← Chapters

သခင်မ ခင်ဗျားရဲ့သားကိုတော့ ကျောင်းတော်ကနေ အထုတ်မခံရစေချင်ဘူးမလား။

Vol. 1 Ch. 1

သခင်မ ခင်ဗျားရဲ့သားကိုတော့ ကျောင်းတော်ကနေ အထုတ်မခံရစေချင်ဘူးမလား။

Vol. 1 Ch. 1

“သခင်မ ခင်ဗျားရဲ့သားကိုတော့ ကျောင်းတော်ကနေ အထုတ်မခံရစေချင်ဘူးမလား...”

ဝမ်တောက်ကျောင်းတော်၏ရင်ပြင်တွင်။

အရပ်ရှည်ရှည်နှင့် ကျောင်းတော်သားဦးထုပ်ကို ဆောင်းထားသော ချောမောသည့် လူငယ်လေးက ငှက်မွေးယပ်တောင်ကို ကိုင်ကာ ပြုံးလျက် စကားဆိုနေသည်။

ထိုလူငယ်လေး၏ အမည်မှာ ချူဖုန်းပင် ဖြစ်ပါ၏။ သူ၏ရှေ့တွင်တော့ ခမ်းနားသည့် ဝတ်စုံကို ဆင်ယင်ထားသည့် ကျက်သရေရှိရှိ အမျိုးသမီးတစ်ဦးရပ်နေသည်။

သူမ၏အနက်ရောင်ဆံနွယ်ရှည်များသည် ပြောင်လက်နေပြီး သူမ၏ဆွဲဆောင်မှုရှိသည့် မျက်ဝန်းများမှာ ပူပန်သောကများ ယှက်သန်းနေသည်။

သူမ၏ ရင့်ကျက်ကာ ဆွဲဆောင်မှုရှိသော မျက်နှာမှာတော့ စိုးရိမ်စိတ်များ ပြည့်လျှံနေသည့် အတွက် သူမ၏အသွင်အပြင်မှာ ကျိုးပဲ့တော့မယောင်နှင့် အတော်လေး သနားစရာ ကောင်းပါ၏။

သူမကို မြင်လိုက်ရသည့် မည်သည့်အမျိုးသားမဆို ကာကွယ်ပေးချင်သည့်စိတ်များ ပေါ်လာမည်မှာ မလွဲဧကန်ပေ။

သို့သော်လည်း ချူဖုန်းက လက်ရှိအချိန်တွင် ထိုစိတ်ဓာတ်မျိုး မဝင်နိုင်သေးပါပေ။ သူသည် သူမ၏သားကိုသာ တပည့်အဖြစ် လက်ခံချင်နေ၏။

ချူဖုန်းသည် ဝမ်တောက်ကျောင်းတော်၏ သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူးဖြစ်သည်။ သို့သော် တစ်နေ့သော မနက်ခင်း၌ သူသည် ကျောင်းအုပ်ထံမှ တစ်လအတွင်း တပည့်တစ်ယောက် လက်မခံနိုင်လျှင် သောင်းပြောင်းပညာရပ်ဌာနကို ဖျက်သိမ်းမည်ဟူသော အမိန့်တစ်ခုကို လက်ခံရရှိခဲ့သည်။

ထိုသို့သာ ဖျက်သိမ်းခံရပါက ဌာနမှူးဖြစ်သည့်သူလည်း ဝမ်တောက်ကျောင်းတော်မှ အထုတ်ခံရပေလိမ့်မည်။ ထိုသတင်းကို သိပြီးသော် ချူဖုန်းက သင့်လျော်သည့် တပည့်တစ်ဦးကို စတင်ရှာဖွေပါတော့၏။

ချူဖုန်းက ကူးပြောင်းလာသူတစ်ဦးဖြစ်ပြီး လက်ရှိကမ္ဘာကြီးသို့ ရောက်ရှိနေခဲ့သည်မှာ နှစ်နှစ်ခွဲရှိနေပြီဖြစ်၏။သို့သော် သူ့ခင်ဗျာ မကျင့်ကြံနိုင်သည့်အတွက် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုတလေမျှပင် မသင်ကြားခဲ့ရချေ။

သူ၏ကြွယ်ဝသည့် ဗဟုသုတကို တည်မှီလျက် သူသည် ဝမ်တောက်ကျောင်းတော်၏ ဝင်ခွင့်ကို ရရှိခဲ့ပြီး သောင်းပြောင်းပညာရပ်ဌာန၏ တစ်ဦးတည်းသော တပည့်ဖြစ်လာသည်။ ကြွယ်ဝသည့် ဗဟုသုတဆိုသည်မှာလည်း သူ၏ ယခင်ဘဝက တတ်ကျွမ်းခဲ့သည့် ဂီတ၊စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီပညာရပ်များ ကြောင့်ပေ။

မဟုတ်လျှင် သူသည် အစာငတ်ပြတ်သေဆုံးကာ သမိုင်းတွင် သနားစရာအကောင်းဆုံး ကူးပြောင်းသူ ဖြစ်လာပေလိမ့်မည်။

သို့သော် လွန်ခဲ့သည့် ခြောက်လက ဤဌာနကို တည်ထောင်ခဲ့သည့် ဌာနမှူးဟောင်းသည် ကွယ်လွန်သွားခဲ့၏။ ကျောင်းတော်က နောက်ထပ်တစ်ယောက်ကို အစားထိုးအနေဖြင့် ထပ်မံ မစေလွှတ်ခဲ့ပေ။ ထို့ပြင် ယခင်ဌာနမှူး၏ထောက်ခံချက်နှင့်အတူ ချူဖုန်းသည် သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူးအသစ်ဖြစ်လာခဲ့သည်။ ထိုရာထူးက နားထောင်ရသည်မှာ မိမိုက်နေသော်လည်း လက်တွေ့တွင်တော့ သူက တပ်သားမရှိသော စစ်သူကြီးတစ်ဦးပမာပင်။ မဟုတ်လျှင် သူသည် တပည့်ထွက်ရှာဖို့ ရင်ပြင်ပေါ်အထိ ရောက်လာမည်မဟုတ်ပေ။

ထိုစဉ်မှာပင်။

ဓားပညာဌာန၏ ပါရမီရှင် ရှောင်ချန်းက မြူခိုးရွှံ့နွံကို သူ၏သတို့သမီးလောင်းအတွက် ရှားပါးရတနာကို ဝင်ရောက်ရှာဖွေပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကာ မသန်မစွမ်းတစ်ဦးဖြစ်သွားသည်။

ဓားပညာဌာနကလည်း ရှောင်ချန်းကို ထုတ်ပယ်ခဲ့၏။ ထို့ကြောင့် ချက်ချင်းပင် ချူဖုန်းက လက်ဦးမှုယူပြီး ရှောင်ချန်းကို သူ့ဘက်ပါအောင် စည်းရုံးနိုင်ဖို့ မျှော်လင့်ချက်ဖြင့် ရှောင်ချန်း၏အမေကို ဦးစွာ ရှာလိုက်သည်။

မျိုးရိုးနာမည်က ရှောင်၊ ကျဆုံးသွားသော ပါရမီရှင်တစ်ဦး၊ ယင်းက ဇာတ်လိုက်ကျော်မင်းသားတစ်ဦး၏ပုံစံခွက်ပေ။

ချူဖုန်းသည် ထိုလူငယ်လေးကို သူ၏လက်အောက်၌ ထားရန် ဆုံးဖြတ်ချက်ချလိုက်၏။

ရှောင်ချန်းသာ အမြင့်သို့ တက်လှမ်းသွားပါက သူလည်း ၎င်းထံမှ အကျိုးကျေးဇူးရနိုင်ပေသည်။

သခင်မရှောင်က လူငယ်လေးကို သတိကြီးစွာ ကြည့်နေ၏။ “ဆရာ ရှင့်မှာ ကျွန်မရဲ့သားကို ဝမ်တောက်ကျောင်းတော်မှာ ဆက်နေလို့ရအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းမျိုး ရှိတယ်လို ပြောလိုက်တာလား။”

ဝမ်တောက်ကျောင်းတော်သည် ဤကုန်းမြေတိုက်ကြီးပေါ်ရှိ မဟာအင်အားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သည်။ မရေမတွက်နိုင်သော လူငယ်ကျင့်ကြံသူလေးများ သင်ယူလေ့လာချင်သော မြင့်မြတ်နေရာလည်းဖြစ်၏။

ထိုနေရာ၌ တက်ရောက်သောသူများက နာမည်ကျော်ပါရမီရှင်များ သို့မဟုတ် စွမ်းအားကြီးမျိုးနွယ်များ၏ ဆက်ခံသူများ ဖြစ်သည်။

သူမ၏သားသည် မသန်မစွမ်းတစ်ဦးဖြစ်သွားခဲ့ပါ၏။ ဓားပညာဌာန၏ ဌာနမှူးပင် ရှောင်ချန်းကို ဆက်လက် လက်မခံထားနိုင်တော့ပေ။

ယခု ဤလူငယ်လေးကတော့ သူလုပ်နိုင်သည်ဟု ပြောလာသည်။ သူမသည် တစ်ဖက်သူ၏စကားကို မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပါပေ။

“သေချာတာပေါ့။ ကျုပ်က ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးဆယ်ယောက်ထဲက တစ်ယောက်ပဲလေ။ ကျုပ်မှာ ဝမ်တောက်ကျောင်းတော်ရဲ့ ဘယ်တပည့်မဆို တပည့်အဖြစ်လက်ခံနိုင်တဲ့ အခွင့်အာဏာရှိတယ်။ ပြီးတော့ ရှောင်ချန်းကလည်း ကျောင်းသားတစ်ယောက်ဖြစ်နေသေးတယ်မလား။”

ချူဖုန်း၏မျက်နှာသည် ယုံကြည်မှုများဖြင့် တောက်ပနေသည်။

“ရှင်က ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးဆယ်ယောက်ထဲက တစ်ယောက်လား။”

သခင်မရှောင်၏အသံက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမ၏မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်သွားရ၏။

ဝမ်တောက်ကျောင်းတော်၏ဌာနမှူးများသည် ဤတိုက်ကြီးပေါ်ရှိ လက်ရွေးစင် လေးစားခံလူတန်းစားများဖြစ်ကြသည်။

သို့သော် သူမကတော့ ဤမျှငယ်သည့် ဌာနမှူးရှိကြောင်းကို မသိခဲ့ရပါချေ။

ချူဖုန်းက ခေါင်းညိတ်သည်။ “ဟုတ်တယ်။ ကျုပ်က သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးပဲ။ လွန်ခဲ့တဲ့ခြောက်လကမှ ဒီရာထူးကို ယူထားတာလေ။”

“ ဪ...သောင်းပြောင်းပညာရပ်ဌာနလား။”

သခင်မရှောင်က ထိုစကားသုံးလုံးကို ကြားသော် ယခင်ကလေးတင် ပေါ်ပေါက်လာသော မျှော်လင့်ချက်ပန်းဖူးလေးမှာ ချက်ချင်းပင် ညှိုးနွမ်းသွားတော့သည်။

ဝမ်တောက်ကျောင်းတော်၏ဌာနဆယ်ခုတွင် သောင်းပြောင်းပညာရပ်ဌာနသည် အောက်ခြေအဆင့်၌သာရှိ၏။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကလည်း ရိုးရှင်းပေသည်။ ယင်းဌာနက ကျင့်ကြံခြင်းနည်းစနစ် သို့မဟုတ် အဆောင်ပြုလုပ်ခြင်း၊ဆေးသန့်စင်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် အစီအရင်ခင်းကျင်းခြင်းတို့ကဲ့သို့သော အရေးကြီးသည့် ပညာရပ်များကို သင်ကြားပေးခြင်း မရှိပေ။

ယင်းက ဂီတ၊စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီနှင့် လက်ဖက်ရည်တည်ခင်းခြင်းတို့ကဲ့သို့ ပညာရပ်များကိုသာ သင်ကြားပေးပါသည်။

ဤလောကကြီး၏ အမြင်တွင်တော့ ၎င်းပညာရပ်များက တန်ဖိုးမရှိပေ။

‘ချူဖုန်းက သခင်မရှောင်၏အတွေးကို မမြင်ဘဲ နေမလား။’

သို့သော် သူက ယနေ့တွင် ထိုစကားလာမပြောလိုက်လျှင် တပည့်တစ်ယောက်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

“သခင်မ ဝမ်တောက်ကျောင်းမှာ ဆက်နေတာက အခွင့်အရေးတစ်ခုရှိမယ်လို့ မထင်ဘူးလား။”

“ခင်ဗျားရဲ့သားက ကျောင်းတော်ကနေ ထွက်သွားရင် သူကျင့်ကြံဖို့ အခွင့်အရေးဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။”

“သူသာ ဆက်နေရရင် ကျုပ်က သူ့ရဲ့ လုံခြုံရေးကို အာမခံပေးနိုင်တယ်။ ဒါပေမဲ့ သူက ကျောင်းတော်ကနေ တစ်ခါလောက် ထွက်လိုက်တာနဲ့ အသက်ရှင်မလား သေမလားဆိုတာကတော့ နောက်ထပ် မေးခွန်းတစ်ခု ဖြစ်သွားပြီ။”

သခင်မရှောင်က ထိုသည်ကို ကြားသော် မျက်မှောင်အသာကြုတ်လိုက်မိ၏။ တစ်ဖက်လူပြောတာမှန်သည်ကို သူမသိပါသည်။

သူမ၏သားကသာ ဝမ်တောက်ကျောင်းတော်၏အကာအကွယ်ကို ဆုံးရှုံးသွားခဲ့လျှင် အိမ်ပြန်ခြင်းကပင် သူမသား၏အသက်ကို အာမ မခံနိုင်ချေ။

ယင်းက လောင်းကစားပွဲတစ်ခုအတိုင်းပေ။ သူမသည် လက်ရှိတွင် အနိုင်အရှုံးမသိရသေးခင် ဆုံးဖြတ်ချက်ချရပေတော့မည်။

သို့ဖြစ်၍ သူမက ချူဖုန်းကို အသာအယာ ဦးညွှတ်လိုက်၏။ “ ကျွန်မရဲ့ သားကို တပည့်အဖြစ် လက်ခံပေးချင်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မ ရှောင်ချန်းကို အခုချက်ချင်းသွားခေါ်ပေးပါမယ်။ ဒါမှလည်း သူက ဆရာသခင်အဖြစ် ကိုယ်တိုင်ကိုယ်ကျ တရားဝင် အသိအမှတ်ပြုနိုင်မှာပါ။”

“ကောင်းပြီလေ”

မလိုလားအပ်သည့် ရှုပ်ထွေးမှုများ ဖြစ်မလာစေရန် ချူဖုန်းက ချက်ချင်းပင် ဆိုလိုက်သည်။ “သခင်မရှောင် ကျုပ် ခင်ဗျားနဲ့ အတူလိုက်ခဲ့ရင် ပိုကောင်းမယ်။ ဒါဆို ကျုပ်တို့တွေ အချိန်ကုန်သက်သာတာပေါ့။”

“ကျေးဇူးတင်ပါတယ် ဆရာ”

သခင်မရှောင်၏မျက်လုံးထဲတွင် မျှော်လင့်ချက်မီးပွားလေး တောက်ပသွားသည်။ “ ဒါဆိုလည်း ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါရှင်။”

ချူဖုန်းက သခင်မရှောင်၏နောက်သို့ လိုက်သွားစဉ် သူ၏ စိတ်ထဲသို့ စက်ရုပ်သံတစ်သံ ထွက်ပေါ်လာသည်။

“ဒင်။ လက်ခံသူက လက်ရှိကမ္ဘာကြီးထဲသို့ ရောက်ရှိခဲ့တာ နှစ်နှစ်ကျော် ပါပြီ။ ယခု တပည့်လက်ခံတော့မည့် အတွက် စနစ်က တရားဝင် အသက်ဝင်လာခဲ့ပါပြီ။”

‘ဟ သောက်ကျိုးနည်း’

ချူဖုန်းက သူ၏စိတ်ထဲကနေ အော်ဟစ်လိုက်မိ၏။ ‘ရောက်လာပြီ။ နောက်ဆုံးတော့ ရောက်လာပြီဟ။ ငါ့ရဲ့ စနစ်က နောက်ကျနေပေမဲ့လည်း ရောက်လာပြီကွ။ ဟားဟားဟား။”

ကူးပြောင်းသူတစ်ဦးအနေဖြင့် ချူဖုန်းက စနစ်တစ်ခုကို အသက်ဝင်လာစေရန် မရေမတွက်နိုင်သော နည်းလမ်းများဖြင့် အကြိမ်ကြိမ် ကြိုးစားခဲ့လေသည်။ သို့သော် သူ၏ အားစိုက်ထုတ်မှုများဖြင့် မထိုက်တန်စွာပင် စနစ်က ဘယ်သောအခါမျှ မတုံ့ပြန်လာပေ။

‘စနစ်ကို အသက်သွင်းဖို့က တပည့်လက်ခံလိုက်ရုံလောက် ရိုးရှင်းမယ်လို့ ဘယ်သူက ထင်မှာလဲ။’

ဤလောကကြီးတွင် ကောင်းကင်၊ မြေကြီး၊ မင်း၊ မိဘနှင့် ဆရာသမားကို အထွတ်အမြတ်ထားကာ လေးစားရ၏။ ကလေးများသည် သူတို့မိဘများ၏ အမိန့်ကို မနာခံခြင်းက ဖြစ်တောင့်ဖြစ်ခဲပေ။

ယခု သခင်မရှောင်က သူမ၏သားကို ချူဖုန်း၏တပည့်အဖြစ် သဘောတူလိုက်ပေသည်။ သို့ဖြစ်၍ ယခုချိန်တွင် ရှောင်ချန်းက သူ၏တပည့်ဖြစ်နေလေပြီ။ ငြင်းခုံနေစရာ မလိုအပ်တော့ပေ။

“စနစ် မင်းမှာ ဘယ်လိုလုပ်ဆောင်ချက်တွေ ရှိလဲ။”

ချူဖုန်းက သူ၏နှလုံးသားထဲက စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လျက် တိတ်ဆိတ်စွာ မေးလိုက်၏။

“စနစ်က တပည့်လက်ခံခြင်းစနစ်ပါ။ တပည့်တစ်ယောက်လက်ခံတိုင်း လက်ခံသူက ဆုလာဘ်များ ရရှိပါမယ်။ အထူးလုပ်ဆောင်ချက်များကိုတော့ လက်ခံသူက ကိုယ်တိုင်ရှာဖွေပါ။”

ထိုအသံ၏အဆုံး၌...

ချူဖုန်း၏စိတ်ထဲတွင် တောက်ပနေသည့် မျက်နှာပြင်တစ်ခု ပေါ်လာသည်။

────────────────────────────

[အမည်]:ချူဖုန်း

[ကျင့်ကြံခြင်း]:မရှိ

[နည်းစနစ်]: မရှိ

[ ဘဝသက်တမ်း ]: ၂၂ / ၇၉

[ပါရမီ]:

• ဂီတ

• စစ်တုရင်

• လက်ရေးလှ

• ပန်းချီ

• လက်ဖက်ရည်အခမ်းအနား

(မဟာဆရာသခင်အဆင့်: ပြီးပြည့်စုံခြင်းအဆင့်)

[ အကဲဖြတ်ချက် ] အလွန်အားနည်းလွန်းသဖြင့် စနစ်က မှတ်ချက်မပေးလိုပါ။

────────────────────────────

“မင်းလို စနစ်ကတောင် ငါ့ကို အထင်သေးမယ်လို့ မထင်ထားဘူး။”

ချူဖုန်းက ရေရွတ်ညည်းတွားလိုက်၏။

ယခုတော့ သူ့တွင် စနစ်ရှိနေပြီဖြစ်သည့်အတွက် သူ၏အနာဂတ်လမ်းကြောင်းက တောက်ပနေပြီဖြစ်သည်။ အထွတ်အထိပ်ကို‌တက်လှမ်း၊ မိန်းမလှလေးတွေကို လက်ထပ်___တွေးကြည့်ရုံဖြင့် ချူဖုန်း၏နှလုံးက စတင်ခုန်ပေါက်လာသည်။

သူ၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး ညင်သာသည့် အပြုံးတစ်ပွင့်ဖြစ်တည်လာရသည်။

ထိုအခိုက် သခင်မရှောင်က ရုတ်တရက်ရပ်လိုက်ပြီး သူ့ကို ကြည့်လာ၏။

သူမက ချူဖုန်း၏အပြုံးကို မြင်သော် မနေနိုင်တော့ဘဲ မေးလိုက်သည်။ “ဆရာ ဘာတွေတွေးပြီး ပြုံးနေတာလဲရှင်။”

ချူဖုန်းက အသာအယာပြုံးသည်။ “ကျုပ်ကို ပျော်စေတဲ့ အတွေးပေါ့‌ဗျာ။”

သခင်မရှောင်က ဆက်မမေးတော့ဘဲ ပြောလိုက်သည်။ “ဆရာ ကျွန်မသားရဲ့ အိမ်က ရှေ့တည့်တည့်မှာပါ။ ကျွန်မသူ့ကို အခုသွားခေါ်လိုက်မယ်။ ဒါမှ သူက ဆရာ့ကို ကြိုဆိုနိုင်မှာ။”

ချူဖုန်းက သူတို့သည် ဓားပညာဌာန၏ အပြင်စည်းတပည့်ခြံဝန်းသို့ ရောက်နေကြောင်း တွေ့လိုက်၏။ သူက ခေါင်းညိတ်ကာ ‌ဆိုသည်။ “ကောင်းပြီ။ ကျုပ် သခင်မကို ဒီကပဲ စောင့်နေပါ့မယ်။”

All Chapters