← Chapters

အင်တာနက် ဆယ်လီတစ်ယောက်က အလုပ်သင် တစ်ယောက် ဖြစ်လာခြင်း

Vol. 18 Ch. 174

အင်တာနက် ဆယ်လီတစ်ယောက်က အလုပ်သင် တစ်ယောက် ဖြစ်လာခြင်း

Vol. 18 Ch. 174

“ ငါ သဘောပေါက်ပြီ …”

စုံထောက်လင်းက နှစ်ဒါဇင်ချီကြာ လောကကြီးထဲ တစ္ဆေသရဲ မရှိကြောင်း ယုံကြည်ပြီး နေထိုင်ရှင်သန်လာခဲ့သူ ဖြစ်သည်။

ယခု … သူ ယုံကြည်ထားသည့် အရာများအားလုံး ပျက်စီးကုန်လေပြီ။

လိုက်စထွင်းထဲက ထွက်ပြီးနောက် စုံထောက်လင်းက ဝီချက်မှတစ်ဆင့် ချန်ယွီ့၏ မက်ဆေ့ချ်ကို ရရှိလိုက်သည်။

သူ ချက်ချင်းပဲ ချန်ယွီ့ကို သူ့ အဆက်အသွယ် စာရင်းထဲသို့ ပေါင်းထည့်ထားလိုက်၏။

ကုန်ပစ္စည်းအတွက် ကျသင့်ငွေနှင့် လိပ်စာကို ပေးပို့ပြီးနောက် စုံထောက်လင်းက စီးကရက်တစ်လပ်ကို မီးညှိလိုက်သည်။

ဖြစ်ရပ်တစ်ခုလုံးက သူ့ဦးနှောက်ထဲတွင် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်၏။

အဆိပ်သင့်စေတဲ့ ဓာတ်ငွေ့ဆိုတာ သရဲကားတွေထဲ ပြောပြောနေတဲ့ ယင်စွမ်းအင် ဆိုတာများလား …

“ ကဲ အားလုံးပဲ … နောက်မှ ပြန်တွေ့ကြတာပေါ့ …”

စုံထောက်လင်း လိုင်းဆင်းသွားပြီးနောက် မကြာခင်မှာပဲ ချန်ယွီ့က စခရင်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။

သူ့ကို ကြာကြာ ထပ်နေဖို့ ဖျောင်းဖျနေသည့် ကြည့်ရှုသူများကို လျစ်လျူရှုရင်း ယနေ့ လိုက်စထွင်းကို အဆုံးသတ်လိုက်သည်။

ခါးကြောဆန့်ရင်း ချန်ယွီ့ တီးတိုးရေရွတ်လိုက်၏။ “ ဒီဖြစ်ရပ်ပြီးလို့ သင်ခန်းစာရပြီး ကိုယ့်သေတွင်းကိုယ် လိုက်တူးနေတာတွေ ရပ်မယ်လို့ မျှော်လင့်ပါတယ် …”

စုံထောက်လင်းက ကိုယ်ခံပညာ မိသားစုမှ ပေါက်ဖွားလာသူ တစ်ဦးပင်။ ငယ်စဉ်ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ပြီး သူ့ အန်နာဂျီက သာမန်လူတို့နှင့် မတူညီပေ။

စစ်တပ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ပို၍ ပြင်းထန်သည့် လေ့ကျင့်မှုတို့ ခံယူရင်း ယန်စွမ်းအင်ကို သန်မာလာစေခဲ့သည်။

သာမန်တစ္ဆေများဆိုပါက သူ့ကို မည်သည့်အရာမျှ ပြုလုပ်နိုင်မှာ မဟုတ်ပေ။

သို့ကြောင့်သာ ဝိဉာဏ်ကြီးစိုးသည်၊ သရဲခြောက်ကြမ်းသည် စသည့် နေရာများသို့ နှစ်ပေါင်းများစွာ သွားလာနေသည့်တိုင် မည်သည့် တစ္ဆေသရဲနှင့်မျှ မကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

သို့ပေမယ့်လည်း အရာအားလုံးတွင် အစွန်းနှစ်ဖက်ဆိုတာ ရှိသည်။

စုံထောက်လင်းတွင် ရှိသည့် ယန်စွမ်းအင်က အမှန်တကယ် သန်စွမ်းသော်ငြားလည်း အဆိုပါ ခြောက်ခြားဖွယ်ရာ နေရာများသို့ တစ်ကြိမ်ပြီးတစ်ကြိမ် သွားရောက်နေနိုင်သည်လို့တော့ မဆိုလိုပေ။

အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲရှိ ယန်စွမ်းအင်တို့ကလည်း သိသိသာသာ လျော့ပါးသွားပေလိမ့်မည်။

ယင်စွမ်းအင် မှုတ်ထုတ်လိုက်သည့် အလောင်းကောင်က သူ့ဝိဉာဏ်တစ်စိတ်တစ်ပိုင်းကို ဖျောက်ဖျက်သလို ဖြစ်သွားခဲ့ပြီး သွယ်ဝိုက်သောနည်းဖြင့် ယင်ယန်မျက်လုံးကို ဖွင့်ပေးမိသည့်နှယ် ဖြစ်သွားခဲ့သည်။ ထို့ကြောင့်လည်း သာမန်လူတို့ မမြင်အပ်သည့် တစ္ဆေသရဲများကို မြင်နိုင်နေခြင်း ဖြစ်၏။

ညတွင်လည်း အမြင်၏ သက်ရောက်မှုကြောင့် အိပ်မက်ဆိုးများ မက်သည့်ဒဏ်ကို အလူးအလဲ ခံစားရသည်။

“ ဒေါက် ဒေါက် ဒေါက် …”

မကြာမီ သူ့ တံခါးဝသို့ ခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

ဒီလီပို့သည့် ကောင်လေး ရောက်လာပြီဟု တွေးထင်ရင်း ချန်ယွီ့က စင်ပေါ်ရှိ ပီကေတစ်ဘူးကို သာမန်လျှံကာ ဆွဲယူလိုက်သည်။

“ ဘာလို့ မင်းလဲ …”

တံခါးအပြင်ဘက်တွင် ရောက်ရှိနေသည့် လူကို မြင်တော့ ချန်ယွီ့မှာ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။

“ ဒေါက်တာချန် … ကျွန်မရှင့်ကို မနှောင့်ယှက်မိဘူးမလားဟင် ….”

တံခါးအပြင်ဘက်တွင် ရောက်ရှိနေသူက ဒီလီလာပို့သည့် ကောင်လေး မဟုတ်ပါဘဲ ကျိုးခဲ့ရှင်းပင်။

“ အင်း … အဲ …. မပေးပါဘူး …”

ကျိုးခဲ့ရှင်း၏ မျက်နှာကို တစ်ချက် ကြည့်ပြီးနောက် ချန်ယွီ့ ချက်ချင်းပဲ နားလည်သွားခဲ့သည်။

“ ကျေးဇူးတော့ တင်တယ် … ဒါပေမယ့် ငါက ဘာတပည့်မှ လက်မခံဘူး ….”

ဤစကားကြားတော့ ကျိုးခဲ့ရှင်း၏ မျက်နှာထက်ရှိ အပြုံးက အေးခဲသွားခဲ့၏။

ချန်ယွီ့က အပြင်မှာလည်း အွန်လိုင်းမှာလို နတ်ဘုရားဆန်နေတုန်းပဲလား …

တစ်ချက် ကြည့်လိုက်တာနဲ့ သူမ ဘာရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုတာ ဒက်ကနဲ သိနေတယ် …

ကျိုးခဲ့ရှင်း ရောက်လာခဲ့သည်က ချန်ယွီ့ထံမှ စကေး နည်းနည်းပါးပါး သင်ယူပြီး အနာဂတ်တွင် လူကောင်းလူဆိုး ခွဲခြားသိမြင်နိုင်ဖို့ပင်။

သူမ ညီအစ်မရင်းသဖွယ် မှတ်ယူထားသည့် အန်းအန်းက သူမကို အသက်သေစေလုနီးပါး ဖြစ်စေခဲ့သည်။

များမကြာမီ ကျိုးခဲ့ရှင်းက ပိုးသတ်ဆေး လွန်ကျွံအောင် သုံးထားသည့် စပျစ်သီး သုံးဖာကိုလည်း ဝယ်ယူခဲ့မိ၏။ အကြောင်းမူကား အားဝေ့ကို ကြင်နာတတ်သည့် လူကောင်းတစ်ယောက်ဟု ယုံစားမိသောကြောင့်ပင်။ ယင်းက သူမကို အသက်သေစေလုနီးပါး ဖြစ်သွားစေခဲ့ပြန်သည်။

“ ဒေါက်တာချန် … ကျွန်မ ကျူရှင်ဖိုး ပေးပါ့မယ် …”

“ ပိုက်ဆံကိစ္စကြောင့် မဟုတ်ဘူး …”

ကျိုးခဲ့ရှင်းကို အထဲသို့ ဖိတ်ခေါ်ပြီးနောက် ချန်ယွီ့က ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည်။ “ မင်း ငါ့စကေးတွေကို မသင်ယူနိုင်ဘူး … ပြီးတော့ သူတို့ကိုလည်း လေ့လာနိုင်မှာ မဟုတ်ဘူး …”

“ အဲ့ဒီ အကြံဉာဏ်ကို လက်လျှော့လိုက်တော့ … မင်းနောင်ကျ ပြဿနာ တစ်ခုခုနဲ့ ကြုံလာခဲ့ရင် ငါ့ဆီကို အချိန်မရွေး လာခဲ့လို့ရတယ် … ဒီလိုအရာမျိုးတွေ သင်ထားဖို့ မလိုပါဘူး ….”

“ ကျွန်မ မဟုတ် ……”

“ ငါ နားလည်တယ် …”

ချန်ယွီ့က ကျိုးခဲ့ရှင်း၏ စကားကို ဖြတ်ပြောလိုက်ပြီး “ မင်းက နာမည်ကြီးချင်လို့ မဟုတ်ဘူးဆိုတာ ငါနားလည်တယ် … မင်းက တကယ့် စစ်မှန်တဲ့ အရာတွေကို သင်ယူချင်တာ ….”

“ မင်းက အဲ့တာတွေကို အသုံးချပြီး အကောင်းအဆိုး ဝေဖန်ပိုင်းခြားချင်တယ် … အဲ့လိုမှလည်း နောင်ကျရင် လူလိမ်မခံရတော့မှာလေ …”

“ ဟုတ်တယ် … ကျွန်မ စဉ်းစားနေတာ အဲ့သဘောမျိုးပဲ ….”

ချန်ယွီ့က သူမအတွေးများကို ထုတ်ဖော်ပြောကြားလာခဲ့တာကို နားထောင်ပြီးနောက် ချန်ယွီ့ကို ဆရာအဖြစ် တင်မြောက်လိုသည့် သူမ၏ စိတ်ဆုံးဖြတ်ချက်တို့ ပိုပြီး ခိုင်မာလာခဲ့ရသည်။

သူမ ဘက်ကသာ စိတ်အားထက်သန်နေသရွေ့ သံမဏိပြားကိုပင် အပ်ချောင်းအသွင်သို့ ပြောင်းလဲနိုင်မည်။

ထိုသို့ ပြုနိုင်ခဲ့သည့် သမိုင်းအထောက်အထားတို့လည်း များစွာ ရှိခဲ့ဖူးသည်။

“ ဒေါက်တာချန် … ကျွန်မ ပညာသင်တပည့် နေရာအတွက် လျှောက်ထားချင်လို့ ရလား …”

“ ပညာသင်တပည့် ဟုတ်လား ….”

ကျိုးခဲ့ရှင်း၏ သဘောထားတို့က ဤမျှ ခိုင်မာနေလိမ့်မည်ဟု ချန်ယွီ့လည်း မျှော်လင့်မထားခဲ့ချေ။

“ ကျွန်မ ဘာပဲဖြစ်ဖြစ် လုပ်ပေးနိုင်တယ် … ဧည့်သည်တွေကို ဧည့်ခံပေးနိုင်တယ် … ဧည့်သည်မလာတဲ့အချိန်ကျရင်လည်း သန့်ရှင်းရေး လုပ်ပေးမယ်လေ …”

“ ပြီးတော့ ဟင်းလည်းချက်တတ်တယ် …”

ကျိုးခဲ့ရှင်းက သူမ စွမ်းဆောင်နိုင်သည့်အရာများကို ထုတ်ပြောနိုင်ရန်အတွက် ဦးနှောက်အား အစွမ်းကုန် အလုပ်လုပ်ခိုင်းနေတော့သည်။

“ ကျွန်မကို ဒီမှာပေးနေမယ်ဆိုရင် လခမပေးဘူးဆိုလည်း အဆင်ပြေတယ် …”

“ မင်း တကယ်ပဲ ဒီမှာ နေချင်တာ သေချာလား …”

ချန်ယွီ့က ခါးသက်သည့် အပြုံးဖြင့် မေးလိုက်၏။

ကျိုးခဲ့ရှင်းက တရစပ်ခေါင်းညိတ်လာသည်။

“ မင်းက ဒီမှာနေချင်တယ်ဆိုမှတော့ … ဒါဆိုလည်း နေ ….”

“ ပညာသင် တပည့်တော့ မလုပ်နဲ့ … ဒီမှာ အကူနာ့စ်လုပ်ပေါ့ ….”

“ လစာ အတွက်ကတော့ …..”

ချန်ယွီ့ စဉ်းစားပြီးနောက် “ ယွမ် ငါးထောင်နဲ့ အစမ်းခန့် ကာလ သုံးလ …. ပြီးရင် မင်းရဲ့ လစာက ယွမ် ရှစ်ထောင် ….”

“ အာမခံချက်တွေလည်း ပါတယ် … အားလပ်ရက် လက်ဆောင်တွေ ၊ နှစ်သစ်ကူးအတွက် ဟုန်ပေါင်းတွေ အကုန်ရမယ် ….”

ချန်ယွီ့၏ စိတ်ကျန်းမာရေး ဆေးခန်းက နှစ်ထပ်ဖြစ်သည်။

နေ့တိုင်းနေ့ သန့်ရှင်းရေးလုပ်မည်ဆိုပါက အချိန်အတော်လေး ပေးရ၏။

တစ်ချိန်တည်းတွင် ကျိုးခဲ့ရှင်းက သူမ ချက်တတ်၊ ပြုတ်တတ်သည်ဟုလည်း ဆိုနေသည်။

ဤအတောအွင်း ချန်ယွီ့မှာ အပြင်စာများသာ ဆက်တိုက် မှာစားနေခဲ့ပြီး ထိုအကျင့်ကို ပြောင်းလဲပစ်ချင်သည်မှာလည်း ကြာပြီ ဖြစ်၏။

အလုပ်သုံးခုလုပ်ဖို့ လူတစ်ယောက် ငှားရမယ်ဆိုတော့ …

ဘယ်လိုပဲ တွေးကြည့်တွေးကြည့် တန်တယ် …

“ မင်းရဲ့ အလုပ်ချိန်ကို သုံးပိုင်းပိုင်းထားမယ် … မနက်ခင်း ဒီရောက်လာပြီး သန့်ရှင်းလုပ် … နေ့လည်ပိုင်းကျရင် ချက်ပြုတ်ပြီး ညနေပိုင်းကျရင်တော့ ….”

“ ပုံမှန် … ဧည့်သည်ရှိရင်တော့ မင်းက လူနာတွေကို လမ်းညွှန်ပြီး သူတို့ကို ဧည့်ခံရမယ် … ပြဿနာ ရှိလား …”

ချန်ယွီ့က သူမအလုပ်အကိုင်၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို နောက်တစ်ကြိမ် ထပ်ပြီး ရှင်းပြလိုက်သည်။

သူမက စိတ်ကျန်းမာရေးဆေးခန်း၏ မျက်နှာစာ ဖြစ်သဖြင့် သဘောတူမည်ဆိုပါက လိုအပ်ချက်များကို သူမဘက်က ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးဖို့လိုသည်။

“ ပြဿနာ မရှိဘူး …”

ကျိုးခဲ့ရှင်းက တည့်တိုးဖြေဆိုလိုက်၏။

“ ဒီနေ့ အလုပ်စဆင်းရမလား ….”

“ မနက်ဖြန်လာခဲ့ …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒီနေ့ လုပ်စရာက ဘာမှ မရှိဘူး … မနက်ဖြန် ကိုးနာရီ ငါ့ဆီလာခဲ့ …”

“ အိုကေ … ဒါဆို မနက်ဖြန် ပြန်တွေ့ကြမယ် …”

ကျိုးခဲ့ရှင်းက ရောက်လာပြီး ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်လည် ထွက်သွားခဲ့၏။ သို့ပေမယ့်လည်း ဤသည်က သူမ၏ ပုံမှန်နေထိုင်မှုဘဝလေးကို ကမ္ဘာမြေကြီး တုန်ဟီးမတတ် ပြောင်းလဲသွားစေမည်ကို သိခဲ့လျှင်တော့ဖြင့် ….။

နောက်တစ်နေ့သည်လည်း နေသာသည့် နေ့လေးတစ်နေ့ပင်။ ကျိုးခဲ့ရှင်းက အင်္ကျီအဝတ်အစား အသစ်တို့ဖြင့် ဟိုတယ်ထဲက ထွက်လာသည်။

ထို့နောက် တက္ကစီငှားပြီး ချန်ယွီ့၏ ဆေးခန်းသို့ ရောက်လာခဲ့၏။

“ မိန်းကလေး … မင်းက ဒီက ဝန်ထမ်းလား …”

ကျိုးခဲ့ရှင်း တံခါးဆွဲဖွင့်တော့မည့် အချိန်မှာပဲ သူမ အနောက်က အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

အနက်ရောင် ဝတ်စုံပြည့်နှင့် အမျိုးသားတစ်ဦးက ကျိုးခဲ့ရှင်းနှင့် မလှမ်းမကမ်း တစ်နေရာတွင် ရ်နေပြီး သူ့နောက်တွင်တော့ ဈေးအင်မတန်ကြီးသည့် ကားတစ်စင်း ရှိနေသည်။

“ ကျွန်မက ဒီဆေးခန်းရဲ့ နာ့စ်ပါ … ဘာကိစ္စရှိလို့လဲရှင့် …” ကျိုးခဲ့ရှင်းက ဖော်ရွေ ပျူငှာစွာ ခွန်းတုံ့ပြန်လိုက်သည်။

“ ဒေါက်တာချန်ကို ငါသူနဲ့ လာတွေ့လို့ရမလား မေးပေးလို့ရလား …”

“ ရှင် ဒီတိုင်း ဝင်သွားပြီး တွေ့လည်း ရနေတာပဲလေ …”

ကျိုးခဲ့ရှင်းက နားဝေတိမ်တောင် ဖြစ်စွာ ပြန်မေးလိုက်သည်။

သက်လတ်ပိုင်းအမျိုးသားက ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် ပြန်ဖြေသည်။ “ ဘာကြောင့်လဲမသိဘူး … ငါ တံခါးဝကို ရောက်တိုင်း နောက်ထပ် ခြေတစ်လှမ်း မလှမ်းနိုင်ဘူး ဖြစ်နေလို့ …”

“ မမြင်နိုင်တဲ့ နံရံတစ်ခုက ငါ့အရှေ့မှာ ကာဆီးထားသလိုမျိုးပဲ ….”

“ အဲ့လိုအရာမျိုးက ရှိလို့လား …”

ကျိုးခဲ့ရှင်း ရှော့ခ်ရသွားခဲ့ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကြည့်ဖို့ ကြိုးစားလိုက်သည်။

အရာအားလုံးက ပုံမှန်ပင်။ မည်သည့်အရာကမျှ သူမ၏ လမ်းကို ဟန့်တားနေခြင်း မရှိပေ။

သူမ တံခါးကို ဆွဲပြီး သာမန်လျှံကာပဲ ဖွင့်လိုက်၏။

“ မိန်းကလေး … ကျေးဇူးပြုပြီး ဒေါက်တာချန်ကို ပြောပေးစမ်းပါ … ငါ သူနဲ့ အရေးကြီး ကိစ္စ ဆွေးနွေးချင်တာလေး ရှိလို့ …”

“ ရတယ်လေ … ကျွန်မ ပြောပေးမယ် …”

ကျိုးခဲ့ရှင်း ဝင်သွားပြီး ဤ လူကြီးက နည်းနည်းထူးဆန်းသည်ဟု ခံစားနေရသည်။ စိတ်ဝေဒနာရှင် တစ်ယောက် ဖြစ်နေမလား သူမ မပြောတတ်။

“ ဒေါက်တာချန် … အပြင်မှာ လူတစ်ယောက် ရောက်နေတယ် … သူပြောတာတော့ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တံခါးဝနား ကပ်လို့မရဘူးတဲ့ … ရူးနေလား မသိပါဘူး ….”

“ မင်းက ဒီနေရာနဲ့ အလုပ်လုပ်ဖို့ တကယ်သင့်လျော်တာပဲ …” ချန်ယွီ့ ရယ်မောရင်း ပြောလိုက်ပြီး “ အလုပ်စဝင်တဲ့ ပထမနေ့မှာတက် လူတစ်ယောက်ကို စိတ်ဝေဒနာ ရှိမရှိ အကဲခတ်နေနိုင်ပြီ …”

“ အာ … ဒါဆို သူက တကယ်ကြီး ရူးနေတာပေါ့နော်….”

ကျိုးခဲ့ရှင်းက စကားအဖြစ်သာ ပြောလိုက်သော်ငြားလည်း မှန်ကန်စွာ ခန့်မှန်းမိလိုက်မည်ဟု ထင်မှတ်မထားခဲ့ချေ။

“ သူ့မှာ ဘာရောဂါရှိတာလဲတဲ့ …”

“ စိုးရိမ်စိတ်ဖိစီးလွန်းတဲ့ စိတ်ကစဉ့်ကလျားရောဂါ ….”

“ တကယ်လို့ သူသာ အထဲဝင်မလာဘူးဆိုရင် သူ့ရောဂါက ထဖောက်လာမှာ မဟုတ်ဘး ….” ချန်ယွီ့၏ စကားတို့က ဆန်းကြယ်နေပြီး “ ဒါပေမယ့် သူ ဝင်လာခဲ့မယ်ဆိုရင်တော့ သူ့ အခြေအနေကလည်း ပြင်းထန်လာလိမ့်မယ် …”

All Chapters