← Chapters

အစ်ကိုကြီးကျား တောင်းပန်ရပြီ

Vol. 18 Ch. 178

အစ်ကိုကြီးကျား တောင်းပန်ရပြီ

Vol. 18 Ch. 178

“ ဒေါက်တာ … ဒေါက်တာချန် … ငါ့ … ငါ့ဝိုင်တွေက အရသာ သိပ်ကောင်းတာ မဟုတ်ဘူးရယ် …”

“ မင်းခံတွင်းတွေ့မှာ မဟုတ်လောက်ဘူး …”

အစ်ကိုကြီးကျားမှာ စကား အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့ပြီး ယခင်ကကဲ့သို့ ကရားရေလွှတ် မပြောဆိုနိုင်တော့‌ေ။

“ ကျေးဇူးပြုပြီး အဲ့လို မပြောလိုက်ပါနဲ့ …” ချန်ယွီ့ ပြောလိုက်ပြီး “ ငါက ဒီတိုင်း သာမန် စိတ်ကျန်းမာရေး ဆရာဝန်လေးပါပဲ … ခံတွင်းမတွေ့စရာ ဘာအကြောင်းရှိလို့ …”

“ ငါ အခုချက်ချင်း မင်းဆီ ၈၈ ယွမ် လွှဲလိုက်မယ် … ငါ့ဆီ ပစ္စည်းပို့ပေးဖို့ မမေ့နဲ့ …”

“ မလုပ် … မလုပ်ပါနဲ့ … မလွှဲပါနဲ့ …”

အစ်ကိုကြီးကျားက တစ်ပိုင်းသေလုမတတ် ကြောက်လန့်သွားခဲ့၏။

လိုက်စထွင်းတွင် ချန်ယွီ့နှင့် တိုက်ရိုက်စကားပြောဆိုသည့်လူတိုင်း တစ်ခုမဟုတ် တစ်ခုတော့ အမြဲတမ်း ပြဿနာတက်သွားကြစမြဲပင်။ အစ်ကိုကြီးကျားက လူသတ်၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်သည့် အလုပ်များကို မလုပ်ခဲ့ဖူးသော်လည်းပဲ မကောင်းသည့် နည်းလမ်းများမှတစ်ဆင့် ဝင်ငွေများစွာ ရခဲ့ဖူးသည်။

ချန်ယွီ့ သူ့ကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးသည့်နှင့် စိတ်ရောဂါတစ်ခုကို ခေါင်းစဉ်တပ်ပေးလာလိမ့်မည်။ ထိုအချိန်ကျ သူလည်း ဒူးနှင့်မျက်ရည် သုတ်နေရမှာ ဖြစ်၏။

“ ဘာလို့ … ငါ ပိုက်ဆံပေးရင်တောင် မင်းက ငါ့ကို ဝိုင် မရောင်းပေးချင်တာလား …”

ချန်ယွီ့က စောင်းပါးရိပ်ခြည် ပြောဆိုလိုက်သည်။

“ ငါ့ဝိုင်ထဲမှာ အရက်က သိပ်မပါတော့လေ … ဒါကြောင့်မို့ ….”

သူ့စကား မဆုံးခင်မှာပဲ ကြည့်ရှုသူများက အရူးအမူး စတင် ရယ်မောလာခဲ့ကြတော့သည်။

အစ်ကိုကြီးကျားက မီးငြိမ်းဖို့ ဝိုင်ကို သုံးခဲ့တာ မဆန်းတော့ပါဘူး…

လက်စသတ်တော့ အရက်မပါတဲ့ အချိုရည်ဖြစ်နေတာကိုး …

“ အာရုံစိုက်ထားကြစမ်း … အစ်ကိုကြီးကျားက အခု သူ့ဘဝရဲ့ အရေးကြီးဆုံး ရွေးချယ်မှုကို လုပ်နေရတာ …”

“ နာမည်ကြီး လူသိများတဲ့ စိတ်ရောဂါတွေ အခု တစ်ရာလောက်ရှိတယ် … အဲ့ထဲ တစ်ခုခုကတော့ မင်းနဲ့ လိုက်ဖက်လောက်မှာပါ အစ်ကိုကြီးကျား ….”

“ သူ့လိုက်စထွင်းထဲကို ဒေါက်တာချန် ရောက်လာခဲ့တယ်ဆိုတော့ အစ်ကိုကြီးကျားရဲ့ ဘိုးဘေးတွေ သူတို့ အုတ်ဂူထဲမှာ လူးလိမ့်နေလောက်ပြီ …”

မျက်လုံးထောင့်စွန်းမှတစ်ဆင့် အစ်ကိုကြီးကျားသည် သူ့အား လှောင်ပြောင်ထေ့ငေါ့နေသည့် ကွန်းမန့်များအား မြင်တွေ့လိုက်ရ၏။

သူ ချက်ချင်းပဲ အနှီ ကြည့်ရှုသူများ၏ အိမ်သို့ ပြေးသွားပြီး ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းကို လည်ပစ်ညှစ်၊ ပါးဖြတ်ရိုက်ချင်သွားသည်။ သူ့မျက်ဝန်းထဲမှ လူသတ်လိုစိတ်တို့အား ဖုံးကွယ်မထားနိုင်တော့ချေ။

“ အရက် မပါတဲ့ ဝိုင်မျိုး ရှိတယ်ဆိုတာ ငါ အခုမှပဲ ကြားဖူးတော့တယ် …” ချန်ယွီ့က တည်ငြိမ်စွာ ဆိုလိုက်ပြီး “ မရတော့ဘူး … ငါ သိပ်သိချင်နေပြီ … အခုပဲ အော်ဒါတင်လိုက်တော့မယ် …”

“ မလုပ်ပါနဲ့ ဒေါက်တာချန် ၊ မဟုတ်ဘူး အစ်ကိုကြီးချန် … ငါ ရိုးရိုးသားသား ဝန်ခံပါ့မယ် …”

“ ပုလင်းထဲကဟာတွေက ဘာဝိုင်မှ မဟုတ်ဘူး … ဒီတိုင်း အချိုရည်တွေ ….” သူ ထိတ်ထိတ်ပျာပျာ ပြောလိုက်သည်။

“ ငါ မယုံဘူး …” ချန်ယွီ့ ခေါင်းယမ်းလိုက်ပြီး “ အစ်ကိုကြီးကျားက သူ့ဖန်တွေကို ဘယ်တော့မှ မလိမ်ဘူးလို့ လူတိုင်း ပြောနေကြတယ် … ပြီးတော့ သူ ရောင်းသမျှကလည်း အစစ်တွေချည်းပဲတဲ့ …”

“ ပြီးတော့ အမြဲတမ်းလည်း စက်ရုံမူရင်းဈေးထက်ကို လျှော့ရောင်းပေးတတ်သေးတယ် …”

ဝိုင်ပုလင်းထဲတွင် သာမန် အချိုရည်များဖြင့်သာ ပြည့်နှက်နေသည်ကို သိရှိသွားခဲ့တော့ ကြည့်ရှုသူများက ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။

“ ဒီဝိုင်က နတ်ဘုရားဆန်လွန်းတယ် … ဝိုင်သောက်ပြီး အရက်မူးပြီး မောင်းလား စစ်ဆေးတဲ့ ရဲနဲ့တွေ့တာ စစ်ကြည့်တော့ အချက်ပြအမှတ်က ဇီးရိုးတဲ့ …. “

“ ငါ ငယ်ငယ်တုန်းက အစ်ကိုကြီးကျား သေနတ်အတုကို အစစ်လိုမျိုး လုပ်ပြီး ဆော့နေတာ မြင်ဖူးတယ် … ဒီကလေး ကြီးလာရင် သာမန်ဟုတ်မှာ မဟုတ်ဘူးဆိုတာ အဲ့တုန်းကတည်းက ကြိုသိနေတယ်လေ …”

“ အစ်ကိုကြီးကျားက ငါတို့ ကြည့်ရှုသူတွေကို စပွန်ဆာပစ္စည်းတွေနဲ့ ဖန်တွေရဲ့ အိတ်ကပ်ထဲက ငွေကို လိမ်ယူလို့ရတဲ့ နည်းလမ်းပေါင်းများစွာ ရှိတယ်ဆိုတာကို သက်သေပြသွားခဲ့တာပဲ … တကယ့်ကို အကျိုးသက်ရောက်မှု ရှိလွန်းပါတယ် …”

“ အစ်ကိုကြီကျားရဲ့ အထူးဝိုင်၊ လူသေတွေအတွက် အထူးထုတ်လုပ်သည် “

“ မင်းငါတို့ကို ရူးနေတယ်များ ထင်နေလားကွ …”

“ ပုလင်းလေးက လှတယ် မဆိုးဘူး … ငါဝယ်မယ် … ဝိုင်က ငါ့အဖေ သောက်ဖို့ ၊ ပုလင်းကတော့ ငါစုဆောင်းဖို့ ….”

“ အဖေ့ကျေးဇူး သိတတ်လွန်းတဲ့ သားလေးပဲ …”

“ အရှက်မဲ့တဲ့လူတွေက ကျိုးကြောင်းဆီလျော်အောင် စကားပြောတဲ့နေရာမှာ ပြိုင်ဘက်ကင်းတယ်လို့ ငါကြားဖူးတယ် …”

ချန်ယွီ့က သူ့အား အသာတကြည် လွှတ်ပေးလိုစိတ် မရှိသည်ကို သိတော့ ချွေးစေးတို့က အစ်ကိုကြီးကျား၏ နဖူးထက်မှ စီးကျလာသည်။

အကယ်၍ သူသာ လိုက်စထွင်း လွှင့်နေခြင်း မဟုတ်ခဲ့ဘူးဆိုပါက ချန်ယွီ့ကို လွှတ်ပေးဖို့ ရှိခိုးဦးချနေပြီး ဖြစ်သည်။

“ ဝိုင်ပုလင်းထဲမှာ သာမန် ဂက်စ်ပါတဲ့ အချိုရည်တွေပဲ ပါတယ် … မင်းမယုံဘူးဆို ငါ မင်းကို တစ်ခုပြမယ် …"

ဤစကားကိုကြားတော့ ချန်ယွီ့က စိုးရိမ်တကြီး မေး၏။ “ မတော်လို့ မင်းအရက်အဆိပ်တက်သွားရင် ဘယ်လိုလုပ်မှာ …”

“ ပုလင်းထဲမှာ ဘာအရက်မှ မပါဘူး … အရက်အဆိပ်တက်စရာ အကြောင်းကို မရှိတာ … “ ထိုသို့ပြောပြီးနောက် အစ်ကိုကြီးကျားက ပုလင်းအဖုံးဖွင့်ပြီး မော့ချလိုက်၏။

ဝိုင်တစ်ပုလင်းလုံး ပြောင်စင်သွားခဲ့သည်။

ဝိုင်အတုများ ရောင်းချသည်ဟု ဝန်ခံသည်ထက် အချိုရည်ရောင်းသည်ဟု ပြောလိုက်သည်က သာ၍ ကောင်းသေးသည်။

မည်သို့ပင်ဆိုစေ ဝိုင်အတု ရောင်းခြင်းက ဥပဒေ၏ အရေးယူခြင်းကို ခံရနိုင်လေသည်။

အချိုရည်နှင့် ပြည့်နှက်နေသည့်ပုလင်းဆိုပါက သူ့အား တာဝန်ယူမှု မရှိသည့် ရောင်းချသူအဖြစ်သာ အမည်ပေးခံရလိမ့်မည်။

ဒဏ်ကြေးအနည်းငယ် ပေးဆောင်လိုက်ရုံမျှဖြင့် ကပ်ဘေးကြီးကို ကျော်လွှားလိုက်နိုင်မည်။

နားလည်မှုလွဲခြင်း နှစ်မျိုးက သဘောသဘာဝအရ မတူညီရုံမျှမက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကလည်း ကွဲပြားသည်။

ဤသည်က အစ်ကိုကြီးကျား ကောင်းစွာ နားလည်သဘောပေါက်ထားသည့် အရာပင်။

“ မင်း အရမ်း အမြန်ကြီး သောက်လိုက်တာပဲ …” ချန်ယွီ့ မှတ်ချက်ပေးလိုက်ပြီး “ အတော်လေး ရေဆာနေလို့ ဖြစ်မယ် …‌ နောက်တစ်ပုလင်း ဆက်သောက်လိုက်ပါလား …”

ဤစကားကြားတော့ အစ်ကိုကြီးကျားမှာ ကြမ်းပြင်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

တစ်ပုလင်းလုံး ကုန်အောင် သောက်ပြီးနောက် အစ်ကိုကြီးကျား၏ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတို့ ပြင်းပြင်းထန်ထန် ပူလောင်လာသည်။

အရည်အသွေးနိမ့်သည့် အယ်လ်ကိုဟောအနံ့က ခေါင်းအထက်သို့ ထိုးတက်သွားခဲ့၏။

နောက်တစ်ပုလင်း ထပ်သောက်ရမည်ကို ကြားတော့ အစ်ကိုကြီးမှာ ကွပ်မျက်ကွင်းသို့ ချီတက်ရမည့်နှယ် စိတ်ပျက်အားလျော့သွားခဲ့ရသည်။

သူ လက်ဆန့်တန်း၍ ကြမ်းပြင်မှ နောက်တစ်ပုလင်း ယူလိုက်၏။

ပုလင်းအဖုံးကို ဖွင့်နေသည့် သူ့လက်များက တုန်ယင်နေသည်။

နောက်တစ်စက္ကန့်၌ အယ်လ်ကိုဟောအနံ့က သူ့နှာခေါင်းဝသို့ ပြေးလာတိုက်ခတ်၏။

နှစ်သန်းကျော်သည့် ကြည့်ရှုသူများရှေ့တွင် ခါးကိုင်းပြီး ထိုးအန်နေလေတော့သည်။

အစ်ကိုကြီးမှာ လှောင်ရယ်နေသည့် ကြည့်ရှုသူများကို လည်ပင်းညှစ်သတ်ချင်ရုံမျှမက ၊ ဤဝိုင်ကို ထုတ်လုပ်သည့် စက်ရုံတာဝန်ခံကိုလည်း လည်ပင်းညှစ်သတ်ချင်နေသည်။

ဝိုင်အတု ထုတ်လုပ်သည်က တစ်ကဏ္ဍ …

သူတို့တွေ အနည်းဆုံးတော့ အနံ့အသက်လေး ပိုကောင်းအောင် လုပ်ပေးလို့မရဘူးလား …

“ အစ်ကိုကြီးကျားကတော့ ဝိုင်တစ်ပုလင်းသောက်ပြီး မှောက်တော့မယ် … ရာဇဝင်ရိုင်းလိုက်တာကွာ ….”

“ ကုန်ကျစရိတ်က ပုလင်ဖိုးလား … ဒါမှမဟုတ် သင်္ဘောသယ်ယူပို့ဆောင်ခလား …”

“ အဲ့ဒီ KTV တွေ ဘာတွေမှာ တင်သွင်းတဲ့ ပုလင်းမျိုး ဖြစ်ရမယ် ….”

“ ငါ အစ်ကိုကြီးကျားဆီကနေ တစ်ဖာမှာပြီး ငါ့ အဖေကို လက်ဆောင်ပေးလိုက်တာ ဘာလို့လဲ မသိဘူး … နောက်တစ်နေ့ကျတော့ ငါ့အဖေ ငါ့ကို အိမ်ပေါ်ကနေ နှင်ချလွှတ်လိုက်တယ် …”

လိုက်ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ ပြုံးပြီးပြောလိုက်သည်။ “ အစ်ကိုကြီးကျား … ဒါကြီးကတော့ သိပ်မဟုတ်သေးဘူးနော်…”

“ ဘာလို့ အချိုရည်ပုလင်းသောက်ပြီး အန်နေတာ … မင်းကြည့်ရတာ ကျန်းမာရေးသိပ်မကောင်းဘူးနဲ့တူတယ် …”

“ ဒီလိုလုပ်ပါလား … ငါ အခု လိုက်စထွင်း လွှင့်လိုက်မယ် … ပြီးရင် မင်းမှာ ရောဂါ ရှိမရှိ ဆန်းစစ်ပေးမယ်လေ …”

“ ဒေါက်တာချန် … ငါမှားသွားပါတယ် ….”

အစ်ကိုကြီးကျားက ကြမ်းပြင်သို့ ဒူးထောက်ချပြီး တောင်းပန်လိုက်သည်။ “ ငါ နောင်ကျ ဒီလို မကောင်းတဲ့ ဥစ္စာတွေ ဘယ်တော့မှ ထပ်မရောင်းတော့ပါဘူး … ငါ့ကို မဆန်းစစ်ပေးနဲ့ ….”

“ ငါနေမကောင်းဘူးလို့လည်း မပြောပါနဲ့ … ငါတောင်းပန်ပါတယ် ….”

“ မင်း ဒီပစ္စည်းတွေ ရောင်းတာ ရပ်သရွေ့ မင်းရဲ့ အခြေအနေကလည်း တဖြည်းဖြည်းချင်း ကောင်းမွန်လာမယ် ….” ချန်ယွီ့ ပြောလိုက်ပြီး “ မင်း ဒီလို လိုက်စထွင်းတွေ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ငါတောင် ကယ်ပေးနိုင်မှာ မဟုတ်တော့ဘူး …”

အစ်ကိုကြီးကျားက လက်မြောက်၍ သူ့ချာနယ်တွင် ယခုလို ပစ္စည်းမျိုး ဘယ်တော့မှ မရောင်းတော့ပါဘူးဟု ကျိန်ဆိုလာခဲ့သည်။

ကျိုးခဲ့ရှင်းမှာ ကျယ်လောင်စွာ အသံထွက် ရယ်မောလုနီးပါး ဖြစ်သွားခဲ့၏။

ကောက်ကျစ်တဲ့လူက သူ့ထက်ပိုကောက်ကျစ်တဲ့လူနဲ့ တွေ့ပေးမှ အဆင်ပြေတယ်ဆိုတာ တကယ်ပါပဲ …

အဲလေ … ပြောချင်တာက ကောက်ကျစ်တဲ့လူတွေကို ကျွမ်းကျင်တဲ့လူနဲ့ တွေ့ပေးမှ အဆင်ပြေမယ်လို့ ပြောတာ …

ချန်ယွီ့လို ကျွမ်းကျင်သူကပဲ အစ်ကိုကြီးကျားလို လူစားမျိုးကို သူ ရောင်းနေတဲ့ ဝိုင်တွေက ပြဿနာ ရှိနေပါတယ်ဆိုတာ ရိုးရိုးသားသား ဝန်ခံလာအောင် လုပ်နိုင်မှာပဲ …

“ လူလာနေပြီ … လိုက်စထွင်း ပိတ်လိုက်တော့ …”

ချန်ယွီ့က တံခါးဝသို့ ကြည့်ပြီး လက်နောက်ပစ်လျက် သူ့ စားပွဲသို့ ပြန်သွားခဲ့သ်။

တစ်ယောက်ယောက်လာနေသည့် အသံကြားတော့ ကျိုးခဲ့ရှင်းက သူမ၏ ပရိသတ်များကို အလျင်စလို နှုတ်ဆက်စကား ဆိုလိုက်၏။

လိုက်စထွင်း ပိတ်ပြီးနောက် သူမ တံခါးသွားဖွင့်လိုက်သည်။

“ ကြိုဆိုပါတယ်ရှင့် … ရှင်က တိုင်ပင်ဆွေးနွေးဖို့လား … ဒါမှမဟုတ် ဆေးဝယ်ချင်လို့လား …”

ဆယ်စက္ကန့်ကြာပြီးနောက် အရပ်ဒေါင်ကောင်းကောင်းနှင့် အမျိုးသားတစ်ဦးက အပြင်ဘက်မှ ဝင်ရောက်လာသည်။

ကျိုးခဲ့ရှင်းက အကူနာ့စ်တစ်ဦးဖြစ်သည့် သူမ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုက်သည်။

ယည်ကျေးစွာဖြင့် ရောက်လာသည့် လူနာအမျိုးသားကို စိတ်ရောဂါ ကုသဖို့လား … ဒါမှမဟုတ် ဆေးဝယ်ဖို့လားဆိုတာကို မေးမြန်းလိုက်သည်။

အမျိုးသားက ကျိုးခဲ့ရှင်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ချန်ယွီ့ဘက်သို့ လှည့်၍ မေးလိုက်၏။ “ ဒေါက်တာချန် … ဒီ မိန်းကလေးက ဘယ်သူတုန်း …”

“ သူ့နာမည်က ကျိုးခဲ့ရှင်း …” ချန်ယွီ့ မိတ်ဆက်ပေးလိုက်ပြီး “ ဒီမှာ‌ ခေါ်ထားတဲ့ အကူနာ့စ်ပဲ …”

“ ကျိုးခဲ့ရှင်း … အိုး …”

“ ဟူယွီ ပလတ်ဖောင်းက မမလေးကျိုးပဲ … တွေ့ရသာ ဝမ်းသာပါတယ် …”

လီချန်ကျွင်းက လက်ဆန့်တန်းပြီး ကျိုးခဲ့ရှင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ ကပ္ပတိန်လီ .. ခင်များ ဒီလာခဲ့တာ နောက်ထပ် ပစ္စည်းတစ်သုတ် ထပ်လိုချင်လို့လား …” ချန်ယွီ့ မေးမြန်းလိုက်၏။

All Chapters