← Chapters

ငါ့ငွေကို အလစ်သုတ်ချင်တာလား ( ၂ )

Vol. 8 Ch. 112

ငါ့ငွေကို အလစ်သုတ်ချင်တာလား ( ၂ )

Vol. 8 Ch. 112

ရေသူမမျိုးနွယ်လူငယ်က အမှတ်ခြောက်အသင်း စံအိမ်ကြီးထဲ ဝင်နေပြီကို မြင်သောအခါ သူ၏မျက်လုံးများထဲ အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။ သူက အေးစက်စက်နှာမှုတ်၍ လက်ကိုဝှေ့ယမ်းလိုက်ရာ မည်းနက်နေသော စက်ဝိုင်းပုံစံပစ္စည်းတစ်မျိုး ချက်ချင်း ပျံထွက်လာသည်။ ၎င်းက စံအိမ်ကြီးပေါ် ဝုန်းခနဲ ကျဆင်းသွားပြီး ပေါက်ကွဲသွားသည်။

သူ့အသင်းဝင်အားလုံး သွေးအေးစွာ ရယ်သွမ်းသွေးလိုက်ကြပြီး ထိုကဲ့သို့ ပစ္စည်းများ ပစ်လွှတ်လိုက်ကြရာ ချက်ချင်းပင် စံအိမ်အနံ့ှ တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံနေတော့သည်။

ထိုရုတ်တရက် မြည်ဟည်းသံများကြောင့် စံအိမ်ကြီးထဲရှိ ညဉ့်ငှက်အဖွဲ့ဝင်များ ချက်ချင်း နိုးထလာကြပြီး သိသိသာသာ မျက်နှာပျက်သွားကြသည်။ အမှတ်ခြောက်အသင်း၏ အလစ်လုပ်ကြံမည့်အစီအစဉ် ပျက်စီးသွားရလေပြီ။

အမှတ်သုံးအသင်း၏ အပြုအမူများက ဟော့ဟော့ဒိုင်းဒိုင်း ဖြစ်နေသောကြောင့် ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ သူတို့က ဤနည်းလမ်းကိုသုံး၍ အမှတ်ခြောက်အသင်း၏တာဝန်ကို နှောင့်ယှက်ချင်နေတာလား။

အလိုအလျောက် ပေါက်ကွဲစေနိုင်သော ပစ္စည်းတစ်မျိုးက သူနှင့် မနီးမဝေးတွင် ကျဆင်းသွားကာ ပေါက်ကွဲသွားသည်။ ထိုအချိန်၌ ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် စံအိမ်ထဲမှ ညဉ့်ငှက်အဖွဲ့ဝင်ကျင့်ကြံသူများအားလုံး လူစုခွဲ၍ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြသည်။ တချို့က မီးများပင်ရှို့လိုက်ကြပြီး ထောင်ချောင်များကို အသက်သွင်းလိုက်ကြလေရာ စံအိမ်ကြီးတစ်ခုလုံး မီးများ တဟုန်းဟုန်း တောက်လောင်နေတော့သည်။ မီးခိုးလုံးကြီးများလည်း အဘက်ဘက်ကို ပျံ့နှံ့နေသည်။

မီးခိုးလုံးကြီးများနှင့် မီးတောက်များက အမြင်အာရုံကို ဖုံးကွယ်ထားပြီး တိုက်ခိုက်သံများ၊ အော်ဟစ်ငေါက်ငမ်းသံများနှင့် ပေါက်ကွဲသံများလည်း ချက်ချင်း မြည်ဟည်းလာတော့သည်။

ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ်တစ်ခု ဖျက်ဆီးခံလိုက်ရပြီး ဘေးအန္တရာယ်များပင် ဖြစ်လာရသည်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပါသော်လည်း အမှတ်သုံးအသင်းကို သွားပြောမနေတော့ပေ။ ထူထပ်သိပ်သည်းသော မီးခိုးလုံးများ လွင့်ပျံလာသည်နှင့် သူသည် လူသတ်ချင်စိတ်များ တဟုန်းဟုန်းတောက်လောင်နေလျက် လှစ်ခနဲ လှုပ်ရှားသွားသည်။ သူက ဘေးကို သူ၏ဓားမြှောင်အား ပစ်လွှတ်လိုက်ရာ သွေးပျက်ခမန်း စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာပြီး ညဉ့်ငှက်ကျင့်ကြံသူ၏ လည်မျို အလှီးခံလိုက်ရသည်။

ထိုလူက ချီစုစည်းခြင်းအဆင့်ခြောက်ကို ရောက်နေသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူ၏ခေါင်းက လွင့်ပျံထွက်သွားပြီး သူ၏လည်ပင်းမှ သွေးစိမ်းများ ပန်းထွက်နေသည်။ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့သည့်အရိပ်အယောင်များ ယှက်သန်းနေဆဲပင်။

ထိုလူ၏ခန္ဓာကိုယ်မှ သားရေအိတ်ရှုံ့ကို ယူလိုက်ပြီး အလောင်းကို ဘေးတွင် ထားလိုက်ပြီးနောက် ရွှီချင်းက မီးခိုးများထဲ ဆက်လက်ပြေးဝင်သွားသည်။ သူ၏လက်ထဲရှိ ဓားမြှောင်က အနက်ရောင်ဝင်းလက်သွားပြီး ညဉ့်ငှက်အဖွဲ့ဝင်တစ်ယောက်၏ လည်မျိုကို ပိုင်းဖြတ်လိုက်ပြန်သည်။

ထိုကဲ့သို့ လှီးဖြတ်နေစဉ်အတောအတွင်း ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ လည်မျို ဖြတ်ခံလိုက်ရသည့်လူမှာ မြေပြင်ပေါ်တွင် လည်ပင်းကို ဆုပ်ကိုင်၍ ဟောဟဲလိုက်နေပြီး တွန့်လိမ်နေသည်။ ရွှီချင်းက ထိုလူထံမှ သားရေအိတ်ရှုံ့ကို ယူ၍ နောက်ထပ်ပစ်မှတ်တစ်ခုကို ချက်ချင်း သွားရှာလိုက်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အော်ဟစ်သံများနှင့် သွေးပျက်ခမန်း အော်သံများ အရှိန်အဟုန်ပြင်းစွာ ပျံ့လွင့်နေသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် ပြေးလွှာနေသော ရွှီချင်းက ဆတ်ခနဲ ရှောင်လိုက်သည်။ လေဓားတစ်လက်က သူ့ကို ဝှစ်ခနဲ ဖြတ်ကျော်သွား၏။

လေက ရွှီချင်း၏ဆံပင်ရှည်များကို ပင့်မသွားလေရာ ဝံပုလွေတစ်ကောင်ကဲ့သို့ အကြည့်စူးစူး ပေါ်လာသည်။ သူက ချက်ချင်း အရှိန်တင်လိုက်ပြီး လေဓား ထွက်ပေါ်လာခဲ့သည့်နေရာကို တန်းတန်းမတ်မတ် ပြေးသွားသည်။ ထိုနေရာတွင် လူဆိုးထိန်းဌာနမှ ဂိုဏ်းသားနှစ်ယောက် ရှိနေပြီး တစ်ယောက်က အမှတ်ခြောက်အသင်းမှဖြစ်ကာ တခြားတစ်ယောက်က အမှတ်သုံးအသင်းမှ ဖြစ်သည်။ လတ်တလောတွင် သူတို့နှစ်ယောက်က လူတစ်ယောက်တည်းကို အတူတကွ တိုက်ခိုက်နေ၏။

ရွှီချင်းကို မြင်သောအခါ အမှတ်သုံးအသင်းဝင်၏ မျက်နှာအမူအရာပြောင်းလဲသွားပြီး အမှတ်ခြောက်အသင်းဝင်မှာ ဝမ်းသာပျော်ရွှင်သွားသည်။ ထိုပျော်ရွှင်သည့်အမူအရာသည် မြင်ရခဲပြီး ထိုသို့ပေါ်လာရခြင်းမှာ ယနေ့ညတွင် သူတို့က အသင်းတစ်သင်းအဖြစ် လှုပ်ရှားနေသောကြောင့်လည်း ဖြစ်ပေသည်။

“ ရွှီချင်း၊ သူက ချီစုစည်းခြင်းအဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ကွ ”

မြေပြင်ပေါ်၌ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရသော အလောင်းနှစ်လောင်းရှိသည်။ ဂိုဏ်းသားနှစ်ယောက်နှင့် တိုက်ခိုက်နေသော ညဉ့်ငှက်အဖွဲ့ဝင်က ရွှီချင်းကို မြင်သောအခါ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ရွှီချင်းက တဟုန်ထိုး ပြေးဝင်လာရာ သူ၏အမြန်နှုန်းကြောင့် တရွှီရွှီမြည်သံများပင် ထွက်ပေါ်နေသည်။ အမှတ်သုံးအသင်းဝင်နှင့် အမှတ်ခြောက်အသင်းဝင်နှစ်ယောက် အံ့အားသင့်နေစဉ်မှာပင် ညဉ့်ငှက်အဖွဲ့ဝင်၏ရှေ့ကို သူ ရောက်သွားပြီး ဓားမြှောင်ဖြင့် ထိုကျင့်ကြံသူ၏ လည်မျိုကို လှီးဖြတ်လိုက်သည်။

သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။ သူ မြေပြင်ပေါ်ကို ခြေချလိုက်သောအခါတွင် ညဉ့်ငှက်အဖွဲ့ဝင်မှာ ခေါင်းပြတ်နေပြီဖြစ်ပြီး ဒိုဒိုငှက်ကြီးတစ်ကောင်ကဲ့သို့ သေဆုံးသွားပြီ ဖြစ်သည်။

အမှတ်သုံးအသင်းဝင်၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ထိတ်လန့်ကြောက်ရွံ့သည့်အရိပ်အယောင်များ သူ၏မျက်လုံးများထဲ ပေါ်လာသည်။ ယခင်က အဆင့်တူထဲမှ အစွမ်းထက်သည့်လူများကို သူ မြင်ခဲ့ဖူးပါသော်လည်း အဆင့်ရှစ်ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းဖြင့် လည်မျိုလှီးဖြတ်နိုင်သူအား မြင်တွေ့ရန်မှာ ကြုံတောင့်ကြုံခဲပင်။

သူ နောက်ထပ် ဆက်မနေဝံ့တော့ဘဲ ခပ်သွက်သွက် နောက်ဆုတ်သွားသည်။ အမှတ်ခြောက်အသင်းဝင်သည်လည်း အသက်ဝဝရှူသွင်းလိုက်ရသည်။ ရွှီချင်းကို ကြည့်နေသည့် သူ၏အကြည့်တွင် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက လေးလေးနက်နက် အရိုအသေပေးပြီးနောက် မီးခိုးများထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ရွှီချင်းက မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို ငုံ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် သားရေအိတ်ရှုံ့များကို တစ်ခုပြီးတစ်ခု ဖြုတ်ယူလိုက်သည်။ ထိုအတောအတွင်း သူ မျက်နှာတစ်ချက် ပျက်မသွားပေ။ သူက သားရေအိတ်ရှံ့များထဲ မွှေနှောက်၍ပင် ရှာဖွေလိုက်ပြီး ပစ္စည်းများကို သူ၏သားရေအိတ်ရှုံ့ထဲသို့ ထည့်လိုက်သည်။

သူက ကိုယ်လက်အင်္ဂါပျက်စီးနေသော နောက်ဆုံးအလောင်းဆီမှ ပစ္စည်းများကို ယူပြီးသောအခါ လက်နှစ်ဖက်ကို ပွတ်၍ လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူ၏လက်ထဲမှ ဓားမြှောင်က လျှပ်စီးလက်သည့်အလား အလောင်း၏ မျက်ခုံးမွေးနှစ်ခုကြားကို ဝင်ရောက်သွားသည်။

သူ၏လှုပ်ရှားမှုများက ရုတ်တရက် မြန်ဆန်သွက်လက်လွန်းနေသည်ဖြစ်၍

His movements were so sudden and fast that there were no signs at all.

ထိုအခိုက်အတန့်၌ အလောင်းက ရွှီချင်း၏ ဓားမြောင်ကို ရှောင်တိမ်းလိုက်သည့်အလား ဘေးသို့ ရွေ့သွားသည်။

အလောင်းက ပျံတက်လာပြီး မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ထို့နောက် ရွှီချင်းကို အေးတိအေးစက် စိုက်ကြည့်နေ၏။

“ မင်း ဘယ်လိုလုပ် သိသွားတာလဲ ”

“ ကျုပ် ဆိုးဆိုးဝါးဝါး သေသွားတဲ့ အလောင်းတွေအများကြီး မြင်ဖူးတယ်။ ခင်ဗျားသရုပ်ဆောင်တာ ညံ့တယ် ”

ရွှီချင်းက အလောင်းကိုကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ အဲဒီလိုလား။ ဒါဆိုလည်း မင်းကိုယ်မင်း ကံဆိုးသွားပြီလို့ မှတ်လိုက်တော့ ”

အလောင်းက မျက်နှာကို သုတ်လိုက်ရာ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင် ပေါ်လာသည်။ ထို့နောက် သူက ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားလေရာ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ် စွမ်းအားများ လွင့်ပျံလာသည်။

ထိုလူက ဤအသိုက်ရှိ ရန်သူခေါင်းဆောင်နှစ်ယောက်အနက် တစ်ယောက်ဖြစ်သည်။ သူက သတိကြီးသောစရိုက်ရှိပြီး အလောင်းပုံစံဟန်ဆောင်ကာ တိတ်တဆိတ် ထွက်သွားရန် စီစဉ်ထားသည်။ သူ ရှာတွေ့ခံလိုက်ရမည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း သူက ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သားသောလူတစ်ယောက်ဖြစ်သည်။ သူ အချိန်ဆွဲ၍ မရကြောင်း သိထားသည့်အတွက်ကြောင့် အားကုန်သုံး၍ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။

သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ လှည့်ပတ်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ မီးမြွေများ အပြင်ထွက်လာကာ ရွှီချင်းထံ တရွှီရွှီမြည်သံပေး၍ ပြေးဝင်သွားသည်။

စုစုပေါင်း မီးမြွေကိုးကောင်ရှိသည်။

မီးမြွေတစ်ကောင်ချင်းစီက ချီစုစည်းခြင်းအဆင့်ကိုးရှိသည့်လူတစ်ယောက်ကို တစစီဖြစ်သွားအောင် စုတ်ဖြဲပစ်နိုင်သည်။ ယခု ၎င်းတို့က ကိုးကောင်ရှိနေသည်ဖြစ်ပြီး ချီစုစည်းခြင်းအဆင့်တွင် ရွှီချင်း မြင်ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးဖြစ်သည်။

သို့သော်လည်း ရွှီချင်းက မျက်နှာပျက်သွားခြင်း မရှိပေ။ သူ လက်ဝှေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှ ရေစက်များ မရေမတွက်နိုင်လောက်အောင် ထွက်ပေါ်လာသည်။ ထို့နောက် တားမြစ်ပင်လယ်အရှိန်အဝါများ ထွက်ပေါ်လာပြီး ရေစက်များ တွန့်လိမ်သွားကာ မျက်တောင်တစ်ချက်ခတ်အတွင်း ပေါင်းစည်းသွားကြပြီး မိကျောင်းတစ်ကောင်ပုံစံ ဖြစ်သွားသည်။

မိကျောင်း၏ခန္ဓာကိုယ်ကို အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ကြည့်ရသည်မှာ အလွန် ကြောက်စရာကောင်းသည်။ ၎င်းက ပါးစပ်ကြီးဟလိုက်သောအခါ စူးရှချွန်ထက်သော သွားများ အေးစက်စက်ဝင်းလက်သွားသည်။ ၎င်းက အသိဉာဏ်လည်း ရှိဟန်တူသည်။ ၎င်းက ထွက်ပေါ်လာသည်နှင့် ဟိန်းဟောက်ကာ မီးမြွေကိုးကောင်ထံ ပြေးဝင်သွားသည်။

လျှပ်တစ်ပြက်အတွင်း ၎င်းတို့အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားပြီး ရွှီချင်း၏ ပင်လယ်အသွင်ပြောင်းပညာရပ်က နတ်စွမ်းအားများကို ပြသလိုက်လေသည်။ မိကျောင်းကြီးက မီးမြွေငါးကောင်ကို တစ်ခါတည်း မျိုချပစ်လိုက်သည်။ လက်ကျန်မီးမြွေများက ဆက်လက်တိုက်ခိုက်နေပါသော်လည်း ပင်လယ်အသွင်ပြောင်းပညာရပ်အစွမ်းက ၎င်းတို့ကို ခုခံနိုင်မှန်း သိသာသည်။

ထိုအချိန်တွင် ရွှီချင်းက ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ကျင့်ကြံသူထံ ပြေးဝင်သွားသည့်အတွက်ကြောင့် ထိုလူ ထိတ်လန့်တုန်လှုပ်သွားရသည်။ ရွှီချင်း၏နောက်ရှိ သွေးနှင့်ချီပုံရိပ်က ရက်စက်ကြမ်းတမ်းသော တစ္ဆေတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ၎င်းက ဟိန်းဟောက်၍ ရွှီချင်းနောက်မှ ထပ်ကြပ်မကွာလိုက်သွားပြီး ရွှီချင်းက မြားတစ်စင်းအလား ထိုလူထံ ပြေးဝင်သွားသည်။

“ မင်းက ချီရွှဲ့ထုံဂိုဏ်းက သာမန်ဂိုဏ်းသား မဟုတ်ဘူးပဲ ”

ရွှီချင်းထံမှ အန္တရာယ်အငွေ့အသက်များကို သူ ခံစားလိုက်ရပြီး သူ၏မျက်လုံးများ ချက်ချင်း မှေးသွားသည်။ သူက နောက်ဆုတ်ကာ လက်ကို ဝှေ့ယမ်း၍ အပြာရောင်ဖျော့ဖျော့လက်နေသော အဆောင်တစ်ခုကို ပစ်လွှတ်လိုက်သည်။

သူသည် ရလဒ်ကိုပင် စောင့်ကြည့်မနေတော့ဘဲ ပို၍ မြန်ဆန်စွာ ဆုတ်လိုက်သည်။

ထိုအပြာရောင်အဆောင်မှာ ကြိမ်ဖန်များစွာ အသုံးပြုထားဟန်တူသည်။ ၎င်း၏အရောင်က အတော်လေး မှိန်နေပြီး ၎င်း၏အစွမ်းသည်လည်း အတော်လေး လျော့ကျနေပြီဖြစ်သည်။ ၎င်းက ချက်ချင်း ပေါက်ကွဲ၍ အခြေတည်အဆင့် အငွေ့အသက်အနည်းအကျဉ်းရှိသော အပြာရောင်တစ္ဆေလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပါသော်ငြား တကယ့်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပါက နိမ့်ကျနေသေးသည်။

ထိုအဆောင်ရတနာက သာမန်သာဖြစ်မှန်း ရွှီချင်း သိပါသော်လည်း ရှောင်လိုက်သေးသည်။ သို့သော်လည်း လက်ကြီးက သူ့နောက်ကို ထပ်ကြပ်မကွာ လိုက်နေ၍ ရန်သူခေါင်းဆောင်နောက်ကို သူ ဆက်လိုက်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် သူ အလျဉ်မလိုပေ။ လက်ကြီးကို ရှောင်တိမ်းရင်း ပျံပြေးသွားသော ရန်သူခေါင်းဆောင်ကို သူ အေးတိအေးစက် စိုက်ကြည့်လိုက်၏။

“ အဆိပ်က အခုထိ အစွမ်းမပြသေးဘူးလား ”

ရွှီချင်း၏ စကားသံ ထွက်လာသည့်အခိုက် ညဉ့်ငှက်အဖွဲ့ဝင်ခေါင်းဆောင်မှာ ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်။ အဆိပ်များ ခန္ဓာကိုယ်ထဲ ပျံ့နှံ့လာခြင်းကြောင့် ခေါင်းတစ်ခုလုံး ချာချာလည်လာသည်။ သူ သွေးမည်းတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် သူ၏မျက်နှာက စိမ်းပုပ်သွားသည်။

“ အဆိပ် ”

ပြင်းထန်သော အဆိပ်ကြောင့် သူ၏ခန္ဓာကိုယ် ဒယိမ်းဒယိုင်ဖြစ်လာသည်။ သူ၏ကိုယ်တွင်းအင်္ဂါများ အရည်ပျော်တော့မည့်အလား သူ ခံစားနေရပြီး မျက်လုံးများက ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်လာသည်။ မည်သည့်လျှို့ဝှက်အတတ်ကို သူ အသုံးပြုလိုက်မှန်း မသိရပါသော်ငြား သူ၏လက်နှစ်ဖက်ဖြင့် ဗိုက်ကို ဘုန်းခနဲ ရိုက်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး မီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ကိုယ်တွင်းစွမ်းအင်အားလုံးကို နှိုးဆွလိုက်ရသည့်အလားပင်။ သူ၏ခန္ဓာကိုယ်ထဲရှိ အဆိပ်များ ဖိနှိပ်ခံလိုက်ရပြီး သူ၏မျက်နှာပေါ်မှ အစိမ်းပုပ်ရောင်သည်လည်း မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

သို့သော်လည်း သူ ကြီးကြီးမားမား ပေးဆပ်လိုက်ရသည်။ သူ၏အသိစိတ်တစ်ခုလုံး မူးဝေနောက်ကျိနေပြီး သူ့ခေါင်းထဲတွင် ထွက်ပြေးရန် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

သူက ပို၍ မြန်ဆန်စွာ ပြေးနိုင်ရန် ကြိုးစားလိုက်သည်။

ထိုခဏလေးအတွင်း ရွှီချင်းက လက်ကြီးကို ထပ်မံရှောင်တိမ်းလိုက်ပြီး လျှပ်စီးလက်သည့်အလား တဟုန်ထိုး ပြေးဝင်သွားကာ သူ့ကို လှမ်းဆုပ်လိုက်သည်။

သို့သော်လည်း သေရေးရှင်ရေးအန္တရာယ်အငွေ့အသက်ကို ရွှီချင်း ခံစားလိုက်ရပြီး ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူ၏မျက်လုံးများ မှေးသွားပြီး နောက်ကို အတင်းအကြပ် ဆုတ်ခွာလိုက်သည်။ သူ နောက်ဆုတ်သွားသည့်အချိန်မှာပင် စူးရှချွန်ထက်သော လွန်းပျံကလေးက သူ ရပ်နေခဲ့သည့်နေရာကို ဖြတ်ကျော်သွားသည်။ သူသာ မဆိုစလောက် နှေးကွေးသွားပါက ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သွားပေလိမ့်မည်။

ထိုစဉ် လွန်းပျံကလေး ထွက်ပေါ်လာသည့်အရပ်မှ လူတစ်ယောက် ပြေးထွက်လာသည်။ သူသည် ရွှီချင်းကို လျစ်လျူရှုကာ ရန်သူခေါင်းဆောင်ထံ ပြေးဝင်သွားသည်။

ထိုရောက်လာသော လူမှာ အမှတ်သုံးအသင်းခေါင်းဆောင်ဖြစ်သော ရေသူမမျိုးနွယ်မှ အေးတိအေးစက်လူငယ်လေးဖြစ်ပေသည်။

“ ငါ့ငွေကို အလစ်သုတ်ချင်တာလား ”

ရွှီချင်း၏အကြည့်က ချက်ချင်း စူးရှသွားသည်။

All Chapters