← Chapters

မှတ်ပုံတင်စနစ်

Vol. 14 Ch. 140

မှတ်ပုံတင်စနစ်

Vol. 14 Ch. 140

ထာဝရကျေးရွာ၏ ရပ်ကျေးအဖွဲ့က လူဦးရေစနစ်ကို အပြည့်အဝ အကောင်ထည်ဖော်ခဲ့သည်။

မကြာခင်ကရောက်ရှိလာကြသည့် ရှမိသားစုမှာလည်း ရှယီရဲ့ ဖိနပ်လျက်ခြင်းပညာကြောင့်လည်းကောင်း ရှချင်းယုံ၏ ပါးနပ်ထက်မြတ်မှုကြောင့်လည်းကောင်း ယန်ချန်ရဲ့ရင်းနီးမှုကို ရယူကာ ခြံဝန်းတချို့ ရရှိသွားခဲ့သည်။

ထိုနောက်တွင်တော့ အင်အားစုများအားလုံး စုစည်းလာကြပြီး ရှောင်မိသားစု အနောက်ပိုင်းသူတော်စင်ဦးဆောင်တဲ့ အင်အားစု ပြီးနောက် အရှေ့ပိုင်းသူတာ်စင်ဦးဆောင်တဲ့ အင်အားစုများစွာကလည်း မင်ယုရှန်း၏ မိတ်ဆက်မှုကြောင့် ယန်ချန်နဲ့ဆုံတွေ့ခွင့်ရကြသည်။

ထာဝရကျေးရွာ အဝင်၌ပင် ထူးခြားတဲ့စည်းမျဥ်းစွမ်းအင်များကို သတိပြုမိကြပြီး သူတော်စင်အဆင့်ရောက်နေသည့် ယန်ပိုင်ဖြစ်စေ မဟာယာနအဆင့်နဲ့ တူညီသည့် တောဝက်များ မြေခွေးများဖြစ်စေ ဆေးပင်များ ဆေးဝါးများကြောင့်ဖြစ်စေ အရာအားလုံးက ရှောင်ချီတို့ကို တုန်လှုပ်သွားစေရန် လုံလောက်နေသည်။

ယန်ချန်က ပေါ့ပါးသည့်သတ္တုစပ်အပြားတခုအား အနီးကပ်စစ်ဆေးနေသည်။ ထိုကတ်ပြားက မကြာသေးမီအချိန် ထာဝရကျေးရွာအတွင်း လူဦးရေကောက်ယူထားသည့် စနစ်မှပြုလုပ်ထားတဲ့ မှတ်ပုံတင်ဖြစ်ပြီး ထိုကတ်ပြားပေါ်၌ ထာဝရကျေးရွာ ရွာသူကြီး ဟုအမည်တပ်ထားသည့်အပြင် ယန်ချန့်အမည်ကိုပါ အသေးစိတ်အလှခြယ်ကာ ဖော်ပြထားသည်။

အခြားသူများမှာတော့ နေထိုင်ရာခြံဝန်းအမှတ် ပြီးနောက် အင်အားစုအမည်နဲ့ ကိုယ်ပိုင်အမည်များကို ရေးထွင်းထားပြီး လိပ်စာနေရာ၌ ထာဝရကျေးရွာဟု ရေးမှတ်ထားသည်။

ခြံဝန်း၅၀ အထိသက်မှတ်ပြီး ပြုလုပ်ခြင်းက လူဦးရေ ၂၅၀ ကျော်ထွက်ရှိလာပြီး အတိကျဆိုလျှင် ၂၅၆ ဦးဖြစ်သည်။ ထိုစာရင်း၌ ယန်ချန်လည်း အပါအဝင်ဖြစ်ကာ ၂၅၆ အပြင်မှတခြားသူများကတော့ ထာဝရကျေးရွာ၏ ဧည့်သည်များအဖြစ်သာ နေထိုင်နိုင်မည် ဖြစ်သည်။

ထိုကတ်ပြားက မှတ်ပုံတင်စနစ်ကို အခြေခံထားပြီး ကျေးရွာအတွင်းမိသားစုများက အကျိုးကျေးဇူးများစွာ ခံစားရနိုင်သေးသည်။ ကျင့်ကြံရန်ပါရမီရှိပါက ကျင့်ကြံရန်ထောက်ပံ့မည်ဖြစ်ပြီး ပါရမီမပါသူများကလည်း စိုးရိမ်စရာမလိုပေ။

သေမျိုးတတ်သင့်သည့် ပညာရပ်များကို သင်ယူနိုင်ရန် ကျေးရွာပညာရေးစနစ်ကို ထည့်သွင်းထားပြီး ကျန်းမာရေး စီးပွားရေးဆိုင်ရာများအတွက် အဖွဲ့အချို့ကိုလည်း ယန်ချန်က သတ်မှတ်ပေးခဲ့သည်။

ကျေးရွာ၏ လူကြီးများစာရင်း၌ ကျန်းဝမ်လီ မင်ဝမ် တို့နှစ်ဦးအပြင် ရှောင်ချီလည်းပါဝင်လာကာ ကိုယ်တော်ရန်ကျင်းကလည်း ပါဝင်ကူညီရန် တက်ကြွနေသည်။

ထို့ကြောင့် ကောင်စီအဖွဲ့ဝင်ကို ပြန်လည်ဖွဲ့စည်းခဲ့ရပြီး အဖွဲ့ဝင်များစာရင်း၌ ထိပ်တန်းအဆင့်ထဲတွင် မင်ယုရှန်း ကျင်းလုံ ရှယီ စုလဲ့ နဲ့ ထိပ်သီးဂိုဏ်းခေါင်းဆောင်အချို့ ပါဝင်သည်။

သာမန်ကောင်စီအဖွဲ့ထဲတွင်တော့ လီဖူယွဲ့ ချူလင်းယု ချင်ဖုန်း ရှချင်းယုံ နဲ့ ရှောင်မိသားစုပါရမီရှင် ရှောင်ကျန့်ပါဝင်ကာ ကျန်းယန်အခြားလူငယ်များက ရပ်ကျေးကာကွယ်ရေးအဖွဲ့၌ ထည့်သွင်းခံထားရသည်။ အခြားအဖွဲ့များကိုလည်း အသေးစိတ်စနစ်တကျ ဖွဲ့စည်းပြီးချိန်မှာတော့ ယန်ချန်က ရွာသူကြီးတဦးဖြစ်လာကာ ကျေးရွာတခု၏ သွင်ပြင်လက္ခဏာနဲ့ အတော်များများ ဆင်တူသွားတော့သည်။

“ပြိုင်ပွဲကွင်းပြင် ဆောက်လုပ်မှုကို စတင်လို့ရပါပြီ။ ပြိုင်ပွဲကိုတော့ ၃လအတွင်းကျင်းပရင် အကောင်းဆုံးပဲ”

ယန်ချန်က ထိုပြိုင်ပွဲကို အဓိကထောက်ပံ့မည်ဖြစ်ပြီး လက်နက်များ ဆေးဝါးများစွာ ချီးမြင့်မည်ဖြစ်ကာ ထိုအထဲ၌ အဆွဲဆောင်နိုင်ဆုံးက ထာဝရကျေးရွာအတွင်း ခြံဝန်းတခုပိုင်ဆိုင်နိုင်မည့် ဆုလာဘ်ဖြစ်သည်။ ထိုဆုလာဘ်ကိုတော့ ထိပ်ဆုံးဆယ်ဦးသာ ရနိုင်ပြီး ဆုလာဘ်ရောင်းချခြင်း လွှဲပြောင်းခြင်း ပြုလုပ်ခွင့်မရှိပေ။

ထိုသတင်းကြားသည်နှင့် ထျန်းဟွမ်လောကတခုလုံး ဂယက်ထသွားခဲ့ကာ သူတော်စင်များ၏ ချဲ့ကားဂုဏ်တင်မှုကြောင့် ယန်ချန့်ဂုဏ်သတင်းမြင့်မားနေချိန် ပြိုင်ပွဲ၏ ဆုလာဘ်က ကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ယန်ချန်က သက်ပြင်းရှည်ကို ချကာခေါင်းယမ်းလိုက်မိသည်။ ကွင်းပြင်ကျယ်၌ တိုက်ပွဲစင်မြင့်အတွက် ပုံကြမ်းရေးဆွဲပေးပြီးနောက် ထိုအရာက ရောမခေတ် နပန်းပွဲများကျင်းပသည့် ကစားကွင်းပုံစံ အဝိုင်းပတ်ကြီးတခုဖြစ်ကာ မီတာ ၅၀ပတ်လည် စင်မြင့်အကြီး ဆယ်ခုနဲ့ ပရိတ်သတ်သိန်းချီဝင်ဆံ့တဲ့ စက်ဝိုင်းပုံ ပွဲကြည့်စင်ကြီးတခု ပါဝင်သည်။

ထိုအဆောက်အုံကြီးကို ကျင်းလုံကမြေနေရာ သက်မှတ်ပေးခဲ့ပြီး ဧကရာဇ်ကိုယ်တိုင် ခွင့်ပြုခဲ့သည့် ရှားပါးအဆောက်အုံဖြစ်သည်။ ထာဝရကျေးရွာနဲ့ ကပ်လျက်ရှိပြီး အတိကျဆိုလျင် ကျင်းစီရင်စုနဲ့ ထာဝရကျေးရွာကြားဖြစ်ကာ ထိုအစီစဥ်စတင်ချိန်မှစ၍ ကျင်းလုံကိုယ်တိုင် ဆောက်လုပ်ရေးအား ဦးစီးခဲ့သည်။

ယန်ချန်ကတော့ လက်နက်များ အချိန်တချို့ယူကာ ထုလုပ်နေပြီး မည်သို့ပင်ဖြစ်စေ ထိုသို့ပြုလုပ်ခြင်းက သူ့အရည်ချင်းကိုလည်း မြင့်တင်ပေးရာ ရောက်သည်။

(ငါတော့ ဒီရှုပ်ထွေးတဲ့ ကျင့်ကြံသူတွေကြား ရောနှောသွားပြီပဲ)

ယန်ချန်တယောက် ခြံဝန်းအပြင်ဘက်၌ သွားလာလှုပ်ရှားနေကြသည့် ကျင့်ကြံသူများကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ထူးခြားသည်က ထာဝရကျေးရွာအတွင်း မည်သည့်ကျင့်ကြံသူမှ လေပေါ်ပျံသန်းခွင့်မရှိ တိုက်လိုက်သတ်ဖြတ်ခွင့်မပြုပဲ စည်းမျဥ်းဖောက်ဖျက်ပါက ပြင်းထန်တဲ့အပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း မင်ဝမ်ဦးဆောင်တဲ့ လူကြီးအဖွဲ့က ယန်ချန့်ကိုယ်စား စည်းမျဥ်းများ ထုတ်ပြန်ပေးခဲ့သည်။

ထိုသို့ကြောင့်သာ ကျင့်ကြံသူများစွာ ဝင်ထွက်နေသော်လည်း ထာဝရကျေးရွာက မည်သည့်ကျင့်ကြံရေးအရှိန်ဝါမှ ရှိမနေပဲ သာမန်သေမျိုးကျေးရွာလေးနဲ့ပင် တူညီနေလေသည်။

ထိုစဥ်ရုတ်တရက် ယန်ပိုင်က ယန်ချန့်အနီးရောက်ရှိလာသည်။ ဆင့်ကဲပြောင်းလဲပြီးနောက် ယန်ပိုင်ရဲ့စကားပြောစွမ်းရည်ကို ထုတ်ပြခဲ့ပြီး အစပိုင်း ယန်ချန်မှာမှင်သက်သွားခဲ့ရသေးသည်။

“ဘာကိစ္စလဲယန်ပိုင်”

ယန်ချန်က အနည်းငယ်ဖားလျားလိုသည့်ဟန်ဖြင့် ချဥ်းကပ်လာသည့် ယန်ပိုင်ကိုကြည့်၍ မေးလိုက်သည်။

“ကျတော်ဒီရက်ပိုင်း အပြင်သွားမလို့ပါသခင်”

“အပြင်သွားမလို့ ဟုတ်လား ဘာအတွက်လဲ”

ယန်ချန်တယောက် ပြန်မေးလိုက်သည်။ ယန်ပိုင်က မည်သည့်အတွက်ကြောင့် အပြင်ထွက်လိုနေသနည်း။ ယန်ချန်မသိတာက ကမ္ဘာဝိဉာဥ်မှတဆင့် ယန်ပိုင်ရဲ့မိဘများကို သိခဲ့ရပြီး ထိုမိဘနှစ်ပါးကို သွားရောက်ခေါ်ဆောင်ရန် အပြင်ထွက်လိုခြင်း ဖြစ်သည်။ သို့သော် ထိုအချက်အား ယန်ပိုင်မှ ထုတ်မပြောပေ။

“ဘာပဲဖြစ်ဖြစ် မင်းပုံစံနဲ့ဆို အန္တရာယ်မရှိလောက်ပါဘူး မြန်မြန်သွား မြန်မြန်ပြန်ခဲ့ မင်းသိထားဖို့က ပြိုင်ပွဲမတိုင်ခင် ပြန်ရောက်ရမယ်”

ယန်ချန့်ခွင့်ပြုလေးလျင် ယန်ပိုင်လည်း တက်ကြွစွာခေါင်းညိတ်ပြလိုက်ပြီးနောက် ချက်ချင်းပဲ လျင်မြန်စွာပြေးထွက်သွားတော့သည်။

“ဒီကောင်ကတော့..”

ယန်ချန်ရဲ့ တိတ်တဆိတ်ကြိမ်းမောင်းမှုကို မကြားတော့ပေ။ ကြားလျင်လည်းစပ်ဖြီးဖြီးသာလုပ်မည်မှာ သေချာသည်။

…………………………………………

All Chapters