အခန်း (၁၄၁-၁၄၅)
Vol. 15 Ch. 141-145
အခန်း ၁၄၁ အခန်းလဲအိပ်ခြင်း
"ယီယီ... ရှင် ကျွန်မကို လက်ထပ်မှာလား"
ရှက်ရှက်နှင့် ထိုစကားကို ပြောပြီးနောက် လီဟန်ယီသည် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ကာ "လီဟန်ယီ... လီဟန်ယီ၊ နင် အရင်တုန်းက လူအများကြီးရှေ့မှာ ဘယ်လိုတောင် အဲ့ဒီစကားမျိုးကို ပြောခဲ့တာလဲ" ဟု မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်နေမိ၏။
လီကျန့်ယီသည် သူမ၏ နောက်ဘက်သို့ တိတ်တဆိတ် လျှောက်သွားပြီး "ဒါကတော့ ဟန်ယီက ငါ့ကို ချစ်လို့ပေါ့" ဟု ပြောလိုက်သည်။
"ယီ... ယီ... အခုလိုမျိုး ရုတ်တရက်ကြီး ပေါ်လာလိုက် ပျောက်သွားလိုက် မလုပ်ပါနဲ့၊ ကြောက်စရာကြီး"
သူမ၏နောက်မှ အသံကို ကြားသောအခါ လီဟန်ယီသည် လီကျန့်ယီ၏ အသံမှန်း မမှတ်မိပါက ဓားဖြင့်ပင် ခုတ်မိတော့မည် ဖြစ်၏။
"ဟန်ယီ... မင်းကိုယ်တိုင် တံခါးမပိတ်ခဲ့တာလေ၊ ဒါကြောင့် ငါက မြင်လို့ ဝင်လာတာပေါ့" ဟု ပြောကာ လီကျန့်ယီသည် လီဟန်ယီ၏ ခါးလေးပေါ်သို့ လက်ကို ပေါ့ပေါ့ပါးပါး တင်လိုက်သည်။
လီဟန်ယီသည် သူမ၏ ခါးပေါ်သို့ ရောက်ရှိလာသော လက်တစ်စုံကြောင့် မျက်နှာလေး နီမြန်းသွားကာ "ယီယီ... ရှင် ဘာလို့ ရှောင်ကျဲနဲ့ သွားမဆော့တာလဲ၊ ဒီကို ဘာလာလုပ်တာလဲ" ဟု မေးမြန်း၏။
"ဒါကတော့ ဘယ်နေ့မှာ လက်ထပ်ကြမလဲဆိုတာ မင်းနဲ့ လာတိုင်ပင်တာပေါ့" လီကျန့်ယီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလေသည်။
"လက်ထပ်ဖို့လား... အဖိုးက အကုန်စီစဉ်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား" လီဟန်ယီသည် မျက်နှာလေး နီမြန်းလျက် လှည့်ကြည့်ကာ ပြော၏။
"ဒါက ငါတို့ရဲ့ မင်္ဂလာပွဲလေ၊ ရက်စွဲကိုတော့ ငါတို့ကိုယ်တိုင် သတ်မှတ်သင့်တာပေါ့" ဟု ဆိုကာ လီကျန့်ယီသည် လှည့်လာသော လီဟန်ယီ၏ ချစ်စဖွယ် မျက်နှာလေးကို အုပ်ကိုင်လိုက်သည်။
"အဲ့ဒါလည်း ဟုတ်တာပဲ... ယီယီ၊ ရှင်အထင် ဘယ်နေ့က အကောင်းဆုံး ဖြစ်မလဲ" လီဟန်ယီသည် တွေးတောနေသကဲ့သို့ ခေါင်းလေး ငုံ့ထား၏။
"အဖေကတော့ နှစ်သစ်မကူးခင် ပြန်လာနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီနှစ်ထဲမှာတော့ မရလောက်ဘူး။ နွေဦးပေါက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကို ဘယ်လိုသဘောရလဲ" ဟု လီကျန့်ယီက လီဟန်ယီနှင့် ဆွေးနွေးလိုက်သည်။
"ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထူးခြားလို့လား" လီဟန်ယီ၏ မျက်ဝန်းလေးများ ဝိုင်းစက်သွား၏။
"ဖေဖော်ဝါရီ ၂၆ ရက်နေ့က မင်္ဂလာဆောင်ဖို့ အကောင်းဆုံး ရက်မြတ်လေ" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ ပါးလေးကို အသည်းယားစွာညစ်လိုက်သည်။
"အော်..." လီဟန်ယီ၏ အသံမှာ ပါးညစ်ခံထားရသဖြင့် အနည်းငယ် ဗလုံးဗထွေး ဖြစ်နေ၏။
"အော်... ပဲ လုပ်မနေနဲ့ဦး၊ အကျွမ်းတဝင်ရှိသွားအောင် ငါ့ကို ခင်ပွန်းလို့ ကြိုခေါ်ကြည့်ပါလား" ဟု လီကျန့်ယီက ပါးလေးကို လွှတ်ပေးပြီးနောက် ပြုံးစစဖြင့် ကျီစယ်လိုက်သည်။
"ဟွန့်..ယီယီ... အိမ်မက်မက်မနေနဲ့၊ငါက နောက်တစ်ခါ လှည့်စားလို့ရမယ်မထင်နဲ့" လီဟန်ယီသည် အရင်တစ်ခါက ကြောင်တောင်တောင်နှင့် "ခင်ပွန်း" ဟု ခေါ်မိခဲ့သည်ကို မှတ်မိနေသဖြင့် ယခုတစ်ကြိမ်တွင်မူ အလျှော့မပေးတော့ပေ။
"မခေါ်ဘူးပေါ့ ဟုတ်လား၊ ဟန်ယီ... ဒါက မင်းကိုယ်တိုင် အတင်းအကျပ် လုပ်ခိုင်းတာနော်"
လီကျန့်ယီသည် လီဟန်ယီ၏ ရေခဲမြစ်ဓားကို လှမ်းယူလိုက်ပြီး သူမ၏ လည်ပင်းတွင် ထောက်ကာ လွန်ခဲ့သော နှစ်များစွာက လီဟန်ယီ လုပ်ခဲ့သော ပုံစံအတိုင်း အတုယူလျက် "ယီယီ... အို... မဟုတ်ဘူး၊ ဟန်ယီ...ငါ့ ကို ခင်ပွန်းလို့ ခေါ်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင်တော့ လက်ထဲကဓားက ညှာတာမှာ မဟုတ်ဘူးနော်" ဟု ခြိမ်းခြောက်သည်။
"ရှင်... ရှင်"
သူမ၏ လည်ပင်းတွင် ထောက်ထားသော ဓားနှင့် လီကျန့်ယီ၏ အရှက်မရှိသော စကားများကြောင့် လီဟန်ယီမှာ တစ်ကိုယ်လုံး မီးတောက်ကဲ့သို့ ပူရှိန်းသွားရသည်။
"ဘယ်လိုလဲ ဟန်ယီ... ခေါ်မှာလား မခေါ်ဘူးလား၊ မခေါ်ရင်တော့ ဓားက တကယ်အလုပ်လုပ်တော့မှာနော်" လီကျန့်ယီသည် လီဟန်ယီ၏ အမူအရာအားလုံးကို အကွက်ကျကျ အတုခိုးနေ၏။
ဤသို့ အာဏာပြပြီး အတင်းအကျပ် လုပ်ဆောင်နေသည့် မြင်ကွင်းကြောင့် လီဟန်ယီမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။ နောက်ဆုံးတွင် အလွန်အမင်း ရှက်ရွံ့နေသည့်ကြားမှ အခြားရွေးချယ်စရာမရှိဘဲ "ခင်ပွန်း... ခင်ပွန်း..." ဟု တိုးတိုးလေး ခေါ်လိုက်ရသည်။
"ဟန်ယီ... ကျယ်ကျယ်ခေါ်စမ်းပါ၊ ငါ မကြားရဘူး" ဟု လီကျန့်ယီက ခပ်တည်တည်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ အလွန်ပင် ကျေနပ်နေသည်။
"ယီယီ... ရှင် အရမ်း လွန်မလာနဲ့နော်" လီဟန်ယီသည် လီကျန့်ယီက ကြားလျက်နှင့် မကြားချင်ယောင်ဆောင်နေသည်ကို သိသဖြင့် မျက်မှောင်လေး ကြုတ်လိုက်၏။
"ထပ်ပြီး တစ်ခါလောက်ပဲ ခေါ်လိုက်ပါ၊ နောက်ကျရင်လည်း ခေါ်ရမှာပဲဥစ္စာ... အခုက လေ့ကျင့်တယ်လို့ သဘောထားလိုက်ပေါ့" လီဟန်ယီ စိတ်ဆိုးတော့မည်ကို မြင်သောအခါ လီကျန့်ယီက ဓားကို ချက်ချင်းချလိုက်ပြီး လေသံလေးကို နှိမ့်ကာ ချော့ပြောလိုက်သည်။
ထိုသို့ ချော့ခံလိုက်ရသောအခါ လီဟန်ယီမှာ ထပ်မံ မျက်နှာနီမြန်းသွားကာ "ခင်ပွန်း... ခင်ပွန်း" ဟု တိုးတိုးလေး ထပ်ခေါ်လိုက်၏။
"အာ... တကယ်ကို နေလို့ကောင်းသွားတာပဲ" ဟု လီကျန့်ယီက အားရပါးရ ပြုံးလိုက်၏။
"အရှက်မရှိတာတဲ့လူ ၊ လူဆိုးကြီး"
လီဟန်ယီသည် ထိုစကားကို ကြားသောအခါ ရှက်လွန်းသဖြင့် အခန်းထဲမှ ပြေးထွက်သွားတော့သည်။
ဓားနှလုံးကျောက်ဆောင်သို့ ရောက်သောအခါ လီဟန်ယီသည် ဂူအတွင်းရှိ အသုံးအဆောင်များကို ကြည့်ရင်း အတိတ်က အမှတ်တရများစွာကို ပြန်လည် မြင်ယောင်နေမိသည်။ လီကျန့်ယီသာ ထိုစဉ်ကအတိုင်း ခေါင်းမာနေဦးမည်ဆိုပါက ယခု သူလုပ်ခဲ့သော အပြုအမူမျိုးမှာ သူမကိုယ်တိုင် သူ့အပေါ် လုပ်ဆောင်ရမည့် အရာများ ဖြစ်ပေလိမ့်မည်။
"ဒါ ယီယီ ငယ်ငယ်တုန်းက သုံးခဲ့တဲ့ သစ်သားဓားလား" လီဟန်ယီသည် ကျောက်စားပွဲပေါ်ရှိ သစ်သားဓားကို ယူကြည့်လိုက်၏။ ထို့နောက် လီကျန့်ယီ ငယ်စဉ်က ဓားလွှဲသော ပုံစံအတိုင်း လိုက်လံ လှုပ်ရှားကြည့်သည်။
"ပေါ့လိုက်တာ... ဒီလိုမျိုး ဓားလွှဲနေရုံနဲ့ တကယ်ပဲ ဒီလောက် အစွမ်းထက်လာနိုင်တာလား" ဟု လီဟန်ယီက နားမလည်နိုင်စွာ ဖြစ် နေ၏။ သို့သော် လီချန်းရှန် ပြောဖူးသကဲ့သို့ အချို့သော လူများမှာ အခြားသူများနှင့်မတူဘဲ ကျင့်ကြံပုံလည်း ကွဲပြားတတ်သည်ကို သူမ သတိရလိုက်သည်။
"ရတာပေါ့၊ ငါ့ရဲ့ လေ့ကျင့်မှု့က ဓားလွှဲရုံသက်သက်တင် မဟုတ်ဘဲ ဓားနဲ့ တစ်သားတည်းကျအောင် လုပ်ဆောင်တာလေ။ လှုပ်ရှားမှု့တိုင်းနဲ့ ကုန်ဆုံးသွားတဲ့ စွမ်းအားတိုင်းကို ထိန်းချုပ်ရတာ"
"စည်းချက် ပျက်သွားလို့ မရဘူး၊ ပျက်သွားရင် ဓားလွှဲတဲ့ အကြိမ်ရေ နည်းသွားပြီး ထိရောက်မှု့ မရှိတော့ဘူးလေ" ဟု လီကျန့်ယီက ဂူထဲသို့ လိုက်ဝင်လာရင်း ရှင်းပြလိုက်၏။
"အော်... ဒါဆိုရင် ကျွန်မ ဒီည ဒီမှာပဲ အိပ်ချင်တယ်"
လီဟန်ယီသည် ဂူအတွင်းရှိ စောင်များ ခင်းထားသော ကျောက်ကုတင်ကို ကြည့်ကာ ပြောလိုက်သည်။ ငယ်စဉ်က သူမသည် လီကျန့်ယီ၏ ဂူထဲတွင် အိပ်ချင်ခဲ့သော်လည်း လီကျန့်ယီက 'မိန်းကလေးတွေက ဓားလွှဲတဲ့ အရှိန်ကို နှေးစေတယ်'ဟု ဆိုကာ အမြဲတမ်း ငြင်းဆိုခဲ့၏။ယခုတွင်မူ သူမသည် ငယ်စဉ်က ဆန္ဒလေးကို ဖြည့်ဆည်းချင်နေမိသည်။
"ရတာပေါ့၊ ပြဿနာမရှိပါဘူး။ ဟန်ယီ... မင်း အိပ်လိုက်လေ၊ မင်းအိပ်နေတုန်း ငါ ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်" ဟု လီကျန့်ယီက မျက်လုံးလေးများ တောက်ပလျက် ပြော၏။
လီဟန်ယီ "..."
'အဲ့ဒီ ရုပ်ပြစာအုပ်တွေကတော့ တကယ်ကို ပြဿနာပဲ'
'ရုပ်ပြစာအုပ်တွေသာ မရှိရင် ငါ ငြင်းမှာ မဟုတ်ဘူး'
'ပြီးတော့ ယီယီရဲ့ မျက်လုံးတွေကလည်း ဘာလုပ်ချင်နေလဲဆိုတာ အသိသာကြီးပဲ'
"ဟင့်အင်း... ကျွန်မ တစ်ယောက်တည်း အိပ်မှာ" ဟု လီဟန်ယီက နှုတ်ခမ်းလေး စူကာ ပြောလေသည်။
"တစ်ယောက်တည်းဆိုရင် ချမ်းမှာပေါ့" ဟု လီကျန့်ယီက ပြောသော်လည်း လီဟန်ယီက သူမ၏ လက်တွင် အတွင်းအားဖြင့် နှင်းပွင့်များကို ဖန်တီးပြကာ သူမကိုယ်တိုင်က ရေခဲလို ဖြစ်နေသဖြင့် မချမ်းကြောင်း ဂုဏ်ယူစွာ ပြလိုက်၏။
"ကောင်းပြီလေ ဟန်ယီ... ဒါဆိုရင် မင်း ဒီမှာ အိပ်လိုက်၊ ငါက မင်းရဲ့ အခန်းမှာ သွားအိပ်မယ်။ ဒါဆို မျှတသွားပြီ မဟုတ်လား" ဟု လီကျန့်ယီက အလှဲအလှယ်လုပ်လိုက်သည်။
"ကောင်းပြီလေ" လီဟန်ယီက ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။
"ဒါဆို ကတိပဲနော်" ဟု လီကျန့်ယီက ဆိုကာ သူမ၏ ပါးနုနုလေးကို ထပ်မံ ညစ်လိုက်ပြန်သည်။ လီဟန်ယီမှာ လီကျန့်ယီကို ထုရိုက်ချင်စိတ်ပင် ပေါက်သွားရတော့၏။
ထို့နောက်တွင် သူတို့နှစ်ဦးသည် ရှောင်ကျဲ၏ သုံးပါးဓားသိုင်း မည်မျှ တိုးတက်လာသည်ကို စစ်ဆေးရန် ပြင်ဆင်လိုက်ကြသည်။ အကယ်၍ ရှောင်ကျဲ စာမေးပွဲ အောင်မြင်ပါက စားစရာ ကောင်းကောင်းများ ကျွေးမည်ဖြစ်ပြီး ကျရှုံးပါက ထိုဓားသိုင်းကို အကြိမ်တစ်ရာ ထပ်မံ လေ့ကျင့်စေမည်။
အခန်း ၁၄၂ မင်္ဂလာဝတ်စုံကို စမ်းဝတ်ခြင်း
"ဝါး... မေမေ၊ မမက ကျွန်တော်ကို အနိုင်ကျင့်နေတယ်..."
ရှောင်ကျဲသည် သုံးပါးဓားသိုင်းကို အကြိမ်ပေါင်းများစွာ အတင်းအကျပ် လေ့ကျင့်ခိုင်းခံရသဖြင့် အားအင်ကုန်ခမ်းကာ ငိုယိုလျက် လီရှင်းယွဲ့ထံ ပြေးသွားတော့၏။
"မမက ရှောင်ကျဲကို အနိုင်ကျင့်တယ် ဟုတ်လား။ ဘယ်လိုလုပ်လိုက်တာလဲ" ဟု လီရှင်းယွဲ့က အံ့အားသင့်စွာ မေးလိုက်သည်။
"မမက ရှောင်ကျဲကို သုံးပါးဓားသိုင်းကို အခါပေါင်းများစွာ လေ့ကျင့်ခိုင်းတာ။ ရှောင်ကျဲ လက်တွေတောင် မလှုပ်နိုင်တော့ဘူး... ဝါး..." ဟု ရှောင်ကျဲက လီရှင်းယွဲ့ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုလေသည်။
"ဟဲဟဲ... အူကြောင်ကြောင် ရှောင်ကျဲလေးရယ်၊ မင်းအတွက် ကောင်းအောင် မမက လုပ်ပေးတာလေ။ ပညာတစ်ခုခု တတ်ထားမှ နောက်ကျရင် အနိုင်ကျင့်မခံရမှာ မဟုတ်လား" ဟု လီရှင်းယွဲ့က ပြုံးလျက် ရှောင်ကျဲ၏ မျက်ရည်များကို သုတ်ပေးလိုက်၏။
"ဒါပေမဲ့... ရှောင်ကျဲက မိုးကြိုးတံခါးရဲ့ ဝူဖန့်လက်သီးကို တတ်တယ်လေ၊ အဲ့ဒါက အများကြီး အစွမ်းထက်တာ" ဟု ရှောင်ကျဲက ငိုရင်း ပြောသည်။ "အဲ့ဒီလက်သီးနဲ့ မမကို ထိအောင် ထိုးနိုင်ဖူးလား" ဟု လီရှင်းယွဲ့က ပြုံးကာ မေးရာ ရှောင်ကျဲမှာ ကြောင်အသွားသည်။
"အဲ့ဒါပဲလေ။ မင်းအဖေလည်း ဝူဖန့်လက်သီး တတ်တာပဲ၊ ဒါပေမဲ့ အခုဆိုရင် မင်းရဲ့ ယောက်ဖကို မယှဉ်နိုင်ရုံတင်မကဘူး၊ မင်းမမကိုတောင် မနိုင်တော့ဘူး"
"ဒါကြောင့် မင်းမမက ပိုပြီး အစွမ်းထက်တယ်ဆိုတာ ဟုတ်တယ်မလား" ဟု လီရှင်းယွဲ့က ထပ်မံ မေးလိုက်၏။
"ဒါဆို... အဖိုးလဲ့က ရှောင်ကျဲကို ဝူဖန့်လက်သီး တတ်ရင် အကုန်နိုင်မယ်ဆိုပြီး လိမ်တာပေါ့" ဟု ရှောင်ကျဲက ဒေါသတကြီး လက်သီးဆုပ်ပြလေသည်။
"ပညာဆိုတာ များများတတ်လေ ကောင်းလေပါပဲ ရှောင်ကျဲ၊ ကဲ... မငိုနဲ့တော့၊ မနက်ဖြန်ကျရင် မမနဲ့ ယောက်ဖက မင်းကို မြို့ထဲခေါ်သွားပြီး စားစရာကောင်းကောင်းတွေ ဝယ်ပေးလိမ့်မယ်" ဟု လီရှင်းယွဲ့က ချော့မြှူလိုက်သည်။ စားစရာ ဝယ်ပေးမည်ဆိုသော စကားကြောင့် ရှောင်ကျဲ၏ မျက်လုံးလေးများ ချက်ချင်းပင် တောက်ပသွားရ၏။
.....
နောက်တစ်နေ့တွင် လီကျန့်ယီက လီဟန်ယီ၏ အခန်းတွင် အိပ်စက်ခဲ့ပြီး လီဟန်ယီကမူ ဓားနှလုံးကျောက်ဆောင်ရှိ ဂူထဲတွင် အိပ်စက်ခဲ့သည်။ သူတို့နှစ်ဦးသည် အခန်းချင်း လဲလှယ်အိပ်စက်ခြင်းဖြင့် ပျော်ရွှင်ဖွယ် ညတစ်ညကို ကုန်ဆုံးစေခဲ့ကြ၏။
ထို့ကြောင့်ပင် လီရှင်းယွဲ့က မြို့ထဲသွားရန် လီဟန်ယီကို လာခေါ်သောအခါ လီကျန့်ယီကို တွေ့သဖြင့် ကြောင်အသွားရသလို လီဆူးဝမ်သည်လည်း ဂူထဲတွင် လီဟန်ယီကို တွေ့သောအခါ အံ့အားသင့်သွားရလေသည်။ သူတို့နှစ်ဦးမှာ တပြိုင်နက်တည်းပင် "မင်းတို့နှစ်ယောက် အတူတူ အိပ်လိုက်ကြတာလား" ဟု မေးကြတော့သည်။
"အမေ... အထင်မမှားပါနဲ့။ ဟန်ယီနဲ့ ကျွန်တော် အခန်းချင်း လဲအိပ်ကြတာပါ။ ယီယီက ကျွန်တော်ရဲ့ဂူထဲမှာ အိပ်ချင်နေလို့ပါ" ဟု လီကျန့်ယီက လီရှင်းယွဲ့ကို အမြန်ရှင်းပြလိုက်သည်။
"အော်... မင်းကလည်း တကယ့်ကို တုံးအနိုင်တာပဲ။ ဘာလို့ ဟန်ယီနဲ့ အတူမအိပ်တာလဲ" ဟု လီရှင်းယွဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။
လီကျန့်ယီ "..."
'အမေကလည်း အခုနကတော့ အံ့ဩနေပြီးတော့ အခုကျမှ...'
"ဒါဆိုရင် နောက်တစ်ခါကျရင်တော့ အမေစကား နားထောင်ပါ့မယ်၊ဟန်ယီ ပြေးစရာမရှိအောင် ကျွန်တော် လုပ်လိုက်ပါ့မယ်" ဟု လီကျန့်ယီက ပြန်ပြောလိုက်၏။
"နောက်တစ်ခါ ဆိုတာကတော့ မင်းတို့ လက်ထပ်ပြီးမှ ဖြစ်မှာပေါ့။ ဒီနေရာမှာတော့ မင်းက မင်းအဖေလောက်တောင် မစွမ်းဘူးပဲ" ဟု လီရှင်းယွဲ့က ပြောကာ မျက်နှာလေး နီမြန်းသွားပြီးနောက် "ထားလိုက်ပါတော့... စကားများမနေနဲ့တော့၊ မြို့ထဲသွားပြီး မင်္ဂလာဝတ်စုံ မှာကြရအောင်။ ရှောင်ကျဲလည်း စောင့်နေရတာ စိတ်မရှည်တော့ဘူး" ဟု ပြောကာ ထွက်သွားလေသည်။
မြို့ထဲသို့အသွား လမ်းခုလတ်တွင် လီကျန့်ယီက ရှောင်ကျဲ၏ ပါးကို ဆွဲညစ်ကာ စနောက်နေသဖြင့် လီဟန်ယီက မကျေမနပ်ဖြစ်နေ၏။ လီဟန်ယီသည် နှုတ်ခမ်းစူကာ ဟန်ဆောင်နေသော်လည်း သူမ၏ လက်ကလေးကမူ လီကျန့်ယီ၏ လက်မောင်းကို တင်းနေအောင် ဆုပ်ကိုင်ထားသည်။
ဤသည်မှာ လီကျန့်ယီနှင့်အတူ ပထမဆုံးအကြိမ် မင်္ဂလာဝတ်စုံ သွားကြည့်ခြင်းဖြစ်၍ သူမ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
မကြာမီတွင် သူတို့အုပ်စုသည် မြို့ထဲရှိ နာမည်ကြီး "ယွန်ရှား" အထည်တိုက်သို့ ရောက်ရှိလာကြ၏။
ထိုဆိုင်မှာ အထည်ရောင်းရုံတင်မကဘဲ မင်္ဂလာဝတ်စုံများကို စိတ်ကြိုက်မှာယူနိုင်သလို အသင့်ချုပ်ပြီးသားများကိုလည်း စမ်းသပ်ဝတ်ဆင်နိုင်ပေသည်။ ဆိုင်ရှင်အမျိုးသမီးသည် လီဆူးဝမ်တို့ကို ကောင်းစွာ ဧည့်ခံကာ ဒုတိယထပ်ရှိ မင်္ဂလာဝတ်စုံ သီးသန့်အခန်းသို့ ခေါ်ဆောင်သွားလေသည်။
"စမ်းကြည့်လို့ရသမျှ အကုန်စမ်းဝတ်ကြည့်ကြ၊ ပြီးမှ ကြိုက်တာကို မှာလိုက်ပေါ့" ဟု လီရှင်းယွဲ့က ပြော၏။ ဆိုင်ရှင်က လီကျန့်ယီနှင့် လီဟန်ယီတို့ကို အဝတ်လဲခန်းသို့ ခေါ်သွားရာ အဝတ်လဲခန်းမှာ တစ်ခုတည်းသာ ရှိနေသည်ကို တွေ့ရတော့သည်။
"ယီယီ... ရှင် အရင်လဲလိုက်လေ၊ ကျွန်မ အပြင်က စောင့်နေမယ်" ဟု လီဟန်ယီက ရှက်ကိုးရှက်ကန်း ပြောလိုက်၏။
"မင်း အထဲမှာ အဝတ်အစားတွေ ဝတ်ထားတယ် မဟုတ်လား" ဟု လီကျန့်ယီက မေးရာ လီဟန်ယီက "ဝတ်... ဝတ်ထားပါတယ်" ဟု တိုးတိုးလေး ဖြေသည်။
"ဒါဆိုရင် အတူတူ လဲကြတာပေါ့။ လက်ထပ်ပြီးရင်လည်း အတူတူ အိပ်ကြရမှာပဲဟာကို... ဟန်ယီ ရှက်မနေပါနဲ့။ မဟုတ်ရင် ငါ ကိုယ်တိုင် လဲပေးရမလား" ဟု လီကျန့်ယီက အတည်ပေါက် ပြောလိုက်သည်။
"မ... မဟုတ်တာ၊ ကျွန်မဘာသာ လဲပါ့မယ်" ဟု ဆိုကာ လီဟန်ယီသည် သူမ၏ ခရမ်းရောင်ဝတ်စုံကို ကပျာကယာ ချွတ်လိုက်ရာ အတွင်းရှိ အဖြူရောင် ဝတ်စုံလေးနှင့် သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်မှာ လီကျန့်ယီ၏ ရှေ့တွင် ပေါ်ထွက်လာတော့၏။ လီကျန့်ယီမှာ ထိုအလှတွင် ခဏမျှ ငေးမောသွားသည်။
"လူဆိုးလေး၊ မကြည့်နဲ့လေ" လီဟန်ယီက ရှက်ရှက်နှင့် လီကျန့်ယီကို ခပ်ဖွဖွ ထုရိုက်ကာ မင်္ဂလာဝတ်စုံကို အမြန်လဲဝတ်လိုက်၏။
အခန်း ၁၄၃ သကြားရုပ်ကလေး
မင်္ဂလာဝတ်စုံကို လဲဝတ်ပြီးနောက်တွင် လီဟန်ယီသည် တကယ့်ကို လှပသော သတို့သမီးလောင်းလေးအဖြစ် ပေါ်လွင်နေသည်။ မင်္ဂလာ သရဖူနှင့် ပန်းထိုးဝတ်ရုံကို ဆင်မြန်းထားသော သူမ၏အလှမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေ၏။
အနီရောင်မင်္ဂလာဝတ်စုံနှင့် လိုက်ဖက်နေသော သူမ၏နှုတ်ခမ်းလေးများကို နမ်းချင်စရာဖြစ်နေသည်။ အနီးကပ်ကြည့်လျှင် လီဟန်ယီ၏ နှုတ်ခမ်းများမှာ မည်သည့်ဆိုးဆေးမှ မပါဘဲ သဘာဝအတိုင်း နီမြန်းနေပြီး မျက်ခုံးတန်းများမှာလည်း ရေးဆွဲထားခြင်းမရှိဘဲ နက်မှောင် နေသည်။ သူမသည် မွေးရာပါ အလှတရားများကို ပိုင်ဆိုင်ထားသော သတို့သမီးလေးနှင့် တူနေသဖြင့် လီကျန့်ယီမှာ အသက်ရှူပင် မှားသွားရ၏။
"လှ... လှရဲ့လား"
မင်္ဂလာဦးရစ်သရဖူနှင့် ဝတ်ရုံကို ဝတ်ဆင်ထားသော လီဟန်ယီသည် လီကျန့်ယီကို အနည်းငယ် စိုးရိမ်စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"အရမ်းလှတယ်၊ ဒီလို ရင်သပ်ရှုမောဖွယ်အလှက မင်းနဲ့ တကယ်ကို လိုက်ဖက်တယ် ဟန်ယီ" ဟု လီကျန့်ယီက အတည်ပြုပေးလိုက်သည်။
"ဒါဆို... ရှင်လည်း လဲဝတ်ကြည့်ဦးလေ၊ ရှင်ကို သတို့သားဝတ်စုံနဲ့ ဘယ်လိုနေမလဲဆိုတာ ကျွန်မ မြင်ချင်တယ်" ဟု လီဟန်ယီက ရှက်ကိုးရှက်ကန်း ပြော၏။
"ဟန်ယီ... လာပြီး ငါ့ကို အဝတ်လဲပေးပါဦး" ဟု လီကျန့်ယီက သတို့သားဝတ်စုံကို သတို့သမီးလောင်းထံသို့ စနောက်ကာ ကမ်းပေးလိုက်သည်။ သတို့သမီးလေးမှာ မျက်နှာနီမြန်းသွားပြီး "ယီယီ... ရှင့်ဘာသာရှင် လဲပါ၊ ယောက်ျားနဲ့ မိန်းကလေးက မထိအပ်ဘူးလေ" ဟု မာန်ပါပါ ငြင်းသည်။
"ဟန်ယီ... မင်းက မကြာခင် ငါ့ရဲ့မိန်းမ ဖြစ်တော့မှာလေ၊ ဘာလို့ မထိအပ်ဘူးလို့ ပြောနေသေးတာလဲ။ အဲ့ဒီဆင်ခြေက အသုံးမဝင်ဘူးနော်။ ကဲ... မြန်မြန်လာပြီး မင်းရဲ့ အနာဂတ်ခင်ပွန်းကို အဝတ်လဲပေးစမ်းပါ" ဟု ဆိုကာ လီကျန့်ယီသည် လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လျက် မျက်လုံးများကို မှိတ်ကာ အလှလေး လာကူညီမည်ကို စောင့်နေတော့၏။
သို့သော်... သူ မျက်လုံးမှိတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း လီဟန်ယီမှာ လှုပ်ရှားမှုမရှိပေ။ သူမသည် ခြေလှမ်းကျဲကျဲဖြင့် အပြင်သို့ ထွက်သွားကာ လီဆူးဝမ်ကို "အဖိုး... ယီယီကို မင်္ဂလာဝတ်စုံလဲပေးဖို့ ကူညီပေးပါဦး၊ သမီး .. သမီးက ဘယ်လိုလဲပေးရမလဲ မသိလို့ပါ" ဟု တိုးတိုးလေး ကပ်ပြော နေသည်။
"ဒါပေမဲ့..." လီဆူးဝမ်က ငြင်းချင်သော်လည်း မြေးမလေးက ချွဲနွဲ့နေသဖြင့် မငြင်းရက်ဘဲ သဘောတူလိုက်ရ၏။ လီဆူးဝမ်သည် အဝတ်လဲခန်းထဲသို့ ဝင်ကာ မျက်လုံးမှိတ်ထားသော လီကျန့်ယီကို အဝတ်လဲပေးလိုက်သည်။ ဝတ်စုံလဲပြီးသွားသောအခါ လီကျန့်ယီသည် လီဆူးဝမ်၏ သန်မာသော... ခါးကို... ဖက်လိုက်တော့၏။
လီဆူးဝမ်:"..."
မျက်လုံးဖွင့်လိုက်သော လီကျန့်ယီ"..."
"ဆရာ... ဆရာပါလား။ ဟန်ယီရော" လီကျန့်ယီသည် အလွန်အမင်း ရှက်သွားကာ သန်မာသောခါးကြီးကို ချက်ချင်းလွှတ်လိုက်သည်။
"ဟန်ယီကတော့ ဝတ်စုံလဲပြီး အပြင်ထွက်သွားပြီလေ" ဟု လီဆူးဝမ်က စိတ်ပျက်လက်ပျက် ပြောကာ လီကျန့်ယီနှင့် အဝေးသို့ ခွာလိုက်၏။
လီကျန့်ယီသည် လှည့်ကြည့်လိုက်သောအခါ မင်္ဂလာဝတ်စုံနှင့် အမျိုးသမီးလေးမှာ သူမ၏ နှုတ်ခမ်းနီနီလေးကို လက်ဖြင့်အုပ်ကာ မထိန်းနိုင်အောင် ရယ်မောနေသည်ကို တွေ့လိုက်ရသည်။ "ဟဲဟဲ... ယီယီ၊ ခုနက အဖိုးကို ဖက်ထားတာ တကယ့်ကို ချစ်စရာကောင်းတာပဲ" လီဟန်ယီသည် ရယ်လွန်း၍ မျက်နှာလေးမှာ ပို၍ပင် နီမြန်းနေတော့၏။
လီကျန့်ယီသည် ဒေါသထွက်ထွက်နှင့် ဘေးနံရံကို လက်သီးဖြင့် ထိုးလိုက်သော်လည်း ဆိုင်ကြီး ပျက်စီးသွားမည် စိုးသဖြင့် အားကိုတော့ ထိန်းထားလိုက်သည်။ "ဟန်ယီ... ဒါကို မှတ်ထားလိုက်နော်" ဟု ပြောကာ လီကျန့်ယီသည် သူမအနားသို့ သွားပြီး ပါးနုနုလေးကို အားရပါးရ ဆွဲညစ်လိုက်၏။
ထို့နောက်တွင် သူတို့သည် ထိုမင်္ဂလာဝတ်စုံကိုပင် မှာယူရန် ဆုံးဖြတ်လိုက်ကြသည်။ ဝတ်စုံလဲပြီး ပြန်ထွက်လာသောအခါ လီဟန်ယီသည် သူမ၏ ရင်သားများ မည်မျှ နူးညံ့သည်ကို သိလိုသဖြင့် မိမိ၏ရင်ဘတ်ကို ခေါင်းနှင့် တမင်တိုက်ခဲ့သော လီကျန့်ယီကို ထုရိုက်ချင်စိတ် ပေါက်သွားရ၏။ "ရှင် တကယ်ကို မပြောင်းလဲဘူးပဲ" ဟု လီဟန်ယီက ရှက်ကိုးရှက်ကန်း အပစ်တင်လေသည်။
ဆိုင်မှ ထွက်လာပြီးနောက်တွင် လီကျန့်ယီသည် ရှောင်ကျဲကို စားစရာဝယ်ပေးမည်ဟု ကတိပေးထားသဖြင့် လမ်းဘေးဈေးတန်းသို့ ခေါ်သွားသည်။ ရှောင်ကျဲသည် သကြားရုပ်လုပ်နေသော အဖိုးအိုကို မြင်သောအခါ "ယောက်ဖ... ရှောင်ကျဲ သကြားရုပ် စားချင်တယ်" ဟု အော်ဟစ်တော့၏။
လီကျန့်ယီက "အဖိုး.. ကျွန်တော်တို့ သုံးယောက်ပုံစံ သကြားရုပ် သုံးရုပ် လုပ်ပေးပါ" ဟု မှာလိုက်သည်။ ခဏအကြာတွင် သက်ဝင်လှသောပုံစံနှင့် သူတို့ရဲ့ပုံတူ သကြားရုပ် သုံးရုပ် ရသွား၏။ ရှောင်ကျဲက သူနှင့်တူသော သကြားရုပ်လေးကို ယူကာ အားရပါးရ စားနေတော့သည်။
လီကျန့်ယီသည် လီဟန်ယီနှင့် တူသော သကြားရုပ်ကို ပါးစပ်ထဲငုံကာ မိမိနှင့်တူသော ရုပ်လေးကို လက်ထဲတွင် ကိုင်လျက် ရှေ့မှ သွားနေသော လီဟန်ယီကို လိုက်မှီအောင် သွားလိုက်၏။ "ဟန်ယီ... ကြည့်ဦး၊ ငါ မင်းကို စားနေပြီ" ဟု ပြောကာ သကြားရုပ်လေးကို ပြလိုက်သည်။
လီဟန်ယီက စိတ်တိုစွာဖြင့် ပြောသည်။ "လူဆိုးကြီး၊ ဘာလို့ ကျွန်မပုံကို စားတာလဲ၊ ရှင့်ပုံကိုပဲ ရှင် စားပါလား"
"ရော့... ဒါဆို ငါ့ကိုပြန် စားလိုက်တော့" ဟု ဆိုကာ လီကျန့်ယီက မိမိပုံစံ သကြားရုပ်လေးကို သူမအား ပေးလိုက်၏။ လီဟန်ယီသည် ထိုသကြားရုပ်လေးကို မြင်မှ ကျေနပ်သွားကာ လီကျန့်ယီရုပ်လေး၏ ခေါင်းကို ကိုက်ဖြတ်စားလိုက်တော့သည်။ ထို့နောက်တွင် သူမက
"ယီယီရဲ့ ခေါင်းက တကယ့်ကို အရသာရှိတာပဲ" ဟု ဆိုကာ အရသာခံပြနေသဖြင့် လီကျန့်ယီမှာ ဆွံ့အသွားရတော့သည်။
အခန်း ၁၄၄ မမရဲ့ ခင်ပွန်းကို ထိန်းပါအုန်း
လီဟန်ယီက သူ၏သကြားရုပ်ကလေးကို ခေါင်းဖြတ်ကိုက်စားလိုက်သည်ကို မြင်သောအခါ လီကျန့်ယီသည်လည်း အရှုံးမပေးလိုဘဲ မိမိပါးစပ်ထဲရှိ သကြားရုပ်ကလေးကို အားရပါးရ စတင်လျက်တော့၏။
လီကျန့်ယီ လျက်လိုက်တိုင်း ချိုမြိန်လွန်းသော သကြားရည်များက ပါးစပ်ထဲတွင် ပြည့်နှက်သွားရာ သွားပင်ကျိန်းမတတ် ခံစား နေရသည်။ လီဟန်ယီသည် ထိုအပြုအမူကို မြင်သောအခါ မျက်နှာလေး နီမြန်းသွားပြီး "ယီယီ... သကြားရုပ်ကို တစ်ကိုက်တည်း စားလိုက်လေ၊ အဲ့ဒီလိုကြီး လျက်မနေနဲ့" ဟု ကန့်ကွက်၏။
"ဟင့်အင်း... မကိုက်နိုင်ဘူး၊ ငါ့ခေါင်းကို အရင်ကိုက်စားတာ ဘယ်သူလဲ" ဟု လီကျန့်ယီက ဂရုမစိုက်ဘဲ ဆက်လက်လျက်နေသည်။
"ဟွန့်..ဘယ်လိုပဲစားစာ ကုန်သွားမှာပဲဟာကို... ခေါင်းကို ကိုက်စားတာ ဘာဖြစ်လို့လဲ" ဟု လီဟန်ယီက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
ထိုစဉ် သကြားရုပ်လျက်နေသော ရှောင်ကျဲက အနားသို့ရောက်လာပြီး "မမ... ယောက်ဖ ပြောတာမှန်တယ်၊ သကြားရုပ်က လျက်စားမှ ပိုအရသာရှိတာ" ဟု အူတူတူ လေသံဖြင့် ဝင်ပြောလေသည်။
လီဟန်ယီ "..."
'စားဖို့ပဲ သိတဲ့ ရှောင်ကျဲ... ရှောင်ကျဲ'
'မင်းရဲ့ ယောက်ဖက မင်းမမကို ပညာပြပြီး တမင်လုပ်နေတာကို မသိဘူးလား'
'သူက ငါ့ပုံစံ သကြားရုပ်ကို တမင်လျက်မပြရင် ငါလည်း အာရုံစိုက်မိမှာ မဟုတ်ဘူး"'
"ထားလိုက်ပါတော့... သူက ငယ်သေးတော့ ဘာမှနားမလည်တာ သဘာဝပါပဲ" ဟု လီဟန်ယီက သူမ၏ မောင်လေးကို ဆုံးမချင်သော်လည်း စိတ်လျှော့လိုက်ရ၏။ သူမသည် ခေါင်းလေးကို မော့ကာ လီကျန့်ယီကို ဆက်မကြည့်တော့ဘဲ အဝေးသို့ ငေးကြည့်လိုက်သောအခါ ဒေါသများမှာ တဖြည်းဖြည်းလွင့်စင်သွားတော့သည်။
.....
ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်ခဲ့ကြပြီနောက် လီကျန့်ယီနှင့် လီဟန်ယီတို့သည် မင်္ဂလာဝတ်စုံ စမ်းသပ်ခြင်းနှင့် ရက်စွဲသတ်မှတ်ခြင်းတို့ကို ပြုလုပ်ပြီးစီးခဲ့သည်။ ယခုအခါ နောက်ဆုံးအဆင့်ဖြစ်သော ဖခင်ဖြစ်သူ လဲ့မုန့်ရှား ပြန်လာရန် စောင့်ဆိုင်းပြီး ဆွေမျိုးမိတ်သင်္ဂဟများကို ဖိတ်ကြားရန်သာ ကျန်တော့သည်။
ခြံဝင်းအတွင်းတွင် ။
ဝါးတောလေးမှာ လေတိုက်ခြင်းကြောင့် ဝါးပင်များကယိမ်းနွဲ့နေ၏။ရှောင်ကျဲသည် မြက်ခင်းပေါ်တွင် လိပ်ပြာများကို ပြုံးလျက် လိုက်ဖမ်းနေပြီး လီကျန့်ယီကမူ ယောက်ဖငယ်လေးကို ကြည့်ကာ မြက်ခင်းပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ ဘေးတွင်မူ ဓားလေ့ကျင့်သော လီဟန်ယီ ရှိနေ၏။
လီကျန့်ယီက သူမကို အနားယူရန် ဆွဲခေါ်လိုက်ရာ ဝါးရနံ့သင်းသော လေပြည်နှင့်အတူ နီးကပ်လွန်းသဖြင့် တစ်ဦးနှင့်တစ်ဦး၏ ကိုယ်ငွေ့ကိုလည်း ခံစားမိနေ၏။
"ယီယီ ထိုင်တာက ထိုင်ပါ... ဒါပေမဲ့ ရှင်ရဲ့ လက်တွေကို ငြိမ်ငြိမ်ထားလို့ မရဘူးလား"
အနားယူရန် ထိုင်လိုက်သော လီဟန်ယီသည် လီကျန့်ယီ၏ ရင်ခွင်တွင် မှီထားစဉ် သူ၏လက်များက သူမကို စတင်ပွတ်သပ်နေသဖြင့် ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။ သူက သူမ၏လက်ကို အရင်ကိုင်ကာ ဆွဲညှစ်ပြီးနောက် ပေါင်ကိုပါ ဆက်လက် နှိပ်နယ်နေတော့၏။
"ဟန်ယီ... မင်းနားမလည်ပါဘူး၊ ဒါကို အနှိပ်ပညာလို့ ခေါ်တယ်လေ။ ငါက မင်းကို နှိပ်နယ်ပေးနေတာပါ" ဟု လီကျန့်ယီက ရိုးသားသည့်မျက်နှာဖြင့် ဗြောင်လိမ်သည်။ ဤသည်ကို အနှိပ်ဟု ခေါ်နိုင်သလော။ "ဒါက စနစ်တကျ နှိပ်နယ်ပေးနေတာပါ" ဟု ဆိုကာ သူသည် သူမ၏ပေါင်မှသည် နီမြန်းနေသော ပါးပြင်လေးအထိ ဆက်လက် နှိပ်နယ်ပေးသည်။
ထို့နောက် သူသည် ထိုလှပသော မိန်းကလေးကို မျက်နှာချင်းဆိုင် ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းလေးများမှာ တောက်ပကာ အသက်ဝင်နေသည်။ "ဟန်ယီ... နမ်းလို့ရမလား" ဟု လီကျန့်ယီက သူမ၏ သဘာဝအတိုင်း နီမြန်းနေသော နှုတ်ခမ်းလေးများကို ကြည့်ကာ မေးလိုက်၏။
"မရဘူး" ဟု လီဟန်ယီက မာန်ပါပါ မျက်နှာလွှဲလိုက်သည်။
"ရမှရမယ်" ဟု ဆိုကာ လီကျန့်ယီသည် သူမ၏ မျက်နှာလေးကို လက်ဖြင့် ဆွဲလှည့်ကာ အတင်းကြည့်သည်။
"ဒါဆို... အခုနမ်းပြီးမှ လက်ထပ်ရင်ရော" ဟု လီဟန်ယီက မလွတ်နိုင်တော့မှန်း သိသဖြင့် တိုးတိုးလေး မေး၏။
"လက်ထပ်ပြီးရင်လည်း ဆက်နမ်းမှာပေါ့" ဟု လီကျန့်ယီက ရယ်မောလျက် ဖြေသည်။
"အဲ့ဒါက မတူဘူးလေ" ဟု လီဟန်ယီက ပြော၏။ မင်္ဂလာပွဲကျင်းပစဉ် နမ်းမှသာ ပြည့်စုံမည်ဟု သူမက ယူဆထားသည်။
"ကောင်းပြီလေ... ဒါဆိုရင် မင်္ဂလာပွဲကျမှ နမ်းကြတာပေါ့" လီကျန့်ယီက သဘောတူလိုက်၏။ နှစ်ပေါင်းများစွာ စောင့်ခဲ့ရသည်ဖြစ်ရာ ရက်အနည်းငယ် ထပ်စောင့်ရသည်မှာ ပြဿနာမဟုတ်ပေ။
"လက်ထပ်ပြီးရင်တော့... ရှင် ကြိုက်သလောက် ကြာကြာ နမ်းနိုင်ပါတယ်..." ဟု လီဟန်ယီက ကတိတစ်ခုကို လေးလေးနက်နက် ပေးလိုက်သည်။ လီကျန့်ယီသည် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူမ၏ နူးညံ့မှု့များကို ခံစားမိပြီး စိတ်ထဲတွင် ကျေနပ်နေတော့၏။သူက "ဟန်ယီ မင်းရဲ့အသီးက ထင်တားတာထက်ကြီးတာပဲ"ဟု အံဩစွာရေရွှတ်လိုက်သည်။
"ယောက်ဖ၊ ဘာလို့ ပြုံးနေကြတာလဲ"
လိပ်ပြာဖမ်းရင်း မောလာသော ရှောင်ကျဲသည် လီကျန့်ယီက သူ၏ မမကို ဖက်ထားသည်ကို မြင်သောအခါ အနားသို့ရောက်လာပြီး မေးလိုက်ခြင်း ဖြစ်သည်။ ထိုစဉ် လီဟန်ယီမှာ ကျောပေးထားသဖြင့် ရှောင်ကျဲကို မမြင်ရသော်လည်း သူ၏ အမူအရာကို ခန့်မှန်းမိသဖြင့် လိုက်လံရယ်မောနေတော့၏။
"ငါက မင်းကို ရယ်နေတာ၊မင်းကရော ဘာလို့ရယ်နေတာလဲ လက်ထပ်ပြီးရင် မင်း အလှည့်ရောက်တော့မယ်" ဟု လီကျန့်ယီက သူမ၏ ပါးလေးကို ညစ်ကာ ခြိမ်းခြောက်လိုက်သည်။
"ဟွန့်..ကျွန်မက မကြောက်ပါဘူး" ဟု လီဟန်ယီက မမှုဘဲ ပြန်ပြော၏။
"ကြည့်ကြသေးတာပေါ့" ဟု လီကျန့်ယီက ဆိုကာ လက်ထပ်ပြီးလျှင် သူမအား ပညာပြရန် တေးထားလိုက်သည်။
"မမ... ယောက်ဖ... အသီးက ဘယ်မှာလဲ၊ ရှောင်ကျဲလည်း စားချင်တယ်" ဟု ရှောင်ကျဲက အသီးဆိုသော စကားလုံးကို ကြားကာ သွားရည်တမြားမြားဖြင့် မေးလေသည်။
"ရှောင်ကျဲ... မင်းက ဝက်လား၊ စားဖို့ပဲ သိတယ်" ဟု လီကျန့်ယီက မျက်စောင်းထိုးလိုက်ရာ ရှောင်ကျဲကလည်း "ယောက်ဖကမှ ဝက်ကြီး၊ ရှောင်ကျဲက ဝက်မဟုတ်ဘူး" ဟု ပြန်ပက်သည်။
လီဟန်ယီကလည်း "ဟုတ်တယ် ရှောင်ကျဲ... မင်းရဲ့ ခဲအိုက ဝက်ကြီးပဲ" ဟု ဝိုင်းပြောသဖြင့် ရှောင်ကျဲမှာ အားတက်သွားတော့၏။
စိန်ခေါ်ခံလိုက်ရသဖြင့် လီကျန့်ယီသည် လီဟန်ယီကို လွှတ်ကာ ရှောင်ကျဲထံသို့ လျှောက်သွားသည်။ ရှောင်ကျဲမှာ ထိတ်လန့်သွားပြီး လီဟန်ယီ၏ နောက်သို့ ပြေးဝင်ပုန်းကာ "မမ... မမရဲ့ ခင်ပွန်းကို မြန်မြန် ထိန်းထားဦး၊ သူ... သူက ရှောင်ကျဲကို ရိုက်တော့မယ်" ဟု အော်ဟစ်တော့၏။
"သူကို ဘယ်သူက ထိန်းနိုင်မှာလဲ၊ မမမှာ အဲ့ဒီလောက် စွမ်းရည်မရှိဘူး" ဟု လီဟန်ယီက ရယ်မောလျက် ခေါင်းခါသည်။
"ဟမ်.. မမက လိမ်နေတာ ၊အဖိုးနဲ့ မေမေက ပြောတယ်... အရင်တုန်းက ယောက်ဖက မမကို ကြောက်ရတာဆို" ဟု ရှောင်ကျဲက အတိတ်ကို ပြန်ဖော်ထုတ်လိုက်၏။
"မောင်လေး... မင်းက အချိန်အခါကိုလည်း ကြည့်ဦးလေ။ အခုက မင်းရဲ့ ယောက်ဖက မမကို စိတ်ချမ်းသာအောင် ထားတာပဲလေ၊ ဘာလို့ သူက မမကို ကြောက်နေရမှာလဲ" ဟု လီဟန်ယီက ပျော်ရွှင်စွာ ပြောလေသည်။
ရှောင်ကျဲသည် လီဟန်ယီက သူကို မကူညီမှန်း သိသောအခါ လီရှင်းယွဲ့ရှိရာ ဓားခန်းမဆောင်ဘက်သို့ အမြန်ပြေးထွက်သွားတော့၏။ လီကျန့်ယီ မိသွားပါက သူ၏ တင်ပါးလေးမှာ နာတော့မည်ကို သူ အလွန်စိုးရိမ်နေသည်။
အခန်း ၁၄၅ နှစ်သစ်ကူးနှင့်အတူ စတင်လာသော စစ်ပွဲများ
အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်တစ်ခုသို့ ရောက်ရှိလာပေပြီ။ မြောက်ပိုင်းဒေသတစ်ခုလုံးသည် နှစ်သစ်ကူး၏ ပျော်ရွှင်ဖွယ် အငွေ့အသက်များတွင် ဖုံးလွှမ်းနေကြ၏။
သို့သော်လည်း မိသားစုတိုင်း ပျော်ရွှင်စွာဖြင့် စုပေါင်းထမင်းဝိုင်း ပြင်ဆင်နေကြသည့် ထိုနှစ်သစ်ကူး ကာလမှာပင် အခြေအနေများက ရုတ်တရက် ပြောင်းလဲသွားသည်။ မြောက်ပိုင်းကျူးကျော်သူများနှင့် တောင်ပိုင်းကျူးကျော်သူများ၏ စစ်တပ်များသည် မြောက်ပိုင်းနယ်စပ်ရှိ မြို့များကို ရုတ်တရက် တိုက်ခိုက်လာကြ၏။
ထိုအချိန်မှာပင် တီယမ်ဝူတွမ်ရှိ အဓိကဂိုဏ်းများအားလုံး ပူးပေါင်းကာ မြောက်ပိုင်းလီဒေသ ပေလီ သို့ ဦးတည်ချီတက်လာကြသည်။ ပထမဆုံး အထိနာခဲ့သည်မှာ မြောက်ပိုင်းလီ၏ အနောက်ဘက်နယ်စပ် တွင်ဖြစ်သည်။
....
ဓားနှလုံးဂူဗိမာန်တွင် ပိုင်ရှောင်တန်မှ ပေးပို့လာသော ရုတ်တရက်သတင်းကို မြင်သောအခါ လီကျန့်ယီသည် ထူးဆန်းသည်ဟု မထင်သော်လည်း လီဟန်ယီနှင့် အခြားသူများမှာမူ မျက်မှောင်ကြုတ်သွားကြ၏။
မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ဆင်ရေးအတွက် အကောင်းဆုံးအချိန်မှာပေလီ ရှိ လူများ စုပေါင်းထမင်းဝိုင်းစားကာ သတိလျှော့နေမည့် နှစ်သစ်ကူးနေ့ဖြစ်ကြောင်း လီကျန့်ယီက ကြိုတင်သိရှိနေခဲ့ခြင်း ဖြစ်သည်။မမျှော်လင့်ထားချိန်တွင် တိုက်ခိုက်မှသာ စစ်ပွဲတွင် ကြီးမားသော အောင်မြင်မှု့ကို ရရှိနိုင်မည့် အခွင့်ရေး အပိုများသောကြောင့်ပင်။
"တီယမ်ဝူတွမ်က လူတွေရဲ့ အရှေ့ပိုင်းစစ်ဆင်ရေးက တောင်ပိုင်းကျူးနဲ့ မြောက်ပိုင်းကျူးကျော်သူတွေ ပေလီ ကို ရုတ်တရက် တိုက်ခိုက်တာနဲ့ ဆက်စပ်နေမယ်လို့ ကျွန်မထင်တယ်" ဟု လီဟန်ယီက သုံးသပ်၏။
ထို့ပြင် အနောက်ဘက်တွင် ရွှေလမြို့တော်နှင့် ချန်တုန်းမြို့ တို့ ရှိနေသည်။ လီဟန်ယီသည် ချန်တုန်းမြို့အတွက် အနည်းငယ် စိုးရိမ်နေမိ၏။ ရွှေလမြို့တော်တွင်မူ ဆရာ လီချန်းရှန် ရှိနေသဖြင့် မည်သူကမှ ရမ်းကားဝံ့မည် မဟုတ်ပေ။
သို့သော် ချန်တုန်း၏ အခြေအနေမှာ ကွဲပြားသည်။ ထိုနေရာတွင် ကျွမ်းကျင်သူများ ရှိသော်လည်း မာရ်နတ်ဂိုဏ်း၏ စစ်ဆင်ရေးမှာ အကွက်ကျကျ ပြင်ဆင်လာပုံရ၏။ "တကယ်ပဲ ဆက်စပ်မှု ရှိနေတာပေါ့၊ ဒါနဲ့ ဟန်ယီ... မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ" ဟု လီကျန့်ယီက မေးလိုက်သည်။
"ကျွန်မရဲ့ စီနီယာအစ်ကိုနဲ့ အစ်မရွဲ့ယောင်တို့က တီယမ်ဝူတွမ်ကို သွားတာ အခုထိ ပြန်မလာသေးဘူး။ စီနီယာအစ်ကို့ကိုယ်စား ချန်တုန်းမြို့ကို သွားပြီး အခြေအနေကို ကြည့်ချင်တယ်" ဟု လီဟန်ယီက ပြောသည်။
"သွားကြတာပေါ့" ဟု လီကျန့်ယီက ခေါင်းညိတ်သဘောတူ၏။
ထို့နောက် သူသည် လီဆူးဝမ်နှင့် လီရှင်းယွဲ့တို့ကို ကြည့်ကာ "အမေ... အဖိုး၊ ဟန်ယီနဲ့ ကျွန်တော် ချန်တုန်းမြို့ကို သွားကြည့်လိုက်ဦးမယ်၊ ဒါကြောင့် ဓားနှလုံးဂူဗိမာန်ကိုတော့ ဆရာတို့ကိုပဲ အပ်ခဲ့ပါရစေ" ဟု ပြောလိုက်သည်။
"ကောင်းပါပြီ၊ ပိုင်ရှောင်တန်က ဒီသတင်းကို ပေးပို့ကတည်းက မြောက်ပိုင်းလီဒေသက ဂိုဏ်းကြီးတွေလည်း ငြိမ်နေလို့ မရတော့ဘူး။ ငါတို့က မြောက်ပိုင်းလီသားတွေဖြစ်သလို သိုင်းလောကသားတွေလည်း ဖြစ်တဲ့အတွက် မာရ်နတ်ဂိုဏ်းကို တားဆီးဖို့ လူလွှတ်သင့်တာပေါ့။ ဟန်ယီကိုတော့ သေချာစောင့်ရှောက်ဖို့ မမေ့နဲ့နော်" ဟု လီဆူးဝမ်က လေးလေးနက်နက် မှာကြားလိုက်၏။
"အဖိုး စိတ်မပူပါနဲ့၊ ကျွန်တော်ရဲ့ လက်မထပ်ရသေးတဲ့ ဇနီးလောင်းလေးကို ဘာမှ အထိအခိုက်မခံပါဘူး" ဟု လီကျန့်ယီက ပြုံးလျက် ကတိပေးလိုက်သည်။ ထို့နောက် သူသည် လီဟန်ယီ၏ လက်ကိုဆွဲကာ ချန်တုန်းမြို့သို့ ဦးတည်ထွက်ခွာတော့သည်။
......
"ဘယ်လိုလဲ... နန်းတော်ကစစ်တပ်တွေ အကူအညီ လွှတ်မပေးသေးဘူးလား"
ချန်တုန်းမြို့တွင် အမတ်ကြီးသည် မာရ်နတ်ဂိုဏ်းကို ခုခံနေရသော ချန်တုန်းစောင့်တပ်ကို ကြည့်ကာ ထျန်ချီမြို့မှ လာသော အရာရှိကို တည်ကြည်စွာ မေးလိုက်သည်။
"အမတ်ကြီးခင်ဗျာ နန်းတော်က စစ်ကူမလွှတ်တာ မဟုတ်ပါဘူး၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းက ရုတ်တရက် ဝင်တိုက်နေလို့ လဲ့မုန့်ရှားတို့လို ဗိုလ်ချုပ်တွေလည်း တပ်ထုတ်လို့ မရဘဲ ဖြစ်နေလို့ပါ" ဟု အရာရှိက အားနာစွာ ဖြေ၏။
အမတ်ကြီး ပိုင်လီလော့ချန်မှာ မျက်မှောင်ကြုတ်သွားရသည်။ နှစ်သစ်ကူးကာလတွင် မြောက်ပိုင်းလီမှာ ဝိုင်းပတ် တိုက်ခိုက်ခံနေရသဖြင့် ချန်တုန်းမြို့မှာ မာရ်နတ်ဂိုဏ်း၏ ပထမဆုံး ပစ်မှတ်ဖြစ်နေတော့သည်။ နန်းတော်က စစ်ကူမလွှတ်ရုံတင်မကဘဲ စစ်ပွဲကို စောင့်ကြည့်ရန် အရာရှိလွှတ်လိုက်ခြင်းမှာ သူ၏မြို့က ရန်သူနှင့် ပူးပေါင်းနေသည်လားဆိုသည်ကို စောင့်ကြည့်ခိုင်းခြင်းပင် ဖြစ်ပေလိမ့်မည်။
'မိုက်မဲတဲ့ ဧကရာဇ်... မဟုတ်ဘူး၊ တုံးအ လိုက်တဲ့ အိမ်ရှေ့စံ' ဟု အမတ်ကြီးက စိတ်ထဲမှ ကြိတ်မှိတ်ကာ ကိုယ်ပိုင်တပ်သားကို ကိုယ်တိုင်ဦးစီးပြီး ရန်သူကို ခုခံလေတော့သည်။
တီယမ်ဝူတွမ်၏ စစ်တပ်မှာ ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသဖြင့် တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်မြင့်မားကြသည်။ အမတ်ကြီးသည် အရေအတွက်နှင့် စစ်ဗျူဟာကို သုံး၍ ခက်ခဲစွာ တားဆီးနေရ၏။
"ဂိုဏ်းချုပ်... အမတ်ကြီးရဲ့ စစ်ဗျူဟာက တကယ့်ကို မဆိုးဘူးပဲ၊ ငါတို့ရဲ့ တိုက်ခိုက်မှု့ကို တားဆီးထားနိုင်တယ်" ဟု ရွဲ့ရှင်း က ရဲဒင်းကျီ အနားတွင် ရပ်ကာ ပြောလိုက်သည်။
"ဒါက အစ်ကိုပိုင်လီရဲ့ အဖိုးပဲလေ၊ နာမည်ကျော်တာ မဆန်းပါဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်က မြောက်ပိုင်းလီကို သိမ်းဖို့ မဟုတ်ဘူး၊ ငါ့ဇနီးကို ပြန်ခေါ်ဖို့ပဲ" ဟု ရဲဒင်းကျီက တည်ကြည်စွာ ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဂိုဏ်းချုပ်... မင်းသမီး ရီဝိန်ကျွင်းက အိမ်ရှေ့စံရဲ့ ကြင်ယာတော် ဖြစ်နေပြီဆိုတာ သိသင့်တယ်။ သူမကို ပြန်ရဖို့ဆိုရင် ပေလီကို အရင်သိမ်းရလိမ့်မယ်" ဟု ရွဲ့ရှင်းက ထောက်ပြလိုက်သည်။
ရဲဒင်းကျီ ခဏမျှ တိတ်ဆိတ်သွားသော်လည်း ရီဝိန်ကျွင်းကိုမူ လက်မလွှတ်နိုင်ပေ။ သူသည် ရှေ့သို့တက်ကာ "အမတ်ကြီး... ကျွန်တော်နဲ့ ပိုင်လီအစ်ကိုက အသိဟောင်းတွေပါ၊ ဒါကြောင့် အမတ်ကြီးနဲ့ ရန်သူမဖြစ်ချင်ပါဘူး" ဟု ပြောလိုက်၏။
"ဒါဆိုရင် ချန်တုန်းကနေ ဆုတ်ခွာပြီး တီယမ်ဝူတွမ်ကို ပြန်သွားလိုက်ပါ" ဟု အမတ်ကြီးက တပ်ဦးမှ ရပ်ကာ ပြောသည်။
"မဖြစ်နိုင်ဘူး၊ ကျွန်တော်က ထျန်ချီမြို့ကို သွားမှဖြစ်မယ်" ရဲဒင်းကျီက မျက်မှောင်ကြုတ်ကာ ပြောသည်။ သူသည် ယခုအခါ 'နတ်ဓားရှင်' အဆင့်နီးပါးသို့ ရောက်ရှိနေပြီဖြစ်ရာ အလွယ်တကူ ဆုတ်ခွာမည် မဟုတ်ပေ။
"တီယမ်ဝူတွမ်ကလူတွေ ထျန်ချီမြို့ကို သွားချင်ရင် ငါ့ကို အရင်ကျော်သွားမှ ရမယ်" အမတ်ကြီးသည် ရန်သူများ၏ နောက်ကွယ်တွင် ပေလီကို ဖျက်ဆီးလိုသော ပေချွဲ နိုင်ငံသားများ ရှိနေသည်ကို သိသဖြင့် အလျှော့မပေးပေ။
"ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ဘူး" ရဲဒင်းကျီသည် အစွမ်းထက်သော အတွင်းအားများကို စုစည်းကာ အမတ်ကြီး၏ တပ်ခင်းကျင်းမှု့ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ တပ်ပျက်သွားတော့၏။
အမတ်ကြီးသည် ရဲဒင်းကျီ၏ စွမ်းအားကို မြင်ကာ အံ့အားသင့်သွားရသည်။ "ဒီစွမ်းအားက... 'ချုပ်နှောင်မဲ့အဆင့်' ထက်တောင် ကျော်လွန်နေပြီပဲ..."
"ဘယ်လိုလဲ... အမတ်ကြီး ကျွန်တော်တို့ကို ဆက်တားဦးမှာလား" ဟု ရဲဒင်းကျီက မေးလိုက်စဉ် ဘေးမှ စစ်ကြီးကြပ်ရေးအရာရှိက "အမတ်ကြီး... သူတို့ကို အလွယ်တကူ အဖြတ်မခံပါနဲ့၊ ရန်သူက ဘယ်လောက်တော်တော် တားရမယ်" ဟု ဝင်ပြောသည်။
"မင်းက အဲ့လောက် တော်နေရင် ကိုယ်တိုင်သွားတားပါလား" ဟု အမတ်ကြီးက ထိုအရာရှိကို ဒေါသတကြီး ငေါက်လိုက်တော့သည်။