← Chapters

အခန်း (၁၇၁-၁၇၅)

Vol. 18 Ch. 171-175

အခန်း (၁၇၁-၁၇၅)

Vol. 18 Ch. 171-175

အခန်း (၁၇၁) - ငါ ဟန်ဆောင်မနေချင်တော့ဘူး (၁)

"မင်း ဘယ်လိုနေလဲ"

ကျန့်ဖုန်းသည် ဝမ်မင်၏အနားသို့ လာပြီး သူ၏ အခြေအနေကို ချက်ချင်း စစ်ဆေးလိုက်သည်။

ဝမ်မင်သည် ခဏတာ ကြောင်အသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ပြောသည်။

"ဒီခံစားချက်က သောက်ရမ်းလန်းတယ်"

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ တိုးထွက်လာသော စွမ်းအားများကို ခံစားရင်း စိတ်လှုပ်ရှားနေသည်။

"ခေါင်းဆောင်... ကျေးဇူးတင်ပါတယ်၊ ဒီစမ်းသပ်မှုသာ မရှိရင် ကျွန်တော့်ရဲ့ သွေးမျိုးဆက်က ဘယ်တော့မှ နိုးထလာနိုင်မလဲဆိုတာ မသိနိုင်ဘူး"

ဝမ်မင်က ကျေးဇူးတင်စွာ ပြောလိုက်သည်။ ကျန့်ဖုန်းက ဝမ်မင်၏ ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်သည်။

"မလိုပါဘူးကွာ"

ဝမ်မင်သည် အဆင့် ၆သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ အစွမ်းမှာလည်း များစွာ တိုးတက်လာခဲ့သည်။

ဤသည်မှာ ဗိုလ်အဆင့် နံပါတ် ၂၁ နတ်ဆိုးအမဲလိုက်အဖွဲ့ အတွက် အလွန်ကြီးမားသော တိုးတက်မှု ဖြစ်သည်။ အဖွဲ့၏ ခုခံနိုင်စွမ်း မြင့်တက်လာရုံသာမက ခုနက ဝမ်မင် ပြသခဲ့သော ပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းရည်ကလည်း တစ်ဖွဲ့လုံး၏ အင်အားကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။

"ဒုခေါင်းဆောင်... အဆင့် ၆ကို ရောက်သွားတာ ဂုဏ်ယူပါတယ်ဗျာ"

ယောင်လီက ပြုံးရွှင်သော မျက်နှာဖြင့် ရှေ့သို့ တိုးလာပြီး ဝမ်မင်ကို ဂုဏ်ပြုလိုက်သည်။ အခြားအဖွဲ့ဝင်များကလည်း စိတ်ရင်းဖြင့် ဂုဏ်ပြုကြသည်။ သူတို့မှာ အားကျစိတ် ရှိကြသော်လည်း မနာလိုမှုမှာမူ အနည်းငယ်မျှပင် မရှိပေ။

"ငါ့ရဲ့ မွေးရာပါအတွင်းဝိညာဉ်စွမ်းအားက အခုဆို အနည်းဆုံး ၈၀ အထိ တိုးသွားပြီ၊ ဒါပေမဲ့ အမွေအနှစ်ထဲက တိုက်ခိုက်ရေး အသိဉာဏ်နဲ့ နည်းစနစ်တွေကို ၃၀ ရာခိုင်နှုန်းလောက်ပဲ ကျွမ်းကျင်သေးတယ်၊ ဒါကြောင့် ခုနကလို တိုက်ခိုက်ရေး စွမ်းအားမျိုးကို ခဏအတွင်းမှာတော့ ပြသနိုင်ဦးမှာ မဟုတ်ဘူး၊ နောက်မှ တိုက်ပွဲ အတွေ့အကြုံတွေကတစ်ဆင့် တဖြည်းဖြည်းချင်း ကျွမ်းကျင်အောင် လုပ်ယူရမယ်"

ဝမ်မင်က ပြောသည်။

ကျန့်ဖုန်း ခေါင်းညိတ်လိုက်သည်။ ၃၀ ရာခိုင်နှုန်းဆိုသည်မှာပင် အလွန်ကောင်းမွန်လှပြီ ဖြစ်သည်။ အကယ်၍ ဝမ်မင်သည် သွေးမျိုးဆက် နိုးထပြီးချင်းမှာပင် မြင့်မြတ်ကိုယ်ရံတော် နံပါတ် ၁၂ ကို ယှဉ်ပြိုင်နိုင်သည်ဆိုပါက ၎င်းမှာ ပုံမှန်မဟုတ်သော အရာ ဖြစ်ပေလိမ့်မည်။

နောက်ပိုင်းကာလများတွင် ယောင်လီ၊ ကျန်းရှင်းရန်၊ ဖန်းလီနှင့် မုရုံရှန်းအာတို့သည် နံပါတ် ၁၂ နှင့် တိုက်ခိုက်ရန် အလှည့်ကျ ထွက်လာခဲ့ကြသည်။

ဤတိုက်ခိုက်ရေး စမ်းသပ်မှုမှာ တစ်လတိတိ ကြာမြင့်ခဲ့သည်။

ယောင်လီသည် သူ၏ မတည်ငြိမ်သော ဟင်းလင်းပြင်စွမ်းရည်များကို အသုံးပြုကာ နံပါတ် ၁၂ ကို အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခြင်းကို မလွှဲမရှောင်သာ ကြုံတွေ့ခဲ့ရသည်။

မှော်ဆရာသုံးဦးဖြစ်သော ကျန်းရှင်းရန်၊ ဖန်းလီနှင့် မုရုံရှန်းအာတို့အတွက်မူ ပြောနေစရာပင် မလိုတော့ပေ၊ သူတို့သည် မခံမရပ်နိုင်ဖြစ်သည်အထိ နာနာကျင်ကျင် အရိုက်ခံခဲ့ကြရသည်။

ကျန့်ဖုန်း၏ ညွှန်ကြားချက်ကြောင့် နံပါတ် ၁၂ သည် သူတို့အား သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာများရှိ တိုက်ခိုက်ရေး နည်းစနစ်များကို သွေးပေးရုံသာမက အနီးကပ် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအချို့ကိုလည်း သင်ကြားပေးခဲ့သည်။

သူတို့၏ မှော်နှင်တံများကို ဘေးဖယ်ထားပြီးနောက် ကျန်းရှင်းရန်၊ ဖန်းလီနှင့် မုရုံရှန်းအာတို့သည် အစွမ်းကို လျှော့ချထားသော နံပါတ် ၁၂ နှင့်အတူ ဓားရှည်များကို အသုံးပြုကာ လေ့ကျင့်နိုင်ခဲ့ကြရာ သူတို့၏ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်မှာ များစွာ တိုးတက်လာခဲ့သည်။

ယခုအချိန်တွင် နံပါတ် ၂၁ အဖွဲ့၌ အားနည်းချက်ဟူ၍ မရှိသလောက်ပင် ဖြစ်သွားပြီဖြစ်သည်။ မှော်ပညာကို မသုံးလျှင်ပင် ထိုမှော်ဆရာ သုံးဦးမှာ အဆင့် ၅ စစ်သည်တော်တစ်ဦး၏ အစွမ်းနှင့် တူညီနေပြီး စစ်သည်တော် ကျွမ်းကျင်မှုများသာ လိုအပ်နေတော့သည်။

ရက်ပေါင်း ၂၀ အကြာတွင် (စုစုပေါင်း သုံးလပြည့်ခါနီးတွင်) နံပါတ် ၂၁ အဖွဲ့၏ သုံးလတာ တံခါးပိတ်ကျင့်ကြံသည့် ကာလမှာ ရပ်တန့်ရန် ဖိအားပေးခံလိုက်ရသည်။

တစ်လမှာ ကိုယ်ခန္ဓာအားတိုးဆေးများကို သောက်ကာ ပြင်ပဝိညာဉ်စွမ်းအား မြှင့်တင်ရန် အသုံးပြုခဲ့ပြီး နှစ်လမှာ ထာဝရမျှော်စင်အတွင်း စမ်းသပ်မှုများအတွက် အသုံးပြုခဲ့သည်။ သုံးလအကြာတွင် အဖွဲ့သားအားလုံး၏ စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

ဤသုံးလအတွင်း ကျန့်ဖုန်းသည် ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းအတွက် အချိန်အများစုကို အသုံးပြုခဲ့ပြီး နံပါတ် ၁၂ နှင့်အတူ တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ရန် အချိန်အနည်းငယ်သာ ပေးခဲ့သော်လည်း ၎င်းကပင် သူ၏ အတွင်းဝိညာဉ်စွမ်းအား ကျင့်ကြံမှုကို များစွာ တိုးတက်စေခဲ့သည်။ ယခုအခါ သူ၏ အတွင်းဝိညာဉ်စွမ်းအားမှာ ၇,၀၀၀ သို့ ရောက်ရှိသွားပြီး ပြင်ပဝိညာဉ်စွမ်းအားမှာလည်း ၈,၅၀၀ အထိ တိုးလာခဲ့သည်။

ဝမ်မင် အဆင့် ၆ သို့ တက်လှမ်းပြီးနောက် အဖွဲ့မှရရှိသော ဝိညာဉ်စွမ်းအား အလင်းကွင်းများကို သူ့အား ဦးစားပေး ပေးခဲ့သဖြင့် ဝမ်မင်၏ အတွင်းဝိညာဉ်စွမ်းအား တိုးတက်မှုမှာ ကျန့်ဖုန်းထက်ပင် မြန်ဆန်ကာ ယခုအခါ ၅,၀၀၀ ကျော်သွားပြီ ဖြစ်သည်။

သို့သော် ဝိညာဉ်စွမ်းအား ၅,၀၀၀ ကျော်သွားသူများအတွက် ထိုအလင်းကွင်းများ အကျိုးသက်ရောက်မှု မရှိတော့ခြင်းမှာ ဝမ်းနည်းစရာပင်။

အခြားသူများမှာမူ အဆင့် ၆သို့ မတက်လှမ်းနိုင်သေးဘဲ အဆင့် ၅ အထွတ်အထိပ်တွင် တစ်ဆို့နေဆဲ ဖြစ်သည်။ သို့သော် ဤကာလအတွင်း တိုက်ခိုက်ရေး စမ်းသပ်မှုများက သူတို့၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေခဲ့ပြီး အဆင့် ၆သို့ တက်လှမ်းရန်အတွက်လည်း အကြံဉာဏ်များစွာ ရရှိခဲ့ကြသည်။

မကြာမီ နံပါတ် ၂၁ အဖွဲ့သား အားလုံးမှာ အဆင့် ၆သို့ တက်လှမ်းနိုင်ကာ စစ်သေနာပတိအဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့အဖြစ်သို့ မြှင့်တင်နိုင်မည်ဟု ယုံကြည်သည်။

အခြားသတင်းကောင်းတစ်ခုမှာ ဖန်းလီသည် ဒုတိယမြောက် နတ်ဆိုးသားရဲအဖော်ကို ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျန့်ဖုန်း၏ အရိပ်ဝိညာဉ်မီးဖိုမှာလည်း အဆင့်တက်သွားခဲ့သည်။ အဆင့်တက်ပြီးနောက် ထိုမီးဖိုမှာ ကျန့်ဖုန်း၏ ဝိညာဉ်စွမ်းအား ၅၀ ရာခိုင်နှုန်းစီ ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားမရှိသော ကိုယ်ပွား သုံးခုကို ဆင့်ခေါ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျန့်ဖုန်းသည် ထိုကိုယ်ပွား သုံးခုအတွက် ကိရိယာတန်ဆာပလာ တစ်စုံစီ ဝယ်ပေးရန် လိုအပ်လာသည်။

ထို့ပြင် ကျန့်ဖုန်းသည် တစ်လလျှင် တစ်ကြိမ် နတ်ဆိုးအမဲလိုက် တာဝန်မျှော်စင်သို့ သွားရောက်လေ့ရှိသည်။

သူ ထုတ်ပြန်ထားသော အဆင့်မြင့်နတ်ဆိုးများကို အမဲလိုက်ရန်နှင့် နတ်ဆိုးအလောင်းများ၊ နတ်ဆိုးအမြုတေများကို စုဆောင်းရန် တာဝန်များမှာ အဆင့်မြင့် နတ်ဆိုးအမဲလိုက်အဖွဲ့များ၏ အာရုံစိုက်မှုကို ရရှိထားပြီး ဖြစ်သည်။

အခါအားလျော်စွာ နတ်ဆိုးအလောင်းများနှင့် အမြုတေများ တာဝန်မျှော်စင်သို့ ရောက်ရှိလာတတ်သည်။ မျှော်စင်မှ ဝန်ထမ်းများက ကျန့်ဖုန်းအတွက် တာဝန်ဆုကြေးများကို ရှင်းလင်းပေးပြီး ကျန့်ဖုန်းက လိုအပ်သော ဂုဏ်ထူးဆောင်အမှတ်များအစား ကိုယ်ခန္ဓာအားတိုးဆေးများဖြင့် လဲလှယ်ပေးသည်။

သုံးလအတွင်း ကျန့်ဖုန်းသည် အဆင့် ၈ နတ်ဆိုးအလောင်း ၁ ခု၊ အဆင့် ၈ နတ်ဆိုးအမြုတေ ၁ ခု၊ အဆင့် ၇ နတ်ဆိုးအလောင်း ၈ ခု၊ အမြုတေ ၇ ခု၊ အဆင့် ၆ နတ်ဆိုး ၅၈ ကောင်၊ အမြုတေ ၅၀၊ အဆင့် ၅ နတ်ဆိုး ၁၅၆ ကောင်နှင့် အမြုတေ ၁၅၆ ခုတို့ကို ရရှိခဲ့သည်။

ဤမျှများပြားသော ရရှိမှုများ ရှိနေသော်လည်း ကျန့်ဖုန်းမှာ စိတ်ပူနေရသည်။ သူ၏ ဆေးမီးဖိုမှာ ဆေးလုံးအဆင့် မည်သို့ပင်ဖြစ်စေ ဆေးဖော်ရန် တစ်ရက်တိတိ အချိန်ယူရသဖြင့် အလောင်းများ အလွန်များပြားနေရာ အချိန်မီ မဖော်စပ်နိုင် ဖြစ်နေသည်။ ထို့ကြောင့် ကျန့်ဖုန်းသည် သူ၏ မီးဖိုကို အဆင့်မြှင့်တင်ရန် စနစ်ဒင်္ဂါးများ အရေးတကြီး လိုအပ်နေသည်။

သုံးလအတွင်း တာဝန်များ ထုတ်ပြန်ရန် ကျန့်ဖုန်း အသုံးပြုခဲ့သော ဂုဏ်ထူးဆောင်အမှတ်မှာ ၁၈၄,၆၀၀ ဖြစ်ပြီး မျှော်စင်ကို ပေးရသော ၁၀ ရာခိုင်နှုန်း ကော်မရှင်နှင့်ပေါင်းလျှင် ၂၀၃,၀၆၀ ဖြစ်သည်။

နံပါတ် ၂၁ အဖွဲ့တွင် ထိုမျှများပြားသော ဂုဏ်ထူးဆောင်အမှတ် မရှိသဖြင့် ကျန့်ဖုန်းသည် ကိုယ်ခန္ဓာအားတိုးဆေးများကိုသာ ဂုဏ်ထူးဆောင်အမှတ်အစား အသုံးပြုခဲ့သည်။

သုံးလအတွင်း ကျန့်ဖုန်းသည် အဆင့် ၈ ဆေး ၁၀ လုံး၊ အဆင့် ၇ ဆေး ၈၀၊ အဆင့် ၆ ဆေး ၅၈၀ နှင့် အဆင့် ၅ ဆေး ၂၃၀ တို့ကို ဖော်စပ်ခဲ့သည်။

ကျန့်ဖုန်းသည် အဆင့် ၇ ဆေး ၂၀ ကို အရံအဖြစ် သိမ်းထားပြီး ကျန်ရှိသော အဆင့် ၅၊ အဆင့် ၆ နှင့် အဆင့် ၇ ဆေး ၆၀ တို့ကို ရောင်းချခဲ့ရာ စုစုပေါင်း ၉၁၃,၀၀၀ ရရှိခဲ့သည်။

တာဝန်မျှော်စင်သို့ ၂၀၃,၀၆၀ ပေးချေပြီးနောက် ၇၀၉,၉၄၀ ကျန်ရှိနေသည်။ အဖွဲ့တွင်ရှိသော ၄၀,၀၀၀ နှင့် ပေါင်းလိုက်ပါက စုစုပေါင်း ၇၅၀,၀၀၀ နီးပါး ရှိသွားသည်။

ချမ်းသာကြွယ်ဝမှုမှာ အလွန်လွယ်ကူလွန်းနေသဖြင့် ကျန့်ဖုန်းသည် ဘဝ၏ ရည်မှန်းချက်များ ပျောက်ဆုံးသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

တာဝန်တွေ ဘာလို့ လုပ်နေမှာလဲ။ ဗီလာထဲမှာ အေးအေးဆေးဆေး အိပ်၊ ဆေးဖော်ပြီး၊ အဆင့် ၉ ရောက်အောင် ကျင့်ကြံလိုက်ရင် မကောင်းဘူးလား။ ပြီးမှ နတ်ဘုရားအဆင့် ကိရိယာတွေ ဝတ်ပြီး နတ်ဆိုးနယ်မြေထဲ လမ်းလျှောက်သွား၊ မကြည်တဲ့သူတွေ့ရင် ခုတ်ပစ်လိုက်ရုံပဲပေါ့။

ဤသည်မှာ ကျန့်ဖုန်း၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။

ကျင့်ကြံနေရုံသက်သက်ဖြင့် မည်သူမျှ အဆင့် ၉ သို့ မရောက်နိုင်သလို အစွမ်းထက် ပညာရှင်လည်း မဖြစ်နိုင်ပေ။ ကျင့်ကြံခြင်းလမ်းခရီးတွင် လိုအပ်သော အခက်အခဲများကို ဖြတ်ကျော်ရန် မဖြစ်မနေ လိုအပ်သည်။ သို့မဟုတ်ပါက အဆင့်တစ်ခုချင်းစီ၏ နက်နဲမှုကို နားမလည်ဘဲ အတားအဆီးများနှင့် တွေ့သောအခါ ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း နံပါတ် ၂၁ အဖွဲ့သည် နောင်တွင် ဂုဏ်ထူးဆောင်အမှတ် မလောက်ငမည်ကို စိုးရိမ်စရာ မလိုတော့သည်မှာ အမှန်ပင်။

ထို့ကြောင့် ကျန့်ဖုန်းသည် အဖွဲ့အတွက် ကိရိယာအချို့ ထပ်ဝယ်ရန်အတွက် ကုန်သွယ်ရေးဗဟိုဌာနသို့ သွားရန် စီစဉ်လိုက်သည်။

အကယ်၍ ခမ်းနားထည်ဝါသောအဆင့်ကိရိယာများသာ ဝယ်ယူမည်ဆိုပါက နံပါတ် ၂၁ အဖွဲ့၏ ဂုဏ်ထူးဆောင်အမှတ်များမှာ သုံး၍ပင် ကုန်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန့်ဖုန်းသည် ကျန်းရှင်းရန်၊ ဖန်းလီနှင့် မုရုံရှန်းအာတို့အတွက် အနီးကပ် တိုက်ခိုက်ရေးတွင် အသုံးပြုရန် ခမ်းနားထည်ဝါသောအဆင့် ဓားရှည်များကို ဝယ်ပေးလိုက်သည်။

ဤသုံးလအတွင်း အဖွဲ့သားအားလုံးသည် အဆင့် ၇ ကိုယ်ခန္ဓာအားတိုးဆေးကြောင့် ပြင်ပဝိညာဉ်စွမ်းအား ၄,၀၀၀ အထိ တိုးတက်လာခဲ့ကြရာ မှော်ပညာ ကုန်ဆုံးသွားလျှင်ပင် ဓားတစ်လက်ဖြင့် ရန်သူများကို သတ်နိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။

ယခုတစ်ကြိမ် စမ်းသပ်မှုကို ရပ်တန့်ရသည့် အကြောင်းရင်းမှာ တာဝန်မျှော်စင်မှ အရေးပေါ် သတင်းစကား တစ်ခုကြောင့် ဖြစ်သည်။

၎င်းမှာ မလုပ်မနေရ စစ်ပွဲတာဝန် ဖြစ်သည်။ မြင့်မြတ်မြို့တော်တွင် ကျန်ရှိနေသော နတ်ဆိုးအမဲလိုက်အဖွဲ့များ အားလုံး ပါဝင်ရန် တာဝန်ပေးခြင်း ခံရသည်။

ပါဝင်ရန် ပျက်ကွက်ပါက ဗိုလ်အဆင့် အဖွဲ့တစ်ခုအတွက် တစ်ဦးလျှင် ဂုဏ်ထူးဆောင်အမှတ် ၁၀,၀၀၀ ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး အဆင့်မြင့်သောအဖွဲ့များမှာ ပိုမို၍ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

ဤကဲ့သို့သော အရေးပေါ် စစ်ပွဲတာဝန်များမှာ ရှားပါးပြီး မဟာမိတ်အဖွဲ့အနေဖြင့် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင်သာ ထုတ်ပြန်လေ့ ရှိသည်။

နံပါတ် ၂၁ အဖွဲ့အနေဖြင့် ဂုဏ်ထူးဆောင်အမှတ် ၆၀,၀၀၀ ကို အလွယ်တကူ ပေးနိုင်သော်လည်း မကြာမီ ပေါ်ထွက်လာတော့မည့် အိပ်မက်သုခဘုံ အတွက် ကျန့်ဖုန်းသည် စမ်းသပ်မှုကို ရပ်တန့်ကာ စစ်ပွဲတာဝန်တွင် ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။

ကျန့်ဖုန်းသည် တာဝန်ကို လက်ခံပြီးနောက် ကုန်သွယ်ရေးဗဟိုဌာန၏ ဒုတိယထပ်သို့ တိုက်ရိုက် လျှောက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် တက်ကြွနေသော ဗိုလ်အဆင့် နံပါတ် ၂၂ နတ်ဆိုးအမဲလိုက်အဖွဲ့ (လုံဟောက်ချန်၏ အဖွဲ့) နှင့် ဆုံတွေ့ခဲ့သည်။

အခန်း (၁၇၂) - ငါ ဟန်ဆောင်မနေချင်တော့ဘူး (၂)

"အစ်ကိုကျန့်... အစ်ကို မြို့တော်မှာ ရှိနေသေးတာလား"

လုံဟောက်ချန်က အံ့အားသင့်စွာ မေးလိုက်သည်။ သူသည် ဤကာလအတွင်း ကျန့်ဖုန်းကို မြို့တော်တွင်ရော တာဝန်မျှော်စင်တွင်ပါ မတွေ့ရသဖြင့် တာဝန်တစ်ခုခုနှင့် အပြင်ထွက်နေသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကျန့်ဖုန်းက ခေါင်းခါပြပြီး ရှင်းပြလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက် ပြန်လာပြီးကတည်းက ငါ တံခါးပိတ် ကျင့်ကြံနေတာ၊ အခု စစ်ပွဲတာဝန်ကြောင့် ကျင့်ကြံတာကို ခဏရပ်လိုက်ရတာပဲ"

ဤအချိန်တွင် လုံဟောက်ချန်၏ အဖွဲ့သာမက ယန်ဝမ်ကျောက်၊ သွမ့်ယီနှင့် လုရှီးတို့၏ အဖွဲ့များလည်း ရှိနေသည်ကို ကျန့်ဖုန်း တွေ့ရှိလိုက်ရသည်။

လုရှီး၏ နံပါတ် ၂၃၊ ယန်ဝမ်ကျောက်၏ နံပါတ် ၂၄ နှင့် သွမ့်ယီ၏ နံပါတ် ၂၅ အဖွဲ့များ ဖြစ်ကြသည်။ ယခုဆိုလျှင် အသစ်တက်လာသော အဖွဲ့များထဲမှ ငါးဖွဲ့မှာ ဗိုလ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ၎င်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အမြန်ဆုံး တိုးတက်မှု ဖြစ်သည်။

"ဦးလေးငယ်..." ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့လည်း အဝေးမှ ပြေးလာကြသည်။

(ဆရာဦးလေးကို ဦးလေးငယ်လို့ ပြောင်းသုံးထားပါတယ်)

"မင်းတို့အားလုံး ကိရိယာတွေ လာဝယ်ကြတာလား"

ကျန့်ဖုန်းက မေးလိုက်သည်။

"ဟုတ်... ရုတ်တရက် စစ်ပွဲတာဝန် ရလာတာနဲ့ အခုထိ စုထားတဲ့ ဂုဏ်ထူးဆောင်အမှတ်တွေကို သုံးပြီး အဖွဲ့ရဲ့ စွမ်းအားကို မြှင့်တင်မလို့ပါ"

ယန်ဝမ်ကျောက်က ပြောသည်။ လွန်ခဲ့သောတစ်ခေါက် လင်ရှင်း၏ လောင်းကစားဝိုင်းတွင် ဂုဏ်ထူးဆောင်အမှတ် ၇,၀၀၀ ရှုံးနိမ့်ပြီးကတည်းက ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့မှာ အပြင်းအထန် ကြိုးစားခဲ့ကြသည်။ ဤသုံးလအတွင်း သူတို့သည် ဗိုလ်အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ရုံသာမက ဂုဏ်ထူးဆောင်အမှတ်များစွာကိုလည်း ရှာဖွေနိုင်ခဲ့ကြသည်။

"အစ်ကိုကျန့်... ဘာလို့ တစ်ယောက်တည်းလဲ"

လုရှီးက မေးသည်။

"ငါ့အဖော်တွေကတော့ စစ်မြေပြင်မရောက်ခင် တိုးတက်မှုတွေ ရအောင် ကြိုးစားပြီး ကျင့်ကြံနေကြတုန်းပဲ၊ ဒါကြောင့် ငါပဲ တစ်ယောက်တည်း ကိရိယာ လာဝယ်တာ"

ကျန့်ဖုန်းက ရှင်းပြသည်။

လက်ရှိတွင် နံပါတ် ၂၁ အဖွဲ့သား ငါးဦးလုံးမှာ အဆင့် ၅ အထွတ်အထိပ်တွင် ရှိနေပြီး အဆင့် ၆သို့ တက်လှမ်းရန် နီးကပ်နေကြသည်။ သူတို့သည် စစ်မြေပြင်တွင် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ရန် အချိန်ကို အဖြုန်းမခံလိုကြပေ။

ကျန့်ဖုန်း၏ စကားကြောင့် လူများစွာမှာ ရှက်သလို ခံစားလိုက်ရသည်။ သူတို့မှာ စစ်ပွဲတာဝန် ရသည်နှင့် ကုန်သွယ်ရေးဗဟိုဌာနသို့ အပြေးလာကာ စုထားသမျှ ဂုဏ်ထူးဆောင်အမှတ်များဖြင့် တက်ကြွစွာ ဝယ်ယူချင်နေကြသော်လည်း ကျန့်ဖုန်း၏ အဖွဲ့သားများမှာမူ တည်ငြိမ်စွာ ကျင့်ကြံနေနိုင်ကြဆဲ ဖြစ်သည်။

ကျန့်ဖုန်းက အဘယ်ကြောင့် အသစ်တက်လာသော အဖွဲ့များထဲတွင် အထူးချွန်ဆုံး ဖြစ်နေရသနည်းဆိုသည်မှာ မေးနေစရာ မလိုတော့ပေ။

"ဦးလေးငယ်... ကျွန်တော်တို့နဲ့ အတူတူ သွားကြရအောင်လား"

ကျန့်ဖုန်း တစ်ယောက်တည်းဖြစ်နေသည်ကို မြင်သောအခါ ယန်ဝမ်ကျောက်က ဖိတ်ခေါ်လိုက်သည်။

"အဆင်မပြေဖြစ်မှာ စိုးလို့"

ကျန့်ဖုန်းက အနည်းငယ် တွန့်ဆုတ်နေသည်။

သူ ဝယ်စရာ ကိရိယာတွေက အများကြီး ဖြစ်နေပြီး တခြားသူတွေနဲ့ တိုက်မိခိုက်မိ ဖြစ်မှာကို စိုးရိမ်နေသည်။ ထို့ပြင် သူ၏ ကြွယ်ဝချမ်းသာမှုက ဤလူများကို စိတ်ဒြပ်စင်ကျသွားစေမှာကိုလည်း သူ စိုးရိမ်မိသည်။

အဘယ်ကြောင့်ဆိုသော် ရှေ့ရှိ အဖွဲ့လေးဖွဲ့၏ စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ်မှာပင် သူ တစ်ယောက်တည်းထက် သေချာပေါက် မသာနိုင်ကြောင်း သူ ယုံကြည်နေသောကြောင့် ဖြစ်သည်။

"ဦးလေးငယ်ကလည်း အားနာနေပြန်ပြီ၊ ကျွန်တော်တို့ ကုန်သွယ်ရေးဗဟိုဌာနရဲ့ ဒုတိယထပ်ကို ပထမဆုံးအကြိမ် လာတာဆိုတော့ သိပ်မသိသေးဘူး၊ ဦးလေးငယ်က လမ်းပြပေးတယ်လို့ပဲ သဘောထားလိုက်ပါ"

ယန်ဝမ်ကျောက်က စကားကို ပါးပါးနပ်နပ် ပြောလိုက်သည်။ စကားက ဤအဆင့်အထိ ရောက်လာသဖြင့် ကျန့်ဖုန်းလည်း ထပ်ပြီး ငြင်းမနေတော့ဘဲ ယန်ဝမ်ကျောက်နှင့် အခြားသူများကို ခေါ်ကာ ပတ်ကြည့်ပေးလိုက်သည်။

လုံဟောက်ချန်နှင့် အခြားသူများသည်လည်း သူတို့၏ အဖွဲ့နှင့် ကျန့်ဖုန်းအဖွဲ့ကြားရှိ ကွာခြားချက်မှာ အတိအကျ မည်မျှရှိသနည်းဆိုသည်ကို စူးစမ်းလိုနေကြပြီး ဂုဏ်ထူးဆောင်အမှတ်များဖြင့် တိုင်းတာကြည့်ချင်နေကြသည်။

အရင်တစ်ခေါက် တာဝန်မှ ရရှိမှုများ၊ လင်ရှင်း၏ လောင်းကစားဝိုင်းမှ ရရှိမှုနှင့် သူရဲကောင်းအဆင့် နံပါတ် ၈ အဖွဲ့ထံမှ နိုင်ခဲ့သော ဂုဏ်ထူးဆောင်အမှတ် ၁၀၀,၀၀၀ တို့ကြောင့် လုံဟောက်ချန်၏ အဖွဲ့မှာ အလွန်ပင် ချမ်းသာကြွယ်ဝနေပြီး အချို့ဝါရင့်အဖွဲ့များထက်ပင် ပိုမိုချမ်းသာနေပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ကျန့်ဖုန်း၏ နံပါတ် ၂၁ အဖွဲ့ကို ကျော်တက်သွားနိုင်ပြီဟုပင် ယုံကြည်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း ဂုဏ်ထူးဆောင်အမှတ် ၂၀၀,၀၀၀ ကျော် ပိုင်ဆိုင်နိုင်သည့် အဖွဲ့မှာ မရှိသလောက် ရှားသောကြောင့် ဖြစ်သည်။

ကျန့်ဖုန်းသည် ကိရိယာအရောင်းဆိုင်သို့ ရောက်လာရာ ပြီးခဲ့သည့်တစ်ခေါက်က ဝန်ထမ်းကပင် သူ့ကို နှုတ်ဆက်လိုက်သည်။

"လေးစားရတဲ့ နတ်ဆိုးအမဲလိုက်သူ... ဘာများ လိုအပ်ပါသလဲ"

ကျန့်ဖုန်းက ပြောလိုက်သည်။

"အရင်တစ်ခေါက်က ခမ်းနားထည်ဝါသောအဆင့် ကိရိယာတွေထဲက ချပ်ဝတ်တန်ဆာနဲ့ ဓားအမြွှာ နှစ်စုံ ပေးပါ၊ ပြီးတော့ အမှောင်ဒြပ်စင်၊ ရေခဲဒြပ်စင်နဲ့ အလင်းဒြပ်စင်ရှိတဲ့ ခမ်းနားထည်ဝါသောအဆင့်နဲ့ အထက် လက်နက်ကိရိယာတွေ အကုန်လုံးကို လိုချင်ပါတယ်"

ကျန့်ဖုန်း၏ ဘေးရှိ ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

ဦးလေးငယ် ကိရိယာဝယ်တာက ဟင်းရွက်ဝယ်သလိုပဲ။

မကြာမီ ဝန်ထမ်းသည် ထူထဲသော စာအုပ်တစ်အုပ်ကို ယူလာပြီး ကျန့်ဖုန်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော ကိရိယာများအားလုံးကို မှတ်သားပေးလိုက်သည်။ ထို့နောက် အတွင်းခန်းသို့သွားကာ ခမ်းနားထည်ဝါသောအဆင့် ကိရိယာများကို ရှာဖွေလေသည်။

ခမ်းနားထည်ဝါသောအဆင့် ကိရိယာများမှာ မဟာမိတ်အဖွဲ့၏ စံပြကိရိယာများဖြစ်ပြီး ဈေးကြီးသော်လည်း အမြောက်အမြား ထုတ်လုပ်နိုင်သဖြင့် ပစ္စည်းပြတ်လပ်ခြင်း မရှိပေ။ ကျန့်ဖုန်းသည် စာအုပ်ထဲရှိ မှတ်သားထားသော ကိရိယာများကို လှန်ကြည့်နေသည်။

ဆီးဆီးနှင်းခဲ: ခမ်းနားထည်ဝါသောအဆင့် ဓားရှည်။ ဓားသွားမှာ သွယ်လျပြီး ရေခဲပုံဆောင်ခဲများဖြင့် ပြုလုပ်ထားသကဲ့သို့ နုနယ်သည်။

အမှောင်ညဥ့်ယံ၏ တံစဉ်: ခမ်းနားထည်ဝါသောအဆင့် ကိရိယာ၊ လုပ်ကြံသတ်ဖြတ်သူနှင့် စစ်သည် နှစ်မျိုးလုံး အသုံးပြုနိုင်သည်။

ကျန့်ဖုန်း အံ့အားသင့်သွားသည်။ အရင်တစ်ခေါက်က ဝယ်မရခဲ့သော ကိရိယာများကို အခု ဒီလို လွယ်လွယ်ကူကူ ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ဆက်ဖတ်လိုက်သည်။

တောက်လောင်နေသော အရှင်သခင်ဓား: ခမ်းနားထည်ဝါသောအဆင့် အထွတ်အထိပ် ကိရိယာ၊ ဒဏ္ဍာရီအဆင့်သို့ အဆင့်တက်နိုင်သော အလားအလာ ရှိသည်။ (ကျန့်ဟောက်အတွက် ကိရိယာကို ရှာတွေ့သွားခြင်း)

အလင်း၏ စီရင်ချက်: လေးရှည်၊ ခမ်းနားထည်ဝါသောအဆင့် ကိရိယာ။ အလင်းဒြပ်စင်ရှိသော မည်သည့်ပညာရှင်မဆို အသုံးပြုနိုင်သည်။

ဒါကို မြင်သောအခါ ကျန့်ဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။ ရှားပါးသော လေးအမျိုးအစား လက်နက်ဖြစ်ပြီး အလင်းဒြပ်စင်လည်း ရှိနေသည်။ ဒါကို မယူလျှင် သူ မှားပေလိမ့်မည်။

ကျန့်ဖုန်းသည် ရှင်းယွဲ့မြို့ကိုယ်စားပြုကာ နတ်ဆိုးအမဲလိုက်အဖွဲ့ ရွေးချယ်ပွဲတွင် ဝင်ပြိုင်စဉ်က မြို့တော်ဝန်၏ လက်နက်တိုက်မှ မှော်အဆင့် လေးတစ်လက် ရခဲ့ဖူးသည်။ နောက်ပိုင်း မြှားကုန်သွားခြင်းနှင့် သူ၏ ကျင့်ကြံမှု မြင့်တက်လာခြင်းတို့ကြောင့် ၎င်းကို အသုံးမပြုတော့ဘဲ ပစ်ထားခဲ့ခြင်း ဖြစ်သည်။

အခု လေးတစ်လက်နှင့် ပြန်ဆုံသောအခါ သူ အနည်းငယ် စိတ်ဝင်စားသွားသည်။ ဘာပဲဖြစ်ဖြစ် ဈေးမကြီးသလို သူကလည်း ပိုက်ဆံမရှားပေ။

လုံဟောက်ချန်၊ ယန်ဝမ်ကျောက်၊ သွမ့်ယီနှင့် အခြားသူများသည် ကျန့်ဖုန်း၏ ဘေးတွင် ဝိုင်းအုံကာ စာအုပ်လှန်နေသည်ကို တိတ်တိတ်ကလေး ကြည့်နေကြသည်။

ကျန့်ဖုန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ တဖြည်းဖြည်း ပေါ်လာသည်ကို မြင်သောအခါ ကျန့်ဖုန်းသည် သင့်တော်သော ကိရိယာများကို ရှာတွေ့သွားပြီဟု သူတို့ ယုံကြည်လိုက်ကြသည်။

မကြာမီ ဝန်ထမ်းသည် ကျန့်ဖုန်း လိုအပ်သော ခမ်းနားထည်ဝါသော မြင့်မြတ်ချပ်ဝတ်တန်ဆာ နှစ်စုံနှင့် ဓားရှည် လေးလက်ကို ယူဆောင်လာသည်။

ကျန့်ဖုန်းသည် စာအုပ်ကို ဝန်ထမ်းထံ ပြန်ပေးလိုက်ပြီး သူ ဝိုင်းထားသော ကိရိယာများကို တစ်ခုချင်းစီ လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဒီမှာ ဝိုင်းထားတဲ့ ကိရိယာတွေ အကုန်လုံး ငါ ယူမယ်"

ကျန့်ဖုန်း၏ အသံမှာ တည်ငြိမ်လှသော်လည်း လုံဟောက်ချန်နှင့် အခြားသူများ၏ ရင်ထဲတွင်မူ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

အဲဒါ ကိရိယာ ဘယ်နှစ်ခုတောင်လဲ။ ကျန့်ဖုန်းက သူတစ်ယောက်တည်းအတွက် ဝယ်နေတာလား ဒါမှမဟုတ် တစ်ဖွဲ့လုံးအတွက်ပါ ဝယ်နေတာလား။

အခန်း (၁၇၃) - ဟန်ဆောင်ပြရန် ဖိအားပေးခံရခြင်း (၁)

ကျန့်ဖုန်း၏ရှေ့ရှိ ကောင်တာပေါ်တွင် သူရဲကောင်းအသုံးအဆောင်များသာ ပြည့်နှက်နေပြီး သူစာအုပ်ထဲတွင် မှတ်သားထားသော အခြားကိရိယာများကို လူများက မမြင်ရသဖြင့် သံသယဝင်လာကြခြင်းမှာ သဘာဝပင်ဖြစ်သည်။

"ဦးလေးငယ်... ဘာလို့ ပြစ်ဒဏ်ပေးသူရဲကောင်းကိရိယာ နှစ်စုံတောင် ဝယ်ရတာလဲ"

ယန်ဝမ်ကျောက်က လူတိုင်း သိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။

သို့သော် ကျန့်ဖုန်းက ချက်ချင်းမရှင်းပြဘဲ အနည်းငယ်ပြုံးကာ "အချိန်တန်ရင် မင်းတို့ သိလာပါလိမ့်မယ်" ဟုသာ ပြောလိုက်သည်။

ကျန့်ဖုန်းသည် ယန်ဝမ်ကျောက်၊ လုံဟောက်ချန်၊ သွမ့်ယီနှင့် လီရှင်းတို့ ပြစ်ဒဏ်ပေးသူရဲကောင်း လေးဦးအား ရှင်းပြလိုက်သည်။

"ဒီ ခမ်းနားထည်ဝါသောအဆင့်ကိရိယာတွေက မဟာမိတ်အဖွဲ့က အမြောက်အမြား ထုတ်လုပ်ထားတဲ့ သူရဲကောင်းအသုံးအဆောင်တွေပဲ၊ ကာကွယ်ရေးသူရဲကောင်းအစုံမှာတော့ ခမ်းနားထည်ဝါသော မြင့်မြတ်ဒိုင်း တစ်ခုပါမယ်၊ အမြောက်အမြား ထုတ်တာဆိုပေမဲ့ ခမ်းနားထည်ဝါသောအဆင့်တွေထဲမှာတော့ တော်တော်လေး ကောင်းမွန်တဲ့အထဲ ပါတယ်လို့ ကျွန်တော် ထင်တယ်။ အဆင့် ၅၊ အဆင့် ၆နဲ့ အဆင့် ၇ အထိတောင် သုံးလို့ရတယ်"

"ဒါပေမဲ့ အဆင့် ၇ ရောက်ရင်တော့ ကျွန်တော်တို့ သူရဲကောင်းဘုရားကျောင်းဌာနချုပ်ကို သွားပြီး မစ်သရယ် အခြေခံ ချပ်ဝတ်တန်ဆာ ကို ရယူတာ အကောင်းဆုံးပဲ။ စစ်ဆေးမှုကို အောင်မြင်တာနဲ့ အလကားရတာ၊ ပိုက်ဆံပေးစရာ မလိုဘူး"

လုံဟောက်ချန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ ခမ်းနားထည်ဝါသောအဆင့် ကိရိယာများကို သူတို့ အလိုရှိကြသည်မှာ မှန်သော်လည်း သူတို့၏ ဂုဏ်ထူးဆောင်အမှတ်က တစ်စုံလုံးကို တစ်ခါတည်း ဝယ်ရန် ခွင့်မပြုပေ။

လုံဟောက်ချန်ကတော့ ဝယ်နိုင်ကောင်း ဝယ်နိုင်လိမ့်မည် ဖြစ်သော်လည်း ယန်ဝမ်ကျောက်၊ သွမ့်ယီနှင့် လီရှင်းတို့အတွက်မူ အနည်းငယ် ခက်ခဲပေလိမ့်မည်။

မစ်သရယ်အခြေခံ ချပ်ဝတ်တန်ဆာမှာ ဒဏ္ဍာရီအဆင့်ကိရိယာ ဖြစ်ရုံသာမက သူရဲကောင်းတစ်ဦး၏ မြင့်မြတ်သော ဂုဏ်သိက္ခာကိုလည်း ကိုယ်စားပြုသည်။ မစ်သရယ် ပလ္လင် သူရဲကောင်း မဖြစ်ချင်သော သူရဲကောင်းဟူ၍ မရှိပေ။

သေချာသည်မှာ ကျန့်ဖုန်းနှင့် လုံဟောက်ချန်ကဲ့သို့ ထူးချွန်သော လူငယ်သူရဲကောင်းများအတွက် မစ်သရယ်အခြေခံ ချပ်ဝတ်တန်ဆာမှာ နောက်ဆုံးပန်းတိုင် မဟုတ်ပေ။

သူတို့၏ နောက်ဆုံးပန်းတိုင်မှာ သူရဲကောင်းတစ်ဦး၏ အမြင့်ဆုံးဂုဏ်ထူးဖြစ်သော နတ်ဘုရားချိပ်ပိတ်ပလ္လင်၏ အသိနံပါတ်ပြုမှုကို ရယူကာ နတ်ဘုရားချိပ်ပိတ်သူရဲကောင်းဖြစ်လာရန် ဖြစ်သည်။

ကျန့်ဖုန်းသည် ခမ်းနားထည်ဝါသော မြင့်မြတ်ဓား တစ်လက်ကို ကိုင်မြှောက်ကာ မိတ်ဆက်ပေးလိုက်သည်။

"ခမ်းနားထည်ဝါသောမြင့်မြတ်ဓား - ပြစ်ဒဏ်ပေးသူရဲကောင်းရဲ့ အဆင့် ၆ အထွေထွေကျွမ်းကျင်မှုဖြစ်တဲ့ ဓားသွားမုန်တိုင်း ပါဝင်တယ်၊ ချက်ချင်း အသက်သွင်းနိုင်ပြီး ဝိညာဉ်စွမ်းအား ၅၀၀ ကုန်ဆုံးမယ်၊ ဈေးနှုန်းက ဂုဏ်ထူးဆောင်အမှတ် ၂၀,၀၀၀ ပဲ"

ထို့နောက် သူသည် ခမ်းနားထည်ဝါသော မြင့်မြတ်ချပ်ဝတ်တန်ဆာကို လက်နှစ်ဖက်ဖြင့် မကာ ဆက်လက်ရှင်းပြသည်။

"ခမ်းနားထည်ဝါသော မြင့်မြတ်ချပ်ဝတ်တန်ဆာ - ကာကွယ်ရေးသူရဲကောင်းရဲ့ အဆင့် ၆ ကျွမ်းကျင်မှုဖြစ်တဲ့ မြင့်မြတ်ဝိညာဉ်အစောင့်အရှောက် ပါဝင်တယ်၊ ချက်ချင်း အသက်သွင်းနိုင်ပြီး ဝိညာဉ်စွမ်းအား ၃၀၀ ကုန်ဆုံးမယ်၊ အစုံလိုက် ကျွမ်းကျင်မှုဖြစ်တဲ့ ခမ်းနားထည်ဝါမှု - ခမ်းနားထည်ဝါသောအဆင့် ကိရိယာနှစ်ခုကို တစ်ပြိုင်တည်း ဝတ်ဆင်ထားရင် ကျွမ်းကျင်မှုတွေအတွက် ကုန်ဆုံးတဲ့ ဝိညာဉ်စွမ်းအားကို သုံးပုံတစ်ပုံ လျှော့ချပေးပြီး ကျွမ်းကျင်မှုစွမ်းအားကို သုံးပုံတစ်ပုံ တိုးမြှင့်ပေးတယ်၊ ဈေးနှုန်းက ၂၀,၀၀၀ ပဲ"

ကျန့်ဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံဟောက်ချန်သည် စိတ်လှုပ်ရှားသွားသည်။

နံပါတ် ၂၂ နတ်ဆိုးအမဲလိုက်အဖွဲ့တွင် ဂုဏ်ထူးဆောင်အမှတ် နှစ်သိန်းကျော် ရှိရာ အဖွဲ့ဝင်တစ်ဦးစီကို ခမ်းနားထည်ဝါသောအဆင့် ကိရိယာ တစ်ခု သို့မဟုတ် နှစ်ခု ဝယ်ပေးရန် လုံလောက်သည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် မိမိကိုယ်တိုင်အတွက် မစဉ်းစားမီ သူ၏ အဖွဲ့ဝင်များအတွက် သင့်တော်သော ကိရိယာများကို အရင်ဝယ်ပေးသင့်သည်ဟု သူခံစားလိုက်ရသည်။

ယန်ဝမ်ကျောက်၊ သွမ့်ယီနှင့် လီရှင်းတို့သည် အလိုရှိနေကြသော်လည်း ဝယ်မဝယ်ဆိုသည်ကို သူတို့၏ အဖွဲ့ဝင်များနှင့် အရင်တိုင်ပင်ရဦးမည် ဖြစ်သည်။

"ဦးလေးငယ်... ဦးလေးငယ်တို့အဖွဲ့မှာ ဂုဏ်ထူးဆောင်အမှတ် ဘယ်လောက်တောင် ရှိနေတာလဲ၊ အခုတွေ့ရတဲ့ ကိရိယာတွေရဲ့ တန်ဖိုးတင် တစ်သိန်းကျော်နေပြီ"

ယန်ဝမ်ကျောက်က မမေးဘဲ မနေနိုင်တော့ပေ။

သူသည် သူ၏ ဦးလေးငယ်နှင့် အဖွဲ့တစ်ဖွဲ့တည်း ဖြစ်ချင်နေမိသည်။ ကျန့်ဖုန်းကိုသာ အားကိုးချင်နေမိသည်။ ကျန့်ဖုန်းမှာလည်း သူကဲ့သို့ပင် သူရဲကောင်းတစ်ဦး ဖြစ်နေသည်မှာ နှမြောစရာပင်။

ဤအချိန်တွင် ယန်ဝမ်ကျောက်သည် လုံဟောက်ချန်၏ ဘေးရှိ ဟန်ယွီကို မြင်လိုက်ရသောအခါ စိတ်ထဲမှ တောင့်တမိသွားသည်။

ငါသာ ကြိုသိခဲ့ရင် ဦးလေးငယ်ဆီမှာ လက်အောက်ခံသူရဲကောင်းအဖြစ် စာချုပ်ချုပ်ပြီး သူ့နောက်ပဲ လိုက်ခဲ့မှာ။

အကယ်၍သာ ထိုသို့ဆိုလျှင် ခမ်းနားထည်ဝါသောအဆင့် ကိရိယာ တစ်စုံလုံး ရမည့်အပြင် ကိုယ်ခန္ဓာအားတိုးဆေးများကိုလည်း အလကား ရနေမည် ဖြစ်သည်။ သူ တကယ်ကို အားကျမိသည်။

"အဲဒါက..."

ကျန့်ဖုန်းသည် ဤမေးခွန်းကို ဖြေရန် အနည်းငယ် ခက်ခဲနေသည်။ နောက်ဆုံးတော့ ယန်ဝမ်ကျောက်က သူ့တူအရင်း မဟုတ်သော်လည်း တူကဲ့သို့ ခင်မင်ရသူ ဖြစ်သည်။ မဖြေဘဲနေလျှင်လည်း စိမ်းကားရာ ရောက်မည်။ ဖြေလိုက်လျှင်လည်း သူတို့၏ သိက္ခာ ထိခိုက်သွားမည်ကို စိုးရိမ်ရသည်။

ကျန့်ဖုန်းက ပြောလိုက်သည်။

"ခန့်မှန်းကြည့်လေ"

ယန်ဝမ်ကျောက်က သူ၏ အတွေးကို အမြင့်ဆုံးအထိ ချဲ့ကားကြည့်ပြီး စမ်းသပ်မေးမြန်းလိုက်သည်။

"သုံးသိန်းလား"

နည်းလွန်းတာပေါ့ဟု ကျန့်ဖုန်း စိတ်ထဲမှ တွေးလိုက်သော်လည်း မျက်နှာတွင်မူ အံ့အားသင့်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"မင်း ခန့်မှန်းတာ အရမ်းမှန်တာပဲ"

"ဟူး..."

လေပူများကို မှုတ်ထုတ်လိုက်သံများ ထွက်ပေါ်လာသည်။

ယန်ဝမ်ကျောက်လည်း အလွန် အံ့အားသင့်သွားသည်။ သူက အမြင့်ဆုံး ဖြစ်နိုင်ခြေကို ခန့်မှန်းခဲ့ခြင်း ဖြစ်သော်လည်း ဦးလေးငယ်တွင် တကယ်ပင် သုံးသိန်းရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ ပင်ပင်ပန်းပန်း ရှာဖွေထားသော ဂုဏ်ထူးဆောင်အမှတ် သောင်းဂဏန်းနှင့် နှိုင်းယှဉ်ပါက သူနှင့် ဦးလေးငယ်ကြားရှိ ကွာဟချက်မှာ ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

သူတို့နှစ်ဦးလုံးမှာ အသစ်တက်လာသော အဖွဲ့များဖြစ်ကြပြီး ဦးလေးငယ်က သူ့ထက်ပင် ငယ်သေးသည်။ ယန်ဝမ်ကျောက်သည် အလွန် စိတ်ဓာတ်ကျသွားသည်။

လုံဟောက်ချန်၏ အဖွဲ့တွင်လည်း နှစ်သိန်းကျော် ရှိနေသည်ကို သူ သိခဲ့ပါက သူသည် လူတောမတိုးချင်တော့လောက်အောင် ဖြစ်သွားပေလိမ့်မည်။

ဦးလေးငယ်ကို မယှဉ်နိုင်သည်မှာ သူ လက်ခံနိုင်သော်လည်း လုံဟောက်ချန်ကိုပါ မယှဉ်နိုင်ခြင်းမှာမူ သူ ခံရခက်လှပေလိမ့်မည်။

မကြာမီ ဝန်ထမ်းသည် ကျန်ရှိသော ကိရိယာ လေးခုကို တစ်ခုချင်းစီ ယူလာပေးသည်။

ဆီးနှင်းခဲ (Frost): ဂုဏ်ထူးဆောင်အမှတ် ၂၀,၀၀၀။

အမှောင်ညဥ့်ယံ၏ တံစဉ်: ဂုဏ်ထူးဆောင်အမှတ် ၂၅,၀၀၀။

တောက်လောင်နေသော အရှင်သခင်ဓား: ဂုဏ်ထူးဆောင်အမှတ် ၄၅,၀၀၀။

အလင်း၏ စီရင်ချက်: ဂုဏ်ထူးဆောင်အမှတ် ၃၂,၀၀၀။

ခမ်းနားထည်ဝါသောအဆင့် ကိရိယာ နှစ်စုံနှင့်ပေါင်းလိုက်ပါက စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ် နှစ်သိန်းလေးသောင်း (၂၄၀,၀၀၀) ဖြစ်သည်။

၎င်းတို့အနက် ဈေးအကြီးဆုံးမှာ ကျန့်ဟောက်အတွက် ဝယ်ထားသည့် တောက်လောင်နေသော အရှင်သခင်ဓား ဖြစ်ပြီး ဂုဏ်ထူးဆောင်အမှတ် ၄၅,၀၀၀ တန်ဖိုးရှိရာ ကျန့်ဖုန်း ဝယ်ဖူးသမျှထဲတွင် ဈေးအကြီးဆုံး ကိရိယာဟု ဆိုနိုင်သည်။

သို့သော် ၎င်းသည် ဒဏ္ဍာရီအဆင့်သို့ တက်လှမ်းနိုင်သော အလားအလာ ရှိသည်ဟု ဆိုထားသည်။ အကယ်၍ ၎င်းကို ကျန့်ဟောက်၏ နဂါးမီးလျှံဖြင့် ပြုပြင်နိုင်ပါက တကယ်ပင် ဒဏ္ဍာရီအဆင့် ဖြစ်လာနိုင်ရာ ၎င်းမှာ အမြတ်ပင် ဖြစ်သည်။

ကျန့်ဖုန်းသည် ကိရိယာများကို တစ်ခုချင်းစီ သိမ်းဆည်းလိုက်ပြီး နှစ်သိန်းလေးသောင်းကို ပျော်ရွှင်စွာ ပေးချေလိုက်သည်။ ထို့နောက် ကုန်သွယ်ရေးဗဟိုဌာနကို ဆက်လက် လှည့်ပတ်ကြည့်ရှုသည်။

ပြီးခဲ့သည့်တစ်ခေါက်က သူသည် ဖန်းလီအတွက် ဝတ်ရုံတစ်ခုသာ ဝယ်ပေးနိုင်ခဲ့ပြီး အမှောင်နှင်တံကို ရှာမတွေ့ခဲ့သဖြင့် အမြဲ နောင်တရနေခဲ့သည်။

ဗဟိုဌာန၏ တရားဝင်ဆိုင်များတွင်လည်း အမှောင်ဒြပ်စင်ရှိသော နှင်တံများကို မတွေ့ရပေ။ ၎င်းမှာ အမှောင်ဒြပ်စင်ရှိသော မှော်ဆရာ အလွန်နည်းပါးသောကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော် ကျန့်ဖုန်းမှာ အလျှော့မပေးလိုပေ။ ကျန့်ဖုန်း၏ ကိုယ်ပွားများ အပါအဝင် အဖွဲ့ဝင်အားလုံးမှာ ခမ်းနားထည်ဝါသောအဆင့် ကိရိယာများ အပြည့်အစုံ ရှိနေကြရာ ဖန်းလီကို တစ်ယောက်တည်း ချန်ထား၍ မရပေ။

နောက်ဆုံးတွင် ကျန့်ဖုန်းသည် ဒုတိယထပ် တစ်ခုလုံးကို ရှာဖွေပြီးနောက် ထောင့်တစ်နေရာရှိ နတ်ဆိုးအမဲလိုက်သူ တစ်ဦး၏ ဆိုင်ခန်းတွင် နက်မှောင်သော နှင်တံတစ်ခုကို တွေ့ရှိသွားသည်။

အခန်း (၁၇၄) - ဟန်ဆောင်ပြရန် ဖိအားပေးခံရခြင်း (၂)

"လူငယ်လေး... စိတ်ဝင်စားလို့လား"

ဆိုင်ရှင်မှာ ထွားကျိုင်းသော ထိပ်ပြောင်လူကြီးတစ်ဦးဖြစ်ပြီး ခန့်ညားသော မျက်နှာပေါ်တွင် အမာရွတ်သုံးကြောင်းရှိရာ ကြည့်ရသည်မှာ ကြောက်စရာကောင်းပြီး ခက်ထန်ပုံရသည်။

သို့သော် သူသည် လူသားမျိုးနွယ်အတွက် နတ်ဆိုးနယ်မြေတွင် အသက်စွန့်တိုက်ခိုက်ခဲ့သော ဝါရင့် နတ်ဆိုးအမဲလိုက်သူ တစ်ဦး ဖြစ်ပေလိမ့်မည်။

ကျန့်ဖုန်းက မေးလိုက်သည်။

"စီနီယာ... ဒီကိရိယာအကြောင်း မိတ်ဆက်ပေးပါဦး"

ထိပ်ပြောင်လူကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည်။

"ငါ ဒီဆိုင်ဖွင့်ထားတာ လဝက်ရှိပြီ၊ အခုမှပဲ ငါ့ပစ္စည်းကို စိတ်ဝင်စားတဲ့သူ ပေါ်လာတော့တယ်"

"ငါ ပြောပြမယ်၊ ဒီကိရိယာရဲ့ အဆင့်က ဒဏ္ဍာရီအဆင့်နဲ့ အလွန် နီးစပ်တယ်၊ အမှောင်ဒြပ်စင် ပါနေလို့သာ ဘယ်သူမှ စိတ်မဝင်စားကြတာ၊ ဒီနှင်တံရဲ့ အမည်က အမှောင်နှင်တံ ပဲ၊ ခမ်းနားထည်ဝါသောအဆင့် အထွတ်အထိပ် ပစ္စည်းပေါ့၊ သူ့မှာ ပါတဲ့ ကျွမ်းကျင်မှုက ဆင့်ခေါ်ခြင်းတံခါးဖြစ်ပြီး အဆင့် ၆ အောက်က နတ်ဆိုးသားရဲတွေကို ချက်ချင်း ဆင့်ခေါ်နိုင်တယ်၊ ပြီးတော့ မှော်မန္တန်ရွတ်ဖတ်တဲ့ အချိန်ကိုလည်း ၂၀ ရာခိုင်နှုန်း လျှော့ချပေးတယ်"

ထိုလူက ရှင်းပြသည်။

ကျန့်ဖုန်းသည် ကျေနပ်သွားသော်လည်း မျက်နှာကို တည်ငြိမ်စွာထားလျက် မေးလိုက်သည်။

"အကျိုးသက်ရောက်မှုက မဆိုးပါဘူး၊ စီနီယာ... ဒါကို ဂုဏ်ထူးဆောင်အမှတ် ဘယ်လောက်နဲ့ ရောင်းမှာလဲ"

"နှစ်သောင်းငါးထောင်"

ထိုလူကြီးက လေးနက်စွာဖြင့် ပြောသည်။

"ဒီကိရိယာကို ရဖို့ ငါတို့ နတ်ဆိုးနယ်မြေထဲမှာ အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့ရတာ၊ အရင်းအနှီး အများကြီး ပေးခဲ့ရတယ်"

"ကောင်းပါပြီ၊ နှစ်သောင်းငါးထောင်နဲ့ ယူမယ်"

ကျန့်ဖုန်းသည် ချက်ချင်း ပေးချေလိုက်ပြီး အမှောင်နှင်တံကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ယန်ဝမ်ကျောက်က အပြေးအလွှားလာကာ ပြောသည်။

"ဦးလေးငယ်... ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ဝယ်လိုက်တာလဲ၊ ဈေးနည်းနည်းလောက် ဆစ်လို့ရတာပဲကို၊ အမှောင်ဒြပ်စင်ရှိတဲ့ နှင်တံတွေက ဒီမှာ ရောင်းရခက်တာ၊ သူ ဈေးမလျှော့ပေးဘဲ မနေပါဘူး"

ကျန့်ဖုန်းက အနည်းငယ်ပြုံးပြီး ဆိုလိုက်သည်။

"စကားတွေ အများကြီး မပြောချင်လို့၊ ပြီးတော့ ဈေးက သိပ်လည်း မကြီးပါဘူး"

လေးသောင်းသုံးထောင်တန် အရှင်သခင်ဓားကိုပင် ဝယ်ထားသဖြင့် နှစ်သောင်းငါးထောင်တန် နှင်တံမှာ သူ့အတွက် မများလှပေ။ ဂုဏ်ထူးဆောင်အမှတ် ခုနစ်သိန်းကျော်ရှိသော ကျန့်ဖုန်းအတွက် နှစ်သောင်းငါးထောင်မှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်သည်။

ကျန့်ဖုန်းသည် ယခုတစ်ခေါက် လာရကျိုးနပ်သွားပြီ ဖြစ်သဖြင့် ယန်ဝမ်ကျောက်တို့ကို နှုတ်ဆက်ကာ ဗီလာသို့ ပြန်ရန် ပြင်လိုက်သည်။ အခြားသူများ၏ အကြည့်များအောက်တွင် ယန်ဝမ်ကျောက်က ကျန့်ဖုန်းအား မေးလိုက်သည်။

"ဦးလေးငယ်... အရင်တစ်ခေါက်က ပြောခဲ့တာကို မှတ်မိသေးလား"

"အရင်တစ်ခေါက် ဟုတ်လား"

ကျန့်ဖုန်း သတိရသွားပြီး မေးလိုက်သည်။

"ကိုယ်ခန္ဓာအားတိုးဆေးလား၊ မင်းတို့ဆီမှာ နတ်ဆိုးအလောင်းတွေ ပါလာလို့လား"

"ပါတယ်၊ ပါတယ်"

ယန်ဝမ်ကျောက်က အလောတကြီး ပြောလိုက်သည်။

ကျန့်ဖုန်းသည် လူတိုင်းကို ကွင်းပြင်တစ်ခုသို့ ခေါ်သွားပြီး ဆိုလိုက်သည်။

“အကုန်လုံး ထုတ်ပြပါဦး"

ယန်ဝမ်ကျောက်သည် သူ၏ လက်စွပ်ထဲမှ အလောင်းများကို အရင်ဆုံး ထုတ်လိုက်သည်။

အဆင့် ၅ နတ်ဆိုး ၃၅ ကောင်၊ အဆင့် ၆ နတ်ဆိုး ၁၃ ကောင်။

လုံဟောက်ချန်၏ ဘက်တွင်မူ လင်ရှင်းက သူ၏ ပတ္တမြားသိုလှောင်လက်စွပ်ကို ထုတ်လိုက်သည်။ ဝိညာဉ်စွမ်းအား ထည့်သွင်းလိုက်ပြီးနောက် တောင်ပုံရာပုံ နတ်ဆိုးအလောင်းများ ထွက်ပေါ်လာသည်။

အဆင့် ၅ နတ်ဆိုး ၆၅ ကောင်၊ အဆင့် ၆ နတ်ဆိုး ၂၀ နှင့် အဆင့် ၇ နတ်ဆိုး ၂ ကောင်။

အဆင့် ၇ နတ်ဆိုးအလောင်းများကို မြင်သောအခါ ကျန့်ဖုန်းသည် လုံဟောက်ချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အဆင့် ၆သို့ တက်လှမ်းတော့မည့် လုံဟောက်ချန်သည် အဆင့် ၇ နတ်ဆိုးကို သတ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။

လုရှီးနှင့် သွမ့်ယီတို့ကလည်း သူတို့အဖွဲ့များ စုဆောင်းထားသော အလောင်းများကို ထုတ်ပြကြရာ လုံဟောက်ချန်လောက် မများသော်လည်း ပမာဏမှာ မနည်းလှပေ။

ထို့ပြင် ထိုအဖွဲ့လေးဖွဲ့လုံး၏ အလောင်းများတွင် မှော်အမြုတေများ ပါရှိကြသည်။ (လုံဟောက်ချန်၏ အဆင့် ၇ နတ်ဆိုးနှစ်ကောင်မှလွဲ၍)

အဆင့် ၇ နတ်ဆိုး၏ အမြုတေများကိုမူ လုံဟောက်ချန်၏ အဖော်သားရဲ ဟောက်ယွဲ့က စားသုံးလိုက်ပုံရသည်။

နတ်ဆိုးအလောင်း အမြောက်အမြားကို မြင်သောအခါ ကျန့်ဖုန်းသည် ခေါင်းအနည်းငယ် ခဲသွားသည်။

ထိုစဉ်က လွယ်လွယ်ကူကူ ကတိပေးခဲ့သော်လည်း ယခုတော့ အလုပ်ရှုပ်တော့မည်။

သူ၏ လက်စွပ်ထဲတွင်ပင် မဖော်စပ်ရသေးသော အဆင့် ၅ အလောင်း တစ်ရာကျော် ရှိနေပြီး ယခု အလောင်း နှစ်ရာခန့် ထပ်တိုးလာသည်။

ဒါတွေကို ဆေးဖော်ဖို့ တစ်နှစ်လောက် ကြာလိမ့်မည်။ ထို့ပြင် မကြာမီ စစ်ပွဲတာဝန် သွားရတော့မည်ဖြစ်ရာ အလောင်းများမှာ တောင်ပုံရာပုံ ထပ်တိုးလာဦးမည် ဖြစ်သည်။

ကျန့်ဖုန်းသည် လက်ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးအလောင်းများအားလုံး သူ၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်သွားသည်။

သူက လုံဟောက်ချန်နှင့် အခြားသူများကို ပြောလိုက်သည်။

"လောလောဆယ် ငါ့ဆီမှာ အဆင့် ၇ ကိုယ်ခန္ဓာအားတိုးဆေး ပဲ ရှိသေးတယ်၊ အဆင့် ၅နဲ့ အဆင့် ၆ ဆေးတွေကိုတော့ စစ်ပွဲတာဝန် ပြီးမှပဲ မင်းတို့နဲ့ ရှင်းတော့မယ်"

ထိုသို့ပြောပြီး ကျန့်ဖုန်းသည် အဆင့် ၇ ဆေး ၄ လုံးပါသော ကျောက်စိမ်းပုလင်းငယ်ကို လုံဟောက်ချန်အား ပေးလိုက်သည်။

"ဒါက မင်းရဲ့ အဆင့် ၇ နတ်ဆိုးအလောင်း နှစ်လောင်းအတွက် ဆေးလုံးတွေပဲ”

ဤမြင်ကွင်းကို မြင်သောအခါ ယန်ဝမ်ကျောက်နှင့် အခြားသူများမှာ အလွန် အားကျသွားကြပြီး တစ်စုံတစ်ဦးက တံတွေးမြိုချလိုက်သံကိုပင် ကျန့်ဖုန်း ကြားလိုက်ရသည်။

အဆင့် ၇ ဆေး တစ်လုံးသည် ပြင်ပဝိညာဉ်စွမ်းအား ၅၀၀ တိုးပေးနိုင်ပြီး ကုန်သွယ်ရေးဗဟိုဌာနတွင် ဂုဏ်ထူးဆောင်အမှတ် ၁၀,၀၀၀ တန်ဖိုးရှိသည်။

ဆိုလိုသည်မှာ လုံဟောက်ချန်သည် ဂုဏ်ထူးဆောင်အမှတ် ၂၀,၀၀၀ တန်ဖိုးရှိသော အလောင်းနှစ်လောင်းကို ပေးပြီး ဂုဏ်ထူးဆောင်အမှတ် ၄၀,၀၀၀ တန်ဖိုးရှိသော ဆေးလုံးများကို ကျန့်ဖုန်းထံမှ ရရှိသွားခြင်း ဖြစ်သည်။

၎င်းက လုံဟောက်ချန်ကို စိတ်လှုပ်ရှားစေပြီး သူသည် ကျန့်ဖုန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျန့်ဖုန်းသာ မရှိပါက ဤဆေးလုံးများဝယ်ရန် သူတို့အဖွဲ့၏ ဂုဏ်ထူးဆောင်အမှတ် အများအပြား ကုန်ဆုံးသွားပေလိမ့်မည်။

"အစ်ကိုကျန့်... နောက်ကျ ကျွန်တော် ကူညီပေးနိုင်တာရှိရင် အားမနာဘဲ ပြောပါ"

လုံဟောက်ချန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။

ကျန့်ဖုန်းက ခေါင်းညိတ်ပြပြီး အဖွဲ့ခေါင်းဆောင် လေးဦးကို ပြောလိုက်သည်။

"စစ်ပွဲတာဝန် ပြီးရင် ငါ့ဆီမှာ ဆေးလာယူဖို့ မမေ့နဲ့ဦး"

ထို့နောက် ကျန့်ဖုန်းသည် ယန်ဝမ်ကျောက်၏ အနားသို့ လာကာ သူ၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"ကြိုးစားထား"

ယန်ဝမ်ကျောက်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူသည် လုံဟောက်ချန်၏ လက်ထဲရှိ ပုလင်းငယ်ကို အားကျစွာ ကြည့်နေစဉ်မှာပင် သူ၏ ပုခုံးပေါ်မှနေ၍ အင်္ကျီလက်ထဲသို့ အရာတစ်ခု လျှောကျလာသည်ကို ခံစားလိုက်ရသည်။

ယန်ဝမ်ကျောက်သည် ချက်ချင်းပင် ဖမ်းဆုပ်လိုက်ရာ ပုလင်းပုံစံ အရာဝတ္ထုတစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲသွားသော်လည်း မျက်နှာကိုမူ မနည်း ထိန်းထားလိုက်ရသည်။

ကျန့်ဖုန်းသည် ပြုံးလျက် ထွက်ခွာလာခဲ့သည်။ သူ ယန်ဝမ်ကျောက် အနားသို့ ကပ်သွားစဉ်က အဆင့် ၇ ဆေးလုံး ၆ လုံးပါသော ပုလင်းငယ်လေးကို တိတ်တဆိတ် ပေးခဲ့ခြင်း ဖြစ်သည်။

သူ၏ တူအရင်းကဲ့သို့ ခင်ရသူဖြစ်သဖြင့် ကျန့်ဖုန်းက သူ့ကို ပိုမို စောင့်ရှောက်ပေးလိုခြင်း ဖြစ်သည်။ ဆေး ၆ လုံးမှာ ကျန့်ဖုန်းအတွက် ဘာမှမဟုတ်သော်လည်း ယန်ဝမ်ကျောက်အတွက်မူ သူ၏ အဖွဲ့အင်အားကို များစွာ တိုးတက်စေမည် ဖြစ်သည်။

ကျန့်ဖုန်းသည် ဤအဖွဲ့ လေးဖွဲ့ကို ကောင်းစွာ စောင့်ရှောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအဖွဲ့များသည် နတ်ဆိုးများနှင့် ဖြစ်ပွားမည့် မဟာစစ်ပွဲကြီးတွင် လူသားမျိုးနွယ်၏ အဓိက ထောက်တိုင်များ ဖြစ်လာကြမည် ဖြစ်သောကြောင့် ဖြစ်သည်။

ကျန့်ဖုန်း ဗီလာသို့ ပြန်ရောက်သောအခါ ကောင်တာပေါ်တွင် ကိရိယာများကို တင်လိုက်သည်။ ၎င်းက အဖွဲ့ဝင်များကို မှင်တက်သွားစေသည်။

သူတို့သည် ကျန့်ဖုန်း၏ စီးပွားရေးလုပ်ငန်းများကို မသိကြသဖြင့် ဤမျှများပြားသော ဂုဏ်ထူးဆောင်အမှတ်များ ဘယ်ကရကြောင်း နားမလည်နိုင် ဖြစ်နေကြသည်။

"ဘော့စ်... ခင်ဗျား ကုန်သွယ်ရေးဗဟိုဌာနကို ဓားပြတိုက်လာတာလား"

ယောင်လီက အံ့အားသင့်စွာ မေးလိုက်သည်။

"အားလုံးပဲ ကိုယ့်ပစ္စည်းကိုယ်ယူပြီး ရင်းနှီးအောင် လုပ်ထားကြပါ၊ နောက်သုံးရက်နေရင် ငါတို့ ထွက်ခွာကြမယ်"

ကျန့်ဖုန်းက အမိန့်ပေးလိုက်သည်။

ကျန်းရှင်းရန်အတွက် ဆီးနှင်းခဲ၊ ဖန်းလီအတွက် အမှောင်ညဥ့်ယံ၏ တံစဉ်နှင့် အမှောင်နှင်တံ၊ မုရုံရှန်းအာအတွက် အလင်း၏ စီရင်ချက်၊ ကျန့်ဟောက်အတွက် တောက်လောင်နေသော အရှင်သခင်ဓား တို့ကို အသီးသီး ခွဲဝေပေးလိုက်သည်။

သုံးရက်အကြာတွင် သူတို့သည် ကျန်းနန်ခံတပ်သို့ ထွက်ခွာကြမည် ဖြစ်သည်။

ကျန့်ဖုန်းသည် သူ၏ အဖွဲ့သားများကို စိတ်အေးလက်အေး နားနားနေနေ နေစေချင်သည်။ အဆက်မပြတ် ကျင့်ကြံနေခြင်းက စိတ်ကို ပင်ပန်းစေနိုင်သောကြောင့် ဖြစ်သည်။

ကျန့်ဖုန်းနှင့် ကျန်းရှင်းရန်တို့သည်လည်း သူတို့၏ အခန်းသို့ ပြန်ကာ အနားယူလိုက်ကြလေသည်။

အခန်း (၁၇၅) - ထပ်ကြွားကြတာပေါ့ (၁)

သုံးရက်ကြာပြီးနောက်...

နတ်ဆိုးအမဲလိုက်အဖွဲ့ ဗီလာအပြင်ဘက်၌ နံနက်ခင်းအလင်းရောင်သည် ညင်သာစွာ ကျရောက်နေသည်။ မြင်းရထား ၄၃ စီးသည် စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တစ်ခုကို စောင့်ကြိုနေသည့် သစ္စာရှိအစောင့်အကြပ်များကဲ့သို့ တိတ်ဆိတ်စွာ ရပ်တန့်နေကြသည်။

မြင်းရထားအများစုပေါ်တွင် သူတို့၏ အဆင့်အတန်းများကို နံပါတ်များဖြင့် ထင်ရှားစွာ မှတ်သားထားသည်။

စစ်သည်အဆင့် ၄ စီး၊ ဗိုလ်အဆင့် ၁၀ စီး၊ စစ်သေနာပတိအဆင့် ၂၂ စီးနှင့် ဘုရင်အဆင့် ၄ စီးတို့ ဖြစ်ကြသည်။

အထင်ရှားဆုံးမှာ ရှေ့ဆုံးတွင် ဂုဏ်ယူစွာ ရပ်တန့်ထားသော နံပါတ်အသားမပါသည့် မြင်းရထား ၃ စီးဖြစ်ပြီး ၎င်းတို့သည် တောက်ပသော ကြယ်ပွင့်များကဲ့သို့ နက်နဲပြီး မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

ဤစစ်ပွဲတာဝန်သည် နတ်ဆိုးအမဲလိုက်အဖွဲ့ ၄၃ ဖွဲ့ကို စုစည်းပေးခဲ့ခြင်းဖြစ်ရာ ၎င်းမှာ ဘုရားကျောင်း မဟာမိတ်အဖွဲ့ သမိုင်းတွင် အလွန်ရှားပါးသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ အထူးချွန်ဆုံး လူငယ် ၂၀၀ ကျော်မှာ နတ်ဆိုးများနှင့် အသက်လုတိုက်ပွဲများမှတစ်ဆင့် တက်လှမ်းလာခဲ့ကြသော ပညာရှင်များ ဖြစ်ကြသည်။

သူတို့သည် အဆင့် ၄ မှ အဆင့် ၉ အထိ ကျင့်ကြံခြင်းလမ်းခရီးတွင် အစွမ်းကုန်သွေးထားသော ထက်မြက်သည့် ဓားများကဲ့သို့ ဖြစ်ကြပြီး မဟာမိတ်အဖွဲ့၏ အခိုင်မာဆုံးသော ဒေါက်တိုင်များ ဖြစ်ကြသည်။

နံပါတ် ၂၁ ဗိုလ်အဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့ဝင်များသည် စွန့်စားခန်းထွက်တော့မည့် သူရဲကောင်းများကဲ့သို့ သူတို့အတွက် သတ်မှတ်ထားသော မြင်းရထားကို အမြန်ရှာဖွေကာ တစ်ဦးပြီးတစ်ဦး တက်သွားကြသည်။ မြင်းရထားအတွင်းရှိ လေထုမှာ တိတ်ဆိတ်ပြီး ဖိအားပေးနေသကဲ့သို့ ခံစားရကာ လူတိုင်းသည် ဤတာဝန်၏ အသေးစိတ်အချက်အလက်များကို ခန့်မှန်းနေကြသည်။

ကျန့်ဖုန်း တစ်ဦးတည်းသာလျှင် ယခုတစ်ခေါက် သူတို့သည် အန္တရာယ်များလှသော ကျန်းနန်ခံတပ်သို့ ဦးတည်နေကြောင်း ကြိုတင်သိနေသည်။

ကျန်းနန်ခံတပ်မှာ လက်ရှိတွင် မုန်တိုင်းထဲမှ လှေငယ်တစ်စင်းကဲ့သို့ ဖြစ်နေသည်။ အကယ်၍ ဘုရားကျောင်းခြောက်ခုမှ အချိန်မီ စစ်ကူမပို့နိုင်ခဲ့ပါက ၎င်းမှာ နတ်ဆိုးတပ်ဖွဲ့ကြီး၏ ဝါးမြိုခြင်းကို ခံရပြီး ပြန်လမ်းမရှိသော အမှောင်တွင်းထဲသို့ ကျရောက်သွားခဲ့ပြီး ဖြစ်သည်။

ဤနတ်ဆိုးအမဲလိုက်အဖွဲ့ ၄၃ ဖွဲ့နှင့်အတူ တိုက်ပွဲဝင်မည့်သူများမှာ ဘုရားကျောင်း မဟာမိတ်အဖွဲ့၏ တိုက်ရိုက်လက်အောက်ခံ အထူးတပ်ဖွဲ့တစ်ခု ဖြစ်သည်။ သူတို့၏ အရေအတွက်မှာ ၅,၀၀၀ ခန့်သာ ရှိသော်လည်း သူတို့၏ အစွမ်းမှာ အိပ်ပျော်နေသော ခြင်္သေ့ကဲ့သို့ ဖြစ်ပြီး နိုးထလာသည်နှင့် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေမည်ဖြစ်သည်။

သူတို့အနက် သူရဲကောင်းဘုရားကျောင်း၏ စစ်ကူတပ်မှာ အတော်ဆုံးဖြစ်ပြီး အစွမ်းထက်လှသော သူရဲကောင်းချုပ် ဟန်စစ် ကိုယ်တိုင် ဦးဆောင်သည့် သူရဲကောင်းအဖွဲ့ ဖြစ်သည်။ ဤသူရဲကောင်း ၁၀၀ လုံးမှာ အဆင့် ၇ နှင့် အထက် ပညာရှင်များဖြစ်ကြပြီး အားလုံးမှာ မစ်သရယ်ပလ္လင်သူရဲကောင်း များ ဖြစ်ကြသည်။ သူတို့သည် သူရဲကောင်းဘုရားကျောင်း၏ တကယ့် ပင်မအင်အားစု ဖြစ်သည်။

ဤမျှအစွမ်းထက်သော စစ်ကူများကို ကြည့်ခြင်းအားဖြင့် ကျန်းနန်ခံတပ် ရင်ဆိုင်နေရသော အကျပ်အတည်းမှာ အသက်ရှူရခက်လောက်အောင် ကြီးမားနေကြောင်း သိသာလှသည်။

သူရဲကောင်းဘုရားကျောင်းမှ သူရဲကောင်းချုပ် ဟန်စစ်သည် ဤစစ်ဆင်ရေး၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။ နတ်ဆိုးအမဲလိုက်အဖွဲ့ ၄၃ ဖွဲ့နှင့် ဘုရားကျောင်းခြောက်ခုမှ ပညာရှင် ၅,၀၀၀ ကျော်တို့မှာ သူ၏ အမိန့်ကို စည်းကမ်းရှိသော စစ်သားများကဲ့သို့ နာခံကြသည်။

မဟာမိတ်အဖွဲ့၏ နှလုံးသားဖြစ်သော မြင့်မြတ်မြို့တော်သည် ပထဝီဝင်အနေအထားအရ အချက်အချာကျပြီး အဓိကခံစစ်မြို့များအားလုံးသို့ အကွာအဝေးမှာ တူညီလုနီးပါး ရှိသည်။ ၎င်းမှာ အရေးပေါ်အခြေအနေများတွင် စစ်ကူများကို အမြန်ဆုံး ပို့ဆောင်နိုင်ရန် စနစ်တကျ ဒီဇိုင်းဖော်ထားသကဲ့သို့ပင်။

စစ်တပ်ကြီးသည် နဂါးတစ်ကောင် ပြေးလွှားနေသကဲ့သို့ ကိုးရက်တိုင်တိုင် အရှိန်အဟုန်ဖြင့် ခရီးနှင်ခဲ့သည်။

ကျန့်ဖုန်းနှင့် အခြားသူများသည် ကျန်းနန်ခံတပ်နှင့် မိုင်တစ်ရာခန့်အကွာသို့ ရောက်ရှိလာသည်။ ဤအချိန်တွင် လေထုထဲ၌ လေးလံသော ဖိအားများ ပြည့်နှက်နေသဖြင့် အသက်ရှူရသည်မှာ ခက်ခဲလာသည်။

မိုင်တစ်ရာခန့် အကွာမှပင် ကျန်းနန်ခံတပ်ဘက်မှ တက်လာသော မီးခိုးလုံးကြီးများကို လူတိုင်း မြင်နေရသည်၊ ၎င်းမှာ စစ်နတ်ဆိုးကြီး၏ လက်သည်းများကဲ့သို့ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်းနှင့် အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း သတိပေးနေသည်။

ဟန်စစ်သည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချပြီး အရှိန်အပြည့်ဖြင့် ချီတက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင် စံပြအဖြစ် ဦးဆောင်ကာ သူရဲကောင်းအဖွဲ့၊ ဘုရင်အဆင့်အဖွဲ့ ၄ ဖွဲ့နှင့် ဆန်းကြယ်သော မြင်းရထား ၃ စီးမှ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ကျန်းနန်ခံတပ်သို့ မြှားတစ်စင်းကဲ့သို့ အမြန်ဆုံး ထွက်ခွာသွားသည်။

"ခေါင်းဆောင်... ရှေ့ဆုံးက မြင်းရထား ၃ စီးက ဘယ်အဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့တွေလို့ ထင်လဲ"

ယောင်လီက စပ်စုတတ်သော ကလေးတစ်ဦးကဲ့သို့ မေးလိုက်သည်။

ကျန့်ဖုန်း မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီး ပြန်ဖြေသည်။

"ဘုရင်အဆင့်ရဲ့ ရှေ့မှာဆိုတော့ သေချာပေါက် ဧကရာဇ်အဆင့် ဖြစ်မှာပေါ့၊ ဘွဲ့တံဆိပ်ရ အဖွဲ့တွေကတော့ ဒီမှာ ရှိဖို့ မဖြစ်နိုင်ဘူး၊ မင်း သိလား မဟာမိတ်အဖွဲ့ တစ်ခုလုံးမှာ ဘွဲ့တံဆိပ်ရအဖွဲ့ ၂ ဖွဲ့ပဲ ရှိတယ်။ တစ်ဖွဲ့က နတ်ဆိုးနတ်ဘုရားကျဆုံးခြင်း လို့ ခေါ်ပြီး တခြားတစ်ဖွဲ့ကတော့ မိုးကိုးထပ်မှ မာန်မာနဖြင့် ငုံ့ကြည့်ခြင်း လို့ ခေါ်တယ်။ ဒီအဖွဲ့က အရမ်း ထူးခြားတယ်၊ ငါတောင် သိပ်မကြားဖူးဘူး၊”

“နောက်ပိုင်း လူသားနဲ့ နတ်ဆိုးတွေကြား မဟာစစ်ပွဲကြီး မဖြစ်ပွားခင်မှာ နတ်ဆိုးဧကရာဇ်က နတ်ဆိုးနတ်ဘုရားတွေကို ဦးဆောင်ပြီး ဒီဒဏ္ဍာရီလာအဖွဲ့ နှစ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့တာ၊ ဘွဲ့တံဆိပ်ရအဖွဲ့တွေက အရေးကြီးဆုံး တာဝန်တွေကိုပဲ လုပ်ဆောင်လေ့ရှိပြီး သာမန်အချိန်တွေမှာ မပေါ်လာတတ်ကြဘူး၊ ဥပမာ နတ်ဆိုးနတ်ဘုရားကျဆုံးခြင်း အဖွဲ့ဆိုရင် သူတို့ရဲ့ ဂုဏ်ထူးဆောင်အမှတ်တွေက တိုင်းတာလို့တောင် မရတော့ဘူး၊ သူတို့က အသက် ၃၀၀ ကျော်နေကြပြီဖြစ်ပြီး နတ်ဆိုးဧကရာဇ်ကို ထိန်းချုပ်ဖို့ဆိုတဲ့ ခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်နေကြတုန်းပဲ"

"ဧကရာဇ်အဆင့်"

ယောင်လီက အားကျစိတ်ဖြင့် လျှာသပ်ကာ ပြောလိုက်သည်။

"အိုး... ငါတို့ကော ဘယ်တော့မှ အဲဒီလို အဖွဲ့ဝင်တွေ ဖြစ်လာမှာပါလိမ့်"

ကျန့်ဖုန်း၏ နှုတ်ခမ်းတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်လုံးများမှာ တောက်လောင်နေသော မီးလျှံများကဲ့သို့ ဖြစ်နေသည်။

"အဲဒီနေ့က သေချာပေါက် မဝေးတော့ဘူး၊ လုံဟောက်ချန်ရဲ့ အဖွဲ့ကို ကြည့်လိုက်၊ နောင်ကျရင် သူတို့က စစ်သေနာပတိအဆင့်ကနေ ဘွဲ့တံဆိပ်ရအဖွဲ့ဆီကို တိုက်ရိုက် ခုန်တက်သွားမှာ၊ ငါ့အမြင်အရ ဘွဲ့တံဆိပ်ရအဖွဲ့ဖြစ်ဖို့ အမြန်ဆုံးနည်းလမ်းက နတ်ဆိုးနတ်ဘုရား ၃ ပါးကို သတ်တာ ဒါမှမဟုတ် ထိပ်တန်း နတ်ဆိုးနတ်ဘုရား ၃၆ ပါးထဲက တစ်ပါးကို သတ်တာပဲ”

“စဉ်းစားကြည့်လေ၊ အဆင့် ၇ ပဲ ရှိသေးတဲ့ လုံဟောက်ချန်တောင် အဆင့် ၆ အဖော်တွေနဲ့အတူ အဆင့် ၇၂ ရှိတဲ့ အန်ဒူမာလီကို သတ်နိုင်ရင် ငါ ကျန့်ဖုန်းက ဘာလို့ မရရမှာလဲ၊ ငါတို့အဖွဲ့က စစ်သေနာပတိအဆင့် ဖြစ်ဖို့ သိပ်မဝေးတော့ဘူး၊ ကျန်းရှင်းရန်၊ ယောင်လီ၊ မုရုံရှန်းအာနဲ့ ဖန်းလီတို့ အဆင့် ၆ ရောက်တာနဲ့ အဆင့်မြှင့်ဖို့ ငါ စီစဉ်ထားတယ်၊ လိုအပ်တဲ့ ဂုဏ်ထူးဆောင်အမှတ် ၁၀၀,၀၀၀ ဆိုတာ ငါ့အတွက်တော့ မုန့်စားသလောက်ပဲ၊ ငါ့ဆီမှာ အခုတောင် ၄၈၀,၀၀၀ ရှိနေတာ၊ အဆင့်မြှင့်ဖို့ စစ်ဆေးမှုကလည်း ငါတို့အဖွဲ့အတွက် အေးဆေးပဲ”

“အကယ်၍ အဲဒီစစ်ဆေးမှုကိုတောင် မအောင်ရင်တော့ တို့ဖူးနဲ့ ခေါင်းတိုက်သေလိုက်တာ ပိုကောင်းလိမ့်မယ်၊ ငါတို့အားလုံးက ခမ်းနားထည်ဝါသောအဆင့် ကိရိယာတွေ အပြည့်ဝတ်ထားသလို ပြင်ပဝိညာဉ်စွမ်းအားကလည်း ၄,၀၀၀ တောင် ရှိနေတာ၊ အဆင့် ၆ ပညာရှင်တွေကို ရင်ဆိုင်ရတာက ပုရွက်ဆိတ်ကို ဖိသတ်သလောက် မလွယ်ပေမဲ့ သေချာပေါက် နိုင်မှာပဲ"

"နောက်ဆုံးတော့ စစ်ပွဲစပြီ"

ယောင်လီက ကစားစရာသစ် ရထားသော ကလေးတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားနေသည်။ အခြားအဖွဲ့ဝင်များကလည်း သူတို့၏ လက်သီးများကို ဆုပ်လိုက်ကြပြီး မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများကို မဖုံးဖိနိုင် ဖြစ်နေကြသည်။ ပြီးခဲ့သည့် သုံးလတာ ကျင့်ကြံမှုမှာ သူတို့အတွက် အပြောင်းအလဲ ဖြစ်သွားစေခဲ့ပြီး သူတို့၏ အစွမ်းမှာ များစွာ တိုးတက်လာခဲ့သည်။

ယခုအချိန်တွင် သူတို့မှာ လှောင်အိမ်ထဲမှ လွှတ်ပေးလိုက်သော ကျားသစ်များကဲ့သို့ ရန်သူကို သွားရောက် တိုက်ခိုက်ရန် အားသန်နေကြပြီ ဖြစ်သည်။

All Chapters