← Chapters

နာမည်ကြီး ဒေါက်တာကျိုး

Vol. 18 Ch. 180

နာမည်ကြီး ဒေါက်တာကျိုး

Vol. 18 Ch. 180

“ ကပ္ပတိန်လီ … ဒါကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတယ်လို့ သတ်မှတ်သင့်တယ်မလား ….” ကျိုးခဲ့ရှင်းက မနေနိုင်ဘဲ မေးမြန်းလိုက်မိ၏။

“ ငါတို့သိထားသလောက်ဆိုရင် နစ်နာသူ ကျောက်ကော်ဟန်နဲ့ သူ့ဇနီးသည် ချန်ဝေတို့က လက်ထပ်ထားတာ ဆယ်လကြာပြီ … ဆယ်လ အတောအတွင်းမှာ အိမ်တွင်း ဆူပူမှု ငါးကြိမ် ဖြစ်ပြီးပြီ ….”

“ သုံးကြိမ်က ဆေးရုံတင်ရတယ် …. ပြီးတော့ သူ့ဒဏ်ရာတွေက ဒီခု တစ်ခေါက်နဲ့ အတူတူပဲ …”

“ သက်ဆိုင်ရာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ အရ ချန်ဝေ့က ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် ကျူးလွန်ခဲ့တယ်လို့ သံသယရှိပြီး ငါတို့ရဲ့ အသင်းက သူ့ကို ထိန်းသိမ်းထားတယ် ..”

“ ရှင်တို့က သူ့ကို ဖမ်းပြီးပြီဆိုမှတော့ ကပ္ပတိန်လီရယ် … ဒီအမှုက ထူးဆန်းတယ်ဆိုပြီး ဘာလို့ လာပြောနေသေးလဲ …” ကျိုးခဲ့ရှင်းက ထပ်မံ မေးမြန်းလိုက်၏။

“ ဖမ်းထားလို့ပဲ ဒီအမှုက သံသယဝင်စရာတွေနဲ့ ပြည့်နှက်နေတာ ….”

မိသားစု အချင်းများမှုနှင့် လင်မယားချင်း ခိုက်ရန်ဖြစ်ပွားမှုတို့က နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်အောင်ကိုပင်။

ဤမိသားစု အမှုကပဲ မတူညီဘဲ ကွဲထွက်နေလျက် ရှိသည်။ သေးသေးသွယ်သွယ် ဇနီးသည်က သူ့ ခင်ပွန်းကို ကျိုးကန်းအောင် ရိုက်နှက်လိုက်၏။

ဒေသခံရဲက ချက်ချင်းလက်ငင်းပဲ အခြေအနေကို တင်ပြပြီး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း အမှုကို လက်ခံလိုက်သည်။

အမှုက ရှင်းလင်းပြီး မည်သူက တာဝန်ခံသင့်ကြောင်းလဲ မြင်သာနေသဖြင့် လီချန်ကျွင်းက ချက်ချင်းပဲ ချန်ဝေ့ကို ဖမ်းဆီးခိုင်းလိုက်သည်။

ချန်ဝေ့ဖမ်းခံလိုက်ရသည်နှင့် အမှုက ၃၆၀ ဒီဂရီလောက်ကို ပြောင်းလဲသွားခဲ့တော့သည်။

ချန်ဝေ့က သူမ စိတ်ရောဂါဝေဒနာကို ခံစားနေရသည်ဟု ဆက်တိုက်ပြောဆိုနေသည်။ ရောဂါ ထဖောက်သည့် အချိန်တိုင်း ခင်ပွန်းသည်ကို ရိုက်နှက်လေ့ရှိသည်။

သက်ဆိုင်ရာ ဌာနက ချက်ချင်းပဲ သူမကို စိတ်ကျန်းမာရေး စမ်းသပ်စစ်ဆေးမှု လုပ်ပေး၏။ ရလဒ်မှာတော့ ချန်ဝေ့တွင် မည်သည့် စိတ်နာမကျန်း ဖြစ်မှုမျှ ရှိမနေဟူ၍ပင်။

သူမ၏ အလိမ်အညာမှာ ဖော်ထုတ်ခံလိုက်ရသည်။ သို့ပေမယ့် ချန်ဝေ့က စိတ်မပြောင်းသွားဘဲ သူမ၏ ခင်ပွန်းသည်ကို ဘယ်တုန်းကမှ ရိုက်နှက်လိုစိတ် မရှိဟု ထပ်ခါတလဲလဲ ပြောဆိုနေသည်။

သူမက စိတ်ခံစားချက်များနှင့် လုပ်ရပ်များကို မထိန်းချုပ်နိုင်ရုံမျှပင်။

ကျောက်ကော်ဟန်၏ လေသံ အနည်းငယ် ရင့်မာသည်နှင့် သူမ၏ စိတ်ခံစားချက်တို့ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားခဲ့ရ၏။ သူမ စိတ်ထဲတွင် ဤအမျိုးသားကို သင်ခန်းစာတစ်ခု ပေးရမည်ဆိုသည့် အတွေးကသာ ကြီးစိုးနေတော့သည်။

ချန်ဝေ့က ချမ်းသာသည့် မိသားစုတွင် ပေါက်ဖွားကြီးပြင်းလာခဲ့ပြီး ကိုယ်လုံးကိုယ်ပေါက်လည်း သေးသွယ်ကာ ငယ်စဉ်ကတည်းက အားနည်းခဲ့သည်။ အားနည်းလွန်း၍ ရေတစ်ပုံးပင် မ,မ နိုင်ချေ။

သို့သော် သူမ၏ စိတ်ခံစားချက်တို့ လွတ်ကင်းသွားသည်နှင့် ကြမ်းကြုတ်သည့် ကျားရိုင်းတစ်ကောင်နှယ် ပြောင်းလဲသွားခဲ့ကာ ကျောက်ကော်ဟန်လည်း အကွဲကွဲအပြဲပြဲ ဖြစ်သွားခဲ့တော့သည်။

ဤအချက်ကိုလည်း ချန်ဝေ့ထံမှ အဖြေရပြီးနောက် သူမ၏ အိမ်နီးချင်ဟောင်းများ၊ ဆရာမဟောင်းများ၊ အတန်းဖော် သူငယ်ချင်းများသို့ စုံစမ်းမေးမြန်းရာတွင် တူညီသည့် အဖြေကိုသာ ရရှိခဲ့သည်။

“ ဒါက နည်းနည်းတော့ ကျိုးကြောင်း မဆီလျော်သလိုပဲ ….” ကျိုးခဲ့ရှင်းက သူမ၏ နားထင်ကို ပွတ်သပ်လိုက်သည်။

“ ကဲ ဒေါက်တာချန်ရေ …. အခြေအနေကတော့ အဲ့ဒီ အတိုင်းပဲ ….”

“ ပုံမှန် အားနည်းတဲ့လူတွေက သူတို့ ဒေါသထွက်လာတာနဲ့ သန်မာလာတတ်တယ်လို့ မင်းရော ထင်လား ….” လီချန်ကျွင်းက ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။

“ အင်း … ဒါပေမယ့် ရှားတယ် ….”

“ ပြီးတော့ ဒီအမှုရဲ့ အဓိက ပြဿနာက ချန်လေ့ အင်အား ဘယ်လောက် ရလာလဲနဲ့ မဆိုင်ဘူး ….” ချန်ယွီ့ ပြောလိုက်ပြီး “ တခြား တစ်ခုနဲ့ ဆက်နွယ်နေတယ် ….”

“ တခြားတစ်ခု ဟုတ်လား … ဘယ်ဟာနဲ့လဲ ….”

လီချန်ကျွင်း မေးမြန်းလိုက်၏။

“ သူတို့နှစ်ယောက်က ကြင်စဦး လင်မယားတွေ ဆိုတော့ ….” ချန်ယွီ့ ပြောလိုက်ပြီး “ အိမ်ကလည်း အသစ်ဝယ်ထားတဲ့ အိမ် ဖြစ်ရောပေါ့ ဟုတ်တယ်မလား ….”

“ အမှန်ပဲ ….”

လီချန်ကျွင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခိုင်လုံသည့် အဖြေတစ်ခုကို ပေးလိုက်သည်။

“ သူများ‌ နေထားတဲ့ အိမ်ကို ပြန်ဝယ်ထားတာ ဟုတ်တယ်နော်….”

လီချန်ကျွင်းမှာ တောက်တဲ့တစ်ကောင်နှယ် ခေါင်းညိတ်လိုက်သည်။

ဒေါက်တာချန်ကတော့ ထင်ထားတဲ့အတိုင်းပဲ လောကကြီးထဲ သူ မသိတာကို မရှိပါလား …

စုံတွဲရဲ့ အိမ်က အသစ်ဝယ်ထားတယ်ဆိုတာကို သိနေရုံမကသေးဘူး … သူများနေပြီးသားအိမ်ကို တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုတဲ့ အချက်ကိုပါ သူ့မျက်လုံးအောက်ကနေ ဖုံးကွယ်ထားလို့ မရဘူးပဲ ..

အတွေးသံသယများကို ဖြေရှင်းနိုင်ရန်အတွက် လီချန်ကျွင်းသည် စုံစမ်းဖို့ လိုအပ်တာရော မလိုအပ်တာပါ စုံစမ်းခဲ့သည်။

ယခင် ၂ နှစ်တွင် အိမ်ခြံမြေဈေးကွက်က ပျက်ကပ်ဆိုက်လု ဆိုက်ခင် ဖြစ်နေသဖြင့် သူတို့တွေ ဆောက်လုပ် မပြီးစီးသည့် အိမ်ကို ဝယ်ယူမိမှာ စိုးပြီး ကျောက်ကော်ဟန်နှင့် သူ့ဇနီးတို့က ကောင်းမွန်သည့် နေရာတစ်ခုတွင် လူနေပြီးသည့် ကွန်ဒိုတိုက်ခန်းတစ်ခုကို တစ်ဆင့် ပြန်လည် ဝယ်ယူခဲ့သည်။

ကျိုးခဲ့ရှင်းက ခေါင်းငဲ့စောင်းရင်း မျက်မှောင်ကြုတ်ပြီး သူမ၏ မျက်ဝန်းတို့က ဘယ်ညာ လှုပ်ရှားနေသည်။

နောက်တစ်စက္ကန့်၌ ကျိုးခဲ့ရှင်းက ရုတ်ချည်း မြည်တမ်းလိုက်၏။

“ ဒေါက်တာချန် … ကျွန်မ နားလည်သွားပြီ ….”

ဤစကားကြားတော့ လီချန်ကျွင်းက အလျင်အမြန် မေး၏။ “ မင်းက ဘာနားလည်သွားတာ … ငါ့ မြန်မြန် ပြောပြစမ်းပါ …”

ကျိုးခဲ့ရှင်းက သူမ၏ လက်ချောင်းကို ဖျတ်ခနဲ လှုပ်ရှား၍ လက်ဖျောက်တစ်ချက် တီးလိုက်ပြီး “ ချန်ဝေ့က သေးသွယ်တဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ငယ်ငယ်လေးကတည်းက အားနည်းလာတယ် …. အဲ့တာတောင် သူ့ရဲ့ ခင်ပွန်းကို ရိုက်နှက်နိုင်နေတယ်ဆိုတော့ သူ့ရဲ့ နောက်ထပ် စိတ်တစ်မျိုးကြောင့် ဖြစ်နေမလား …”

“ ဘာကြီး .. နောက်ထပ်စိတ်တစ်မျိုး ဟုတ်လား ….”

လီချန်ကျွင်း ကြက်သေသေသွားခဲ့သည်။

“ ကျွန်မ ဒေါက်တာချန်နဲ့ တွေ့ပြီးကတည်းက စိတ်ပညာ စာအုပ်တွေ အများကြီး ဖတ်ထားတယ် ….” ကျိုးခဲ့ရှင်း ပြောလိုက်ပြီး “ သူတို့ထဲ တစ်ချို့က ဒုတိယ စိတ်နေစရိုက် ထွက်ပေါ်လာမှု အပေါ် ဗဟိုပြုထားတယ် ….”

“ တစ်စုံတစ်ယောက်က သူတို့ အကြာကြီး နေထိုင်လာတဲ့ ပတ်ဝန်းကျင်ကနေ ပြောင်းရွေ့ပြီး လုံးဝ မရင်းနှီးတဲ့ ပတ်ဝန်းကျင် အသစ်တစ်ခုမှာ အခြေချ နေထိုင်လာတဲ့အချိန် သူတို့ရဲ့ မသိစိတ်ထဲမှာ စိတ်မလုံခြုံမှုကို ခံစားရပြီး တစ်စုံတစ်ယောက်က သူတို့ကို ကာကွယ်ပေးဖို့ မျှော်လင့်နေမယ် ….”

“ ဒီလို ထူးဆန်းတဲ့ အတွေးတွေ အတိုင်းအတာတစ်ခုထိအောင် စုစည်းမိလာတဲ့အချိန်မှာ ဒုတိယ စိတ်နေအကျင့်စရိုက်ကို မွေးထုတ်ပေးလာမယ် ….”

“ ဒုတိယ စိတ်နေစရိုက်နဲ့ ပထမ စိတ်နေစရိုက်က အမှီအခို ကင်းကင်းနဲ့ တည်ရှိကြတယ် …. ချန်ဝေ့ကိုယ်၌တောင် သူ့မှာ နောက်ထပ် စိတ်တစ်မျိုး ပေါက်ဖွားနေတာကို သိချင်မှတောင် သိမှာ ….”

“ ကျောက်ကော်ဟန်က သူ့ရဲ့ အသံကို နည်းနည်းလောက်လေးပဲ ခပ်မာမာ ပြောမိတာနဲ့ ချန်ဝေ့ရဲ့ ဒုတိယ စိတ်နေစရိုက်က အသက်ဝင်လာပြီး သူ့ခင်ပွန်း ရိုက်နှက်လာမှာကို ကာကွယ်ဖို့ လုပ်လာတယ် …”

ထိုစကားကြားတော့ လီချန်ကျွင်းလည်း ကျိုးခဲ့ရှင်း ပြောသည်က ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။ စိတ်ကျန်းမာရေး အခြေအနေ စစ်ဆေးသည့် အခါတွင်လည်း ချန်ဝေ့တွင် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိကြောင်း ပြောလာသည်။

ဧကန္တ ထောက်လှမ်းလို့ မမိနိုင်တဲ့ နောက်ထပ် စိတ်နေစရိုက်တစ်မျိုး ဖြစ်ပေါ်နေတာများလား ….

ကျိုးခဲ့ရှင်းက သူမ၏ ရောဂါဆန်းစစ်မှုအပေါ် ဂုဏ်ဆာနေမိသည်။

ဤကိစ္စ၏ အမှန်တရားကို သူမ သိ၏။ မဟုတ်ဘူးဆိုပါက ချန်ယွီ့က ဘာကြောင့် အိမ်ကိစ္စအကြောင်း မေးမြန်းလာမည်နည်း။

သူမက တကယ့်ကို ပါရမီရှင် အသေးစားလေးပဲ …

အလုပ်ဝင်တာ တစ်ရက်တောင် မပြည့်သေးဘူး ချန်ယွီ့ အတွက် အမှုဖြေရှင်းပေးနိုင်တဲ့ အစွမ်းအစတွေ ပိုင်ဆိုင်နေပြီ …

နောက်ခဏဆိုရင် စိတ်ကျန်းမာရေး ဆရာဝန်တောင် လုပ်လို့ရနေလောက်ပြီ …

အခုအချိန်ကစပြီး သူမကိုယ်သူမ ဒေါက်တာကျိုးလို့ပဲ အမည်ပေးတော့မယ် … ဟီးဟီး

“ ဒေါက်တာချန် .. သူ ပြောတာ အမှန်ပဲလား …”

လီချန်ကျွင်း မေးမြန်းလိုက်၏။

“ ကျိန်းသေပေါက် ဘယ်ဟုတ်မှာ ….” ချန်ယွီ့က ညင်သာစွာပြုံးပြီး ပြန်ဖြေလိုက်သည်။

ကျိုးခဲ့ရှင်း မျက်နှာထက်ရှိ စိတ်ကြီးဝင်နေသည့် အပြုံးက ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

“ အိမ်ကိစ္စ မေးမြန်းတယ်ဆိုတာ ချန်ဝေ့ ဒုတိယ စိတ်နေစရိုက် ဖွံ့ဖြိုးလာတဲ့အကြောင်း ပြောဖို့ မဟုတ်ဘူး ….”

“ ချန်ဝေ့ ဘာကြောင့် ကြမ်းကြမ်းတမ်းတမ်း ဖြစ်လာလဲဆိုတာက အိမ်ရဲ့ သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့်လို့ ပြောချင်တာ ….”

“ အိမ်ရဲ့ သံလိုက်စက်ကွင်း ပြောင်းလဲမှုကမှ ချန်ဝေ့ရဲ့ အကျင့်ဗီဇ သိသိသာသာ ပြောင်းလဲသွားရခြင်း အကြောင်းအရင်းအမှန်ပဲ …” ချန်ယွီ့က ဖြည်းညင်းစွာ ပြောလိုက်သည်။

ကျိုးခဲ့ရှင်းနှင့် လီချန်ကျွင်းတို့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြ၏။

နောက်တစ်ခဏ၌ ကျိုးခဲ့ရှင်းက မြန်နိုင်သမျှ မြန်မြန် ပြောလာသည်။ “ ဒေါက်တာချန် … ကျွန်မ အခု နားလည်သွားပြီ …”

“ အဲ့ဒီရဲ့ သံလိုက်စက်ကွင်းက လူရဲ့ ဦးနှောက်လှိုင်းအပေါ် သက်ရောက်မှုဖြစ်ပြီး ဒုတိယ စိတ်နေစရိုက်ကို မွေးဖွားပေးလာတာမလား …”

ဆွံ့အစွာဖြင့် … ချန်ယွီ့ သူ့မျက်နှာသူ လက်ဝါးဖြင့် အုပ်ထားမိသည်။

သူ စောနကပဲ ဒုတိယ စိတ်နေစရိုက်ကြောင့် မဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား …

အဲ့တာကို ကျိုးခဲ့ရှင်းက ဘာလို့ ချန်ဝေ့မှာ ဒုတိယ စိတ်နေစရိုက် ရှိနေတယ်ဆိုပြီးပဲ ဆက်တိုက် ခေါင်းမာနေတာ ….

၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က စိုးရိမ်တကြီး ဖြစ်နေသည့် လီချန်ကျွင်းကို ကြည့်လိုက်သည်။ “ ဒီအမှုက အတော်လေး ရှုပ်တယ် … စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ရှင်းပြဖို့က မဖြစ်နိုင်ဘူး ….”

“ နေ့လည်စာ အချိန်လည်း ရောက်တော့မှာ ဆိုတော့ အပြင်သွားပြီး တစ်ခုခုစားကြတာပေါ့ … စားပြီးတာနဲ့ ကျွန်တော် ခင်များနဲ့အတူ လိုက်ခဲ့ပေးမယ် ….”

“ နေရာကို ရောက်တာနဲ့ ဘာကြောင့်လဲဆိုတာ ခင်များ အကုန်လုံး နားလည်သွားလိမ့်မယ် ….”

“ ဒါဆိုလည်း ဟုတ်ပြီလေ ….” လီချန်ကျွင်း ခေါင်းညိတ်ပြီး နေ့လည်စာ သူကျွေးမည်ဖြစ်ကြောင်း လက်ဟန်ပြလိုက်သည်။

တံခါးသော့ခတ်ပြီးနောက် သုံးယောက်သား လမ်းပေါ်တက်ပြီး စားသောက်ဆိုင် အသေးလေး တစ်ခုသို့ ဝင်ရောက်လိုက်၏။

တစ်နာရီကြာပြီးနောက် ချန်ယွီ့က စားသောက်ဆိုင်ထဲမှ ထွက်ပြီး ရဲကားသို့ ဦးတည်လိုက်သည်။

“ ဒေါက်တာချန် … ကျွန်မရော ….”

ရဲကား အပြင်ဘက်တွင် ကျိုးခဲ့ရှင်းက ချန်ယွီ့ကို သနားဖွယ်လေး ကြည့်နေသည်။

“ လိုက်ခဲ့ …”

ချန်ယွီ့ ပြုံးပြီး ပြောလိုက်သည်။

လီချန်ကျွင်း သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ၊ ကျိုးခဲ့ရှင်းက ကားတံခါးဖွင့်ပြီး အထဲသို့ လျင်မြန်စွာ ဝင်လိုက်၏။

လီချန်ကျွင်းက နောက်ကြည့်မှန်သို့ ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

လီဗာကို နင်းပြီး မြို့လယ်ရပ်ကွက်တစ်ခုသို့ ရောက်သည်အထိ မောင်းနှင်လိုက်၏။

လီချန်ကျွင်းက အိမ်ယာစီမံခန့်ခွဲသည့် ဌာနသို့ ဖုန်းဆက်ပြီး သော့တောင်းကာ အပေါ်ထပ်သို့ တက်ရန်အတွက် ဓာတ်လှေကားသို့ ဝင်လိုက်သည်။

ဓာတ်လှေကားထဲတွင် ချန်ယွီ့က ခလုတ်များကို ကြည့်ရင်း အတွေးနက်နေမိ၏။

ရှုပ်ထွေးသည့် အကြည့်တစ်ချက်က သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့သည်။

ကိုးလွှာသို့ ရောက်ရှိပြီးနောက် ချန်ယွီ့က သူ့အကြည့်ကို ကော်ရစ်ဒါအလယ်ရှိ နေရာထိုင်ခင်း တစ်ခုသို့ အကြည့်ပို့လိုက်၏။

စာစဉ်(၁၈)ပြီး၏။

All Chapters