ၊ တကယ့် လူအစစ်နှင့် မခြားနားပေ။
၎င်းအပြင် အတွင်း၌ ညှင်းသိုးသိုးအနံ့ ခပ်ဖျော့ဖျော့ကိုလည်း ရရှိနေခဲ့၏။
ထိုအနံ့က အလောင်းကောင်မှ ထွက်သည့် အနံ့နှင့် ဆင်တူသည်။
ဤသို့သော အနံ့မျိုးကို စုံထောက်လင်းက ထူးခြားသည့် နေရာတစ်ချို့တွင် တွေ့ကြုံခဲ့ဖူးသည်။
ညသန်းခေါင်ယံ ရောက်သည့်အချိန်တွင်တော့ ထင်မှတ်မထားသည့် တစ်စုံတစ်ရာက ဖြစ်ပေါ်လာသည်။
စုံထောက်လင်းက ပုံမှန် ရဲရင့်ပြီး သတ္တိရှိသူ တစ်ဦးဖြစ်သော်လည်းပဲ ဦးနှောက် အောက်ဆီဂျင်ပြတ်လပ်လုနီးပါး ကြောက်ရွံ့သွားခဲ့သည်။
ယင်းနေရာကို ဖယောင်းပြတိုက်ဟု အမည်ပေးထားပေမယ့် တကယ့်လက်တွေ့တွင်မူကား စွန့်ပစ်ထားသည့် စက်ရုံအဟောင်းကြီး တစ်ခု ဖြစ်သည်။
စက်ရုံထောင့်စွန်းရှိ ဖယောင်းရုပ်တုတစ်ခုက သူ့ထံသို့ ခုန်ပေါက်ပြီး လှမ်းလာနေခဲ့၏။
၎င်းနောက် ချက်ချင်းပဲ အခြားသော ဖယောင်းရုပ်ထုများသည်လည်း အလားတူ မတူညီသည့် ဒီဂရီအထိ လှုပ်ရှားသွားခဲ့ကြသည်။ အချို့သော ဖယောင်းရုပ်ထုများက သူတို့၏ လက်များကို ပင့်မြှောက်ပြီး အချို့က ကြောချမ်းဖွယ်ရာ မျက်နှာကြီးများဖြင့် သူ့ထံသို့ ပြုံးပြနေကြသည်။
“ မင်းတို့ ရယ်ချင်လည်း ရယ်နိုင်တယ် … ဒါပေမယ့် အဲ့တုန်းက ငါ ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးပေါက်ချလုနီးပါးပဲ ….”
“ ဒါပေမယ့် ငါတွေးကြည့်လေလေ ၊ ဖယောင်းရုပ်ထုတွေ ရုတ်ချည်း လှုပ်ရှားလာတာက အထဲမှာ စက်တစ်ခုခု ထည့်ထားတာနဲ့ သက်ဆိုင်နေမယ်လို့ ထင်တယ် …”
“ ရီမုကွန်ထရိုးနဲ့ စက်ကို အသက်သွင်းပြီး ရုပ်ထုကို လှုပ်ရှားလာအောင် ပြုလုပ်နေတာ ဖြစ်မယ် …”
“ ငါ စစချင်းတုန်းကတည်းက အဲ့ဒီ ဖယောင်းရုပ်ထုတွေကို ကိုင်ကြည့်ခဲ့ပြီးပြီ … သူတို့မှာ လူလို အပူချိန် မရှိဘူး … ဆိုတော့ လူသား ဝန်ထမ်းတွေ သရုပ်ဆောင်နေတာ မဟုတ်ဘူးဆိုတာ သေချာတယ် …”
“ ငါ အစက ဖယောင်းရုပ်ထု တစ်ခုကို နည်းနည်းပါးပါး ဖျက်စီးပြီး အတွင်းမှာ ဘယ်လိုစက်တွေနဲ့ လည်ပတ်နေလဲ ကြည့်ချင်တာ … ဒါပေမယ့် ထင်မထားခဲ့တာ …..”
စုံထောက်လင်းက စကားစကို ရုတ်ချည်း ရပ်တန့်လိုက်သည်။
“ ညီကိုလင်း …. မင်းလည်း လူတွေကို ဆန့်တငင်ငင်ဖြစ်အောင် ဘယ်တုန်းက သင်ယူခဲ့တာ ….”
“ ဟာ … တကယ့် အချိန်ကောင်းကျမှ ဟပ်ကော့ကြီး ချန်မထားခဲ့နဲ့လေ ….”
“ ငါ သူ့အစား အဆုံးသတ်ပေးမယ် … ငါ ထင်မထားခဲ့ဘူး … အဲ့နေရာက ကမ္ဘာပေါ်မှာ စုံထောက်လင်းကို ဘောင်းဘီထဲ သေးထွက်ကျအောင် လုပ်နိုင်မယ့် နေရာဆိုတာကိုပေါ့ ….”
“ ဟိုးဟိုး …. နားထောင်ရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ …. ခွင့်ရတဲ့ အချိန်ကျရင် တစ်ခေါက်လောက် သွားလည်ကြည့်ဦးမှပါ …”
“ စုံထောက်လင်းပြောတဲ့ ဖယောင်းပြတိုက်ကို ငါသိပြီ … လူတော်တော်များများလည်း အဲ့နေရာကို ရောက်ဖူးကြတယ် ….”
“ ငါလည်း ရောက်ဖူးတယ် … အတွေ့အကြုံကတော့ အံ့မခန်းဘဲ … ငွေပေးရတာလည်း တန်တယ် …. ဒါပေမယ့် နောက်တစ်ခေါက် သွားပါဆိုရင်တောင် မသွားတော့ဘူး ….”
“ အဲ့ဒီ ဖယောင်းပြတိုက်က တစ္ဆေခြောက်တာလား ….”
“ စုံထောက်လင်း ပြောသွားခဲ့တာ မင်းမကြားဘူးလား … အဲ့နေရာကို လူတွေ ပိုက်ဆံပေးပြီး ဝင်တာ ထောင်နဲ့ချီတယ် … တကယ်ပဲ သရဲခြောက်လို့ကတော့ ပြဿနာ အကြီးကြီးတက်တာ ကြာပြီပေါ့ဟ ….”
“ မြန်မြန် မင်းပြောမှာကို ပြောတော့လေ …”
ကြည့်ရှုသူများက သူ့ကို စကားဆက်ဖို့ တိုက်တွန်းနေတာကို မြင်တော့ စုံထောက်လင်းက ကူကယ်ရာမဲ့သည့် အမူအရာဖြင့် “ ညီကိုတို့ … ငါကြောက်လန့်အားကြီးပြီး သတိလစ်သွားတယ်လို့ ပြောရင် မင်းတို့ငါ့ကို ရယ်မှာလား …”
ကွန်းမန့်များ ခေတ္တ ရပ်တန့်သွားခဲ့သည်။
နောက်တစ်စက္ကန့်၌ စခရင်တစ်ခုလုံး ပြည့်လျှံသွားသည်အထိ ကွန်းမန့်များ အလုံးလိုက်၊ အရင်းလိုက် ပြန်လည် ဝင်ရောက်လာသည်။
အကုန်လုံးက သူ့အား လှောင်ပြောင်နေသည့် ကွန်းမန့်များပင်။
သူက ခေတ်သစ် ဒဏ္ဍာရီများနှင့် ကြောက်ဖို့ကောင်းသည့် နေရာမျိုးတွင် စူးစမ်းရှာဖွေ အဖြေရှာသည့် သတ္တိခဲ စုံထောက်လင်း ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ယောက်က ကြောက်လန့်အားကြီးပြီး သတိလစ်သွားခဲ့သည်မှာ အတော်လေး ဟားတိုက်ချင်စရာပင်။
စုံထောက်လင်းလည်း အကယ်၍ သူသာ ထိုစကားမျိုး ပြောလိုက်မည်ဆိုပါက ကြည့်ရှုသူများ လှောင်ရယ်ကြမှာကို ကောင်းကောင်းကြီးသိသည်။
သို့သော် အခြားနည်းလမ်းမရှိ။
ချန်ယွီ့ရှေ့မှောက်တွင် အမှန်တရားကလွဲပြီး အခြား ဘာကိုမျှ သူ မပြောဝံ့ပေ။
“ ငါ အစတုန်းက ဖယောင်းတစ်ဖဲ့လောက်ယူပြီး လေ့လာကြည့်မလို့ လုပ်နေတာ ဒါပေမယ့် တစ်ချို့ အကြောင်းအရင်းတွေကြောင့် ငါ သတိလစ်သွားခဲ့တယ် …”
“ ငါ ပြန်သတိရလာတော့ နောက်တစ်နေ့ ရောက်လို့ မိုးတောင်လင်းနေပြီ …”
“ ဖယောင်းပြတိုက်ကနေ အိမ်ပြန်ရောက်လာတော့ အဲ့နောက်ပိုင်း နေ့တိုင်းနေ့လိုလို အိပ်မက်ဆိုးတွေ မက်တော့တာပဲ ….”
“ ထူးဆန်းတဲ့ အရာတွေကို အမြဲတမ်း အိပ်မက်မက်တယ် …. တစ္ဆေလိုလို၊ သရဲလိုလို အရာမျိုးစုံကို ညသန်းခေါင်ကြီး ငါ့မျက်လုံးထဲ မြင်နေရတယ် …”
“ ငါ့အခြေအနေကို အွန်လိုင်းမှာ ဆန်းစစ် အဖြေရှာကြည့်လိုက်တော့ ငါ့ကိုယ်ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလို့ ခံစားမိတယ် ….”
စုံထောက်လင်းက ဖြစ်ပျက်ခဲ့သမျှကို လူတိုင်းအား ပြောပြလိုက်သည်။
“ စကားမစပ် ဒေါက်တာချန် … မင်းက အကုန်သိတဲ့လူဆိုတော့ ငါ့ကိုကူဖတ် … အဲလေ ဖယောင်းပြတိုက်ထဲက ဖယောင်းရုပ်ထုတွေကို သုံးသပ်ကြည့်ပေးပါလား …. သူတို့ ဘယ်လို စက်ပစ္စည်းတွေ သုံးထားလဲလို့ပေါ့ ….”
“ ဘယ်လို ပစ္စည်းတွေကများ ရုပ်ထုကို အသက်ဝင်အောင် လုပ်နိုင်ပြီး လူစင်စစ်တစ်ယောက်နဲ့ တူညီတဲ့ အရေပြားတွေ ရှိအောင် လုပ်နိုင်နေတာ ဖြစ်မလဲ ….”
“ လျှပ်စစ် အစိတ်အပိုင်းတွေအထဲမှာ ဘယ်လို ချစ်ပ်မျိုးကို သူတို့ သုံးထားလဲ …”
“ သူတို့တွေ ဘယ်လိုကြောင့်မို့ ခုန်ပေါက်နိုင်ပြီး အသက်ရှိတဲ့ လူတွေလို ရယ်မောနိုင်နေရတာလဲ ….”
ဤ မေးခွန်းများက စုံထောက်လင်း၏ စိတ်ထဲတွင် အချိန်အတော်ကြာသည်ထိအောင် ခဲဆွဲနေသည့် အရာများပင်။ ထို့ကြောင့် တစ်ခုပြီးတစ်ခု ကျယ်လောင်စွာ မေးမြန်းလာခဲ့သည်။
ချန်ယွီ့ ပြုံးလိုက်၏။ “ အဲ့ဒီ ဖယောင်းရုပ်ထုတွေမှာ ဘာ စက်ပစ္စည်း အစိတ်အပိုင်းမှ မရှိဘူး … မင်းထင်နေသလို နည်းပညာမြင့် ချစ်ပ်တွေလည်း မပါဘူး… သူတို့က တကယ့် အလောင်း စစ်စစ်တွေ ….”
နောက်ဆုံး စကားခွန်းကို ကြားတော့ စုံထောက်လင်း ဆံပင်မွှေးများ ထောင်ထသွားခဲ့သည်။
အလောင်းစစ်စစ်တွေ ….
သူက အလောင်း ဒါဇင်ကျော်နဲ့ တစ်ည အတူ အိပ်ခဲ့တာပေါ့နော်….
ပြီးတော့ အဲ့ဒီ အလောင်းစစ်စစ်တွေက လူတွေလို လှုပ်ရှားပြီး ရယ်မောနိုင်နေတယ်တဲ့လား ….
အမေရေ … ဒါကြီးက ယုတ္တိဆန်မနေဘူးနော်….
“ ဒေါက် … ဒေါက်တာချန် … မင်းငါ့ကို ရယ်စရာတွေ ပြောနေတာမလား … ဟားဟား … ဟား …”
စုံထောက်လင်းက အတင်းအကြပ် လုပ်ယူထားသည့် မျက်နှာအမူအရာဖြင့် ချန်ယွီ့ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။
မည်သည့်အရာကိုမျှ သူ မကြောက်တာ မှန်သော်လည်းပဲ တစ္ဆေ၊သရဲများကို မကြောက်တတ်ဟုတော့ မဆိုလိုပေ။
အကယ်၍ အဆိုပါ ရုပ်ထုများကသာ ၎င်းတို့ဘာသာ ရွေ့လျားရိုး မှန်နေပါက အစစ်အမှန် သရဲခြောက်တာနဲ့ မတူညီသွားဘူးလား။
မသိခြင်းက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင်။
မသိခြင်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုက လူကိုပင် တစ်ပိုင်းသေသွားစေနိုင်သည်။
“ ငါ ဘယ်တော့မှ ရယ်စရာတွေ မပြောဘူး …” ချန်ယွီ့ ပြောဆိုလိုက်ပြီး “ မင်းမြင်ခဲ့တဲ့ ဖယောင်းရုပ်ထုတွေ အကုန်လုံးက အလောင်းကောင်တွေ …”
“ မင်းဘာကြောင့် သတိလစ်သွားရလဲဆိုတော့ …. အဲ့တာက မင်းကြောက်လန့်အားကြီးလို့ မဟုတ်ဘူး ….”
“ ဖယောင်းရုပ်ထု တစ်ခုက မင်းကို သတိလစ်အောင် လုပ်လိုက်တာ …၊ ပိုပြီး မှန်မှန်ကန်ကန် တိတိကျကျ ပြောကြေးဆို အလောင်း တစ်ခုက ထိခိုက်စေတဲ့ ဓာတ်ငွေ့တစ်မျိုးကို မှုတ်ထုတ်လိုက်တာကြောင့်ပဲ ….”
“ ပုံမှန်ဆိုရင် ဒီရဲ့ အလောင်းကောင်တွေက မင်းအပေါ်မှာ သက်ရောက်မှု သိပ်ရှိမှာ မဟုတ်ဘူး ….”
“ မင်းရဲ့ ခန္ဓာကိုယ်မှာ အခု လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ အတွက် မင်းဘက်ကလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ် …”
“ မင်း ဖယောင်းပြတိုက်ထဲက ထွက်လာပြီး လေဆိပ်ရောက်တော့ တစ်ခုခု လွှင့်ပစ်ခဲ့သေးလား ….”