← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း ၂၀၉ - တောရိုင်းကျောက်တုံး၏ အော်ဟစ်သံများ

ချန်ကျန်း၏ ကြေညာချက်အဆုံးတွင် အောက်ဘက်ရှိ တပည့်များအားလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး တိုက်ရိုက်အဓိကတပည့်လေးဦးဖြစ်သော ဝူယွမ်၊ လင်းတုန်၊ ဖန်ထုံနှင့် ဆုန့်ကျိုးတို့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုနေကြသည်။

ယခင်က လင်းတုန်နှင့် ကျန်းဟောင်တို့၏ တိုက်ပွဲသည် တုန်လှုပ်ဖွယ်ကောင်းသော်လည်း သူတို့၏ သိုင်းပညာရပ်များ အပြန်အလှန် အားပြိုင်မှုကိုမူ သေချာစွာ မမြင်တွေ့ခဲ့ရပေ။

လင်းတုန်က လေ၊ မိုးကြိုးကပ်ဘေးကို တိုက်ရိုက်ဆင့်ခေါ်ခဲ့ခြင်းဖြစ်ရာ ကျန်းဟောင်နေနေသာသာ နိဗ္ဗာန်အဆင့် ကိုးဆင့်ရှိသော အစောင့်တစ်ဦးပင်လျှင် ထိုဘေးဒဏ်ကို တိုက်ရိုက်ရင်ဆိုင်ဝံ့မည်မဟုတ်ပေ။

ယခုအကြိမ်တွင်မူ ဒုတိယခန်းမသခင် ဝူတောင်က လေပြင်းခန်းမ၏ သိုင်းပညာရပ်များကိုသာ အသုံးပြု၍ ယှဉ်ပြိုင်ရန် အထူးတလည် ညွှန်ကြားထားခဲ့သည်။

ဤအချက်ကပင် တိုက်ပွဲကို ပိုမိုစိတ်ဝင်စားစရာ ကောင်းသွားစေသည် ။ တပည့်အားလုံးသည် လေပြင်းခန်းမ၏ သိုင်းပညာများကို လေ့ကျင့်ကြသူများဖြစ်ရာ ‘လေပြင်းစွမ်းအား’ အကြောင်းကို ကောင်းကောင်းကြီးနားလည်ထားကြသည်။

ဤအမာခံတပည့်ကြီးများ၏ တိုင်ပွဲကို ကြည့်ရှုရခြင်းမှ တစ်စုံတစ်ရာ သင်ခန်းစာရရှိနိုင်မည်မှာ အသေအချာပင်။

ဖန်ထုံနှင့် ဆုန့်ကျိုးတို့သည်လည်း အနည်းငယ် ပြုံးလိုက်ကြသည်။

သူတို့သည် ဤကဲ့သို့ တိုက်ပွဲမျိုးတွင် ယုံကြည်မှုအပြည့် ရှိနေထဲ့ကြသည် ။ ဆန်းပြားသော လေ၊ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမည်ဆိုလျှင် တစ်မျိုးဖြစ်သော်လည်း လေပြင်းခန်းမ၏ သိုင်းပညာရပ်များအကြောင်း ပြောကြကြေးဆိုလျှင်မူ သူတို့က ကျွမ်းကျင်ပြီးသားပင် ဖြစ်သည်။

နောက်ဆုံး ပြောရလျှင် သူတို့သည် ဂိုဏ်းသားသက်တမ်း ပိုကြာ ပိုရင့်ကျက်ပြီး လေပြင်းမျိုးစေ့ကိုပင် စုစည်းနိုင်ခဲ့တာ ကြာပီဖြစ်လေသည်။

ထို့ကြောင့် အနည်းဆုံးတော့ ၎င်းတို့၏ လေပြင်းစွမ်းအားသည် ဂျူနီယာညီလေး ဝူယွမ်နှင့် လင်းတုန်တို့ထက် ပိုမိုအားကောင်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သိုင်းပြိုင်ကွင်းကြီးက အသင့်ဖြစ်နေပြီ ဖြစ်ကာ လူလေးဦးစလုံးသည် ဝဲယာရှိ စင်မြင့်နှစ်ခုပေါ်သို့ ပျံသန်းတက်ရောက်လိုက်ကြသည် ။

“စီနီယာအစ်ကိုကြီး၊ ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး၊” ဝူယွမ်က ဖန်ထုံကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ညီလေး ဝူယွမ်၊ မင်းက အရင်စလိုက်ပါ၊” ဖန်ထုံကလည်း စီနီယာအစ်ကိုကြီးတစ်ဦး၏ အမူအရာဖြင့် ပြုံး၍ ပြန်ပြောလိုက်သည်။

“ဒါဆိုရင် စီနီယာအစ်ကိုကြီး သတိထားနေပေတော့၊” ဝူယွမ်က အပိုစကားများကို ရပ်တန့်လိုက်လေသည် ။ လေပြင်းစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာကာ သူ၏လက်ဝါးကို ရစ်ပတ်သွားပြီး ဖန်ထုံထံသို့ လက်သီးဖြင့် တိုက်ရိုက်ထိုးနှက်လိုက်သည်။

ပြိုင်ဘက်ဖြစ်သူသည်လည်း မပေါ့ဆဝံ့ပေ။ဝူယွမ် လှုပ်ရှားလိုက်သည်နှင့် ဖန်ထုံက ရွှေရောင်တောက်နေသော ကန္တာရဓားကို ဖန်တီးလိုက်ပြီးဖြစ်သည်။

ကန္တာရဓားက အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ဝူယွမ်ထံသို့ ပိုင်းဖြတ်လိုက်ရာ ထက်ရှလွန်းသော ဓားအရှိန်အဝါကြောင့် ဝူယွမ်၏ လက်သီးပုံရိပ်ကြီးမှာ ပျက်စီးသွားရုံသာမက ကြမ်းပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းကြီး ထင်ကျန်ရစ်စေခဲ့သည် ။

ချွမ်...

ဝူယွမ်၏ လက်မောင်းက ကောင်းကင်ပြာနဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ဖန်ထုံ၏ ကန္တာရဓားကို လက်ဗလာဖြင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

နှစ်ဦးသား အပြန်အလှန် တိုက်ခိုက်နေကြသော်လည်း ဝူယွမ်သည် သူ၏ ကိုယ်ခန္ဓာအင်အားဖြင့်သာ ရင်ဆိုင်နေရင်း ဖန်ထုံ နောက်ကောက်မကျဘဲ အလွန်တရာ အစွမ်းထက်ကြောင်း သက်သေပြနေခဲ့သည်။

ပြိုင်ဘက်၏ လေပြင်းစွမ်းအားက ပိုပြင်းထန်လာပြီး ဝူယွမ်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသော်လည်း အချည်းနှီးသာဖြစ်နေခဲ့သည်။

ဖန်ထုံ၏စွမ်းအားများက ဝူယွမ်၏ ဝါးမျိုခြင်းစွမ်းအားဖြင့် တိုက်ရိုက် ချေဖျက်ခံလိုက်ရပြီး ဒန်တျန်အတွင်းရှိ လေပြင်းမျိုးစေ့အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။

“ဒီလို တိုက်ခိုက်နေရုံနဲ့တော့ အနိုင်အရှုံးပေါ်မှာ မဟုတ်ဘူး၊ ညီလေး ဝူယွမ်၊ အကယ်၍ မင်းငါ့ရဲ့ နောက်ထပ်တစ်ကွက်ကို ခံနိုင်ရည်ရှိမယ်ဆိုရင် ငါအရှုံးပေးမယ်” ဖန်ထုံက အလေးအနက် ပြောလိုက်လေသည် ။

သူက သာမန်တိုက်ပွဲတွင် ဝူယွမ်ကို အသာစီးမရနိုင်မှန်း သိလိုက်သဖြင့် သူ၏ အစွမ်းထက်ဆုံး ကွက်ကို ထုတ်သုံးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ဖန်ထုံ၏ မျက်နှာက တည်ကြည်သွားပြီး ခြေတစ်လှမ်း တက်လိုက်ကာ သူ၏လက်များက ဆန်းပြားသော ပုံစံတစ်ခုကို ဖြည်းညှင်းစွာ ဖော်ဆောင်လိုက်သည်။

မီးခိုးရောင် အလင်းတန်းများ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ထက်သို့ လွင့်ပျံတက်နေသော ကြယ်စင်များနှယ် ဖြစ်နေလေသည်။

“မဟာကြယ်စင် လေပြင်းလက်သီး၊”

ဖန်ထုံ၏ အော်ဟစ်သံကို ကြားလိုက်ရသည်နှင့် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ ဤသည်မှာ လေပြင်းခန်းမ၏ မဟာရှေးဟောင်းကျမ်းမှလွဲလျှင် အစွမ်းအထက်ဆုံး သိုင်းပညာလေးခုထဲမှ တစ်ခုဖြစ်ပြီး လက်ရှိ တိုက်ရိုက်အဓိကတပည့်ကြီး လေးဦး၏ ထူးခြားသော စွမ်းရည်လည်း ဖြစ်သည်။

မဟာကြယ်စင် လေပြင်းလက်သီးကို တတ်မြောက်ထားခြင်းကြောင့် သူတို့၏ အစွမ်းက သာမန်တပည့်များထက် အဆပေါင်းများစွာ သာလွန်နေခြင်း ဖြစ်သည်။

“မဟာသိုင်းပညာ လေးခုပေါ့၊ ဘယ်ဟာက ပိုစွမ်းမလဲဆိုတာ ငါလည်း သိချင်သားပဲ၊” ဝူယွမ်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

ယနေ့တွင် သူက သူ၏ နဖူးအလယ်ရှိ အသစ်စက်စက် လေ့ကျင့်အောင်မြင်ထားသော မဟာကန္တာရ မိစ္ဆာမျက်လုံး၏ အစွမ်းကို စမ်းသပ်ရန် ဆုံးဖြတ်ထားသည်။

သူက လက်ချောင်းလေးကို နဖူးအလယ်တွင် အသာအယာ တင်လိုက်သည်နှင့် ချက်ချင်းပင် ထိုနေရာ၌ ထူးဆန်းသော မီးခိုးရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အလျင်အမြန် တဖျပ်ဖျပ် တောက်ပလာခဲ့သည် ။

“ဒါ... ဒါက ဖြစ်နိုင်ပါ့မလား...” ဝူယွမ်၏ နဖူးပေါ်မှ မီးခိုးရောင်အလင်းကို မြင်လိုက်ရသောအခါ ချန်ကျန်းနှင့် ဝူတောင်တို့၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်လာပြီး အံ့ဩတုန်လှုပ်သွားကြသည်။

“ဟဲဟဲ၊ အစ်ကိုကြီးက စနေပြီပဲ”

ဘေးရှိ သိုင်းစင်မြင့်ပေါ်တွင် လင်းတုန်သည်လည်း မဟာကန္တာရ မိစ္ဆာမျက်လုံး၏ စွမ်းအင်တုန်ခါမှုကို ခံစားလိုက်ရသည်။

သူက ဆုန့်ကျိုးကို ကြည့်ကာ - “စီနီယာအစ်ကိုကြီး ဆုန့်ကျိုး၊ ခင်ဗျားရဲ့ အစွမ်းထက်ဆုံး သိုင်းပညာကိုသာ ထုတ်သုံးလိုက်ပါ၊ ကျွန်တော် မျက်လုံးဖွင့်ပြီး တိုက်တော့မှာမလို့ပါ၊”

“မင်းမျက်လုံးတွေက အမြဲပွင့်နေတာပဲ မဟုတ်ဘူးလား၊” ဆုန့်ကျိုးက အေးစက်စက် ပြန်ပြောလိုက်လေသည်။

တိုက်ပွဲစကတည်းက ဤဂျူနီယာညီလေးသည် သူ့ကို ကြီးမားသော ဖိအားများ ပေးစွမ်းနေခဲ့သည်။

လင်းတုန်က - “ကျွန်တော် ပြောတာက တတိယမျက်လုံးကို ပြောတာပါ”

“တတိယမျက်လုံးလား...”

ဆုန့်ကျိုး တုံ့ပြန်ရန် အချိန်မရခင်မှာပင် လင်းတုန်၏ နဖူးအလယ်တွင်လည်း ထူထပ်သော မီးခိုးရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ဒေါင်လိုက်မျဉ်းကြောင်းတစ်ခု ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည် ။

မီးခိုးရောင် ဒေါင်လိုက်မျက်လုံးတစ်လုံး။

ဆုန့်ကျိုးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ပြီး ထိုကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာကို ချက်ချင်း သတိရသွားသည်။ သူသည်

သူက တုန်လှုပ်နေသည့်ကြားမှ သူ၏ အစွမ်းထက်ဆုံး ‘မဟာကြယ်စင် လေပြင်းလက်သီး’ ကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။

မီးခိုးရောင် အလင်းတန်းများ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ ရှေ့လေထုထဲတွင် ဆယ်ပေခန့်ရှိသော မီးခိုးရောင် ကြယ်လုံးကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုကြယ်လုံးကြီး၏ မျက်နှာပြင်က ညီညီညာညာမရှိပဲ ဥက္ကာခဲတစ်ခုကဲ့သို့ ကြမ်းတမ်းနေသော်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

အလားတူ ထိုနည်းစနစ်ကို အခြားစင်မြင့်ပေါ်၌ ဖန်ထုံကလည်း ဖော်ဆောင်နေသည်။ သို့သော် ဖန်ထုံ ဖန်တီးလိုက်သော မီးခိုးရောင် ကြယ်လုံးမှာ ဆုန့်ကျိုး၏ ကြယ်လုံးထက် ပိုမိုကြီးမားပြီး ပိုသိပ်သည်းလေသည် ။

အောက်ဘက်ရှိ တပည့်များသည် ဤအားကောင်းလှသော သိုင်းပညာကို မှတ်မိသါားကြပြီး မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

သိုင်းစင်မြင့် နှစ်ခုလုံးပေါ်တွင် ဆယ်ပေခန့်ရှိသော မီးခိုးရောင် ကြယ်လုံးကြီးများ ငြိမ်သက်စွာ ဝဲပျံနေကြသည်။ ပြင်းထန်လှသော တုန်ခါမှုလှိုင်းများက မုန်တိုင်းတစ်ခုကဲ့သို့ လွင့်စင်ထွက်ပေါ်လာနေခဲ့၏။

စင်မြင့်နှစ်ခုလုံးမှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြစ်ပျက်နေသည်မှာ လုံး၀တူညီ‌ေနခဲ့သည်။

ဝူယွမ်နှင့် လင်းတုန်တို့၏ နဖူးပေါ်မှ မီးခိုးရောင် မျဉ်းကြောင်းများက ယခုအချိန်တွင် အလျင်အမြန် လှုပ်ရှားလာကြပြီး ထူးခြားသော ‘ယင်ရှ’ အငွေ့အသက်များ ပါဝင်သည့် မီးခိုးရောင် မျဉ်းငယ်လေးများ ပျံ့နှံ့ထွက်ပေါ်လာလေသည်။

ထို့နောက် နဖူးပြင်မှာ ပွင့်ဟသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရောင် ချီဓာတ်များဖြင့် ပြည့်နှက်သွားလေသည်။ ထိုချီဓာတ်များ၏ အလယ်ဗဟိုတွင် ဆွဲဆောင်မှုအပြည့်ရှိသော မီးခိုးရောင် မျက်လုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။

မျက်လုံးပေါ်တွင် ထူးဆန်းသော သွေးကြောမျှင်လေးများ ယှက်နွယ်နေပြီး ရှေးဟောင်းခေတ်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖုံးလွှမ်းနေလေသည် ။ ထိုမီးခိုးရောင် မျက်လုံး ပေါ်ထွက်လာသည်နှင့် လင်းတုန်၏ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်မှာ ချက်ချင်းဆိုသလို ပုံပျက်သွားကာ ဖျက်ဆီးအားကောင်းသ‌ော အရှိန်အဝါများ ရူးသွပ်စွာ ပျံ့နှံ့သွားသည် ။

“မဟာ... မဟာကန္တာရ မိစ္ဆာမျက်လုံး...” ချန်ကျန်းက အလွန်အမင်း အံ့အားသင့်သွားသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ ။

“ငါးရက်ပဲ ရှိသေးတာကို၊ ဒီကလေးနှစ်ယောက်လုံးက မဟာကန္တာရ မိစ္ဆာမျက်လုံးကို တတ်မြောက်သွားကြတာလား၊” ဝူတောင်၏ မျက်လုံးများလည်း ပြူးကျယ်သွားပြီး အမှန်တကယ်ပင် ယုံကြည်ရခက်နေလေသည်။

သူတို့ကိုယ်တိုင် ဤသိုင်းပညာကို လေ့ကျင့်ရန် ကြိုးစားခဲ့ဖူးသော်လည်း ကျရှုံးခဲ့ရသည် ။ စီနီယာအစ်ကိုကြီး ကျိုးထုံကဲ့သို့သော ပါရမီရှင်ပင်လျှင် ဤပညာကို လက်လျှော့ခဲ့ရပြီး၊ တစ်ဦးတည်းသော အောင်မြင်ခဲ့သူ စီနီယာအစ်ကိုကြီး ကူမိုမှာမူ သူ၏ မျက်လုံးများကို စတေးခဲ့ရသည်။ ယခုမူ ဝူယွမ်နှင့် လင်းတုန်တို့က ၎င်းကို တစ်ပြိုင်တည်း ထုတ်ဖော်ပြသနိုင်ခဲ့ကြလေပြီ။ ဤအဖြစ်အပျက်မှာ ရုတ်တရက်ဆန်လွန်းသဖြင့် သူတို့၏နှလုံးသားများပင် ခံနိုင်ရည်မရှိတော့သလို ခံစားနေရသည်။

ဘုန်း... ဘုန်း...

ဖန်ထုံနှင့် ဆုန့်ကျိုးတို့က သူတို့ရှေ့ရှိ မီးခိုးရောင် ကြယ်လုံးများကို ထိုးနှက်လိုက်သည်။

ချက်ချင်းပင် ထိုကြယ်လုံးများက ဝူယွမ်နှင့် လင်းတုန်ထံသို့ ကောင်းကင်မှ ကြွေကျလာသော ဥက္ကာခဲများကဲ့သို့ တဟုန်ထိုး ကျဆင်းလာခဲ့လေသည်။

အဆုံးအဖြတ် အခိုက်အတန့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သောင်းနှင့်ချီသော တပည့်များက အသံပင် မထွက်ဝံ့ဘဲ တိတ်ဆိတ်စွာဖြင့် ဝူယွမ်နှင့် လင်းတုန်တို့ မည်သို့တုံ့ပြန်မည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

ဤတပည့်များက ချန်ကျန်းနှင့် ဝူတောင်တို့ကဲ့သို့ အတွေ့အကြုံမများကြသဖြင့် ဝူယွမ်နှင့် လင်းတုန်တို့ မဟာကန္တာရ မိစ္ဆာမျက်လုံးကို တတ်မြောက်ထားမှန်း မသိကြပေ။

ဖန်ထုံနှင့် ဆုန့်ကျိုးတို့၏ ဧရာမ ကြယ်လုံးကြီးများအောက်တွင် သေးငယ်သော မီးခိုးရောင် မျက်လုံးလေးမှာ အလွန်ပင် သိမ်ငယ်လှသည်ဟု ထင်ရလေသည်။

မီးခိုးရောင် ကြယ်လုံးကြီးများ ကျဆင်းလာပြီ ဖြစ်သည် ဖြစ်သည။

ဝူယွမ်နှင့် လင်းတုန်တို့ပ ရုတ်တရက် မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲမှ တောက်ပသော အလင်းတန်းများ ပွင့်ထွက်လာခဲ့သည်။

နဖူးပေါ်ရှိ မီးခိုးရောင် မျက်လုံးမှ အလွန်သိပ်သည်းသော မီးခိုးရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

ထိုအလင်းတန်းက ကောင်းကင်ယံသို့ တိတ်တဆိတ် ဖြတ်သန်းသွားပြီး မီးခိုးရောင် ကြယ်လုံးကြီးများနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။

ဒိုင်း... ဘုန်း...

ပြင်းထန်လှသော ပေါက်ကွဲသံကြီး နှစ်ခုသည် ဝဲယာ သိုင်းပြိုင်ပွဲစင်မြင့်များ၏ အထက်ကောင်းကင်ယံတွင် ဟိန်းထွက်သွားခဲ့သည်။

သိုင်းပညာရပ် နှစ်ခုထိတွေ့မိသည့် ခဏ၌ မြေကြီးတုန်ဟီးသွားစေမည့် အသံကြီးများ ထွက်ပေါ်မလာသော်လည်း မီးခိုးရောင် အလင်းတန်းက ဖျက်ဆီးအားပြင်းလွန်းကာ အရှိန်အဟုန်ဖြင့် ကြယ်လုံးကြီးများကို ထိုးဖောက်သွားသည်။

ထို့အပြင် မီးခိုးရောင် အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် ကြယ်လုံးကြီးများပေါ်တွင် အက်ကြောင်းများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ဝုန်း... ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ မီးခိုးရောင် ကြယ်လုံးကြီးများသည် တပည့်များအားလုံး၏ အံ့ဩနေသော မျက်လုံးများရှေ့တွင်ပင် လွင့်စင်ပျက်စီးသွားခဲ့သည်။

ဖန်ထုံနှင့် ဆုန့်ကျိုးတို့၏ မျက်နှာများမှာလည်း ချက်ချင်း ပျက်ယွင်းသွားလေသည်။

နောက်တစ်စက္ကန့်တွင် အန္တရာယ်အလွန်ကြီးမားသော ခံစားချက်က သူတို့၏ နှလုံးသားကို ရိုက်ခတ်လာသဖြင့် ခန္ဓာကိုယ်များ တောင့်တင်းသွားကြရသည်။

ကြယ်လုံးများကို ထိုးဖောက်လာသော အလင်းတန်းမှာ ပျောက်ကွယ်မသွားဘဲ သူတို့ထံသို့ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေဆဲဖြစ်လေသည်။

သူတို့နှစ်ဦးက လေပြင်းစွမ်းအားများကို အမြန်ဆုံး ထုတ်ဖော်ကာ ဧရာမ ရွှေရောင်ဒိုင်းကာကြီးများကို ဖန်တီး၍ ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။

ဖောက်... ဖောက်...

သို့သော် ထိုအလင်းတန်း၏ ရှေ့မှောက်တွင် ဧရာမ ဒိုင်းကာကြီးများက စက္ကူပါးလေးများကဲ့သို့ပင် ထိတွေ့လိုက်ရုံဖြင့် ပျက်စီးသွားခဲ့လေသည်။

သူတို့နှစ်ဦး၏ မျက်နှာများမှာ ထိတ်လန့်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး အလျင်အမြန် နောက်သို့ ဆုတ်ခွာလိုက်ကြသည် ။

“သူတို့ ဒါကို မကာကွယ်နိုင်ဘူး၊ အခုချက်ချင်း တားမှဖြစ်မယ်”

ချန်ကျန်းက ဘေးရှိ ဝူတောင်ကို အော်ပြောလိုက်ရင်း သူတို့နှစ်ဦးသည် ယွမ်စွမ်းအင်များကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များက မူလနေရာမှ ပျောက်ကွယ်သွားပြီး ဖန်ထုံနှင့် ဆုန့်ကျိုးတို့၏ ရှေ့တွင် ပြန်လည် ပေါ်ထွက်လာကြသည်။

လက်တစ်ဖက်ဖြင့် နောက်ရှိ လူများကို အသာအယာ တွန်းဖယ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပြင်းထန်သော ယွမ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဧရာမ ယွမ်စွမ်းအင် ဝဲဂယက်ကြီးများကို ဖန်တီးလိုက်သည်။ ထိုဝဲဂယက်များက ရူးသွပ်စွာ လည်ပတ်နေပြီး ကုန်ဆုံးနိုင်ခြင်းမရှိသော စွမ်းအားများနှယ် ဖြစ်နေခဲ့သည်။

မီးခိုးရောင် အလင်းတန်း နှစ်ခုသည် လျှပ်စီးကဲ့သို့ ချန်ကျန်းနှင့် ဝူတောင်တို့၏ ဝဲဂယက်များထဲသို့ တိုးဝင်သွားလေသည် ။ ထို့နောက် ဝဲဂယက်များအတွင်း၌ ပြင်းထန်လှသော ပေါက်ကွဲသံများနှင့် တုန်ခါမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် ခန်းမသခင် နှစ်ဦးလုံးက ယွမ်စွမ်းအင်များကို ထပ်မံ ထုတ်လွှတ်ပြီး ဝဲဂယက်အတွင်းရှိ အလင်းတန်းများကို အတင်းအဓမ္မ ရိုက်ခွဲပစ်လိုက်ကြရသည် ။

ရှူး... တပည့်များအားလုံး အသက်ရှူမှားသွားကြပြီး ကွင်းပြင်တစ်ခုလုံးရှိ လေထုမှာ ချက်ချင်း ပူပြင်းသွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြဆဲပင်။

“ဘာတွေဖြစ်ကုန်တာလဲ ၊ ခန်းမသခင် နှစ်ဦးစလုံးကတောင် ဝင်ပါလာရတာလား”

“ဒါ. မဟာကန္တာရ မိစ္ဆာမျက်လုံးပဲ၊ တကယ်ကို ငါ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီ၊ မင်းတို့နှစ်ယောက်က ငါးရက်တည်းနဲ့ တကယ်အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့တာပဲ၊” ဝူတောင်က ဝူယွမ်တို့နှစ်ဦးကို မိစ္ဆာကောင်များကဲ့သို့ ကြည့်ကာ အားရပါးရ ပြောလိုက်သည်။

သူက ဝူယွမ်တို့နှစ်ဦးကို အထင်ကြီးထားသော်လည်း ယခုအခါတွင်မူ သူတို့၏ ပါရမီနှင့် စွမ်းဆောင်ရည်ကို လျှော့တွက်မိခဲ့မှန်း သိလိုက်ရသည်။

“ကျွန်တော်တို့ ခုလေးတင် အောင်မြင်ခါစမို့လို့ သေချာ မထိန်းချုပ်နိုင်သေးပါဘူး၊ စီနီယာအစ်ကိုကြီး နှစ်ယောက်ကို မတော်တဆ ထိခိုက်မိတော့မလို့၊ တကယ်ကို အားနာမိပါတယ်၊” ဝူယွမ်က ချက်ချင်းတောင်းပန်စကား ဆိုလိုက်သည်။

မဟာကန္တာရ မိစ္ဆာမျက်လုံး၏ စွမ်းအားမှာ သူမျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေခဲ့လေသည်။

“ဒါက ကိစ္စမရှိပါဘူး၊ ငါတို့ရှိနေတာပဲ၊ ဒီလို အခြေအနေမျိုး ဖြစ်မလာပါဘူး၊” ချန်ကျန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး သတိပေးလိုက်သည် - “ဒါပေမဲ့ မဟာကန္တာရ မိစ္ဆာမျက်လုံးက အဆုံးစွန်သော သတ်ဖြတ်နိုင်စွမ်းကို ဦးတည်တာ၊ နောက်ဆို တပည့်အချင်းချင်း လေ့ကျင့်တဲ့အခါ ဒါကို မသုံးဖို့ ကြိုးစားပါ၊ သာမန်တပည့်တွေက ဒါကို မကာကွယ်နိုင်ကြဘူး”

ဝူတောင်က ပြုံး၍ ခေါင်းခါလိုက်သည် - “မင်းတို့နှစ်ယောက်ကတော့ တကယ်ပါပဲ၊ အမြဲတမ်း မျှော်လင့်မထားတဲ့ အစွမ်းထက် နည်းလမ်းတွေ ထွက်လာတတ်တာပဲ၊”

တပည့်အများအပြားသည်လည်း တံတွေးများ တိတ်တဆိတ်မြိုချလိုက်မိကြသည်။

ဝူယွမ်နှင့် လင်းတုန်တို့ ထုတ်သုံးလိုက်သော သိုင်းပညာအကြောင်းကို နောက်ဆုံးတွင် နားလည်သွားကြပြီး အားလုံး ထိတ်လန့်သွားကြသည်။

“မဟာကန္တာရ မိစ္ဆာမျက်လုံးတဲ့...”

“ဒါက တကယ်ပဲ မဟာကန္တာရ မိစ္ဆာမျက်လုံးပေါ့၊ မဟာသိုင်းပညာ လေးခုထဲမှာ လေ့ကျင့်ရ အခက်ဆုံးပညာပဲ၊”

“ဒီစွမ်းအားက အရမ်းပြင်းတာပဲ၊ စီနီယာအစ်ကိုကြီး နှစ်ယောက်ရဲ့ မဟာကြယ်စင် လေပြင်းလက်သီးထက်တောင် အဆပေါင်းများစွာ ပိုစွမ်းသေးတယ်၊”

... ဖန်ထုံနှင့် ဆုန့်ကျိုးတို့က ထိတ်လန့်တုန်လှုပ်နေဆဲ အမူအရာများဖြင့် သူတို့၏ နေရာများသို့ ပြန်သွားကြလေသည် ။ ကျန်းဟောင်နှင့် ဖန်းယွမ်တို့မှာမူ သူတို့ထက်ပင် ပိုမိုခါးသီးသော ခံစားချက်ကို ခံစားနေရသည်။ ဤဂျူနီယာညီလေး နှစ်ဦးမှာ အလွန်တရာ အားကောင်းလွန်းလှသည်။

ဂိုဏ်းထဲရောက်တာ တစ်လပင် မပြည့်သေးဘဲ တစ်ခုပြီးတစ်ခု အံ့ဩဖွယ်ရာများကို လုပ်ဆောင်နေကြသဖြင့် သူတို့ စီနီယာအစ်ကိုကြီး လေးဦးမှာမူ စွမ်းအားမဲ့သလို ခံစားနေရတော့သည်။

လစဉ်ပြိုင်ပွဲ ပြီးဆုံးသွားပြီး တပည့်များအားလုံး ကိုယ့်နေရာကို ပြန်သွားခဲ့ကြသည်။

ဝူယွမ်နှင့် လင်းတုန်တို့ကိုမူ ဝူတောင်က ဆွဲထားခဲ့သည်။

ဝူတောင်က - “နောက်သုံးလနေရင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီး ပွင့်လာတော့မယ်၊ တိုက်ရိုက်အဓိကတပည့်တွေအနေနဲ့ မင်းတို့နှစ်ယောက်စလုံးမှာ အဲဒါကို နားလည်သဘောပေါက်နိုင်ဖို့ အရည်အချင်းရှိတယ်၊ သေချာပြင်ဆင်ထားကြ၊ ဒီကာလမှာ လေပြင်းမန္တန်ကို ပိုပြီး လေ့ကျင့်ထားကြ၊ ဒါက မဟာရှေးဟောင်းကျမ်းကို နားလည်နိုင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်၊”

“ဟုတ်ကဲ့ပါ၊ ဦးလေးဝူတောင်၊” နှစ်ဦးစလုံး တည်တည်ကြည်ကြည်ဖြင့် ပြန်ပြောလိုက်ကြသည်။

လေပြင်းခန်းမအတွက် မဟာရှေးဟောင်းကျမ်းဆိုသည်မှာ အမြင့်မြတ်ဆုံးသော ကျမ်းစာပင်ဖြစ်သည်။

ထိုကျမ်းကိုသာ တစ်ဦးတစ်ယောက်က နားလည်သဘောပေါက်သွားပါက လေပြင်းခန်းမကို ခန်းမလေးခုတွင် ပထမနေရာသို့ ပြန်လည်ရောက်ရှိစေမည် ဖြစ်ပြီး ဝူယွမ်နှင့် လင်းတုန်တို့သည် လက်ရှိတွင် မျှော်လင့်ချက်အရှိဆုံးသူများ ဖြစ်ကြသည်။

ဝူယွမ်က တောင်ဂိုဏ်းသို့ စတင်ဝင်ရောက်ကတည်းက မဟာရှေးဟောင်းကျမ်းအတွက် လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

အကယ်၍ သူသာ နားမလည်နိုင်ခဲ့ပါက တောင်ဂိုဏ်းတွင် ရယ်စရာဖြစ်သွားပေလိမ့်မည်။ ထို့ပြင် ယင်းဟွမ်ဟွမ်ကလည်း သူနှင့် လောင်းကြေးထပ်ထားသည် မဟုတ်ပါလား။

အကယ်၍ သူသာ ရှုံးနိမ့်သွားပါက ယင်းဟွမ်ဟွမ်၏ လှောင်ပြောင်မည့် မျက်နှာကို မြင်ယောင်ရင်း ဝူယွမ် စိတ်မသက်မသာ ဖြစ်သွားရသည်။

သူမ၏ စကားများအတွက် နောင်တရသွားစေရန် သူ သေချာပေါက် နားလည်အောင် လုပ်ရပေမည်။

ထို့နောက်တွင် ဝူယွမ်က လေပြင်းမန္တန်နှင့် မဟာကန္တာရ မိစ္ဆာမျက်လုံးတို့ကိုသာ အာရုံစိုက် လေ့ကျင့်လေတော့သည်။

လေပြင်းခန်းမ၏ သိုင်းပညာအားလုံးက လေပြင်းစွမ်းအားအပေါ် အခြေခံထားရာ မဟာရှေးဟောင်းကျမ်းသည်လည်း ခြွင်းချက်မဟုတ်ပေ။ လေပြင်းအမြုတေကို

လေပြင်းအမြုတေကို အလျင်အမြန် အားကောင်းစေရန်အတွက် သူတို့တွင် လေပြင်းကျောက်တုံးကြီးကို ထပ်မံ အမြတ်ထုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

သူတို့၏ လေ့ကျင့်ပုံမှာ အလွန်ထူးခြားလွန်းသဖြင့် ဝူယွမ်နှင့် လင်းတုန်တို့က ညဘက်တွင်သာ သွားရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအချိန်တွင် လေပြင်းကျောက်တုံးကြီး အနီး၌ မည်သည့်တပည့်မှ မရှိသဖြင့် ၎င်းတို့ စိတ်ကြိုက် ညှစ်ယူနိုင်မည် ဖြစ်သည်။

လေပြင်းကျောက်တုံး ဝိညာဉ်အတွက်မူ ပူဆွေးသောကရောက်ရမည့် နေ့ရက်များ ရောက်ရှိလာပြီ ဖြစ်သည်။

ဝူး... ဝူး... ဝူး... ညမှောင်လာသည်နှင့်အမျှ ၎င်းက ဝမ်းနည်းပူဆွေးဖွယ် တုန်ခါသံများကို ထုတ်ဖော်နေ‌သေည်လည်း ကံမကောင်းစွာပင် မည်သူမှ မကြားနိုင်ကြပေ။ အ

ကြောင်းစုံကို သိနေသည့် တစ်ဦးတည်းသောသူဖြစ်သော စီနီယာအစ်ကိုကြီး ကူမိုမှာလည်း ဝူယွမ်နှင့် လင်းတုန်ကို အလွန်အမင်း အထင်ကြီးနေပြီး သူတို့က မဟာရှေးဟောင်းကျမ်းကို နားလည်ရန် ပြင်ဆင်နေကြမှန်း သိသဖြင့် နှုတ်ဆိတ်ကာ ခွင့်ပြုပေးထားလေသည်။

သို့သော် ဝူယွမ်သည် လေပြင်းကျောက်တုံးကြီးမှာ လေပြင်းခန်းမ၏ ရတနာဖြစ်မှန်း သိသဖြင့် အလွန်အကျွံ နှိပ်စက်ခြင်းမျိုး မလုပ်ဝံ့ပေ။ ကြားထဲတွင် ၎င်းကို အကျိုးကျေးဇူးအချို့ ပြန်လည် ပေးအပ်ခဲ့သည်။

ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းရှိ ‘ကမ္ဘာသစ်ပင်’ မှာ အတန်ငယ် ကြီးထွားလာပြီဖြစ်ရာ အထူးသဖြင့် အသက်ဇီဝ ဝိညာဉ်ရည်များကို ထုတ်ပေးနိုင်ပြီ ဖြစ်သည်။

ဤဝိညာဉ်ရည်က လေပြင်းကျောက်တုံး ဝိညာဉ်ကဲ့သို့ အားနည်းသော ဝိညာဉ်အသိစိတ်များအတွက် အလွန်ကောင်းမွန်သော အာဟာရပဲ ဖြစ်လေသည် ။

လေပြင်းကျောက်တုံး ဝိညာဉ် ခံနိုင်ရည်မရှိတော့သည့်အခါတိုင်း ဝူယွမ်က ဝိညာဉ်ရည် နှစ်စက်၊ သုံးစက်ခန့် တိုက်ကျွေးလေ့ရှိသည်။

ဤသည်က လေပြင်းကျောက်တုံး ဝိညာဉ်ကို အလွန်တရာ စိတ်လှုပ်ရှားသွားစေကာ ဤလူနှစ်ယောက်မှာ ရယူရုံတင်မကဘဲ ပြန်လည်ပေးဆပ်တတ်မှန်း သိသွားခဲ့လေသည်။ ကျောက်တုံးဝိညာဉ်မှာ အသက်ဇီဝ ဝိညာဉ်ရည်၏ အကျိုးကျေးဇူးကို ဗီဇအရ ခံစားသိရှိနိုင်သည်။

ဝိညာဉ်ရည် စုပ်ယူပြီးနောက် ပိုမိုအားကောင်းလာကာ လေပြင်းစွမ်းအားများကို ပိုမိုထုတ်လွှတ်ပေးနိုင်ခဲ့သည်။

သို့သော် ထွက်လာသမျှ လေပြင်းစွမ်းအားများမှာ ထိုနှစ်ဦး၏ စုပ်ယူခြင်းကိုသာ ခံလိုက်ရသည်။

၎င်းသည် ဝူယွမ်နှင့် လင်းတုန်ကို ဆက်လက် တွန်းလှန်ရမလား၊ မတွန်းလှန်ရဘူးလားဆိုသည်ကို ခဏတာဝေခွဲမရ ဖြစ်နေခဲ့သည်။ သို့သော် အကျိုးကျေးဇူးကို မြည်းစမ်းပြီးနောက်တွင်မူ ကျောက်တုံးဝိညာဉ်က တုန်ခါအော်ဟစ်ခြင်းများကို ရပ်တန့်လိုက်တော့သည်။

ဤနာကျင်မှုနှင့် ပျော်ရွှင်မှုများကြားတွင် နှစ်ဦးနှစ်ဖက်လုံး ကျေနပ်နေခဲ့ကြသည်။ ဝူယွမ်နှင့် လင်းတုန်၏ လေပြင်းအမြုတေမှာ တစ်နေ့ထက်တစ်နေ့ အားကောင်းလာပြီး တောရိုင်းကျောက်တုံး ဝိညာဉ်မှာလည်း ပိုမိုသိပ်သည်း ခိုင်မာလာခဲ့သည်။

တစ်လဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။ ဝူယွမ်နှင့် လင်းတုန်တို့ တောရိုင်းကျောက်တုံးကြီးထံမှ စွမ်းအားများကို ထုတ်ယူနေစဉ် ဝူတောင်က သူတို့ထံ ရုတ်တရက် ရောက်ရှိလာသည် ။

“မင်းတို့နှစ်ယောက်ကတော့ တကယ့်ကို ကျင့်ကြံခြင်းမှာ ရူးသွပ်သူတွေပဲ၊ စီနီယာအစ်ကိုကြီး ကူမိုနဲ့တောင် တော်တော်ရင်းနှီးနေကြတာပဲ၊ ဟဲဟဲ… အခုဆိုရင် စီနီယာအစ်ကိုကြီး ကူမိုက ငါ့ကိုတောင် မင်းတို့ကို အနှောင့်အယှက် မပေးခိုင်းတော့ဘူး၊” ရောက်ရောက်ခြင်း ဝူတောင်က နှုတ်ခမ်းဆူကာ အနည်းငယ် မနာလိုဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

ဤသို့ပြောခြင်းကို ဝူယွမ်နှင့် လင်းတုန်တို့က ပြုံး၍သာ တုံ့ပြန်နိုင်ခဲ့ကြသည်။

“ဦးလေး ဝူတောင်၊ ဘာကိစ္စရှိလို့လဲခင်ဗျ”

ဝူတောင်က - “ဒီတစ်ခါတော့ မင်းတို့နှစ်ယောက်ထဲက တစ်ယောက် ဂိုဏ်းကနေ ခဏ ထွက်ရလိမ့်မယ်၊ ဂိုဏ်းမှာ မင်းတို့လို တပည့်တွေ လုပ်ဆောင်ရမယ့် တာဝန်တွေ ရှိတယ်၊ အခု တိုက်ရိုက်အဓိကတပည့်တစ်ဦး သွားရမယ့် တာဝန်တစ်ခု ရှိနေတယ်၊ ခန်းမတစ်ခုစီက တစ်ယောက်စီ သွားကြရမှာ၊”

“မင်းတို့နှစ်ယောက်က အခုထိ ဂိုဏ်းရဲ့ တာဝန်တွေကို မယူရသေးဘူး၊ ဆိုတော့… ဘယ်သူသွားချင်လဲ ဆေးနွေးလိုက်ကြ၊ အပြင်လောကမှာ လေ့ကျင့်ခန်းဆင်းတယ်လို့ပဲ သဘောထားလိုက်ပါ၊ အတွေ့အကြုံရှိတဲ့ တပည့်ကြီးတစ်ဦးက အဖွဲ့ကို ဦးဆောင်မှာဆိုတော့ မင်းတို့အတွက် သိပ်ပြီး လုပ်စရာ ရှိမှာမဟုတ်ပါဘူး၊”

“ဂိုဏ်းရဲ့ တာ၀န်လညူ”

ဝူယွမ်ပ ဤဇာတ်ကွက်ကို ချက်ချင်း သတိရလိုက်သည်။ ဤတာဝန်တွင် ရှိနေသော အန္တရာယ်မှာ သေးငယ်လှသည်မဟုတ်ပေ။ ထို့ကြောင့် သူက ချက်ချင်းပင် အကြံပြုလိုက်သည် - “ဦးလေး၊ ကျွန်တော်တို့ နှစ်ယောက်လုံး သွားပါရစေ”

အခန်း (၂၁၀) - ယင်းဟွမ်ဟွမ်နှင့်အတူ တာဝန်ထမ်းဆောင်ခြင်း

“သူတို့နှစ်ယောက် အတူတူသွားကြမလို့လား...”

ဝူတောင်က သူတို့နှစ်ဦးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်၊၊ သူတို့က သီးခြားစီ သွားကြရန် အစီအစဉ်ရှိကြမည့်ပုံ မပေါ်ပေ။

“ဟုတ်ကဲ့, ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဂိုဏ်းထဲရောက်နေတာ အတန်ကြာပါပြီ, အပြင်လောကကို ထွက်ပြီး လျှောက်လည်ကြည့်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်... တံခါးပိတ်ကျင့်ကြံနေရတာက ငြီးငွေ့စရာကောင်းလွန်းတယ်လေ၊ အတူတူသွားကြရင် ပြဿနာတွေကိုလည်း ပိုပြီးမြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာပါ...” ဝူယွမ်က အနည်းငယ် ပြုံးလျက် ဆိုလိုက်သည်၊၊

“ဟုတ်ပါတယ်... ပြည်ထောင်တစ်ရာတိုက်ပွဲ ပြီးကတည်းက ကျွန်တော်တို့ စိတ်အေးလက်အေး နားနားနေနေ ရှိနေခဲ့ကြတာ... ဒီတစ်ခါတော့ အပြင်လောကရဲ့ အတွေ့အကြုံသစ်တွေကို မြင်တွေ့ခွင့်ရဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ...” လင်းတုန်ကလည်း ဝူယွမ်နောက်မှလိုက်ကာ ခံစားချက်အပြည့်ဖြင့် ထောက်ခံလိုက်သည်၊၊ သူ၏ မျက်ဝန်းများထဲတွင် သိုင်းပညာလမ်းစဉ်၌ ပိုမိုမြင့်မားသော အဆင့်အတန်းအထိ တက်လှမ်းလိုသည့် ရည်မှန်းချက်နှင့် အရှိန်အဝါတို့ ကိန်းအောင်းနေခဲ့သည်၊၊

ဝူတောင်က “ဪ... အဲ့လိုလား... လူတစ်ယောက် ပိုသွားတာ ဘာပြဿနာမှမရှိပါဘူး, သွားကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းထဲမှာ နေနေရင်လည်း မင်းတို့က တံခါးပိတ်ကျင့်ကြံနေကြမှာပဲ... ဒါပေမဲ့ ဒါဟာ လူတစ်ယောက်စာ တာဝန်အဖြစ်နဲ့ပဲ အကျုံးဝင်မှာနော်...”

ဝူယွမ်က သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြလိုက်ပြီး “ဂိုဏ်းအတွက် တစ်ခုခု လုပ်ဆောင်ပေးနိုင်သရွေ့တော့, ဒါက တာဝန်အဖြစ် ရေတွက်ခြင်း ရှိ၊ မရှိဆိုတာ ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး...”

“ဟဲဟဲ... မင်းက စကားပြော တတ်သားပဲ...”

ဝူတောင်သည် ဝူယွမ်ကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် လေထုထဲသို့ ပျံတက်သွားလေသည်၊၊

“ဒါဆို ငါ့နောက် လိုက်ခဲ့ကြ... မင်းတို့နဲ့အတူ ဒီခရီးကို သွားကြမယ့် အဖော်တွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးမယ်...”

ဝူယွမ်နှင့် လင်းတုန်တို့က ဝူတောင်၏ နောက်မှ လိုက်ပါလာကြရင်း လေပြင်းခန်းမ၏ တောင်တန်းများထဲမှ ပျံထွက်လာကာ မြောက်ဘက်အရပ်ရှိ ဧရာမတောင်ထိပ်ကြီးတစ်ခုဆီသို့ ဦးတည်လိုက်ကြသည်၊၊

အဝေးမှပင် ဝူယွမ်က ထိုတောင်ထိပ်ပေါ်၌ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်၊၊

သူမကား ဂိုဏ်း၏ ဒုတိယမြောက် သခင်မလေး ယင်းဟွမ်ဟွမ်ပင်၊၊

ယနေ့တွင် သူမက အဖြူရောင်အင်္ကျီနှင့် အစိမ်းရောင်ဘောင်းဘီကို ၀တ်ဆင်ထားပြီး သူမ၏ တက်ကြွနုပျိုမှုကို ပိုမိုပေါ်လွင်နေစေခဲ့သည်၊၊

သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းအစုံက ဝူယွမ်နှင့် လင်းတုန်တို့ထံသို့ လှည့်ကြည့်လာခဲ့ပြီး၊ သူတို့နှစ်ဦးကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းများထဲတွင် နောက်ပြောင်လိုသည့် အရိပ်အယောင်နှင့် အနည်းငယ် အံ့အားသင့်သွားဟန်များ ဖြတ်ပြေးသွားလေသည်၊၊

ဝူယွမ်ကလည်း သူမကို စူးစိုက်ကြည့်နေမိသည်၊၊ သူမက နက်မှောင်သော ဆံနွယ်များကို မြင်းမြီးပုံစံ စည်းနှောင်ထားပြီး နုပျိုလှပသော ခါးလေးအထိ တွဲလောင်းကျနေခဲ့ကာ ဆံနွယ်များ၏ အဆုံးသတ်တွင် အနည်းငယ် ကွေးညွှတ်နေသလို တက်ကြွလန်းဆန်းသည့် အငွေ့အသက်ကို ပေးစွမ်းနေခဲ့သည်၊၊

ထိုအချိန်တွင် ကောင်းကင်ယံမှ နေရောင်ခြည်များက အစက်အပြောက်များအဖြစ် ဖြာကျလာကာ သူမ၏ သွယ်လျလှပသော ကိုယ်လုံးလေးပေါ်သို့ ထင်ဟပ်နေသဖြင့် မျက်စိကျိန်းမတတ် တောက်ပနေခဲ့သည်၊၊

အချို့သော သူများက မွေးရာပါ ဇာတ်လိုက်များ ဖြစ်ကြသည်၊၊ ယင်းဟွမ်ဟွမ်သည် ထိုနေရာ၌ ရပ်နေရုံမျှဖြင့် လူအများ၏ အကြည့်ကို အလွယ်တကူ ဆွဲဆောင်နိုင်စွမ်းရှိလေသည်၊၊

ဝူယွမ်က လှပသော အမျိုးသမီးများစွာကို မြင်ဖူးခဲ့သော်လည်း ယင်းဟွမ်ဟွမ်ကမူ သူ့ကို အလွန်ထူးခြားသော ခံစားချက်တစ်မျိုး ပေးစွမ်းနိုင်‌လေသည်—တက်ကြွခြင်း၊ ရွှင်လန်းခြင်းနှင့် နုပျိုမှုတို့ဖြင့် ပြည့်နှက်နေသော ခံစားချက်မျိုးပင် ဖြစ်သည်၊၊

ယင်းဟွမ်ဟွမ်၏ ဘေးတွင် အရပ်ရှည်ရှည် လူငယ်နှစ်ဦး ရှိနေပြီး သူတို့၏ ရုပ်ရည်မှာ ဝူယွမ်နှင့် လင်းတုန်တို့ကို မယှဉ်နိုင်သော်လည်း အတော်အသင့်တော့ရှိလေသည်။

တစ်ဦးက အဖြူရောင် ဝတ်ဆင်ထားပြီး ကျန်တစ်ဦးက အနက်ရောင် ဝတ်ဆင်ထားကာ သူတို့သည် ယင်းဟွမ်ဟွမ်၏ သက်တော်စောင့်များကဲ့သို့ သူမကို ဝန်းရံထားကြသည်၊၊

ထိုလူငယ်နှစ်ဦးသည်လည်း ဝူယွမ်နှင့် လင်းတုန်တို့ကို ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများထဲတွင် မာန်မာနများ ပြည့်နှက်နေခဲ့သည်၊၊

အထက်စီးဆန်သည့် ခံစားချက်မျိုးမှာ သူတို့၏ မျက်နှာပေါ်၌ အထင်အရှား ပေါ်လွင်နေခဲ့သည်၊၊

ဝူယွမ်က သူတို့၏ စွမ်းအင်အရှိန်အဝါကို အကဲခတ်ကြည့်ရာ သူတို့သည် လေပြင်းခန်းမ၏ တတိယမြောက် စီနီယာဖြစ်သူ ကျန်းဟောင်နှင့် အနည်းငယ် ဆင်တူပြီး ဖန်ထုံထက် စွမ်းအား အနည်းငယ် နိမ့်ကျနေသည်ကို တွေ့လိုက်ရသည်၊၊

ဝူတောင် ပြောခဲ့သည့်အတိုင်းဆိုလျှင် သူတို့က အခြားခန်းမနှစ်ခုမှ တိုက်ရိုက်တပည့်များ ဖြစ်ကြပေလိမ့်မည်၊၊

“ဝူတောင် ဦးလေးကို ဂါရဝပြုပါတယ်...”

ဝူယွမ်နှင့် အခြားသုံးဦး ဆင်းသက်လိုက်သည့်အခါ ယင်းဟွမ်ဟွမ်နှင့် သူမ၏ အဖော်နှစ်ဦးမှာ ဝူတောင်၏ ရှေ့မှောက်တွင် မာန်နည်းနည်းမှမတက်ရဲကြဘဲ အရိုအသေ ပေးလိုက်ကြသည်၊၊

ဝူတောင်က သူတို့ကို ခေါင်းပြန်ညိတ်ပြလိုက်သည်၊၊

ထိုအချိန်တွင် ဆံပင်ဖြူဖြူနှင့် အခြား အကြီးအကဲတစ်ဦး ပျံသန်းလာခဲ့သည်၊၊

“အို... ဝူတောင်, မင်း ဘာလို့ နှစ်ယောက်တောင် ခေါ်လာရတာလဲ...”

ဝူတောင်က ထိုဆံပင်ဖြူအကြီးအကဲကို လက်အုပ်ချီ နှုတ်ဆက်ကာ ဝူယွမ်နှင့် လင်းတုန်တို့ကို မိတ်ဆက်ပေးလိုက်သည်၊၊ “ဒါက အကြီးအကဲ ပိုင်ယဲ့ ပါ...”

“စီနီယာ အစ်ကို ပိုင်ယဲ့... ဒီနှစ်ယောက်က ကျွန်တော်တို့ လေပြင်းခန်းမရဲ့ အသစ်တက်လာတဲ့ တိုက်ရိုက်တပည့်တွေပါ... သူတို့ ဂိုဏ်းကို ရောက်ကတည်းက အပြင်ကို တစ်ခါမှ မထွက်ရသေးဘူး, ဒါကြောင့် ဒီတစ်ခါတော့ သူတို့ကို အတူတူ လွှတ်လိုက်တာပါ...”

“ဒီကောင်လေးနှစ်ယောက်က မင်းတို့ လေပြင်းခန်းမမှာ မကြာသေးခင်က အတော်လေး ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားတဲ့ ဝူယွမ်နဲ့ လင်းတုန် ဆိုတာလား...” ပိုင်ယဲ့က ဝူယွမ်နှင့် လင်းတုန်ကို အားရကျေနပ်စွာ အကဲခတ်ရင်း မေးလိုက်လေသည်၊၊

လေပြင်းခန်းမ၏ လစဉ်ပြိုင်ပွဲပြီးနောက် သူတို့နှစ်ဦးမှာ တောင်ဂိုဏ်းတွင် နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်၊၊ လေပြင်းခန်းမ၏ ပထမနှင့် ဒုတိယမြောက် စီနီယာများကို အနိုင်ယူခဲ့ရုံသာမက လေပြင်းခန်းမ၏ အခက်ခဲဆုံးသော သိုင်းပညာရပ်တစ်ခုဖြစ်သည့် မဟာကန္တာရ မိစ္ဆာမျက်လုံး ကိုလည်း တတ်မြောက်ထားကြသဖြင့် လူတိုင်းက ကြည်ညိုလေးစား အားကြနေခဲ့ကြသည်။

“အကြီးအကဲ ပိုင်ယဲ့ကို ဂါရဝပြုပါတယ်...” ဝူယွမ်နှင့် လင်းတုန်တို့က လက်အုပ်ချီ နှုတ်ဆက်လိုက်ကြသည်၊၊

“ဝိညာဉ်တံဆိပ်”

အကြီးအကဲ ပိုင်ယဲ့က လင်းတုန်ကို စူးစမ်းနေရင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊၊

လင်းတုန်သည်လည်း ဝိညာဉ်တံဆိပ် အမွေအနှစ်ကို ရရှိထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ၊၊

သို့သော်လည်း သူသည် ဝူယွမ်ကို ကြည့်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်၊၊ အကြောင်းမှာ ဝူယွမ်၏ စွမ်းအင်နက်ရှိုင်းမှုကို သူ မမြင်နိုင်သောကြောင့်ပင်၊၊

ပိုင်ယဲ့က သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ဝူတောင်ကို ခေါင်းညိတ်ပြကာ “သူတို့က မျိုးဆက်သစ် ပျိုးပင်ကောင်းလေးတွေပဲ... မင်းတို့ လေပြင်းခန်းမကတော့ ဒီတစ်ခါ ကံထူးတာပဲ...”

“ဟဲဟဲ...” ဝူတောင်က ဘာမှ ပြန်မပြောသော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာက ကျေနပ်ဂုဏ်ယူန‌ေကြာင်း အထင်အရှားပင်။

ထို့နောက်ပိုင်ယဲ့က တည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်၊၊ “ဒီတစ်ခါ မင်းတို့ ငါးယောက် တာဝန်သွားထမ်းဆောင်ကြမယ့်နေရာမှာ ယင်းဟွမ်ဟွမ်က တာဝန်ခံ ဖြစ်လိမ့်မယ်... ခရီးစတင်ပြီးမှ သူမက တာဝန်အသေးစိတ်ကို ရှင်းပြလိမ့်မယ်... အရာအားလုံးကို ယင်းဟွမ်ဟွမ်ကပဲ စီစဉ်ညွှန်ကြားလိမ့်မယ်...”

“အစ်ကိုကြီး, ဒီမိန်းကလေးက အဖွဲ့ကို ဦးဆောင်မှာလား... သူမ ကိုင်တွယ်နိုင်ပါ့မလား... ကြည့်ရတာ တစ်ခါမှ ဒုက္ခမရောက်ဖူးသလိုပဲ, အရမ်းကို ဖြူစင်လွန်းနေတယ်...” လင်းတုန်က အံ့အားသင့်စွာဖြင့် ဝိညာဉ်စွမ်းအင်သုံးကာ ဝူယွမ်ထံ ဆက်သွယ်လိုက်သည်၊၊

သူက ယင်းဟွမ်ဟွမ်ကို မိန်းကလေးငယ်တစ်ဦးအဖြစ်သာ မြင်ကာ အထင်သေးနေသည်မှာ သိသာလှသည်၊၊

ဝူယွမ်ကတော့ ယင်ဟွမ်ဟွမ်အကြောင်း သိနေသဖြင့် “လူတွေကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရဘူး, အထူးသဖြင့် အမျိုးသမီးတွေကိုပေါ့... မျက်နှာပြင်ပေါ်မှာ မြင်နေရတာနဲ့တင် ဘာကိုမှ ပြောလို့မရနိုင်ဘူး...” ဟု ပြန်ဖြေကြားလိုက်သည်။

ယင်းဟွမ်ဟွမ်မှာမူ သူတို့နှစ်ဦးကို စောင့်ကြည့်နေလေသည်၊၊ သူတို့နှစ်ဦး ထူးဆန်းသော အမူအရာများဖြင့် ဝိညာဉ်စွမ်းအင်သုံးကာ စကားပြောနေကြသည်ကို မြင်သောအခါ သူမက အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး “ရှင်တို့နှစ်ယောက် ကျွန်မ အဖွဲ့ကို ဦးဆောင်တာနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောစရာရှိလို့လား...”

ဝူယွမ်က လင်းတုန်ကို ကြည့်လိုက်သည်၊၊ “မင်းမှာ ပြောစရာ ရှိလား...”

လင်းတုန် - “ပြောစရာ မရှိပါဘူး...”

“ဘာမှ မရှိပါဘူး စီနီယာအစ်မ, မင်း အထင်လွဲနေတာပါ...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ပြုံးလျက် ဆိုလိုက်သည်၊၊

ယင်းဟွမ်ဟွမ်က သူမ၏ နှုတ်ခမ်းလေးကို မဲ့လိုက်ပြီး “ဟွန့်, ကျွန်မ ဂိုဏ်းအပြင်ဘက်ကို လေ့ကျင့်ရေးအတွက် အဖွဲ့ဦးဆောင်ပြီး ထွက်ခဲ့တာ ဆယ်ကြိမ်မကတော့ဘူး... ကျွန်မရဲ့ အတွေ့အကြုံက ရှင်တို့လို အတွေ့အကြုံမရှိသေးတဲ့ လူသစ်တွေနဲ့ နှိုင်းယှဉ်လို့ မရဘူး... ဒီလောကမှာ အသက်ကြီးနေရုံနဲ့ ပိုပြီး အရည်အချင်းရှိတယ်လို့ မဆိုလိုဘူးလေ...”

ဟွမ်ဟွမ်ရဲ့ နှုတ်သီးကတော့ တကယ်ကို မသေးဘူးပဲ...” ဝူယွမ်က ပြုံးလျက် ခေါင်းအသာအယာညိတ်ပြလိုက်ပြီး သူမနှင့် အချေအတင် မငြင်းခုံတော့ပေ၊၊

ယင်းဟွမ်ဟွမ်က သူမကိုယ်သူမ အရည်အချင်းရှိကြောင်း ပြောဆိုနေခဲ့ပြီး၊ ဝူယွမ်အနေဖြင့် သူမကအမှန်တကယ် အရည်အချင်းရှိကြောင်း သိသော်လည်း၊ သူမ၏ ဖြူစင်နုပျိုသော ပုံစံမှာ လူတို့ကို အားကိုးထိုက်သည့် ခံစားချက်မျိုးကို အပြည့်အဝ မပေးနိုင်သေးသည်မှာတော့ အမှန်ပင်၊၊

“ထွက်ခွာကြမယ်...”

ယင်းဟွမ်ဟွမ်က သူမ၏ သွယ်လျသော လက်ချောင်းလေးကို ဆန့်ထုတ်ကာ သူမ၏ ရှေ့ရှိ လေဟာနယ်ကို ပေါ့ပါးစွာ ညွှန်ပြလိုက်ကာ သာယာသော အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံ့နှံ့သွားခဲ့သည်၊၊

ထိုအသံလှိုင်း ပျံ့နှံ့သွားသည်နှင့် မနီးမဝေးရှိ စိမ်းလန်းစိုပြည်သော တောင်တန်းကြီးဆီမှ သိန်းငှက်တစ်ကောင်၏ အော်မြည်သံ ထွက်ပေါ်လာပြီး အစိမ်းရောင် သိန်းငှက်ကြီးတစ်ကောင် သူတို့ထံသို့ ပျံသန်းလာလေသည်၊၊

ယင်းဟွမ်ဟွမ်၏ သွယ်လျသော ကိုယ်လုံးလေးက လှုပ်ရှားသွားပြီး သိန်းငှက်ကြီး၏ ကျောပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်၊၊

ကျန်ရှိသော မြေကမ္ဘာခန်းမနှင့် ဟုန်ခန်းမမှ တပည့်နှစ်ဦးမှာလည်း သူမ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်၊၊

“စီနီယာအစ်မရဲ့ သိန်းငှက်ကြီးက အကြီးကြီးပဲ...” ဝူယွမ်သည်လည်း သိန်းငှက်ကျောပေါ်သို့ ပျံတက်လိုက်ရင်း ချီးကျူးလိုက်သည်၊၊

ဤအစိမ်းရောင် သိန်းငှက်ကြီးမှာ ရှေးဟောင်းမျိုးနွယ်တစ်ခုမှ ဖြစ်ဟန်တူသည်၊၊ ၎င်း၏ ကိုယ်ထည်မှာ အလွန်ကြီးမားပြီး သူတို့ငါးဦး ထိုင်နေဖို့ရာအတွက်တောင် ကျယ်ဝန်းလှသည်၊၊

“အမြန်သွားပြီး အမြန်ပြန်လာခဲ့ကြ...” သူတို့မထွက်ခွာခင် အကြီးအကဲ ပိုင်ယဲ့က မှာကြားလိုက်သည်၊၊

ယင်းဟွမ်ဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး သိန်းငှက်ကြီးကို သူမ၏ လက်ကလေးဖြင့် ပုတ်လိုက်ရာ၊ ၎င်းက ဧရာမ အတောင်ပံကြီးများကို ခတ်ထုတ်လိုက်ပြီး ပြင်းထန်သော လေပြင်းများနှင့်အတူ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ပျံထွက်သွားတော့သည်၊၊

သိန်းငှက်ကြီး ပျံထွက်သွားသည်ကို ကြည့်ရင်း ဝူတောင်က မေးလိုက်လေသည်၊၊ “သူတို့ ဒီတစ်ခါ သွေးကျောက်မြေရိုင်း ဆီကို သွားကြတာလား...”

ပိုင်ယဲ့က ခေါင်းညိတ်ပြသည်၊၊ “ဟုတ်တယ်...”

“အဲဒီနေရာက လူပေါင်းစုံ ရောထွေးနေတာ... ဒီလူငယ် ငါးယောက်အတွက် အနည်းငယ် အန္တရာယ်များမလားလို့...” ဝူတောင်က စိုးရိမ်တကြီး ပြောလိုက်သည်၊၊ ဒီတစ်ခါ သူ အလေးထားရဆုံး တပည့်နှစ်ယောက် ပါသွားသဖြင့် သူမစိုးရိမ်ဘဲ မနေနိုင်ပေ၊၊

ပိုင်ယဲ့က “စိတ်မပူပါနဲ့, အဆင်ပြေမှာပါ... ငါတို့ဂိုဏ်းရဲ့ ယွမ်ကျောက်သတ္တုတွင်း တောင်တန်းတစ်ခုမှာ ထူးထူးခြားခြား လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိရတယ်... အဲဒါက မိစ္ဆာသားရဲတွေ ပြဿနာရှာနေတာ ဖြစ်နိုင်ပါတယ်, ပြဿနာအသေးအဖွဲပါ... သူတို့အားလုံး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ...”

တကယ်ပဲလား...

ပိုင်ယဲ့က ပိုပြီး စိတ်ချလက်ချ ပြောလေလေ၊ ဝူတောင်က ပိုပြီး စိတ်မအေးလေလေ ဖြစ်နေလေသည်၊၊

သူ၏ လေပြင်းခန်းမမှ တပည့်နှစ်ဦးမှာ ငြိမ်ငြိမ်နေမည့်သူများ မဟုတ်ကြောင်း သူကောင်းကောင်းသိထားသည်၊၊

ဝူး...

ကောင်းကင်ယံတွင် အစိမ်းရောင် သိန်းငှက်ကြီးသည် လေနှင့် လျှပ်စီးကဲ့သို့ အတောင်ပံများကို ခတ်ကာ အဝေးသို့ လျင်မြန်စွာ ပျံသန်းနေခဲ့သည်၊၊

သိန်းငှက်ကြီး၏ ကျောပေါ်တွင် ယင်းဟွမ်ဟွမ်က ဦးခေါင်းပိုင်း၌ ထိုင်နေပြီး၊ အခြားတပည့်နှစ်ဦးက အလယ်တွင်၊ ဝူယွမ်နှင့် လင်းတုန်တို့ကမူ အမြီးပိုင်းတွင် ထိုင်နေကြသည်၊၊

ခရီးစဉ်အတွင်း မြေကမ္ဘာခန်းမနှင့် ဟုန်ခန်းမမှ တပည့်နှစ်ဦးမှာ ယင်းဟွမ်ဟွမ်နှင့် စကားပြောရန် အဆက်မပြတ် ကြိုးစားနေကြသည်၊၊

သူတို့၏ မျက်နှာများမှာ ပြုံးရွှင်နေပြီး ယင်းဟွမ်ဟွမ်နှင့် စကားပြောရန် အကြောင်းအရာများကို ဖန်တီးကာ သူမ၏ အခြေအနေများကို မေးမြန်းခြင်း၊ ချီးကျူးဂုဏ်ပြုခြင်းများ ပြုလုပ်နေကြသည်၊၊ သို့သော် ယင်းဟွမ်ဟွမ်ကမူ တစ်ချက်တစ်ချက်မှသာ ပြန်လည်ဖြေကြားနေခဲ့သည်၊၊

သူတို့၏ အမူအရာမှာ မျက်နှာပေါ်တွင် “မြှောက်ပင်သူ” ဟူသော စကားလုံးကို အထင်အရှား ရေးသားထားသကဲ့သို့ပင်၊၊

သို့သော် သူတို့ကိုယ်သူတို့ သတိမထားမိဘဲ ပျော်ရွှင်နေကြလေသည်၊၊ ယင်းဟွမ်ဟွမ်၏ ပြန်လည်ဖြေကြားမှု တစ်ခွန်းတည်းဖြင့်ပင် သူတို့မှာ တစ်နေကုန် ပြုံးပျော်နေနိုင်ကြသကဲ့သို့ပင်။

ဝူယွမ်နှင့် လင်းတုန်တို့ကမူ ပတ်ဝန်းကျင်ကိုသာ လှည့်ပတ်ကြည့်နေခဲ့ကြသည်၊၊

မဟာယန်ပြည်ထောင်စုကဲ့သို့ သေးငယ်သော နေရာမှ လာသူများဖြစ်သဖြင့် သူတို့မှာ အတွေ့အကြုံ အနည်းငယ် လိုအပ်နေသေးသည်၊၊

“ဟေး, ရှင်တို့နှစ်ယောက်... လူမှုရေး မခေါင်းပါနဲ့... လေပြင်းခန်းမက တပည့်တွေက ရှင်တို့လို အေးစက်စက်နိုင်ဝာာပဲလား...” ယင်းဟွမ်ဟွမ်က သူတို့နှစ်ဦးကို လှည့်ပြောလိုက်သည်၊၊

“တာဝန်တစ်ခုကို အတူတူသွားကြတဲ့အခါ ကျွန်မတို့က အဖွဲ့တစ်ခုပဲ... ရှင်တို့က လူသစ်တွေဖြစ်ပြီး ဒါက ပထမဆုံးအကြိမ် အပြင်ထွက်တာဆိုပေမဲ့ စိတ်မပူပါနဲ့, ရှင်တို့ကို ခြေလက်အစုံအလင်နဲ့ ပြန်ခေါ်လာပေးမယ်... အသားတစ်စတောင် အနာခံမှာ မဟုတ်ဘူး...”

“ဒါဆိုရင် စီနီယာအစ်မရဲ့ စောင့်ရှောက်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်...” ဝူယွမ်က ပြုံးလျက် ဆိုလိုက်သည်၊၊

“ဒါနဲ့, ရှင်တို့ တစ်ယောက်နဲ့တစ်ယောက် အရင်ဆုံး မိတ်ဆက်လိုက်ကြပါဦး...”

“တွေ့ရတာ၀မ်းသာပါတယ်၊ စီနီယာအစ်ကိုတို့, ကျွန်တော့်နာမည်က ဝူယွမ် ပါ...”

“ကျွန်တော့်နာမည်က လင်းတုန် ပါ...”

အဖြူရောင်ဝတ်စုံနှင့် လူငယ်က လက်အုပ်ချီကာ “မြေကမ္ဘာခန်းမ, ကျန်းခွန်း ပါ...”

အနက်ရောင်ဝတ်စုံနှင့် လူငယ်ကလည်း “အသိပညာခန်းမ, ယွမ်လင်ပါ...” ဟု ဆိုသည်၊၊

ကျန်းခွန်းက ယင်းဟွမ်ဟွမ်ကို ပြုံးပြလိုက်ပြီး “ဟွမ်ဟွမ် ပြောတာ မှန်တယ်... ဂျူနီယာညီလေးနှစ်ယောက်က ဒါကို အတွေ့အကြုံယူတဲ့ အခွင့်အရေးတစ်ခုလို့ပဲ သဘောထားလိုက်ပါ... ဟွမ်ဟွမ်က တာဝန်တွေအများကြီး ထမ်းဆောင်ဖူးတယ်, ကျွန်တော်တို့နှစ်ယောက်လည်း ရှိနေတာဆိုတော့ ဂျူနီယာညီလေးတို့ ဘာမှ အမှားအယွင်းမရှိစေရပါဘူး...”

ဝူယွမ်နှင့် လင်းတုန်တို့က ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်ကြသည်၊၊

မိတ်ဆက်ပြီးနောက် ယင်းဟွမ်ဟွမ်က တာဝန်အကြောင်းကို စတင်ရှင်းပြလိုက်သည်၊၊

“ကျွန်မတို့ သွားရမယ့်နေရာက သွေးကျောက်မြေရိုင်း ဖြစ်ပြီးတော့ ငါးရက်လောက် ခရီးနှင်ရမယ်...”

“အဲဒီနေရာက အထက်တန်းစားဂိုဏ်းကြီးတွေရဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှုပ်ထွေးတဲ့ ဇုန်တစ်ခုပဲ... ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူး... ဂိုဏ်းပေါင်းစုံက အလိုရှိနေတဲ့ ရာဇဝတ်သားတွေ အဲဒီမှာ အခြေချနေထိုင်ကြတာ များတယ်...”

“ကျွန်မတို့ တောင်ဂိုဏ်းမှာ သွေးကျောက်မြေရိုင်း ထဲမှာ နိဗ္ဗာန်ပုံဆောင်ခဲ သတ္တုတွင်းတစ်ခု ရှိတယ်... အခု သတ္တုတွင်း ဧရိယာထဲမှာ ပြဿနာတစ်ခု တက်နေလို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတယ်... ကျွန်မတို့ရဲ့ တာဝန်ကတော့ အကြောင်းရင်းကို စုံစမ်းပြီး ဖြေရှင်းဖို့ပဲ...”

“အစောပိုင်း ခန့်မှန်းချက်အရတော့ မိစ္ဆာသားရဲတွေ နှောင့်ယှက်နေတာ ဖြစ်နိုင်တယ်... ဒါကြောင့် သိပ်ပြီးတော့ မခက်ခဲနိုင်ပါဘူး... အားလုံး အဆင်ပြေရင်တော့ လဝက်လောက်အတွင်းမှာ ပြန်ရောက်နိုင်မှာပါ...”

“ဒီလောက်တော့ ချောမွေ့မှာ မဟုတ်ဘူး...” ဝူယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်၊၊ သူကတော့ မတော်တဆမှုတစ်ခုခု ဖြစ်လိမ့်မည်ဟု ခံစားနေရသည်၊၊

“နိဗ္ဗာန်ပုံဆောင်ခဲ သတ္တုတွင်း ဟုတ်လား...” လင်းတုန်က တံတွေးမြိုချလိုက်မိသည်၊၊

နိဗ္ဗာန်ပုံဆောင်ခဲ သတ္တုတွင်းများကို မဟာယန်ပြည်ထောင်စုကဲ့သို့ နေရာမျိုးတွင် မြင်တွေ့ရခဲသည်၊၊ ၎င်းတို့သည် ယွမ်ကျောက်တုံးများကဲ့သို့ပင် စွမ်းအင်အရင်းအမြစ်များ ဖြစ်ကြသော်လည်း နိဗ္ဗာန်ပုံဆောင်ခဲများတွင် စင်ကြယ်သော ကောင်းကင်နှင့်မြေကမ္ဘာယွမ်စွမ်းအင် သာမက နိဗ္ဗာန်စွမ်းအင် များပါ ပါဝင်နေသည်၊၊

ထိုသို့သော သတ္တုကြောများက အထက်တန်းစား ဂိုဏ်းကြီးများအတွက်ပင် မဟာဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်ကြသည်၊၊

အထက်တန်းစားဂိုဏ်းများ အသုံးပြုနေသည့် ဆေးမြစ် များသည် ဤနိဗ္ဗာန်ပုံဆောင်ခဲ သတ္တုတွင်းများမှ ဖြည့်တင်းပေးထားခြင်း ဖြစ်သည်၊၊ ဤသတ္တုတွင်းများ မရှိလျှင် ဆေးမြစ်သည်လည်း တဖြည်းဖြည်း ခမ်းခြောက်သွားပေလိမ့်မည်၊၊

ဆေးမြစ် မရှိလျှင်လည်း အထက်တန်းစားဂိုဏ်းကြီးများက တပည့်အင်အားကို တိုးချဲ့နိုင်တော့မည် မဟုတ်ပေ၊၊

ထို့ကြောင့် နိဗ္ဗာန်ပုံဆောင်ခဲ သတ္တုတွင်း၏ လုပ်ငန်းများကို အမြန်ဆုံး ပြန်လည်စတင်ရန်မှာ အလွန်အရေးကြီးပြီး ထို့ကြောင့်ပင် သူတို့ကဲ့သို့ တိုက်ရိုက်အဓိကတပည့်များကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ခဲ့ခြင်း ဖြစ်သည်၊၊

ခြောက်ရက်မြောက်နေ့...

မြင့်မားသော တိမ်တိုက်များထဲတွင် ပျံသန်းနေသည့် အစိမ်းရောင် သိန်းငှက်ကြီးသည် နောက်ဆုံးတွင် အောက်သို့ စတင်ဆင်းသက်လာခဲ့သည်၊၊

သူတို့က အောက်ဘက်ရှိ ရှုခင်းများကို တဖြည်းဖြည်း မြင်တွေ့လာရသည်၊၊ စိမ်းလန်းစိုပြည်သော တောအုပ်တစ်ခုကို ဖြတ်ကျော်ပြီးနောက်တွင် ရှေ့၌ အနီရောင်ပြေမြင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊၊ ၎င်းမှာ သွေးစိမ်းများ စိမ့်ဝင်နေသော မြေပြင်ကဲ့သို့ပင် ဖြစ်ပြီး လေထုထဲတွင်လည်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များရော ထွက်နေခဲ့သည်၊၊

ဤကြမ်းကြုတ်သော အငွေ့အသက်မှာ သွေးဝိညာဉ်ရုပ်သေးနှင့် ဆင်တူနေပြီး နှစ်ပေါင်းများစွာ သေဆုံးမှုများမှသာ ဖြစ်တည်နိုင်သည့် အရာမျိုးပင် ဖြစ်သည်၊၊

ဤနေရာက နူးညံ့ပျော့ပျောင်းသော နေရာတစ်ခု မဟုတ်သည်မှာ ထင်ရှားလှသည်၊၊

သူတို့ အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ သူတို့ထံသို့ ဖြတ်သန်းရောက်ရှိလာခဲ့သည်၊၊

သို့သော်လည်း ထိုစွမ်းအင်များက လျင်မြန်စွာပင် ပြန်လည်ဆုတ်ခွာသွားကြသည်၊၊

“နောက်ဆုံးတော့ ရောက်ပြီ... အရင်ဆုံး သတ္တုတွင်းကို သွားကြစို့...” ယင်းဟွမ်ဟွမ်က အပျင်းကြောဆန့်ရင်း ပြုံးလျက် ဆိုလိုက်သည်၊၊

နာရီဝက်ခန့် ကြာပြီးနောက်...

သူတို့က တောင်တန်းတစ်ခုသို့ ရောက်ရှိလာကြသည်၊၊ ထိုနေရာတွင် လူများမှာ အလုပ်ရှုပ်နေကြပြီး အဆောက်အဦး အတော်များများကိုလည်း မြင်တွေ့လိုက်ရသည်၊၊

ယင်းဟွမ်ဟွမ်က အစိမ်းရောင် သိန်းငှက်ကြီးကို ကျောက်ကွင်းပြင်တစ်ခုအတွင်းသို့ ဆင်းသက်ရန် ညွှန်ကြားလိုက်သည်၊၊

ထိုကွင်းပြင်၌ လူပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေခဲ့ကြပြီး ရောက်ရှိလာသူမှာ ယင်းဟွမ်ဟွမ် ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါမှသာ သူတို့က သတိထားနေမှုကို လျှော့ချလိုက်ကြသည်၊၊

“ဟွမ်ဟွမ်...”

သေးသွယ်လှပသော အမျိုးသမီးတစ်ဦးက ယင်းဟွမ်ဟွမ်ကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်၊၊

“ဟဲဟဲ, အစ်မဖန်း...”

ယင်းဟွမ်ဟွမ်က ရွှင်လန်းစွာ ခေါ်လိုက်ရင်း သူမ၏ သွယ်လျသော လက်ကလေးဖြင့် ဝူယွမ်နှင့် လင်းတုန်တို့ကို ညွှန်ပြကာ “မိတ်ဆက်ပေးပါရစေ... ဒီတစ်ခါ လူသစ်နှစ်ယောက် ပါလာတယ်... သူတို့က တောင်ဂိုဏ်းကိုခုမှ ရောက်တာဖြစ်ပြီး နှစ်ယောက်လုံးက လေပြင်းခန်းမကို ရောက်သွားကြတယ်... ဝူယွမ်နဲ့ လင်းတုန်တဲ့...”

“အို... သူတို့က အခုမှရောက်ပြီး တိုက်ရိုက်အဓိကတပည့်တွေ ဖြစ်လာတာလား...” အစ်မဖန်းက အံ့အားသင့်သွားပြီး သူတို့ကို စူးစမ်းကြည့်လိုက်သည်၊၊

ဤတစ်ကြိမ်တွင် အကူအညီတောင်းခံထားသူများမှာ တိုက်ရိုက်အဓိကတပည့်များသာ ဖြစ်ကြသည်၊၊

“ဟုတ်တယ်, ဒီနှစ်ယောက်က မရိုးရှင်းဘူးနော်... သူတို့က နိဗ္ဗာန်အဆင့်ခြောက် မှာပဲ ရှိသေးတယ်ဆိုပြီး သာမန်အမြင်နဲ့ မကြည့်နဲ့ဦး... သူတို့က ဝိညာဉ်စွမ်းအင်ကိုလည်း ကျင့်ကြံထားကြတယ်, နှစ်ယောက်လုံးက ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ်ကို ရောက်နေကြပြီ... ပြီးတော့ လေပြင်းခန်းမရဲ့ အခက်ခဲဆုံး သိုင်းပညာရပ်တစ်ခုဖြစ်တဲ့ မဟာကန္တာရ မိစ္ဆာမျက်လုံး ကိုလည်း တတ်မြောက်ထားကြပြီး လေပြင်းခန်းမရဲ့ ပထမနဲ့ ဒုတိယမြောက် စီနီယာတွေကိုတောင် အနိုင်ယူခဲ့ကြတာ...”

ယင်းဟွမ်ဟွမ်က ဝူယွမ်နှင့် လင်းတုန်တို့အကြောင်းကို တစ်ခါတည်း အကုန်အစင် ဖောက်သည်ချလိုက်တော့သည်၊၊

“ဒါက စီနီယာအစ်မ ယွမ်ဖန်း ပါ... သူမက ကျွန်မတို့ ကောင်းကင်ခန်းမရဲ့ တိုက်ရိုက်အဓိကတပည့်တစ်ယောက်ဖြစ်ပြီး ဒီသတ္တုတွင်း ဧရိယာကို စီမံခန့်ခွဲနေတာပါ...” ယင်းဟွမ်ဟွမ်က ဝူယွမ်နှင့် လင်းတုန်ကို ပြုံးပြလျက် မိတ်ဆက်ပေးလိုက်သည်၊၊

ယွမ်ဖန်းနှင့် အခြားသူများမှာ သူတို့နှစ်ဦးကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်၊၊

သူမကိုယ်တိုင်မှာလည်း တိုက်ရိုက်အဓိကတပည့်တစ်ဦး ဖြစ်သည်၊၊

တိုက်ရိုက်အဓိကတပည့်တစ်ဦး ဖြစ်လာရန်မှာ အလွန်ခက်ခဲလှသည်၊၊

“စီနီယာအစ်မ ယွမ်ဖန်းကို ဂါရဝပြုပါတယ်...” ဝူယွမ်နှင့် လင်းတုန်တို့က လက်အုပ်ချီ နှုတ်ဆက်လိုက်ကြသည်၊၊

“အရမ်းကြီး ယဉ်ကျေးမနေပါနဲ့ ဂျူနီယာမောင်လေးတို့...” ယွမ်ဖန်းက ပြုံးလျက် ဆိုလိုက်သည်၊၊

“အစ်မဖန်း, ကျွန်မတို့ကို သတ္တုတွင်း ဧရိယာကို လိုက်ပြပါဦး... အကယ်၍ အဲဒီ စိတ်ရှုပ်စရာကောင်းတဲ့ မိစ္ဆာသားရဲတွေသာ ဆိုရင်တော့, ရှင်တို့ရဲ့ အဒေါ်လေးက ရက်စက်တော့မှာ...” ယင်းဟွမ်ဟွမ်က သူမ၏ လက်သီးလေးကို တင်းတင်းဆုပ်ကာ ရက်စက်ဟန်ပြလိုက်သော်လည်း သူမ၏ ပုံစံမှာ အလွန်ပင် ချစ်စရာကောင်းနေခဲ့သည်၊၊

ယွမ်ဖန်းက ပြုံးလိုက်ပြီး “သွားကြစို့, ငါ လိုက်ပြမယ်... ဒီတစ်ခါ ပြဿနာက တကယ်ကို နည်းနည်းတော့ ထူးဆန်းနေတာ...”

ယွမ်ဖန်းက ရှေ့မှ ဦးဆောင်ကာ တောအုပ်ထဲသို့ ပျံသန်းသွားခဲ့သည်၊၊

ဝူယွမ်ကမူ သူမ၏ နောက်မှလိုက်ရင်း မျက်မှောင်အနည်းငယ် ကြုတ်နေမိသည်၊၊ သူ၏ အားကောင်းသော ဝိညာဉ်စွမ်းအင်ကြောင့် အမှောင်ထဲမှ သူတို့ကို စောင့်ကြည့်နေသော အကြည့်ပေါင်းများစွာကို ခံစားမိနေလေသည်။

“ငါတို့ရဲ့ ဒီသတ္တုကြောက သွေးကျောက်မြေရိုင်း ထဲမှာ အကျယ်ဆုံး တစ်ခုပဲ... ဒီမှာ တပည့်ပေါင်း တစ်ရာလောက် အခြေစိုက်ထားတယ်...”

ပျံသန်းနေစဉ်အတွင်း ယွမ်ဖန်းက သတ္တုကြော၏ အထွေထွေ အခြေအနေကို ရှင်းပြလိုက်သည်၊၊

သတ္တုတွင်း ဧရိယာတစ်ခုလုံးမှာ နီမြန်းနေပြီး သတ္တုကြောကြီးမှာ အလွန်ပင် ကြီးမားလှသည်၊၊ သူတို့က သတ္တုတွင်း လိုဏ်ခေါင်းလမ်းကြောင်းအတိုင်း အတော်ကြာ ပျံသန်းလာခဲ့ကြသည်၊၊

နောက်ဆုံးတွင် သူတို့က ထိုးထွက်နေသော ကျောက်တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်၊၊

ကျောက်တောင်ထိပ်၏ ရှေ့တွင် နီရဲနေသော တောအုပ်တစ်ခု ရှိနေလေသည်၊၊ ဧရာမ သစ်ပင်ကြီးများမှာ တောအုပ်အတွင်း မြင့်မားစွာ တည်ရှိနေကြပြီး မီးတောက်ကဲ့သို့ နီရဲနေသော အရွက်များမှာ လေအဝေ့တွင် လှုပ်ခတ်နေကြသည်မှာ မီးပင်လယ်ကြီး တစ်ခုကဲ့သို့ပင်၊၊

ဝူယွမ်က တောအုပ်အနီကြီးအတွင်း၌ အကြမ်းဖက်မှုနှင့် ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသော အားကောင်းသည့် အငွေ့အသက်များစွာကို ချက်ချင်းပင် ခံစားလိုက်ရသည်၊၊

“မိစ္ဆာသားရဲတွေလား...”

ယွမ်ဖန်းက “သူတို့က မီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံတွေပဲ... သွေးကျောက်မြေရိုင်း ထဲက မိစ္ဆာသားရဲ အမျိုးအစား တစ်မျိုးပေါ့... သူတို့က အရမ်း ဒုက္ခပေးတတ်ကြတယ်... တစ်ခါလာရင် အုပ်စုလိုက်လာတတ်ပြီး တစ်ကောင်ချင်းစီကလည်း တကယ်ကို အားကောင်းကြတယ်... ဒီထဲမှာ အနည်းဆုံး အကောင် လေးဆယ်လောက် ရှိမယ်... အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် သူတို့ကို မောင်းထုတ်နိုင်မယ်ဆိုရင်တောင်, ငါတို့ တပည့်တွေဘက်ကလည်း အထိအခိုက် အကျအဆုံး များနိုင်တယ်...”

“အဲဒီလောက်တောင် များတာလား...”

“အကောင် လေးဆယ်” ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကျန်းခွန်းနှင့် ယွမ်လင်တို့၏ မျက်နှာထားများ အနည်းငယ် ပျက်သွားခဲ့ကြသည်၊၊

သူတို့မှာ ဖိအားအနည်းငယ်ကို သိသိသာသာ ခံစားလိုက်ရသည်၊၊

ယင်းဟွမ်ဟွမ်ကမူ မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်၊၊ “ဘာလို့ ဒီလောက်အများကြီး ရုတ်တရက် ပေါ်လာရတာလဲ...”

ဝူယွမ်က “စီနီယာအစ်မ ယွမ်ဖန်း, မင်းကော ဘယ်လိုထင်လဲ...” ဟု မေးလိုက်လေသည်။

All Chapters