← Chapters

ရတနာတစ်ရာ တောင်တန်းမှ လျှို့ဝှက်ချက်များ

Vol. 8 Ch. 108

ရတနာတစ်ရာ တောင်တန်းမှ လျှို့ဝှက်ချက်များ

Vol. 8 Ch. 108

~အချိန်အတော်ကြာ ပြီးနောက်...

စုယွီသည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"ဘယ်သူမှ လိုက်မလာဘူးပဲ..."

ချက်ချင်းပင် သူ၏ မျက်ခုံးများ တွန့်ကွေးသွားလေသည်။

"စောစောက ငါ့ကို တိုက်ခိုက်ခဲ့တဲ့သူက ဘယ်သူပါလိမ့်..."

သူ ရတနာတစ်ရာ တောင်တန်းကို အလည်အပတ် သွားခဲ့တုန်းက ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်း ပညာရှင်နဲ့ ဇီယန် တို့နှစ်ယောက်ကိုပဲ တွေ့ဖူးခဲ့တာ ဖြစ်၏။ ကျန်တဲ့လူတွေ အကြောင်းကိုတော့ ကြားဖူးရုံသာ ရှိသည်။

ကံကောင်းသည်မှာ သူသည် သစ်သား စွမ်းအင်ကို အဓိကထား ကျင့်ကြံထားသဖြင့် သစ်တောထူထပ်သော နေရာများတွင် အာရုံခံနိုင်စွမ်း အထူး ကောင်းမွန်နေခြင်း ဖြစ်သည်။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ အထောက်အပံ့ ပါဝင်နေသဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ကြိုတင် သတိပြုမိခဲ့ခြင်း ဖြစ်၏။

ဒုတိယအဆင့် အလယ်အလတ် အရှိန်အဝါ ဖုံးကွယ်ခြင်း အဆောင်နှင့် ကိုယ်ပျောက် အဆောင်များကို ကြိုတင် အသုံးပြုထားသောကြောင့်သာ တော်သေးသည်။ မဟုတ်ရင် အခြေအနေ မကောင်းနိုင်ပေ။

နောက်ဆုံးတွင် သူသည် ထိပ်တန်း အရည်အသွေး နဂါးသတ် အဆောင် တစ်ခုကို အသုံးပြုပြီး ရန်သူကို ကပ်သီးကပ်သတ် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။

မလွယ်ကူလိုက်ပါပေ။

တာအိုဆရာ ဟုန်ယွဲ့ခမျာ သေဆုံးသွားချိန်ထိ နားမလည်နိုင်ခဲ့ရှာပေ။ 'ဒါက ပြင်းထန်တဲ့ တိုက်ပွဲလို့ သတ်မှတ်လို့ ရရဲ့လား...' ဟု တွေးတောရင်း သေဆုံးသွားရရှာသည်။

"ဟူး..."

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စုယွီသည် သိမ်းဆည်းလာသော ပစ္စည်းများ အားလုံးကို ထုတ်ယူလိုက်လေသည်။

သာမန် အရည်အသွေး ရှိသော ထိပ်တန်း ဓားပျံးတစ်လက်။ တန်ဖိုးအားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀)၊ (၂၀၀၀) ခန့်သာ ရှိမည် ဖြစ်၏။

အလယ်အလတ် အဆင့် မှော်လက်နက် (၃) ခု။ ဤပစ္စည်းမျိုးကို စုယွီ လှည့်ပင်မကြည့်တော့ပေ။

'အခြေခံ တည်ဆောက်ခြင်း အဆင့် (၅) ရောက်နေပြီကို... အလယ်အလတ် အဆင့် မှော်လက်နက် သုံးနေတုန်းလား... ဆင်းရဲလိုက်တာ...' စုယွီ စိတ်ထဲတွင် ကဲ့ရဲ့လိုက်မိသည်။

ထို့နောက် အဆောင် (၁၈) ခုဖြင့် ဖွဲ့စည်းထားသော အဆောင် အခင်းအကျင်း တစ်ခု ပါဝင်သည်။ ဤအခင်းအကျင်းသည် တစ်ခါသုံး မဟုတ်ဘဲ အကြိမ်ကြိမ် ပြန်သုံးနိုင်သော အားသာချက် ရှိသော်လည်း၊ စွမ်းအားမှာမူ ဒုတိယအဆင့် အဆင့်နိမ့် အခင်းအကျင်းလောက်သာ ရှိသဖြင့် အားနည်းလွန်းလှပေသည်။

နောက်ဆုံးတွင်... သိုလှောင်အိတ် တစ်လုံး ကျန်ရှိနေသေး၏။

စုယွီသည် တာအိုဆရာ ဟုန်ယွဲ့၏ နတ်ဘုရား အာရုံ အမှတ်အသားကို ဖျက်ဆီးပစ်လိုက်ပြီး သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပစ္စည်းမျိုးစုံ ရှုပ်ပွနေသည်ကို တွေ့လိုက်ရလေသည်။ ရုတ်တရက် ရင်းနှီးနေသော အဝတ်အစား တစ်စုံကို သတိထားမိလိုက်၏။

ခဏလောက် စဉ်းစားပြီးနောက် စုယွီ ရုတ်တရက် ဆဲရေးလိုက်မိသည်။

"ဒါ... ဒါ... ဆေးဆရာမ ဇီယန် ဝတ်နေကျ အဝတ်အစား မဟုတ်လား..."

ဘာတွေလဲဟ...

ဒီနှစ်ယောက် ဖောက်ပြန်နေကြတာလား။ ဘာပဲဖြစ်ဖြစ်... ဒီအဝတ်အစားကြီးက ဘာလုပ်တာလဲ။

စုယွီ ချက်ချင်းပင် မီးရှို့ ဖျက်ဆီးပစ်လိုက်သည်။ မျက်စိနောက်စရာ ကောင်းလိုက်တာ။

ထို့နောက် ပစ္စည်းပုံထဲမှ ရတနာတစ်ရာ တောင်တန်း၏ ‌ဂူစံအိမ် နေထိုင်ခွင့် တိုကင်ပြားကို ရှာတွေ့သွားလေသည်။ အဆောင်များနှင့် ကုန်ကြမ်းပစ္စည်း အများအပြားကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး မျက်နှာထား အေးစက်သွားတော့သည်။

"ရတနာတစ်ရာ တောင်တန်းက ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ ပညာရှင် တာအိုဆရာ ဟုန်ယွဲ့လား..."

"သူက ငါ့ကို လုပ်ကြံချင်တာပေါ့..."

စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

ရတနာတစ်ရာ တောင်တန်း ဆိုတာ သူခိုးဂျပိုးတွေ စုဝေးနေတဲ့ နေရာများလား။

ဆက်လက် ရှာဖွေကြည့်ရာ ကျောက်စိမ်းပြား အများအပြားကို တွေ့ရှိရလေသည်။ ထိုအထဲတွင် တာအိုဆရာ ဟုန်ယွဲ့ ကျင့်ကြံသော ကျင့်စဉ်များနှင့် ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် အမွေအနှစ် တစ်ခု ပါဝင်နေ၏။

ဤအမွေအနှစ်သည် စုယွီ လေ့လာနေသော အဆောင်ပညာနှင့် အနည်းငယ် ကွဲပြားပြီး အဆောင် အခင်းအကျင်း ဘက်သို့ ပိုမို ဦးတည်ထားလေသည်။

အမွေအနှစ်ကို ရရှိလိုက်သောအခါ စုယွီ၏ မျက်လုံးများ တောက်ပလာတော့သည်။

"ရတနာပဲ..."

ဒီအမွေအနှစ် ရလိုက်တော့မှသာ... သူ သုံးလိုက်ရသည့် အဆောင်တွေအတွက် တန်သွားသလို ခံစားလိုက်ရသည်။

—---------

ထိုအချိန်၊ အိမ်နီးချင်း ရတနာတစ်ရာ တောင်တန်း၌မူ ၊

"‌ဘုန်း..."

အပြင်ဘက်မှ လူတစ်ယောက် ကပျာကယာ ပြေးဝင်လာလေသည်။ ထိုသူမှာ ဒုတိယအဆင့် အလယ်အလတ် ဆေးပညာရှင် ရှီဟိုင် ပင် ဖြစ်၏။

ယခုအချိန်တွင် ရှီဟိုင်၏ မျက်နှာသည် အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။ ‌ဂူစံအိမ်ထဲသို့ ရောက်သောအခါ ဝိညာဉ် အပင်များကို ပြုစုပျိုးထောင်နေသော ဇီယန်ကို တွေ့လိုက်ရ၏။ သူ၏ အသံမှာ အနည်းငယ် တုန်လှုပ်နေလေသည်။

"တာအိုဆရာ ဟုန်ယွဲ့ သေပြီ..."

"သူ စုယွီကို သွားလုပ်ကြံတာ ထင်တယ်... ဒါပေမဲ့ တိုက်ပွဲ စပြီး အသက်ရှူချိန် (၁၀) ကြိမ်တောင် မပြည့်ခင်မှာတင် အကုန် ပြီးသွားတယ်... စုယွီက ဘာမှ မဖြစ်ဘဲ သူ့‌ဂူစံအိမ်ကို ပြန်ရောက်လာပြီး... ဟုန်ယွဲ့ကတော့ အရိုးတောင် မကျန်အောင် ပျောက်ကွယ်သွားပြီ..."

ထိုသတင်းကြောင့် ဇီယန်၏ မျက်နှာ ဖြူဖျော့သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ဟုန်ယွဲ့ သေပြီ လား... သူက အခြေခံ တည်ဆောက်ခြင်း အဆင့် (၅) လေ... ပြီးတော့ ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်လေ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ရှီဟိုင်သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကြောက်လန့်တကြား ပြောလေသည်။

"စုယွီ ဆီမှာ.. ငါတို့ မသိတဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာ သေချာတယ်... ဒီကောင်က သာမန် မဟုတ်ဘူး... မဟုတ်ရင် အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) လေးက ဟုန်ယွဲ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ..."

"ကံကောင်းလို့... ကံကောင်းလို့ ငါတို့ ကိုယ်တိုင် သွားမလုပ်မိတာ..."

ရှီဟိုင်၏ အသံတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေ၏။ သူရော၊ သူ့ကျင့်ကြံဖော် ဇီယန်ရော တိုက်ခိုက်ရေးဘက်တွင် မကျွမ်းကျင်ကြပေ။ ထို့ကြောင့် သူတို့ထက် ပိုမို အစွမ်းထက်သော တာအိုဆရာ ဟုန်ယွဲ့ကို အကူအညီ တောင်းခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင်၊ အခုတော့... ဟုန်ယွဲ့တောင် အသတ်ခံလိုက်ရပြီ။

သူတို့ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်ပါမည်လဲ။

"ဟုတ်တယ်..." ရှီဟိုင်က ဆက်ပြောလိုက်သည်။ အသံများ တုန်ရီနေ၏။

"စောစောက ဟုန်ယွဲ့ သေတဲ့ နေရာကို ငါ သွားကြည့်ခဲ့တယ်... တောင်တစ်လုံးလုံး ထက်ပိုင်း ပြတ်နေတာကွ... လူတိုင်း ပြောနေကြတာကတော့... ဒီလောက် စွမ်းအားမျိုး ထုတ်နိုင်ဖို့ ဆိုတာ အနည်းဆုံး အခြေခံ တည်ဆောက်ခြင်း နှောင်းပိုင်း အဆင့် ကျင့်ကြံသူမှ ရမယ်တဲ့... ဟုန်ယွဲ့က မရွယ်ရမယ့်လူကို သွားရွယ်မိတာပဲ..."

"အခြေခံ တည်ဆောက်ခြင်း နှောင်းပိုင်း အဆင့် ဟုတ်လား..."

ဇီယန်၏ မျက်နှာထား အကြိမ်ကြိမ် ပြောင်းလဲသွားပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေမိသည်။

သို့သော် ထိတ်လန့်မှု ပြေပျောက်သွားပြီးနောက် သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ပေါ်လာလေသည်။ သူမသည် စုယွီ၏ ‌ဂူစံအိမ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး အတွေးတစ်ခု ဝင်လာ၏။

'ဟုန်ယွဲ့ကိုတောင် သတ်နိုင်တယ် ဆိုတော့... သူက...'

ဇီယန်သည် စုယွီ၏ လျှို့ဝှက်ချက်များကို ပိုမို သိရှိလိုစိတ် ပြင်းပြလာလေသည်။

ဒီလူက သူမ ထင်ထားသလို အားနည်းသူ မဟုတ်ဘူးပဲ။

ဤအတွေးသည် သူမ၏ စိတ်ဝင်စားမှုကို နိုးဆွပေးလိုက်သလို ဖြစ်သွားသည်။

ဘေးနားတွင် ကြောက်လန့်တကြား ဖြစ်နေသော ရှီဟိုင်နှင့် နှိုင်းယှဉ်လိုက်သောအခါ... ဇီယန်၏ မျက်လုံးထဲတွင် ရှီဟိုင် အပေါ် ရွံရှာသော အရိပ်အယောင် အနည်းငယ် ဖြတ်သန်းသွားလေသည်။

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

တာ့ယွဲ့ မှောင်ခိုဈေး လေလံပွဲကြီး စတင်ရန် တစ်လအလိုတွင် ကောင်းကင်ပျက်အစီး ကျောင်းတော်မှ တာအိုဆရာ ရှုယွီ ထပ်ရောက်လာပြန်၏။ ဒီတစ်ခေါက်တွင် သူသည် လေလံပွဲ၌ ပါဝင်မည့် ပစ္စည်းစာရင်းကို ယူဆောင်လာခြင်း ဖြစ်သည်။ ဈေးနှုန်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ဖြစ်၏။

ပိုက်ဆံ ပေးလိုက်ပြီးနောက် ပြန်ထွက်သွားသော ရှုယွီ၏ ကျောပြင်ကို ကြည့်ရင်း စုယွီ ညည်းတွားလိုက်မိသည်။

"ကောင်းကင်ပျက်အစီး ကျောင်းတော်က ပိုက်ဆံရှာရတာ လွယ်လိုက်တာကွာ..."

စာရင်း တစ်ခုတည်းကို ဝိညာဉ်ကျောက်တုံး (၁၀၀) တဲ့လား။ ဓားပြတိုက်တာမှ သက်သာဦးမယ်။

သို့သော် စုယွီ အနေဖြင့် ဤစာရင်းကို မဖြစ်မနေ လိုအပ်နေပေသည်။ လေလံပွဲတွင် ဘာရတနာတွေ ပါမလဲ၊ သူ လိုချင်တာတွေ ပါမလား ဆိုတာ သိချင်နေမိ၏။

ယွီခယ်အာနှင့် အတူ စာရင်းကို ကြည့်ရှုလိုက်ရာ အရှေ့ပိုင်းတွင် သာမန် ပစ္စည်းများသာ ပါဝင်သည်ကို တွေ့ရလေသည်။

စာမျက်နှာများကို ဆက်လက် လှန်လှောကြည့်ရှုရင်း... ရုတ်တရက် စုယွီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပစ္စည်းတစ်ခုကို စိုက်ကြည့်နေမိတော့သည်။

အရှင် ဖမ်းဆီးထားသော ဒုတိယအဆင့် ထိပ်တန်း အရည်အသွေး ရှိသည့် 'လက်ရှစ်ဖက် ဓားသွား နှံကောင်'။

“ဟူး…”

All Chapters