ရှောင်ချန်း__ သတ်ဖြတ်ခြင်းနတ်ဘုရား ဝတ်ရုံနက်။ ဘယ်လိုနာမည်ပြောင်မျိုးလဲဟ။
Vol. 1 Ch. 10
“ဂျူနီယာညီမလေးလွီ နင် အမြင်မမှားတာ သေချာလို့လား။ ခုနလူက ဘယ်လိုလုပ်ပြီး အဲဒီမကျင့်ကြံနိုင်တော့တဲ့ ရှောင်ချန်းဖြစ်နိုင်မှာလဲ။”
အမျိုးသားတပည့်တစ်ဦးသည် ရှောင်ချန်း၏အမည်ကို မကျေလည်မှု အတိုင်းသားဖြင့် ပြောလာ၏။
သူသည် လွီယွဲ့အာကို လိုက်နေသည်မှာ ကြာခဲ့ပေပြီ။ သူမကလည်း ရှောင်ချန်းနှင့်အနေနီးတော့ သူက ရှောင်ချန်းကို ကြည့်မရတာ ကြာပေပြီ။ ရှောင်ချန်း မသန်မစွမ်းဖြစ်သွားကြောင်း ကြားသည့်နေ့က သူရက်အတော်ကြာ အောင်ပွဲခံခဲ့ပေ၏။
သူသည် နောက်လိုက်အချို့ကိုပင်စေလွှတ်ပြီး ရှောင်ချန်းကိုခက်ခဲအောင် လုပ်ခဲ့သေးသည်။
သူသည် အစတုန်းကတော့ လွီယွဲ့အာသည် ရှောင်ချန်းကို လက်လျော့လိုက်ပြီဟု ထင်ခဲ့သည်။ သို့သော် သူမက လက်မလျှော့သေးဘူးဆိုတာ သိလိုက်ရသည့်အခိုက် အံ့ဩသွားတော့၏။
ဤလေ့ကျင့်ရေးခရီးစဉ်ကလည်း သူမနှင့် ပိုမိုနီးစပ်လာစေရန် ဖန်တီးထားသည့် ကိစ္စတစ်ခုပေ။
သူ မထင်ထားခဲ့သည်မှာ နာမည်ကျော်ဟွာကျွင်းကျစ်နှင့်တွေ့ပြီး ဒုက္ခရောက်သွားခဲ့မည်ကိုပင်။
အခြားသော ဝမ်တော်ကျောင်းတော်သားများကလည်း လျင်မြန်စွာ သဘောတူညီလာ၏။
“ဂျူနီယာညီမလေး လွီ စီနီယာအစ်ကိုထန်ပြောတာမှန်တယ်။ ခုနသူက ရှောင်ချန်း မဖြစ်နိုင်ဘူး။”
လွီယွဲ့အာ၏အရင်းနှီးဆုံးသူငယ်ချင်း ဖုန်ချင်ချင်းပင် မယုံချေ။ “ယွဲ့အာ နင် စီနီယာအစ်ကိုရှောင်အကြောင်းတွေးပြီး ဂေါက်သွားတာလား။ သူက ကျင့်ကြံခြင်းအဆင့်မပျက်စီးခဲ့ဘူးဆိုရင်တောင် ခုနကလို ဓားချက်ကို ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး။”
သူမ၏စကားလုံးများကို လူတိုင်းက သဘောတူကြသည်။
ထန်ဖုန်းသည် ပြော၏။ “ရှောင်ချန်းက ဓားဆန္ဒကို နားမလည်သေးဘူး။ သူက ခုနကလိုဓားချက်ကို ဘယ်တော့မှ ထုတ်ဖော်နိုင်မှာ မဟုတ်တော့ဘူး။”
လွီယွဲ့အာသည် ပြန်လည်မချေပလာခဲ့ပေ။ သူမသည် တည်ငြိမ်စွာပြောလိုက်သည်။ “ငါက ဒီတိုင်း ပြောလိုက်တာပါ။ လူတိုင်း အားပြန်ဖြည့်ရအောင်။ တခြားသူတွေက ငါတို့ကို့ အခွင့်အရေးမယူစေနဲ့။”
သို့မှသာ သူတို့အုပ်စုသည် ချီကို လှည့်ပတ်ပြီး ဆေးဝါး၏အကျိုးသက်ရောက်မှုကို ဖယ်ရှားလိုက်သည်။
လွီယွဲ့အာသည် သူမ၏ဓားကို ကိုင်ပြီး စောင့်ကြပ်နေ၏။ သို့သော် သူမ၏အတွေးများသည် စောနကပုံရိပ်များပေါ်သို့ ကျရောက်သွားသည်။
‘ငါ မမှားနိုင်ဘူး။ ခုနကသူက စီနီယာအစ်ကိုရှောင်ချန်းပဲ။ ဒါပေမဲ့ သူဘာလို့ ငါ့ကို ဘာမှမပြောသွားတာလဲ။’
သိပ်မဝေးသည့်နေရာတွင် ရှောင်ချန်းသည် အရိပ်ထဲမှနေ၍ ထိုသူတို့ကို တိတ်ဆိတ်စွာ ရပ်လျက် ကာကွယ်ပေးနေသည်။
သူသည် လွီယွဲ့အာကို သူ၏အကြောင်းအား မထုတ်ဖော်ခဲ့ပေ။
သူသည် သူမကို မယုံကြည်၍ မဟုတ်ပေ။ သူက သူမဘေးနားကသူများကို မယုံကြည်၍ပေ။
သူတို့သာ သူအသက်ရှင်နေသေးပြီး ပြန်လည်ကျင့်ကြံနိုင်ခြင်းကို သိသွားပါက ထိုသတင်းသည် ဝမ်တောက်ကျောင်းတော်တွင် လျင်မြန်စွာ ပျံ့နှံ့သွားပေမည်။
အပြင်စည်းဂိုဏ်းပြိုင်ပွဲက ရောက်ရှိလာတော့ပေမည်။ သူ၏သတင်းသာ ပျံ့သွားပါက ထိုသူတို့ကို အံ့ဩအောင်လုပ်မည့်အခွင့်အရေး ဆုံးရှုံးသွားပေမည်။ ပိုပြီးအရေးကြီးသည်က သူသည် သူ၏ဆရာနှင့် သောင်းပြောင်းပညာရပ်ဌာနကို သိက္ခာကျ၍မဖြစ်စေပေ။
ယခင်ကိစ္စရပ်များသည် သူ့ကို ပို၍ရင်ကျက်လာစေခဲ့သည်။ သူ၏အတွေးများနှင့် လုပ်ဆောင်မှုများသည် ပိုပြီးတည်ငြိမ်ကာ သတိကြီးလာခဲ့သည်။
ညနေစောင်းချိန်၌ လွီယွဲ့အာတို့သည် အပြည့်အဝ ပြန်လည် အားပြည့်လာသည်။
သို့မှသာ ရှောင်ချန်းလည်း ထွက်ခွာသွားပြီး ယန်မန်ရွှံ့ညွန်အနက်ပိုင်းသို့ တိုးဝင်ကာ ဆက်လက်လေ့ကျင့်တော့၏။
တစ်လကြာသွားခဲ့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက်သည် ယန်မန်ရွှံ့ညွန်တစ်လျှောက် ကျော်ကြားလာသည်။
ထိုဒေသ၌ လေ့ကျင့်နေသည့် ကျင့်ကြံသူတိုင်းသည် အနက်ရောင်ဝတ်ရုံ အနက်ရောင်မျက်နှာဖုံးဖြင့် ဓားသမားကို သိလာသည်။
ထိုသူက တာအိုတည်ဆောက်ခြင်းအဆင့်ဖြင့် ဓားဆန္ဒကို နားလည်ထား၏။
တာအိုတည်ဆောက်ခြင်း သို့မဟုတ် စစ်မှန်ကံကြမ္မာအဆင့်က သားရဲများနှင့် နတ်ဆိုးကျင့်ကြံသူများသည် ထိုသူ၏ဓားတစ်ချက်ကိုပင် မခုခံနိုင်ကြချေ။
များစွာသော သူတို့သည် သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက်၏ သရုပ်မှန်ကို ရှာဖွေခဲ့သော်လည်း မည်သူမျှ ထိုသူ၏မျက်နှာကို မမြင်ခဲ့ပေ။
ပို၍ ထိတ်လန့်စရာမှာ မည်သူမျှ သူ၏ဒုတိယမြောက်ဓားချက်ကို မတွေ့ဖူးချေ။ သူ၏ ပထမအကွက် အခြေခံခုတ်ပိုင်းချက်ဖြင့်သာ တိုက်ပွဲတိုင်းကို အနိုင်ယူခဲ့၏။
တစ်နေ့သော မနက်ခင်း၌ နေကမြင့်တက်လာသည်။
ရှောင်ချန်းသည် တရားထိုင်နေရာမှ ဖြည်းညင်းစွာ မျက်လုံးပွင့်လာသည်။ သူ၏အရှိန်အဝါက မြင့်တက်လာခဲ့၏။ သူ၏စွမ်းအားကြောင့် အဝတ်အစားနှင့်ဆံပင်များပေါ်မှ ဖုန်မှုန့်များမှာ လွင့်စင်သွားတော့သည်။
သူ၏အသက်ရှုနှုန်းကို ထိန်းညှိပြီးနောက် သူသည် ထရပ်ကာ ရေရွတ်လိုက်၏။
“တာအိုတည်ဆောက်ခြင်း ဒုတိယအဆင့် ရောက်ပြီ။ တိုက်ပွဲအအတွေ့အကြုံစုတာက အင်အားတိုးလာဖို့ အကောင်းဆုံးနည်းလမ်းပဲ။ စိတ်မကောင်းစရာက ငါ ယန်မန်ရွှံ့ညွန်မှာ ဆက်နေလို့မရတော့ဘူး။ ဒီနှုန်းနဲ့သာဆိုရင် ငါ့ရဲ့အထွတ်အထိပ်အခြေအနေကို တစ်နှစ်အတွင်း ပြန်ရောက်နိုင်တယ်။ အခု တာအိုတည်ဆောက်ခြင်းဒုတိယအဆင့်လည်းရောက်နေပြီဆိုတော့ ဝမ်တောက်ကျောင်းတော်ကို ပြန်သင့်ပြီ။”
ခဏကြာ ပြင်ဆင်ပြီးနောက် သူသည် ဤနေရာမှ ရရှိလာခဲ့သော အရာများကို ထုတ်ပိုးပြီး ရွှံ့ညွန်မှ ထွက်ခွာသွားတော့သည်။
…
သောင်းပြောင်းပညာရပ်ဌာနတွင်
ချူဖုန်းသည် သူ၏စိတ်ထဲသို့ စက်ရုပ်သံထွက်ပေါ်လာသည်အထိတိုင် အိပ်ပျော်နေခဲ့သည်။ သို့ဖြစ်၍ သူက သတိမထားမိလိုက်ပေ။
“လက်ခံသူ၏တပည့် ရှောင်ချန်းက အဆင့်သေးတစ်ဆင့် တိုးတက်သွားပါပြီ။ လက်ခံသူက ဆယ်ဆဆုလာဘ် တစ်နှစ်စာကျင့်ကြံခြင်းကို ရရှိပါတယ်။”
သူနိုးထလာပြီး ကျင့်ကြံခြင်းအဆင့်တိုးတက်နေမှသာ သတိပြုမိသွားတော့သည်။
“ဟမ်... ငါအိပ်နေရင်း ကျင့်စဉ်တိုးသွားတာလား။”
ချူဖုန်းသည် ရေရွတ်လိုက်ပြီး ပခုံးတွန့်ကာ သူ၏ပျင်းရိဖွယ် တစ်နေ့တာကို စတင်တော့သည်။
“ဒီ ကောင်လေးရှောင်ချန်းက ဘယ်တော့များ ပြန်လာမလဲမသိဘူး။”
“ဟက်ချိုး”
ယန်မန်ရွှံ့ညွန်အဝေးတွင် ရှောင်ချန်းသည် အကြောင်းအရင်းမရှိ နှာထချေမိသွားသည်။ သူသည် နှာခေါင်းကို ပွတ်ကာ နွေးထွေးသည့်နေရောင်ခြည်ကို ခံယူလျက် တွေးနေသည်။
‘ငါဘာလို့ ရုတ်တရက်ကြီး နှာထချေတာလဲ။ အေးတောင်အေးမနေတာကို။’
သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
ရက်အတော်အတန်ကြာပြီးနောက် သူသည် ဝမ်တောက်မြို့သို့ လုံခြုံစွာ ပြန်ရောက်လာခဲ့သည်။
သူ မြို့ထဲသို့ ဝင်ပြီးနောက် ရှောင်ချန်းသည် သူ၏ပေါ်သို့ ကျရောက်လာသော အကြည့်များကို ခံစားမိလိုက်သည်။ သူသည် သူတို့ပြောနေသောစကားများကိုပင် ကြားလိုက်ရသည်။
သို့သော် အာရုံထားမနေတော့ဘဲ ယန္တရားတစ်ထောင်နန်းတော်သို့ လျင်မြန်စွာ သွားလိုက်သည်။ ထိုအခိုက် လူအုပ်ထဲက တစ်ယောက်က ထအော်သည်။
“ကြည့်စမ်း။သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက်ပဲ။”
“ဝိုး တကယ်ကြီးသူပဲ။”
“သူက ဝမ်တောက်မြို့ကို ဘာလာလုပ်တာလဲ။ ဝမ်တောက်ကျောင်းတော်က တပည့်လို့တော့ လာမပြောနဲ့နော်။”
“…”
ရှောင်ချန်းသည် စိတ်ရှုပ်သွားသည်။
‘သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက်ဆိုလား။ ဘယ်လိုတောင်ကြောင်တောင်တောင်နာမည်ကြီးလဲ။ ငါက သောင်းပြောင်းပညာရပ်ဌာနရဲ့တပည့်ကြီးပဲ။ မင်းတို့က ငါ့ကို ဒီလိုနာမည်ကြီး လာပေးရလား။’
သူ၏အကြည့်တစ်ချက်နှင့်ပင် လူအုပ်ကြီးသည် တိတ်ဆိတ်သွားတော့သည်။
ယန္တရားတစ်သောင်းနန်းတော်တွင် ကျင့်ကြံသူများစွာရှိသော်လည်း အများစုက တာအိုတည်ဆောက်ခြင်း သို့မဟုတ် စစ်မှန်ကံကြမ္မာအဆင့်တွင် ရှိသည်။
သူတို့ထဲက မည်သူမျှ သတ်ဖြတ်ခြင်းနတ်ဘုရားကို မစော်ကားရဲပေ။
ရှောင်ချန်းသည် သူတို့၏အတွေးများကို စိတ်မဝင်စားပေ။ သူသည် တာဝန်ကောင်တာသို့သာ သွားလိုက်သည်။
သူသည် သိုလှောင်အိတ်ထဲမှ ဟွာကျွင်းကျစ်၏ခေါင်းပြတ်ကြီးကို ထုတ်လိုက်သည်။ ထို့နောက် ကောင်တာပေါ်သို့ တင်ပေးလိုက်၏။
“ဒါက ဟွာကျွင်းကျစ်ရဲ့ခေါင်းပဲ။”
“ရှင့်မှာ ဒါကိုသက်သေပြနိုင်မဲ့ အထောက်အထားရှိလား။” ကောင်တာမှ မိန်းမငယ်လေးက လေးစားစွာမေးလိုက်သည်။
ရှောင်ချန်းသည် သိုလှောင်အိတ်တစ်ခုလုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။ “ဒီထဲကဟာတွေနဲ့ဆို သက်သေပြလို့ရတယ်။”
ကောင်မလေးက သူမ၏စိတ်ဝိညာဉ်သိစိတ်ကို သုံးပြီး စစ်ဆေးကြည့်လိုက်သည်။ အထဲက အမျိုးသမီးအတွင်းခံများကို မြင်သည့်အခါ သူမ၏မျက်နှာက နီရဲသွားသည်။
“လေးစားရတဲ့ဧည့်သည်တော်ရှင့်။ ဟွာကျွင်းကျစ်ရဲ့သရုပ်ကို အတည်ပြုပြီးပါပြီရှင့်။ အခုပဲ ဧည့်သည်တော်ရဲ့ ဆုလာဘ်ကို ထုတ်ပေးပါ့မယ်။”
ဟူလားလား။
ခန်းမတစ်ခုလုံးသည် သက်မချလိုက်မိသည်။
သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားဝတ်ရုံနက်၏သတင်းကို ကြားဖူးသော်လည်း ထိုမျှစွမ်းအားကြီးမည်ဟု မထင်ခဲ့ပေ။
နာမည်ကျော်ဟွာကျွင်းကျစ်ပင် ထိုသူ၏လက်ထဲတွင် သေဆုံးသွားခဲ့သည်။
‘သူက ဘယ်လောက်တောင် သန်မာလဲ။’
ရှောင်ချန်းသည် ဆုလာဘ်ကိုလက်ခံပြီး သူ၏သိုလှောင်အိတ်ထဲသို့ တည်ငြိမ်စွာ သိမ်းဆည်းလိုက်သည်။
လူတိုင်း၏အကြည့်အောက်မှာပဲ သူသည် ယန္တရားတစ်သောင်းနန်းတော်မှ ထွက်သွားသည်။
ရှောင်ချန်းက ဝမ်တောက်ကျောင်းတော်သို့ ချက်ချင်းမပြန်ပေ။ သူ၏လက်ရှိအဝတ်အစားက အတော်လေးသံသယဖြစ်ဖွယ်ပင်။
သူသာ ထိုသို့ပြန်သွားပါက ကျောင်းတော်တစ်ခုလုံးတွင် ကောလဟာလများ ပျံ့သွားပေမည်။
ထို့ကြောင့် သူသည် တည်ခိုခန်းတစ်ခုရှာကာ တစ်ညတာအတွက် ငွေပေးချေလိုက်သည်။
ညကကုန်ဆုံးသွားသည်။ ရှောင်ချန်းသည် ဝတ်စုံအသစ်တစ်စုံထုတ်ဝတ်ပြီး ဝမ်တောက်ကျောင်းတော်သို့ တိတ်တဆိတ်ပြန်သွားတော့၏။