သူရဲ့နောက်ကျောက စီနီယာအစ်ကိုကြီးနဲ့ ဆင်တယ်။
Vol. 1 Ch. 9
ယန်မန် ရွှံ့ညွှန်။
ဤနေရာသည် ရွှံ့နွံအိုင်များဖြင့် ပြည့်နှက်နေပြီး တစ်နှစ်ပတ်လုံးအဆိပ်မြူခိုးများအုံ့ဆိုင်းနေကာ နတ်ဆိုးသားရဲများ ကျင်လည်ကျက်စားကြသည့်အတွက် လူသူအရောက်အပေါက်နည်းပါးလှသည်။
သို့သော် ယင်းကပင် စွန့်စားသူများအတွက် သုခဘုံတစ်ခုပင်ဖြစ်၏။ ထို့အပြင် မရေမတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူတို့၏ ပုန်းအောင်းခိုလှုံရာ နေရာလည်းဖြစ်သည်။
ရှောင်ချန်းသည် အနက်ရောင်ဝတ်ရုံကြီး ဝတ်ဆင်ထားပြီး ကျောတွင် ဓားရှည်တစ်ချောင်းလွယ်ကာ ယန်မန်ရွှံ့ညွှန်တွင် စိမ်ပြေနပြေလျှောက်လှမ်းနေသည်။
သူသည် ဤနေရာသို့ လွန်ခဲ့သည့် လအနည်းငယ်တုန်းကလည်း လာခဲ့ပါသေးသည်။ သူက ထိုမိန်းမအတွက် ငါးရောင်ခြယ်ရေခဲကြာပန်းကို လာရှာခဲ့ခြင်းဖြစ်သည်။
ယခု ပြန်ရောက်လာချိန်တွင် ရှောင်ချန်း၏ခံယူချက်သည် လုံးဝကို ပြောင်းလဲသွားပြီဖြစ်သည်။
ဤတစ်ကြိမ်တွင် သူသည် ယခင်ကိစ္စကို လွမ်းဆွတ်တမ်းတရန် လာခြင်းမဟုတ်ပေ။ အပြစ်ကင်းစင်သည့် အမျိုးသမီးများကို သွေးဆောင်ဖြားယောင်းနေသည့် နတ်ဆိုးကျင့်ကြံသူ ဟွာကျွင်းကျစ်ကို လာရောက်သတ်ဖြတ်ခြင်းဖြစ်သည်။
ထိုသူသည် တာအိုတည်ဆောင်ခြင်းအထွတ်အထိပ်အဆင့်သို့သာ ရောက်သေး၏။ သို့သော် သူသည် အထူးလွတ်မြောက်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ထားသည်။
ထို့အပြင် သူသည် အဆိပ်နှင့်ဆေးပညာတွင် ကျွမ်းကျင်ပြီး စစ်မှန်ကံကြမ္မာအဆင့်က အမျိူးသမီးများကိုပင် ဒုက္ခပေးဖူးသည်။ ကောင်းကင်ဇာစ်မြစ်အဆင့်က အမျိုးသမီးများပင် သူ့ကြောင့် အရှက်ကွဲခဲ့ရလေသည်။
စွမ်းအားကြီးကျင့်ကြံသူအချို့က ထိုသူကို သတ်ဖြတ်ရန်ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့၏။
ဟွာကျွင်းကျစ်တွင် ပုံမှန်မဟုတ်သည့် အမူအကျင့်ရှိသည်။ သူသည် လိင်မှုကိစ္စများကို တောထဲ၌ ဖြေရှင်းရခြင်းကို နှစ်သက်ပြီး အထိန်းအမှတ်ဖြစ် သားကောင်များ၏ အတွင်းဝတ်များကို ယူသွားလေ့ရှိသည်။
ရှောင်ချန်းသည် ဟွာကျွင်းကျစ်က ယန်မန်ရွှံ့ညွှန်၌ ပုန်းအောင်းနေကြောင်း သိထားသည်။
တည်နေရာအတိအကျကိုတော့ မသိရသေးချေ။
ရှောင်ချန်းသည် ဤတာဝန်ကို ရွေးချယ်ခဲ့ရခြင်းမှာ သူလေ့ကျင့်မည့်နေရာနှင့် ဟွားကျွင်းကျစ်၏တည် နေရာက တူနေသောကြောင့်ဖြစ်သည်။
ဟွာကျွင်းကျစ်ကို ဖမ်းမိမလား မမိဘူးလားဆိုသည်မှာ သိပ်အရေးမကြီးချေ။ သူသည် နှစ်လပြည့်လျှင် ဝမ်တောက်ကျောင်းတော်သို့ ပြန်မှာဖြစ်သည်။
“တစ်ယောက်ယောက် တိုက်ခိုက်နေတာပဲ။”
ရှောင်ချန်းသည် ရုတ်ချည်းရပ်တန့်လိုက်သည်။
သူ သောင်းပြောင်းပညာရပ်ဌာန၌ ကျင့်ကြံနေခဲ့သည့် အတောအတွင်း သူ၏နတ်ဘုရားအာရုံမှာ သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။
မူလကတော့ သူ၏စိတ်ဝိညာဉ်အာရုံသည် စစ်မှန်ကံကြမ္မာတစ်ဝက်အဆင့်၌ ဖြစ်သည်။ ဈာန်ဝင်စားခြင်းကို လပေါင်းများစွာ လေ့ကျင့်ပြီးနောက် ယင်းသည် စစ်မှန်ကံကြမ္မာအဆင့်သို့ရောက်ရှိသွားသည်။
ယခုတော့ သူ၏နတ်ဘုရားအာရုံသည် တစ်မိုင်ပတ်လည်သို့ လွှမ်းခြုံနေနိုင်ပြီဖြစ်၏။
သူသည် ဆူညံသံထွက်လာသောနေရာသို့ အလိုလိုလှမ်းလိုက်ပြီး အခြားသူများကို သတိမပေးမိစေရန် သူသည် နတ်ဘုရားအာရုံကို သေချာလေး ပြန်လည်ရုတ်သိမ်းလိုက်သည်။
ခဏမျှကြာပြီးနောက် သူသည် တိုက်ပွဲနယ်နိမိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုနေရာမှနေ၍ သူသည် ဝမ်တောက်ကျောင်းတော်၏အပြင်စည်းဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်အချို့ကို တွေ့လိုက်သည်။
ထိုအထဲတွင် သူမျက်မှန်းတန်းမိသည့် သူများလည်း ရှိ၏။
ထိုအထဲတွင်တော့ သူအပြင်စည်းဂိုဏ်းသားဘဝတုန်းက အရင်းနှီးဆုံးဖြစ်ခဲ့သည့် သူ၏ဂျူနီယာညီမလေး လွီယွဲ့အာပင် ပါဝင်၏။
ရှောင်ချန်းသည် လွီယွဲ့အာကိုမြင်သည့်အခိုက် သူ၏ခံစားချက်များသည် ရှုပ်ထွေးသွားသည်။
သူ မကျင့်ကြံနိုင်တော့သည့်အချိန်တုန်းက သူ့ကို လှောင်ပြောင်ခဲ့သည့် အခြားကျင့်ကြံသူများနှင့် မတူသည်က လွီယွဲ့အာသည် သူ့ကို တစ်ခါလေးတောင် မလှောင်ပြောင်ခဲ့ချေ။
သူမသည် သူ့ကို နေ့တိုင်းလာရောက် အားပေးခဲ့ပြီး သူ၏ပြဿနာတစ်ဝက်လောက်ကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်သည်။
ထိုတုန်းက ရှောင်ချန်းသည် သူ၏သနားစရာအခြေအနေကို မည်သူ့ကိုမျှ မမြင်စေလိုသည့်အတွက် သူမကို တွန်းထုတ်ခဲ့မိသည်။
သူမ မထွက်သွားခင်အထိ သူမက သူ့ကို နှစ်သိမ့်နေခဲ့သည်။ “ကျွန်မ သေချာပေါက် မြင့်မြတ်ဆေးလုံးရှာပြီး စီနီယာရဲ့ဒန်ထျန်းကို ပြန်ကုသပေးပါမယ်။ စီနီယာ ကိုယ့်ကိုယ်ကိုယ် လက်မလျှော့ရဘူးနော်။”
ယခုအခါ၌ လွီယွဲ့အာတို့သည် မင်းကုသကဲ့သို့ အကျည်းတန်ရုပ်ဆိုးလွန်းသော ကျောင်းတော်သားဝတ်စုံဝတ်အမျိုးသားတစ်ဦးနှင့် တိုက်ခိုက်နေခဲ့သည်။
‘ဟွာကျွင်းကျစ်ပဲ’
ရှောင်ချန်းသည် ယန်မန်ရွှံ့ညွှန်သို့ရောက်လာပြီး တစ်လပင်မပြည့်လိုက်ရဘဲ ထိုသူကို တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။
‘ဒီလိုကြီး တည့်တည့်လာတိုးတာပဲ။’
သို့သော် လက်ရှိအခြေအနေအရ ဝမ်တောက်ကျောင်းတော်မှ အခွင့်မသာလှပေ။
လွီယွဲ့အာနှင့်ကျန်သည့်အမျိုးသမီးတပည့်တစ်ဦးမှလွဲ၍ ကျန်သူများမှာ လဲပြိုကျနေပြီး မတိုက်ခိုက်နိုင်တော့ပေ။
သူတို့၏ပုံစံများသည် ဟွာကျွင်းကျစ်၏ဆေးကြောင့် ဖြစ်ဟန်ပင်။ ဟွားကျွင်းကျစ်၏ဆေးဆိုသည်မှာ အရိုးပျော့အမတပေါင်ဒါမှုန့်ကိုဆိုလိုခြင်းပေ။ ၎င်းဆေးသည် နီဗားနားရှင်သန်ခြင်းအဆင့်အောက်မှ ကျင့်ကြံသူတိုင်းကို စိတ်ဝိညာဉ်စွမ်းအင်ထုတ်သုံးလို့မရအောင် လုပ်နိုင်သည်ဟုဆို၏။
ဘုန်း။
ဟွာကျွင်းကျစ်သည် သူ၏ယပ်တောင်ကို ရုတ်တရက်ခါရမ်းလိုက်ပြီး လွီယွဲ့အာနှင့် ကျန်ရစ်ခဲ့သည့်မိန်းကလေးထံသို့ ပြေးသွားသည်။
ဖွီး။
နှစ်ယောက်လုံးသည် သွေးအန်လိုက်ရပြီး ပြင်းထန်သည့်အတွင်းဒဏ်ရာများ ရသွားကြသည်။
“ဟီးဟီးဟီး…”
ဟွာကျွင်းကျစ်သည် ယုတ်မာတော့မည့်ဟန်ဖြင့် ညစ်ကျယ်ကျယ်ရယ်မော၏။
“ဘယ်သူကများ ထင်မှာလဲ။ ဒီလိုနေရာကြီးမှာ မင်းတို့လိုအလှလေးနှစ်ယောက်က ငါ့ဆီကို တည့်တည့်ကြီးတိုးဝင်လာမယ်ဆိုတာလေ။ ကြည့်ရတာ ဒီနေ့ဟွာကျွင်းကျစ်ကို ကံကြမ္မာက မျက်နှာသာပေးနေတယ်ထင်တယ်။”
“ရှင်...ရှင်က စစ်မှန်ကံကြမ္မာအဆင့်က ကျင့်ကြံသူပဲ။”
လွီယွဲ့အာသည် သူမ၏နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်ပြီး သူမရှေ့က ရုပ်ဆိုးဆိုးအမျိူးသားကို တစ်ခါမှမမြင်ဖူးသလိုမျိုး ကြည့်လိုက်၏။
“ဟက်..ဟက်။ ငါ့မှာသာ လှည့်ကွက်တွေမရှိရင် မင်းတို့လိုလမ်းမှန်ဂိုဏ်းက ကြွက်စုတ်တွေကြောင့် သေနေတာ ကြာပြီ။” ဟွာကျွင်းကျစ်သည် နှာခေါင်းရှုပ်လျက် ထိုမိန်းကလေးနှစ်ဦးဆီသို့ ပိုမိုကပ်လာသည်။
လွီယွဲ့အာသည် ပြန်လည်တိုက်ခိုက်ချင်လှ၏။သို့သော် ထိုအခိုက် သူမ၏စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ချိတ်ပိတ်ခံထားရကြောင်း တွေ့ရှိသွားတော့၏။ သူမသည် အားအင်အနည်းငယ်ကလေးတောင် မထုတ်သုံးနိုင်တော့ချေ။
‘ငါ လျှို့ဝှက်နည်းစနစ်ကို သုံးလိုက်ရမလား။’
သို့သော် ထိုအပြုအမူကလေးသည် ဟွာကျွင်းကျစ်၏အာရုံမှ မလွတ်မြောက်နိုင်ပေ။ သူသည် တဏှာခိုးဝေနေသည့် အသံဖြင့် ရယ်မောလာ၏။ “အလှလေးတွေ ရုန်းကန်မနေပါနဲ့တော့။ အစောပိုင်း မင်းတို့ ငါကို တိုက်ခိုက်နေတည်းက မင်းတို့က င့ါရဲ့ အရိုးပျော့အမှုန့်ကို မိထားပြီးသား။ ကောင်းကင်ဇာစ်မြစ်အဆင့်ကသူတွေတောင် ငါ့ရဲ့ဆေးကို မိရင် ဘာမှမလုပ်နိုင်တော့ဘူး။ မင်းတို့လို တာအိုတည်ဆောက်ခြင်းအဆင့်က မိန်းမငယ်လေးနှစ်ယောက်ဆို ပိုဆိုးတယ်။”
ရှောင်ချန်းသည် ရှေ့က ဖြစ်စဉ်ကို တိတ်ဆိတ်စွာသာ လေ့လာနေသည်။ သူ၏မျက်လုံးထဲတွင် မည်သည့်ဒေါသအရိပ်အငွေ့မျှ မရှိပေ။ သူသည် နောက်ကျောမှဓားကိုသာ ဖြည်းညင်းစွာ ဆွဲထုတ်ကာ အာရုံနှစ်လိုက်၏။
ဟွားကျွင်းကျစ်ကဲ့သို့ လွတ်မြောက်ခြင်းအတတ်ပညာ၌ တစ်ဖက်ကမ်းခတ်တော်သူမျိုးနှင့် ရင်ဆိုင်ရာတွင် ရှောင်ချန်းတွင် အခွင့်အရေးတစ်ခုသာ ရှိပါ၏။
သို့သော် သူသည် ထိုတစ်ချက်တည်းနှင့်ပင် ရင်ဆိုင်နိုင်သည်။
ရှောင်ချန်းသည် ယခင် ဓားဆန္ဒကို နားမလည်ခင်ကပင် သူ့ထက်အဆင့်မြင်သော ရန်သူများကို စိန်ခေါ်တိုက်ခိုက်နိုင်ခဲ့သည်။
ဟွာကျွင်းကျစ် လွီယွဲ့အာနားရောက်တော့မည့်အခိုက်မှာပင် သူသည် ရုတ်တရက် ရပ်တန့်သွားတော့၏။
သူသည် အန္တရာယ်ကို မသိစိတ်က ခံစားမိလိုက်သည်။
ထိုစိတ်ကလည်း သူသည် သူ့ထက်ပိုအဆင့်မြင့်သော ကျင့်ကြံသူများလက်မှ အကြိမ်ကြိမ်လွတ်မြောက်လာရသည့် အကြောင်းပင်။
ဟွာကျွင်းကျစ်သည် အန္တရာယ်လာရားဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။ “ဘယ်သူလဲ”
ကလန်။
ကြည်လင်သည့် ဓားမြည်သံလေးသည် ရွှံ့ညွန်တလျှောက် ပဲ့တင်ထပ်လာခဲ့၏။
ဓားချီတစ်ချက်သည် ဟွားကျွင်းကျစ်ထံသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်။
“င...ငါ့ လခွမ်း ဘယ်မေနိုးက ချောင်းတိုက်တာလဲ။”
ထိုစကားထွက်လာသည့်အခိုက်မှာပင် ဟွာကျွင်းကျစ်သည် သူ၏လွတ်မြောက်ခြင်းနည်းစနစ်များကို အသက်သွင်းလိုက်သည့်အတွက် သူ၏ပုံရိပ်မှာ မှုန်ဝါးသွားတော့သည်။
သို့သော် ခဏမျှကြာပြီးနော် သူသည် ကမ္ဘာကြီးက လည်သွားသည်ကို ခံစားလိုက်ရ၏။
သူသည် မသိစိတ်မှ ကြည့်လိုက်မိ၏။
ထိုအခိုက် ကောင်းကင်ကနေ ခေါင်းပြတ်နေသည့် ခန္ဓာကိုယ်ကြီးတစ်ခု ပြုတ်ကျလာနေသည်။
‘အဲဒီခန္ဓာကိုယ်ကို ရင်းနှီးနေသလိုပဲ။ ငါ့ဟာများလား။’
‘ဘယ်လိုတောင် ဖြစ်ကုန်တာလဲဟ။ ဘယ်သူက သိုင်းကျင့်ဝတ်ကို ချိုးဖောက်သွားတာလဲ။’
မလိုလားမှုများ ထိတ်လန့်မှုများနှင့်အတူ ဟွာကျွင်းကျစ်၏ခေါင်းပြတ်ကြီးသည် ရွှံ့မြေတလျှောက် အကြိမ်အနည်းငယ်မျှလိမ့်သွားခဲ့ပြီးမှ ရပ်တန့်သွားတော့သည်။
တိတ်ဆိတ်ခြင်း။
တိုက်ပွဲမြေပြင်သည် သေလောက်အောင် တိတ်ဆိတ်သွားသည်။
ဝမ်တောက်ကျောင်းတော်၏တပည့်သားချင်းများသည် ကြောင်အသွားလျက် မြေပြင်ပေါ်က ခေါင်းပြတ်ကြီးကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်သွား၏။
‘သူတို့ထဲက ဘယ်သူမှ ဒီဒေသမှာ ဆယ်စုနှစ်လောက်ထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဟွာကျွင်းကျစ်က ဓားချက်တစ်ချက်တည်းနဲ့ သေသွားမယ်လို့ မယုံကြည်ပေ။’
ရှပ်....ရှပ်....
အဝေးမှ ခြေသံဖွဖွထွက်လာသည့်အခါမှသာ လူတိုင်းသည် သတိပြန်ဝင်လာကြသည်။
သူတို့က အသံလာရာဘက်သို့ ကြည့်လိုက်သော် တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံခြုံထားပြီး အနက်ရောင်မျက်နှာဖုံးဖြင့် အရပ်ရှည်ရှည်လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် ဟွာကျွင်းကျစ်၏ အလောင်းနားသို့ တည်ငြိမ်စွာ လျှောက်လာပြီး ပစ္စည်းများ သိမ်းဆည်းတော့သည်။
ရှောင်ချန်းသည် တစ်ကိုယ်လုံးကို ရုပ်ဖျက်ကာ ဖုံးကွယ်ထားသည့်အတွက် မည်သူမှ သူ့ကို သတိမပြုမိပေ။
သူသည် ဟွာကျွင်းကျစ်၏အလောင်းကို စကားတစ်ခွန်းမပြောဘဲ သယ်ကာ ယူသွားတော့သည်။
မည်သူမျှစကားမပြောနိုင်ခင်မှာပင် အထီးကျန်ဆန်သည့် ထိုပုံရိပ်သည် မြူနှင်းများကြားတွင် ပြန်လည်ပျောက်ကွယ်သွားတော့၏။
အချိန်ခဏမျှကြာပြီးနောက် လူအုပ်ကြီးသည် သတိပြန်ဝင်လာနိုင်၏။
ဝမ်တောက်ကျောင်းတော်၏တပည့်တစ်ယောက်သည် နောင်တရစွာ ပြောသည်။ “သေလိုက်ပါတော့။ ကျုပ်တို့တွေ အဲဒီစီနီယာကို နှုတ်တောင်မဆက်လိုက်ရဘူး။”
ကျန်သောသူများကလည်း သူတို့ကိုယ်သူတို့ ကြောင်အနေသည့်အတွက် အပြစ်တင်လိုက်ကြသည်။
“ဟွာကျွင်းကျစ်လိုကောင်ကို ဓားတစ်ချက်နဲ့ သတ်နိုင်တယ်ဆိုတော့ သူကကောင်းကင်ဇာစ်မြစ်အဆင့်ဖြစ်ရမယ်။”
“ကျုပ်လည်း သူက ကောင်းကင်ဇာစ်မြစ်ဟုတ်မဟုတ် မသိဘူး။ ဒါပေမဲ့ ခုနဓားချက်မှာ ဓားဆန္ဒပါတယ်။ အရင်တုန်းက ကျုပ်တို့ရဲ့ ကျောင်းက အတွင်းစည်းပါရမီရှင်တပည့်တစ်ဦးက အဲလိုဆင်တူတာမျိုးသုံးဖူးတယ်။”
ဟူလားလား…
လူတိုင်းသည် သက်မချမိသည်။
သူတို့လို အပြင်စည်းတပည့်များအတွက် ဓားဆန္ဒဆိုသည်က သူတို့ဘဝတွင် မရောက်နိုင်သည့်အဆင့်ပင်။ အိပ်မက်သာသာဟုသာ ဆိုရမည်။
လွီယွဲ့အာတစ်ယောက်သာ မျက်မှောင်အသာကြုတ်ပြီး ထိုလူထွက်သွားသောနေရာသို့ ကြည့်နေခဲ့သည်။ “ခုနကသူက စီနီယာအစ်ကိုနဲ့ တော်တော်တူတာပဲ။”