အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း ၂၀၃ - နိဗ္ဗာန်ရွှေစွမ်းအင်ကို ဝါးမျိုခြင်းနှင့် ခြောက်ဆင့်မြောက် နိဗ္ဗာန်ကပ်ဘေးကို ကျော်ဖြတ်ခြင်း
ကိုးပါးလျှို့ဝှက်ချက်ထဲမှ တစ်ခုဖြစ်သော ‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်။
‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်သည် အမြန်နှုန်းတွင် အထွတ်အထိပ်ရောက်နေသော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး၊ အဆင့်မြင့်မြင့်အထိ တတ်မြောက်သွားပါက ကောင်းကင်ယံကိုးထက်သို့ ပျံတက်နိုင်သလို ငရဲဘုံကိုးထပ်အထိလည်း ဆင်းသက်နိုင်ပြီး မည်သည့်အစီအရင်နှင့် တားဆီးပိတ်ပင်မှုမျိုးကိုမဆို အလွယ်တကူ ဖြတ်ကျော်သွားနိုင်သည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိချိန်တွင်မူ အချိန်ကာလကိုပင် ခေတ္တရပ်တန့်သွားစေနိုင်သည့် စွမ်းအားရှိ၏။
ဝူယွမ်က စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ ရယ်မောလိုက်မိသည်။ ‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်က အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ပြီးခဲ့သည့်အကြိမ်က ရရှိခဲ့သော ‘ဂျယ်’ အက္ခရာလျှို့ဝှက်ချက်ကိုပင် အချိန်မပေးနိုင်သေးသဖြင့် အကြမ်းဖျင်းသာ နားလည်ထားနိုင်သေးသော်လည်း၊ ဆိုင်းအင်စနစ်မှတစ်ဆင့် ရရှိသော ပညာရပ်အားလုံးမှာ ဝူယွမ်၏ စိတ်အာရုံထဲသို့ တိုက်ရိုက်ကိန်းအောင်းသွားခြင်းကြောင့် အခြေခံသဘောတရားကိုမူ သူ ကျွမ်းကျင်ပြီးသားဖြစ်နေသည်။
ထို့ကြောင့် အတွင်းကျကျ လေ့ကျင့်မှု မပြုလုပ်ရသေးသော်လည်း ဝူယွမ်က ထိုပညာရပ်ကို ရရှိသည့် အခိုက်အတန့်မှစ၍ အကြမ်းဖျင်း စတင်အသုံးပြုနိုင်နေပြီဖြစ်သည်။ လေ့ကျင့်မှုအားနည်းသေးသော်လည်း အခက်ခဲဆုံးဖြစ်သည့် အစပြုခြင်းအဆင့်ကိုမူ သူ ကျော်ဖြတ်ပြီးသား ဖြစ်သည်။
ဥပမာအားဖြင့် လက်ရှိတွင် ဝူယွမ်က ‘ဂျယ်’ အက္ခရာလျှို့ဝှက်ချက်ကို အသုံးပြုပါက အကြိမ်တစ်ထောင်တွင် တစ်ကြိမ် အောင်မြင်နိုင်ခြေရှိသည်။ အကြိမ်တစ်ထောင် တိုက်ခိုက်လျှင် တစ်ကြိမ်မှာ ဆယ်ဆခန့် ပိုမိုပြင်းထန်သော တိုက်ခိုက်မှု ထွက်ပေါ်လာမည်ဖြစ်သည်။
တစ်ထောင်ပုံတစ်ပုံဆိုသည်မှာ နည်းပါးသည်ဟု ထင်ရသော်လည်း၊ ဝူယွမ်၏ လက်ရှိတိုက်ခိုက်မှု အရှိန်အဟုန်အရ တစ်စက္ကန့်အတွင်း အကြိမ်တစ်ထောင် တိုက်ခိုက်နိုင်သဖြင့် တစ်စက္ကန့်တိုင်းတွင် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပါဝင်နေမည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ ငါနဲ့ အဆင့်တူတဲ့ ပြိုင်ဘက်တွေကိုတော့ သာမန်တိုက်ခိုက်မှုလေးတွေနဲ့တင် အလဲထိုးပစ်လို့ ရနေပြီပဲ “
နောင်တစ်ချိန်တွင် သူ၏ နားလည်မှု ပိုမိုမြင့်မားလာပြီး အောင်မြင်မှုနှုန်းမှာ တစ်ရာခိုင်နှုန်း သို့မဟုတ် ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိလာပါက သူ၏ အစွမ်းထက်တိုက်ကွက်များသာမက နောက်ဆုံးပိတ် ဝှက်ဖဲတိုက်ကွက်များမှာပါ ဆယ်ဆခန့် ပိုမိုပြင်းထန်လာမည်ဖြစ်ရာ အဆင့်မြင့်ကျင့်ကြံသူများကို ကျော်ဖြတ်တိုက်ခိုက်ရန်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။
‘ဂျယ်’ အက္ခရာလျှို့ဝှက်ချက်ကပင် ဤမျှအစွမ်းထက်နေလျှင် ‘ရှင်း’ အက္ခရာလျှို့ဝှက်ချက်မှာ ပို၍ပင် အစွမ်းထက်မည်မှာ သေချာပေသည်။ အဆုံးစွန်အထိ လေ့ကျင့်နိုင်ပါက အချိန်ကာလကိုပင် လွှမ်းမိုးနိုင်မည်ဖြစ်ရာ ဤပညာရပ်ကို တတ်မြောက်သွားပါက အရှေ့ရွှမ်နယ်မြေတခွင် စိတ်အလိုရှိသလို သွားလာနိုင်တော့မည်ဖြစ်သည်။
သို့သော် ဝူယွမ်က စိတ်လှုပ်ရှားနေသော်လည်း လျှို့ဝှက်ပညာရပ်ကို လေ့ကျင့်ရာ၌သာ အချိန်မဖြုန်းလိုသေးဘဲ ယခုလောလောဆယ်တွင် ဆေးမြစ်အတွင်းမှ အာဟာရစွမ်းအင်များကို လက်ခံရယူရန်သာ အာရုံစိုက်လိုက်သည်။
ဆေးမြစ်အထက်တွင် ချန်ကျန်းက ဝူတောင်ကို ကြည့်ကာ ရယ်မောလျက် - “ ကဲ ... စကြစို့”
“ အင်း “ ဝူတောင်က ပြန်ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်နှာမှာ တည်ကြည်သွားခဲ့သည်။ သူ၏ ဝတ်ရုံလက်စကို ခါယမ်းလိုက်ရာ ကျယ်ပြောလှသည့် ယွမ်စွမ်းအင်များမှာ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာပြီး ကြီးမားသော ယွမ်စွမ်းအင်အလင်းတန်းကြီးအဖြစ် ပြောင်းလဲကာ မြစ်အောက်ခြေသို့ ထိုးဆင်းသွားပြီး မြစ်ရေများကို ပြင်းထန်စွာ မွှေနှောက်လိုက်တော့သည်။
ချန်ကျန်းကလည်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ရာ ယွမ်မြစ်အတွင်း မြင့်မားသော လှိုင်းတံပိုးများ တက်လာခဲ့သည်။
ဝေါ ... ဝေါ ... ဝေါ ...
ကြီးမားသော ယွမ်စွမ်းအင်အလင်းတန်းကြီးများ၏ မွှေနှောက်မှုကြောင့် မြစ်ရေများမှာ ချက်ချင်းပင် ဆူပွက်လာပြီးနောက် မြစ်မျက်နှာပြင်ထက်တွင် နက်မှောင်သော ဝဲဂယက်ကြီးတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။ ထိုဝဲဂယက်က မြစ်အောက်ခြေအထိ ထိုးဆင်းသွားပြီး သားရဲ ပါးစပ်ကြီးသဖွယ် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဝဲဂယက်မှာ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာပြီး အဝ ဆယ်ပေခန့် ရှိလာသောအခါ နက်မှောင်သော ဝဲဂယက်အတွင်းမှ ရွှေရောင်အလင်းတန်းလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုရွှေရောင်အလင်းသည် ဥက္ကာခဲတစ်ခုကဲ့သို့ အရှိန်ဖြင့် ကောင်းကင်ထက်သို့ ထိုးတက်သွားရာ ပြင်းထန်သော စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။
“ နိဗ္ဗာန်ရွှေစွမ်းအင်ပါလား “
ပတ်ဝန်းကျင်ရှိ စင်မြင့်များပေါ်မှ တပည့်များမှာ ထိုစွမ်းအင်များကို ရှူရှိုက်ချင်သည့်နှယ် လောဘတကြီး ကြည့်နေကြသည်။
“ ဝူယွမ် ... မင်း မြစ်အောက်ခြေမှာ ထိုင်ပြီး ဒီနိဗ္ဗာန်ရွှေစွမ်းအင်ကို ဝါးမျိုလိုက် ... အကယ်၍ မင်း မခံနိုင်တော့ဘူးဆိုရင် ဒီကျောက်စိမ်းပြားကို ခွဲလိုက်ပါ ... ငါ မင်းကို အပြင်ထုတ်ပေးမယ် “
ချန်ကျန်းက ဝတ်ရုံကို ခါယမ်းကာ ရွှေရောင်ကျောက်စိမ်းပြားတစ်ခုကို မြစ်ထဲသို့ ပစ်လွှတ်လိုက်ပြီး ဝူယွမ်အား ဝိညာဉ်စွမ်းအင်ဖြင့် သတင်းစကားပါးလိုက်သည်။ ဝူယွမ်က ဝဲဂယက်၏ အလယ်ဗဟို၌ ရှိနေစဉ် ထိုကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး ယွမ်စွမ်းအင်များဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ကာ မြစ်အောက်ခြေသို့ ဆင်းသွားတော့သည်။
သူ မြစ်ထဲသို့ ဝင်သွားသည်နှင့် ဝူတောင်နှင့် ချန်ကျန်းတို့က ဝဲဂယက်ကြီးကို တည်ငြိမ်သွားအောင် ပြုလုပ်လိုက်ကြသည်။
ချန်ကျန်းက သူ၏ ယွမ်စွမ်းအင်များကို ရုပ်သိမ်းကာ စင်မြင့်တစ်ခုပေါ်သို့ ပျံတက်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည် - “ အခုတော့ သူ့အရည်အချင်းပေါ်မှာပဲ မူတည်တော့တယ် ... သူ ကြာကြာခံနိုင်လေ အကျိုးကျေးဇူး ပိုများလေပဲ “
ဝူတောင်လည်း ရောက်လာပြီး ပြုံးကာ မေးလိုက်လေသည် - “ ဟဲဟဲ ... သူ ဘယ်လောက်ကြာကြာ ခံနိုင်မယ်လို့ မင်းထင်လဲ “
“ ခြောက်ရက်လောက်ပေါ့ “
“ အင်း ... ခြောက်ရက်ဆိုတာလည်း မဆိုးပါဘူး “ ဝူတောင်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည် - “ ဒါပေမဲ့ ငါထင်တာတော့ အနည်းဆုံး ရှစ်ရက်လောက်တော့ ခံနိုင်လိမ့်မယ် “
ချန်ကျန်းက အံ့သြသွားပြီး - “ မင်းက သူ့ကို တကယ် မြင့်မြင့် မျှော်မှန်းထားတာပဲ ... အခု ခေတ်ပါရမီရှင်လူငယ်တွေထဲမှာဆိုရင် ယင်းရှောင်ရှောင် တစ်ယောက်ပဲ ရှစ်ရက်အထိ ခံနိုင်ခဲ့တာ “
“ ဒါပေါ့ ... ငါ့စိတ်ထဲမှာတော့ ဝူယွမ်က အဲ့ဒီမိန်းကလေးထက် မနိမ့်ဘူး” ဝူတောင်က ရယ်မောလျက် ပြောလိုက်သည်။
ချန်ကျန်းကလည်း - “ ဟဲဟဲ ... မင်း ပိုပြီးတောင် မျှော်လင့်ချင်သေးတာလား ... အရင်တုန်းက စီနီယာအစ်ကိုကြီး ကျိုးထုံဆိုရင် မြစ်အောက်ခြေမှာ နိဗ္ဗာန်ရွှေစွမ်းအင်တွေ အကုန်လုံးကို ဝါးမျိုပြီးမှ အေးအေးဆေးဆေး ပြန်ထွက်လာတာ ... ဝူယွမ်က သူ့ကို ယှဉ်နိုင်မယ်လို့ မင်း ထင်လို့လား “
“ စီနီယာအစ်ကိုကြီး ကျိုးထုံ... “
ဝူတောင် ဆက်မပြောရဲတော့ချေ။ ကျိုးထုံဆိုသည်မှာ မဟာရှေးဟောင်း ဧကရာဇ်ကျမ်းကို နားလည်ခဲ့သည့် ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ ဝူယွမ်ကို အထင်ကြီးသော်လည်း ကျိုးထုံနှင့် ယှဉ်လျှင်မူ ကွာဟချက် ရှိနေသေးသည်ဟု ခံစားနေရသည်။
“ ဟွန်း ... မင်းကတော့ လုပ်ပြီ” ချန်ကျန်းက ခေါင်းခါကာ ရယ်မောလိုက်သည်။ “ ငါလည်း သူ ရက်အနည်းငယ်လောက် ပိုခံနိုင်ဖို့ မျှော်လင့်ပါတယ် ... ငါတို့ လေပြင်းခန်းမက ငြိမ်သက်နေတာ ကြာပြီ ... အခုတော့ စိတ်လှုပ်ရှားစရာလေးတွေ ဖြစ်လာဖို့ အချိန်တန်ပြီ “
ယွမ်မြစ်အတွင်းရှိ နက်မှောင်သော ဝဲဂယက်ကြီးမှာ တည်ငြိမ်သွားသော်လည်း တပည့်များမှာ မပြန်ကြသေးဘဲ စင်မြင့်များပေါ်တွင် ထိုင်ကာ မြစ်အောက်ခြေသို့ ထိုးဆင်းနေသော မြွေဟောက်နက်ကြီးသဖွယ် ဝဲဂယက်ကြီးကိုသာ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ဝဲဂယက်၏ နက်ရှိုင်းသော မြစ်အောက်ခြေ၌ ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း ပိုမိုတောက်ပလာခဲ့လေသည်။
ဝူယွမ်၏ ခရမ်းရောင်မျက်လုံးများက စုစည်းနေသော ရွှေရောင်အလင်းတန်းကြီးကိုသာ စိုက်ကြည့်နေမိသည်။ ထိုနေရာမှ ထွက်ပေါ်နေသော စွမ်းအင်များမှာ ပြင်းထန်လွန်းသလို ရင်းနှီးနေသော အငွေ့အသက်များကိုလည်း ခံစားနေရသည်။
“မူလအစ ဝိညာဉ်စွမ်းအင်”
ဤစွမ်းအင်မျိုးကို လင်းလန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ဆရာသခင်မု၏ ဝိညာဉ်ထံတွင်လည်းကောင်း၊ သူ မကြာသေးမီက ဝါးမျိုခဲ့သည့် ကျန့်ကျုံး၏ ဝိညာဉ်ထံတွင်လည်းကောင်း ခံစားခဲ့ရဖူးသည်။ သို့သော် နိဗ္ဗာန်ရွှေစွမ်းအင်မှာ ပိုင်ရှင်မဲ့စွမ်းအင်ဖြစ်သဖြင့် အလွန်စင်ကြယ်ပြီး ဝါးမျိုရသည်မှာ ပိုလွယ်ကူလေသည်။
ဝူယွမ်က မြစ်အောက်ခြေ၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး အရပ်မျက်နှာအနှံ့မှ ပြင်းထန်သော ဖိအားများက သူ့အပေါ်သို့ သက်ရောက်နေခဲ့သည်။ ဤနေရာရှိ နိဗ္ဗာန်စွမ်းအင်များမှာ ချန်ကျန်းနှင့် ဝူတောင်တို့၏ ဝဲဂယက်ကြောင့် အလွန်သိပ်သည်းနေပြီး နိဗ္ဗာန်ချော်ရည်ပူများကဲ့သို့ ခံစားရကာ ယွမ်စွမ်းအင်ဖြင့်ပင် ခုခံရန် ခက်ခဲနေသည်။
အနည်းဆုံး နိဗ္ဗာန်အဆင့်ခြောက် ကျင့်ကြံသူများသာ ဘေးကင်းကင်းဖြင့် ခံနိုင်ရည်ရှိမည်ဖြစ်သည်။
ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ‘အာဏာရှင်သွေး’ များမှာ ထိုဖိအားအောက်တွင် စတင်စီးဆင်းလာခဲ့သည်။ နတ်ဆင်နှိမ်နင်းခြင်းပညာရပ်နှင့် ကောင်းကင်ပြာ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်များမှာလည်း အလိုအလျောက် အလုပ်လုပ်လာတော့သည်။
သူက ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော နိဗ္ဗာန်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ မသိမသာ စုပ်ယူလိုက်သည်။။
မြစ်အောက်ခြေရှိ နိဗ္ဗာန်ရွှေစွမ်းအင်များမှာ ပိုမိုများပြားလာပြီး ဝူယွမ်ကို ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
ထိုစွမ်းအင်များမှာ အလွန်လေးလံပြီး ပြင်းထန်လွန်းသဖြင့် ဝူယွမ်၏ ယွမ်စွမ်းအင်များကို ခန္ဓာကိုယ်အပြင်ဘက်သို့ မထွက်နိုင်အောင်ပင် ဖိနှိပ်ထားတော့သည်။
“ ကဲ ... စပြီး ဝါးမျိုလိုက်ကြစို့ “
ဝူယွမ်က တစ်ချက် ပြုံးလိုက်သည်။ သူက ယွမ်စွမ်းအင်ဖြင့် ခုခံနေခြင်းကို ရပ်တန့်လိုက်ပြီး မိမိ၏ ချွေးပေါက်များကို ဖွင့်ကာ နိဗ္ဗာန်ရွှေစွမ်းအင်များကို တိုက်ရိုက်စုပ်ယူလိုက်သည်။
ပြင်းထန်သော စွမ်းအင်များမှာ ဝူယွမ်၏ သွေးကြောများနှင့် အသားမျှင်များကို ဖျက်ဆီးမည့်အလား စီးဝင်လာသော်လည်း၊ သူ၏ ခိုင်မာလှသော ခန္ဓာကိုယ်နှင့် အာဏာရှင်သွေးများက ထိုစွမ်းအင်များကို အလွယ်တကူပင် လက်ခံရယူလိုက်သည်။ နတ်ဆင်စွမ်းအားများမှာလည်း ရေခြောက်နေသော ဂွမ်းဖတ်များကဲ့သို့ စွမ်းအင်များကို အငမ်းမရ ဝါးမျိုလိုက်ကြရာ၊ ပြင်းထန်သော နိဗ္ဗာန်ရွှေစွမ်းအင်များမှာ ချက်ချင်းပင် ငြိမ်သက်သွားပြီး ဝူယွမ်အတွက် အာဟာရစွမ်းအင်များအဖြစ် ပြောင်းလဲသွားလေသည်။
“ နည်းနည်းတော့ နှေးနေသေးတယ် ... ဝါးမျိုခြင်းရူန်း “
သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ဝါးမျိုခြင်းရူန်းမှာ တဖျပ်ဖျပ်တောက်ပလာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဝဲဂယက်သေးလေးများ ဖြစ်ပေါ်ကာ စုပ်ယူမှုအရှိန်ကို မြှင့်တင်ပေးလိုက်သည်။
ငါးရက်ဆိုသော အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ဆေးမြစ်စင်မြင့်ပေါ်မှ လူဦးရေမှာ လျော့မသွားဘဲ ပို၍ပင် တိုးလာခဲ့သည်။ သာမန်တပည့်များမှာ ငါးရက်ခန့်သာ ခံနိုင်ရည်ရှိကြရာ ဝူယွမ်လည်း ယနေ့တွင် ပြန်ထွက်လာလိမ့်မည်ဟု လူအများက တွေးတောနေကြသည်။ အချို့မှာလည်း ချန်ပီယံတပည့်လေး သွေးအလိမ်းလိမ်းနှင့် ထွက်လာမည့်ပုံစံကို ကြည့်ချင်နေကြသည်။
သို့သော် နေဝင်သည်အထိ ဝူယွမ်မှာ ပေါ်မလာခဲ့ချေ။
“ တော်တယ် ငါ့တပည့် ... ဆက်ပြီး တောင့်ခံထားစမ်း “ ဝူတောင်၏ စိတ်ထဲတွင် ဝမ်းသာပီတိစိတ်များ လွှမ်းမိုးနေခဲ့သည်။
“ ငါးရက်ဆိုတာက တပည့်တွေထဲမှာ တော်တော်လေး ထူးချွန်တဲ့အဆင့်ပဲ “ ချန်ကျန်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ “ ဒါပေမဲ့ မြစ်အောက်ခြေက ဖိအားက တစ်ရက်ထက်တစ်ရက် ပိုကြောက်ဖို့ကောင်းလာမှာ ... နောက်ရက်တွေကမှ တကယ့် အခက်ခဲဆုံးပဲ “
“ ဟဲဟဲ ... သူ နောက်ထပ် သုံးရက်လောက် ထပ်ခံနိုင်ရင် ယင်းရှောင်ရှောင်နဲ့ အဆင့်တူသွားပြီ “
ခြောက်ရက်မြောက်နေ့ ... ခုနစ်ရက်မြောက်နေ့ ... ရှစ်ရက်မြောက်နေ့ ...
လူတွေ ပိုမိုစုရုံးလာကြသော်လည်း ဝူယွမ်မှာ ပေါ်မလာသေးချေ။
ကောင်းကင်ဂိုဏ်း၏ ဆေးမြစ်အတွင်းရှိ ယင်းရှောင်ရှောင်၏ လေ့ကျင့်ရေးစင်မြင့်ပေါ်သို့ ယင်းဟွမ်ဟွမ် ရောက်ရှိလာခဲ့သည်။
“ အစ်မ ... မကောင်းတော့ဘူး “
ယင်းရှောင်ရှောင်က သက်ပြင်းချကာ - “ ပြောစမ်းပါဦး ... ဘာဖြစ်ပြန်ပြီလဲ “
ယင်းဟွမ်ဟွမ်က အမောတကောဖြင့် - “ ဟိုတစ်ခေါက်က အစ်မကို ပြောပြတဲ့ ချန်ပီယံတပည့် ဝူယွမ်လေ ... သူ အခု လေပြင်းခန်းမရဲ့ ဆေးမြစ်အောက်ခြေမှာ ရှစ်ရက်တောင် ရှိနေပြီ ... အခုထိ ပြန်ထွက်မလာသေးဘူး ... အစ်မရဲ့ စံချိန်ကို ကျော်တော့မှာ “
“ သူက ရှစ်ရက်အထိ ခံနိုင်ရည်ရှိတာလား “ ယင်းရှောင်ရှောင် အနည်းငယ် အံ့အားသင့်သွားလေသည်။
“ ဟုတ်တယ် ... သူ မြစ်ထဲမှာ ဖိအားဒဏ်ကြောင့် သေသွားမလားတောင် စိတ်ပူမိတယ် “ ယင်းဟွမ်ဟွမ်က ရင်ဘတ်လေးကို ဖိကာ ပြောလိုက်သည်။ သူမသည် ဝူယွမ်ကို မာနကြီးသည်ဟု ထင်သော်လည်း ပါရမီရှင်တစ်ဦး ဆုံးရှုံးသွားမည်ကိုမူ မလိုလားပေ။
“ အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ ... ဦးလေးချန်ကျန်းတို့ ရှိနေတာပဲ “ ယင်းရှောင်ရှောင်က ပြောသည်။ “ သူ အခုထိ မထွက်လာသေးတာက ဖိအားကြောင့် လှုပ်မရတာဖြစ်နိုင်သလို ... ဒါမှမဟုတ် စီနီယာကျိုးထုံလိုမျိုး နိဗ္ဗာန်ရွှေစွမ်းအင်တွေ အကုန်လုံးကို ဝါးမျိုဖို့ ပြင်နေတာလည်း ဖြစ်နိုင်တယ် “
ကျိုးထုံဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ယင်းဟွမ်ဟွမ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ ဖြစ်နိုင်ပါ့မလား အစ်မ ... သူက စီနီယာကျိုးထုံနဲ့ ယှဉ်နိုင်မှာမလို့လား “
ယင်းရှောင်ရှောင်က ခေါင်းခါလိုက်ပြီး - “ အဲ့လိုတော့ မဟုတ်ပါဘူး ... စီနီယာကျိုးထုံနဲ့ ယှဉ်ဖို့ဆိုရင် နိဗ္ဗာန်ရွှေစွမ်းအင် ဝါးမျိုရုံနဲ့ မရဘူး ... မဟာရှေးဟောင်း ဧကရာဇ်ကျမ်းကိုပါ နားလည်တတ်မြောက်ဖို့ လိုတယ် ... ဘာပဲဖြစ်ဖြစ် အခုထိ ခံနိုင်နေတာကတော့ သူ့ရဲ့ပါရမီက အံ့သြစရာကောင်းနေပြီဆိုတာ သက်သေပြနေတာပဲ “
ဝူယွမ်သည် မြစ်အောက်ခြေတွင် နိဗ္ဗာန်ရွှေစွမ်းအင်များကို ဝါးမျိုရင်း သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမိုသန်မာလာခဲ့သည်။ ဆယ်ရက်မြောက်နေ့သို့ ရောက်သောအခါ သူက နိဗ္ဗာန်ရွှေစွမ်းအင် အားလုံးကို ဝါးမျိုပြီးစီးသွားခဲ့ပီဖြစ်သည်။ ကျိုးထုံက ဆယ့်သုံးရက် ကြာခဲ့သော်လည်း ဝူယွမ်မှာမူ သုံးရက်စော၍ ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။
သို့သော် သူ ပြန်မထွက်လာသေးဘဲ ခြောက်ဆင့်မြောက် နိဗ္ဗာန်ကပ်ဘေးကို ထိုနေရာ၌ပင် စတင်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဆယ့်တစ်ရက်မြောက်နေ့သို့ ရောက်သောအခါ ...
ယွမ်မြစ်ထက်တွင် လူပေါင်းများစွာ စုရုံးနေကြပြီး ဝူယွမ်က ဒုတိယမြောက် ကျိုးထုံ ဖြစ်လာနိုင်မလားဟု ဆွေးနွေးနေခဲ့ကြသည်။ စင်မြင့်ပေါ်တွင် လူအုပ်ကြီးရှိနေသော်လည်း ထင်ရှားသော အုပ်စုလေးစု ဖြစ်ပေါ်နေပြီး ထိုအုပ်စုများကို လေပြင်းခန်းမ၏ ထိပ်တန်းတပည့်ကြီး လေးဦးက ဦးဆောင်နေကြသည်။
အရှေ့ဘက်တွင် ပထမစီနီယာအစ်ကိုကြီး ‘ဖန်ထုံ’ ၊ တောင်ဘက်တွင် ဒုတိယစီနီယာဘရားသား ‘ဆုန့်ကျိုး’ ၊ အနောက်ဘက်တွင် တတိယစီနီယာဘရားသား ‘ကျန်းဟောင်’ နှင့် မြောက်ဘက်တွင် အငယ်ဆုံးဖြစ်သော်လည်း ပါရမီအထူးဆုံး ‘ဖန်းယွမ်’ တို့ ရှိနေခဲ့ကြသည်။
သူတို့အားလုံး၏ အကြည့်များမှာ မြစ်အလယ်မှ ဝဲဂယက်ကြီးဆီသို့သာ ရောက်နေကြပြီး လေပြင်းခန်းမအတွက် စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မည်ကို စောင့်ကြည့်နေကြလေသည်။
အခန်း ၂၀၄ - လင်းတုန်၏ စွမ်းအား ပြသခြင်း
ဝူယွမ်၏ ဆေးမြစ်အတွင်း ဆေးကြောခြင်းသည် ဆယ်ရက်ကျော်အထိ ကြာမြင့်လာခဲ့ရာ လေပြင်းခန်းမ၏ တပည့်ရင်းလေးဦးစလုံးပင် ဂူအောင်းရာမှ ထွက်လာခဲ့ကြရသည်အထိ ဖြစ်ခဲ့သည်။ ယခုအခါ လေပြင်းခန်းမ၏ တပည့်အားလုံးနီးပါးသည် ဆေးမြစ်ထက်တွင် စုရုံးရောက်ရှိနေကြပြီး ဤချန်ပီယံတပည့်သစ် ထွက်ပေါ်လာမည့်အချိန်ကိုသာ စောင့်စားနေကြတော့၏။
သူသည် ကျိုးထုံ၏ စံချိန်ကို ချိုးဖျက်နိုင်မည်လားဆိုသည်မှာ နောက်ထပ် နှစ်ရက်အတွင်း အဖြေပေါ်တော့မည်ဖြစ်သည်။
တတိယမြောက် စီနီယာအစ်ကိုကြီး ကျန်းဟောင်က ဆေးမြစ်အတွင်းရှိ စွမ်းအင်ဝဲဂယက်ကို ကြည့်ကာ မကျေမနပ် ဖြစ်နေသော မျက်နှာပေးဖြင့် “အသုံးမကျတဲ့ကောင်၊ ဆေးမြစ်ရဲ့ စွမ်းအားဖြည့်တင်းမှုကို မရခဲ့တဲ့အပြင် သူ့ကို စိန်ခေါ်တုန်းကလည်း မနိုင်ခဲ့ဘူးပေါ့” ဟု သူ့အနားရှိ ထုံချွမ်းကို ငေါက်ငမ်းလိုက်သည်။
တပည့်ရင်းဆများကြားတွင်လည်း အုပ်စုကွဲမှုများ ရှိနေပြီး ထုံချွမ်းက ကျန်းဟောင်၏ အုပ်စုဝင်တစ်ဦး ဖြစ်သည်။
“အစ်ကိုကြီးကျန်းဟောင်၊ ဂျူနီယာညီလေး ဝူယွမ်မှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ နှစ်ခုရှိနေတယ်၊ ပြီးတော့ သူ့ရဲ့ ဝိညာဉ်စွမ်းအင်က ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ်ကို ရောက်နေပြီ၊ ကျွန်တော် ရှုံးသွားတာ မဆန်းပါဘူး၊ အစ်ကိုကြီးအနေနဲ့ ကျွန်တော့်အတွက် မခံမရပ်ဖြစ်နေဖို့ မလိုပါဘူး” ဟု ထုံချွမ်းက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ သူက အလွန်အရှက်ရနေသော်လည်း အမှန်တကယ်ပင် အင်အားချင်း မယှဉ်နိုင်ခဲ့သဖြင့် ဘာမျှ မတတ်နိုင်ခဲ့ပေ။
“ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်၊ မင်း ငါ့ကို လာသင်ပေးနေဖို့ မလိုဘူး၊ ဟမ့်၊ သူ့အရည်အချင်းက နက်နဲချင် နက်နဲနိုင်ပေမဲ့ ငါ့လူကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ကျင့်လို့တော့ မရဘူး၊ ဒီလူသစ်တွေက စီနီယာအစ်ကိုကိုတောင် ရိုသေမှု မရှိရအောင် ဘယ်လောက်တောင် မောက်မာနေလဲဆိုတာ ငါကြည့်ချင်သေးတယ်” ဟု ကျန်းဟောင်က အေးစက်စက် ပြောလိုက်၏။
“အစ်ကိုကြီး၊ တကယ်ပဲ မလိုအပ်ပါဘူး” ထုံချွမ်းက ဆက်လက် တောင်းပန်နေသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ကျန်းဟောင်သည် သူ့အပေါ် ကောင်းမွန်သော်လည်း ဝူယွမ်၏ အင်အားကို အပြည့်အဝ မသိရှိသေးသဖြင့် မိမိ၏ စီနီယာအစ်ကိုကြီးပါ ထပ်မံ ရှုံးနိမ့်သွားမည်ကို သူစိုးရိမ်နေမိသည်။
“တော်တော့၊ လူသစ်ဆိုတာ လူသစ်နဲ့တူတဲ့ အမူအကျင့် ရှိရမယ်၊ မင်းနဲ့ မဆိုင်ရင်တောင်မှ ငါက စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ စည်းကမ်းဆိုတာ ဘာလဲဆိုတာ သူတို့ကို သင်ပေးဖို့ တာဝန်ရှိတယ်”
ကျန်းဟောင်က အေးစက်သော မျက်နှာဖြင့်ပင် ပြန်ပြောလိုက်သည်။ သူ၏ အသံသည် တိုးမနေဘဲ တမင်တကာလည်း ဖုံးကွယ်မထားသဖြင့် နားပါးသူတိုင်း ကြားနိုင်ကြသည်။ ထိုအထဲတွင် တပည့်သစ်များလည်း ပါဝင်လေသည်။
ကျန်းဟောင်သည် တပည့်သစ်များ စုဝေးနေသော စင်မြင့်ဘက်သို့ သတိပေးသည့်အလား စိုက်ကြည့်လိုက်သေးသည်။
ဝူယွမ်နှင့်အတူ လေပြင်းခန်းမသို့ ဝင်ရောက်လာသော တပည့်သစ်များမှာ ဒေါသထွက်နေကြသော်လည်း ကျန်းဟောင်ကို ခိုးကြည့်ရုံသာ တတ်နိုင်ကြသည်။
ဤလူက ထုံချွမ်းကဲ့သို့ပင် ဝါစဉ်အဆင့်အတန်းကို အလွန်အမင်း အလေးထားသူ ဖြစ်ကြောင်း ထင်ရှားလေသည်။ ကံဆိုးသည်မှာ ထိုတပည့်သစ်များက အမှားအယွင်း တစ်ခုခုလုပ်မိ၍ ဤအဓိကတပည့် အဖွဲ့ခေါင်းဆောင်၏ ပစ်မှတ်ထားခြင်းကို ခံရမည်စိုးသဖြင့် မည်သူမျှ ထွက်မပြောရဲကြပေ။
အဓိကတပည့်ခေါင်းဆောင်များအားလုံးမှာ နိဗ္ဗာန်အဆင့်ကိုးးတွင် ရှိနေသူများ ဖြစ်ကြသည်။
“ဂျူနီယာလင်းတုန်က အရည်အချင်း မရှိပါဘူး၊ ဒါပေမဲ့ တပည့်သစ် တစ်ယောက်အနေနဲ့ စီနီယာအစ်ကိုကြီး ကျန်းဟောင်ဆီကနေ စည်းကမ်းဆိုတာ ဘာလဲဆိုတာကို လမ်းညွှန်မှု ခံယူချင်ပါတယ်”
ရုတ်တရက် လင်းတုန်က ကျန်းဟောင်ကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။
“ဝိုး”
ချက်ချင်းပင် လူတိုင်း၏ အကြည့်များမှာ လင်းတုန်ထံသို့ ရောက်ရှိသွားခဲ့သည်။ ဆေးမြစ်အထက်တွင် မြစ်ရေစီးသံမှလွဲ၍ အရာအားလုံး တိတ်ဆိတ်သွားခဲ့၏။ လင်းတုန်က တတိယ အဓိကတပည့်ခေါင်းဆောင်ကို တိုက်ရိုက် စိန်ခေါ်ရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
“လင်းတုန်လား” ကျန်းဟောင်က အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။ လူသစ်တစ်ယောက်က သူ့ကို ဤကဲ့သို့ ရင်ဆိုင်စကားပြောရဲလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
“ဟုတ်ပါတယ်၊ စီနီယာအစ်ကိုကြီး ကျန်းဟောင်က စည်းကမ်းတွေအကြောင်း ခဏခဏ ပြောနေတော့... အဓိကပတပည့်ခေါင်းဆောင် စီနီယာအစ်ကိုကြီး ကိုယ်တိုင် သင်ပေးရမယ့် စည်းကမ်းဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို လင်းတုန် တကယ်ပဲ သိချင်နေမိလို့ပါ” ဟု လင်းတုန်က နှုတ်ခမ်းရွဲ့ကာ ပြောလိုက်သည်။
သူက ဤကဲ့သို့သော လူမျိုးများ၏ မျက်နှာပေးကို ကြည့်မရပေ။ ထို့အပြင် တစ်ဖက်လူ၏ အမူအရာအရ သူ၏အစ်ကိုကြီး ထွက်လာပါက ပြဿနာရှာမည်မှာ သေချာနေသည်။
ထို့ကြောင့် ညီအစ်ကို တစ်ယောက်အနေဖြင့် အစ်ကိုကြီးအတွက် မလိုအပ်သော အနှောင့်အယှက်များကို ကြိုတင်ဖယ်ရှားပေးရန် လင်းတုန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကျန်းဟောင်၏ မျက်နှာမှာ လုံးဝ အေးစက်သွားတော့သည်။ ယခုကဲ့သို့ တပည့်သစ်တစ်ဦး၏ ရန်စမှုကို ခံရခြင်းမှာ သူ့အတွက် အလွန်အရှက်ရစရာ ဖြစ်နေခဲ့သည်။
စီနီယာအစ်ကိုကြီးတစ်ယောက်အနေဖြင့် တိုက်ရိုက် တိုက်ခိုက်လျှင် သိက္ခာကျမည်ဖြစ်သော်လည်း မတိုက်ခိုက်ဘဲ နေ၍လည်း မရတော့ပေ။
ကျန်းဟောင်က “မင်းက လင်းတုန်ပေါ့... မင်း စည်းကမ်းနားမလည်တာ ငါမြင်နေရတယ်... စီနီယာအစ်ကိုကြီးတစ်ယောက်ကို အဲ့ဒီလို လေသံနဲ့ မပြောသင့်ဘူး... မင်းက မင်းရဲ့ စီနီယာအစ်ကိုအပေါ် လေးစားမှု မရှိဘူးပဲ” ဟု ပြောလိုက်လေသည်။
လင်းတုန်က ပြုံးလိုက်ပြီး “စီနီယာအစ်ကိုကြီးက သိနေမှတော့... ကျွန်တော် ထပ်ရှင်းပြနေဖို့ မလိုတော့ဘူးပေါ့... မဟုတ်ဘူးလား” ဟု ချက်ချင်းပြန်ပြောလိုက်သည်။
“မင်း!” ကျန်းဟောင် ဆွံ့အသွားရသည်။ ဤလင်းတုန်မှာ သူ့ကို လုံး၀ မျက်နှာသာ မပေးချေ။ “မင်းလည်း နိဗ္ဗာန်အဆင့်ငါးကို ရောက်နေတာပဲ၊ ထုံချွမ်း... သွားပြီးတော့ ဒီဂျူနီယာညီလေးကို စီနီယာအစ်ကိုတွေအပေါ် ဘယ်လို ရိုသေရမလဲဆိုတာ သင်ပေးလိုက်စမ်း”
ကျန်းဟောင်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်လေသည်။
“ကျွန်တော်လည်း အဲ့ဒီလိုပဲ စဉ်းစားနေတာပါ၊ ဂျူနီယာညီလေး လင်းတုန်... လာစမ်းပါဦး... စီနီယာအစ်ကိုကြီးကို မင်းရဲ့ ကျင့်စဉ်အဆင့်က ဘယ်လိုရှိလဲဆိုတာ အရင်ပြစမ်းပါဦး”
ထုံချွမ်းသည်လည်း သူ၏ စီနီယာအစ်ကို ရန်စခံရသည်ကို မြင်သောအခါ ချက်ချင်း ရှေ့သို့ တက်လာခဲ့သည်။
သူက မိမိ၏ အရှိန်အဝါကို ပြန်လည် တည်ဆောက်ရန် အခွင့်အရေး ရှာနေချိန်တွင် လင်းတုန်က ထွက်လာသဖြင့် အတော်ပင် ကွက်တိကျသွားခဲ့သည်။
သို့သော် ထုံချွမ်းကို ရင်ဆိုင်ရသည့်အခါ လင်းတုန်က ခေါင်းခါလိုက်ပြီး ရိုင်းပျစွာပင် ပြောလိုက်လေ၏။
“စီနီယာအစ်ကိုကြီး ထုံချွမ်းအတွက်ကတော့... မလုပ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်၊ သူက အရင်က ကျွန်တော့်အစ်ကိုကြီးနဲ့ တိုက်ခဲ့ဖူးတာပဲ၊ ကျွန်တော့်ရဲ့ အင်အားက အစ်ကိုကြီးကို မမီပေမဲ့... စီနီယာအစ်ကိုကြီး ထုံချွမ်းထက်တော့ သာတယ်လို့ ယုံကြည်ချက် ရှိတယ်၊ သူကတော့ ကျွန်တော့်ကို စည်းကမ်းမသင်ပေးနိုင်လောက်ဘူး၊ စီနီယာအစ်ကိုကြီး ကျန်းဟောင် ကိုယ်တိုင်ပဲ တိုက်ခိုက်သင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော် ကိုယ်တိုင်လည်း အဓိကတပည့်ခေါင်းဆောင် တစ်ယောက်နဲ့ ကျွန်တော့်ကြားက ကွာဟချက်ကို သိချင်နေလို့ပါ”
လင်းတုန်က ထုံချွမ်းကို ကြည့်ပင်မကြည့်ဘဲ ကျန်းဟောင်ကိုသာ စိုက်ကြည့်နေခဲ့ပြီးဘဤကဲ့သို့ နာမည်တပ်၍ တိုက်ရိုက်စိန်ခေါ်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
အစပိုင်းတွင် လင်းတုန်၏ လူသစ်ပီပီ အာခံမှုဟု ယူဆနိုင်သော်လည်း ယခုမူ သိသာသွားပြီ ဖြစ်သည်။ သူက ကျန်းဟောင်ကို ကြည့်မရရုံသက်သက်သာဖြစ်နေခဲ့သည်။
ထုံချွမ်းမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ ဤခံစားချက်မှာ ရှုံးနိမ့်ခြင်းထက်ပင် ပို၍ ဆိုးရွားနေတော့သည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းဆန္ဒကို ငါဖြည့်ဆည်းပေးရတာပေါ့” ကျန်းဟောင်လည်း ဒေါသအလွန်အမင်း ထွက်သွားရသည်။
ဆေးမြစ်အထက်တွင် ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့၏။ လင်းတုန် ဤမျှ မောက်မာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
ထို့အပြင် ကျန်းဟောင်ကလည်း အမှန်တကယ်ပင် ဆင်း၍ ယှဉ်ပြိုင်တော့မည် ဖြစ်လေသည်။
ပထမဆုံး စီနီယာအစ်ကိုကြီး ဖန်ထုံက လင်းတုန်ကို စူးစမ်းလိုသည့် မျက်လုံးများဖြင့် ကြည့်ရင်း “ဒီလင်းတုန်က တကယ်ပဲ အရည်အချင်းရှိလို့လား... ဒါမှမဟုတ် စိတ်လိုက်မာန်ပါ လုပ်နေတာလား” ဟု ရေရွတ်လိုက်မိသည်။
ဒုတိယ စီနီယာအစ်ကိုကြီး ဆုန့်ကျိုးကမူ နှာခေါင်းရှုံ့ကာ “ဟဲဟဲ... ဒီကျောင်းသားသစ်တွေက တကယ် မောက်မာတာပဲ... သူ့မှာ အဲ့လို မောက်မာနိုင်မဲ့ အင်အားရှိပါစေလို့ပဲ မျှော်လင့်ရမှာပဲ” ဟု ပြောလိုက်လေသည်။
“ဟားဟား... စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒီလင်းတုန်က ရှုံးသွားရင်တောင်မှ ယောက်ျားကောင်း တစ်ယောက်ပဲ” စတုတ္ထမြောက် စီနီယာအစ်ကိုကြီး ဖန်းယွမ်က အားရပါးရ ရယ်မောလိုက်ပြီး လင်းတုန်ကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူကိုယ်တိုင်မှာလည်း ငယ်ရွယ်သူ ဖြစ်ပြီး ကျန်းဟောင်၏ ဝါစဉ်အလေးထားမှုကို မနှစ်မြို့သူ ဖြစ်လေသည်။
ဆေးမြစ်၏ အထက် ကောင်းကင်ယံတွင် ဝူတောင်နှင့် ချန်ကျန်းတို့သည်လည်း အောက်မှ ပဋိပက္ခကို မြင်တွေ့နေရသည်။ ချန်ကျန်းက ဝူတောင်ကို ကြည့်ကာ “ဟင်... မင်း သူတို့ကို မတားဘူးလား” ဟု မေးလိုက်သည်။
“ဘာလို့ တားရမှာလဲ... တပည့်တွေ အများကြီး စုနေတဲ့အချိန်မှာ တစ်ခုခုဖြစ်မှ စိတ်ဝင်စားဖို့ ကောင်းတာ၊ ငါတို့ လေပြင်းခန်းမ ဒီလောက် မစည်ကားတာ ကြာပြီပဲ” ဟု ဝူတောင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ချန်ကျန်းက “ဒီလင်းတုန်ဆိုတဲ့ ကောင်လေးက ဝူယွမ်နဲ့ အတူတူပဲ ထင်တယ်... မင်းလည်း သူ့ကိုလည်း အထင်ကြီးနေပုံရတယ်နော်” ဟု ဆိုလိုက်လေသည်။
ဝူတောင်က “ခန်းမအရှင် မင်း... သေချာ ထပ်ကြည့်လိုက်ပါဦး... လင်းတုန်အပေါ် ငါ့ရဲ့ အထင်ကြီးမှုက ဝူယွမ်ကြောင့်ချည်းပဲ မဟုတ်ပါဘူး၊ တကယ်တော့ ဒီအုပ်စုကို ငါစပြီး သတိထားမိတာက လင်းတုန်ကြောင့်ပါ” ဟု ခပ်ပါးပါး ပြုံးရင ပြောလိုက်သည်။
“အို!” ချန်ကျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက အံ့အားသင့်စွာဖြင့် “ဒီကောင်လေးက ဝိညာဉ်တံဆိပ် အမွေအနှစ်ကို ရထားတာပဲ” ဟု ရေရွတ်လိုက်မိသည်။
ဝူတောင်က “မှန်တယ်... သမိုင်းတစ်လျှောက်မှာ ဝိညာဉ်တံဆိပ် အမွေအနှစ်ကို ရနိုင်တဲ့သူတွေဟာ ထူးခြားတဲ့ ပါရမီရှင်တွေချည်းပဲ၊ လင်းတုန်အနေနဲ့ အဲ့ဒါကို ရထားတာကတင် သူက ငါတို့ တောင်ဂိုဏ်းက တခြား လူငယ်တပည့်တွေထက် မနိမ့်ကျဘူးဆိုတာ သက်သေပြနေတာပဲ”
“ဒါတင်မကသေးဘူး... ဝိညာဉ်တံဆိပ်က သူ့ရဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက် မဟုတ်ဘူး၊ ဒီကောင်လေးမှာလည်း ဝူယွမ်လိုပဲ ငါတို့တောင် အကုန် မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိသေးတယ်”
“သူက ဝူယွမ်နဲ့အတူတူ မဟာယန်ပြည်ထောင်စုကနေ လာတာ... ဒါပေမဲ့ ဝူယွမ်က အရမ်း ထင်ပေါ်လွန်းနေတော့ သူတို့ အတူတူရှိနေတဲ့အခါ လင်းတုန်ရဲ့ အရည်အချင်းက ဖုံးကွယ်ခံထားရသလို ဖြစ်နေတာ”
“ငါက ဝူယွမ်ရော လင်းတုန်ကိုပါ အများကြီး မျှော်လင့်ထားတယ်၊ တကယ်တော့ လင်းတုန်က ဝူယွမ်ထက်တောင် မဟာရှေးဟောင်း ဧကရာဇ်ကျမ်းကို ပိုပြီး နားလည်သဘောပေါက်နိုင်စွမ်း ရှိလိမ့်မယ်လို့ ငါထင်တယ်”
“ဒီတစ်ခါတော့ ကျန်းဟောင် ခံစားရတော့မယ် ထင်တယ်”
ဝူတောင်၏ အမူအရာမှာ တည်ကြည်နေခဲ့သည်။ လင်းတုန်အပေါ် သူ၏ အလေးထားမှုမှာ ဝူယွမ်ထက် မလျော့ပေ။
ဆေးမြစ်၏ ဆေးကြောသန့်စင်ခြင်းက တစ်နေရာတည်းသာ မဟုတ်လျှက် လင်းတုန်အတွက်ပါ သူထည့်သွင်းစဥ်းစား ပေးခဲ့မိမည် ဖြစ်သည်။
“မင်း ဒီတစ်ခါ အရည်အချင်းရှိတဲ့ တပည့်တွေ အများကြီး ခေါ်လာနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” ချန်ကျန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
ဝူတောင်က “သူတို့ စတိုက်နေကြပြီ... လင်းတုန်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ကြတာပေါ့”
ဆေးမြစ်စင်မြင့်ထက်တွင် ကျန်းဟောင်၏ မျက်နှာမှာ အေးစက်နေခဲ့သည်။
သူ၏ လက်ဖဝါးကို ဆုပ်လိုက်သည်နှင့် ခိုင်ခံ့သော ယွမ်စွမ်းအင်များမှာ လက်ဖဝါးအတွင်း စုစည်းသွားပြီး တစ်ပေခန့် ရှည်လျားသော ရွှေရောင်ဓားကြီးအဖြစ် ပြောင်းလဲသွားကာ ထက်ရှသော စွမ်းအင်များ ထွက်ပေါ်လာခဲ့လေသည်။
“ဂျူနီယာညီလေး လင်းတုန်... စီနီယာအစ်ကိုကြီးက မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့ဦး... ငါ့ဆီမှာ ဆယ်ကွက်လောက် ခံနိုင်ရင် မင်းနိုင်ပြီလို့ မှတ်လိုက်... အဲ့ဒီနောက်ပိုင်း စီနီယာအစ်ကိုကြီးက မင်းတို့ တပည့်သစ်တွေအနားကနေ ရှောင်သွားပေးမယ်”
လင်းတုန်က ခေါင်းခါလိုက်ပြီး “စီနီယာအစ်ကိုကြီးတို့လို လူတွေက ဘာလို့ အမြဲတမ်း အဲ့ဒီလို စကားတွေ ပြောနေကြတာလဲ... တိုက်မှာသာ တိုက်ပါ... ဘာလို့ ကြွားလုံးထုတ်နေကြတာလဲ”
“ခဏနေလို့ ဆယ်ကွက်က မလုံလောက်သေးရင်... စီနီယာအစ်ကိုကြီးက အင်အားအပြည့် မသုံးရသေးဘူးလို့ ထပ်ပြောဦးမှာမဟုတ်လား”
“ဖူး”
ကောင်းကင်ယံတွင် တိုက်ပွဲကို ခိုးကြည့်နေသော ယင်းဟွမ်ဟွမ်မှာ ရုတ်တရက် ရယ်မိသွားတော့သည်။ ဤလင်းတုန်၏ စကားများမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှသည်။
သူမသည် လင်းတုန်က ဤစီနီယာအစ်ကိုကြီး ကျန်းဟောင်ကို အနိုင်ရသွားမည်ကိုပင် မျှော်လင့်နေမိတော့သည်။
ကျန်းဟောင်၏ မျက်နှာမှာ တွန့်ရှုံ့သွားပြီး “မင်း ဆယ်ကွက်လောက် ခုခံနိုင်အောင် အရင်လုပ်ဦးမှ ပြောပါ”
“ဆယ်ကွက်လား... စီနီယာအစ်ကိုကြီးက ကျွန်တော့်ကို သိလို့လား... ပြီးတော့ အဲ့ဒီလို စကားမျိုး ပြောရဲတယ်လား” လင်းတုန်က နှုတ်ခန်းမဲ့ပြီး ပြန်ဖြေလိုက်သည်။
“စီနီယာအစ်ကိုကြီး... ကျွန်တော်က မောက်မာနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ စီနီယာအစ်ကိုကြီးကို ဖြေရှင်းဖို့ တစ်ကွက်တည်းနဲ့ လုံလောက်တယ်”
“ကျွန်တော့်အစ်ကိုကြီးက ပြည်ထောင်တစ်ရာတိုက်ပွဲတုန်းက ဒီတစ်ကွက်ကို သုံးခဲ့ဖူးတယ်... ကျွန်တော်လည်း အဲ့ဒါကို စမ်းကြည့်ချင်နေတာ... စမ်းသပ်စရာ လူတစ်ယောက် လိုနေတာနဲ့ အတော်ပဲ... ဒုက္ခရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး ကျန်းဟောင်”
လင်းတုန်က ပြောပြီးသည်နှင့် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားပြီး သူ၏ ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ ထုတ်လွှတ်လိုက်ရာ ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များ ချက်ချင်းပင် လှုပ်ခတ်သွားတော့သည်။
“ဂျုန်း ဂျုန်း”
လေပြင်းခန်းမ၏ အထက်တွင် မှောင်မည်းသော တိမ်တိုက်များ ရုတ်တရက် စုရုံးလာပြီး မိုးကြိုးတိမ်တိုက် အထပ်ထပ်မှာ ကောင်းကင်တွင် ပေါ်ပေါက်လာတော့လေသည်။
လေပြင်းများ တိုက်ခတ်လာပြီး မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။
“လေ၊မိုးကြိုးကပ်ဘေး”
“လင်းတုန် ဘာလုပ်နေတာလဲ... သူက လေ၊မိုးကြိုးကပ်ဘေးကို ခေါ်ယူနေတာလား”
“မဖြစ်နိုင်တာ... သူက တိုက်ပွဲကြားထဲမှာ ကပ်ဘေးကို ကျော်ဖြတ်တော့မှာလား”
“ဒါမှမဟုတ် သူက လေ၊မိုးကြိုးကပ်ဘေးကို သုံးပြီး စီနီယာအစ်ကိုကြီး ကျန်းဟောင်ကို တိုက်ခိုက်မလို့လား”
“ဒါက ရူးသွပ်လွန်းတာပဲ”
... ပတ်ဝန်းကျင်ရှိ တပည့်များ၏ မျက်နှာများ တစ်ယောက်ပြီးတစ်ယောက် ပျက်ယွင်းသွားကြသည်။
သို့သော် တပည့်အသစ်များ၏ မျက်လုံးများမှာမူ တောက်ပလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြည်ထောင်တစ်ရာတောင်တန်းတွင် ဝူယွမ်၏ လေနှင့် မိုးကြိုးဘေးဒုက္ခကို တွေ့မြင်ခဲ့ဖူးကြသောကြောင့် ဖြစ်သည်။
လင်းတုန်အတွက် စိုးရိမ်နေကြသော သူတို့မှာ ယခုအခါ စိုးရိမ်မှု မရှ်ကြတော့ပေ။
“ဒီကောင်လေး... ဟားဟား... တကယ်ကို တစ်ပုံစံတည်းပဲ” ဝူတောင်ကလည်း ကြည့်နေရင်း ရယ်မောလိုက်သည်။ သူသည်လည်း ဝူယွမ်၏ လေးထပ်ဆင့် လေ၊မိုးကြိုးကပ်ဘေး၏ စွမ်းအားကို မြင်တွေ့ခဲ့ဖူးသည်။
“မင်းက ရယ်တောင် ရယ်နေနိုင်သေးတယ်... သူ လေ၊မိုးကြိုးကပ်ဘေးရဲ့ ကောင်းကင်မိုးကြိုးဒဏ်နဲ့ ပြာကျသွားမှာကို မစိုးရိမ်ဘူးလား” ချန်ကျန်းက ဝေခွဲမရသည့် မျက်နှာထားနှင့် မေးလိုက်မိသည်။
“ဝူယွမ်က ဘယ်လိုလုပ်ပြီး ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ်ကို ဒီလောက်မြန်မြန် ရောက်သွားလဲဆိုတာ မင်းသိလား” ဝူတောင်က ပြည်ထောင်တစ်ရာတောင်တန်းတွင် ဝူယွမ် ပြသခဲ့သည့် စွမ်းဆောင်ရည်များကို ချန်ကျန်းကို ချက်ချင်းပင် ပြန်ပြောပြလိုက်သည်။ “လင်းတုန်က လူအ မဟုတ်ဘူး... ဝူယွမ်လိုပဲ သူ့ရဲ့ ကိုယ်ခန္ဓာက အရမ်း ကြံ့ခိုင်တယ်... ကောင်းကင်မိုးကြိုးရဲ့ စွမ်းအားကို ခံနိုင်ရည်ရှိတယ်”
ယင်းဟွမ်ဟွမ်က “ဒီလူက ရူးနေတာလား... လေ၊မိုးကြိုးကပ်ဘေးနဲ့ ဒီလိုမျိုး ဘယ်လိုလုပ် ကစားရဲရတာလဲ” ဟု ရေရွတ်လိုက်မိသည်။
ဤအချိန်တွင် လင်းတုန်၏ ဝိညာဉ်စွမ်းအင်သည်လည်း ကောင်းကင်အဆောင်သခင် အဆင့်သုံးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ဒါက အဆင့်သုံးလေးပါ၊ အဆင့်လေး လေ၊မိုးကြိုးကပ်ဘေးဆိုရင်တောင် ငါ့ကို တားနိုင်မှာ မဟုတ်ဘူး” ကျန်းဟောင်၏ နှုတ်ခမ်းများ တွန့်သွားသော်လည်း သူက ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။
သူသည် နိဗ္ဗာန်အဆင့်ကိုး ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် လင်းတုန်က သူ့ကို ကပ်ဘေးထဲသို့ အတင်းအကျပ် ဆွဲသွင်းလျှင်ပင် သူ ခံနိုင်ရည်ရှိမည်ဟု ယူဆထားသည်။
“စီနီယာအစ်ကိုကြီး... စိတ်မပူပါနဲ့... လေ၊မိုးကြိုးကပ်ဘေးတွေ အများကြီး လာပါလိမ့်မယ်” လင်းတုန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ကာလပတ်တစ်ခုလုံး အဆင့်မတက်ပဲ အောင့်အည်းထားခဲ့ပြီးမှ အဆင့်လေး ဘေးကပ်လောက်နှင့်တော့ မလုံလောက်ပေ။ သူသည်လည်း သူ၏ အစ်ကိုကြီးကဲ့သို့ပင် လေးထပ်ဆင့် မိုးကြိုးကပ်ဘေးကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ထားသည်။ သူ၏ ပြည့်စုံသော ရွှေခေါင်းလောင်းကိုယ်ခန္ဓာမှာ အစ်ကိုကြီး၏ မဟာတောင်တန်းကိုယ်ခန္ဓာထက် မနိမ့်ကျဟု သူခံစားရသည့်အပြင် သူ့တွင် အစ်ကိုကြီး ပေးထားသော ဝါးမျိုခြင်းဘိုးဘေးအဆောင်လည်း ရှိနေသေးသည်။
ဂျုန်း! မိုးကြိုးတိမ်တိုက်များ ပို၍ စုစည်းလာသည်။
ကျန်းဟောင်မှာ စိုးရိမ်စိတ် ပိုများလာပြီး ထပ်စောင့်မနေတော့ပေ။ သူသည် ရုတ်တရက် ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ မူလနေရာတွင် ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာမူ အလင်းတန်းတစ်ခုအလား လင်းတုန်ထံသို့ အံ့အားသင့်ဖွယ် အရှိန်ဖြင့် တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ကျန်းဟောင်၏ အရှိန်မှာ အလွန်ပင် လျင်မြန်လွန်းလှကာ မျက်တောင်တစ်ခတ်အတွင်း လင်းတုန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏ မျက်လုံးများမှာလည်း အေးစက်နေခဲ့သည်။
ထို့နောကိ ရွှေရောင်ဓားအလင်းမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ လင်းတုန်ထံသို့ မိုးကြိုးအလား ခုတ်ပိုင်းချလိုက်တော့သည်။
ကျန်းဟောင်၏ ပြင်းထန်သော တိုက်စစ်ကို ရင်ဆိုင်ရသည့်အခါ လင်းတုန်သည်လည်း လက်ဖဝါးကို လှန်လိုက်ရာ အနက်ရောင် တံဆိပ်တစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ကြီးထွားလာကာ ကြီးမားသော သံတံဆိပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်ဓားအလင်းနှင့် ပြင်းထန်စွာထိတွေ့မိသွား တော့သည်။ ချက်ချင်းပင် မီးပွားများ ထွက်ပေါ်လာပြီး သတ္တုချင်း ထိခိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်သည် ယခုအခါ လင်းတုန်၏ ရတနာလက်နက် ဖြစ်နေပြီ ဖြစ်သည်။
“ကောင်းကင်အဆင့် ဝိညာဉ်ရတနာလား” ကျန်းဟောင်က နှာခေါင်းရှုံ့လိုက်ရင်း လင်းတုန်ကို စိုက်ကြည့်လိုက်မိသည်။ ထို့နောက် သူ၏လက်ထဲရှိ ရွှေရောင်ဓားကြီးမှ ရွှေရောင်အလင်းများက ပြန်လည် ဆုတ်ခွာသွားပြီး ဓားသွားပေါ်တွင် အက်ကြောင်းကဲ့သို့သော အရာများ ပေါ်လာလေသည်။ သို့သော် ထိုအက်ကြောင်းများ ပေါ်လာသည်နှင့်အမျှ ဓားသွားပေါ်ရှိ စွမ်းအင်လှိုင်းများမှာ အားနည်းမသွားဘဲ ပိုပြီး ရင်တုန်စရာ ကောင်းလာခဲ့သည်။
“လေပြင်းဓားချက်”
သူက အော်ဟစ်လိုက်ပြီး လေပြင်းခန်းမ၏ တပည့်အားလုံး လေ့ကျင့်ကြသော လေပြင်းစွမ်းအားဖြင့် ကျင့်ကြံရသည့် သေစေနိုင်စွမ်း အလွန်မြင့်မားသော သိုင်းပညာရပ်ကို ထုတ်ဖော်လိုက်သည်။
လင်းတုန်သည် ထုံချွမ်း အသုံးပြုသည်ကို မြင်ဖူးသော်လည်း ကျန်းဟောင်၏ ဖျက်ဆီးခြင်းဓားမှာ သိသိသာသာ ပို အားကောင်းနေခဲ့သသည်။
ဓားစွမ်းအင်များ စုစည်းပြီးသည်နှင့် ကျန်းဟောင်က ရုတ်တရက် ရှေ့သို့ တစ်လှမ်းတက်ကာ ခုတ်ပိုင်းလိုက်သည်။ သူ၏ရှေ့ရှိ ဟင်းလင်းပြင်မှာ ချက်ချင်းပင် လူးလွန့်သွားပြီး မီးခိုးရောင် ဓားအလင်းမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထိတ်လန့်ဖွယ် အရှိန်ဖြင့် လင်းတုန်ကို ဝါးမျိုသွားတော့သည်။
“ရေနက်ဒိုင်း!” လင်းတုန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ ကိုယ်ပတ်လည်တွင် အနက်ရောင်အလင်းများ အဆက်မပြတ် စုစည်းလာခဲ့ပြီး ဆန်းကြယ်သော ရူန်းစာလုံးများဖြင့် ဖုံးလွှမ်းထားသော လိပ်နက်ဒိုင်းကြီး တစ်ခု ပေါ်ပေါက်လာခဲ့၏။
“ကလန့်” ဖျက်ဆီးခြင်းဓားက ခုတ်ပိုင်းလိုက်သော်လည်း ရေနက်ဒိုင်းက တားဆီးထားလိုက်လေသည်။
လင်းတုန်သည် လိပ်နက်စွမ်းအား၏ စစ်မှန်သော အမွေအနှစ်ကို ရရှိထားသူ ဖြစ်သဖြင့် သူ၏ ရွှေခေါင်းလောင်းကိုယ်ခန္ဓာ အခြေခံ ကာကွယ်ရေးစွမ်းအားမှာ နှစ်ဆခန့် မြင့်တက်လာခံသည်။ ဤသည်မှာလည်း သူက ဝူယွမ်ကဲ့သို့ပင် လေးထပ်ဆင့် လေ၊မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ရဲသည့် အကြောင်းအရင်း များထဲမှ တစ်ချက်ဖြစ်သည်။ သူ၏ လက်ရှိ ကာကွယ်ရေးစွမ်းအားအရ ကျန်းဟောင်က ထိုနေရာတွင် ရပ်၍ ရိုက်လျှင်ပင် သူ့ကို လှုပ်ရှားသွားအောင် လုပ်နိုင်မည် မဟုတ်ပေ။
“ဖျက်ဆီးခြင်းပိုက်ကွန်!” ကျန်းဟောင်က လင်းတုန်၏ ယအလွယ်တစ်ကူ လွယ်လွယ်နှင့် မချိုးဖျက်နိုင်မှန်း သိသောအခါ သူက အော်ဟစ်လိုက်ပြီး ဓားကို သိမ်းကာ လက်နှစ်ဖက် ပေါင်း၍ တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။
ချက်ချင်းပင် မီးခိုးရောင် ပိုးချည်မျှင်ပေါင်းများစွာမှာ သူ၏ လက်ချောင်းထိပ်များထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းကာ လေထဲတွင် ကြီးထွားလာပြီး ကြီးမားသော မီးခိုးရောင် ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲကာ လင်းတုန်ကို အပေါ်မှ အုပ်မိုးလိုက်သည်။
လင်းတုန်က လက်သီးဖြင့် အမြန်ထိုးလိုက်သော်လည်း ပိုက်ကွန်ကို မဖျက်ဆီးနိုင်ဘဲ တိုက်ရိုက် အဖမ်းခံလိုက်ရသည်။
“ဒီလေပြင်းစွမ်းအားနဲ့ လုပ်ထားတဲ့ ပိုက်ကွန်က တကယ်ကို နည်းနည်း ဒုက္ခပေးနိုင်တာပဲ” လင်းတုန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကဲ့သို့သော စွမ်းအားမျိုးကို သူ ပထမဆုံးအကြိမ် ကြုံရခြင်းဖြစ်သည်။
“ဖျက်ဆီးခြင်းပိုက်ကွန်ရဲ့ အဖမ်းခံလိုက်ရပြီဆိုရင် ရုန်းထွက်ဖို့ မလွယ်ဘူး၊ နောက်ပိုင်းကြ သူက ကျန်းဟောင်ရဲ့ ပစ်မှတ် ဖြစ်သွားတော့မှာပဲ” ပတ်ဝန်းကျင်မှ စီနီယာအစ်ကိုကြီး ဖန်ထုံနှင့် တခြားသူများမှာ ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိကြသည်။
လေပြင်းခန်းမ၏ သိုင်းပညာရပ်များကို ကောင်းစွာ သိရှိထားကြသဖြင့် ဤပိုက်ကွန်မှာ မည်မျှ ဒုက္ခပေးနိုင်သည်ကို သူတို့ သိထားကြသည်။
“ဗာဂျရာ ဖျက်ဆီးခြင်းလက်ဝါး!” ကျန်းဟောင်က ပြတ်ပြတ်သားသားပင် တိုက်ခိုက်လိုက်ပြီး သူ၏ လက်ဝါးမှာ မီးခိုးရောင် လေပြင်းစွမ်းအားများဖြင့် ဖုံးလွှမ်းသါားကာ လင်းတုန်ကို ရိုက်ချလိုက်သည်။ သူ ထပ်မံ၍ အချိန်မဆွဲရဲတော့ပေ။
ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များမှာ ပိုမို စုစည်းလာနေသဖြင့် သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုကို ခံစားနေရသောကြောင့် တိုက်ပွဲကို အမြန် အဆုံးသတ်ရန် လိုအပ်နေခဲ့သည်။
“လိပ်နက် ဝိညာဉ်တံဆိပ်... ပထမအလွှာ... ဖွင့်စမ်း”
လင်းတုန်က အော်ဟစ်လိုက်ရာ သူ၏ ကိုယ်အတွင်းမှ ပိုမို အားကောင်းသော စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ စွမ်းအားမှာ မြင့်တက်လာပြီး ကျန်းဟောင်နှင့် တန်းတူအဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဆန်းကြယ်သော အလင်းအလွှာတစ်ခုမှာ စီးဆင်းနေသော ရေကဲ့သို့ အတားအဆီးတစ်ခုအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
“ဘုန်း!”
ကျန်းဟောင်က လက်ဝါးဖြင့် ရိုက်ချလိုက်သော်လည်း လင်းတုန်၏ ကိုယ်ပတ်လည်ရှိ ရေနက်ဒိုင်းမှာ အနည်းငယ်သာ တုန်ခါသွားပြီး ကျန်းဟောင်မှာမူ နောက်သို့ လွင့်ထွက်သွားကာ လည်ချောင်းထဲတွင် ချိုမြိန်သော အရသာကို ခံစားလိုက်ရပြီး သွေးအန်တော့မတတ် ဖြစ်သွားရသည်။
ရေနက်ချပ်ဝတ်တန်ဆာ!
၎င်းသည် တိုက်ခိုက်မှု၏ ထက်ဝက်ကျော်ကို တန်ပြန်ထိခိုက်နိုင်သော စွမ်းရည် ရှိသည်။ ဤသည်မှာ လင်းတုန် ပထမဆုံး ဝိညာဉ်တံဆိပ်ကို ဖွင့်လိုက်ပြီးနောက် ရရှိလာသော စွမ်းအား ဖြစ်သည်။
“ဂျုန်း ဂျုန်း!”
မိုးကြိုးတိမ်တိုက်များမှာ အလွန်သိပ်သည်းစွာ စုစည်းလာပြီး ဆေးမြစ်ဝန်းကျင် တစ်ခုလုံးမှာလည်း ပို၍ မှောင်မိုက်လာခဲ့သည်။
“ဇိ ဇိ!”
မိုးခြိမ်းသံများ ဟိန်းထွက်လာပြီး ကြီးမားသော မိုးကြိုးတိုင်ကြီး တစ်ခုမှာ ချက်ချင်းပင် အောက်သို့ ပစ်ချလိုက်သည်။ ထိုမိုးကြိုး၏ ထိတ်လန့်ဖွယ် စွမ်းအားမှာ နိဗ္ဗာန်အဆင့်ကိုး ကျင့်ကြံသူများကိုပင် တုန်လှုပ်သွားစေသည်။
သို့သော် ထိုမိုးကြိုးက လင်းတုန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ...
သူ၏ ကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး မိုးကြိုးများမှာ သူ့ပတ်ပတ်လည်တွင် ပျံ့နှံ့သွားသော်လည်း သူ၏ အမူအရာမှာမူ အားနည်းသွားသည့် အရိပ်အယောင် လုံးဝ မရှိပေ။ သူက မိုးကြိုးများနှင့်အတူ ကျန်းဟောင်ထံသို့ လျှောက်လှမ်းသွားရင်း ပြုံး၍...
“စီနီယာအစ်ကိုကြီး... လေးထပ်ဆင့် လေ၊မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ဖို့ စီနီယာအစ်ကိုကြီးမှာ သတ္တိရှိသေးရဲ့လားလို့ ကျွန်တော် သိချင်မိတယ်”
ကျန်းဟောင်၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားပြီး သူက “အရူး! မင်းက တကယ့်အရူးပဲ” ဟု အော်ဟစ်လိုက်မိသည်။