← Chapters

ရွာအစီမံများ အသစ်စတင်ခြင်း

Vol. 14 Ch. 137

ရွာအစီမံများ အသစ်စတင်ခြင်း

Vol. 14 Ch. 137

ယန်ချန်ပြန်ရောက်လာပြီး ရက်အချို့ကြာမြင့်ခဲ့သည့် နောက်မှာတော့ ထာဝရကျေးရွာက ပုံမှန်ထက်ပို စည်ကားလာသည်။

ကျင့်ကြံရေး အင်အားစုများစွာ အလည်ပတ်ရောက်ရှိလာခဲ့ကြပြီး အချို့ထိပ်သီးများက ယန်ချန်နဲ့စကားစမြည်း ပြောဆိုကြကာ အကျိုးမြတ်များစွာကို တိတ်တဆိတ်ကဲ့ယူနေကြလေသည်။

အထူးသဖြင့် အစီရင် ဆေးပညာရပ်များတို့၌ ဖြစ်ပြီး မင်နဲ့ကျင်း တိုင်းပြည်များက ပညာရှင်များစွာနဲ့ ဆွေးနွေးခဲ့ကြကာ ယန်ချန်ရဲ့နည်းလမ်းများစွာက ထိုသူများကို ဉာဏ်အလင်း ပွင့်စေခဲ့သည်။

တဖက်တွင် ကျင်းလုံ မင်ယုရှန်း စုလဲ့တို့က ဒေသအသီးသီးမှ ထိပ်သီးအင်အားစုများကို စုရုံးနေပြီး ထျန်းဟွမ်ရွှေခေတ်၌ စည်းလုံးမှုရှိစေရန်နဲ့ မထင်မှတ်ထားသည့် ကပ်ဘေးများကြုံလာရင် ရင်ဆိုင်နိုင်ရန် အစီစဥ်များ ရေးဆွဲနေခဲ့ကြသည်။

ကျေးရွာထဲမှာတော့ ယန်ချန်က ရေမြောင်းစနစ်နဲ့ မိလ္လာစနစ်ကို စနစ်တကျ ရေးဆွဲကာ ပြုလုပ်စေသည်။ ရွာလမ်းများကို အဆင့်မြင့်ဆောက်လုပ်ပြီးနောက် လမ်းမတဖက်စီ၌ ရေစီးဆင်းစေရန် မြောင်းငယ်များ ထည့်သွင်းစေပြီး ခြံဝန်းတခုစီ၏ အညစ်ကြေးများ စွန့်ပစ်သည့် ကိစ္စများကိုလည်း ကျန်းယန် ဦးဆောင်တဲ့ လူငယ်အဖွဲ့၏ ကြိုးစားမှုဖြင့် ပုံဖော်တော့သည်။

“အိမ်တွေရဲ့ တံစက်မြိတ်မှာ ရေတကောက်တွေ တပ်ဆင်ထားရန် မိုးတွင်းကာလမှာ မိုးရေစုဆောင်းပြီးသား ဖြစ်နိုင်တယ် မိုးရေက ချက်ပြုတ်သောက်သုံးရာမှာ အသုံးမဝင်ဘူးဆိုပေမယ့် စိုက်ပျိုးရေးမှာတော့ အသုံးချနိုင်တယ်”

ယန်ချန်က ကြီးမားသည့် ဝါးကြီးများစွာကို ထက်ပိုင်းဖြတ်ကာ ရေစီးဆင်းစေသည့် လမ်းကြောင်းသဖွယ် ပြုပြင်၍ အိမ်တံစက်မြိတ်များ၌ ချိတ်ဆွဲထားစေသည်။ ထို့အပြင် မိုးတွင်းကာလ ချောင်းရေတိုးသည့်အချိန် အနိမ့်ပိုင်းနေရာမှ ခြံဝန်းများရေမလွမ်းစေရန်လည်း ချောင်းဘေးတလျှောက် တမံများပြုလုပ်စေသည်။

“ရွာရဲ့ တလတာ အခွန်က ငွေစ၅၀၀၀ ရတယ် ရွာအသုံးစရိတ်အတွက် ငွေစ၃၀၀၀ ပြန်လည်သုံးစွဲထားတယ် နောက်ပြီး ရွာအဝင်အထွက် ဧည့်သည်တွေဆီက ကုန်ပစ္စည်းအရောင်းဝယ် အခွန်အတွက်လည်း ငွေစအချို့ရထားသေးတယ်”

ရှုယင်က မကြာသေးမီ ကျန်းရင်ရင်၏ စာရင်းအပ်နှံမှုကို စစ်ဆေးနေပြီး သူမမရှိချိန် သူမနေရာကို ကျန်းရင်ရင် မုရုံချန်းတို့က တာဝန်ယူပေးခဲ့သည်။

“ဧည့်သည်တွေအတွက် အခွန်ကောက်တာကို လျှော့ချလိုက်ပါ ကုန်ပစ္စည်းရောင်းချတာတွေအတွက် အခွန်လျော့ပေးပေမယ့် ကုန်သွယ်ရေးစည်းမျဥ်းတွေကိုတော့ ကျတော်တို့အတိကျ လုပ်ဆောင်ရလိမ့်မယ်”

ယန်ချန့်စကားကို ကျန်းထန်က သဘောတူဟန် ခေါင်းညိတ်ပြသည်။ ယန်ချန့်ဂုဏ်သတင်းကြောင့် နေ့စဥ်ဧည့်သည်များစွာ ဝင်ထွက်နေသော်လည်း ယန်ချန့်ဆီမှ ခွင့်ပြုချက်မရသောကြောင့် ညအိပ်ညနေ မည်သူမှ မနေရဲကြပေ။

“သခင်လေး ရွာမှာ တည်းခိုဆောင်ဆောက်ဖို့ လိုအပ်မလား”

မုရုံသခင်ကြီးက မေးမြန်းသည်။ရွာခြံဝန်းတခုစီ၏ တန်ဖိုးကို ကျင်းလုံပင်မတတ်နိုင်ချေ။ ၎င်းတို့မှာ ယန်ချန့်ကြောင့် ခြံဝန်းတခုစီရထားပြီး အခြားသူများမှာ ခြံဝန်းတခုအလိုရှိနေသော်လည်း မရနိုင်။ နောက်ဆုံး၌ ယန်ချန်က ထာဝရကျေးရွာအတွင်းသို့ တွေ့ကရာလူ ဆွဲသွင်းရန် ဆန္ဒရှိမနေချေ။

“မလိုအပ်သေးဘူး ရွာရဲ့အခြေနေ ဒီထက်ပိုတည်ငြိမ်သွားမယ်ဆိုရင် အစ်ကိုကျင်းလုံနဲ့တိုင်ပင်ပြီး ရွာဧရိယာကို နောက်ဆုံးအကြိမ်အနေနဲ့ ထပ်မဲ့တိုးချဲ့ဖို့ ကျတော်စဥ်းစားထားတယ် အချိန်စောင့်ကြပါ ဒီကြားထဲမှာတော့ ရွာမှာပြင်ပဧည့်သည် ညအိပ်လက်မခံနိုင်သေးဘူး”

ယန်ချန်က လက်ဖက်ရည်ကြမ်းအား တငုံသောက်ကာ ဆက်ပြောပြန်သည်။

“လတ်တလော ရွာမှာ ခြံဝန်း၅၀ နီးပါးလူရှိနေပြီဆိုတော့ လူဦးရေစာရင်းနဲ့ သက်သေခံကတ်တွေ လုပ်ဖို့လိုတယ် ဒါက အဝင်ထွက်စာရင်းကို ကျတော်တို့ကိုင်တွယ်တာပဲ အဲ့နည်းလမ်းကို တိုင်းပြည်ကြီးတခုလုံး ပမာဏနဲ့လည်း သုံးနိုင်တယ် နောက်ပိုင်း ရွာရဲ့သက်သေခံကတ်ပြားရှိထားရင် ကျင်းနဲ့မင် တိုင်းပြည်တွေသာမကဘူး တလောကလုံး ကြိုက်တဲ့ဒေသ ကုန်သွယ်ခွင့်ရှိရစေမယ်”

ထိုစကားက ကုန်သည်မျိုးရိုးဖြစ်သည့် မုရုံသခင်ကြီးကို စိတ်လှုပ်ရှားသွားစေသည်။ သာမန်သေမျိုးဖြစ်သည့် သူတို့ကုန်သွယ်ရေးလုပ်ငန်းများကို ယန်ချန့်အကူညီကြောင့် ကျင့်ကြံသူများက စောင့်ရှောင်ပေးနိုင်သည် မဟုတ်လား။

“ဒီအတွက် တလအတွင်းစာရင်းကောက်ယူတာကို စလိုက်ကြပါ တဦးစီကို မှတ်ပုံတင်စနစ်အကြောင်း ကျတော်ရှင်းပြပေးမယ်”

တခဏအကြာမှာတော့ ယန်ချန်က မှတ်ပုံတင်စနစ်အကြောင်း အသေးစိတ်ရှင်းပြခဲ့ပြီး ထိုအကြောင်းမှတ်စုများစွာကို ကျင်းလုံနဲ့မင်ယုရှန်းဆီ မျှဝေရန်လည်း မှာကြားလိုက်သည်။

အရင်ဆုံးထာဝရကျေးရွာက ခြံဝန်း၅၀ အထိ လက်ခံစေကာ ထိုအထဲ၌ ချူလင်းယု ချင်ဖုန်း လီဖူယွဲ့တို့အပြင် ဗုဒ္ဓကိုယ်တော်ရန်ကျင်းနဲ့ အခြားထိပ်သီးများအတွက် ခြံဝန်းတခုစီလည်း ပါဝင်သည်။

ထို့ကြောင့် မူလကျန်းမိသားစုဝင်များနဲ့ ပေါင်းစည်းပါက ခြံဝန်း၅၀ မှာပြည့်သွားခဲ့ပြီး နောက်ထပ် တဝက်ကိုတော့ ပြင်ပလူများကို ရွေးချယ်လက်ခံမည် ဖြစ်သည်။ သို့သော် ချက်ချင်းတော့ မဟုတ်သေး မှတ်ပုံတင်စနစ် စတင်ပြီး အချက်လက်များ ပြည့်စုံစွာ ကောက်ခံပြီးမှသာ ဖြစ်မည်။

တဖက်တွင် မင်ယုရှန်း မင်ဝမ်နဲ့ ကျင်းလုံတို့မှာ ယန်ချန်ပေးပို့လိုက်သည့် မှတ်ပုံတင်စနစ်ကို ကြောင်အစွာ ကြည့်နေမိသည်။ ထိုပုဂ္ဂိုလ်မှာ သေမျိုးဘဝထဲ နစ်မြောနေသည်မှာ သေချာလေပြီ။ ထိုစနစ်က တိုင်းပြည်ကြီးတခုအနေဖြင့် ခက်ခဲမည်ဟုထင်ရသော်လည်း ကျင့်ကြံသူများဖြစ်သည့် သူတို့အတွက်ကတော့ လွယ်ကူပေသည်။

မကြာမီမှာပဲ ကျင်းလုံ မင်ဝမ်တို့က ထိုစနစ်ကို လိုက်ပါလုပ်ဆောင်ရန် ခွင့်ပြုလိုက်ကြပြီး ယန်ချန်အကြံပြုထားသည့် နည်းလမ်းများစွာကို စတင်ကြတော့သည်။ မှတ်ပုံတင်စနစ်နဲ့ ကျင့်ကြံသူ သေမျိုး ဟူ၍ ၂မျိုးခွဲထားပြီး ထိုအထဲတွင်လည်း ထာဝရကျေးရွာသား ဒါမှမဟုတ် မိသားစုတခုခု၏ မိသားစုဝင် ဒါမှမဟုတ် ဂိုဏ်းသားများ စသည့် အချက်ခွဲများပါဝင်ကာ သေမျိုးများတွင်တော့ တူညီသည့်အချက်တခုကိုသာ သုံးစွဲစေသည်။

ထာဝရကျေးရွာက ခြံဝန်း၅၀ သက်မှတ်ပေးဝေခြင်းကို အတော်များများ သတိပြုမိသွားကြပြီး အသည်းအသန် လိုချင်ကြပါသော်လည်း လူစာရင်းသက်မှတ်ပြီးသားဖြစ်၍ မရတော့ပေ။

ချူလင်းယုတယောက် ချီစွမ်းအင်အမြင့်ဆုံးဖြစ်ပြီး စွမ်းအင်သန့်စင်မှုက သူတော်စင်တဝက်အဆင့်ထိ ရောက်ရှိစေနိုင်တဲ့ ပတ်ဝန်းကျင်အသစ်ကို ကြည့်ကာ စိတ်ကျေနပ်နေခဲ့သည်။ သူမက သေမျိုးမိဘနှစ်ပါးမှ မွေးဖွားလာပြီး ယခုတော့ မိဘနှစ်ပါးမှာလည်း ထာဝရကျေးရွာထဲ ရောက်ရှိနေကြပြီး ဆန်းကြယ်စေသည့်အချက် မိဘနှစ်ပါးမှာ ဒီရွာမှတဖဝါးမခွာတော့ဟု ဆုံးဖြတ်ချက် ချလိုက်ကြခြင်းဖြစ်သည်။

ချူလင်းယုက စိုက်ပျိုးရေးလုပ်နေသည့် ဖခင်ဖြစ်သူကို တချက်ကြည့်ပြီးနောက် အိမ်မှုကိစ္စများ လူငယ်တဦးလို လုပ်ဆောင်နေတဲ့ မိခင်ဖြစ်သူထံ အကြည့်ရောက်သွားပြန်သည်။ မိဘနှစ်ပါးစလုံးမှာ ငယ်ရွယ်သန်မာတဲ့ အခိုက်တန့်ကိုပြန်ရောက်နေခဲ့ပြီး ထိုအချက်က သူမကိုစိတ်ကျေနပ်စေသည်။

……………………………………………….

All Chapters