← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း ၂၀၁ - ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကို ပြန်လည်သန့်စင်ခြင်း၊

ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံသည် ဝူယွမ်၏ လက်ထဲတွင် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင် တုန်ခါမှုများကို ထုတ်လွှတ်နေခဲ့သည်။

ဝူယွမ်က ထိုမြေပုံအတွင်းမှ အလွန်အမင်း အားကောင်းသော ပိတ်ဆို့ခြင်း စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။

“တကယ်ကို အတော်လေး ပြည့်စုံတဲ့ မူလချိတ်ပိတ်ခြင်းရူန်း တစ်ခုပါလား”

ဝူယွမ်သည် အစီအရင်မြေပုံကို အံ့အားသင့်စွာ ကြည့်ရှုရင်း တအံ့တဩ ရေရွတ်လိုက်မိသည်။ ဤသည်မှာ ဝါးမျိုခြင်းဘိုးဘေးအဆောင်မှလွဲလျှင် သူမြင်ဖူးသမျှထဲတွင် အပြည့်စုံဆုံး မူလရူန်းပင်ဖြစ်သည်။

ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ၏ အနှစ်သာရမှာ မူလချိတ်ပိတ်ခြင်းရူန်းပင် ဖြစ်ရာ ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် အသေးစိတ် စစ်ဆေးကြည့်သောအခါ ထိုရူန်း၏ ပြည့်စုံမှုနှုန်းမှာ ကိုးဆယ်ရာခိုင်နှုန်းနီးပါးအထိ ရှိနေကြောင်း တွေ့လိုက်ရသည်။

ထို့အပြင် ၎င်းတွင် ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် ဆင်တူသော အချက်တစ်ချက်လည်း ရှိနေလေသည်။

ထိုအချက်က ရူန်းကို ထည့်သွင်းထားသော ပစ္စည်းမှာ အလွန်ထူးခြားပြီး ရူန်း၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ဝူယွမ် ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ဖြင့် ရေးဆွဲထားသော မူလချိတ်ပိတ်ခြင်းရူန်းထက် အများကြီး ပိုအားကောင်းနေခဲ့သည်။

“ဒီအပေါ်မှာ အခြေခံပြီး ငါသာ ချိတ်ပိတ်ခြင်းရူန်းကို ပြည့်စုံအောင် လုပ်နိုင်ရင်၊ ချိတ်ပိတ်ခြင်းဘိုးဘေးအဆောင် တစ်ခုများ ပေါ်ထွက်လာနိုင်မလား။”

ဝူယွမ် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ဤကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ ကိုယ်တိုင်မှာပင် စင်ကြယ်သော ယွမ်ရတနာ တစ်ခုဖြစ်ပြီး ဘိုးဘေးအဆောင် အဆင့်ရှိသော နတ်ဘုရားလက်နက်များနှင့် သိပ်မကွာလှပေ။

“အရင်ဆုံး သန့်စင်လိုက်မယ်၊ ပြီးမှ စမ်းကြည့်တာပေါ့။”

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံက သူ၏လက်ထဲတွင် တိုးတက်ပြောင်းလဲရန် လမ်းစတစ်ခု ရရှိသွားပြီ ဖြစ်သည်။

ဝူယွမ်က ချက်ချင်းပင် ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ကာ စတင်သန့်စင်လိုက်သည်။ ယခုအခါ သူက ကောင်းကင်အဆောင်သခင် အဆင့် ခုနှစ် သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအင်မှာ ရုပ်လုံးဖော်နိုင်သည်အထိ အားကောင်းနေသဖြင့် ဤစင်ကြယ်သော ယွမ်ရတနာကို သန့်စင်ရန်မှာ သိပ်မခက်ခဲချေ။

“ဟင်။”

သန့်စငနေရင်း ဝူယွမ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံအတွင်းမှ အနက်ရောင် ဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များနောက်သို့ လိုက်ကာ သူ၏ နီဝမ်နယ်ပယ်အတွင်းသို့ အတင်းအဓမ္မ တိုးဝင်သွားသည်။

“မင်းက ဘယ်သူလဲ။ ခိုးကြောင်ခိုးဝှက်နဲ့ အစီအရင်မြေပုံထဲမှာ ပုန်းနေတာလား။”

ဝူယွမ်က သူ၏ နီဝမ်နယ်ပယ်အတွင်းသို့ ချက်ချင်း အာရုံစိုက်လိုက်ပြီး လျင်မြန်စွာပင် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ သူ၏ နီဝမ်နယ်ပယ်အတွင်းသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခြင်းခံရသည့် အဖြစ်အပျက်မှာ ဝူယွမ်အတွက် ပထမဆုံးအကြိမ် မဟုတ်သဖြင့် အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှု ပြန်လည်ရရှိသွားသည်။

ထို့နောက်ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာ စုစည်းလာပြီး ဤထူးဆန်းသော အနက်ရောင် ဝိညာဉ်ကို သတိထား၍ စောင့်ကြည့်နေလိုက်သည်။

“ဟီးဟီးဟီး။”

“ကလေး၊ ငါ မင်းကို အထင်သေးခဲ့မိတာပဲ။ မင်းဆီမှာ စင်ကြယ်တဲ့ ယွမ်ရတနာ ရှိနေရုံတင်မကဘူး၊ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကိုတောင် နှိမ်နင်းထားနိုင်တယ်ပေါ့။ ဒါပေမဲ့ ကံဆိုးတာက မင်းရဲ့ သက်တမ်းက ဒီမှာပဲ ကုန်ဆုံးတော့မယ်။ မင်းဆီမှာ ရှိသမျှ အရာအားလုံးက အခုကစပြီး ငါ့အပိုင်ပဲ။”

ထိုဝိညာဉ်က ဝူယွမ်၏ ကံကြမ္မာကို သူ ဆုံးဖြတ်ပြီးသားဟု ထင်မှတ်ကာ ဝမ်းသာအားရ လှောင်ရယ်လိုက်သည်။

“အနောက်ရွှမ်ပြည်နယ်က ကျန်းကျုံး... ခင်ဗျားလား။” ဝူယွမ်က အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။

“ဟားဟား၊ မမျှော်လင့်ထားဘူး မဟုတ်လား… ငါ့ရဲ့ ဝိညာဉ်က လွတ်မြောက်သွားပြီး ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံထဲမှာ ပုန်းနေခဲ့တာ။ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကို ထိန်းချုပ်ထားတဲ့ ငါ့မှာ ဒီလို အသက်ဆက်ရှင်နိုင်မယ့် နည်းလမ်း မရှိဘူးလို့ မင်းထင်နေတာလား..”

“ကလေး၊ မင်း အံ့ဩမသွားဘူးလား။ ငါတို့ အနောက်ရွှမ်ပြည်နယ်ရဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့ အစီအစဉ်ကြီးကို ဖျက်ဆီးခဲ့တဲ့သူက မင်းပဲ… ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ အတော်လေး ကောင်းမွန်ပါတယ်၊ အဲဒါကို လျော်ကြေးအဖြစ် သဘောထားလိုက်မယ်၊ မင်းရဲ့ နောက်ဘဝမှာတော့ အရှေ့ရွှမ်ပြည်နယ်ကို ထပ်ပြီး ရွေးမလာနဲ့တော့”

ကျန်းကျုံးက သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသဖြင့် အလွန်အမင်း ဝမ်းသာနေပြီး ဝူယွမ်ကို လှောင်ပြောင်နေခဲ့သည်။ မူလက သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့ရသဖြင့် နာကျည်းချက်များ ပြည့်နှက်နေသော်လည်း အစီအရင်မြေပုံထဲသို့ ဝင်ရောက်ပြီးနောက် ဝူယွမ်၏ ပါရမီကို သိရှိသွားချိန်တွင် သူ ဝမ်းမနည်းတော့ပေ။ ထိုအစား ဤသည်မှာ သူ၏ အခွင့်အရေးဖြစ်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးဟု သူ ခံစားလိုက်ရသည်။

ဝူယွမ်၏ ပါရမီမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ခန္ဓာကိုယ် ခွန်အား၊ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့အားလုံး မည်သည့် အားနည်းချက်မှ မရှိဘဲ အလွန်အစွမ်းထက်နေလေသည်။ ထိုမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ပြည်ထောင်တစ်ရာတိုက်ပွဲတွင် ချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်ရာ သူက ဝူယွမ်၏ ခန္ဓာကိုယ်ကို ကြည့်ရင်း အလွန်ပင် ကျေနပ်နေမိသည်။ ထို့အပြင် ဝူယွမ်၏ လက်ထဲတွင် ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံထက် ပိုအားကောင်းသည့် စင်ကြယ်သော ယွမ်ရတနာလည်း ရှိနေသေးသည်။

“ခင်ဗျားရဲ့ ခံစားချက်ကို ငါနားလည်ပေးနိုင်ပါတယ်.. ဒါပေမဲ့ ခင်ဗျား ပျောနေရတာ နည်းနည်း မစောလွန်းဘူးလား၊” ဝူယွမ်က ကိုယ်ချင်းစာသလို ပြောလိုက်သည်။

သူ၏ နီဝမ်နယ်ပယ်အတွင်းသို့ နောက်ဆုံး ဝင်ရောက်လာခဲ့သော ဝိညာဉ်ကို သူ သတိရသွားမိသည်။ ထိုသူသည်လည်း အစပိုင်းတွင် အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်ကို မက်မောခဲ့သည်။

သို့သော် နောက်ဆုံးတွင် ထိုဝိညာဉ်သည် အာဟာရတစ်ခု ဖြစ်သွားပြီး ဝူယွမ်ကို ကောင်းကင်အဆောင်သခင် အဆင့်တစ်သို့ ရောက်ရှိအောင် ကူညီပေးခဲ့ရရုံသာ ဖြစ်သွားခဲ့သည်။

“မင်းက ကောင်းကင်အဆောင်သခင် အဆင့် ခုနှစ် တစ်ယောက်ပဲ ရှိသေးတာ၊ ငါ့ကို ဘာနဲ့ တိုက်ခိုက်မှာလဲ..” ကျန်းကျုံးက မထီမဲ့မြင် ပြောလိုက်လေသည်။

သူက ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ရာ ခန္ဓာကိုယ် မရှိသော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ နိဗ္ဗာန်အဆင့်သာရှိသေးသော ကောင်လေးတစ်ယောက် ခံနိုင်ရည်ရှိမည့် အရာမဟုတ်ပေ။ သူ မည်သို့ ရှုံးနိမ့်နိုင်မည်ကို သူ စိတ်ကူး၍ပင် မရချေ။

“ဒီလောက်တောင် ပြောနေမှတော့၊ စမ်းကြည့်လိုက်ရင် သိမှာပေါ့” ဝူယွမ်၏ အသံတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

ကျန်းကျုံးက ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုနေသော်လည်း တကယ်တမ်းတွင်မူ လက်လှမ်းရန် တွန့်ဆုတ်နေပြီး သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဝူယွမ်၏ နီဝမ်နယ်ပယ်ကို အဆက်မပြတ် စမ်းသပ်နေခဲ့ကာ ဝူယွမ်ကို အလွန်ပင် သတိထားနေဆဲ ဖြစ်ကြောင်း ထင်ရှားလှသည်။

သို့သော် ဝူယွမ်၏ နီဝမ်နယ်ပယ်က ယခင်ကနှင့် မတူတော့သည်မှာ ဝမ်းနည်းစရာပင်။

သူ၏ ကစဉ်ကလျားသန္ဓေသားပေါ်တွင် ပုံရိပ်‌ေယာင်ရူန်းများ၊ ဆွဲငင်အားရူန်းများ စသည်တို့ကို တစ်စိတ်တစ်ပိုင်း ရေးထိုးထားပြီးသားဖြစ်ကာ ကျန်းကျုံး၏ ဝိညာဉ်စွမ်းအားမှာ ထိုနေရာတွင် လမ်းပျောက်နေရုံသာမက နှိမ်နင်းခြင်း ခံထားရသည်။

“ဟမ့်၊ မင်းကို သနားစရာကောင်းတဲ့ အခြေအနေနဲ့ အသနားခံတာကို မြင်ချင်လို့ စောင့်နေတာပါ၊ မင်းက ဒီလောက်တောင် သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်မယ်” ကျန်းကျုံးက အေးစက်စွာ နှာခေါင်းရှုံ့ရင်း အော်ဟစ်လိုက်သည်။

“ဝိညာဉ်မုန်တိုင်း။”

အနက်ရောင် ဝိညာဉ်စွမ်းအားများသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ရုတ်တရက် လည်ပတ်လာပြီး နီဝမ်နယ်ပယ်တစ်ခုလုံးကို တိုက်စားရန် ပြင်လိုက်သည်။

“ကလေး၊ မင်းမှာ လျှို့ဝှက်ချက်တချို့ ရှိနေတာ ငါသိပါတယ်။ ဒါပေမဲ့ အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ ဘာမှ အရေးမပါဘူး။ ငါ့ရဲ့ ဝိညာဉ်မုန်တိုင်းက မင်းရဲ့ ဝိညာဉ်စွမ်းအင် အားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖျက်ဆီးပစ်နိုင်တယ်။”

ရုတ်တရက် ဖြစ်ပေါ်လာသော ဝိညာဉ်မုန်တိုင်းကို ကြည့်ရင်း ဝူယွမ်မှာ တုန်လှုပ်ခြင်း မရှိဘဲ ဆက်လက်၍သာ အားပေးနေခဲ့သည်။ “ဒါဆိုရင်လည်း ခင်ဗျား အစွမ်းကုန် ကြိုးစားကြည့်ဦးလေ၊ ငါကတော့ ခင်ဗျာူရဲ့ ဖျော်ဖြေမှုကို ထိုင်ကြည့်နေမယ်”

ဝူး... ဝူး... ဝူး...

နီဝမ်နယ်ပယ်အတွင်း၌ အနက်ရောင် ဝိညာဉ်မုန်တိုင်းမှာ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ထောင့်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။

ဝူယွမ်၏ ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအင်များမှာ အစအနများအဖြစ်သို့ လွင့်စင်သွားလေသည်။ သို့သော် အဓိက အနှစ်သာရ ဖြစ်သော ကစဉ်ကလျားသန္ဓေသားမှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ ကျန်ရှိနေခဲ့သည်။

“ဒါက ဘာကြီးလဲ။ မင်းရဲ့ နီဝမ်နယ်ပယ်ထဲမှာ ဘာလို့ ဒီလို ထူးဆန်းတဲ့ အရာရှိနေတာလဲ။” ကျန်းကျုံးက နောက်ဆုံးတွင် ကစဉ်ကလျားသန္ဓေသား၏ တည်ရှိမှုကို တွေ့ရှိသွားပြီး ထိတ်လန့်တကြား ပြောဆိုလိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအားမှာ ထိုအရာကို လုံးဝ မလှုပ်ခတ်နိုင်ပေ။

“သိချင်လား။ အထဲကို ဝင်လာပြီး ကြည့်လိုက်လေ။” ဝူယွမ်က ရယ်မောလိုက်ပြီးနောက် ကစဉ်ကလျားသန္ဓေသားပေါ်ရှိ ဝါးမျိုခြင်းရူန်းကို စတင်လည်ပတ်လိုက်ရာ ချက်ချင်းပင် နက်မှောင်သော စုပ်ယူအားကောင်းသည့် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကြီးမားသော ဝါးမျိုခြင်းစွမ်းအားမှာ နီဝမ်နယ်ပယ် တစ်ခုလုံးကို ပြည့်နှက်သွားပြီး ကျန်းကျုံး၏ ဝိညာဉ်စွမ်းအားများကို တစ်စစချင်း စုပ်ယူဝါးမျိုကာ သန့်စင်ပစ်လိုက်သည်။

“ဒါက ဘာကြီးလဲ။ မဟုတ်ဘူး။” ကျန်းကျုံးက ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် အော်ဟစ်လိုက်မိပြီး သူ၏ ဝိညာဉ်မှာ အနောက်သို့ ဆုတ်ခွာနေမိသည်။

သူ ကြောက်လန့်နေပြီ ဖြစ်သည်။ ထိုအမည်မသိသော အရာကို သူ ကြောက်နေလေပြီ။ သူ ဝူယွမ်၏ နီဝမ်နယ်ပယ်အတွင်းမှ ထွက်ခွာသွားချင်နေပီဖြစ်သည်။

“အခုမှ ထွက်သွားချင်နေတာလား၊ နောက်ကျသွားပြီ၊ ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာ မဟုတ်လား၊ ငါ့ခန္ဓာကိုယ်ကို ဒီလောက်တောင် မက်မောနေမှတော့ အဲဒီခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလိုက်တော့။”

“ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်၊ ဝိညာဉ်ဓားအတတ်။”

ရေတွက်၍မရနိုင်သော အနက်ရောင် ဓားများက ကစဉ်ကလျားသန္ဓေသားမှ ထွက်ပေါ်လာသည်။ ဤသည်မှာ ဝိညာဉ်များကို တိုက်ခိုက်ရန်အတွက် သီးသန့်ထုတ်လုပ်ထားသော ဓားပညာရပ်ပဲဖြစ်လေသည်။

ဝူး... ဝူး... ဝူး... ဓားများက နီဝမ်နယ်ပယ်၏ ထောင့်ပေါင်းစုံသို့ ရူးသွပ်စွာ ပျံ့နှံ့သွားပြီး ကျန်းကျုံး၏ ဝိညာဉ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။

“မဟုတ်ဘူး...”

မကျေမနပ်ဖြစ်သော အော်ဟစ်သံနှင့်အတူ ကျန်းကျုံး၏ အသိစိတ်မှာ လုံးဝ ကွယ်ပျောက်သွားတော့သည်။ ဝူယွမ်က ဝါးမျိုခြင်းရူန်းကို အသုံးပြုကာ ထိုဝိညာဉ်တစ်ခုလုံးကို ဝါးမျိုသန့်စင်ပြီး ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲကာ သူ၏ ကစဉ်ကလျားသန္ဓေသားအတွင်းသို့ ပေါင်းစပ်လိုက်သည်။

ထို့နောက် သူက ဝိညာဉ်ကျင့်စဉ်ကို အသုံးပြုကာ သူ၏ ဝိညာဉ်စွမ်းအင်များကို အထပ်ထပ်အခါခါ သန့်စင်လိုက်ရာ မည်သည့် အညစ်အကြေးမှ မရှိဘဲ စင်ကြယ်သွားတော့သည်။

“လက်ဆောင်လာပို့တဲ့သူတွေ တကယ့်ကို များလာတာပဲ၊ ရတဲ့ လက်ဆောင်တွေကလည်း ပိုပြီးကောင်းလာတယ်။”

သူ၏ ဝိညာဉ်စွမ်းအင်များ သိသိသာသာ တိုးတက်လာသည်ကို ခံစားရင်း ဝူယွမ်က ရေရွတ်လိုက်မိသည်။

ကျန်းကျုံး၏ ဝိညာဉ်ကို ဝါးမျိုပြီးနောက် သူက ကောင်းကင်အဆောင်သခင် အဆင့်ရှစ်သို့ ရောက်ရန် နီးကပ်သွားပြီ ဖြစ်ကာ ယခုပင် လေ၊မိုးကြိုးကပ်ဘေးကို ခေါ်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့သော် ဝူယွမ်က ထိုသို့လုပ်ရန် အစီအစဉ် မရှိပေ။ သူသည် ထိုစွမ်းအားကို ခေတ္တနှိမ်နင်းထားပြီး လိုအပ်သည့်အချိန်မှသာ အဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် ကစဉ်ကလျားသန္ဓေသားကြောင့် လေ၊မိုးကြိုးကပ်ဘေးမှာ ဝူယွမ်အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘဲ အထောက်အပံ့တစ်ခုသာ ဖြစ်နေတော့သည်။

ထို့နောက် ဝူယွမ်က ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကို အလွယ်တကူ သန့်စင်လိုက်ပြီး ၎င်းကို သူ၏ ဒုတိယမြောက် စင်ကြယ်သော ယွမ်ရတနာအဖြစ် သတ်မှတ်လိုက်သည်။

ထိုမြေပုံ၏ စွမ်းအားမှာ အလွန် ကြီးမားပြီး အထူးသဖြင့် ချိတ်ပိတ်ခြင်း စွမ်းအားမှာ ထူးခြားလွန်းလှသည်။ ဝူယွမ်က ထိုမြေပုံကို အသုံးပြုကာ ချိတ်ပိတ် အတားအဆီးတစ်ခုကို ဖန်တီးပြီး ပြိုင်ဘက်များကို ပိတ်လှောင်ထားနိုင်သည်။

သူ၏ လက်ရှိအစွမ်းဖြင့် နိဗ္ဗာန်အဆင့်ရှိ ကျင့်ကြံသူများကို ပိတ်လှောင်ရန်မှာ ပြဿနာ မဟုတ်ပေ။ ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ခဏတာ ထိန်းချုပ်ထားနိုင်သည်။

ထို့အပြင် ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံမှာ ဟင်းလင်းပြင်ကို ပိတ်ဆို့နိုင်ပြီး ဟင်းလင်းပြင်ခုန်ကူးမှုကိုလည်း ပြုလုပ်နိုင်‌သေးသည်။

ဤရတနာ၏ အသုံးဝင်ပုံများမှာ များပြားလှပြီး ဝူယွမ်အနေဖြင့် တဖြည်းဖြည်း ချဲ့ထွင်သွားရဦးမည်ဖြစ်သည်။

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်အတွင်းမှ ပြန်လည်ထွက်ခွာလာချိန်တွင် နောက်တစ်နေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နံနက်ခင်း ခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ လေပြင်းခန်းမ၏ တောင်တန်းကြီးများပေါ်မှ တပည့်အမြောက်အမြား ထွက်ပေါ်လာကြပြီး ယနေ့ လေပြင်းခန်းမမှာ ထူးခြားစွာ စည်ကားနေခဲ့သည်။

တပည့်များသည် အုပ်စုလိုက် စုဝေးကာ ဆွေးနွေးနေကြပြီး သူတို့ ဆွေးနွေးနေသည့် အကြောင်းအရာမှာ အသစ်ဝင်ရောက်လာသော ချန်ပီယံတပည့် ဝူယွမ်အကြောင်းပင်ဖြစ်သည်။

သူက ယွမ်ဂိတ်နှင့် အခြား အထူးဂိုဏ်းကြီး ခုနစ်ခုကို စွန့်လွှတ်ကာ သာမန်ဟု ထင်ရသော တောင်ဂိုဏ်သို့ ဝင်ရောက်ခဲ့ရုံတင်မကဘဲ၊ တောင်ဂိုဏ်း၏ ကောင်းကင်ခန်းမကိုပင် စွန့်လွှတ်ကာ လေပြင်းခန်းမသို့ ဝင်ရောက်ခဲ့သည်။

ဤကဲ့သို့ ထူးခြားသော လုပ်ရပ်များကြောင့် စီနီယာတပည့်များမှာ ဤချန်ပီယံတပည့်အပေါ် အလွန်ပင် စိတ်ဝင်စားနေကြသည်။

ထို့အပြင် ယနေ့တွင် ဤတပည့်သစ်အတွက် ဆေးမြစ်ဆုလာဘ်ကို ပြုလုပ်ပေးမည်ဟု သတင်း ထွက်နေလေသည်။

လူအများအပြားမှာ ဆေးမြစ်သို့ စောစောစီးစီး ရောက်ရှိနေကြပြီး ဤချန်ပီယံတပည့်၏ အရည်အချင်းကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြသည်

ဝူယွမ်နှင့် အခြားသူများလည်း ဆေးမြစ်သို့ သွားရန် ပြင်ဆင်နေခဲ့ကြသည်။

ထိုအချိန်တွင် လေပြင်းခန်းမ၏ မြောက်ဘက်ခြမ်း၊ ဆေးမြစ်အနီးရှိ ကြီးမားသော တောင်ထိပ်တစ်ခုပေါ်တွင် လူတစ်စု စုဝေးနေကြသည်။

ထိုအုပ်စု၏ အလယ်တွင် မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ရှိနေပြီး သူသည် မကျေမနပ်ဖြစ်နေသော မျက်လုံးများဖြင့် ဆေးမြစ်ကို စိုက်ကြည့်နေခဲ့သည်။

“စီနီယာအစ်ကို ထုံချွမ်း၊ စိတ်မဆိုးပါနဲ့.. ဒါကို ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘူး။”

“ကျွန်တော်ကြားတာတော့ ဝူယွမ်ကို ဒုတိယခန်းမအရှင် ဝူတောင်ကိုယ်တိုင် ခေါ်လာတာတဲ့၊ သူက ချန်ပီယံဆိုတော့ ခန်းမအရှင်က တစ်ခုခုတော့ ပေးမှာပေါ့၊ မဟုတ်ရင် သူက ဘာလို့ အခွင့်အရေးတွေအများကြီးကို စွန့်လွှတ်ပြီး ဝမ့်လွန်ခန်းမကို လာမှာလဲ... သူ့အတွက် ဘာအမြတ်ရှိလို့လဲ”

“ဟူး၊ ဒီလိုကိစ္စမျိုးကတော့ ကြုံရတဲ့သူက အရှုံးပေးရမှာပဲ၊ စီနီယာအစ်ကို ထုံချွမ်း၊ ဒါကို စိတ်ထဲ သိပ်မထားပါနဲ့။”

ဘေးပတ်ဝန်းကျင်ရှိ တပည့်များက သူ့ကို နှစ်သိမ့်ပေးနေခဲ့ကြသည်။ စီနီယာအစ်ကို ထုံချွမ်းမှာ ယခုနှစ်တွင် ဆေးမြစ်ဆုလာဘ် ရရှိရန် အခွင့်အရေး အရှိဆုံးသူ ဖြစ်ပြီး ဝူယွမ်သာ ရုတ်တရက် ရောက်မလာခဲ့လျှင် ထိုအခွင့်အရေးမှာ သူ့အတွက်ပဲဖြစ်လေသည်။

သို့သော် ဝူယွမ်ရောက်လာသည်နှင့် သူ၏ အခွင့်အရေးမှာ ပျောက်ကွယ်သွားခဲ့ရသည်။ လေပြင်းခန်းမရှိ တပည့်တိုင်းမှာ ဆေးမြစ်ဆုလာဘ်၏ အကျိုးကျေးဇူးကို သိရှိကြသည်။

လက်တစ်ကမ်းတွင် ရှိနေသော အခွင့်အရေးကို လက်လွတ်လိုက်ရသဖြင့် ထုံချွမ်း မကျေမနပ် ဖြစ်နေသည်မှာ နားလည်ပေးလို့ရလေသည်။

“ဟွန်း၊ သူက အသစ်ဝင်လာတဲ့ တပည့်တစ်ယောက်ပဲ၊ ပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ ချန်ပီယံ ဖြစ်နေရင်တောင် ဝါစဉ်ဆိုတာ ဘာလဲဆိုတာ သူ သိသင့်တယ်၊ သူက ဒီဒန်မြစ်ဆုလာဘ်ကို ရချင်တယ်ဆိုရင် လေပြင်းခန်းမမှာ နောက်ထပ် နှစ်နှစ်လောက် အချိန်ဖြုန်းရဦးမယ်” ထုံချွမ်းက အလျှော့မပေးဘဲ အေးစက်စွာ ပြောလိုက်သည်။

ဘေးနားရှိ တပည့်များမှာလည်း ဆက်မတားတော့ပေ။

ထုံချွမ်းအနေဖြင့် ဤကိစ္စကို လွယ်လွယ်နှင့် လက်လွှတ်မည်မဟုတ်ကြောင်း သူတို့ မြင်လိုက်ကြသည်။ သူက ထိုချန်ပီယံတပည့်ကို စိန်ခေါ်လိမ့်မည်ဟု ထင်ရသည်။

ထုံချွမ်း ဂိုဏ်းထဲသို့ ဝင်ရောက်သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး သူ၏ လက်ရှိအစွမ်းမှာ နိဗ္ဗာန်အဆင့်ခြောက် ဖြစ်သည်။

ဝူယွမ်မှာ အားမနည်းလှသော်လည်း သူက ဂိုဏ်းသို့ အသစ်ဝင်လာသူဖြစ်ပြီး တောင်ဂိုဏ်း၏ သိုင်းပညာရပ်များကို မသင်ကြားရသေးပေ။

ဂိုဏ်းကြီးများမှ တပည့်များနှင့် သာမန်ပြည်ထောင်စုများမှ ထွက်ပေါ်လာသော ပါရမီရှင်များအကြား ခြားနားချက်ကို သူတို့ သိထားကြသည်။

အဆင့်တူဆိုလျှင် ဂိုဏ်းကြီးများမှ တပည့်များက ပြည်ထောင်စုများမှ ပါရမီရှင်များကို အပြတ်အသတ် နှိမ်နင်းနိုင်သည်။

ထို့အပြင် ထုံချွမ်းမှာ အတွင်းစည်းတပည့် တစ်ဦးဖြစ်ရာ သူ၏ အစွမ်းမှာ သာမန်တပည့်များထက် များစွာ သာလွန်နေခဲ့သည်။

“ဝူး... ဝူး... ဝူး...”

ဆေးမြစ်၏ အထက်ကောင်းကင်ယံတွင် လေခွင်းသံများ ပေါ်ထွက်လာပြီး တပည့်အမြောက်အမြားမှာ ဆေးမြစ်ပတ်လည်ရှိ စင်မြင့်များပေါ်သို့ ရောက်ရှိလာကြသည်။

ထိုအချိန် ဝူယွမ်နှင့် အခြားသူများလည်း ပျံသန်းရောက်ရှိလာကြသည်။ သူတို့ ရောက်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများမှာ ငြိမ်ကျသွားပြီး လူအများက သူတို့ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

“တကယ်ကို စည်ကားတာပဲ၊ လူငယ်ပါရမီရှင်တွေလည်း အများကြီးပဲ။” ဝူယွမ်က ပတ်ဝန်းကျင်ကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။

“မင်းက လေပြင်စခန်းမကို အသစ်ဝင်လာတဲ့ ချန်ပီယံတပည့် ဝူယွမ်လား။”

ရုတ်တရက် လူရိပ်တစ်ခု ပျံသန်းလာပြီး ဝူယွမ်ကို စိုက်ကြည့်ကာ တိုက်ရိုက် မေးမြန်းလိုက်လေသည်။

ဤသည်ကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူများမှာ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းကြည့်နေကြတော့သည်။ ထိုသူမှာ အခြားသူမဟုတ်၊ ထုံချွမ်းပင် ဖြစ်လေသည်။

“နှုတ်ခွန်းဆက်သပါတယ် စီနီယာအစ်ကို။ ကျွန်တော် ဝူယွမ် ပါ”

ထုံချွမ်းက “ဝူယွမ်၊ မင်းက ပြည်ထောင်တစ်ရာတိုက်ပွဲမှာ အနိုင်ရခဲ့ပြီး တောင်ဂိုဏ်းအတွက် အကျိုးပြုခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီအတွက် ဆုလာဘ်ကို အတင်းတောင်းဆိုတာကတော့ သိပ်ပြီး ပညာသားမပါဘူး၊ ဆေးမြစ်ဆုလာဘ်မှာ တစ်နှစ်ကို တစ်နေရာပဲ ရှိတာ၊ မင်းရဲ့ လက်ရှိဝါစဉ်နဲ့ဆိုရင် ဒါကို ခံစားဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး၊ ဒါကြောင့် စီနီယာအစ်ကိုမှာ အကြံတစ်ခု ရှိတယ်၊ မင်းအနေနဲ့ နောက်ထပ် နှစ်နှစ်လောက်နေမှ ဒီနေရာအတွက် ယှဉ်ပြိုင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်”

တစ်ဖက်လူမှာ မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းဖြစ်ကြောင်း ဝူယွမ် သိလိုက်ရသဖြင့် ခပ်ပါးပါးလေးပြုံးကာ ပြန်ပြောလိုက်သည်။ “ဒါဆိုရင် စီနီယာအစ်ကို ထုံချွမ်းပေါ့၊ စီနီယာအစ်ကိုရဲ့ အကြံဉာဏ်က တကယ်ကို မရင့်ကျက်သေးတာပဲ၊ အဲဒီအကြံဉာဏ်ကို နောက်ထပ် နှစ်နှစ်လောက် ထားလိုက်ရင် ပိုပြီး ရင့်ကျက်လာနိုင်ပါတယ်၊ အခုပြောတာကတော့ စောလွန်းပါသေးတယ်”

ထုံချွမ်းက မျက်မှောင်ကြုတ်ကာ “မင်း ဘာကို ဆိုလိုတာလဲ။”

ရှောင်တျောင်းက မျက်လုံးပြူးကာ ၀င်ပြောလိုက်သည်။ “ဒါကိုတောင် မင်း နားမလည်ဘူးလား၊ မင်းရဲ့ အကြံဉာဏ်က အခုပြောလည်း ဘာမှ အသုံးမဝင်ဘူးလို့ ပြောတာလေ”

ဤစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

“မောက်မာလိုက်တာ” တကယ်ကို မောက်မာလှသည်။

ဤလူသစ်များမှာ စီနီယာတပည့်များကို လုံးဝ အထင်မကြီးကြပေ။ ထုံချွမ်း၏ မျက်နှာမှာလည်း အလွန်ပင် ပျက်ယွင်းသွားရသည်။

သူသည် ပြဿနာရှာရန် လာခြင်းဖြစ်သော်လည်း တစ်ဖက်လူက သူ့ကို အထင်မကြီးရုံတင်မကဘဲ လှောင်ပြောင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ထုံချွမ်း စကားမပြောနိုင်ခင်မှာပင် လင်းတုန်က ရှေ့သို့တက်ကာ ပြောလိုက်သည်။ “စီနီယာဆိုပြီး အနိုင်ကျင့်ချင်တဲ့လူတွေက အမြဲတမ်း ရှိနေတာပဲ၊ အစ်ကိုကြီး၊ ကျွန်တော် သူ့ကို ကူပြီး တိုက်ပေးရမလား။”

လင်းတုန်သည်လည်း ဂိုဏ်းကြီးများမှ တပည့်များ၏ အစွမ်းကို စမ်းသပ်ကြည့်ချင်နေခြင်းဖြစ်သည်။

ဝူယွမ်က ခေါင်းခါပြလိုက်ကာ “ငါကိုယ်တိုင်ပဲ လုပ်ပါ့မယ်၊ ခဏနေရင် ငါက ဆေးမြစ်ဆုလာဘ်ကို ခံယူရတော့မှာ အသစ်ဝင်လာတဲ့ သူတစ်ယောက်အနေနဲ့ လူတွေရဲ့ သိချင်စိတ်ကို ငါ ဖြည့်ဆည်းပေးရမယ်၊ မဟုတ်ရင် ချန်ပီယံဆိုတာက ဘာခြိမ်းခြောက်မှု မရှိဘူးလို့ လူတွေ ထင်ကုန်ကြလိမ့်မယ်”

ထို့နောက် ဝူယွမ်က ထုံချွမ်းကို ကြည့်ကာ ပြောလိုက်သည်။ “ကဲ၊ စီနီယာအစ်ကို ထုံချွမ်း၊ လာလေ... စီနီယာအစ်ကိုသာ ကျွန်တော့်ကို အနိုင်ရရင် ဆေးမြစ်ဆုလာဘ်က စီနီယာအစ်ကို့အပိုင်ပဲ”

“ချန်ပီယံဆိုတဲ့အတိုင်း သတ္တိရှိသားပဲ။”

“သူက အခြေအနေကို ပြောင်းပြန်လှန်လိုက်တာပဲ၊ စီနီယာအစ်ကို ထုံချွမ်းတော့ အခက်တွေ့သွားပြီ”

ကြည့်နေသော လူများက ရယ်မောကာ ဆွေးနွေးနေခဲ့ကြသည်။ ထုံချွမ်းမှာလည်း အနည်းငယ် ဒေါသထွက်လာပြီး “ဒါဆိုရင်လည်း တိုက်ကြတာပေါ့”

ထိုအချိန်တွင် ဆေးမြစ်၏ ကောင်းကင်ယံအထက် အလွန်ဝေးကွာသော နေရာတွင် လူရိပ်နှစ်ခု ရှိနေခဲ့သည်။ တစ်ဦးမှာ ဝူတောင် ဖြစ်ပြီး ကျန်တစ်ဦးမှာ ဆံပင်နှင့် မုတ်ဆိတ်များဖြူဖွေးဆွပ်နေသော အဖိုးအို တစ်ဦးဖြစ်သည်။ ထိုအဖိုးအိုမှာ လေပြင်းခန်းမ၏ ခန်းမအရှင် ချန်ကျန်းပဲဖြစ်လေသည်။

ချန်ကျန်းက “ဒီဝူယွမ်က ကိုယ့်ကိုကိုယ် အတော်လေး ယုံကြည်မှု ရှိပုံရတယ်နော်”

ဝူတောင်က ရယ်မောလိုက်ကာ “ဟဲဟဲ၊ ခန်းမအရှင်... ခင်ဗျား ဒီကလေးအကြောင်း မသိသေးလို့ပါ။ ဒီအခြေအနေက သူ အတော်လေး ထိန်းသိမ်းထားတာလို့တောင် ပြောလို့ရတယ်။”

အခန်း ၂၀၂ - တောင်ဂိုဏ်း၏ လေပြင်းခန်းမတွင် ဆိုင်းအင်၀င်ခြင်း

‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်အား ရရှိခြင်း

ချန်ကျန်းက ဝူယွမ်ကို မြတ်နိုးတန်ဖိုးထားသော အပြုံးဖြင့် ကြည့်နေခဲ့ပြီး ဝူတောင်နှင့်အတူ လိုက်ပါပြုံးရယ်လိုက်သည်။

“မင်းကတော့ ဒီတပည့်သစ်လေးကို တကယ့်ကို အထင်ကြီးနေပုံပဲ၊ မင်း တပည့်တစ်ယောက်အပေါ်မှာ အခုလောက်အထိ အလေးထားတာ မတွေ့ရတာ ကြာပြီ”

ဝူယွမ်အကြောင်း ပြောသည့်အခါ ဝူတောင်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားလေသည်။ ဝူယွမ်သည် သူ၏ စိတ်အာရုံထဲတွင် နက်ရှိုင်းသော စွဲထင်မှုကို ချန်ထားခဲ့နိုင်ရုံသာမက၊ သူကိုယ်တိုင်လည်း ဝူယွမ်ကို အမှန်တကယ်ပင် လေးစားမိသည်။

အထူးသဖြင့် ဝူယွမ်က လေပြင်းခန်းမသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်ညက သူစိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်ခဲ့ချေ။

“ဒီကလေးက မာနကြီးတယ်လို့ မထင်လိုက်နဲ့ဦး၊ သူ့မှာ မာနကြီးထိုက်တဲ့ အရည်အချင်းတွေ ရှိပြီးသားပဲ၊ တကယ်တော့ သူက တော်တော်လေးကို နှိမ့်ချနေထိုင်တတ်တဲ့သူလို့ ငါထင်တယ်၊ သူက အဆင့်နိမ့်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပြီး အောက်ခြေကနေ ရုန်းကန်တက်လှမ်းလာရသူဆိုတော့၊ သူ့ရဲ့ စိတ်ဓာတ်က တခြားပါရမီရှင်တွေလို စိတ်မြန်လက်မြန် မဖြစ်နေတာက ကောင်းတဲ့အချက်တစ်ခုပဲ”

“ပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ တောင်တန်းပေါ်မှာ သူက လေ၊မိုးကြိုးကပ်ဘေး လေးထပ်ကို တစ်ပြိုင်နက်တည်း ကြုံတွေ့ခဲ့ရတာ.. မင်းသိလား၊ အဲ့ဒီအချိန်တုန်းက ကောင်းကင်ဘုံရဲ့ မိုးကြိုးစွမ်းအားတွေကြောင့် ငါကိုယ်တိုင်တောင် ရင်တုန်သွားခဲ့ရတယ

“ဒါပေမဲ့ သူကတော့ အဲ့ဒီကောင်းကင်မိုးကြိုးတွေကို လျစ်လျူရှုထားနိုင်ရုံတင်မကဘူး၊ မကြောက်မရွံ့နဲ့ အဲ့ဒီမိုးကြိုးတွေကို အသုံးချပြီး အနောက်ရွှမ်နယ်မြေက ပုဂ္ဂိုလ်တွေကို ပြန်တိုက်ခိုက်ခဲ့သေးတယ်”

“ဒါဟာ ပုံမှန်မဟုတ်ဘူးလို့ မင်းမထင်ဘူးလား”

“အဲ့လိုမျိုးအထိ ဖြစ်ခဲ့တာလား” ချန်ကျန်းက အနည်းငယ် တည်ကြည်သွားခဲ့သည်။ ဝူယွမ်က ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်ကိုသာ သူသိထားသော်လည်း ယခုကဲ့သို့ စွမ်းဆောင်ချက်မျိုးကိုမူ သူမသိခဲ့ပေ။

“လေ၊မိုးကြိုးကပ်ဘေး လေးထပ်ကို တစ်ပြိုင်နက်တည်း ဖြတ်ကျော်ခဲ့တာဆိုတော့ အဆင့် ၃ ကနေ အဆင့် ၇ အထိပေါ့၊ ဒါက သူ့ရဲ့ ဝိညာဉ်စွမ်းအင်က သန်မာရုံတင်မကဘူး၊ သူ့ရဲ့ ကိုယ်ခန္ဓာကလည်း မယုံကြည်နိုင်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်နေတယ်ဆိုတာ ပြနေတာပဲ၊ မဟုတ်ရင် အဲ့ဒီလို ပြင်းထန်တဲ့ ကောင်းကင်မိုးကြိုးဒဏ်ကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“လေးထပ်ဆက်တိုက် လေ၊မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားက အနည်းဆုံးတော့ နိဗ္ဗာန်အဆင့်ကျုး ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုထက် မလျော့ဘူး၊ ဆိုလိုတာက သူ့ရဲ့ ကိုယ်ခန္ဓာက အနည်းဆုံးတော့ နိဗ္ဗာန်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ရဲ့ အဆင့်ကို ရောက်နေပြီပေါ့”

“ဒီလူငယ်လေးကတော့ တကယ်ကို ကြောက်စရာကောင်းတာပဲ”

ဝူတောင်က ခေါင်းညိတ်ထောက်ခံရင်း “လောလောဆယ်မှာတော့ သူ့ရဲ့ ပါရမီ၊ အလားအလာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေက ထိပ်တန်းအဆင့်မှာ ရှိနေတယ်၊ သူက တကယ်ကို ထူးချွန်တဲ့ မျိုးစေ့လေးပဲ၊ ငါတို့သာ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးမယ်ဆိုရင် ငါတို့ လေပြင်းခန်းမရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံး ဖြစ်လာရုံတင်မကဘဲ၊ ကောင်းကင်နန်းဆောင်က အဲ့ဒီမိစ္ဆာလို လူငယ်တွေကိုတောင် ကျော်တက်သွားနိုင်တယ်”

“သူ့အတွက် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး”

သို့သော် ချန်ကျန်းက ခေါင်းခါလိုက်ပြီး “သူက တကယ်ကို ထူးခြားပြီး သာမန်လူတွေနဲ့ မနှိုင်းယှဉ်နိုင်တာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မဟာရှေးဟောင်းကျမ်းကတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်နေသေးတယ်”

“မဟာရှေးဟောင်းကျမ်း မရှိရင်တောင်မှ သူ့ကို လျစ်လျူရှုထားလို့ မရပါဘူး” ဟု ဝူတောင်က အခိုင်အမာ ပြောကြားလိုက်သည်။

ချန်ကျန်းက ပြုံးလိုက်ရင်း အဝေးမှ ဝူယွမ်ကို ကြည့်ကာ ခဏအကြာတွင် ခေါင်းညိတ်လိုက်ပြီး “ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိပုံရတယ်၊ ဒါပေမဲ့ ငါတို့ အဲ့ဒါတွေကို လိုက်နှောက်ယှက်မှာ မဟုတ်ဘူး၊ သူက ငါတို့ တောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေသရွေ့၊ ဂိုဏ်းကို ထိခိုက်စေမယ့် ဘာမှမလုပ်သရွေ့ သူဟာ တောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အဖြစ် ထာဝရ တည်ရှိနေမှာပဲ”

“ဒါကတော့ သဘာဝကျပါတယ်၊ တကယ်လို့ သူသာ တောင်ဂိုဏ်းကို ထိခိုက်အောင် လုပ်ရဲမယ်ဆိုရင် အရင်ဆုံး ငါကိုယ်တိုင် သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ခန်းမသခင်.. မင်း စိတ်ချပါ၊ ငါမဟာယန်ပြည်ထောင်စုဆီကို လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးသားပါ၊ ဝူယွမ်ရဲ့ နောက်ခံက ရိုးရှင်းတယ်၊ သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတာကတော့ ကိုယ်ပိုင်အာကာသရှိတဲ့ စင်ကြယ်သော ယွမ်ရတနာတစ်ခုကြောင့်ပဲ”

“အဲ့ဒါက မဟာရှေးဟောင်းကျောက်တိုင်ပဲ”

“ဒါဟာ ရှေးဟောင်းပုဂ္ဂိုလ်ကြီးဖြစ်တဲ့ မဟာရှေးဟောင်း ဧကရာဇ်ရဲ့ ဝိညာဉ်ရတနာဖြစ်သလို၊ အဲ့နေရာက မဟာရှေးဟောင်းဂိုဏ်းရဲ့ အပျက်အစီးနေရာလည်း ဖြစ်တယ်”

ဝူတောင်က သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ပြုံးလျက် “ဝူယွမ်က သူ့ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ ကျေးဇူးရှင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူအားလုံးကို မဟာရှေးဟောင်းဂိုဏ်းရဲ့ အမွေအနှစ်တွေကို ဆက်ခံနိုင်ဖို့အတွက် သူ့ရဲ့ မဟာရှေးဟောင်းကျောက်တိုင်ထဲကို ခေါ်ဆောင်သွားခဲ့တယ်”

“ဒီကလေးက တကယ့်ကို ကျေးဇူးသိတတ်တာပဲ”

“ငါတို့ တောင်ဂိုဏ်းကသာ သူ့ကို ရိုးရိုးသားသား ဆက်ဆံမယ်ဆိုရင် သူက တောင်ဂိုဏ်းကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်”

ချန်ကျန်းက စဉ်းစားဟန်ဖြင့် “သူက မဟာရှေးဟောင်းဂိုဏ်းရဲ့ အမွေအနှစ်ကို အမှန်တကယ် ရရှိခဲ့တာလား၊ စိတ်ဝင်စားစရာပဲ...”

“ဟားဟား၊ စတော့မယ်၊ ဒီတစ်ခါတော့ ထုံချွမ်းတစ်ယောက် အရမ်း အထိမနာပါစေဖို့ပဲ ငါမျှော်လင့်ပါတယ်” ဝူတောင်က ဆေးမြစ်ပေါ်ရှိ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။

စင်မြင့်ပေါ်တွင် လူနှစ်ဦး ရင်ဆိုင်နေခဲ့ကြသည်။ ထုံချွမ်းက မျက်ခုံးပင့်လိုက်ပြီး “မင်းက ဂျူနီယာလေးဖြစ်သလို အခုမှလည်း ဂိုဏ်းထဲဝင်လာတာဆိုတော့ ငါ မင်းကို အနိုင်မကျင့်ချင်ပါဘူး၊ ဆယ်ချီအတွင်းမှာသာ မင်း မရှုံးသေးဘူးဆိုရင် ငါ… ထုံချွမ်းအနေနဲ့ ဆေးမြစ်ဆေးကြောခြင်းနဲ့ ပတ်သက်ပြီး ဘာစကားတစ်လုံးမှ ထပ်မပြောတော့ဘူး၊ မင်း လက်ခံရဲသလား”

“စီနီယာ၊ ကျေးဇူးပြုပြီး ဘာမှ ထပ်ပြောစရာမလိုတော့ပါဘူး၊ တကယ်လို့ စီနီယာကသာ ကျွန်တော့်ကို တပည့်သစ်တစ်ယောက်အနေနဲ့ တကယ်ပဲ သဘောထားတယ်ဆိုရင် ကျွန်တော့်ကို အခက်အခဲဖြစ်အောင် လာလုပ်မှာမဟုတ်ဘူး၊ အခု စီနီယာက ထွက်လာပြီးပြီဆိုမှတော့ ကျွန်တော်တို့ ဒါကို အတည် လုပ်ကြတာပေါ့၊ ခဏနေရင် စီနီာည ရှုံးသွားတဲ့အခါ မျက်နှာပျက်မှာကိုလည်း စိုးရိမ်မိတယ်၊ အဲ့ဒီအခါကျရင် ကျွန်တော်က စီနီယာကို အနိုင်ကျင့်တယ်ဆိုတဲ့ နာမည်ဆိုး ရသွားနိုင်လို့ပါ၊ အဲ့ဒါက သိပ်မကောင်းဘူးလေ”

ဝူယွမ်ကလည်း အေးစက်စက်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။

“ဒီထုံချွမ်းက ဟန်ဆောင်မှု များသလို သိုးရေခြုံတတ်တဲ့သူပဲ”

“သူ့ရဲ့ နေရာကို လုယူခံရတာကို မကျေနပ်ရင်လည်း တိုက်ခိုက်ချင်ရင် တိုက်ခိုက်လိုက်ပေါ့၊ ဘာလို့ ဒီလိုစကားတွေ ပြောနေရတာလဲ၊ ဝူယွမ်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ ခက်အောင် လုပ်နေတာလား” ဘေးမှပွဲကြည့်နေနေသူအားလုံး စိတ်ထံမှတွေးလိုက်မိကြသည်။

“မာနကြီးလိုက်တာ၊ ဒါဆိုရင် ပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ ချန်ပီယံက ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး”

ထုံချွမ်းက လက်ကို ဆုပ်လိုက်ရာ သူ၏ ကိုယ်ခန္ဓာမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ လက်ထဲတွင် ရွှေရောင် ‘လေပြင်းဓား’ တစ်လက် တိုက်ရိုက် ဖြစ်တည်လာခဲ့ပြီး ထိုဓားဆီမှ အံ့ဩဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ပြန့်လွင့်လာခဲ့သည်။

ရွှတ်...

သူ့လက်ထဲက ရွှေရောင်လေပြင်းဓားက ရုတ်တရက် တုန်ခါသွားပြီး ပြင်းထန်တဲ့ ဓားစွမ်းအင် ဆယ်ခုမက ချက်ချင်း ထွက်ပေါ်လာကာ လေထုကို ဖြတ်သန်းသွားတော့သည်၊၊

ထိုအချိန်မှာပဲ နားကွဲလုမတတ် စူးရှတဲ့ လေတိုးသံတွေ ထွက်ပေါ်လာခဲ့သည်။

‘ဘယ်လိုပဲဖြစ်ဖြစ် သူက စီနီယာတစ်ယောက်ဖြစ်နေတော့ ငါ့အနေနဲ့ သူ့ကို အရမ်းကြီး မျက်နှာပျက်အောင်လုပ်လို့ မဖြစ်သေးဘူး’ ဝူယွမ်စိတ်ထဲမှတွေးလိုက်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်လေတော့သည်။

‘မိုးကြိုးဝိညာဉ် ကောင်းကင်ဓား’ က သူ့လက်ထဲမှာ ပေါ်လာပြီး လွှဲယမ်းလိုက်ကာ ထုံချွမ်းရဲ့ ဓားစွမ်းအင်အားလုံးကို ပိတ်ဆို့လိုက်သည်။

မိုးကြိုးဝိညာဉ် ကောင်းကင်ဓားသည် ကောင်းကင်အဆင့် ဝိညာဉ်ရတနာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်တိုင်း နိဗ္ဗာန်အဆင့်ခြောက် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသော ပြင်းထန်သည့် စွမ်းအားများ ပါ၀င်နေခဲ့သည်။

ဝူယွမ်သည် ထုံချွမ်း၏ ဓားစွမ်းအင်များကို အလွယ်တကူပင် တားဆီးနိုင်ခဲ့သည်။

“ကောင်းကင်အဆင့် ဝိညာဉ်ရတနာလား၊ ဒါကို အားကိုးပြီး မင်းက ချန်ပီယံဖြစ်လာတာလား” ထုံချွမ်းက နှာခေါင်းရှုံ့လိုက်သည်။

သူ့လက်ထဲက ရွှေရောင်လေပြင်းဓားနဲ့ ခုတ်ပိုင်းနေရင်း နောက်ထပ် လက်တစ်ဖက်နဲ့လည်း လက်သီးသိုင်းကို အသုံးပြုကာ ပြင်းထန်စူးရှတဲ့ တိုက်စစ်ဆင်လာတော့သည်။

“ဒါက ကျွန်တော့်ရဲ့ သာမန်နည်းလမ်းတစ်ခုပါပဲ၊ စီနီယာက ကျွန်တော့်ရဲ့ ဒီအတားအဆီးကိုတောင် မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ ဒါဟာ စီနီယာရဲ့ အဆုံးသတ်ပဲ” ဝူယွမ်က အေးစက်စက် ပြောလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ဓားကို ကိုင်ဆွဲကာ ထုံချွမ်း၏ တိုက်ခိုက်မှုများကို အလွယ်တကူ ဖယ်ရှားပစ်လိုက်သည်။

လေပြင်းခန်းမ၏ အမာခံတပည့်တစ်ယောက်ဖြစ်သည့် ထုံချွမ်းက စွမ်းအားမည်မျှရှိမလဲဆိုတာကို သူ သိချင်နေခဲ့သည်။

ယခုမြင်နေရသလောက်တော့ သူဟာ ချင်ထျန်းထက် နှစ်ဆ၊ သုံးဆလောက်ပဲ ပိုသန်မာလေသည်။

“ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခုက ငါ့ကို မတားဆီးနိုင်ပါဘူး”

ထုံချွမ်း၏ အမူအရာမှာ အေးစက်သွားခဲ့သည်။ သူက ချက်ချင်းပင် အက်ကွဲနေသော မြေပြင်နှင့် ပုံစံတူညီသည့် လေပြင်းဓားနှင့် ရုတ်တရက် အောက်သို့ ခုတ်ပိုင်းချလိုက်သည်။

ထိုဓားအတွင်း၌ ခြောက်သွေ့ဖျက်ဆီးတတ်သော စွမ်းအားများ ပါဝင်နေလေသည်။

“လေပြင်းဓားချက်”

အက်ကွဲနေသော လေပြင်းဓားက ခုတ်ပိုင်းချလိုက်စဉ် ထုံချွမ်း၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဒြပ်စင်စွမ်းအင်များက အံ့ဩဖွယ်အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားပြီး ခြောက်သွေ့အထီးကျန်သော ခံစားချက်တစ်ခု ပတ်၀င်းကျင်ကို ပြန့်နှံ့သွားခဲ့သည်။

“အခုမှပဲ အမာခံတပည့်တစ်ယောက်နဲ့ တူတော့တယ်” ဝူယွမ်က မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အနည်းငယ် တည်ကြည်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လေပြင်းစွမ်းအင်များက စွမ်းအင်ဓားပုံရိပ်ကြီးကြားတွင် ပျံ့နှံ့သွားပြီး ဓားစွမ်းအင်ကို ပိုကြီးထွားစေကာ ချက်ချင်းပင် ပေတစ်ရာထက်မက ရှည်လျားသွားခဲ့သည်။

၎င်းသည် ဥက္ကာခဲတစ်ခုကဲ့သို့ ကောင်းကင်ယံကို လျှပ်စီးတန်းသဖွယ် ဖြတ်သန်းကာ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းချလိုက်သည်။

ကလန့်၊

တုံ့ခနဲ အသံနှင့်အတူ ထုံချွမ်း၏ လက်ထဲရှိ ဓားက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူ၏ ဓားနှင့် ဝူယွမ် ကြားတွင် နီညိုရောင် တောင်ငယ်လေးတစ်ခု ပေါ်လာခဲ့လေသည်။

ထုံချွမ်း၏ ဓားက ထိုတောင်ငယ်လေးကို ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

ကံဆိုးစွာပင် အရှိန်အဟုန် ကြီးမားလှသော ထိုတိုက်ခိုက်မှုက တစ်စက်လေးတောင် မအောင်မြင်ခဲ့ချေ။

“တောက်၊ နောက်ထပ် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ တစ်ခုလား”

ပွဲကြည့်နေသူများအားလုံး မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။

“ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေက အဲ့ဒီလောက်တောင် ပေါများနေတာလား။”

တောင်ဂိုဏ်းသားဟောင်းတွေထဲမှာတောင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ တစ်ခုရှိတဲ့သူက အလွန်ရှားပါးလှသည်။

ဝူယွမ်က ယခုအချိန်တွင် ညာဘက်လက်၌ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်၌မူ ‘လေးလံအကျဉ်းထောင် မီးတောက်တောင်’ ကို ကိုင်ထားခဲ့လေသည်။

ကြီးကျယ်လှသော ကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ခု၊ တစ်ခုက တိုက်စစ်အတွက်ဖြစ်ပြီး တစ်ခုက ခံစစ်အတွက် ဖြစ်လေသည်။

ဝူယွမ်၏ လက်ရှိဟန်ပန်ဟာ တပည့်အားလုံးကို မနာလိုဖြစ်စေခဲ့သည်။

“သူက အဆင့်နိမ့်ပြည်ထောင်စုကလို့ ငါကြားထားတာ၊ ဘယ်လိုလုပ်ပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာ နှစ်ခုတောင် ပေါ့ပေါ့ပါးပါး သုံးနိုင်နေတာလဲ”

“သူ ကံကောင်းလို့ ရှေးဟောင်းမြေပြင်မှာ ရှေးဟောင်းဂိုဏ်းတစ်ခုရဲ့ ရတနာတွေကို ရှာတွေ့ခဲ့တာနေမှာပါ၊ အဲ့ဒီမှာပဲ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ရခဲ့တာနေမှာ”

“ဒီကောင်၊ သူ ပြည်ထောင်တစ်ရာတိုက်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေကို အားကိုးပြီး ဖြစ်ခဲ့တာများလား”

“ဟဲဟဲ၊ ဖြစ်နိုင်တာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်းကင်အဆင့် ဝိညာဉ်ရတနာ နှစ်ခုက တစ်ခုနဲ့တစ်ခု အပြည့်အဝ အထောက်အကူပြုနေတာပဲ၊ အစ်ကိုကြီး ထုံချွမ်းက လေပြင်းဓားကို သုံးရင်တောင် သူ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”

“ဒီလိုခွန်အားမျိုးနဲ့ ချန်ပီယံဖြစ်တာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သိုင်းပညာလမ်းစဥ်နဲ့တော့ နည်းနည်း လွဲနေသလိုပဲ”

“ဒါကြောင့်လည်း သူက ငါတို့ တောင်ဂိုဏ်းကိုဝင်ပြီး လေပြင်းခန်းမကို ရွေးခဲ့တာကိုး၊ ဒီချန်ပီယံဆုက လက်နက်ပစ္စည်းတွေကို အားကိုးပြီး ရခဲ့တာပဲ”

တပည့်များစွာက ဝူယွမ်က ရတနာလက်နက်များကို အားကိုး၍ အနိုင်ယူခြင်းဖြစ်သောကြောင့် မတရားသလို ခံစားရသည်ဟု ညည်းတွားနေခဲ့ကြသည်။

ဘယ်နေရာမှာမဆို ‘ပိုက်ဆံသုံးပြီး အနိုင်ယူသူ’ များကို ‘အရည်အချင်းနှင့် ကစားသူ’ တွေက အမြဲတမ်း အထင်သေးတတ်ကြသည်။

သို့သော်လည်း ပစ္စည်းကောင်း မသုံးနိုင်သူများအတွက်သာ ထိုသို့ဖြစ်ပြီး၊ သုံးနိုင်သူအတွက်မူ အလွန်ပင် ကျေနပ်စရာကောင်းလှသည်။

ဝူယွမ်က ယခုအချိန်တွင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ခုဖြင့် တိုက်ခိုက်ရသည်မှာ အလွန်သက်သောင့်သက်သာရှိနေပြီး အားစိုက်စရာပင် မလိုချေ။ သူက ရိုးရှင်းသော တိုက်စစ်နှင့် ခံစစ်ကိုသာ လုပ်ဆောင်ရန် လိုအပ်ပြီး မည်သည့် သိုင်းပညာရပ်ကိုမျှ အသုံးပြုရန် မလိုပေ။

သူသည် နောင်အနာဂတ်တွင်လည်း ရတနာလက်နက်များကိုသာ အားကိုး၍ တိုက်ခိုက်ချင်သော စိတ်ဆန္ဒပင် ဖြစ်ပေါ်လာမိသည်။ တကယ်လို့ သူသာ စင်ကြယ်သော ယွမ်ရတနာတွေ ဒါမှမဟုတ် နတ်ဘုရားလက်နက်တွေကိုပါ ထပ်ရဦးမယ်ဆိုရင်...

‘နောင်ဆိုရင် တိုက်ခိုက်ရတာ ဘယ်လောက်တောင် လွယ်ကူလိုက်မလဲ’

“ဂျူနီယာလေး၊ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေကိုပဲ အားကိုးနေရုံနဲ့တော့ မင်းက ကြီးကျယ်တဲ့သူ ဖြစ်မလာနိုင်ဘူး”

“အကြွင်းမဲ့ ခွန်အားရှေ့မှာ လက်နက်တွေဆိုတာ အလှဆင်ပစ္စည်းသက်သက်ပဲဆိုတာ အစ်ကိုကြီး ဒီနေ့ မင်းကို ပြမယ်”

ထုံချွမ်းက တံတွေးတစ်ချက် မြိုချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“တကယ်လား၊ ကျွန်တော်တော့ မယုံဘူး” ဟု ဝူယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။

“မင်းက လေပြင်းခန်းမကို အခုမှ ရောက်လာတာဆိုတော့ လေပြင်းခန်းမရဲ့ သိုင်းပညာတွေကို မသိသေးဘူး၊ ဒီနေ့ လေပြင်းခန်းမရဲ့ လေပြင်းစွမ်းအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ အစ်ကိုကြီး မင်းကို မြည်းစမ်းခွင့်ပေးမယ်” ထုံချွမ်းက လှောင်ပြုံးပြုံးလိုက်သည်။

ထိုအချိန်တွင် သူ၏ လက်ထဲရှိ လေပြင်းဓားမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဒြပ်စင်စွမ်းအင်များကို စုပ်ယူလိုက်သည်။

ခြောက်သွေ့သောအငွေ့အသက်များ လွှမ်းခြုံလာပြီး သူ့ ခန္ဓာကိုယ်အတွင်းသို့ ထူးဆန်းသော စွမ်းအားတစ်ခု ဝင်ရောက်လာသည်ကို ဝူယွမ် ရုတ်တရက် ခံစားလိုက်ရသည်။

ထိုစွမ်းအားမှာ အလွန်ပြင်းထန်တဲ့ တိုက်စားနိုင်စွမ်းရှိပြီး အလွန်ပင် ထိတ်လန့်စရာကောင်းသည်။

သူ့ရဲ့ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာပြီးနောက် ဝူယွမ်၏ ယွမ်စွမ်းအင်နဲ့ အသက်စွမ်းအားတွေကို တရစပ် တိုက်စားနေလေသည်။

“ဒါက လေပြင်းစွမ်းအားလား”

ဝူယွမ် အနည်းငယ် အံ့အားသင့်မိသွားသည်။ ထိုစွမ်းအားမှာ အမှန်တကယ်ပင် ပြင်းထန်တဲ့ ဖျက်ဆီးစွမ်းအားတွေ ပါဝင်နေခဲ့သည်။

တကယ်လို့ ဝူယွမ်သာ ပြန်မခုခံဘူးဆိုလျှင် သူဟာ နောက်ဆုံးမှာ သဲပုံတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာပင် ထိုလေပြင်းစွမ်းအားက သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ချေ။

ဘာကြောင့်လဲဆိုတော့ သူ့မှာ ‘ဝါးမျိုခြင်းရူန်း’ ရှိနေခြင်းကြောင့်ပင်။

ကစဉ်ကလျားသန္ဓေသားအတွင်းရှိ ဝါးမျိုခြင်းရူန်းက လင်းလက်လာပြီး ဝါးမျိုခြင်းစွမ်းအားများသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ သူ့ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော လေပြင်းစွမ်းအားအားလုံးကို ဝါးမျိုပစ်လိုက်သည်။

“မင်း... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ့ရဲ့ လေပြင်းစွမ်းအားတွေ ဘယ်ရောက်ကုန်တာလဲ”

ထုံချွမ်း၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ လေပြင်းစွမ်းအားကို ထိုမျှလွယ်လွယ်ကူကူ တန်ပြန်တိုက်ခိုက်နိုင်တဲ့ ပြိုင်ဘက်မျိုး သူတစ်ခါမှ မကြုံဖူးခဲ့ပေ။

ဝူယွမ်သည် လက်ရှိ ထုံချွမ်းဖြစ်နေသော တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဖြစ်နေသော အမူအရာမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးနေပြီဖြစ်ရာ သူ့အတွက်တော့ ထိုအရာဟာ အထူးအဆန်း မဟုတ်တော့ပေ။

သူက အေးစက်စက်နှင့် “စီနီယာ ထုံချွမ်း၊ ဒီလောက်ဆို ရပြီ” ဟုပြောလိုက်သည်။

ထို့နောက် သူ၏ လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အောက်သို့ ရိုက်ချလိုက်ရာ ထုံချွမ်း၏ လက်ထဲရှိ လေပြင်းဓားမှာ လွင့်ထွက်သွားခဲ့သည်။ ထို့နောက် လေးလံအကျဉ်းထောင် မီးတောက်တောင်က ထုံချွမ်းကို တိုက်ရိုက်ဝင်တိုက်လိုက်ရာ သူ့ကို စင်မြင့်ပေါ်မှ လွင့်ထွက်သွားစေခဲ့သည်။

တိုက်ကွက်တိုင်းက အလွန်ရိုးရှင်းပြီး တိုက်ရိုက်ဆန်လွန်းလှသည်၊၊ ထုံချွမ်းက ဝူယွမ်၏ ရတနာလက်နက်များကို အားကိုး၍ တိုက်ခိုက်မှုကြောင့်သာ ရှုံးနိမ့်သွားသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး တုန်လှုပ်သွားကြပြီး ဝူယွမ်ကို မနာလိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

သူတို့လည်း ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေကို ပိုင်ဆိုင်ချင်နေခဲ့ကြသည်။

“ညီလေး ဝူယွမ်၊ မင်း နိုင်သွားပါပြီ၊ ငါ့ရဲ့ အရည်အချင်းက မင်းကို မမှီဘူး၊‌ ဆေးမြစ်ဆေးကြောခြင်းက မင်းအတွက်ပဲ၊ ငါ ဘာမှပြောစရာ မရှိတော့ပါဘူး”

ထုံချွမ်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

တိုက်ပွဲအတွင်းမှာ သူဟာ ဝူယွမ်ရဲ့ စွမ်းအား အတိမ်အနက် ခံစားခဲ့မိလေသည်။

ထိုစွမ်းအားဟာ အပေါ်ယံ မြင်နေရသကဲ့သို့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေကြောင့်တင် မဟုတ်ဘူးဆိုတာ သူသိနေခဲ့သည်။

လူတိုင်းက ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေရှိရုံနှင့် လေပြင်းဓားကို ထိုမျှလောက်လွယ်လွယ်ကူကူ တားဆီးနိုင်မည် မဟုတ်ပေ။

ထို့နောကိ လေပြင်းစွမ်းအားကို ဘယ်သူမှ ဒီလောက်ထိ သိသိသာသာ အလွယ်တကူ မဖြေရှင်းနိုင်ကြချေ။

ထိုညီလေးဟာ အပေါ်ယံကြည့်လျှင် ကြောက်စရာကောင်းသလို တကယ့်လက်တွေ့မှာလည်း ပိုပြီးကြောက်စရာကောင်းနေခဲ့သည်။

ဝှစ်... ဝှစ်

ထိုအချိန်တွင် ရုတ်တရက် လူနှစ်ယောက် စင်မြင့်ပေါ်သို့ ပျံသန်းရောက်ရှိခဲ့လာသည်။

“အားလုံးပ တပည့်သစ်လေးအပေါ်မှာ စိတ်ဝင်တစားရှိကြတာပဲ… တကယ်ကို စည်ကားနေတာပဲ” ရောက်ရောက်ခြင်း ဝူတောင်က ပြုံးလျက် ပြောလိုက်သည်။

ကြီးကျယ်သော ပုဂ္ဂိုလ်နှစ်ဦး ပေါ်လာလေပြီ။

“ခန်းမသခင်ကြီးနှစ်ပါးကို ဂါရဝပြုပါတယ်” ပတ်ဝန်းကျင်ရှိ တပည့်များမှာ ချက်ချင်းပင် ငြိမ်သက်သွားပြီး ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

ဝူတောင်က ဝူယွမ်ကို ကြည့်ကာ “မင်း ရောက်လာပြီဆိုတော့ ဆေးမြစ်ဆေးကြောခြင်းကို စကြစို့၊ ပြီးတော့ ဒါက လေပြင်းခန်းမရဲ့ ခန်းမသခင် ချန်ကျန်းပဲ”

“တပည့် ဝူယွမ်၊ ခန်းမသခင်ကို ဂါရဝပြုပါတယ်” ဝူယွမ်က အလျင်အမြန်ပင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ချန်ကျန်းက ဝူယွမ်ကို သေချာ ကြည့်ရှုစစ်ဆေးပြီး ခေါင်းညိတ်ပြလိုက်သည်၊၊

သူ၏ မျက်နှာမှာ ကြင်နာမှုများဖြင့် ပြည့်နှက်နေဟန်ရပြီး မျက်ဝန်းများမှာ နူးညံ့နေခဲ့ကာ သူက သူ၏ အတိတ်ကို ပြန်လည်သတိရသွားခြင်းပဲဖြစ်သည်။

သူကိုယ်တိုင်လည်း ဝူယွမ်ကဲ့သို့ပင် အလယ်အလတ်အဆင့် ပြည်ထောင်စုမှ လာခဲ့သူဖြစ်ပြီး ပြည်ထောင်တစ်ရာတိုက်ပွဲကို တစ်ဆင့်ချင်း ဖြတ်ကျော်လာခဲ့သူ ဖြစ်သောကြောင့် ဝူယွမ်အပေါ်တွင် ကိုယ်ချင်းစာစိတ်နှင့် ရင်းနှီးမှုကို ခံစားနေရသည်။

ချန်ကျန်းက “အခုကစပြီး မင်းက လေပြင်းခန်းမရဲ့ အဓိကတပည့်တစ်ယောက် ဖြစ်သွားပြီ၊ ဒီနေရာကို မင်းရဲ့ အိမ်လို့ပဲ သဘောထားပါ”

ဝူယွမ်က ခေါင်းကို ကုတ်လိုက်ရင်း ကြီးကျယ်သော ပုဂ္ဂိုလ်ကြီး၏ ရုတ်တရက် ကြင်နာမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

ချန်ကျန်းက “အင်း... လာပါ၊ ဆေးမြစ်ဆေးကြောခြင်းကို စကြစို့၊ မှတ်ထားပါ၊ ဆေးကြောခြင်းလုပ်နေတုန်းမှာ မင်း ဘယ်လောက်အထိ ကြာကြာခံနိုင်မလဲဆိုတာက အရေးကြီးဆုံးပဲ၊ အဲ့တာက မင်းအတွက် အကျိုးကျေးဇူး ပိုများစေလိမ့်မယ်၊ မင်း ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တယ်”

ပြောပြီးနောက် သူနှင့် ဝူတောင်တို့ နှစ်ဦးစလုံး ဆေးမြစ်ထဲသို့ ခုန်ဝင်သွားကြသည်။

ထို့နောက် ဝူတောင်၏ အော်သံ ထွက်ပေါ်လာခဲ့သည် “ဝူယွမ်၊ ဝင်လာခဲ့တော့”

ဝူယွမ်က လင်းတုန်နှင့် အခြားသူများကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် စင်မြင့်ပေါ်မှ ခုန်ချကာ မနာလိုသော အကြည့်များကြားတွင် နိဗ္ဗာန်စွမ်းအင်လှိုင်းများ ထနေသော ဆေးမြစ်ထဲသို့ ဆင်းသက်သွားတော့သည်။

ဒန်မြစ်မှာ လှိုင်းထနေပြီး မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော နိဗ္ဗာန်စွမ်းအင်များက လှိုင်းတံပိုးများအဖြစ် စုစည်းကာ အဆက်မပြတ် လှုပ်ခတ်နေသည်။ ၎င်း၏ အရှိန်အဟုန်မှာ တစ်ကယ့်မြစ်အစစ်များထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။

နိဗ္ဗာန်စွမ်းအင်များသည် အလွန် ခိုင်မာသိပ်သည်းပြီး ချော်ရည်မြစ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

မြစ်၏ လှိုင်းထနေသော အရှိန်အဟုန်ကပင် သာမန်ကျင့်ကြံသူများ မခံနိုင်သော အရာဖြစ်နေခဲ့သည်။

ချန်ကျန်းနှင့် ဝူတောင်တို့မှာ ဆေးမြစ်အထက်တွင် ပေါလောပေါ်နေခဲ့ကြပြီး ပြင်းထန်သော နိဗ္ဗာန်စွမ်းအင်များက သူတို့၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ရိုက်ခတ်နေသော်လည်း သူတို့၏ အဝတ်အစားများမှာ လှုပ်ရှားခြင်းပင် မရှိချေ။

ဝူယွမ်မှာမူ သူ၏ ကိုယ်ခန္ဓာကို ထိခိုက်မှုမရှိအောင်သာ မနည်းထိန်းသိမ်းနေရပြီး သူ၏ အဝတ်အစားများအကြောင်းကိုမူ သူ မစဉ်းစားနိုင်တော့ပေ။

တပည့်များကတော့ မနာလိုစွာဖြင့် ကြည့်နေကြသည်။ နိဗ္ဗာန်ဆေးကြောခြင်း၏ အကျိုးကျေးဇူးကို လူတိုင်းသိထားကြသည်၊၊ အထူးသဖြင့် ‘နိဗ္ဗာန်ရွှေစွမ်းအင်’ ကပြင်းထန်သောအာဟာရဓာတ်များ ပါရှိပြီး နိဗ္ဗာန်အဆင့် ပုဂ္ဂိုလ်များအတွက် အလွန် အကျိုးရှိသည်။

“မင်းတို့ ဘယ်လိုထင်လဲ၊ ဒီဝူယွမ်က ဘယ်နှစ်ရက်လောက် ခံနိုင်မယ်လို့ ထင်လဲ”

“နိဗ္ဗာန်ရွှေစွမ်းအင်က တကယ့်ကို ပြင်းထန်တာ၊ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ သွေးကြောတွေကို ပေါက်ထွက်သွားစေမှာပဲ၊ ဆိုးဆိုးရွားရွားဆိုရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်၊ ပြီးခဲ့တဲ့နှစ်က ဆေးမြစ်ဆေးကြောခြင်းကို ခံယူခဲ့တဲ့ အစ်ကိုကြီး ဖန်းယွမ်တောင် လေးရက်ပဲ ခံနိုင်ခဲ့တယ်”

“ဆေးမြစ်ဆေးကြောခြင်းက ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက်ဖြစ်သလို အလွန်မြင့်မားတဲ့ လိုအပ်ချက်တွေ ရှိတယ်၊ ခုနက ဝူယွမ်နဲ့ အစ်ကိုကြီး ထုံချွမ်းတို့ရဲ့ တိုက်ပွဲမှာ ဝူယွမ်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေကိုပဲ အားကိုးပြီး နိုင်သွားတာဆိုတော့ သူ့ရဲ့ ကိုယ်ခန္ဓာက သိပ်ပြီး သန်မာမှာ မဟုတ်ဘူးလို့ ငါထင်တယ်”

“သူ လေးရက်တောင် ခံနိုင်မယ်မထင်ဘူး”

“လောင်းမလား”

ရှောင်တျောင်းက ရုတ်တရက် တပည့်များကြားထဲသို့ လျှောက်လာပြီး သူ၏ မျက်နှာတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ရှိနေခဲ့သည်။

“သူ လေးရက်ထက် ပိုခံနိုင်မယ်လို့ ငါကတော့ လုံးဝယုံကြည်တယ်”

“မင်း တကယ် လောင်းရဲလို့လား”

“ဒါပေါ့”

“လောင်းကြေးဖွင့်လိုက်တော့”

“နိဗ္ဗာန်ရွှေစွမ်းအင်ရဲ့ အကျိုးကျေးဇူးက အဲ့ဒီလောက်တောင် ကောင်းတာလား” လင်းတုန်က တပည့်များ၏ မနာလိုသော အမူအရာများကို ကြည့်ရင်း သံသယဖြင့် မေးမြန်းလိုက်သည်။

ရှောင်တျောင်းက လောင်းကြေးများကို လက်ခံနေရင်းမှ ဝိညာဉ်စွမ်းအင်မှတစ်ဆင့် လင်းတုန်ကို ဆက်သွယ်လိုက်သည်။ “ဆေးမြစ်ဆိုတာ စင်ကြယ်တဲ့ နိဗ္ဗာန်စွမ်းအင်တွေနဲ့ သဘာဝအလျောက် ဖြစ်တည်လာတာ၊ အဲ့ဒီ ဆေးမြစ်ရဲ့ အနက်ဆုံးနေရာ ရေဖိအားတွေအောက်မှာ မရေမတွက်နိုင်တဲ့ နိဗ္ဗာန်စွမ်းအင်တွေ ပေါင်းစပ်သွားတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သန့်စင်တဲ့ စွမ်းအင်တွေ မွေးဖွားလာတယ်၊ အဲ့ဒါကို နိဗ္ဗာန်ရွှေစွမ်းအင်လို့ ခေါ်တယ်”

“သူ့မှာ နောက်ထပ် နာမည်တစ်ခုလည်း ရှိသေးတယ်၊ အဲ့ဒါကတော့ ‘ မူလအစ ဝိညာဉ်စွမ်းအင်’ ပဲ”

“နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်ဟာ သူ့ရဲ့ ခုနစ်ဆင့်မြောက် နိဗ္ဗာန်ကပ်ဘေးကို ဖြတ်ကျော်တဲ့အခါ သူ့ကိုယ်ထဲက နိဗ္ဗာန်စွမ်းအင်တွေဟာ ဒီ မူလအစ ဝိညာဉ်စွမ်းအင်အဖြစ် အလိုအလျောက် ပြောင်းလဲသွားလိမ့်မယ်၊ တစ်နည်းအားဖြင့် ပြောရရင် ဒီဆေးမြစ်ထဲက နိဗ္ဗာန်ရွှေစွမ်းအင်တွေကလည်း မရေမတွက်နိုင်တဲ့ ပေါင်းစပ်မှုတွေ၊ သန့်စင်မှုတွေကြောင့် နောက်ဆုံးမှာ ပုံပေါ်လာတာပဲ၊ ကွာခြားတာကတော့ ဒီစွမ်းအင်မှာ ဘာအသိစိတ်မှ မရှိတာပဲ”

“နိဗ္ဗာန်ရွှေစွမ်းအင်ကို စုပ်ယူခြင်းက ခွန်အားတိုးတက်ဖို့အတွက် အကျိုးရှိရုံတင်မကဘဲ၊ အနာဂတ်မှာ ‘မူလအစ ဝိညာဉ်’ အဖြစ် ပြောင်းလဲဖို့အတွက်လည်း အများကြီး အထောက်အကူပြုတယ်”

“ဒါကြောင့်ကိုး...” လင်းတုန်လည်း မနာလိုသော အမူအရာကို ပြသလိုက်မိသည်။

ထိုအချိန်တွင် ဝူယွမ်က ဆေးမြစ်ထဲသို့ ဝင်ရောက်သွားပြီး ဆေးမြစ်၏ အောက်ခြေသို့ ဦးတည်သွားနေခဲ့သည်။

【ဒင်၊ တောင်ဂိုဏ်း၏ လေပြင်းခန်းမသို့ ရောက်ရှိပါသည်၊ ဆိုင်းအင်၀င်လိုပါသလား】

စနစ်၏ အချက်ပေးသံမှာ နောက်ဆုံးတော့ ရောက်ရှိလာလေပြီ။

“ဆိုင်းအင်၀င်မယ်”

【ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်၊ ဆုလာဘ်အဖြစ် ‘ကိုးပါးလျှို့ဝှက်ချက်’ ထဲမှ ‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်အားရရှိပါသည်】

All Chapters