← Chapters

လစဉ်ကြေး အသစ်တစ်ခု

Vol. 23 Ch. 229

လစဉ်ကြေး အသစ်တစ်ခု

Vol. 23 Ch. 229

အပိုင်း(၂၂၉) လစဉ်ကြေး အသစ်တစ်ခု

[ သင့်ပုံရိပ်ယောင်ကောင်မလေးမှာ ရွှေရောင်အနှစ်သာရအဆင့်သို့ ရောက်ရှိသွားပါပြီ... ]

စနစ်၏ အသိပေးချက်ကြောင့် ချန်ဟွိုက်အန် ဝုန်းခနဲ နိုးလာသည်။

သူ၏ မျက်လုံးရှေ့တွင် ဂိမ်းသတိပေးချက်အသစ်တစ်ခု ဝင်းခနဲ ပေါ်လာ၏။

သူ ဂိမ်းဦးထုပ်ကို ဝတ်ဆင်ထားချိန်တိုင်း အသိပေးချက်များမှာ ထိုကဲ့သို့ ပေါ်လာတတ် စမြဲပင်။

ဦးနှောက်ထဲ စမတ်ဖုန်းတစ်လုံး အတင်းထိုးထည့်ခံထားရသလို ခံစားချက်မျိုးကို သူ ယခုထိ ကျင့်သားမရသေးပေ။

“သူက လျို့ဝှက်နယ်မြေထဲမှာပဲ ရွှေရောင်အနှစ်သာရအဆင့်ကို တက်သွားတာလား။”

ချန်ဟွိုက်အန်သည် ယန်ဝိညာဉ်ကြေးမုံကို ကောက်ကိုင်ကြည့်လိုက်ရာ လီချင်းရန်မှာ စုရွှမ်ဓားကို ပြောင်းပြန်ဆုပ်ကိုင်လျက် ရပ်နေသည်ကို တွေ့ရသည်။ သူ၏ မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထား၏။

၎င်းက ကျင့်စဉ်တစ်ခုခုကို နက်နက်နဲနဲ သဘောပေါက်နားလည်သွားပြီး အဆင့်ကြီး တစ်ခုကို တက်လှမ်းနေသူတစ်ဦး၏ အသွင်အပြင်မျိုးပင်။

သူ့ရင်ထဲတွင် ကျေနပ်ပီတိဖြစ်မှုများ လှိုင်းထနေ၏။

၎င်းမှာ ကိုယ်တိုင် အပင်ပန်းခံ စာသင်ပေးခဲ့ရသော သမီးဖြစ်သူက နောက်ဆုံး စာမေးပွဲတွင် ပထမဆုကြီး ဆွတ်ခူးပြီး အားလုံးကို အံ့အားသင့်အောင် လုပ်လိုက်သလိုမျိုးပင်။

ဒါက ငါ့ရဲ့တပည့်ပဲလေ။

ပညာရှိ၊ အသုံးအဖြုန်းကြီး၊ ဓားအင်မော်တယ် ချန်ဟွိုက်အန်ရဲ့ တပည့်ပဲ။

တကယ့်ကို အမိုက်စားပဲ။

အခုဆိုလျှင် သူ ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်သွားပြီဆိုဖြစ်ရာ လျို့ဝှက်နယ်မြေထဲမှ ဘေးကင်းကင်းနှင့်နဲ့ ထွက်လာနိုင်ရန်က သေချာသလောက် ရှိသွားပြီ မဟုတ်ပေလား။

ချန်ဟွိုက်အန် သူ၏ အသက်ရှင်သန်နှုန်းကို စစ်ဆေးလိုက်သည်။

၁၀၀%တွင်သာ ရှိနေသေးသည်။

ကောင်းပြီလေ။ စိတ်ချရပြီ။

ထိုစဉ်မှာ သတိပေးချက်အသစ်တစ်ခု ပေါ်လာပြန်၏။

[ အကန့်အသတ်ကမ်းလှမ်းချက်၊ တစ်ကြိမ်သာ- ရွှေရောင်အနှစ်သာရမှ အခြေတည်ဝိညာဉ် အဆင့် ပရီမီယံလစဉ်ကြေး။ အဆ၈သိန်း အကျိုးခံစားခွင့် ပြန်လည်ရရှိမည်။ အခုပဲ ဝယ်လိုက်ပါ။ ယွမ် သန်း၉၉၀သာ ကျသင့်မည် ဖြစ်ပြီး အဆင့်မြင့် ဝိညာဉ်လက်နက်များနှင့် နတ်ဘုရားအဆင့် ဆေးလုံးများ အပါအဝင် အဖိုးတန်ရတနာ အမြောက်အမြားကို ရရှိနိုင်ပါပြီ။ ၂၄ နာရီပြည့်ပါက ဈေးနှုန်းမှာ သန်း၉ထောင်သို့ ပြန်တက်သွားမည်...]

“သြော်။ လစဉ်ကြေး နောက်တစ်ခုလား...”

ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ မေးစေ့ကို ပွတ်သပ်လိုက်သည်။

တစ်ခုခုတော့ လွဲနေပြီ။

လီချင်းရန် အဆင့်တက်ပြီးရင် လစဉ်ကြေးအသစ် ပေါ်လာမည် ဖြစ်ကြောင်းကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။

သို့သော်လည်း ထိုမျှ ဈေးကြီးလောက်မည်ဟု သူ မထင်ထားခဲ့ပေ။

လျော့ဈေးနဲ့ပင် သန်းတစ်ထောင်နီးပါး ပေးရ၏။

ဒါဆိုရင် အခြေတည်ဝိညာဉ်အဆင့်ကနေ ဝိညာဉ်ဖြစ်တည်မှုအဆင့်ဆို ဘယ်လောက်တောင် ဖြစ်မလဲ။ ပြီးတော့ ဝိညာဉ်ဖြစ်တည်မှုကနေ ပေါင်းစည်းခြင်းအဆင့်အထိ ဆိုရင်ကော။

ဒီလိုမျိုး ကုတ်သွေးစုပ်တဲ့ ဈေးနှုန်းသတ်မှတ်ချက်ကို အားပေးလို့ မဖြစ်ဘူး။

မဟုတ်ရင် အပြင်လောကမှာ ပိုက်ဆံ ဘယ်လောက်ပဲရှာရှာ ဒီဂိမ်းထဲကို သွန်ထည့်ရတာနဲ့ပဲ ကုန်နေမှာပဲ။

သူ့၏ ကျိုးကြောင်းပြချက်က ထိုအတိုင်းပင်။

သို့သော်လည်း ဆုလာဘ်အသေးစိတ်ကိုတော့ နှိပ်ကြည့်မိသွားပြန်သည်။

ပထမဆုံးအနေနှင့် ရွှေရောင်အနှစ်သာရ အစောပိုင်းအဆင့်အတွက် ဆုလာဘ်မှာ ဓားအရိုး နှစ်ခု ဖြစ်ပြီး မိမိစိတ်ကြိုက် ဂုဏ်သတ္တိများကို ရွေးချယ်နိုင်သည်။

[ အထူးသတိပြုရန် - လစဉ်ကြေးကို ဖွင့်လိုက်ပါက ဓားအရိုးဆုလာဘ်ကို ပုံရိပ်ယောင် ကောင်မလေး စျေးဆိုင်တွင်လည်း ဝယ်ယူနိုင်မည် ဖြစ်သည် ]

“ဟာ့... ဒါ တကယ့်ကို ပစ္စည်းကောင်းတွေပဲ...”

ချန်ဟွိုက်အန် တွန့်ဆုတ်သွား၏။

ဓားကျင့်ကြံသူများအတွက် အရေးကြီးဆုံး အချက်သုံးချက် ရှိသည်။ ဓားစိတ်ဝိညာဉ်အမြစ်၊ ဓားနှလုံးသားနှင့် ဓားအရိုးတို့ပင်။

၎င်းတို့က ဟာ့ဒ်ဝဲလ်များ အခြေခံအုတ်မြစ်များပင်။ ဟာ့ဒ်ဝဲ ကောင်းမှသာ ဆော့ဖ်ဝဲလ်များ ဖြစ်သော ဓားချီ၊ ဓားအသိနှင့် ဓားတာအိုများကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။

ဓားအရိုးများကို ဓားအသိနှင့် သန့်စင်ယူ၍ ရသော်လည်း ဖြစ်စဉ်က အလွန်ပင် အန္တရာယ်များပြီး လူအများစုက ထိုသို့ ပြလုပ်ရင်း သေဆုံးသွားတတ်ကြသည်။

သို့သော်လည်း ဓားအရိုးလောက်နှင့်တော့ ချန်ဟွိုက်အန်၏ တာအိုနှလုံးသားကို မလှုပ်ခတ် နိုင်သေးပေ။

သူ ဆက်ဖတ်ကြည့်လိုက်သည်။

ရွှေရောင်အနှစ်သာရ အလယ်ပိုင်းနှင့် နှောင်းပိုင်းအဆင့်များအတွက် ဆုလာဘ်က အန္တိမအဆင့် ပဟေဠိသေတ္တာများပင် ဖြစ်သည်။

ရွှေရောင်အနှစ်သာရ အန္တိမအဆင့်အတွက် ဆုလာဘ်ကိုတော့ အတိအလင်း ဖော်ပြထား၏။

နတ်ဘုရားအဆင့် ဇာမဏီအဆီအနှစ်ဆေးလုံး။

“အိုး..”

ချန်ဟွိုက်အန်၏ မျက်လုံးများ ပိုမိုကျုံ့သွား၏။

ဆေးလုံးတွေဆိုတာက သုံးပြီးရင် ကုန်သွားတဲ့ အရာတွေပဲလေ။

အကောင်းဆုံး ဆိုရင်တောင် အင်အားမြှင့်ပေးတာ၊ ဒဏ်ရာကုပေးတာ၊ စွမ်းအင်ဖြည့်ပေးတာ ဒါမှမဟုတ် ပျက်စီးမှုကို ပြုပြင်ပေးတာလောက်ပဲ ရှိမှာပေါ့။

အရမ်းထူးခြားရင်တော့ လူသေကို ပြန်ရှင်စေတာမျိုးပေါ့။

ဒါပေမဲ့ လူသေပြန်ရှင်ဆေးကတော့ ရွှေရောင်အနှစ်သာရအဆင့် ဘက်တဲလ်ပတ်စ်မှာ ရှိနေမှာ မဟုတ်ဘူး။ အဲဒါက ဂိမ်းရဲ့ ဟန်ချက်ကို အရမ်း ပျက်ပြားစေလိမ့်မယ်။

[ နတ်ဘုရားအဆင့် ဇာမဏီအဆီအနှစ်ဆေးလုံး - တာအိုကိုယ်ထည်၏ ချို့ယွင်းချက်များကို ပြုပြင်ပေးနိုင်သည်။ ဥပမာ ထိုက်ယင်တာအိုကိုယ်ထည်ခန္ဓာ ပိုင်ရှင်များအား ကာမဆက်ဆံခြင်း သို့မဟုတ် သားသမီးရယူခြင်းကို တားဆီးထားသည့် ချို့ယွင်းချက်ကို ဖယ်ရှားနိုင်၏။ (မှတ်ချက်- ထိုဆေးလုံးမှာ ချင်းယွန်ဘုံ တစ်ခုလုံးတွင် တစ်လုံးတည်းသာ ရှိပြီး အခြား မည်သို့သော နည်းလမ်းနှင့်မျှ ရရှိနိုင်မည် မဟုတ်ပါ) ]

“အမ်...”

ချန်ဟွိုက်အန်၏မျက်နှာ ပျက်သွား၏။

ဒီဂိမ်းစနစ်က ဘာကို ဆိုလိုချင်တာလဲ...

ငါ့ကို ကိုယ့်တပည့်အပေါ် မရိုးသားတဲ့စိတ်ရှိတဲ့ ဆရာမျိုးလို့ ထင်နေတာလား...

ဒါပေမဲ့... “ထိုက်ယင်တာအိုကိုခန္ဓာ ရှိတဲ့သူတွေက ကာမဆက်ဆံလို့ မရဘူး။ မဟုတ်ရင် တာအိုခန္ဓာရဲ့ အာနိသင် ပျောက်ကွယ်သွားလိမ့်မယ်”ဆိုတဲ့ စကားကတော့ အမှန်ပဲ။

ထိုက်ယင်ဆိုတာက သန့်စင်တဲ့ယင်စွမ်းအင်ကို ဆိုလိုတာလေ။ ဘယ်လို ယန်စွမ်းအင်မှ ဝင်လာလို့ မရဘူး။ အပြင်ကနေတောင် ခွင့်မပြုဘူး။

ချန်ဟွိုက်အန်က လစဉ်ကြေးကို ဖွင့်ရန် နှိပ်လိုက်၏။

ထို့နောက် ပထမဆုံးဆုလာဘ်ဖြစ်သော ဓားအရိုး နှစ်ခုကို လက်ခံလိုက်သည်။

သူ ထိုသို့လုပ်ရခြင်းမှာ မည်သည့် မရိုးသားသော ရည်ရွယ်ချက်မှ မရှိပေ။

ဒါက လီချင်းရန်ရဲ့ ကျန်းမာရေးအတွက်ပဲ။

သူ့တာအိုခန္ဓာ ချို့ယွင်းချက်ရှိနေရင် တာဝန်သိတဲ့ ဆရာတစ်ယောက်အနေနဲ့ ပြုပြင်ပေးရမှာပေါ့။

ဂရုစိုက်တတ်တဲ့ ဆရာတစ်ယောက် အနေနဲ့ တပည့်မှာ ဘယ်လိုအားနည်းချက်မှ မရှိအောင် လုပ်ပေးရမှာလေ...

တခြား ဘာအကြောင်းပြချက် လုံးဝ မရှိဘူး။

အင်း...

“မိစ္ဆာနှိမ်နင်းသူဗျူရိုထဲ ဝင်လိုက်တာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ။”

ချန်ဟွိုက်အန်က သူ၏ အိတ်ထဲသို့ အသစ်ရောက်လာသော ဓားအရိုးနှစ်ခုကို စစ်ဆေးရင်း တကိုယ်တည်း ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ပြည်နယ်မိစ္ဆာနှိမ်နင်းရေး အုပ်ချုပ်ရေးမှူးကလည်း ဆင်းရဲတုန်းပဲ။ ဒီထက် ပိုပြီးတော့ လစာပိုကောင်းတဲ့ ရာထူးများ မရှိဘူးလား။”

ဓားအရိုးဆိုသည်မှာ ဓားကျင့်ကြံသူများ အကြားတွင် အလွန်ရှားပါးသော ဂုဏ်သတ္တိ တစ်ခုပင်။ တစ်ဦးတစ်ယောက်၏ဓားအသိ အထွတ်အထိပ်ကို ရောက်သွားလျှင် ထိုဆန္ဒက အရိုးများထဲအထိ စိမ့်ဝင်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်း ဖြစ်၏။

ဓားအသိများ ကျောရိုးထဲ စုစည်းသွားပြီး ခန္ဓာကိုယ်ထဲ မတ်မတ်ရပ်နေသော ဓားတစ်လက်လို ဖြစ်နေခြင်းမျိုးပင်။

ဓားအရိုးရှိသော ဓားကျင့်ကြံသူတစ်ယောက်က လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း အခြေအနေကို အလွယ်တကူ ရောက်ရှိနိုင်သည်။

တခြားသော ဓားကျင့်ကြံသူများက အစွမ်းကုန် ထုတ်သုံးရသော အဆုံးသတ်တိုက်ကွက်များကို ဓားအရိုးပိုင်ရှင်များကတော့ သာမန်တိုက်ကွက်များလိုပင် တရစပ် သုံးနိုင်စွမ်း ရှိကြသည်။

ချန်ဟွိုက်အန်က အိတ်ထဲမှ ပစ္စည်းနှစ်ခုကို ကြည့်လိုက်သည်။

၎င်းတို့မှာ ခြောက်ကပ်နေသော ကြက်အရိုးနုများနှင့် တူနေသည်။

သူ မျက်မှောင်ကြုတ်လိုက်၏။

ဂိမ်းစနစ်က ဓားအရိုးတွေကို ဘယ်လိုနည်းနဲ့ ပစ္စည်းအဖြစ် ခွဲထုတ်လိုက်သလဲဆိုတာ ခဏထား။

သူတို့ရဲ့ ပုံစံကိုက...

ထိုကြက်အရိုးနုနှင့်တူသော အရာများက သူ့ကို သိပ်ပြီး ယုံကြည်ချက် မပေးနိုင်ပေ။

“...ထားပါတော့။ ဒါက အရေးမကြီးပါဘူး။”

သူက ရွေးချယ်စရာစာရင်းကို ဖွင့်လိုက်သည်။

ရှည်လျားလှသော ဓားအရိုးစာရင်းကို ကြည့်ပြီးနောက် နောက်ဆုံး သူ ရွေးချယ်လိုက်သည်က...

သန့်စင်သောယန်ဓားအရိုး။

ထို့နောက် လီချင်းရန်အတွက်မူ...

မဟာယင်ဓားအရိုး။

ဘာလို့ ဒီနှစ်ခုကို ရွေးတာလဲ ဟုတ်လား။

ဘာလို့လဲဆိုတော့ ဒီနှစ်ခုပေါင်းစပ်လိုက်ရင် ယင်နဲ့ယန်ရဲ့ တာအိုကို ကိုယ်စားပြုလို့ပဲ။

နောင်တစ်ချိန် ပြုလုပ်မယ့် အချို့လှုပ်ရှားမှုတွေ ပိုပြီး သဟဇာတဖြစ်အောင်လို့ လုံးဝ မဟုတ်ဘူး။

အင်း...

ထိုဓားအရိုး သို့မဟုတ် ကြက်အရိုးနုများကတော့ သူ့အိတ်ထဲမှာပင် ခဏသိမ်းထားရပေဦးမည်။ သူ၏ အခုလက်ရှိ ကိုယ်ပွားက ၎င်းတို့ကို သုံး၍ မရသေးပေ။

ဆုလာဘ်များ ယူပြီးနောက်တွင် နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာပြန်သည်။

[ သင့်ပုံရိပ်‌‌ယောင်ကောင်မလေးမှာ ရွှေရောင်အနှစ်သာရအဆင့်သို့ ရောက်ရှိသွားပါပြီ။ သင်တို့၏ ကံကြမ္မာဆက်နွယ်မှုမှာ ပိုမို၍ နက်ရှိုင်းလာပါပြီ။ ယခု သင်က ကျင့်ကြံမှုမှတ်တမ်းကို ဖွင့်ရန် အရည်အချင်း ပြည့်မီသွားပါပြီ... ]

[ အကန့်အသတ်ကမ်းလှမ်းချက် - တစ်လစာ အသုံးပြုခွင့်ကို ၈၈ယွမ်သာ ပေးရပါမည်... ]

[ နောက်လမှစ၍ အခကြေးငွေမှာ တစ်လလျှင် ၈၈၈ယွမ်သို့ ပြန်တက်သွားမည်။ ထိုဝယ်ယူမှုက အလိုအလျောက် ငွေပေးချေမှုစနစ်ကို စတင်စေမည်ဖြစ်သည် ]

[ မှတ်ချက်- အလိုအလျောက် ငွေပေးချေမှုစနစ်ကို ပြန်ဖျက်၍ မရပါ ]

“...ငါ့ဆီမှာ အခုလောလောဆယ်တော့ ပိုက်ဆံမပြတ်ပါဘူး။”

ချန်ဟွိုက်အန်က သက်ပြင်းချရင်း ပုံရိပ်ယောင်ကောင်မလေး ကျင့်ကြံမှုမှတ်တမ်းကို အသက် သွင်းလိုက်သည်။

“ဒါပေမဲ့ အလိုအလျောက် ငွေဖြတ်တာကို ဖျက်လို့မရဘူး ဆိုတာကတော့ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။”

ဂိမ်းစနစ်က ဘာမှပြန်မပြောပေ။

သို့သော် “ဝယ်ချင်ဝယ် မဝယ်ချင်နေ”ဟု ပြောနေသလိုမျိုး သူ ခံစားလိုက်ရသည်။

(၁) မနက် ၆နာရီ နိုးလာသည်။ ဆရာ့အကြောင်း ၁၇ကြိမ် တွေးမိသည်။ ရှန့်ရွှမ်းကို ခေါ်ပြီး လျို့ဝှက်နယ်မြေသို့ သွားခဲ့သည်။ နယ်မြေက အရမ်းကျယ်လွန်းသည်ဟု ထင်မိသည်။ “ဆရာ့ရဲ့ ဓားပျံကိုစီးပြီး သွားလို့ရရင် ပိုကောင်းမှာပဲ။ ဆရာ့ရဲ့ ခါးကို ဖက်ထားလို့ ရတာပေါ့ (လက်မမီရင်တောင်မှပေါ့)။”

(၂) မွန်းလွဲ ၂နာရီ လျို့ဝှက်နယ်မြေထဲ ဝင်ခဲ့သည်။ ဆရာ့အကြောင်း ၂၃ကြိမ် တွေးမိသည်။

(၃) ညနေ ၆နာရီ။ ယွဲ့ချန်ချီနှင့် ပူးပေါင်းပြီး ဆေးဘုရင်တောင်ကြား အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့သည်။

ည ၁၁နာရီ ၁၅မိနစ်။ ယွန်စုရှင်းနှင့် ဆုံတွေ့ခဲ့သည်။ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးအတွက် လိုအပ်နေသော ဆေးပင်တစ်ပင် ရရှိခဲ့သည်။ ယွန်စုရှင်းအပေါ် အမြင်ကောင်းများ တိုးလာသည်။ ပျော်ရွှင်နေသည်။ ဆရာ့အကြောင်း ၈၇ကြိမ် တွေးမိသည်။

ည ၁၁နာရီ ၄၃မိနစ်။ ဓားကျောင်းတော်တပည့်များနှင့် ပြန်ဆုံတွေ့ရန် ဆေးဘုရင်တောင်ကြား အပျက်အစီးများမှ ထွက်ခွာခဲ့သည်။

(၄) မနက် ၁နာရီ ၅၆မိနစ်။ ဂိုဏ်းအပျက်အစီးများအနားသို့ ရောက်ရှိခဲ့သည်။ ဓားကျောင်းတော် အဓိကအုပ်စုနှင့် ပူးပေါင်းခဲ့သည်။

(၅) မနက် ၂နာရီ ၃၁မိနစ်။ အဖွဲ့မှ ခွဲထွက်ခဲ့သည်။ အမည်မသိ တောအုပ်တစ်ခုဆီသို့ ဦးတည်ခဲ့သည်။

(၆) မနက် ၂နာရီ ၅၂မိနစ်။ ဖန်ကျင်း ဗုဒ္ဓသားတော် ဟွေ့ခုန်းနှင့် ဆုံတွေ့ခဲ့သည်။ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

မနက် ၃နာရီ ၁၀မိနစ်။ တိုက်ပွဲကို အကဲခတ်နေသည်။ ဆရာ့အကြောင်း တွေးနေသည်။

မနက် ၃နာရီ ၁၈မိနစ်။ တိုက်ပွဲကို အကဲခတ်နေသည်။ ဆရာ့အကြောင်း တွေးနေသည်။

မနက် ၃နာရီ ၂၅မိနစ်။ ဆက်ကြည့်မနေနိုင်တော့ဘဲ တိုက်ပွဲထဲသို့ ဝင်ပါခဲ့သည်။

မနက် ၃နာရီ ၄၂မိနစ်။ ရွှေရောင်အနှစ်သာရအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဟွေ့ခုန်းကို အစိမ်းလိုက် ဝါးစားခဲ့သည်။

တခြားမှတ်တမ်းများ အသစ်တင်ရန် စောင့်ဆိုင်းနေဆဲ...

“ဒါက ကျင့်ကြံမှုမှတ်တမ်းပေါ့။”

ဒါကို ယန်ဝိညာဉ်ကြေးမုံနဲ့ ပေါင်းစပ်ကြည့်လိုက်ရင် လီချင်းရန်ရဲ့ အခြေအနေကိုပဲ မြင်ရတာ ဆိုပေမဲ့ အခုတော့ အသေးစိတ်အချက်အလက်တွေက ပိုပြီး ရှင်းလင်းသွားပြီ။

သူက အလွယ်တကူပင် ကွက်လပ်များကို ဖြည့်စွက်ပြီး နားလည်နိုင်သည်။

“ငါ့တပည့် ဖြစ်ရကျိုးနပ်တယ်ဟေ့။”

ချန်ဟွိုက်အန်က ခေါင်းကိုခါယမ်းရင်း ရယ်မောလိုက်သည်။

“မြင့်မြတ်နယ်မြေက တပည့်တစ်ယောက်ရဲ့ အခွင့်အရေးကို လုယူရဲတယ်ပေါ့။ သူ့မှာ တကယ့် သတ္တိရှိတာပဲ။ အထင်ကြီးစရာပဲ။ အထင်ကြီးစရာပဲ...”

...

All Chapters