အခန်း (၁၇၆-၁၈၀)
Vol. 18 Ch. 176-180
အခန်း ၁၇၆ ငါ စိတ်မထိန်းတော့ဘူးနော်
"အမ်"
အတင်းအဓမ္မ အရက်တိုက်ကျွေးခြင်း ခံလိုက်ရသော လီဟန်ယီသည် အရက်နှစ်ငုံခန့် သောက်မိသွားရာ သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားပြီး ပိုမို၍ပင် ရင်သပ်ရှုမောဖွယ် လှပလာတော့သည်။ အထူးသဖြင့် သူမ၏ လှပသော မျက်လုံးအစုံမှာ အရည်လဲ့နေပြီး ဆွဲဆောင်မှု့ရှိသော အကြည့်များဖြင့် ပြည့်နှက်နေသည်။
"ဟန်ယီ... မင်းကို မြင်ရင် ဘယ်သူကများ စိတ်ကို ထိန်းနိုင်ပါ့မလဲ" လီကျန့်ယီသည် လီဟန်ယီ၏ အနည်းငယ် နီမြန်းနေသော မျက်နှာလေးကို လက်ဖဝါးဖြင့် အုပ်ကိုင်ကာ မအောင့်နိုင်စွာဘဲ ပြောသည်။
" မင်းက တကယ့် လူဆိုးမလေးပဲ၊ ကိုယ်ကို အကြာကြီး စောင့်ခိုင်းထားတာ..."
လီဟန်ယီ၏ မျက်နှာလေးမှာ နီရဲသွားပြီး ခေါင်းကို ငုံ့လိုက်ကာ လီကျန့်ယီ၏ တိုးတိုးလေး ပြောဆိုသံကို မကြည့်ဝံ့တော့ပေ။
"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ကိုယ် စိတ်မထိန်းတော့ဘူးနော်"
လီကျန့်ယီသည် လီဟန်ယီကို ပွေ့ဖက်လိုက်ပြီး သူ၏ ရင်ခွင်ထဲရှိ အလှတရားနတ်သမီးကို မြတ်နိုးစွာကြည့်နေသည်။ သူစောင့်မျှော်ခဲ့သော နေ့မှမှာ ရောက်ရှိခဲ့လေပြီ။
...
ဓားခန်းမ ဆောင်အတွင်းရှိ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် အခြားသော ဧည့်သည်များသည် အားတက်သရော သောက်စားနေကြပြီး အချို့မှာ အရက်မခံနိုင်သဖြင့် အနည်းငယ် မူးနေကြပြီ ဖြစ်သည်။ သူတို့အထဲတွင် လျူယဲ့နှင့်အတူ လာသော ရင်လော့ရှားမှာ သိသာဆုံးပင်။ သူမ၏ မျက်နှာမှာ တဖြည်းဖြည်း နီမြန်းလာပြီး လျူယဲ့ကို ကြည့်ကာ အားမရစွာပြော နေသည်။
"ဆရာ... ဆရာက ဘာလို့ ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်အောင် မကြိုးစားတာလဲဟင်"
"အဲ့ဒီလိုဆိုရင် ကျွန်မမှာ ကာကွယ်ပေးမယ့်သူ ရှိတာပေါ့"
လျူယဲ့ "..."
"ငါ့တပည့်လေး၊ မင်း မူးနေပြီထင်တယ်..."
"ကျွန်မ မမူးပါဘူး၊ ဆရာရယ်... လွန်ခဲ့တဲ့ နှစ်တွေမှာ ဆရာကိုယ်တိုင် ကြိုးကြိုးစားစား ကျင့်ကြံခဲ့ရဲ့လားလို့ တပည့်က သံသယဝင်နေတာပါ"
"ဒီလောက်နှစ်တွေကြာတာတောင် ဆရာက ချုပ်နှောင်မဲ့အဆင့်မှာပဲ တစ်နေတုန်းပဲ။ ကျွန်မတောင် ဆရာကို မှီတော့မယ်"
"ဆရာ ကျင့်ကြံနေတဲ့ နှစ်တွေမှာ အစားအသောက်တွေကိုပဲ အာရုံစိုက်နေခဲ့တာလား" ရင်လော့ရှားသည် အတော်လေး မူးနေသဖြင့် သတိလွတ်သလို ဖြစ်နေသည်။
"အမ်.... တပည့်လေး၊ ဒါက မဟုတ်သေးပါဘူး။ လာပါ... မင်းကို နားဖို့ ခေါ်သွားပေးမယ်" လျူယဲ့သည် ဘေးလူများကို အားနာသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
သို့သော် ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့က "စီနီယာလျူယဲ့ ရင်လော့ရှား ပြောတာ မှန်တယ်နော်၊ ခင်ဗျား လွန်ခဲ့တဲ့ နှစ်တွေမှာ တကယ်ပဲ ကြိုးစားမှု့ အားနည်းခဲ့တာပဲ" ဟု နောက်ပြောင်လိုက်ကြသည်။
"သွားစမ်းပါ၊ ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်ဖို့က အဲ့ဒီလောက် မလွယ်ဘူးလေ။ နှစ်တွေ အများကြီး ကြာတဲ့အထိ အကြီးအကဲလီ တစ်ယောက်တည်းပဲ ရှိခဲ့တာလေ၊ အခုမှ သခင်လေးလီ တစ်ယောက်ပဲ ထပ်တိုးလာတာ မဟုတ်လား။" သူ၏ ဂျူနီယာညီအစ်ကိုများက နောက်ပြောင်ရဲသည်ကို မြင်သောအခါ လျူယဲ့သည် အချက်အလက်များဖြင့် တိုက်ရိုက် တုံ့ပြန်လိုက်သည်။
"အဲ့ဒါကတော့ မသေချာတော့ဘူးနော်၊ ကျွန်တော်လည်း ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး" ပိုင်လီတုန်းကျွင်းက အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ဝင့်ကြွားစွာ ကြေညာသည်။
"မဝေးဘူးသာ ပြောတာ၊ မရောက်သေးဘူး မဟုတ်လား" လျူယဲ့က ပြန်ပက်လိုက်ပြီးနောက် အနည်းငယ် မူးနေသော ရင်လော့ရှားကို နားနားနေနေ နေနိုင်ရန် ကူညီခေါ်ဆောင်သွားတော့သည်။
လူအုပ်ကြားတွင် မင်္ဂလာပွဲ၌ အရက်သောက်နေကြသော တောင်းရမ်းသူ နှစ်ဦးလည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ သူတို့၏ တပည့်များနှင့် မြေးတပည့်များ အဆင်ပြေနေကြသည်ကို မြင်ရသဖြင့် သူတို့သည်လည်း အရက်သောက်ကာ စားစရာများကို အေးအေးဆေးဆေး စားနေကြသည်။
မိန်းကလေးငယ် ရဲ့ရော့ယီသည် ထိုနှစ်ဦးမှာ စားပွဲတစ်ခုတွင် သီးသန့် ထိုင်နေကြသည်ကို မြင်သောအခါ ယဉ်ကျေးစွာ လျှောက်သွားပြီး မေးလိုက်သည်။
"ဦးဦးနဲ့ ဒေါ်ဒေါ်... ဘာလို့ သီးသန့် ထိုင်စားနေကြတာလဲဟင်။"
"အဲ့ဒါကတော့ လူတွေက ငါတို့လို တောင်းရမ်းသူနှစ်ယောက်ကို မသိကြလို့ပေါ့။ ဒါကြောင့် ငါတို့နဲ့ တစ်စားပွဲတည်း အတူမထိုင်ကြတာပေါ့။ သူတို့က သူတို့ရဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ပဲ အတူထိုင်ချင်ကြတာလေ။"
"သမီးလေး၊ ဘာကိစ္စရှိလို့ ဒီကို လာတာလဲ။" လီချန်းရှန်နှင့် လော့ရွှေတို့သည် အနည်းငယ် အားနည်းသော ပုံစံရှိသေးသည့် မိန်းကလေးကို ကြည့်ကာ ပြုံး၍ မေးသည်။
"ဘာလို့လဲဆိုတော့... သခင်လေးလီ ဖိတ်ထားတဲ့ ဧည့်သည်တွေထဲမှာ ဘယ်သူမှ သာမန်လူ မဟုတ်ဘူးလို့ ကျွန်မ ခံစားရလို့ပါ"
"ဒါ့အပြင်... သခင်လေးလီ ကျွန်မကို ပေးခဲ့တဲ့ အတွင်းအား တစ်မျှင်ကလေ... ဦးဦးရဲ့ ကိုယ်ထဲမှာလည်း ရှိနေသလိုပဲ..." ရဲ့ရော့ယီသည် ဤနေရာတွင် စကားကို ရပ်လိုက်သည်။
လီချန်းရှန်၏ အပြုံးသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ မိန်းကလေးငယ်တစ်ဦးက သူတို့၏ တည်ရှိမှု့ကို သတိထားခံရမည်ဟု မမျှော်လင့်ထားပေ။
ရဲ့ ရော့ယီ၏ စကားကြောင့်ရောက်ရှိနေသူ အားလုံးက လီချန်းရှန်နှင့် လော့ရွှေတို့ထံသို့ မကြည့်ဘဲ မနေနိုင်တော့ပေ။
" ခင်ဗျားတို့က ကျီးရှားကျောင်းတော်က အကြီးအကဲလီ တော့မဟုတ်လောက်ပါဘူးနော်" ပိုင်လီတုန်းကျွင်းသည် လီချန်းရှန်နှင့် လော့ရွှေတို့ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။
"မဖြစ်နိုင်တာ၊ ငါတို့က တောင်းရမ်းသူတွေပါပဲ။ သခင်လေးလီရဲ့ ကြင်နာမှု့ကြောင့်သာ ဒီမှာ မင်္ဂလာဦးဆွမ်းကျွေး လာစားခွင့်ရတာပါ" ဟု လီချန်းရှန်က ချက်ချင်းခေါင်းယမ်းသည်။
ထိုအခါ ရဲ့ ရော့ယီသည် လီချန်းရှန်နှင့် လော့ရွှေတို့က သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြလိုသည်ဟု ခန့်မှန်းမိသွားသဖြင့် "ကျွန်မ... ကျွန်မ မှားသွားတာပါ၊ ဒီဦးဦးက သခင်လေးလီလောက် မစွမ်းဘူးပဲ" ဟု ဆိုလိုက်သည်။
လီချန်းရှန် "..."
ထိုစကားကြားမှ အားလုံးလည်း စိတ်အေးသွားကြတော့သည်။
လီကျန့်ယီသည် မကြာသေးမီကမှ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး လီချန်းရှန်မှာမူ ထိုအဆင့်တွင် အတွေ့အကြုံရင့်ကျက်သူ ဖြစ်သည်။ သူသည် လီကျန့်ယီထက် မည်သို့ အားနည်းနိုင်ပါမည်နည်း။
ထို့ကြောင့် ဤတောင်းရမ်းသူသည် ကျင့်ကြံသူတွေ ဖြစ်နိုင်သော်လည်း လီကျန့်ယီ သို့မဟုတ် လီချန်းရှန်တို့၏ အဆင့်အတန်းမျိုးတော့ မဟုတ်နိုင်ဟု သူတို့ ယူဆထားလိုက် တော့၏။
"ကဲ... လူ'အ'ကြီးလို မတ်တတ်ရပ်မနေနဲ့ဦး။ ဒီသမီးလေး ပြောတာ မှန်တယ်။ ရှင်က အခု အိုနေပြီ၊ သခင်လေးလီလောက် မတော်တော့ဘူး" လော့ရွှေက ကြောင်အ သွားသော လီချန်းရှန်ကိုကြည့်ကာ အလွန်သဘောကျစွာ ရယ်နေမိ၏။
"ဟမ်" လီချန်းရှန်က အသာအယာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ အရက်ကိုသာ တိတ်တဆိတ် ဆက်သောက်နေတော့သည်။
ရဲ့ ရော့ယီက သူတို့နှစ်ဦးကို တောင်းပန်လိုက်သည်။
"ဦးဦးတို့ အရက်သောက်တာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
"ရပါတယ် သမီးလေး၊ သမီးအဖေဆီ ပြန်သွားတော့လေ"လော့ရွှေသည် အားနည်းပုံရသော်လည်း အလွန်ပင် ဉာဏ်ထက်မြက်လှသော မိန်းကလေးငယ်ကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။အမှန်အတိုင်း ပြောရလျှင် ရောက်ရှိနေသူ မည်သူမျှ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မမှတ်မိကြသော်လည်း ဤမိန်းကလေးငယ် တစ်ဦးတည်းသာ တစ်ခုခုကို ခန့်မှန်းမိခြင်း ဖြစ်သည်။
ရဲ့ရှောင်ယင်းကဲ့သို့ ကြမ်းတမ်းပြီး ကာယအားသန်သည့် အမျိုးသားတစ်ဦးမှ ဤကဲ့သို့ နုနယ်ပြီး ဉာဏ်ကောင်းသော သမီးလေးကို မွေးဖွားလာနိုင်သည်မှာ စဉ်းစားရခက်လှပေသည်။
"ဟုတ်ကဲ့"
ရဲ့ ရော့ယီသည် လိမ္မာစွာဖြင့် ရဲ့ရှောင်ယင်းထံသို့ လျှောက်သွားခသည်။ထိုမြင်ကွင်းကို မြင်သောအခါ လဲ့မုန့်ရှားက ရယ်မောကာ ကလေးမကို မေးတော့သည်။
"ယီယီလေး... ဦးဦးကို မှတ်မိသေးရဲ့လား။"
"ဦးဦးလဲ့က သမီးကို ငယ်ငယ်တုန်းက ချီဖူးတယ်လေ" ရဲ့ရော့ယီက ချိုသာစွာ ခေါ်လိုက်သည်။
"တွေ့လား ၊ မင်းသမီးလေးက ငါ့ကို မှတ်မိတယ်လို့ ငါပြောသားပဲ" လဲ့မုန့်ရှားက ရဲ့ရှောင်ယင်းကို ကြည့်ကာ ပြောသည်။
ထို့နောက် သူသည် အားရပါးရ စားသောက်နေသော ရှောင်ကျဲကို လှမ်းခေါ်လိုက်၏။ "ရှောင်ကျဲ.. ဒီကို မြန်မြန်လာစမ်း၊ အဖေက မင်းကို လှပတဲ့ မိန်းကလေးငယ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
"ဟွန့်..အစ်မ တစ်ယောက်ရှိရင် တော်ပါပြီ၊ ဘာလို့ လှပတဲ့ မိန်းကလေးတွေ ဒီလောက် အများကြီး လိုမှာလဲ"
"အဲ့ဒါက ရှောင်ကျဲလက်ထဲက အသားများပြီး အရည်ရွှမ်းတဲ့ ကြက်ပေါင်းတောင်လောက်တောင် မကောင်းပါဘူး" ရှောင်ကျဲက ဂရုမစိုက်သော အမူအရာဖြင့် အသားကိုသာ အားရပါးရ ဆက်စားနေသည်။
လဲ့မုန့်ရှား "..."
"စား... စား၊ မင်း သိတာ အဲ့ဒါပဲ ရှိတယ်၊ မိန်းမရဖို့က ပိုအရေးကြီးတယ်ဆိုတာ မင်းကမသိဘူး။ မင်း အခုကတည်းက လှပတဲ့ မိန်းကလေးတွေနဲ့ ဆုံထားရင် ကြီးလာတဲ့အခါမှာ သူတို့နဲ့ ပြန်ဆုံရင် စကားလက်ဆုံပြောရလွယ်တာပေါ့" လဲ့မုန့်ရှားက ရှောင်ကျဲကို ရဲ့ ရော့ယီ၏ ဘေးသို့ အတင်းဆွဲခေါ်သွားသည်။
ရှောင်ကျဲက ရဲ့ ရော့ယီကို မလိုလားဟန်ဖြင့် ကြည့်လိုက်သည်။
"ဟွန့်"
ရဲ့ရော့ယီ"...."
"ရှောင်ကျဲက တကယ်ပဲ မောင်လေးတစ်ယောက်လိုပါပဲ" အစားအသောက် မက်သော ရှောင်ကျဲကို ကြည့်ကာ ရဲ့ရော့ယီက ပြုံးကာ ပြော၏။
"ဟေး.. အသုံးမကျလိုက်တာ"လဲ့မုန့်ရှားသည် သူ၏သားဖြစ်သူ 'မောင်လေး'ဟု ခေါ်ခံရသည်ကို မြင်သောအခါ စိတ်ပျက်သွားတော့သည်။သူသည် သူ၏ သားငယ်ကို ချက်ချင်းပင် လွှတ်ပေးလိုက်သည်။သူမက မင်းကို "မောင်လေး" လို့ ခေါ်နေပြီဆိုကတည်းက မင်းကို သဘောမကျဘူးဆိုတာ သိသာနေပြီ။
"သွား... သွား၊ သွားစားစမ်း" လဲ့မုန့်ရှားက လက်ကို ဝေ့ယမ်းကာ မမောင်းထုတ်လိုက်ပြီးနောက် စိတ်ပျက်စွာ စတင်ညည်းညူ လေသည်။
"မင်းက မင်းရဲ့ ယောက်ဖနဲ့ နည်းနည်းလေးမှ မတူဘူး၊ မင်း ယောက်ဖက ဘယ်လောက်တောင် ပါးနပ်လဲ ကြည့်စမ်း၊ သူက အကြံထုတ်ရင် ဓားနှလုံးဂူဗိမာန်ထဲက ခွေးတွေကိုတောင် ချန်မထားခဲ့ဘူး"
ဓားနှလုံးဂူဗိမာန်ထဲက ခွေးတွေကိုတောင် ချန်မထားခဲ့ဘူးဆိုသည့် လီရှင်းယွဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မှ လဲ့မုန့်ရှားသည် 'နှလုံးသားထဲမှာ မိန်းမမရှိ၊ ဓားပဲ ရှိတယ်' ဟု ကြွေးကြော်ထားသော ယီယီမှာ အမှန်တယ်တွင် သူ၏ သမီးကို ငယ်ငယ်ကတည်းက စောင့်ကြည့်နေသည်ကို သဘောပေါက်သွားတော့၏။
"ဟမ်...ကျွန်တော်က ယောက်ဖလို လူဆိုးမလုပ်နိုင်ဘူး၊
ကျွန်တော်က အိမ်က ခွေးလေးကို ဘယ်တော့မှ အမြတ်မထုတ်ဘူး၊ ကျွန်တော်က ခွေးလေးကို အရိုးပဲ ကျွေးမှာ" ဟု ရှောင်ကျဲက နှာခေါင်းရှုံ့ နေသည်။လူကြီးတို့၏ ဗန်းစကားတွေကို သူနားမလည်သဖြင့် သူထင်သလိုသာ ချပြောလိုက်သည်။
"ဟုတ်တာပေါ့... ရှောင်ကျဲက တကယ်ကို လူကောင်းလေးပဲ" ဟု ရဲ့ ရော့ယီက ပြုံး၍ ထောက်ခံပေးသည်။ဤကလေး၏ ဦးနှောက်က တစ်ခုခုပဲဟုတွေးနေမိ၏။ သူ၏ အတွေးအခေါ်များက သူမနှင့်ကွဲပြားနေသဖြင့် သူမက စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။
အခန်း ၁၇၇ ငါတို့အားလုံးက မိသားစုဝင်တွေပဲ
နောက်တစ်နေ့တွင် မင်္ဂလာဧည့်ခံပွဲသို့ လာရောက်ကြသော ဧည့်သည်အများစုမှာ ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်သည်။ ဓားနှလုံးဂူဗိမာန်၌ ကျန်ရှိနေသူများမှာ မင်္ဂလာပွဲတွင် အရက်မူးပြီး ကျန်ရစ်ခဲ့သူများနှင့် ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းတို့ကဲ့သို့ ရင်းနှီးသော မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများသာ ကျန်ခဲ့သည်။
"တစ်နေ့လုံးတောင် ရှိသွားပြီ၊ သခင်လေးလီတို့က အခုထိ အိပ်ရာမထကြသေးဘူးလား။"
ပိုင်လီတုန်းကျွင်းနှင့် သူ၏အဖော်များသည် ဓားဆွေးနွေးရာဆောင်၌ ထိုင်ကာ အရက်သောက်ရင်း စကားပြောနေကြသည်။လီကျန့်ယီတ်ု့က မွန်းတည့်သည့်အချိန်အထိ ပေါ်မလာ ကြသေးပေ။
"စီနီယာက နားမလည်တာကို " အရာအားလုံးကို ကြုံတွေ့ဖူးသူပီပီ စစ်ကုန်းချန်ဖုန်းက နားလည်မှု့အပြည့်ဖြင့် ပြောသည်။
" ငါက နားမလည်ဘူးဆိုတော့ မင်းက အများကြီး သိနေတယ်ပေါ့လေ" ပိုင်လီတုန်းကျွင်းက စစ်ကုန်းချန်ဖုန်းကို မကျေမနပ် ပြန်ကြည့်သည်။
စစ်ကုန်းချန်ဖုန်းသည် သူ၏သမီးလေးကို ပွေ့ချီကာ အလေးအနက် ပြောလိုက်သည်။
"ကျွန်တော်က စီနီယာထက် ပိုသိတာထက်ကို ပိုပါတယ်ဗျာ၊ ကြည့်စမ်း... ကျွန်တော်သမီးလေးဆိုရင် အခု အောက် ခြေသိမ်းအလုပ်တွေတောင် လုပ်ပေးတတ်နေပြီ"
ပိုင်လီတုန်းကျွင်း "..."
သူ၏ရှေ့တွင် သွက်လက်ပြီး ချစ်စရာကောင်းသော ချန်းလျော့ကို ကြည့်ရင်း ပိုင်လီတုန်းကျွင်းသည် သမီးလေးတစ်ယောက် လိုချင်စိတ် ရုတ်တရက် ပေါ်ပေါက်လာကာ လှပသော ရွဲ့ယောင်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။
"အစ်မ... အစ်မကို စိုက်ကြည့်နေတဲ့ အရူးတစ်ယောက် ရှိတယ်နော်" ရွဲ့ရှင်းက ကျီရွှယ်၏ အဝတ်အစားများကို ပြင်ပေးနေသော ရွဲ့ယောင်ကို ကြည့်ကာ ပြောလိုက်သည်။
"သူကို ဂရုမစိုက်နဲ့" ဟု ရွဲ့ယောင်က အေးအေးဆေးဆေးပင်။
"ဟင်... အာယောင်ရယ်၊ ဒီလို မလုပ်ပါနဲ့။ ကြည့်စမ်း... ဒုတိယညီမလေးတောင် လက်ထပ်သွားပြီ၊ တတိယညီလေးမှာတောင် သမီးတစ်ယောက် ရှိနေပြီ။ ငါ တစ်ယောက်တည်းပဲ၊ အကြီးဆုံး စီနီယာဖြစ်ပြီး အခုထိ လူပျိုကြီး ဖြစ်နေတုန်းပဲ" ဟု ပိုင်လီတုန်းကျွင်းက ရွဲ့ယောင်ကို ကြည့်ကာ ညည်းညူပြနေ၏။
သို့သော် ရွဲ့ယောင်မှာမူ သူကို ဂရုမစိုက်ဘဲ ကျီရွယ်၏ အနည်းငယ် ရှုပ်ပွနေသော ငွေရောင်ဆံပင်များကိုသာ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပေးနေသည်။
သူ၏တူဖြစ်သူမှာ ချစ်မှု့ရေးရာတွင် ဉာဏ်နည်းပါးလှသည်ကို မြင်သောအခါ ဝမ်ဟူကျူးက ခေါင်းယမ်းကာ တောက်ခေါက်လိုက်သည်။ "ငါ့ညီမတုန်းက ချစ်မှု့ရေးရာမှာ ဉာဏ်အင်မတန် ကောင်းတာ၊ ဘယ်လိုဖြစ်လို့ သူ့သားက ဒီလောက်အထိ ဉာဏ်နည်းပြီး လူ'အ'လို ဖြစ်နေရတာလဲ။"
"ဦးလေး... ဘာလို့ အဲ့ဒီလို ပြောရတာလဲ။ ကျွန်တော်က ဦးလေးရဲ့ တူပဲလေ" ဝမ်ဟူကျူး၏ လှောင်ပြောင်မှု့ကို ကြားသောအခါ ပိုင်လီတုန်းကျွင်းက မကျေမနပ်ဖြင့် တုံ့ပြန်၏။
"ဟူး... မင်းက မိန်းကလေးရွဲ့ယောင်ကို မင်းရဲ့ ခံစားချက်တွေကို ဖွင့်ပြောပြီး ကောင်းကောင်းမွန်မွန် လက်ထပ်လိုက်ပါလား"
"မင်းကို လက်မထပ်ရသေးဘဲနဲ့ သူမက ဘာလို့ သမီးမွေးပေးရမှာလဲ။"
"ရွှေလမြို့တော်ရဲ့ မြို့တော်သခင် ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်လား။ ဒါမှမဟုတ် ဆန်းကြယ်နတ်ခရီး တစ်ဝက်အဆင့် ကျင့်ကြံသူ ဆိုတဲ့ ခွန်အားကြောင့်လား။"
"သခင်လေးလီတောင် နည်းလမ်းတကျနဲ့ လက်ထပ်ခဲ့တာ မဟုတ်ဘူးလား" ဝမ်ဟူကျူး၏ စကားများက ဉာဏ်နည်းပြီး လူ'အ'ဖြစ်နေသော သူ၏တူကို သတိဝင်လာစေသည်။
"မရတော့ဘူး... မင်းက မင်းအမေရဲ့ ဉာဏ်ရည်ကို နည်းနည်းလေးမှ မရထားဘူး၊ ချန်တုန်းမြို့ကိုပြန် ရောက်ရင် သူမဆီက ပြန်သင်ယူစေ" ဟု ဝမ်ဟူကျူးက စိတ်ပျက်လက်ပျက် ပြောလိုက်၏။သူ၏ ညီမတုန်းက သွက်လက်သလောက် သူ၏ တူလေးမှာ လိပ်ဖြစ်နေသည်။
"အဲ့… အဲ့ဒီလိုလား။" ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်ကို ရုတ်တရက် သဘောပေါက်သွားသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ကျီရွယ်ကို ပြင်ဆင်ပေးပြီးနောက် ရွဲ့ယောင်က လှမ်းကြည့်ကာ
"မဟုတ်လို့ ဘာဖြစ်ရမှာလဲ" ဟု ခပ်ပြတ်ပြတ် မေးလိုက်သည်။
"တကယ်ကြီးလား" ပိုင်လီတုန်းကျွင်း၏ မျက်နှာထက်တွင် ရိုးအသော အပြုံးကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်လာတော့သည်။
သူ အမြဲတမ်း အိမ်မက်မက်ခဲ့ရသော နတ်သမီးလေးက နောက်ဆုံးတွင် သူ့ကို လက်ထပ်ရန် သဘောတူခဲ့ပြီ ဖြစ်သည်။
"အာ... အာယောင်၊ ငါ မင်းကို ချစ်တယ်၊ ငါ မင်းကို လက်ထပ်ချင်တယ်" ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်ကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေမိ၏။
"ကျွန်မ သဘောတူပါတယ်၊ ဒါပေမဲ့ လူကြီးမိဘတွေကကျတော့..." သူမ၏ လူကြီးမိဘများ မရှိတော့သဖြင့် သူမအနေဖြင့် ပိုင်လီတုန်းကျွင်း၏ အကူအညီကိုသာ တောင်းခံနိုင်ပေသည်။
"စိတ်မပူနဲ့၊ ငါ့အမေက ငါ့ကို သေချာပေါက် သဘောတူမှာ" ပိုင်လီတုန်းကျွင်းက သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောသည်။
"ဒါဆို မင်းအဖေကရော" ဟု ရွဲ့ယောင်က ရွဲ့ယောင်ကဆက်မေး၏။
"အဖေက အမေကို ကြောက်တာလေ" ဟု ပိုင်လီတုန်းကျွင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။သူ၏ အမေသာ သဘောတူသည်ဆိုပါက အရာအားလုံးအဆင်ပြေနေပြီဖြစ်သည်။
"ကောင်းပြီလေ" ရွဲ့ယောင်က ယခုမှ စိတ်သက်သာရာရစွာ ပြံးနိုင် တော့၏။
"သိပ်ကောင်းတာပဲ၊ ငါတို့ လက်ထပ်တဲ့အခါ သခင်လေးလီနဲ့ ဟန်ယီဆီက ငါတို့ ပေးထားတဲ့ မင်္ဂလာလက်ဆောင်တွေ အားလုံးကို ပြန်တောင်းရမယ်" ပိုင်လီတုန်းကျွင်းက လီကျန့်ယီထံ လက်ဆောင်ကြီးကြီးပြန်တောင်းရန်ပင် ကြံရွယ်ထားသည်။
......
မင်္ဂလာဦးအခန်းအတွင်းတွင် လီကျန့်ယီသည် စောင်အောက်တွင် ပုန်းနေသော အလှနတ်သမီးလေးကို ကြည့်ကာ ရယ်မောနေသည်။
"မင်း ကိုယ်ကို ကိုက်ဦးမလား"
"မကိုက်ရဲတော့ပါဘူး"
လီဟန်ယီသည် သူမ၏ ရင်ဘတ်ကို ဖိထားပြီး နီမြန်းနေသော မျက်နှာလေးဖြင့် ခေါင်းကို အပြင်းအထန် ခါသည်။
"ကိုယ်ကို လူဆိုးလို့ ခေါ်ဦးမလား" လီကျန့်ယီက လီဟန်ယီကို မရိုးသားသော အပြုံးဖြင့် စိုက်ကြည့်နေသည်။
"ကျွန်မ... ကျွန်မ မခေါ်ရဲတော့ပါဘူး"
လီဟန်ယီသည် လီကျန့်ယီကို လူဆိုးဟု ခေါ်ခဲ့သည့် အချိန်ကို ပြန်စဉ်းစားမိသည်။ သူမ ခေါ်လေလေ လီကျန့်ယီက ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ကာ နောက်ပိုင်းတွင် သူမ ဘာမှ မမှတ်မိနိုင်တော့သည်အထိပင် ဖြစ်ခဲ့သည်ကို ဝေဝါးစွာ မှတ်မိနေသည်။သူမအနေဖြင့် အခုထိ ထိတ်လန့်နေဆဲ ဖြစ်သည်။
"ကဲ... ယီယီ၊ အခု ထတော့နော်" လီဟန်ယီက စောင်အောက်မှနေ၍ လီကျန့်ယီကို အသာအယာ တွန်းလိုက်သည်။
"မရဘူး၊ လျှို့ဝှက်ကုဒ်ကို အရင်ပြောဦး" လီကျန့်ယီက လီဟန်ယီကို နောက်ပြောင်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြန်သည်။
လီဟန်ယီက ခေတ္တမျှ တွေဝေသွားပြီးနောက် "အရှင်... အဝတ်အစား လဲပေးပါဦးရှင်" ဟု စမ်းတဝါးဝါး ပြောလိုက်သည်။
"ကုဒ် မှန်သွားပြီ"
လီကျန့်ယီသည် အဝတ်အစားအသစ် ဖြစ်သော အနက်ရောင် ဝတ်ရုံရှည်ကို ချက်ချင်း လဲလှယ်ဝတ်ဆင်လိုက်၏။ အဝတ်အစားလဲပြီးနောက် လီဟန်ယီ၏ မှန်တင်ခုံရှေ့တွင် သူ၏ရုပ်ရည်ကို ပြန်လည်စစ်ဆေးလိုက်ပြီး စောင်အောက်၌ ပုန်းနေသော လီဟန်ယီကို ကြည့်ကာ "ကိုယ် အပြင်ထွက်တော့မယ်နော်၊ ကိုယ်ရဲ့ ဇနီးလည်း မြန်မြန်ထ တော့”ဟု နူးညံ့စွာပြောသည်။
"ဟုတ်ကဲ့ပါ" လီဟန်ယီက မျက်နှာလေး နီမြန်းကာ ခေါင်းညိတ်ပေသည်။
သူမသည် မူလက ကုတင်ပေါ်၌သာ ဆက်နေချင်သော်လည်း အိပ်ရာထဲမှာပဲ ရှိနေလျှင် သူမက အားနည်းသည်ဟု သက်သေပြနေသလို ဖြစ်မည်ကို တွေးမိသွားသည်။ သူမသည် အခြားသူများ မြင်သကဲ့သို့ အားနည်းသော အမျိုးသမီး မဟုတ်ဘဲ အလွန်ပင် အားသန်သူ ဖြစ်ပေသည်။
သူမသည် သူမ၏ စီနီယာနှင့် ဂျူနီယာမောင်လေးတို့ကို အရင်ဆုံး ပြန်ခိုင်းပြီးမှ အိပ်ရေးဝအောင် ပြန်အိပ်မည်ဟု ကြံစည်ထားသည်။ ရွှေလမြို့တော်သို့ သွားရန်မှာမူ သူမ၏ ခင်ပွန်းက ပျံသန်းနိုင်သဖြင့် မည်သည့်အချိန်တွင် သွားသွား ကိစ္စမရှိပေ။
လီကျန့်ယီသည် ဓားဆွေးနွေးရာဆောင်ထဲသို့ တောက်ပသော အပြုံးနှင့် ပေါ့ပါးသော ခြေလှမ်းများဖြင့် လမ်းလျှောက်လာသည်။ ပိုင်လီတုန်းကျွင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ သူက နားမလည်နိုင်သလို မေးလိုက်သည်။
"အစ်ကိုပိုင်လီ.. အစ်ကိုက အချစ်ဝေဒနာ ခံစားနေရတာလား"
"သခင်လေးလီက တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ စီနီယာရဲ့ ချစ်ခြင်းမေတ္တာ ခံစားချက်တွေကို တစ်ချက်တည်းနဲ့ မြင်အောင် ကြည့်နိုင်တယ်" စစ်ကုန်းချန်ဖုန်းက လက်မထောင်ပြလိုက်သည်။
"သွားစမ်းပါ၊ ဘာအချစ်ဝေဒနာလဲ။ ဒါကို အောင်မြင်တဲ့ လက်ထပ်ခွင့် တောင်းဆိုမှုလို့ ခေါ်တယ် ဟုတ်ပြီလား" ပိုင်လီတုန်းကျွင်းက သတို့သားတစ်ဦး၏ အရှိန်အဝါဖြင့် လီကျန့်ယီထံသို့ လျှောက်သွားကာ လီကျန့်ယီ၏ ပုခုံးကို ဖက်ပြီး ပြုံး၍ ပြော၏။
"သခင်လေးလီ... မင်းနဲ့ ညီမလေးရဲ့ မင်္ဂလာပွဲအတွက် ငါ တကယ်ကို အကုန်အကျ ခံထားတာနော်၊ ငါနဲ့ အာယောင် လက်ထပ်တဲ့အခါကျရင် မင်း ငါ့ကို ဘာပြန်ပေးမှာလဲ"
"ကျွန်တော်က လက်ဆောင်ကို ပေးပြီးသားပဲ မဟုတ်ဘူးလား" လီကျန့်ယီက ပြုံး၍ ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ပြန်မေးသည်။
"ဘယ်တုန်းကလဲ။" ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွား၏။
"မာရ်နတ်ဂိုဏ်း အရှေ့ပိုင်း စစ်ချီတုန်းက ပိုင်လီသခင်လေးအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ လူလေးယောက်ကို ငါ ကယ်ခဲ့တယ်လေ။ အဲ့ဒါက အစ်ကိုရဲ၊ အစ်မရွဲ့ယောင်နဲ့ ရွဲ့ရှင်းတို့ပဲ။ အဲ့ဒီလောက် လက်ဆောင်က မလုံလောက်သေးဘူးလား။" ဟု လီကျန့်ယီက မေးလိုက်သည်။
"ငါနဲ့ ရဲ့ဒင်းကျီးကို ကယ်တယ်ဆိုတာက ဟုတ်ပါပြီ၊ ဒါပေမဲ့ အာယောင်နဲ့ခယ်မလေးကို ဘယ်တုန်းက ကယ်လိုက်တာလဲ" ဟု ပိုင်လီတုန်းကျွင်းက နားမလည်ဘဲ ပြန်မေး၏။
"မာရ်နတ်ဂိုဏ်း အရှေ့ပိုင်း စစ်ချီတုန်းက ကျွန်တော်နဲ့ ဟန်ယီကသာ ချန်တုန်းမြို့မှာ အစ်ကိုရဲ့ခယ်မကို မတားခဲ့ဘူးဆိုရင်၊ အစ်ကိုရဲ့ခယ်မက သေဆုံးသွားလိမ့်မယ်လို့ မထင်မိဘူးလား အစ်ကိုပိုင်လီ"
"အစ်ကိုက သူမကို ကယ်ချင်ရင်တောင် ကျင့်ကြံသူလောက တစ်ခုလုံးနဲ့ မြောက်ပိုင်း လီဒေသ တစ်ခုလုံးရဲ့ ကြီးမားတဲ့ အင်အားကို အစ်ကိုက ဘယ်လို တားဆီးနိုင်မှာလဲ။" ဟု လီကျန့်ယီက တည်ငြိမ်စွာ ပြောသည်။
"ဒါဆို ခယ်မကို ကယ်တာက ဟုတ်ပါပြီ၊ ဒါပေမဲ့ ငါ့ရဲ့ အာယောင်ကိုကျတော့ရော” ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်၏ အကြောင်းကို နားမလည်နိုင်ဆုံး ဖြစ်နေသည်။
"ဘာလို့လဲဆိုတော့ အစ်မရွဲ့ယောင်က သူမရဲ့ ညီမလေးကို အရမ်းချစ်တာကြောင့် ရွဲ့ရှင်းရဲ့ ကိုယ်စား သူမက ဝင်ပြီးသေပေးလိမ့်မယ်”
"ဒါကြောင့် ဒါက အစ်ကိုရဲ့ နောင်ဖြစ်လာမယ့် ဇနီးနဲ့ ခယ်မကို ကျွန်တော်က ကယ်လိုက်တာနဲ့ အတူတူပဲပေါ့ အစ်ကိုပိုင်လီ" ဟု လီကျန့်ယီက အရင်တုန်းက ဇာတ်ကြောင်းတွေကို ပြောင်းလဲပေးခဲ့သည်။
ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်ကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။ရွဲ့ယောင်၏ လှပသော မျက်လုံးလေးများမှာ အနည်းငယ် ပြူးကျယ်သွားသည်၊ အကြောင်းမှာ ထိုအကျပ်အတည်း ကာလတွင် သူမသည် ထိုသို့ အမှန်တကယ် တွေးတောခဲ့ဖူးသောကြောင့် ဖြစ်ပေသည်...။
"တကယ်ကြီးလား" ပိုင်လီတုန်းကျွင်း ထိတ်လန့်သွားရသည်။
"သခင်လေးလီ... မင်းက တကယ့်ကို ဓားနှလုံးဂူဗိမာန်ထဲက ခွေးတွေကိုတောင် ချန်မထားဘဲ ကြံစည်တတ်တဲ့ ဗျူဟာမှူးကြီးပဲ"
"ငါ့ရဲ့ အာယောင်ကိုပါ မင်းရဲ့ တွက်ချက်မှု့ထဲမှာ ထည့်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"အစ်ကိုမှာ ညီမလေးကောင်း တစ်ယောက်ရှိနေလို့လေ၊ အဲ့ဒီလိုမှ မဟုတ်ရင် ကျွန်တော်က မာရ်နတ်ဂိုဏ်း စစ်ပွဲတွေမှာ ပါဝင်နေမှာ မဟုတ်ဘူး။ ဓားနှလုံးကျောက်ဆောင်မှာပဲ ဓားကျင့်နေမှာပေါ့" ဟု လီကျန့်ယီက လီဟန်ယီကို ရည်ညွှန်းကာ ပြောလိုက်သည်။
ထိုအချိန်တွင် အနီရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားသော လီဟန်ယီသည် ဓားဆွေးနွေးရာဆောင်သို့ ရောက်ရှိလာပြီး လီကျန့်ယီ၏ စကားများကို အချိန်မီ ကြားလိုက်ရသည်။သို့သော် သူမ ဘာမှ မပြောဘဲ အရာအားလုံးကို ဂရုမစိုက်သကဲ့သို့ ရှိနေသော သူမ၏ ခင်ပွန်းကိုသာ လေးနက်သော ချစ်ခြင်းမေတ္တာများဖြင့် စိုက်ကြည့် နေတော့သည်။စကားလုံးများဖြင့် ဖော်ပြရန် မလိုသော်လည်း အားလုံးက ထိုသံယောဇဉ်ကို နားလည်ကြသည်။
"ညီမလေး၊ မင်းက တကယ်ကို ငါ့ရဲ့ ကံကောင်းခြင်းကြယ်လေးပဲ" ပိုင်လီတုန်းကျွင်းသည် အနီရောင် ဝတ်စုံနှင့် လှပနေသော လီဟန်ယီကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ပြီး ကျေးဇူးတင်စကား ပြောရန် ရှေ့သို့ လျှောက်လှမ်းသွားသည်။
"ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ၊ ဒါက ဘာမှ မဟုတ်ပါဘူး" ဟု လီဟန်ယီက ကျေနပ်စွာ ပြုံး၍ ခေါင်းယမ်းကာ ဆို၏။မိသားစုကြားမှာ ကျေးဇူးတင်စကားပြောရန်မလိုဟု သူမ ယူဆထားသည်။
အခန်း ၁၇၈ အကြီးအကဲလီအား ဂါရဝပြု နှုတ်ဆက်ခြင်း
"ဟန်ယီ ပြောတာ မှန်တယ်၊ ငါတို့အားလုံးက တကယ်ကို မိသားစုဝင်တွေပဲ။ စီနီယာက မင်းကို ညီမအရင်းလို ကောင်းကောင်းမွန်မွန် ဆက်ဆံပါမယ်”
လီဟန်ယီ၏ စကားကို ကြားလိုက်ရသည့်အခါ ပိုင်လီတုန်းကျွင်း၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ အမှန်ပင် ညီမလေးတစ်ယောက် ရှိရသည်မှာ အလွန်ကောင်းလှပေသည်။ သူမက ဂျူနီယာညီမလေး ဖြစ်နေလျှင်ပင် အကြောင်းမဟုတ်ပေ။
သို့သော် စစ်ကုန်းချန်ဖုန်း၏ ဘက်တွင်မူ တစ်ခုခု လွဲချော်နေသလို ခံစားနေရသည်။
" ဒါဆိုရင်... ကျွန်တော်မှာ နောက်ထပ် အစ်မတစ်ယောက် ထပ်တိုးလာတာပေါ့ ဟုတ်လား။" စစ်ကုန်းချန်ဖုန်းသည် သူ၏ တတိယဂျူနီယာမောင်လေး ဖြစ်ရသည်မှာ ပြဿနာမရှိသော်လည်း၊ သူမက သူ၏ အစ်မဖြစ်သွားမည့်အရေးကိုမူ လက်ခံရခက်ခဲနေသေးသည်။
"ရှင်က လူအပဲ။ ရှင်က 'အစ်မ' လို့ မခေါ်ချင်ဘူးဆိုရင်လည်း အစ်မဟန်ယီက ရှင့်ကို သူမရဲ့ ဂျူနီယာမောင်လေးအဖြစ် ဂရုစိုက်မှာ မဟုတ်တော့ဘူး။" စစ်ကုန်းချန်ဖုန်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဖုန်းချူးယွီက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
လီကျန့်ယီသာ မရှိခဲ့လျှင် ပိုင်လီတုန်းကျွင်းနှင့် သူသည် လောကကြီးတွင် ကိုယ့်ကိုယ်ကိုယ် သနားကာ ရုန်းမထွက်နိုင်ဘဲ နစ်မွန်းနေမည့်သူများ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့ ပါးနပ်ပြီး အမြော်အမြင်ရှိသောသူက ကာကွယ်ပေးထား မည်ဆိုလျှင် သူ၏ မောင်လေးဖြစ်ရသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ၊ ညီအရင်းဖြစ်လျှင်ပင် အကြောင်းမဟုတ်ပေ။
ထို့ပြင် ၎င်းမှာ စကားအရ ပြောဆိုခြင်းသာ ဖြစ်ပြီး သူ့ကို "အစ်မ" ဟု အတည်တကျ ခေါ်ခိုင်းနေခြင်းလည်း မဟုတ်ပေ။
"ချူးယွီ ပြောတာ မှန်တယ်၊ ကျွန်တော် မတွန့်ဆုတ်သင့်ဘူး" ဖုန်းချူးယွီ ဆိုလိုသည်ကို စစ်ကုန်းချန်ဖုန်း ချက်ချင်း သဘောပေါက်သွားပေသည်။မိမိရှေ့တွင်ရှိသော အားကိုးထိုက်သည့် ပုဂ္ဂိုလ်ကို အမိအရ မဆုပ်ကိုင်လျှင် မည်သူ့ကို သွားဆုပ်ကိုင်ရမည်နည်း။
"နောက်ကျသွားပြီ၊ စီနီယာအစ်မက မင်းကို မောင်လေးအဖြစ် အသိအမှတ် မပြုတော့ဘူး" အနီရောင် ဝတ်စုံနှင့် လီဟန်ယီက နောက်ပြောင်သော အပြုံးဖြင့် ပြော၏။
"မလုပ်ပါနဲ့ စီနီယာအစ်မရာ၊ ကျွန်တော်တို့က မိသားစုဝင်တွေဖြစ်ဖို့ သဘောတူထားကြတာလေ၊ စီနီယာအစ်ကို ကိုကျတော့ အသိအမှတ်ပြုပြီး ကျွန်တော့်ကိုကျတော့ ဘာလို့ အသိအမှတ် မပြုတာလဲ။" စစ်ကုန်းချန်ဖုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
"ကဲပါ... ကဲပါ၊ မောင်လေးကို စတာပါ။ ညီမလေး ချန်းလျော့လေးက ဒီလောက် ချစ်ဖို့ကောင်းတာ၊ ငါ ဟန်ယီက မင်းကို ငါ့မောင်လေးအဖြစ် အသိအမှတ် မပြုဘဲ နေပါ့မလား။" လီဟန်ယီက ပြုံးကာ ချန်းလျော့၏ နုနယ်သော ပါးပြင်လေးကို ဆွဲဖျစ်လိုက်သည်။
ချက်ချင်းပင်...စစ်ကုန်းချန်ဖုန်း ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
ချန်းလျော့ ညီမလေး။
တတိယဂျူနီယာ မောင်လေ။
ဒါက ဘယ်လိုမျိုး အစဉ်အလာကြီးလဲ။
ငါနဲ့ ငါ့သမီးက မျိုးဆက်တစ်ခုတည်း ဖြစ်သွားတာလား။
"ချန်းလျော့ရေ... မင်းအဖေကို ကြည့်လိုက်ဦး၊ မင်းရဲ့ မမဟန်ယီက မင်းကို 'ညီမလေး' လို့ ခေါ်လိုက်လို့ သူ့မျက်နှာကြီး မည်းမှောင်သွားပြီ" တိတ်ဆိတ်သွားသော စစ်ကုန်းချန်ဖုန်းကို ကြည့်ကာ ဖုန်းချူးယွီက မရယ်ဘဲ မနေနိုင်တော့ပေ။
"ဘာလို့ အဖေမျက်နှာက မည်းနေတာလဲဟင်။" ချန်းလျော့က စစ်ကုန်းချန်ဖုန်းကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းအဖေမှာ ညီမလေးအသစ် တစ်ယောက် ရသွားလို့လေ" ဟု ဖုန်းချူးယွီက ရယ်သံကို ထိန်းရင်း ပြန်ဖြေ၏။
"ညီမလေး ဟုတ်လား။" ချန်းလျော့၏ မျက်လုံးလေးများ ပြူးကျယ်သွားသည်။
"အဲ့ဒီ ညီမလေးက မင်းပဲပေါ့ ချန်းလျော့ရေ" သားအဖနှစ်ယောက်၏ အမူအရာကို ကြည့်ကာ ဖုန်းချူးယွီက အားရပါးရ ပြုံးရယ်နေ၏။
ချန်းလျော့၏ ဦးနှောက်လေးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး သူမက ဖုန်းချူးယွီကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်နေတော့သည်။
စစ်ကုန်းချန်ဖုန်းက အလျင်အမြန်ပင် "ချန်းလျော့... အဲ့ဒါတွေကို လျှောက်မတွေးနဲ့တော့။ အများကြီး တွေးတာ မကောင်းဘူး" ဟု အမြန်ပင်တားသည်။
"ဟုတ်ကဲ့" ချန်းလျော့က နားမလည်သော်လည်း လိမ္မာစွာ ခေါင်းညိတ်ကာ နာခံသည်။
ဓားနှလုံးဂူဗိမာန်၌ ရှိနေဆဲဖြစ်သော တောင်းရမ်းသူနှစ်ဦးမှာ သူတို့၏ တပည့်များ မိသားစုကဲ့သို့ ရင်းနှီးစွာ ရှိနေကြသည်ကို မြင်ရသဖြင့် အလွန်ပင် ကျေနပ်နေကြသည်။
"မိန်းမ... ငါတို့ သွားဖို့ အချိန်တန်ပြီ၊ တုန်းကျွင်း၊ ဟန်ယီနဲ့ ချန်ဖုန်းတို့အားလုံး အဆင်ပြေနေကြပြီ" လီချန်းရှန်သည် ဓားဆွေးနွေးရာဆောင်အတွင်း၌ မရှိသော်လည်း ထိုစကားဝိုင်းကို ကြားနိုင်ပေသည်။
"အင်း"လော့ရွှေက အသာအယာ ခေါင်းညိတ်လိုက်ပြီး လီချန်းရှန်နှင့်အတူ ခရီးစတင်ကြတော့သည်။
ဓားဆွေးနွေးရာဆောင်အတွင်းရှိ လီကျန့်ယီသည် တစ်ခုခုကို ခံစားမိကာ ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်သို့ အလျင်အမြန် ထွက်လာသည်။ သူသည် ဝေးရာသို့ ထွက်ခွာသွားသော လီချန်းရှန်တို့၏ မြင်းလှည်းကို အကြာကြီး ငေးကြည့်နေခဲ့သည်။ သူတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားမှသာ လီကျန့်ယီက "ကျီးရှားကျောင်းတော်က အကြီးအကဲလီကို ဂါရဝပြု နှုတ်ဆက်ပါတယ်" ဟု နှုတ်ဆက်လိုက်ပေသည်။
"ဆရာ... ဆရာ ဟုတ်လား။"
"အဲ့ဒီ တောင်းရမ်းသူ နှစ်ယောက်က ဆရာနဲ့ ဆရာကတော်လား"
လီကျန့်ယီ၏ စကားကို ကြားလိုက်ရသည့်အခါ ပိုင်လီတုန်းကျွင်း၊ လီဟန်ယီနှင့် အခြားသူများမှာ လီကျန့်ယီကို မှင်သက်စွာ ကြည့်လိုက်ကြသည်။
"ဟုတ်တယ်"
လီကျန့်ယီက အသာအယာ ခေါင်းညိတ်ပြသည်။
"ဒါဆို ဘာလို့ ကျွန်မတို့ကို ကြိုမပြောတာလဲ" လီဟန်ယီက သူမ၏ နှုတ်ခမ်းနီနီလေးကို ဆူလိုက်ပြီး လီကျန့်ယီ၏ ပုခုံးကို ထုကာ မေးနေမိသည်။
"ဘာလို့လဲဆိုတော့ အကြီးအကဲလီက ပြောတယ်... မင်းတို့ရဲ့ မခွဲနိုင်မခွာရက်တဲ့ အမူအရာတွေကို မြင်ရင် သူတို့လည်း မင်းတို့ကို ထားခဲ့ဖို့ တွန့်ဆုတ်နေမိမှာ စိုးလို့တဲ့။"
"ဒါကြောင့် သူတို့က သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို မပြောဖို့ ကိုယ်ကို တောင်းဆိုခဲ့တာ" လီကျန့်ယီက ပြုံး၍ လီဟန်ယီကို ချစ်မဝစွာကြည့်ပြီး အကြောင်းအရာကို ပြောပြလိုက်၏။
"ကဲ... ဟန်ယီ၊ မင်းရဲ့ ဆန္ဒတွေ ပြည့်သွားပြီမလား။ ကိုယ်တို့ လက်ထပ်တဲ့အချိန် အကြီးအကဲနဲ့ ဆရာကတော် သေချာပေါက် ရောက်လာလိမ့်မယ်လို့ မင်းကို ကိုယ်က ကတိပေးခဲ့တယ်လေ" လီကျန့်ယီက လီဟန်ယီ၏ နုနယ်သော ကိုယ်လေးကို နောက်မှနေ၍ ကြင်နာစွာ ဖက်လိုက်သည်။
"ဟုတ်တယ်၊ ရှင် လုပ်ပေးနိုင်ခဲ့တာပဲ" လီကျန့်ယီ၏ ချစ်ခြင်းမေတ္တာကို ခံစားရင်း လီဟန်ယီသည် လီချန်းရှန်နှင့် လော့ရွှေတို့ ထွက်ခွာသွားရာ လမ်းဘက်သို့ ကြည့်ကာ သူမ၏ စိတ်မှာလည်း ပျော်ရွှင်သွားရ၏။
"တောက်တောက်... သူတို့ကတော့ အချစ်တွေကို ထုတ်ပြနေကြပြန်ပြီ။ မရတော့ဘူး... အာယောင်၊ ငါနဲ့အတူ ချန်တုန်းမြို့ကို ပြန်လိုက်ခဲ့ပါ၊ ငါတို့ အဲ့ဒီမှာ မင်္ဂလာဆောင်ကြမယ်"
ထိုနှစ်ဦး၏ ချိုမြိန်သော အချစ်များကို မြင်ရသောအခါ ပိုင်လီတုန်းကျွင်းမှာ အလွန်ပင် မနာလိုဖြစ်သွားရသည်။
"ကောင်းပါပြီ" ရွဲ့ယောင်က ငြင်းဆန်ခြင်း မပြုခဲ့ပေ။
အခြားတစ်ဖက်တွင်လည်း စစ်ကုန်းချန်ဖုန်းသည် ဓားနှလုံးဂူဗိမာန်၌ ရက်အနည်းငယ် ကြာနေခဲ့ပြီဖြစ်ရာ ရွှေလမြို့တော်ကို ပြန်လည် စီမံခန့်ခွဲရန် လိုအပ်သည်ဟု ခံစားမိသည်။
ထို့ကြောင့် သူက "သခင်လေးလီ၊ ဒုတိယစီနီယာအစ်မ... ရွှေလမြို့တော်မှာ စီမံခန့်ခွဲမယ့်သူ လိုနေပြီမို့ ကျွန်တော်က အရင်ပြန်တော့မယ်" ဟု နှုတ်ဆက်သည်။
"ဟုတ်ပြီ"လီကျန့်ယီလည်း နားလည်သည်။ယခုချိန်တွင် မြို့တော်သခင် သုံးယောက်စလုံး ရွှေလမြို့တောတွင်မရှိပေ။ ထိုကြောင့် မဖြစ်သင့်တာ တွေ မဖြစ်ဖို့ ပြန်ရမည်ဖြစ်သည်။
"ဖက်တီးလေး" လီဟန်ယီသည် ရွှေလမြို့တော်တွင် သူမ လွှတ်ထားခဲ့သော ပင်လယ်ပြာရောင် နဂါးဝတုတ်လေးကို ရုတ်တရက် သတိရသွား၏။
"ဟုတ်သားပဲ၊ အမေ... ဖက်တီးလေးကို သမီးတို့ ခေါ်မလာခဲ့ဘူး။ သူ ဗိုက်ဆာပြီး သေသွားမှာလားဟင်"
ချန်းလျော့သည်လည်း နဂါးဝတုတ်လေးကို သတိရသွားကာ ဖုန်းချူးယွီ၏ အဝတ်အစားကို အလျင်အမြန် ဆွဲကာ မေးလိုက်သည်။
"စိတ်မပူနဲ့ ချန်းလျော့ရေ... ဖက်တီးလေးက တကယ်ကို တော်တာ။ အခုဆိုရင် ချုပ်နှောင်မဲ့အဆင့်က အကြီးအကဲတွေတောင် သူ့ကို နိုင်ချင်မှ နိုင်တော့မှာ" လီဟန်ယီနှင့် ချန်းလျော့တို့က ဖက်တီးလေးအတွက် စိုးရိမ်နေသည်ကို မြင်သောအခါ လီကျန့်ယီက ပြုံး၍ ခေါင်းယမ်းလိုက်သည်။
"အဲ့ဒီ ချစ်ဖို့ကောင်းတဲ့ ဖက်တီးလေးက အဲ့ဒီလောက်တောင် အစွမ်းထက်တာလား" ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့မှာ မူလက ဖက်တီးလေးကို အမြင်လှသည့် အိမ်မွေးတိရစ္ဆာန်လေးဟုသာ ထင်ခဲ့ကြသော်လည်း၊ ၎င်းက ချုပ်နှောင်မဲ့အဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ပြန်ရောက်ရင် စမ်းကြည့်ကြပေါ့" လီကျန့်ယီက ယုံကြည်မှု့အပြည့်ဖြင့်ပြောသည်။
"တကယ်လို့ အဲ့ဒီလိုဆိုရင်တော့ ဖက်တီးလေးက နောက်ဆို ငါတို့သမီးရဲ့ သက်တော်စောင့် ဖြစ်လာနိုင်တာပေါ့" ဖုန်းချူးယွီ၏ လှပသော မျက်လုံးများမှာလည်း အရောင်တောက်သွားပေသည်။
"ရတာပေါ့၊ ဒါပေမဲ့ ချန်းလျော့က ဖက်တီးလေးနဲ့ ရင်းနှီးအောင် အရင်လုပ်ရလိမ့်မယ်" လီကျန့်ယီက ချန်းလျော့ကို သတိပေးလိုက်သည်။
"ဟုတ် " ချန်းလျော့က အစားမက်သော ပင်လယ်ပြာရောင် နဂါးဖက်တီးလေးကို လွမ်းဆွတ်သွားရသည်။
" ကျွန်တော်က လိုက်ပို့ပေးဖို့ လိုမလား" ချန်တုန်းမြို့နှင့် ရွှေလမြို့တော်မှာ ဓားနှလုံးဂူဗိမာန်နှင့် အတော်လေး ဝေးကွာသဖြင့် လီကျန့်ယီက လိုက်ပို့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးလီ" စစ်ကုန်းချန်ဖုန်းနှင့် ပိုင်လီတုန်းကျွင်းတို့မှာ ပျံသန်းရသည့် ခံစားချက်ကို ခံစားကြည့်ခြင်သဖြင့် လီကျန့်ယီ၏ စကားကို ကြားသောအခါ အလွန်ပင် ဝမ်းသာသွားကြသည်။
"ကောင်းပြီ၊ ချန်းလျော့လေး၊ ကျီရွယ်လေးတို့ ... ပြင်ဆင်ထားကြနော်၊ အစ်ကိုက မင်းတို့ကို ကောင်းကင်ယံဆီ ခေါ်သွားတော့မယ်"
လီကျန့်ယီ စကားဆုံးသည်နှင့် လူတိုင်းသည် ကျယ်ပြောလှသော တိမ်တိုက်များဆီသို့ မထိန်းချုပ်နိုင်ဘဲ ပျံတက်သွားကြတော့သည်။
အထက်မှနေ၍ အောက်ကို ငုံ့ကြည့်သည့်အခါ ချန်းလျော့နှင့် ကျီရွယ်တို့မှာ အမြင့်ကို ကြောက်ရွံ့ခြင်း အလျှင်းမရှိကြပေ။ ထိုအစား သူတို့သည် တိမ်ပင်လယ်ကြီးကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းဖမ်းနေကြပြီး သူတို့၏ မျက်နှာလေးများမှာ စိတ်လှုပ်ရှားမှုနှင့် ချစ်စရာကောင်းမှု့တို့ဖြင့် ပြည့်နှက်နေပေသည်။
"ကျွန်မ... ကျွန်မ တိမ်ကိုဖမ်း မိပြီ"
"တိမ်ကို ဖမ်းရတာ ပျော်ကြလား " သူမ၏ သမီးလေး ပျော်ရွှင်နေသည်ကို မြင်သောအခါ ဖုန်းချူးယွီက ပြုံး၍ မေးလိုက်သည်။
"စိုစွတ်တယ်... အေးမြတယ်... ပြီးတော့ နူးညံ့တယ်..." ချန်းလျော့က စဉ်းစားရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်လား... အဲ့ဒီတိမ်တွေက ဆော့လို့ ကောင်းရဲ့လား။" ဖုန်းချူးယွီက ကြင်နာစွာ မေးလိုက်ပြန်သည်။
"အရမ်းဆော့လို့ ကောင်းတာပဲ" ချန်းလျော့သည် ဤအခိုက်အတန့်ကို အမြဲတမ်း မှတ်မိနေလိမ့်မည် ဖြစ်ကာ ၎င်းမှာ သူမ၏ ကလေးဘဝတွင် အပျော်ရွှင်ဆုံး အချိန်တစ်ခု ဖြစ်လိမ့်မည်။
"အစ်ကိုယီက အရမ်းတော်တာပဲ မဟုတ်လား” ဖုန်းချူးယွီက လီဟန်ယီ၏ လက်ကို ဆုပ်ကိုင်ထားသော လီကျန့်ယီကို ညွှန်ပြလိုက်သည်။
"အရမ်းတော်တာပေါ့၊ ချန်းလျော့ ကြီးလာရင် အစ်ကိုယီနဲ့ လက်ထပ်မှာ" ချန်းလျော့လေးက လီကျန့်ယီကို ကြည့်ကာ မျက်နှာလေး နီမြန်းစွာ ခိုင်မာစွာပြောသည်။
လီကျန့်ယီ "..."
လီဟန်ယီ "..."
ဖုန်းချူးယွီ "....."
လူတိုင်း၏ အမူအရာများမှာ အလွန်ပင် မှင်သက်သွားကြသော်လည်း ချန်းလျော့မှာ ဘာမှမသိသေးဘဲ စိတ်ကူးပေါက်ရာ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း သူတို့အားလုံး သိကြပေသည်။
အခန်း ၁၇၉ အဆိပ်မပါကြောင်း အာမခံသည်
"သမီးမိုက်လေး ဘာတွေ လျှောက်ပြောနေတာလဲ"
လူတိုင်း၏ အမူအရာမှာ စိတ်ဝင်စားစရာ ကောင်းနေသော်လည်း အဖေဖြစ်သူ စစ်ကုန်းချန်ဖုန်း၏ မျက်နှာလောက်တော့ မဆိုးလှပေ။ သူသည် မျက်နှာပျက်ပျက်ဖြင့် ချန်းလျော့ကို ငေါက်လိုက်ပေသည်။
"ဟွန့် ဖေဖေက အစ်ကိုယီလောက် မတော်ဘူး၊အစ်ကိုယီက ချောလည်းချောတယ်၊ အစွမ်းလည်း ထက်တယ်၊ ဘယ်မိန်းကလေးက အစ်ကိုယီကို မကြိုက်ဘဲ နေမှာလဲ" ချန်းလျော့က နှုတ်ခမ်းလေးဆူကာ ခိုင်လုံသော အကြောင်းပြချက်များဖြင့် ပြန်ပြောသည်။
"အဲ့ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အစ်ကိုယီက တခြားသူကို မျက်စိထဲ မထည့်ဘူးလေ။ ဒါကြောင့် အဲ့ဒါကို စိတ်မကူးနဲ့တော့ ချန်းလျော့လေးရဲ့။ မင်းရဲ့ အစ်ကိုယီက မင်းရဲ့ မမဟန်ယီတစ်ယောက်တည်းကိုပဲ ချစ်တာ။" ဖုန်းချူးယွီက မိန်းကလေးငယ်၏ ခေါင်းကို ပွတ်သပ်ပေးကာ ချော့ပြောနေရ၏။
"ဟုတ်ကဲ့၊ မမဟန်ယီနဲ့ အစ်ကိုယီတို့က အရမ်းချစ်ကြတာ သမီးသိတယ်" သူမသည် လီဟန်ယီနှင့် လီကျန့်ယီတို့ကို အလေးအနက်ထားသော အမူအရာဖြင့် ကြည့်ကာ ပြောသည်။
"ချန်းလျော့လည်း နောင်ကျရင် အစ်ကိုယီနဲ့ မမဟန်ယီတို့လိုပဲ ချစ်ရမယ့်သူနဲ့ တွေ့ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် နေရမှာပေါ့" ကလေးမလေး၏ ချစ်စရာကောင်းသော ပုံစံကို မြင်သောအခါ လီကျန့်ယီက အသာအယာပြုံးပြလိုက်သည်။
"မဖြစ်နိုင်တာ ငါ့ရဲ့ ချန်းလျော့ကို လက်ထပ်ခိုင်းချင်တယ် ဟုတ်လား။ ငါ့ရဲ့ သဘောတူညီချက် ရမရ အရင်ကြည့်ရဦးမယ်"စစ်ကုန်းချန်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။
"တောက်တောက်... ယောက္ခထီးကြီးက နောင်ဖြစ်လာမယ့် သမက်ကို အကျပ်ကိုင်ဖို့ ပြင်နေတာလား။" ပိုင်လီတုန်းကျွင်းက ရယ်စရာကောင်းသည်ဟု ထင်နေပေသည်။
" စီနီယာနဲ့အစ်မ ရွဲ့ယောင် လက်ထပ်ပြီးရင် သမီးလေးတစ်ယောက်ပဲ မွေးပါစေလို့ ကျွန်တော် ဆုတောင်းတယ်၊ ပြီးတော့ စီနီယာရဲ့သမီးလေးကို တခြားယောကျ်ားတစ်ယောက်က လုသွားပါစေ" စစ်ကုန်းချန်ဖုန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ကျိန်စာတိုက်လိုက်သည်။
ပိုင်လီတုန်းကျွင်း "..."
"မဖြစ်နိုင်တာ၊ ငါက သားလေးပဲ ရရမယ်၊ သူများသမီးကိုပဲ ငါရဲ့သားက ခိုးရမှာ" ပိုင်လီတုန်းကျွင်းက အလေးအနက် ဖြင့် ကြွေးကြော်သည်။သူ့သမီးကို တခြားယောကျ်ားတစ်ယောက်က ခေါ်သွားမည့် ခံစားချက်ကို သူ စဉ်းစားရုံနှင့်တင် ရင်ကျိုးမတတ် ခံစားနေရပေသည်။
"စီနီယာ... အိမ်မက်ပဲ မက်နေလိုက်တော့" စစ်ကုန်းချန်ဖုန်းက ပိုင်လီတုန်းကျွင်းအား သူချစ်ရသည့်သမီးလေးကို ကောင်စုတ်တစ်ယောက်က လာခိုးသွားသည့် ခံစားချက်မျိုးကို ခံစားကြည့်စေချင်နေသည်။
"ချန်တုန်းမြို့ကို ရောက်ပြီ။ အစ်ကိုတို့... စကားများတာ ခဏရပ်ကြပါဦး" လီကျန့်ယီက ပြုံး၍ ခေါင်းယမ်းနေမိ၏။
ထို့နောက် သူတို့သည် ချန်တုန်းမြို့သို့ ဆိုက်ရောက်ကြသည်။
ချန်တုန်းမြို့၏ နာမည်ကြီး မုန့်ဖြစ်သော ကိတ်မုန့်တော့ မမြည်းစမ်းဘဲ မနေသင့်ပေ။ လီကျန့်ယီသည် လီဟန်ယီအတွက် မုန့်ကို ဝယ်ပေးချင်သည်။
"ဦးလေး...ဆောင်းပန်းကိတ်မုန့် သုံးပွဲလောက် ပေးပါဦး။"
ဆောင်ပန်းပွင့်နံ့များ သင်းပျံ့နေသော ချန်တုန်းမြို့အတွင်း လမ်းလျှောက်ရင်း လီကျန့်ယီက ဆောင်ပန်းမုန့်ကို ဆိုင်မှ သုံးပွဲ မှာယူလိုက်သည်။
ဝယ်ပြီးနောက် တစ်ပွဲကို လီဟန်ယီအား ပေးလိုက်ပြီး ကျန်နှစ်ပွဲကို ချန်းလျော့နှင့် ကျီရွှယ်တို့အား ပေးလိုက်၏။မုန့်ရရှိပြီးနောက် သူတို့ သုံးဦးသည် မြိန်ယှက်စွာ စားသောက်ရင်း ချန်တုန်းမြို့၏ အလှအပများကို ဖြည်းဖြည်းချင်း ကြည့်ရှု့က အမတ်ကြီး ပိုင်လီလော့ချန်း၏ အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။
"ဖေဖေ၊ မေမေ သား ချွေးမကို အိမ်ခေါ်လာခဲ့ပြီ" ပိုင်လီတုန်းကျွင်းသည် အိမ်တော်သို့ ရောက်သည်နှင့် သူ၏ မိဘများအား သတင်းကောင်းကို စိတ်လှုပ်ရှားစွာ ပြောပြလိုက်တော့သည်။
ထိုစကားကို ကြားသောအခါ ဝမ်လော့ယွီသည် အခန်းထဲမှ အမြန်ထွက်လာပြီး ရွဲ့ယောင်ကို အကဲခတ်ကြည့်ရှုသည်။ ရွဲ့ယောင်နှင့် ပတ်သက်၍ သူမသည် ဝမ်ဟူကျူးထံမှသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
အခုကြည့်ရသလောက်တော့ ဤမိန်းကလေးမှာ အမှန်တကယ်ပင် လှပပေသည်။ထို့ပြင် သူမသည် အလွန်ပင် သိမ်မွေ့ပြီး အသေးစိတ် ဂရုစိုက်တတ်သူဖြစ်ရာ တကယ့်ကို ရှားပါးသော အမျိုးသမီးကောင်း တစ်ဦးပင် ဖြစ်သည်။
"ဟုတ်ပြီ... ဒီချွေးမလေးကို ငါ သဘောတူတယ်" ဝမ်လော့ယွီက ရှေ့သို့ အမြန်လှမ်းလာပြီး ရွဲ့ယောင်၏ လက်ကို ဆွဲကိုင်ကာ သူမ၏ ယောက္ခထီးဖြစ်သူ အမတ်ကြီး ပိုင်လီလော့ချန်းနှင့် မိတ်ဆက်ပေးရန် ခေါ်ဆောင်သွားပေသည်။
"လာပါ ရွဲ့ယောင်ရယ်... အန်တီက တုန်းကျွင်းခေါ်သလိုပဲ အာယောင်လို့ပဲ ခေါ်မယ်နော်။ တုန်းကျွင်းရဲ့ အဖိုးနဲ့ သွားတွေ့ရအောင်" ဝမ်လော့ယွီက သူမ၏ နောင်ဖြစ်လာမယ့် ချွေးမလေးကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။သူမ၏ သားဖြစ်သူမှာ ရတနာတစ်ပါးကို ရရှိထားသည်ဟု သူမ ခံစားမိနေသည်။
"အင်း" ရွဲ့ယောင်က ရှက်ကိုးရှက်ကန်းဖြင့် နာခံစွာခေါင်းညိတ်သည်။
" အာယောင်က ငါ့အမေနဲ့ ဒီလောက် အဆင်ပြေလိမ့်မယ်လို့ မထင်ထားဘူး" ယောက္ခမနှင့် ချွေးမကြားရှိ ကောင်းမွန်သော ဆက်ဆံရေးကို မြင်ရသဖြင့် ပိုင်လီတုန်းကျွင်း အလွန် ဝမ်းသာသွားသည်။
"ကျွန်တော်ရဲ့အိမ်မှာ ကောင်းကောင်း အနားယူကြပါ။ နေ့လယ်စာ စားပြီးမှ ရွေလမြို့တော်ကို သွားကြတာပေါ့" ပိုင်လီတုန်းကျွင်းက လီကျန့်ယီတို့အား နွေးထွေးစွာ ဖိတ်ခေါ်သည်။
"ကောင်းတာပေါ့၊ စားစရာ ကျွေးမယ့်သူ ရှိနေမှတော့ ကျွန်တော်တို့ ဘယ်လို ငြင်းနိုင်ပါ့မလဲ" လီကျန့်ယီက ပြုံး၍ နောက်ပြောင်၏။
ဧည့်ခန်းမဆောင်တွင် ပိုင်လီတုန်းကျွင်းသည် လီကျန့်ယီတို့အား လက်ဖက်ရည်ကောင်းများ ငှဲ့ပေးပြီးနောက် မီးဖိုချောင်သို့ လူလွှတ်ကာ သူတို့ကို ဧည့်ခံရန် ဟင်းပွဲကောင်းများနှင့် အရက်ကောင်းများကို အမြန်ပြင်ဆင်ခိုင်းထားသည်။
" ခဏလောက် စောင့်ပေးကြပါ။ နောက်ဆုံး ဟင်းလျာအချို့ကိုတော့ အမေ ကိုယ်တိုင်က ချက်ကျွေးလိမ့်မယ်၊ သူမရဲ့ လက်ရာက တကယ်ကို ကောင်းတာ" လက်ဖက်ရည် တည်ခင်းပြီးနောက် ပိုင်လီတုန်းကျွင်းသည် အရိုအသေပေးကာ အခန်းထဲမှ ထွက်ခွာသွားသည်။
စီနီယာအစ်ကို ထွက်သွားပြီးနောက် တတိယဂျူနီယာမောင်လေးနှင့် ညီမဖုန်းချူးယွီတို့မှာ ကျီရွှယ်၊ ချန်းလျော့တို့နှင့် ဆော့ကစားနေသည်ကို မြင်သောအခါ လီဟန်ယီက လီကျန့်ယီကို အိပ်ငိုက်နေသော အမူအရာဖြင့် ကြည့်ကာ "လူဆိုးလေး ယီယီ... ရှင် ကျွန်မကို အကြာကြီး မအိပ်ခိုင်းဘဲ ထားခဲ့တာ၊ အခု အိပ်ချင်လာပြီ" ဟု တိုးတိုးလေးဖြင့် အပစ်တင်နေသည်။
"လာလေ ဒီမှာအိပ်"
လီကျန့်ယီက လက်နှစ်ဖက်ကို ဖွင့်ပေးလိုက်ပြီး လီဟန်ယီအား သူ့ရင်ခွင်ထဲတွင် အိပ်ရန် အရိပ်အယောင် ပြလိုက်သည်။
လီဟန်ယီသည် ဘာကိုမျှ စိုးရိမ်ခြင်းမရှိဘဲ လီကျန့်ယီ၏ လက်မောင်းပေါ်သို့ ခေါင်းတင်ကာ အလျင်အမြန်ပင် အိပ်ပျော်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဆော့ကစားနေသည့် ချန်းလျော့နှင့် ကျီရွှယ်တို့က တစ်ဦးကိုတစ်ဦး တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး
"အစ်ကိုယီ ...မမက အိပ်ပျော်သွားပြီလားဟင်" ဟု တိုးတိုးလေး မေး နေကြသည်။
"ဟုတ်တယ်... မမဟန်ယီက နည်းနည်း အိပ်ငိုက်နေလို့လေ၊ ချန်းလျော့လေးနဲ့ ကျီရွှယ်တို့ တိုးတိုးလေး နေပေးကြနော်" ဟု လီကျန့်ယီက ပြုံး၍ မှာ၏။
"ဟုတ်ကဲ့"
ချန်းလျော့နှင့် ကျီရွယ်တို့သည် လိမ္မာစွာဖြင့် နည်းနည်းဝေးသည့် ဘေးတစ်ဖက်တွင် သွားရောက် ဆော့ကစားကြပေသည်။
လီကျန့်ယီ၏ ရင်ခွင်ထဲတွင် လီဟန်ယီ အိပ်ပျော်နေသည်ကို မြင်သောအခါ ဖုန်းချူးယွီနှင့် စစ်ကုန်းချန်ဖုန်းတို့က "ဒုတိယ အစ်မကို အနားယူဖို့ စီနီယာအစ်ကို့ကို ဧည့်ခန်း ပြင်ခိုင်းလိုက်ပါလား" ဟု တိုးတိုးလေး အကြံပြုလိုက်သည်။
"ခင်ဗျားတို့ နားမလည်ပါဘူး၊ ဟန်ယီက ကျွန်တော်ရဲ့ ရင်ခွင်ထဲမှာ အိပ်ရတာ ပိုပြီး လုံခြုံတယ်လို့ ခံစားရလို့လေ။ ပြီးတော့ နေ့လယ်စာ စားဖို့လည်း နီးနေပြီ မဟုတ်လား။ စားပြီးရင် ရွှေလမြို့တော်ကို တန်းသွားပြီးမှ ဟန်ယီကို သူမရဲ့ ကိုယ်ပိုင်အခန်းမှာ အနားယူခိုင်းလိုက်တော့မယ်" ဟု လီကျန့်ယီက ဆိုလိုက်သည်။
"အဲ့ဒါလည်း ဟုတ်တာပဲ။" စစ်ကုန်းချန်ဖုန်းက ခေါင်းညိတ်ကာ ဆက်မပြောတော့ပေ။
တစ်နာရီခန့် ကြာပြီးနောက် နေ့လယ်စာ ပြင်ဆင်ပြီးသွားသောအခါ ပိုင်လီတုန်းကျွင်းသည် လီကျန့်ယီတို့အား လာရောက် ခေါ်သည်။
လီဟန်ယီမှာ မူလက လီကျန့်ယီ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော်လည်း အရသာရှိသော ဟင်းနံ့များကို ရလိုက်သည့်အခါ သူမ၏ လှပသော မျက်လုံးလေးများကို ဝေဝါးစွာ ဖွင့်လိုက်ပြီး "ယီယီ... ထမင်းစားလို့ ရပြီလား" ဟု ချက်ချင်း မေးသည်။
"ဟုတ်တယ်... ထတော့ ၊ စားပြီးရင် ရွှေလမြို့တော်မှာ သွားအိပ်ကြမယ် ကိုယ်လည်း လိုက်အိပ်ပေးမယ်" လီကျန့်ယီက လီဟန်ယီ၏ ကျောပြင်ကို ပြုံး၍ ပုတ်ပေးကာ ပြော၏။
"ဘယ်... ဘယ်သူက ရှင်ကို လိုက်အိပ်ခိုင်းလို့လဲ" လီဟန်ယီက လီကျန့်ယီ၏ ရင်ခွင်ထဲမှ အမြန်ထွက်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ချက်ချင်းငြင်းလေသည်။
"မင်းပဲပေါ့" လီကျန့်ယီက လီဟန်ယီကို ကြည့်ကာ အရှက်မရှိ ပြောလိုက်သည်။
ထို့နောက် သူမ၏ လက်ကလေးကို ဆွဲကာ ထမင်းစားပွဲသို့ ခေါ်ဆောင်သွားသည်။ စားပွဲပေါ်ရှိ အရသာရှိသော ဟင်းပွဲများကို ကြည့်ရင်း လီကျန့်ယီက သူ၏ ဗိုက်မှာဆာလောင်လာသည်။
"အားလုံးက တုန်းကျွင်းရဲ့ ဂျူနီယာ မောင်နှမတွေပဲဆိုတော့ ကိုယ့်အိမ်ကိုယ်ရာလိုပဲ သဘောထားပြီး အားရပါးရ စားကြပါနော်" ဟု ဝမ်လော့ယွီက နွေးထွေးစွာ ကြိုဆိုသည်။
"ဟုတ်ကဲ့" အားလုံးက အားနာခြင်းမရှိဘဲ သဘောတူလိုက်ကြသည်။
"သခင်လေးလီ၊ ဂျူနီယာညီမလေး ဟန်ယီ၊ ညီမဖုန်း.. ကျုပ်ရဲ့အမေ လက်ရာကို မြည်းစမ်းကြည့်ကြပါဦး၊ ဒါက စစ်မှန်တဲ့ ဝမ်မိသားစု ဟင်းလျာတွေပါ၊ ကျွန်တော် အာမခံပါတယ်... အဆိပ် လုံးဝ မပါပါဘူး" ပိုင်လီတုန်းကျွင်းက စားပွဲပေါ်ရှိ ဝမ်လော့ယွီ ချက်ထားသော ဟင်းပွဲများကို ကြည့်ကာ စိတ်အားထက်သန်စွာ ဧည့်ခံလိုက်သည်။
သူ ထိုသို့ ပြောလိုက်သည်နှင့် လီကျန့်ယီတို့ စားနေသည်မှာ ရပ်တန့်သွားရုံသာမက ဝမ်လော့ယွီ ကိုယ်တိုင်ပင် မျက်နှာ ပျက်သွားတော့သည်။
"တုန်းကျွင်း... မင်း ဘာကို ဆိုလိုတာလဲ။ မင်းအမေက မင်းကို အဆိပ်ခတ်ကျွေးမယ်လို့ ထင်နေတာလား။ မင်း ဘယ်လိုကြီးပြင်းလာတာလဲ။ ငါ ဘာလို့ မင်းကို အဆိပ်ခတ်ပြီး သတ်မပစ်ခဲ့မိတာပါလိမ့်”
"မင်းလို မလိမ္မာတဲ့ သား" ဝမ်လော့ယွီက ပိုင်လီတုန်းကျွင်းကို ဒေါသတကြီး ကြည့်လိုက်သည်။ သူမ၏ နွေးထွေးသော စိတ်အခြေအနေမှာ ချက်ချင်းပင် နေသာရာမှ မိုးအုံ့သွားသလို ဖြစ်သွားရ၏။
"အယ်... မေမေက အရင်တုန်းက ဖေဖေစားမယ့် ဟင်းတွေထဲမှာ အမြဲတမ်း အဆိပ်ခတ်နေကျ မဟုတ်လား" ပိုင်လီတုန်းကျွင်းက အိုးတိုးအောက်တေးဖြင့် ပြန်ပြောသည်။
"အဲ့ဒါက မင်းအဖေက မင်းကို အမြဲတမ်း သင်ခန်းစာပေးချင်နေလို့ မင်းဘက်ကနေ ငါက ပြန်တုံ့ပြန်ပေးတာလေ၊ ငါက မင်းဘက်က ရပ်တည်ပေးခဲ့တာ မဟုတ်ဘူးလား" ဝမ်လော့ယွီ ဒေါသထွက်နေပေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရွဲ့ယောင်က အမြန်ရှေ့သို့ တိုးလာပြီး အခြေအနေကို ဝင်ထိန်းပေးလိုက်သည်။
"အန်တီဝမ်ရယ်... တုန်းကျွင်းက အခုထိ လူကြီးမဆန်သေးလို့ပါ။ သူက စကားကို ခပ်ပြတ်ပြတ် ပြောတတ်ရုံပါ၊ သူ့ကို စိတ်မဆိုးပါနဲ့နော်။"
"အမှန်ပဲ... ရွဲ့ယောင်လေးက တကယ်ကို သိတတ်လိုက်တာ" ရွဲ့ယောင်က သူမအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သည်ကို မြင်သောအခါ ဝမ်လော့ယွီသည် ထိုမလိမ္မာသော သားကို စိုက်ကြည့်ကာ သူနှင့် နောက်ဘယ်တော့မှ အလိုမလိုက်တော့ဟု ဆုံးဖြတ်လိုက်တော့သည်။
အရင်က သူမသားအတွက် အလွန်ပင် စိတ်မကောင်းဖြစ်ခဲ့သော်လည်း၊ အခုတော့ သူက ရွဲ့ယောင်၏ ဆံပင်တစ်မျှင်လောက်တောင် အရေးမပါတော့ဟု ခံစားနေရပေသည်။ဒါက တကယ်ကို လွန်လွန်းလှသည်။လူအများရှေ့မှာ အမေဖြစ်သူရဲ့ မျက်နှာကို နည်းနည်းလေးမှ မငဲ့ကွက်ခဲ့ပေ။
အခန်း ၁၈၀ ရွှေလမြို့တော်၏ ကံကောင်းခြင်း လာဘ်ကောင်းလေး
ပိုင်လီတုန်းကျွင်းသည် ဝမ်လော့ယွီ၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ ဘေးဒုက္ခတစ်ခု ကျရောက်တော့မည်ဟု ခံစားနေမိသည်။ သူ၏ စကားကျွံသွားမှု့ကြောင့် ဝမ်လော့ယွီနှင့် သူ၏ ချစ်ခင်လှသော ဆက်ဆံရေးမှာ ပြိုကွဲလုနီးပါး ဖြစ်သွားရသည်။
"မေမေ... သားကို ယုံပါ၊ သားက တကယ် မရည်ရွယ်ပါဘူး... သားက မရည်ရွယ်ပါဘူး..." ပိုင်လီတုန်းကျွင်းသည် ဝမ်လော့ယွီကို တုန်တုန်ရင်ရင်ဖြင့် တောင်းပန်နေ၏။
"ငါ သိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဘယ်တော့မှ လူကြီးမဆန်လာမယ့် ကလေးပဲ" ဝမ်လော့ယွီက ရွဲ့ယောင်၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးရင်း ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။
ပိုင်လီတုန်းကျွင်းမှာမူ တိတ်ဆိတ်စွာသာ နေနိုင်တော့သည်။ အကယ်၍ အရင်ကဆိုလျှင် ဝမ်လော့ယွီသည် သူ၏ ပန်းကန်ထဲသို့ ဟင်းများ တောင်ပုံရာပုံ ထည့်ပေးနေမည်မှာ ဖြစ်သည်။
ယခုတော့ ကိစ္စများမှာ ပြောင်းပြန် ဖြစ်သွားလေပြီ၊ စကားကျွံသွားမှု့ကြောင့် မိခင်၏ မေတ္တာအားလုံးမှာ ချွေးမဖြစ်သူထံသို့ ရောက်ရှိသွားသည်။ သို့သော် ဤသည်မှာလည်း ကောင်းမွန်သည့်ကိစ္စဖြစ်သည်။ အနည်းဆုံးတော့ ရွဲ့ယောင်ကို ကိုယ့်အိမ်ကိုယ်ရာ ရောက်နေသကဲ့သို့ ခံစားစေရလိမ့်မည်။
"အားလုံး စိတ်အေးလက်အေး စားကြပါနော်။ ခုနက ကျွန်တော် စကားမှားသွားလို့ပါ" ပိုင်လီတုန်းကျွင်းက လီကျန့်ယီတို့အား အလျင်အမြန်ပင် ဆက်လက် ဧည့်ခံနေသည်။ လီကျန့်ယီသည်လည်း စစ်မှန်သော ဝမ်မိသားစု ဟင်းလျာများကို မြည်းစမ်းကြည့်ခဲ့ရာ အရသာမှာ အမှန်တကယ်ပင် ထူးခြားသည်။ပါဝင်ပစ္စည်းများမှာပင် အလွန် ထူးဆန်းနေသည်။ ဟင်းလျာအများစုမှာ အဆိပ်ရှိသော သတ္တဝါများ ဖြစ်ကြသော်လည်း ဝမ်မိသားစု၏ အဆိပ်ပညာမှာ ပြိုင်ဘက်ကင်းလှသဖြင့် ထိုသတ္တဝါများထဲမှ အဆိပ်အတောက်အားလုံးကို ဖယ်ရှားနိုင်ကာ လတ်ဆတ်သော အသားများကိုသာ ချန်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
မြွေစွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်ရုံနှင့်ပင် အလွန် အရသာရှိကြောင်း သိနိုင်ပေသည်။အဆိပ်ရှိ ဖားသားကို တစ်လုပ် စားလိုက်သည့်အခါတွင်လည်း အသားမှာ ပြည့်ဖြိုးကာ နူးညံ့ပြီး အရည်ရွှမ်းလှရာ တကယ့်ကို ထူးကဲသော အရသာပင် ဖြစ်သည်။
"ဘယ်လိုလဲ၊ ဝမ်မိသားစု ဟင်းလျာတွေက ကောင်းရဲ့လား" ပိုင်လီတုန်းကျွင်းက လူတိုင်းကို ကြည့်ကာ ပြုံး၍ မေးသည်။
"အရသာ ရှိပါတယ်" လီကျန့်ယီက ပထမဆုံး တုံ့ပြန်လိုက်သည်။
"အားရပါးရ စားကြပါ။ ဓားနှလုံးဂူဗိမာန်က သခင်လေးလီကို ကျွန်မတို့ အမတ်ကြီး အိမ်တော်ကို မကြာခဏ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်၊ လာရင် ကျွန်မကိုယ်တိုင် ချက်ကျွေးပါ့မယ်" ဟု ဝမ်လော့ယွီက နွေးထွေးစွာ ဖိတ်ခေါ်၏။
မာရ်နတ်ဂိုဏ်း အရှေ့ပိုင်း စစ်ချီသည့်နေ့က လီကျန့်ယီနှင့် လီဟန်ယီတို့ ဓားနှစ်စင်ဖြင့် ပြိုင်ဘက်ကင်းလှသော စွမ်းရည်များကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဤကဲ့သို့သော ကျင့်ကြံသူတစ်ဦးနှင့် ရင်းနှီးရခြင်းမှာ အမတ်ကြီး အိမ်တော်အတွက် မင်္ဂလာတစ်ပါးဟုသာ ဆိုရပေလိမ့်မည်။
"ကောင်းပါပြီ အန်တီဝမ်၊ နောက်ဆိုရင် ကျွန်တော်နဲ့ ဟန်ယီက အန်တီလက်ရာတွေကို လွမ်းလာတိုင်း သေချာပေါက် လာလည်ပါ့မယ်" လီကျန့်ယီက ဖော်ရွှေစွာပြန်ပြောသည်။
"အမြဲ ကြိုဆိုလျက်ပါ" ဝမ်လော့ယွီက ဝမ်းသာစွာပင် ခေါက်တညိတ်ညိတ်လုပ်နေ၏။
.....
ချန်တုန်းမြို့တွင် နေ့လယ်စာ စားပြီး ခေတ္တ အနားယူပြီးနောက် လီကျန့်ယီသည် လူတိုင်းကို ပျံသန်းကာ ရွှေလမြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။ ရွှေလမြို့တော်သို့ ပြန်ရောက်သည်နှင့် လီဟန်ယီသည် သူမ၏ အခန်းသို့ တန်းသွားကာ စောင်ပုံထဲသို့ တိုးဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
လီဟန်ယီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်သောအခါ လီကျန့်ယီမှာ သူမကို မနှိုးတော့ပေ။ ထိုအစား သူသည် သူမ၏ ဘေးတွင် တိတ်တဆိတ် နေပေးနေပြီး လီဟန်ယီ ပြန်မရောက်သည်မှာ ကြာပြီဖြစ်သော အခန်းကိုလည်း သန့်ရှင်းရေး လုပ်ပေးနေသည်။
အခန်းကို ဖုန်တစ်စက်မကျန် သန့်ရှင်းပြီးနောက်တွင် လီဟန်ယီ နိုးလာချိန်တွင် ရေဆာလျှင် ချက်ချင်း သောက်နိုင်စေရန် လက်ဖက်ရည်ကောင်း တစ်အိုးကိုလည်း ကြိုချက်ထားပေးသည်။
"ဖက်တီး..ဖက်တီး"
လီကျန့်ယီ အခန်းထဲရှိ အရာအားလုံးကို သန့်ရှင်းရေး လုပ်ပြီးသွားသည်နှင့် လွတ်လပ်စွာ သွားလာနေသော ပင်လယ်ပြာရောင် နဂါးဝတုတ်လေးမှာ သူ၏ သခင်ရှိနေသည်ကို ခံစားမိကာ အမြန် ပြေးလာကြိုသည်။
"မင်း ဝလာတာ ငါ သိတယ်၊ အသံတိုးတိုးလုပ်ဦး၊ မင်းရဲ့ သခင်မလေးကို မနိုးစေနဲ့" လီကျန့်ယီက ဖက်တီးလေးကို ပွေ့ချီကာ အခန်းအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။
မထွက်ခွာမီ လီကျန့်ယီက တံခါးကို အလွန်တိတ်ဆိတ်စွာ ပိတ်လိုက်သည်။ သူ၏ သခင်က အလွန် ဂရုစိုက်နေသည်ကို မြင်သောအခါ ဝတုတ်လေးမှာလည်း အသံထွက်ခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် အခန်းနှင့် အတော်လေး ဝေးရာသို့ ရောက်သောအခါတွင်မူ ဝတုတ်လေးသည် ခွန်အားအပြည့်ဖြင့် ပြန်လည် အော်ဟစ်တော့သည်။
"ဖက်တီး...ဖက်တီး"
"ဂုဏ်ဖော်နေတာလား"
ဝတုတ်လေးသည် မထင်မရှား ဖြစ်နေသော သူ၏ ကြွက်သားများကို ထုတ်ပြနေသည်ကို မြင်သောအခါ လီကျန့်ယီက ဝတုတ်လေး၏ ကျင့်ကြံခြင်း အဆင့်ကို စစ်ဆေးလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ဖက်တီးလေးသည် ဖုယောင်ဆင့်သို့ ရောက်ရှိနေခြင်းပင်။
"ဝါး... မင်းက တကယ်ကို ချန်းလျော့နဲ့ ကျီရွှယ်တို့အတွက် သက်တော်စောင့် လုပ်ပေးလို့ ရနေပြီပဲ" ဖက်တီးလေးမှာ အလွန်ဆုံးရှိမှ ကျိူးရှောင်အဆင့်အထိသာ ရောက်မည်ဟု လီကျန့်ယီ ထင်ထားခဲ့သော်လည်း ဖုယောင်ဆင့်အထိ ရောက်နေသည်ကို မြင်ရသဖြင့် သူအလွန် အံ့သြသွားရသည်။
"ဖက်တီး....ဖက်တီး" သူ၏ သခင် အနည်းငယ် အံ့သြသွားသည်ကို မြင်သောအခါ ဖက်တီးလေးက သူ၏ ပင်လယ်ပြာရောင် လက်ကလေးကို ဂုဏ်ယူစွာ ဆန့်ထုတ်သည်။
"စားစရာ လိုချင်လို့လား" ဟု လီကျန့်ယီက မေးလိုက်သည်။
"ဖက်တီး..ဖက်တီး" ဝတုတ်လေးက ခေါင်းကို အပြင်းအထန် ညိတ်ပြ၏။
"ကောင်းပြီလေ၊ ဆုချတဲ့ အနေနဲ့ စားစရာကောင်းကောင်းတွေ ကျွေးမယ်" လီကျန့်ယီသည် ဖက်တီးလေးကို ရွှေလမြို့တော်၏ လမ်းမများပေါ်သို့ ခေါ်ဆောင်သွားကာ သူ၏ အစားအသောက်စားလိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် လီဟန်ယီအတွက်လည်း ပျင်းလျှင် သို့မဟုတ် ဗိုက်ဆာလျှင် စားနိုင်စေရန် မုန့်အချို့နှင့် အစေ့အဆန်များကိုပါ တစ်ခါတည်ဝယ်ပေးထားသည်။
"ဗိုက်ဝပြီလား"
ခေါက်ဆွဲဆိုင်၏ စားပွဲတွင် ထိုင်ကာ သူ၏ ဖြူဖွေးသော ဗိုက်ကို ပွတ်နေသော ဖက်တီးလေးကို ကြည့်ရင်း လီကျန့်ယီက မေးလိုက်၏။
"ဖက်တီး ဖက်တီး" ဖက်တိးလေးက ကျေနပ်အားရစွာဖြင့် သူ၏ ဗိုက်ကို ပုတ်ပြ နေသည်။
"စားသောက်ပြီးပြီဆိုတော့ ချန်းလျော့နဲ့ ကျီရွှယ်တို့ဆီ သွားဆော့တော့။ သက်တော်စောင့် ဘဝကို အရင်ဆုံး ကျင့်သားရအောင် လုပ်ထားဦး။"
"မင်းရဲ့ သခင်မလေးမှာ ကလေးရလာတဲ့အခါ ငါ့ရဲ့ကလေးကိုလည်း မင်းက စောင့်ရှောက်ရမှာ"
"ဒါကြောင့် ကျင့်ကြံခြင်းကို ကြိုးကြိုးစားစာကျင့်ကြံ" ဟု လီကျန့်ယီက မှာကြားလိုက်သည်။
"ဖက်တီး...ဖက်တီး" ဝတုတ်လေးမှာ အရာအားလုံးကို စီစဉ်ပြီးသားဖြစ်ကာ ပြဿနာမရှိကြောင်း အမူအရာ ပြလိုက်သည်။
"အရမ်းတော်တာပဲ ဖက်တီးလေး မင်းက တကယ်ကို ရည်မှန်းချက် ကြီးတာပဲ၊ မင်းရဲ့ သခင်နဲ့တောင် နည်းနည်း ဆင်တူသလိုပဲ" လီကျန့်ယီက ချီးကျူးလိုက်သည်။
"ကဲ... စားပြီး သောက်ပြီးပြီဆိုတော့ သွားဆော့တော့။ မင်းရဲ့ သခင်မလေး နိုးပြီလားဆိုတာ ငါ သွားကြည့်ဦးမယ်"
လီကျန့်ယီက ဖက်တီးလေးကို လွှတ်ထားပေးလိုက်ရာ ဖက်တီးလေးသည် လူအုပ်ထဲသို့ ခုန်ပေါက်ကာ ထွက်ခွာသွားတော့သည်။
ရွှေလမြို့တော်ရှိ လူများက ဖက်တီးလေးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိကြသဖြင့် ဖက်တီးကို မည်သူမျှ မထိရဲကြပေ။ အပြာရောင် နဂါးဖက်တီးသည် ကြည့်မျှော်စင်ပြီးလျှင် ရွှေလမြို့တော်၏ ဒုတိယမြောက် အထင်ရှားဆုံး အမှတ်အသားတစ်ခု ဖြစ်နေပြီဖြစ်သည် ။
မြို့စားအိမ် အိမ်တော်ရှိ လီဟန်ယီ၏ အခန်းသို့ ပြန်ရောက်သောအခါ လီကျန့်ယီသည် လီဟန်ယီ နိုးမလာသေးသည်ကို တွေ့လိုက်ရသဖြင့် ဝယ်လာသော အစေ့အဆန်များနှင့် မုန့်များကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။ အရာအားလုံး ပြင်ဆင်ပြီးနောက်တွင် လီဟန်ယီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို ကြည့်ရင်း လီကျန့်ယီလည်း အနည်းငယ် ပင်ပန်းသောကြောင့် အနားယူရန်ဆုံးဖြတ်လိုက်၏။ လီဟန်ယီကို နှိပ်စက်နေခဲ့သော သူကိုယ်တိုင်မှာလည်း အိပ်ရေးပျက်ထား ခဲ့သောကြောင့် ဖြစ်၏။
သူ၏ အဝတ်အစားများကို ချွတ်လိုက်ပြီးနောက် လီကျန့်ယီသည် လီဟန်ယီ၏ စောင်ထဲသို့ တိုးဝင်ကာ သူမကို ညင်သာစွာ ပွေ့ဖက်ရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။ ထိုအချိန်တွင် ဖက်တီးလေးသည် ချန်းလျော့နှင့် ကျီရွယ်တို့၏ ဘေးသို့ ပြန်ရောက်သွားသည်။
မိန်းကလေးငယ် နှစ်ဦးမှာ ရက်အတော်ကြာ မတွေ့ရသော ထိုချစ်စရာကောင်းသည့် ကောင်လေးကို မြင်လိုက်ရသည့်အခါ မှင်သက်ကာ အလွန်ဝမ်းသာသွားကြသည်။
"ဖက်တီးလေးရဲ့ ဗိုက်က လုံးနေတာပဲ၊ သူ တစ်နေရာရာမှာ စားစရာ သွားတောင်းစားထားတာလား"
"ဖက်တီး ...ဖက်တီး"
ဖက်တီးလေးက လက်ချောင်းလေးတစ်ခုကို ထုတ်ကာ ယမ်းပြလိုက်ပြီးနောက် လီဟန်ယီ၏ အခန်းဘက်သို့ ညွှန်ပြသည်။
"အစ်ကိုယီက ဖက်တီးလေးကို စားစရာကောင်းကောင်းတွေ သွားကျွေးတာလား" ကျီရွှယ်က ပါးနပ်စွာဖြင့် ခန့်မှန်းလိုက်သည်၊ ဖက်တီး၏ မူလသခင်မှာ လီကျန့်ယီ ဖြစ်သည်။
"ဖက်တိး ...ဖက်တီး" ဖက်တီးလေးက ခေါင်းကို အပြင်းအထန် ညိတ်ပြ၏။
" ကဲ... ဗိုက်ဝပြီဆိုရင်တော့ ဖက်တီးလေး... ငါတို့နဲ့အတူ ပုန်းတမ်းကစားမလား" ချန်းလျော့က ဖက်တီးလေးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
"ဖက်တီး"
ဖက်တီးလေးက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ လက်ကလေး နှစ်ဖက်ဖြင့် မျက်လုံးကို အုပ်ကာ ချစ်စရာကောင်းအောင် ရပ်နေ၏။ထိုမြင်ကွင်းကို မြင်သောအခါ ချန်းလျော့နှင့် ကျိရွှယ်တို့သည်လည်း ပုန်းမည့်နေရာကို ကျွမ်းကျင်စွာ ရှာဖွေနေကြပေသည်။
သို့သော် ပုန်းနေခြင်းမှာ သူတို့အတွက် မည်သို့မျှ အကျိုးထူးမည် မဟုတ်ပေ။ဖက်တီးတွင် ထူးကဲသော အနံ့ခံအာရုံ ရှိသောကြောင့် သူတို့ကို အမြဲတမ်း အလွယ်တကူ ရှာတွေ့နိုင်ပေသည်။သို့သော် ဖက်တီးက သူတို့ကို ချက်ချင်း သွားရှာမည် မဟုတ်ပေ။ အကယ်၍ ထိုသို့သာ လုပ်ပါက ကျီရွှယ်နှင့် ချန်းလျော့တို့မှာ ပုန်းတမ်းကစားသည့် အရသာကို ဆုံးရှုံးသွားမည်။
ထို့ကြောင့် ဖက်တီးလေးမှာ ကလေးထိန်းနှင့် သက်တော်စောင့်အဖြစ် အတော်လေး အတွေ့အကြုံ ရှိနေပြီ ဖြစ်ပေသည်။နဂါးဖက်တီးလေးသည် ကလေး၏ ပျော်ရွှင်မှု့ကို ဆက်လက်ထိန်းသိမ်းပေးထားသော သဘောဖြင့် ကွေ့ဝိုက်ရှာဖွေပေးနေတတ်၏။