← Chapters

ရေခဲရေကန်အောက်မှ လျှို့ဝှက်ချက်

Vol. 8 Ch. 119

ရေခဲရေကန်အောက်မှ လျှို့ဝှက်ချက်

Vol. 8 Ch. 119

~အကယ်၍ သူသည် ကံကောင်းထောက်မစွာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့လျှင် သူ၏သက်တမ်းမှာ အနည်းဆုံး နှစ်ဆခန့် တိုးလာမည်ပင် ဖြစ်သည်။

အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း အဆိုးဆုံးအနေဖြင့် သူ၏သက်တမ်းထဲမှ နှစ်အနည်းငယ်သာ ဆုံးရှုံးသွားပေလိမ့်မည်။ သက်တမ်းကုန်ဆုံးခါနီးအချိန်၌ ကံစမ်းကြည့်ခွင့်ရခြင်းမှာ အနည်းဆုံးတော့ နောင်တရစရာမရှိတော့သည့် အနေအထားပင် မဟုတ်ပါလော။

ယခုအခါ စုယွီ့ထံတွင် မိသားစုခေါင်းဆောင်၊ သူ၏ဆရာ၊ စုချန်းနှင့် စုရိုဆုတို့ကို တစ်ကြိမ်တစ်ခါလောက်တော့ စိတ်ကြိုက် ဇိမ်ခံခွင့်ပေးနိုင်သည့် အရင်းအမြစ်များ ရှိနေတော့၏။

'ချန်မိသားစုကိုလည်း တစ်ချက်လောက် သွားကြည့်သင့်တယ် .. သူတို့သာ လိုချင်တယ်ဆိုရင် သာမန်အခြေခံတည်ဆောက်ခြင်း

ဆေးတစ်လုံးလောက်တော့ ရောင်းပေးလို့ ရပါတယ်' စုယွီသည် ချန်စီစီအကြောင်းကို တွေးမိရင်း ခေါင်းကို အသာအယာခါယမ်းကာ သက်ပြင်းချလိုက်မိ၏။

ချန်မိသားစုကို အကြိမ်ကြိမ် ကူညီစောင့်ရှောက်ခဲ့ပြီးနောက် သူတို့အကြားရှိ အဖိုးတန်လှသော သံယောဇဉ်မှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေတော့၏။ ချန်မိသားစု မည်မျှအထိ ဆက်လက်ရှင်သန်နိုင်မည်ဆိုသည်မှာ နောက်ဆုံးတွင်တော့ သူတို့ကိုယ်တိုင်အပေါ်၌သာ မူတည်ပေလိမ့်မည်။

ရက်အနည်းငယ် ကြာသောအခါ၊

ယွီလင်းဖုန်းသည် စုယွီ့ထံသို့ အပြေးအလွှား ရောက်ရှိလာခဲ့၏။

"သခင်လေး... ရေခဲရေကန်ထဲမှာ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင် ပေါ်နေပုံရတယ် ခင်ဗျာ။ အဲ့ဒီကောင်က အရမ်းသန်တာပဲ။ ကျွန်တော် ငါးမျှားနေတုန်း အဲ့ဒီအကောင်က ကျွန်တော့်ကို ရေကန်ထဲ ဆွဲချသွားမလို့တောင် ဖြစ်ခဲ့တာပါ "

"ရေခဲရေကန်ထဲမှာ တခြားသားရဲတွေ ရှိနေတာလား" စုယွီ မှင်သက်သွားရ၏။

ဤရေကန်နက်ကြီးမှာ သူ၏ဂေဟာအတွင်း၌ ရှိပြီး တောင်စောင့်အခင်းအကျင်းဖြင့် ကာကွယ်ထားသဖြင့် ပြင်ပသားရဲများ ကျူးကျော်ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပါချေ။

ဒါဆိုလျှင် ဝိညာဉ်ပစ္စည်းဖြစ်သော ရေခဲကြေးခွံငါးများအပြင် တခြားဘာသားရဲများ ရှိနေနိုင်သနည်း။

စုယွီသည် မျက်မှောင်အနည်းငယ်ကြုတ်လျက် အပြင်သို့ လျှောက်လှမ်းလာခဲ့သည်။

"သွားကြည့်ကြတာပေါ့"

သူတို့ ဂေဟာတံခါးဝသို့ပင် မရောက်သေးမီမှာပင် ယွီခယ်အာ၊ ယွီချန်ချင်းနှင့် စုရွီအန်း ၊ စုချီတို့ လူငယ် (၅) ဦး စလုံး ( စုပါရမီရှင် ငါးယောက် စုရွီအန်း၊ စုတင်းပန်း၊ စုချီ၊ စုဝင်းနင်းနှင့် စုယီ ) သတင်းကြားသဖြင့် ထွက်လာကြတော့၏။

စုချီမှာ မက်မွန်ရောင် ဝတ်စုံလေးကို ဆင်မြန်းထားပြီး အသားအရေမှာ နူးညံ့ကာ မျက်နှာသွင်ပြင်မှာလည်း အလွန်ပင် စွဲမက်ဖွယ်

ကောင်းလှပေသည်။ တစ်ချိန်က ကောင်မလေး တစ်ဦး ဖြစ်ခဲ့သော သူမမှာ ယခုအခါ အသက် (၂၀) ကျော် အမျိုးသမီးငယ်လေး တစ်ဦးအဖြစ် ကြီးပြွားလာခဲ့တော့၏။ သို့သော်လည်း သူမ၏ ပင်ကိုယ်ဗီဇမှာမူ ရိုးသားဖြူစင်ဆဲပင်။ သူမသည် ပြေးဝင်လာပြီး စုယွီ၏ လက်တစ်ဖက်ကို ဖက်တွယ်ကာ ချော့မော့ပြောဆိုလိုက်၏။

"ဦးလေးယွီ... ဦးလေးယွီ... ကျွန်မတို့ကိုပါ ခေါ်သွားပါနော်။ ကျွန်မတို့ ဂေဟာအပြင် မထွက်ရတာ လပေါင်းများစွာ ကြာနေပြီလေ နော်"

"မင်းရဲ့ ပထမအဆင့် အလယ်အလတ်စား ကြေးမုံခွဲ ဆေးလုံး ဖော်စပ်တာရော ဘယ်လိုနေလဲ။ အရည်အသွေးမြင့်တဲ့ ဆေးလုံးတွေ ထွက်လာပြီလားကွ" စုယွီသည် ခေါင်းခါယမ်းလျက် အသာအယာ ရယ်မောလိုက်ပြီး လူတိုင်းကို ဝိညာဉ်တောင်လမ်းလေးအတိုင်း ရေခဲရေကန်ဆီသို့ အေးအေးဆေးဆေး ဦးဆောင်ခေါ်သွားလေတော့သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် စုချီမှာ မျက်နှာလေး ရှုံ့မဲ့သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

"မထွက်သေးဘူး ရှင့်။ ကြေးမုံခွဲ ဆေးလုံးဆိုတာ ပထမအဆင့် အလယ်အလတ်စား ဆေးလုံးတွေထဲမှာ ဖော်စပ်ရ အခက်ဆုံးပဲလေ။ ကျွန်မ ဖော်စပ်နိုင်တာကိုက တော်တော်ဟုတ်နေပြီ။ ဆရာမ

( ယွီချန်ချင်း ) တောင် ကျွန်မကို ချီးကျူးသေးတယ် ရှင်"

စုယွီက နှာခေါင်းရှုံ့လိုက်သည်။

"ကြေးမုံခွဲ ဆေးလုံးလေး ဖော်စပ်နိုင်တာက ဘာများ ထူးဆန်းလို့လဲ။ မင်းသာ ဟူတာ နဲ့ ဟူအာ တို့နဲ့ ဆော့နေတာကို နည်းနည်းလျှော့ရင် အခုလောက်ဆို ပထမအဆင့် ထိပ်တန်းဆေးပညာရှင် ဖြစ်နေလောက်ပြီ"

စုချီမှာ သူမ၏ လျှို့ဝှက်ချက် အဖော်ခံလိုက်ရသဖြင့် မျက်နှာလေး နီမြန်းသွားရပြီး အလျင်အမြန်ပင် ပြန်လည်ချေပလိုက်၏။

"ဘယ်လိုလုပ် အဲ့လို ဖြစ်မှာလဲ ရှင်။ ကျွန်မက အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်နေတာပါ။ ဟူတာနဲ့ ဟူအာတို့က ချစ်စရာလေးတွေလေ။ ကျွန်မ သူတို့နဲ့ တစ်နေ့ကို နှစ်ခါပဲ ဆော့တာပါ။ အဲ့ဒါ သိပ်မများပါဘူး။ ကျွန်မ တော်တော်လေးကို ထိန်းသိမ်းနေရတာပါ ရှင်"

"အူး... ဂါး... ဂါး..."

ထိုစဉ်မှာပင် သစ်တောထူထပ်သော နေရာမှ ကျားပေါက်လေးများ၏ အော်ဟစ်သံ သဲ့သဲ့ ထွက်ပေါ်လာတော့သည်။

အရပ် (၃) ပေခန့်ရှိသော ရွှေရောင်နှင့် အဖြူရောင် အစင်းကြားများ ပါရှိသည့် အမွှေးအမျှင် ထူထဲသော ကျားပေါက်ကြီး နှစ်ကောင်မှာ မြက်ခင်းများကြားမှ ဆော့ကစားရင်း ထွက်ပေါ်လာကြ၏။ သူတို့သည် စုယွီတို့အဖွဲ့ကို ကြည့်ကာ ပြေးလွှားဟိန်းဟောက်နေကြသည်မှာ စုချီ၏ စကားကို ထောက်ခံနေသည့်အလားပင်။

ကျားပေါက်လေးနှစ်ကောင်ကို မြင်သည်နှင့် စုချီမှာ စုယွီ၏လက်ကို လွှတ်ကာ သူတို့နောက်သို့ ချက်ချင်း ပြေးလိုက်သွားတော့၏။ တစ်ချိန်တည်းမှာပင် စုချီခမျာ စုယွီ ပေးထားသည့် 'ဟူတာ' နှင့် 'ဟူအာ' ဟူသော အမည်များကို စိတ်ထဲမှ ကဲ့ရဲ့နေမိလေသည်။

'ဒါက ဘယ်လို နာမည်ကြီးတွေလဲ ဦးလေးယွီရယ်'

ယွီခယ်အာ၊ ယွီချန်ချင်းနှင့် စုရွီအန်းတို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ အသာအယာ ရယ်မောနေကြသလို၊ အဘိုးအို ယွီလင်းဖုန်းမှာလည်း စုချီတစ်ယောက် ကျားပေါက်လေးများနှင့် ဆော့ကစားနေသည်ကို ကြည့်ပြီး ကျေနပ်နေလေသည်။

စုယွီသည် သစ်တော၏ ဘေးဘက်ရှိ ပလ္လင် တစ်ခုကဲ့သို့ ထိုးထွက်နေသော ကျောက်တုံးကြီး တစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။

အမြင့် (၂) မီတာကျော်ရှိသော ကြောက်စရာ ကောင်းသည့် ကျားမကြီးမှာ ကျောက်တုံးပေါ်တွင် တည်ငြိမ်စွာ ရပ်နေပြီး စုချီတစ်ယောက် သူမ၏ သားသမီးများနှင့် ဆော့ကစားနေသည်ကို မေတ္တာပါသော မျက်လုံးများဖြင့် စောင့်ကြည့်နေလေသည်။

ထိုတောင်ထိပ်ရှိ တိမ်ကျားမကြီး၏ အရှိန်အဝါမှာ ဒုတိယအဆင့် အလယ်အလတ်စား သားရဲ

တစ်ကောင်၏ အဆင့်သို့ ရောက်ရှိနေတော့၏။ ဒုတိယအဆင့် ထိပ်တန်းသားရဲအဖြစ်သို့ တက်လှမ်းရန်မှာလည်း မဝေးတော့ပါချေ။

ခဏအကြာတွင်၊ လူတိုင်းမှာ ဝိညာဉ်တောင်အောက်ခြေရှိ ရေခဲရေကန်သို့ ရောက်ရှိလာကြသည်။ ရေကန်မှာ သိပ်မကျယ်လှဘဲ (၃၀) မှ (၄၀) ပေခန့်သာ ရှိသော်လည်း ရေကန်အောက်ခြေမှ အလွန် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး ရေပြင်ထက်တွင် မြူနှင်းများ ဝိုင်းဖွဲ့နေလေသည်။

ရေခဲရေကန်၏ မျက်နှာပြင်မှာ အလွန်ပင် တည်ငြိမ်နေသော်လည်း ရေမှာ အလွန်နက်သဖြင့် အောက်ခြေကို လုံးဝ မမြင်နိုင်ပါချေ။

ယခင်ကတော့ ဤနေရာ၌ ရေခဲကြေးခွံငါးများသာ ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် မကြာသေးမီက ယွီလင်းဖုန်းသည် စုယွီတို့အတွက် စားကောင်းသောက်ဖွယ် ပြင်ဆင်ပေးရန် အလို့ငှာ ဤနေရာသို့ ငါးမျှားရန် လာခဲ့လေသည်။ သို့သော် သူသည် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ရလုနီးပါး ဖြစ်ခဲ့ပြီး ရေကန်နက်ကြီးထဲသို့ ဆွဲချခြင်း ခံခဲ့ရသည် မဟုတ်ပါလော။ ကံကောင်းသည်မှာ သူသည် အသက် (၉၀) ကျော်နေပြီ ဖြစ်သော်လည်း တုံ့ပြန်မှု မြန်ဆန်လှသဖြင့် ငါးမျှားတံကို ချက်ချင်းလွှတ်ကာ စုယွီ့ထံသို့ အပြေးအလွှား သတင်းလာပို့နိုင်ခဲ့ခြင်း ဖြစ်၏။

စုယွီနှင့် အခြားသူများ ရောက်ရှိလာသောအခါ သူသည် ရေခဲရေကန် အောက်ခြေသို့ နတ်ဘုရား အာရုံဖြင့် စူးစမ်းကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ပေအနည်းငယ်ခန့်သာ ထိုးဖောက်နိုင်ပြီး ထိုထက် ပိုနက်သွားသည်နှင့် သူ၏ နတ်ဘုရား အာရုံမှာ စတင်၍ ခဲစပြုလာတော့၏။

ဤအချက်က စုယွီကို အံ့အားသင့်သွားစေခဲ့သည်။ ဤရေကန်၏ အေးစက်သော စွမ်းအားမှာ အတော်လေးကို ပြင်းထန်လှပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီက ပြောလိုက်၏။

"ကျွန်တော်... ရုပ်သေးသားရဲ တစ်ကောင်ကို အောက်ကို စေလွှတ်ပြီး ကြည့်ခိုင်းလိုက်ပါ့မယ်"

ပြောပြောဆိုဆိုပင်၊ သူသည် လက်တစ်ချက် ဝှေ့ယမ်းကာ ရုပ်သေးသားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်လေသည်။

ထိုရုပ်သေးမှာ နဂါးမိကျောင်း အသွင်ဆောင်ထားသော်လည်း ၎င်း၏ အရှိန်အဝါကြောင့် ယွီခယ်အာ၊ ယွီချန်ချင်းနှင့် ယွီလင်းဖုန်းတို့မှာ ကိုယ်ဟန်အမူအရာ တောင့်တင်းသွားကြပြီး တိုးတိုးလေး အံ့သြနေကြတော့၏။

ယွီခယ်အာသည် ရုပ်သေးသားရဲကို ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘ဒါက ဒုတိယအဆင့် အဆင့်မြင့် ရုပ်သေးတစ်ရုပ်ပဲလားဟယ်’

"ဝုန်း"

ရုပ်သေးသားရဲသည် ရေခဲရေကန်ထဲသို့ တည့်တည့်မတ်မတ် ခုန်ဆင်းသွားတော့သည်။

ရေမျက်နှာပြင်ပေါ်မှ ငုံ့ကြည့်လျှင် ရေကန်အောက်ခြေရှိ ရှုခင်းမှာ အပေါ်မှ မြင်ရသည်နှင့် လုံးဝ ကွဲပြားလှပေသည်။ ၎င်းမှာ ရေခဲစက်ဆွဲများ ပြည့်နှက်နေသည့် ကမ္ဘာ တစ်ခုနှင့် ပိုမိုတူညီနေ၏။ ရုပ်သေးသားရဲမှာ သွေးသားခန္ဓာ မဟုတ်သော်လည်း ရေကန်အတွင်းရှိ အလွန်အေးစက်သော ဒဏ်ကို ခံစားနေရဆဲပင်။

သို့သော်လည်း ရုပ်သေးသားရဲ၏ စွမ်းအားဖြင့်ဆိုလျှင် ဤအေးစက်သော အငွေ့အသက်များမှာ သူ့ကို ကြီးမားသော ထိခိုက်မှု မပေးနိုင်ပါချေ။

"‌ဘုန်း"

ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုပြီးနောက် ရုပ်သေးသားရဲသည် စွမ်းအားများကို စုစည်းကာ ရေကန်အောက်ခြေသို့ လျင်မြန်စွာ ငုပ်လျှိုးသွားတော့သည်။

ပေ (၆၀)၊ (၇၀) ခန့်အထိ ငုပ်လျှိုးသွားသောအခါ ရေကန်အောက်ခြေမှာ မှောင်အတိ ကျနေတော့၏။ ပတ်ဝန်းကျင်ရှိ ရေခဲတုံးများထံမှ ထွက်ပေါ်နေသော အလင်းမှိန်မှိန်လေးသာ ရှိတော့၏။

All Chapters