← Chapters

လေလံပွဲနှင့် လျှို့ဝှက်ချက်များ

Vol. 8 Ch. 109

လေလံပွဲနှင့် လျှို့ဝှက်ချက်များ

Vol. 8 Ch. 109

~တစ်စုံတစ်ယောက်က ဒုတိယအဆင့် ထိပ်တန်း အရည်အသွေး ရှိတဲ့ 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ကို အရှင်ဖမ်းမိထားတယ်တဲ့လား။

စုယွီ မယုံနိုင်အောင် ဖြစ်နေမိ၏။ သူသည် စာရင်းကို ထပ်ခါတလဲလဲ ကြည့်ရှုလိုက်ရာ ထိုနှံကောင် သားရဲ၏ ခန္ဓာကိုယ် အစိတ်အပိုင်း ပစ္စည်းများ ပါဝင်နေသည်ကိုလည်း တွေ့လိုက်ရလေသည်။

စုယွီ သက်ပြင်းချလိုက်မိသည်။

"ဒီပစ္စည်းကိုတော့ ငါ မရရအောင် ယူမှ ဖြစ်မယ်... ပြီးတော့... အရှင်ဖမ်းထားတဲ့ နှံကောင်ကိုပါ ရနိုင်မလား ကြိုးစားကြည့်ရမယ်..."

သူသည် စာရင်းကို အလျင်အမြန် ဆက်လက် ကြည့်ရှုလိုက်ရာ သူ လိုချင်နေသော အခြား ပစ္စည်း တစ်ခုကို ထပ်မံ တွေ့ရှိလိုက်ရပြန်၏။

'အလင်းအရိပ်ကျောက်’

ဒါကို မြင်လိုက်ရသော အခါမှာတော့... စုယွီရဲ့ မျက်လုံးတွေက တခြား ဘယ်အရာကိုမှ မမြင်နိုင်တော့ပါ။ သူ့ခေါင်းထဲမှာ အတွေးတစ်ခုတည်းသာ စိုးမိုးထားတော့သည်။

ဒီလေလံပွဲကို ငါ မဖြစ်မနေ တက်ရမယ်... ဒီပစ္စည်းနှစ်ခုကို ငါ မရရအောင် ယူရမယ်...

—---

ရက်အနည်းငယ် ကြာပြီးနောက်၊

ယွီမိသားစု ခေါင်းဆောင် ယွီပိုင်ရှန်နှင့် ယွီခယ်အာ၏ ဖခင် ယွီပိုင်ဟယ် တို့သည် တာ့ယွဲ့ မှောင်ခိုဈေး လေလံပွဲသို့ တက်ရောက်ရန် ရောက်ရှိလာကြလေသည်။

တိုက်ဆိုင်စွာပင် ယွီပိုင်ရှန်သည် ညီဖြစ်သူ ယွီပိုင်ဟယ်နှင့် လော့ချင်းယာတို့က အမွှမ်းတင် ပြောဆိုလေ့ ရှိသော စုယွီနှင့် တွေ့ဆုံလိုစိတ် ရှိနေခဲ့၏။

စားပွဲသောက်ပွဲတွင် ဝိညာဉ် ဝိုင်များကို အရမ်းကာရော သောက်ပြီးနောက် ယွီပိုင်ဟယ်သည် မနိုင်တော့သဖြင့် လက်မြှောက် အရှုံးပေးလိုက်ရသည်။ သို့သော် ယွီပိုင်ရှန်၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်း အလျဉ်းမရှိပေ။

လခွမ်း... ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်ထားရုံနဲ့တင် ဒီလောက်တောင် ကြွားချင်နေကြတာလား။

စုယွီ၏ မျက်နှာထားလည်း တည်ငြိမ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ယွီပိုင်ရှန်က ခေါင်းတစ်ချက် ညိတ်ကာ ပြောလိုက်လေသည်။

"ပိုင်ဟယ် ပြောသလိုပဲ... မင်းက တကယ်ကို တည်ငြိမ်တာပဲ... ဒါပေမဲ့... မင်းရဲ့ ဝိညာဉ် ဝိုင်က နည်းနည်း အရည်အသွေး နိမ့်နေသလားလို့... ငါ့မှာ တခြား ဝိုင်အမျိုးအစား တစ်ခု ရှိတယ်..."

ထို့နောက် ယွီပိုင်ရှန်သည် နက်မှောင်သော ကျောက်စိမ်းရောင် အဆင်းရှိသည့် ဝိညာဉ် ဝိုင်အိုး တစ်လုံးကို ထုတ်ယူလိုက်လေသည်။

စုယွီ (၃) ခွက် သောက်ပြီးသောအခါ သူ၏ နတ်ဘုရား အာရုံ တောင်မှ မူးဝေမှုကို မတောင့်ခံနိုင်တော့ပေ။

သူ တကယ်ကြီး မူးသွားခဲ့လေသည်။

နောက်တစ်နေ့ သူ နိုးလာသောအခါ၊

ယောက္ခမ ဖြစ်သူ ယွီပိုင်ဟယ်က သူ့ကို တွေးတောဆင်ခြင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"နတ်ဘုရားတောင် မူးစေတဲ့ ဝိုင်ကို (၃) ခွက်တောင် မော့ချလိုက်တယ် ဆိုတော့... မင်းက ငါ့အစ်ကိုကြီးကိုတောင် နောင်တရသွားစေတာပဲကွ..."

"ငါ အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်တုန်းက... အဲ့ဒီဝိုင် တစ်ခွက် သောက်ပြီးတာနဲ့ မေ့လဲသွားခဲ့တာ..."

ထို ဝိညာဉ် ဝိုင်သည် သာမန် ဝိုင်မဟုတ်ပေ။

(၃) ခွက် သောက်လိုက်ရုံဖြင့် စုယွီ၏ ကိုယ်ခန္ဓာ ကျင့်စဉ် ကျွမ်းကျင်မှု အဆင့်အား (၃%) ထိ တိုးတက်သွားစေခဲ့သည်။

နောက်ပိုင်း (၁၀) ရက်လောက် အတွင်းမှာ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်ဟာ ပုံမှန်ထက် နှစ်ဆလောက် ပိုမြန်လာခဲ့လေသည်။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် 'မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀၈) ကွက်' ၏ (၁၁) ဆင့်မြောက်ကို အောင်မြင်ပြီးနောက် (၆) နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ယခုအခါ သူ၏ ကျွမ်းကျင်မှု အဆင့်သည် (၈၅%) ထိ ရောက်ရှိနေပြီ ဖြစ်ရာ (၁၂) ဆင့်မြောက်သို့ ရောက်ရှိရန် မဝေးတော့ပေ။

(၂) ရက် ကြာပြီးနောက်၊

စုယွီသည် စုဇီထံမှ စာတစ်စောင် ရရှိခဲ့လေသည်။ သူမနှင့် အစ်မလော့ချန်ယွီတို့ တာ့ယွဲ့ မှောင်ခိုဈေးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယွင်ကျန်းဂိုဏ်း နယ်မြေမှ ဟွမ်မိသားစု၊ ကျန်းမိသားစုတို့လည်း လေလံပွဲ တက်ရောက်ရန် ရောက်ရှိနေကြကြောင်း စာထဲတွင် ဖော်ပြထားသည်။

စုယွီသည် လေလံပစ္စည်း စာရင်းထဲတွင် 'ဟွာယွမ်ဆေးလုံး' ဖော်စပ်ရန် ကုန်ကြမ်းပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ဖူး၏။

ထိုဆေးလုံးသည် အမြုတေ ဖွဲ့စည်းခြင်း အောင်မြင်နှုန်းကို မြှင့်တင်ပေးသော ‘ရွှေရောင် အမြုတေ ဆေးလုံး’ မဟုတ်သော်လည်း၊ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရန် မျှော်လင့်ချက် မရှိသူများအတွက် 'တုပ အမြုတေ' ဖွဲ့စည်းနိုင်စေရန် ကူညီပေးသော အကောင်းဆုံး ရတနာ ဖြစ်ပေသည်။

ထို ဟွာယွမ်ဆေးလုံး ကုန်ကြမ်းများကို အပြင်းအထန် လုယက်ကြမည့် အခြေအနေ ရှိနေသည်။

လေလံပွဲ မတိုင်မီ ညနေခင်းတွင် စုယွီသည် စုဇီ၊ လော့ချန်ယွီနှင့် ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ၏ မျိုးဆက်များကို သူ၏ ‌ဂူစံအိမ်သို့ ဖိတ်ကြားပြီး ဧည့်ခံပွဲ ကျင်းပခဲ့လေသည်။

စုယွီ၏ ‌ဂူစံအိမ်သို့ ဝင်ထွက်သွားလာနေကြသော အစွမ်းထက် ကျင့်ကြံသူများကို ကြည့်ပြီး ဆေးပညာရှင် ရှီဟိုင်နှင့် ဆေးဆရာမ ဇီယန်တို့ နှစ်ဦးစလုံး အနည်းငယ် ထိတ်လန့်သွားကြရသည်။

'သူ့ကိုယ်ပိုင် စွမ်းရည် မဟုတ်ရင်တောင်မှ... ဒီလို အဆက်အသွယ်တွေ ရှိနေတာက လူတော်တော်များများထက် သာလွန်နေပြီ...'

ဇီယန် တွက်ချက်လိုက်မိ၏။

ဥပမာအားဖြင့်... သူမရဲ့ ကျင့်ကြံဖော်ဟု ဆိုရမည့် ဆေးပညာရှင် ရှီဟိုင် ဆိုသည့် လူနှင့် ယှဉ်လျှင်ပေါ့။

ယခု အချိန်တွင် သူမသည် စုယွီနှင့် ယွီခယ်အာတို့ကို သားကောင် အဖြစ် သတ်မှတ်လိုစိတ် လုံးဝ မရှိတော့ပေ။ ထိုအစား အခြားသော အတွေးများ ဝင်ရောက်လာတော့သည်။

—---

‌ဂူစံအိမ် အတွင်း၌၊

စုယွီသည် စုဇီ၊ လော့ချန်ယွီနှင့် အတူ ယွင်ကျန်းဂိုဏ်းမှ အကြီးအကဲ နှစ်ဦးကို ဧည့်ခံနေလေသည်။ တစ်ဦးမှာ လင်းချောင်ရှန်း ဟု အမည်ရပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် (၇) ရှိသော အတွင်းစည်း အကြီးအကဲ ဖြစ်၏။ နောက်တစ်ဦးမှာ လီကျိုးဇီ ဖြစ်ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် (၉) ရှိသော စတုတ္ထ အကြီးအကဲ ဖြစ်လေသည်။

စားသောက်ပွဲ ပြီးဆုံးသောအခါ စုယွီသည် ယွင်ကျန်းဂိုဏ်း၏ လက်ရှိ အခြေအနေကို မေးမြန်းလိုက်၏။

လော့ချန်ယွီသည် ဘာမှ ဖုံးကွယ်မထားဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

"ဆရာက ဒဏ်ရာကုသဖို့ တံခါးပိတ် ကျင့်ကြံနေတုန်းပဲ... အခု ဂိုဏ်းချုပ်ကပဲ ဂိုဏ်းကိစ္စတွေကို စီမံခန့်ခွဲနေတာ... ဒီလေလံပွဲကိုလည်း ဂိုဏ်းချုပ်ရဲ့ မျိုးဆက်တွေကပဲ ဦးစီးပြီး လာကြတာ..."

"တာ့ယွဲ့ နန်းတော်က ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲကနေ ဟွာယွမ်ဆေးလုံးရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ 'လေဟာနယ် ကောင်းကင် ကြာပန်း' ကို တွေ့ရှိခဲ့တယ်လေ... အဲ့ဒါကို ဒီလေလံပွဲမှာ ရောင်းချမှာ..."

"တကယ်လို့ အဲ့ဒါကို လေလံအောင်ပြီး ဟွာယွမ်ဆေးလုံး ဖော်စပ်နိုင်ခဲ့ရင်... တုပ အမြုတေ အဆင့် ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်လောက်တော့ ပိုထွက်လာနိုင်တယ်..."

ထိုစကားကို ကြားသောအခါ စုယွီ အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ ဒီကိစ္စနှင့် ပတ်သက်ပြီး သူ ဘာမှ ဆက်မသိချင်တော့ပေ။

ဟွာယွမ်ဆေးလုံး ခေါင်းစဉ်က အန္တရာယ် များလွန်းသည်လေ။

စကားလမ်းကြောင်း လွှဲလိုက်ပြီးနောက် လော့ချန်ယွီသည် ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးနှင့် ပတ်သက်သော လျှို့ဝှက်ချက် အချို့ကို မျှဝေပြောပြလိုက်လေသည်။

"ရှေးဟောင်း မှတ်တမ်းတွေအရ... ဒီ ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီး ဆိုတာ တကယ်တော့ တည်နေရာ တစ်ခုပဲ ရှိပါသေးတယ်... ရှေးဟောင်း ရွှေကျောက်စိမ်း ဂိတ်တံခါးမှာ ရတနာ (၃) ပါး ဝှက်ထားတယ်လို့ ဆိုကြတယ်..."

"ပထမ တစ်ခုက... ဝိညာဉ် စွမ်းအားကို ကျင့်ကြံပေးနိုင်တဲ့ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ဆိုတဲ့ လျှို့ဝှက် ကျင့်စဉ်..."

"ဒုတိယ တစ်ခုက... အကောင်းဆုံး ရတနာတွေနဲ့ ယှဉ်နိုင်တဲ့ ရုပ်သေး ရတနာ တစ်ပါး..."

"တတိယ တစ်ခုကတော့... စတုတ္ထအဆင့် ထိပ်တန်း အရည်အသွေး ရှိတဲ့ ရုပ်သေးရုပ်ကြီး တစ်ရုပ်..."

"ဒါပေမဲ့... ဒီနေ့အထိ ကျင့်စဉ်နဲ့ ရတနာရဲ့ သဲလွန်စကို ရှာမတွေ့သေးဘူး... ဟို စတုတ္ထအဆင့် ရုပ်သေးရုပ်ကြီး ကတော့ ရှေးခေတ် စစ်ပွဲအတွင်းမှာ မိစ္ဆာမျိုးနွယ်တွေ ဖျက်ဆီးတာ ခံလိုက်ရပုံပဲ..."

"အပျက်အစီး နယ်မြေထဲက မြင့်မြတ်တဲ့ နေရာတစ်ခုမှာ အဲ့ဒီ ရုပ်သေးရုပ်ရဲ့ အပိုင်းအစ တစ်ခုကို ရှာတွေ့ထားပြီးပြီ..."

"တာ့ယွဲ့ နန်းတော်ရဲ့ အဓိက ရည်မှန်းချက်က အဲ့ဒီ စတုတ္ထအဆင့် ရုပ်သေးရုပ်ရဲ့ အပိုင်းအစကို ရဖို့ပဲ..."

ထိုအခါ၊ စုယွီက နှမြောတသဟန်ဖြင့် ပြောလိုက်၏။

"ကျွန်တော့် အင်အားက မလုံလောက်တာ ဆိုးတာပဲဗျာ... မဟုတ်ရင် ကျွန်တော်လည်း ဝင်ပြီး ကံစမ်းကြည့်ချင်သေးတယ်..."

သူ့ဘေးနားတွင် ထိုင်နေသော ယွီခယ်အာသည် ထိုစကားကို ကြားသောအခါ မအောင့်နိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်လေသည်။

ဝင်ပြီး ကံစမ်းချင်တယ် ဟုတ်လား... ဝက်တွေ ပျံနိုင်မှ.. ယုံလိုက်ပါ့မယ်ဟယ်။

သို့သော်၊ စုယွီ တကယ်တော့ နည်းနည်း မနာလို ဖြစ်မိသည်။

စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေးရုပ်ကြီးတဲ့လား... လိုချင်လိုက်တာကွာ။

တကယ်လို့သာ သူ့မှာ အဲ့ဒါ ရှိလျှင်...

နေပါဦး... ရှိရင်လည်း ငါ.. ထုတ်သုံးရဲမှာမှ မဟုတ်တာ။

ထုတ်သုံးရင်တောင်... မကြာခင်မှာပဲ ငါက အသတ်ခံရပြီး သေသွားမှာ သေချာတယ်။

စုယွီ၏ လက်ရှိ အင်အားနှင့် ဆိုလျှင် အဲ့ဒီ ရုပ်သေးရုပ်၏ အပိုင်းအစကိုတောင် ထိဖို့ မသင့်တော်သေးပါ။ ထိလိုက်သည်နှင့် သေလမ်း ရှာသလို ဖြစ်သွားမည်လေ။

All Chapters