← Chapters

ကောင်းကင်ဖီးနစ်နန်းတော်၏ စမ်းသပ်ချက်

Vol. 8 Ch. 115

ကောင်းကင်ဖီးနစ်နန်းတော်၏ စမ်းသပ်ချက်

Vol. 8 Ch. 115

~ကုန်းစွန်းယီ ဟုတ်လား။

စုယွီ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားလေသည်။ ထိုအမည်မှာ ရင်းနှီးနေသကဲ့သို့ ရှိသော်လည်း မည်သည့်နေရာတွင် တွေ့ဖူးသည်ကို အမှတ်မရနိုင်သေးပေ။ ခေတ္တမျှ စဉ်းစားပြီးနောက်မှသာ ထိုသူမှာ မည်သူဖြစ်ကြောင်း သူ သတိရသွားတော့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် မိသားစုခေါင်းဆောင်နောက်သို့ လိုက်ပါကာ ယွင်ကျန်းဂိုဏ်း၏ စမ်းသပ်ပွဲသို့ သွားရောက်ခဲ့စဉ်က ပထမဆုံးနေ့မှာပင် ဂိုဏ်းအတွင်းသို့ တည့်တည့်မတ်မတ် ဝင်ရောက်ခွင့် ရရှိသွားသည့် ပါရမီရှင်မှာ ဤကုန်းစွန်းယီပင် မဟုတ်ပါလော။

ယွီချန်ချင်းက သူမ၏ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ဆက်လက် အသိပေးနေခဲ့သည်။

"ကုန်းစွန်းယီရဲ့ ဘေးနားမှာ ရှိနေတဲ့ သူတွေကလည်း ဂိုဏ်းထဲက ပါရမီရှင် တပည့်တွေပါပဲ.. ဟိုတစ်ယောက်ကတော့ ချန်ပိုင်လိုင် တဲ့။ သူတို့က ဂိုဏ်းထဲကို အတူတူ ဝင်ခဲ့ကြတာ။ ဆေးလုံး မျှော်စင်သခင်... ဒီချန်ပိုင်လိုင်ဆိုတဲ့ လူက ဂိုဏ်းထဲမှာ ရှိနေစဉ်က မမလေးစုဇီ နောက်ကို ယင်ကောင်လိုမျိုး တကောက်ကောက် လိုက်နှောင့်ယှက်နေကျ လူစားမျိုးပါ ရှင်"

ထိုအခါ၊

စုယွီသည် မျက်မှောင်ကြုတ်လျက် ထိုဘက်သို့ လှမ်းကြည့်လိုက်၏။

ကုန်းစွန်းယီသည် လော့ချန်ယွီနှင့် စကားပြောရန် ကြိုးစားနေပုံရသော်လည်း လော့ချန်ယွီကမူ သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မလုပ်ပါချေ။

ကုန်းစွန်းယီ၏ ဘေးနားရှိ လူမှာမူ စုဇီကို ကပ်၍ အတင်းပြောနေလေသည်။ ထိုလူမှာ အရပ် (၇) ပေပင် မပြည့်သလို ရုပ်ရည်မှာလည်း လီပင်ချန်းထက်ပင် ပို၍ ရုပ်ဆိုးလှပေသည်။

စုယွီအနေဖြင့် ကြားဝင်စွက်ဖက်သင့်၊ မသင့် စဉ်းစားနေခိုက်မှာပင် ဝင်ပေါက်တံခါးဝဆီမှ ဆူညံသံအချို့ ထွက်ပေါ်လာတော့သည်။

"နတ်မိမယ် ဖုန်းလင်ကို တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ"

"နတ်မိမယ် ဖုန်းလင်တစ်ယောက် တာ့ယွဲ့မှောင်ခိုဈေးကို လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"သူကတော့ အရင်အတိုင်း လှမြဲလှဆဲပါပဲလား။ အလှတရားက နည်းနည်းလေးတောင် မလျော့သွားဘူးဗျာ"

"လှလိုက်တာ... တကယ့်ကို လှလွန်းပါတယ်။ ဒါ ပိုင်ယွဲ့အင်မော်တယ်မြို့တော်က နာမည်ကျော် နတ်မိမယ် ဖုန်းလင် ဆိုတာလား"

နတ်မိမယ် ဖုန်းလင် ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် စုယွီ၏ နှလုံးခုန်သံမှာ တစ်ချက် ခုန်တက်သွားပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်မိလေသည်။

ရောက်ရှိလာသူမှာ မျက်နှာကို ဇာမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ ရုပ်သွင်ကို စုယွီ. ခန့်မှန်းနိုင်ပေသည်။ ထိုအခါမှသာ စုယွီသည် သက်ပြင်းချရင်း ပြုံးလိုက်မိတော့၏။

'သူ..မဟုတ်ဘူးပဲ။ အရပ်အမောင်း၊ အမူအရာနှင့် ကိုယ်ခန္ဓာအစ... ဟို လမိစ္ဆာမနဲ့ ဘာမှ မဆိုင်ဘူး'

ရောက်ရှိလာသူမှာ ဘုရင်မ တစ်ပါးကဲ့သို့ မြင့်မြတ်သောအရှိန်အဝါများ ပိုင်ဆိုင်ထားပြီး လော့ချန်ယွီ၏ အေးစက်သော အလှနှင့် ကွဲပြားလှပေသည်။

မည်သို့ပင် ဖြစ်စေ... အစပြုသူများကို သုတ်သင်လေ့ ရှိသည့် ဟို လမိစ္ဆာမသာ မဟုတ်လျှင် သူ ကျေနပ်ပါပြီ။

မဟုတ်ပါက သူ၏ ရင်ထဲတွင် ဖိအားများ ပြည့်နှက်နေပေလိမ့်မည်။

နတ်မိမယ် ဖုန်းလင် ရောက်ရှိလာသည်နှင့် တပြိုင်နက် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားတော့၏။ လော့ချန်ယွီနှင့် စုဇီကို နှောင့်ယှက်နေသည့် ကုန်းစွန်းယီနှင့် ချန်ပိုင်လိုင်တို့ပင်လျှင် သူမကို မြင်သည်နှင့် တပြိုင်နက် ကပျာကယာ ပြေးသွားကာ နှုတ်ဆက်ကြလေတော့သည်။

သို့သော်လည်း နတ်မိမယ် ဖုန်းလင်၏ ဘေးနားတွင် လူများစွာ ဝိုင်းရံနေသဖြင့် ကုန်းစွန်းယီအနေဖြင့် တိုးဝင်ရန်ပင် ခဲယဉ်းနေရှာသည်။

ယွင်ကျန်းဂိုဏ်း၏ အထင်ကရ တပည့်တစ်ဦးဖြစ်သူ ကုန်းစွန်းယီတစ်ယောက် နတ်မိမယ် ဖုန်းလင်ကို မြှောက်ပင့်ရန် အတင်းပြေးသွားသည်ကို ကြည့်ပြီး လော့ချန်ယွီနှင့် စုဇီတို့မှာ မျက်မှောင်ကြုတ်လျက် ရှက်ကိုးရှက်ကန်းဖြင့် လှည့်ထွက်သွားကြရရှာသည်။

စုယွီသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါယမ်းလိုက်မိ၏။

"ယွင်ကျန်းဂိုဏ်း ဒီလို ဖြစ်နေတာ မဆန်းပါဘူးလေ"

သူသည် ထိုကိစ္စကို အလေးအနက်ထား၍ ဝေဖန်ခြင်း မပြုတော့ပါချေ။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဂေဟာအတွင်းသို့ ပါရမီရှင်များ ပိုမို ရောက်ရှိလာကြသည်။

ခိုင်ရန် နန်းတော်မှ ထိပ်တန်းတပည့် မီးလျှံနတ်မိမယ်၊ ဓားမြို့တော် ချင်မိသားစုမှ သခင်လေး ချင်ဟိုင်၊ လီမိသားစုမှ လီဝမ်ရှန်း၊ လီမိသားစု၏ သမက်တော် ရှုချန်ချင်းနှင့် မာမိသားစုမှ ပါရမီရှင် မာရှီချင်း တို့လည်း အသီးသီး ပေါ်ထွက်လာကြလေသည်။

မီးလျှံနတ်မိမယ်မှာ အနည်းငယ် မောက်မာရိုင်းစိုင်းပုံရသော်လည်း ချင်ဟိုင်မှာမူ သိမ်မွေ့အေးဆေးသည့်အပြင် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အမြဲ ဆင်မြန်းထားလေသည်။ ယွီခယ်အာက ထိုသူမှာ ယခင်က သူမ၏ မိသားစုက အိမ်ထောင်ဖက်အဖြစ် စီစဉ်ပေးရန် စိတ်ကူးခဲ့ဖူးသူ ဖြစ်ကြောင်း စုယွီကို တိုးတိုးလေး ပြောပြလေသည်။

လီဝမ်ရှန်းမှာမူ လူမှုဆက်ဆံရေး အလွန်ကောင်းမွန်သူဖြစ်ပြီး မည်သူနှင့်မဆို စကားလက်ဆုံ ကျနိုင်သူ ဖြစ်၏။

ရှုချန်ချင်းမှာမူ စိတ်ဝင်စားစရာ ကောင်းသော ဘဝနောက်ခံ ရှိသူ ဖြစ်သည်။ သူသည် သမက်တော်တစ်ဦးအနေဖြင့် အဆင့်အတန်း နိမ့်ကျသော်လည်း သူ၏ ထူးကဲလှသော ဆေးပညာ စွမ်းရည်ကြောင့် လီမိသားစုတွင် အရေးပါသော နေရာတစ်ခု ရရှိထားပြီး ယခုအခါ လီမိသားစု၏ မျက်နှာဖုံးပင် ဖြစ်နေတော့၏။

မာရှီချင်းမှာမူ စုယွီကဲ့သို့ပင် လူမသိအောင် ခပ်အေးအေး နေထိုင်သူ ဖြစ်၏။ သူသည် အသက်အရွယ် ငယ်ရွယ်ပုံရသော်လည်း မျက်နှာမှာ အိုမင်းနေပြီး ဆံပင်များတွင်လည်း ဖြူရာများ စွဲနေတော့၏။ သူကတော့ မြေဆရာ ပင် ဖြစ်တော့၏။

စုယွီအတွက်မူ သူတို့အားလုံးကို မြင်တွေ့လိုက်ရသည်နှင့် တင် လုံလောက်နေပြီ ဖြစ်သည်။ သူ ဤနေရာသို့ လာရခြင်းမှာ အင်အားစုအသီးသီးမှ ပါရမီရှင်များကို အကဲခတ်ရန်သာ ဖြစ်သည် မဟုတ်ပါလော။ ယခုတော့ သူ၏ ရည်ရွယ်ချက် အထမြောက်သွားတော့၏။

မကြာမီပင်...

တာ့ယွဲ့နန်းတော်မှ အတွင်းစည်းတပည့်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ စုယွီတို့အဖွဲ့မှာ ထိုသူကို မသိကြသော်လည်း ထိုသူက မိမိကိုယ်ကို 'တာအိုဆရာ ရှုဟိုင်' ဟု မိတ်ဆက်လိုက်လေသည်။ သူသည် သာမန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များနှင့် ရိုးရှင်းသော ရုပ်ရည် ရှိသော်လည်း လူတိုင်း ချဉ်းကပ်ရ လွယ်ကူသည့် အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည်။

မည်သို့ပင်ဖြစ်စေ... ပါရမီရှင်အားလုံး၏ အသိအမှတ်ပြုခြင်းကို ခံထားရသော နတ်မိမယ် ဖုန်းလင်ပင်လျှင် တာအိုဆရာ ရှုဟိုင်ကို ရိုသေစွာ ဂါရဝပြုရပြီး မထီမဲ့မြင် မလုပ်ဝံ့ပါချေ။

"ခင်ဗျားတို့ အားလုံးကို အခုလို..

ဖိတ်ကြားရတဲ့ အဓိက အကြောင်းအရင်းကတော့... မကြာသေးခင်က တာ့ယွဲ့နယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စ တစ်ခုကြောင့်ပါပဲ ခင်ဗျာ"

တာအိုဆရာ ရှုဟိုင်သည် အတန်ကြာ စကားပြောဆိုပြီးနောက် ဤဆုံစည်းပွဲ၏ အဓိက ရည်ရွယ်ချက်ကို စတင် ပြောကြားလေတော့သည်။

တာ့ယွဲ့နယ်မြေ၏ ဘေးနားတွင် 'ဖီးနစ်သက်ဆင်းနယ်မြေ ' ဟု အမည်ရသော နယ်မြေ တစ်ခု ရှိလေသည်။ ထိုနေရာကို 'သွေးဖီးနစ် အင်မော်တယ်ဂိုဏ်း' က အုပ်ချုပ်ခြင်း ဖြစ်၏။

မကြာသေးခင်က ထိုနယ်မြေ နှစ်ခုအကြားရှိ အန္တရာယ်များသော နယ်မြေ တစ်ခုအတွင်း၌ ရှေးဟောင်း အင်မော်တယ်ဂိုဏ်း တစ်ခု၏ အပျက်အစီးများ ပေါ်ထွက်လာခဲ့လေသည်။

တာ့ယွဲ့နန်းတော်နှင့် သွေးဖီးနစ် အင်မော်တယ်ဂိုဏ်းတို့ ပူးပေါင်း စူးစမ်းရှာဖွေခဲ့ကြရာ ထိုနေရာသည် 'ကောင်းကင်ဖီးနစ်နန်းတော်' ဟု အမည်ရသော ရှေးဟောင်းဂိုဏ်းကြီး၏ တပည့်များအတွက် စမ်းသပ်ရာ နေရာ တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ကြရသည်။

အသက် (၁၀၀) အောက် ရှိပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူများသာ ထိုနေရာသို့ ဝင်ရောက် စမ်းသပ်ခွင့် ရှိမည် ဖြစ်၏။ စမ်းသပ်မှု အောင်မြင်သူများသည် အပျက်အစီး နယ်မြေအတွင်းရှိ ဆုလာဘ်များကို ရရှိကြမည် ဖြစ်သည်။

နောက်ဆုံးတွင် တာ့ယွဲ့နန်းတော်နှင့် သွေးဖီးနစ် အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးကြီးများသည် မိမိတို့ နယ်မြေအတွင်းရှိ အရည်အချင်း ပြည့်မီသော ပါရမီရှင်များကို ရွေးချယ်၍ ထိုစမ်းသပ်ပွဲသို့ စေလွှတ်ရန် သဘောတူညီခဲ့ကြလေသည်။

ခန်းမတစ်ခုလုံး အုန်းအုန်းကြွက်ကြွက် ဖြစ်သွားတော့၏။ ပါရမီရှင်များ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေကြလေသည်။

ရှေးဟောင်း အင်မော်တယ်ဂိုဏ်း၏ စမ်းသပ်ရာ နေရာတဲ့လား။

တာအိုဆရာ ရှုဟိုင်က အသာအယာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ဒါပေမဲ့ အဲ့ဒီနေရာက အန္တရာယ် အရမ်းများပါတယ် စမ်းသပ်မှု ကျရှုံးတဲ့ သူများကတော့... အဲ့ဒီမှာပဲ ထာဝရ ကျန်ရစ်ခဲ့ရမှာပါပဲ”

All Chapters