← Chapters

ငါ ဝိုင်ပုလင်းတွေ ဖရီးပေးမယ်

Vol. 18 Ch. 177

ငါ ဝိုင်ပုလင်းတွေ ဖရီးပေးမယ်

Vol. 18 Ch. 177

စပွန်ဆာ တာဝန်ခံ၏ ဆံပင်အုံအထူကြီးမှာ အာဖရိကစတိုင် ဖြစ်သွားခဲ့သည်။

သူ ငိုချင်သွား၏။

သူ့ဘက်က ယွမ်သိန်းဂဏန်းထုတ်ပြီး အစ်ကိုကြီးကျားကို စပွန်ဆာပေး၍ ကြည့်ရှုသူများကို ပစ္စည်းအတုများ ရောင်းချချင်သော်လည်းပဲ စတင်သည်နှင့် ကျရှုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူ၏ ခန့်ညားလှသည့် ဆံပင်ပုံစံကိုပင် ဆုံးရှုံးသွားစေခဲ့လေသည်။

“ မင်းတို့ နှလုံးသားမည်းညစ်တဲ့ စီးပွားရေးတွေ … ငွေတစ်ခု အတွက်နဲ့ မင်းတို့မှာ အသိစိတ်လေးတောင် မရှိကြတော့ဘူးလားကွ …”

အစ်ကိုကြီးကျားက ရုတ်ချည်း ဒေါသထွက်လာပြီး သူ့စပွန်ဆာကို စတင်အော်ငေါက်တော့သည်။

“ ပစ္စည်းအတုတွေ ရောင်းတာက တရားမဝင်ဘူးဆိုတာ မင်းတို့ မသိကြဘူးလားကွ ဟမ် …”

“ မင်းတို့လို နှလုံးသားမည်းညစ်တဲ့ စီးပွားရေး သမားတွေက အကျိုးအမြတ်အတွက် ထောက်ခံစာအတု၊ စာရွက်စာတမ်း အတုတွေ လုပ်တယ် …”

“ ငါ့မှာတော့ မင်းတို့ကို ယုံကြည်ပြီး နည်းပညာမြင့် ထုတ်ကုန်ဆိုပြီး ကြော်ငြာပေးနေတာ …”

“ ငါ့ဘက်က နည်းနည်းလေး ဆုံးရှုံးသွားလို့ ဘာမှ ဖြစ်မသွားဘူး … ဒါပေမယ့် ငါချစ်တဲ့ ပရိသတ်တွေကိုတော့ ဘယ်လိုဆုံးရှုံးမှုမျိုးမှ မဖြစ်စေရဘူးကွ …”

“ လုပ်လို့သာရရင် မင်းလိုကောင်စားမျိုးကို ငါ အခုချက်ချင်းတောင် တစ်သက်တစ်ကျွန်း ချလိုက်ချင်သေးတယ် …”

“ အစ်ကိုကြီးကျားရဲ့ တပ်က မင်းတို့နဲ့ တစ်သက်လုံး မပူးပေါင်းဘူးကွ မြဲမြဲမှတ်ထား … သူ့ကို မောင်းထုတ်လိုက်ကြစမ်း …”

“ ဒီ လူလိမ်သမားကို ဆက်မမြင်ချင်တော့ဘူး ….”

အစ်ကိုကြီးကျားက တရားမျှတမှုကို လိုလားသည့် ဘက်တော်သားကြီးနှယ် သူ့စပွန်ဆာကို မောင်းထုတ်ပြီး တာဝန်ယူမှု ၊ တာဝန်ခံမှုများအားလုံးကို ၎င်းခေါင်းပေါ်သို့ ပုံချထည့်လိုက်သည်။

သူ့စကားလုံးတို့ထဲတွင် သူ၏ ဖြူစင်မှုကို ဖော်ပြနေသည်။

ဝန်ထမ်းတစ်ချို့က အစ်ကိုကြီးကျား၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့ပြီး ဘရန်း စပွန်ဆာကို အကြမ်းနည်းသုံးပြီး မြင်ကွင်းထဲမှ ဆွဲထုတ်သွားခဲ့ကြသည်။

“ ကျားကြီး … မင်းငါ့ကို ဒီလို လုပ်လို့မရဘူး … မင်း ငါ့ဆီက ဝူး ဝူး ဝူး ----- “

သူ့စကားဆုံးအောင် မပြောနိုင်ခင်မှာပဲ ဝန်ထမ်းက လက်ဝါးဖြင့် ၎င်းပါးစပ်ကို ပိတ်ဆို့ထားလိုက်သည်။

“ မမလေးကျိုး … ငါ့ရဲ့ ချစ်ပရိသတ်ကြီးတို့ … မင်းတို့ကို အစ်ကိုကြီးကျား တောင်းပန်တယ် …..”

“ ဒီ နှလုံးသားမည်းညစ်တဲ့ စီးပွား‌ရေး သမားတွေ လိမ်တာ ခံလိုက်ရပြီး သူတို့ ထုတ်တဲ့ ဆံပင်လေမှုတ်စက်က တကယ့် နည်းပညာမြင့် ပစ္စည်းအကောင်းစား မှတ်နေတာ …”

“ ဒင်းတို့ထုတ်တဲ့ ပစ္စည်းအရည်အသွေးက ဒီလောက်တောင် စုတ်ချာနေမယ်လို့ ထင်တောင် ထင်မထားဘူး …”

အစ်ကိုကြီးကျားက သူ့ကြည့်ရှုသူများကို ဦးညွှတ်ပြီး လေးလေးနက်နက် တောင်းပန်လိုက်သည်။ ဘရန်းစပွန်ဆာကို တစ်နေ့ ဝဋ်လည်မည်ဟု နှုတ်က ကြိမ်းဝါးနေလျက် ရှိ၏။

နောင်တတရားက သူ့မျက်နှာထက်တွင် ရေးထိုးထားသည်။

ငယ်စဉ်ကတည်းက လေ့လာဆည်းပူးခဲ့သည့် သရုပ်ဆောင် အရည်အချင်းတို့မှာ ယခုအချိန်အခိုက်အတန့်တွင် ထင်ထင်ရှားရှားကြီး ပြသနေလျက် ရှိသည်။

ကျိုးခဲ့ရှင်းက စခရင်ကို ဒေါသတကြီး ကြည့်နေမိ၏။ အစ်ကိုကြီးကျားက အရှက်ကင်းမဲ့မှုလမ်းစဉ်ကို အထွတ်အထိပ်ထိ ပေါက်မြောက်အောင် ကျင့်ကြံထားပုံရသည်။

“ ငါ့ရဲ့ ချစ်ပရိသတ်ကြီးတို့… ငါ နောက်တစ်ကြိမ် ထပ်ပြီးတော့ တောင်းပန်ပါတယ် …”

“ တစ်ချိန်တည်းမှာပဲ မမလေးကျိုးကိုလည်း လေးနက်တဲ့ စိတ်ရင်းအပြည့်အဝနဲ့ တောင်းပန်ချင်တယ် …”

“ မမလေးကျိုးက ငါ့ကို အားပေးဖို့ ရောက်လာတယ် … ဒါပေမယ့် ငါကတော့ အမှားအကြီးကြီး ကျူးလွန်မိလုနီးပါးပဲ ….”

“ ဒီတော့ … ငါ ဆုံးဖြတ်လိုက်ပြီ … ငါ နိုင်ငံခြားက ဝယ်ထားတဲ့ ဝိုင်အကောင်းစားကို ထုတ်ပြီး လူတိုင်းကို အလကားပေးမယ် … ငါ့ရဲ့ တောင်းပန်မှုကို ဖော်ပြတဲ့ အနေနဲ့ပေါ့ …”

ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြ၏။

လက်ဆောင် အလကားပေးမယ် ဟုတ်လား ….

ဒါ အစ်ကိုကြီးကျားလို လူလိမ်အောက်တန်းစားက လုပ်မယ့် အလုပ်မျိုးလား …

အစောပိုင်းတွင်တုန်းက အစ်ကိုကြီးကျားမှာ စင်အောက်မှနေပြီး ဝိုင်လေးပုလင်းကို ထုတ်လာခဲ့သည်။

နှစ်ပုလင်းကို မီးငြိမ်းသတ်ရန်အတွက် အသုံးပြုလိုက်ပြီး ကျန်နှစ်ပုလင်းကတော့ လက်ထဲ ရှိနေသည်။

“ မမလေးကျိုး … မင်းလည်း ဘားတွေ ဘာတွေ ရောက်ဖူးပါတယ် … ဒီ ပုလင်းနှစ်လုံးက ရင်းနှီးနေတယ်လို့ မထင်ဘူးလား …”

ကျိုးခဲ့ရှင်းက မျက်မှောင်ကြုတ်ပြီး အစ်ကိုကြီးကျား လက်ထဲရှိ ပုလင်းနှစ်လုံးကို သေသေချာချာ ကြည့်လိုက်သည်။

တကယ်လည်း ရင်းနှီးသယောင် ရှိနေသည်။

ဘားများတွင် မြင်တွေ့နေကျ ဈေးကြီးသည့် Ace of spades နှင့် အတော်လေး တူသည်။

ကျိုးခဲ့ရှင်း စကားပြောသည်ကို မစောင့်ဘဲ အစ်ကိုကြီးကျားက လည်ချောင်းသံကြီးဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ “ ငါ့ရဲ့ ချစ်ပရိသတ်ကြီးတို့ … မင်းတို့ရဲ့ ယုံကြည်မှုနဲ့ အားပေးမှုတွေသာ မရှိဘူးဆိုရင် ငါလည်း ဒီနေ့လို အစ်ကိုကြီးကျားဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ..”

“ ငါ နိုင်ငံခြားကနေ စက်ရုံထုတ်ဈေး ၁,၈၈၈ ယွမ်နဲ့ အလုံး တစ်ထောင် ဝယ်ခဲ့တာ …”

“ အစကတော့ ဒီဝိုင်ကို ကိုယ့်ဘာကိုယ် သောက်မလို့ပဲ … ဒါပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူး ….”

“ ငါ့ရဲ့ လေးနက်တဲ့ စိတ်ရင်းစေတနာကို ဖော်ပြဖို့ ၊ ငါ့ချစ်ပရိသတ်ကြီးရဲ့ စေတနာ မေတ္တာတွေကို ပြန်ပေးဆပ်ဖို့ … ဒီဝိုင်တွေကို ငါ အလကားပေးဖို့ ဆုံးဖြတ်လိုက်ပြီ …”

“ မင်းတို့ပေးဖို့လိုတာက ဒီလီခ ၈၈ ယွမ်လေးပဲ … ပြီးရင် သုံးလေးရက်နေတာနဲ့ အရည်အသွေးမြင့်တဲ့ နိုင်ငံခြားထုတ် Ace of Spades ကို မြည်းစမ်းလို့ရပြီ …”

“ ပုလင်း အလုံးတစ်ထောင်နော်… လက်မြန်တဲ့လူပဲ ရမယ် … လက်မြန်တဲ့လူပဲ ရမယ် ….”

နောက်တစ်ခဏမှာပဲ သူ့ဝန်ထမ်းများက စခရင်ရှေ့သို့ ထွက်လာပြီး သူ့အား ဆွဲလား ၊ ရမ်းလား လာလုပ်ကြသည်။ သူတို့တွေက ဈေးကြီးသည့် ဝိုင်များကို အလကား မပေးပစ်ဖို့ ငြင်းခုန်နေကြ၏။

Ace of spades ၏ မူရင်းဈေးက ၁,၈၈၈ ယွမ် ဖြစ်ပြီး ယခု ၈၈ ယွမ်တည်းနှင့် ရောင်းချနေသည်။ ရောင်းလိုက်သည့် အလုံးတိုင်း အရှုံးပေါ်နေသည်နှင့် ညီမျှ၏။

ဤငွေများအားလုံးကို အစ်ကိုကြီးကျားက သူ့အိတ်ထောင်ထဲက စိုက်ထုတ်ထားခြင်းပင်။

အကယ်၍ ပုလင်း အလုံးတစ်ထောင်ကို ရောင်းချလိုက်မည်ဆိုပါက သူ့ဘက် ဆုံးရှုံးမည့် ငွေပမာဏက ယွမ် ၁.၈ သန်းပင်။

မိတ်ကပ်တစ်ပိဿာလောက်နှင့် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ကြမ်းပြင်ပေါ် ဒူးထောက်ပြီး အစ်ကိုကြီးကျား၏ ပေါင်ကို ဖက်ထား၏။

“ အစ်ကိုကြီးကျား … ရှင် ထပ်ပြီးပေးလို့ မရတော့ဘူးလေ …”

“ ရှင် ဒီနှစ်ထဲ လိုက်စထွင်းလွှင့်တိုင်း ရှင့် ပရိသတ်တွေကို အပေးတွေချည်းပဲ … “

“ ဒီအတိုင်းဆက်လုပ်နေမယ်ဆိုရင် ရှင် ဘာနဲ့ ဆက်ပြီး အသက်ရှင်မှာလဲ …”

“တိတ်စမ်း ..”

အစ်ကိုကြီးကျားက ဝန်ထမ်းကို ဆောင့်ကန်ထုတ်ပြီး အော်ဟစ်လိုက်သည်။ “ အွန်လိုင်းပေါ်မှာ ငါက စောက်ချီးထုပ်စပွန်ဆာတွေဆီက ပိုက်ဆံကိုယူပြီး ပစ္စည်းအစုတ်တွေ ရောင်းနေတယ်လို့ သတင်းဖြန့်နေတဲ့ မုန်းတီးရေးသမားတွေ ရှိတယ် ….”

“ ငါ့ရဲ့ ဖြူစင်မှုကို သက်သက်ပြဖို့ … ငါ ချစ်တဲ့ ပရိသတ်ကြီးကို လျော်ကြေးပေးဖို့အတွက် ….” အစ်ကိုကြီးကျားက မာန်ပါပါ ၊ ယောက်ျားရင့်မာကြီး မျက်ရည်ကျလောက်သည့် စစ်မှန်မှုဖြင့် “ ငါ မွဲပြာကျရင် ကျသွားပါစေ ၊ ငါ သူတို့ကို ပြန်ပေးရမှာပဲ …”

“ ဒါပေမယ့် … ငါ့ရဲ့ ပရိသတ် တစ်ဦးချင်းစီတိုင်း အရသာခံနိုင်အောင် တစ်ယောက်ကို နှစ်ပုလင်းပဲ ဝယ်ကြဖို့ ကန့်သတ်ထားပါတယ်… “

“ သင်္ဘောနဲ့ သယ်ပို့ခ ၈၈ ယွမ်ပဲ ငါတောင်းတာ … မင်းတို့ ငါ့ကို နောက်ထပ် အပို တစ်ပြားတစ်ချပ်မှ ထပ်မပေးကြနဲ့ …”

“ မမလေးကျိုး … မင်းလည်း ဝိုင်ကြိုက်တတ်ရင် ငါ့ကို လိပ်စာပေးလေ … ငါ မင်းဆီ နှစ်လုံး ပို့ပေးလိုက်မယ် …”

ကျိုးခဲ့ရှင်းက အစ်ကိုကြီးကျားကို ‘ ရှင် ရူးနေလား ‘ ဆိုသည့် မျက်နှာပေးမျိုးဖြင့် ကြည့်လိုက်သည်။

အလကားတိုက်လျှင်ပင် ကျိုးခဲ့ရှင်းမှာ မသောက်ဝံ့ပေ။

အမှိုက်ဆန်သည့် ပစ္စည်းများကို အစ်ကိုကြီးလောက် ရောင်းချနိုင်သူ ထပ်ပြီး ရှာတွေ့တော့မှာ မဟုတ်ပေ။

သူ့သရုပ်ဆောင်စွမ်းရည်တို့က လိမ်ညာနေသော်လည်းပဲ မျက်ရည်စို့နင့်ရလောက်အောင် စိတ်ခံစားချက်တို့ ပြည့်နှက်လာသည်အထိ ကောင်းမွန်လွန်းလှ၏။

ရင်ဘက်စည်တီး၊ ခြေထောက်ဆောင့်နင်းပြီး ဝန်ထမ်းများ ဝိုင်းဝန်းတားမြစ်နေသည့်ကြားက ထိုပိုက်ဆံများကို မလိုအပ်ဟု ဆိုနေလျက်ရှိသည်။

သူ့ဖန်များ၏ ယုံကြည်မှုကသာ အရေးကြီးဆုံးဆိုပင်။

ဖန်များ၏ အားပေးမှုကိုသာ ရရှိမည်ဆိုပါက သူ မွဲပြာကျသွားပြီး လမ်းဘေး ခွက်ဆွဲ တောင်းစားနေရလျှင်ပင် သူ နောင်တမရဟူ၍ပင်။

ချန်ယွီ့မှာ မည်သို့မျှ မနေနိုင်တော့ဘဲ ဗိုက်နှိပ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။

“ မမလေးကျိုး ဘယ်ကနေ စထွင်းလွှင့်နေလဲ ငါသိပြီ …”

“ မမလေးကျိုးရဲ့ ရယ်သံက ဒေါက်တာချန်ရဲ့ အသံနဲ့ ဘာလို့ ဆင်နေပါလိမ့်နော်….”

“ ကြည့်စမ်း ညီကိုတို့… မမလေးကျိုးရဲ့ အနောက်နံရံမှာ စိတ်ပညာ ကျွမ်းကျင်သူတွေရဲ့ ပုံတူကားချပ်တွေ ချိတ်ထားတယ် …”

“ မမလေးကျိုးက ဒေါက်တာချန်နဲ့ အတူရှိနေတယ် ….”

ရယ်သံကြားတော့ ဉာဏ်ကောင်းသည့် ကြည့်ရှုသူ အများစုက ကျိုးခဲ့ရှင်း ရောက်နေသည့် နေရာကို တန်းမှတ်မိသွားကြသည်။

သူမ ထုတ်ဖော်ခံလိုက်ရတာကို မြင်တော့ ကျိုးခဲ့ရှင်းက နောက်လှည့်ပြီး ချန်ယွီ့ကို ကြည့်လိုက်၏။

ချန်ယွီ့က အနားသို့ လျှောက်လှမ်းလာပြီး စခရင်သို့ လက်ဝှေ့ယမ်းပြလာသည်။

“ ဟယ်လို အားလုံးပဲ …”

“ ဟိုက် … တကယ်ကြီး ဒေါက်တာချန်ဟ …”

“ မမလေးကျိုး … မင်းဘာလို့ ဒေါက်တာချန်ရဲ့ ဆိုင်မှာ ရှိနေတာလဲ …”

“ သူတို့ တွဲနေတာပဲ ဖြစ်ရမယ် ….”

“ မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး … ဒေါက်တာချန်လို ကျွမ်းကျင်သူ တစ်ယောက်က အမျိုးသမီး တစ်ယောက်အပေါ် ခံစားချက် ရှိတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး .."

“ အခြေအမြစ်မရှိတဲ့ ကောဟလာဟတွေ ဖြန့်မနေကြနဲ့ … နင်တို့ထင်နေသလို မဟုတ်ဘူး …” ကျိုခဲ့ရှင်းက ရယ်ရ အခက်၊ ငိုရ အခက် ဖြစ်သွားခဲ့ပြီး “ နင်တို့ သိအောင် တစ်ခါတည်း ကြေညာလိုက်တော့မယ် … အခုကစပြီး ငါက ဒေါက်တာချန်ရဲ့ စိတ်ကျန်းမာရေး ဆေးခန်းမှာ အက်မင်တစ်ဖြစ်လည်း အကူနာ့စ် ဖြစ်သွားပြီ ….”

“ မမလေးကျိုးက တကယ် ဉာဏ်ကောင်းတာပဲ … သူ လိုက်စထွင်း မလွှင့်တာ ကြာပြီမှတ်နေတာ လက်စသတ်တဲ့ တက်ကြွအောင် လုပ်ပေးမယ့် အရင်းအမြစ်လေးကို ရှာနေတာကိုး …”

“ ငါက သူ ဟန်ကျိုးသွားပြီး ခဏရှောင်နေတယ် မှတ်တာ လက်စသတ်တော့ တစ်စုံတစ်ယောက်အပေါ် မှီခိုဖို့ ဖြစ်နေတယ်ပေါ့ ….”

“ ဟေ့ … ကင်မရာမန်း … ကိုယ့်အလုပ်ကိုယ်သိပြီး ကင်မရာကို ဒေါက်တာချန်ဘက်ပဲ လှည့်ထားစမ်းပါ ….”

စကားပြောခန်းထဲရှိ ကြည့်ရှုသူများက သူမအား အလျင်အမြန် သစ္စာဖောက်သွားကြတာကို မြင်တော့ ကျိုးခဲ့ရှင်း၏ အပေါ်နှုတ်ခမ်းတို့ ထော်တက်သွားခဲ့၏။

ယခင်ကဆိုလျှင် သူမ လိုက်စထွင်းလွှင့်သည့် အချိန်တိုင်း မမလေးကျိုး … မမလေးကျိုးနှင့် တစာစာ အော်မြည်နေတတ်သော်လည်းပဲ ယခုတော့ သူမကို ခေါ်သည့် အမည်ကား ကင်မရာမန်း ၊ အသုံးချခံဆိုပင်။

ရပါတယ်လေ … ရှိပါစေတော့ …

ချန်ယွီ့ဆီက စစ်မှန်တဲ့ ပညာရပ်တွေ သင်နိုင်သရွေ့ အဆင်ပြေတယ် …

ကျိုးခဲ့ရှင်းက သူမ၏ စခရင်ကို ချန်ယွီ့ဘက်သို့ လှည့်ပေးလိုက်သည်။

“ အစ်ကိုကြီးကျား …” ချန်ယွီ့က ပြုံးလျက် ဆိုလိုက်ပြီး “ နာ့စ်ကျိုးက အရက်မသောက်တော့ ငါ့ကို နှစ်ပုလင်းပေးရင်ကော ဘယ်လိုလဲ …”

သူ ထိုစကားလုံး ပြောလိုက်သည်နှင့် အစ်ကိုကြီးကျား၏ နှလုံးမှာ လည်ချောင်းဝသို့ တစ်ဆို့လာသည်ကို ခံစားလိုက်ရသည်။

သူတို့အားလုံးက ဟူယွီပလတ်ဖောင်း၏ စထွင်မာများ ဖြစ်ကြ၏။

အခြားသူများက ချန်ယွီ့ကို မသိကောင်း မသိနိုင်သော်လည်း ထိုအထဲ အစ်ကိုကြီးကျားတော့ မပါပေ။

ချန်ယွီ့ ကင်မရာရှေ့တွင် ပေါ်လာသည်နှင့် အစ်ကိုကြီးကျားမှာ ကြမ်းပြင်တွင် အက်ကွဲကြောင်းကြီး ပေါ်လာပြီး ခုန်ဆင်းပုန်းအောင်းဖို့ကိုပင် တွေးတောမိသွားခဲ့သည်။

လိုက်စထွင်းလွှင့်၍ လူသတ်မှုများ ဖြေရှင်းခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် လူသတ်သမားများအား ခြေရာခံသူ။

အတိတ်ကို သိမြင်ပြီး အနာဂတ်ကို မြင်ယောင်နိုင်သူ။

ထိုသူကား ချန်ယွီ့။ သူ မစွမ်းဆောင်နိုင်သည့်အရာကား မရှိပေ။

All Chapters