သံသရာဝင်စားခြင်းနှင့် ပေ့ရွှမ်နယ်မြေ၌ မွေးဖွားခြင်း (၂)
Vol. 33 Ch. 482
~ဟိုယွမ်သည် 'ရတနာပုလဲ' ကို ရင်ဘတ်တွင် ပိုက်ထားရင်း၊ လောဘရမ္မက်နှင့် စိတ်အားထက်သန်မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် အသေအချာ စဉ်းစားခန်း ဖွင့်နေလေ၏။
"ဒါက ငါ ဉာဏ်အလင်းပွင့်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ...၊ ငါသာ ဒီအရာရဲ့ အနှစ်သာရကို သဘောပေါက် နားလည်နိုင်ခဲ့မယ်ဆိုရင်...၊ နောင်တစ်ချိန် 'မူလဝိညာဉ် နယ်ပယ်' ရောက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး...၊ ကံကောင်းရင် 'မဟာစွမ်းအားရှင် နယ်ပယ်' တောင် ဖြစ်လာနိုင်သေးတယ်..."
ဟိုယွမ်သည် သူ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားလိုက်ပြီး၊ ဘာမှမရခဲ့သဖြင့် စိတ်ပျက်ဒေါသထွက်နေသော မျက်နှာပေးမျိုးဖြင့် တိတ်တဆိတ် ပြန်လည် ဆုတ်ခွာလာခဲ့သည်။ သူကဲ့သို့သော လေလွင့် ကျင့်ကြံသူ တစ်ယောက်အဖို့ ဘာမှ ရှာမတွေ့ခြင်းသည် သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်သဖြင့် သံသယ ဝင်စရာ မရှိပေ။
သို့သော် မိစ္ဆာနက်ဂိုဏ်း၏ အပြင်ဘက် မိုင်တစ်ထောင်ခန့် အကွာသို့ ရောက်သောအခါ...၊
ဟိုယွမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်ခဲသွားလေသည်။ အလွန် အစွမ်းထက်သော 'မူလဝိညာဉ် စွမ်းအား' တစ်ခုက သူ့ကို ချိန်ရွယ်ထားသည် မဟုတ်ပါလော။ သူသည် ခက်ခဲစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ၊ သူ့ကို ကျေနပ်အားရစွာ ပြုံးကြည့်နေသော ဖြူဖွေးသော မုတ်ဆိတ်မွေးများနှင့် အဖိုးအို တစ်ဦးကို တွေ့လိုက်ရလေသည်။
"အ... အစစ်အမှန် ဧကရာဇ် လီ ..."
ဟိုယွမ်သည် စကားပင် ထစ်အ သွားရသည်။
လီလင်ဟယ် သည် မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း အေးဆေးစွာ ပြောလိုက်၏။
"အစစ်အမှန် ဧကရာဇ် လီ ရဲ့ စိတ်ရှည်သည်းခံမှုက အကျိုးရှိသွားပြီပဲ...၊ မိစ္ဆာနက်ဂိုဏ်းထဲက ခြေရာလက်ရာတွေက မဟာစွမ်းအားရှင် တစ်ယောက်ယောက်က သတ်ဖြတ်သွားတာမျိုး မဟုတ်ဘူး...၊ 'မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်' ကိုယ်တိုင်က ကမ္ဘာငယ်လေး တစ်ခုကို စစ်ခင်းဖို့အတွက် 'သွေးယဇ်ပူဇော်ခြင်း အခင်းအကျင်း' ကို သုံးလိုက်တာ...၊ ငါပြောတာ မှန်တယ် မဟုတ်လား..."
လီလင်ဟယ်သည် အခင်းအကျင်း ပညာရပ်တွင် ကျွမ်းကျင်သူ ဖြစ်သည်။ ထိုနေ့က မိစ္ဆာနက်ဂိုဏ်း အတွင်းသို့ ဝင်ရောက် စစ်ဆေးပြီးနောက် တစ်ခုခု လွဲချော်နေသည်ကို သတိထားမိခဲ့သော်လည်း ထုတ်ဖော် မပြောခဲ့ပေ။ ထို့အစား မဟာစွမ်းအားရှင် တစ်ယောက်က ဖျက်ဆီးသွားသည် ဆိုသော ကောလာဟလကိုပင် ထောက်ခံပေးခဲ့ပြီး၊ ကျင့်ကြံသူများ၏ တိုက်ပွဲများဖြင့် လက်ကျန် ခြေရာလက်ရာများကို ဖျက်ဆီးပစ်စေခဲ့သည်။
ထို့နောက်တွင် သူသည် ဒီနေရာ၌ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူသည် လေလွင့် ကျင့်ကြံသူ အများအပြားကို အသုံးချပြီး၊ ကမ္ဘာ့ တည်နေရာပြ အမှတ်များကို ရှာဖွေနိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ...၊ ကောင်းကင်ဘုံသည် ကြိုးစားသူကို မျက်ကွယ်မပြုပေ။ နောက်ဆုံးတွင် အသီးအပွင့် ခူးဆွတ်ရပြီ ဖြစ်သည်။
"ဒါပေမဲ့... အစစ်အမှန် ဧကရာဇ် မထင်ထားတာက... ကံကောင်းတဲ့ လေလွင့် ကျင့်ကြံသူ တစ်ယောက်က ရှာတွေ့တာ မဟုတ်ဘဲ...၊ မင်းလို မိစ္ဆာနက်ဂိုဏ်းက အကြွင်းအကျန် တစ်ကောင် ရှာတွေ့လိမ့်မယ် လို့တော့ ထင်မထားမိဘူး..."
ဟိုယွမ်သည် ဉာဏ်ရည် ထက်မြက်သူ ဖြစ်ရာ ချက်ချင်း ဒူးထောက်ချလိုက်ပြီး အော်ဟစ် ပြောဆိုလိုက်၏။
"အစစ်အမှန် ဧကရာဇ်...၊ လူကြီးမင်းက တကယ့်ကို ရှေ့ဖြစ်ဟော နတ်ဘုရားပါပဲဗျာ..."
"ဒီ ရတနာပုလဲ ထဲမှာ ကျားဇီ ၁၆၇၃ ကမ္ဘာ ရဲ့ အမှတ်တွေ ရှိပါတယ်...၊ ဒီနေ့ ဟိုယွမ်က ဒီရတနာကို လူကြီးမင်းဆီ ဆက်သပါရစေ...၊ ကျေးဇူးပြုပြီး လက်ခံပေးပါခင်ဗျာ...၊ မိစ္ဆာနက်ဂိုဏ်းမှာ ရှိတုန်းကတည်းက လူကြီးမင်းရဲ့ အခင်းအကျင်း ပညာရပ်တွေက ကောင်းကင်ဘုံထိ ထိုးဖောက်နိုင်တယ် ဆိုတာကို... ဟို မိစ္ဆာနက် သရဲအိုကြီး ပြောတာ မကြာခဏ ကြားဖူးပါတယ်...၊ ဒီနေ့မှပဲ တကယ် မှန်ကန်ကြောင်း မြင်တွေ့ရတော့တယ်...၊ ဟို သရဲအိုကြီးကသာ အမြင်တိုလွန်းတာပါ...၊ လူကြီးမင်းလို ပုဂ္ဂိုလ်မျိုးကိုများ သူက ဝေဖန်ရဲတယ်လို့ဗျာ..."
"အစစ်အမှန် ဧကရာဇ်ရဲ့ စွမ်းပကားကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့... ဟိုယွမ် တစ်ယောက် ကြည်ညိုလွန်းလို့... နောင်တစ်ချိန် လူကြီးမင်း ဘေးနားမှာပဲ ခစားပါရစေတော့...၊ ကျေးဇူးပြုပြီး သနားပါခင်ဗျာ..."
သူသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ရတနာကို ဆက်သလိုက်လေသည်။
လီလင်ဟယ်သည် မြေခွေးတစ်ကောင်လို ကောက်ကျစ်စဉ်းလဲသော ဟိုယွမ်ကို ပြုံး၍ ကြည့်လိုက်၏။
ဒီအကောင်က အသက်ကို ကယ်တင်ဖို့အတွက် ဟန်ဆောင်နေမှန်း သူ ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။
သို့သော် ဟိုယွမ်ကို သတ်ပစ်ဖို့ သူ့မှာ ရည်ရွယ်ချက် မရှိပေ။ လီလင်ဟယ်သည် ပေါ့ပေါ့ပါးပါးပင် ဟိုယွမ်၏ စိတ်ထဲသို့ ချုပ်နှောင်မှု တစ်ခု ထည့်သွင်းလိုက်ပြီး၊ ပြုံးရွှင်စွာ ပြောလိုက်၏။
"ကောင်းပြီလေ...၊ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တာကို ထောက်ထားပြီး...၊ ဒီနေ့ကစလို့ မင်းကို ငါ့ရဲ့ (၁၆) ယောက်မြောက် တပည့်အဖြစ် လက်ခံလိုက်မယ်..."
ဟိုယွမ်သည် ဝမ်းသာအားရ ဖြစ်သွားလေသည်။
"တပည့်က ဆရာသခင်ကို ဂါရဝပြုပါတယ်..."
သူသည် သတိထား၍ မတ်တတ်ရပ်လိုက်ပြီး မေးလိုက်၏။
"ဆရာသခင်... ကျားဇီ ၁၆၇၃ ကမ္ဘာ ကို ဘယ်တော့လောက် သွားရောက် သိမ်းပိုက်ဖို့ စိတ်ကူးထားပါသလဲ ခင်ဗျာ...၊ တပည့် ထင်တာကတော့... အဲ့ဒီ ကမ္ဘာမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလောက်တယ်...၊ အဲ့ဒါကြောင့်ပဲ ရွှေဝိညာဉ် ဂိုဏ်းရော မိစ္ဆာနက် ဂိုဏ်းရော ထိခိုက်နစ်နာခဲ့ရတာ နေမှာပါ...၊ မရိုးရှင်းဘူး ဆရာ...၊ ဆရာသာ အဲ့ဒီ လျှို့ဝှက်ချက်ကို ရယူနိုင်ရင်... သေချာပေါက် နယ်မြေတစ်ခုရဲ့ ဘိုးဘေးကြီး ဖြစ်လာမှာပါ..."
လီလင်ဟယ်သည် သူ့ကို မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်ပြီး -
"ဘာလို့ လောနေရတာလဲ...၊ လက်ရှိ အခြေအနေက ရှုပ်ထွေးနေတယ်...၊ မုန်တိုင်း ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ ဖြည်းဖြည်းချင်း လေ့လာတာပေါ့...၊ အမှုကြီး ထမ်းဆောင်မယ့်သူက သည်းခံနိုင်စွမ်း ရှိရတယ်...၊ နှစ်ရာဂဏန်းလောက် စောင့်ရတာ ဘာအရေးမို့လို့လဲ..."
ဟိုယွမ်သည် ချက်ချင်း ခေါင်းငုံ့လိုက်ရသည်။
သူ့စိတ်ထဲတွင်တော့ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။ လီလင်ဟယ်သည် မည်မျှ သတိကြီးသူ ဖြစ်ကြောင်း၊ အခွင့်အရေး လုံးဝ ပေးမည် မဟုတ်ကြောင်း နားလည်လိုက်ရသဖြင့်၊ တစ်သက်လုံး သူ၏ ချုပ်ကိုင်မှုအောက်တွင် နေရတော့မည် ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
လီလင်ဟယ်က ဟားတိုက် ရယ်မောလိုက်ပြီး -
"တပည့်ကောင်းလေး... လာ...၊ 'ကောင်းကင် တာရာ ဂိုဏ်း' ကို အတူတူ ပြန်ကြစို့..."
သူတို့နှစ်ဦး ထွက်ခွာသွားကြချိန်တွင်... ဟိုယွမ်၏ ခန္ဓာကိုယ် အတွင်းပိုင်း နက်ရှိုင်းသော နေရာမှ အမှတ်အသား တစ်ခု မှိန်ဖျဖျ လက်သွားသည်ကိုတော့ မည်သူမျှ သတိမထားမိလိုက်ကြပေ။
---
အစစ်အမှန်သိုင်း ကမ္ဘာ ။
နင်ချီသည် သူ့ရှေ့မှောက်တွင် ရောက်ရှိနေသော ကျင့်ကြံသူ တစ်သောင်းကို ကြည့်ရှုရင်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။ သူတို့ထဲတွင် မိစ္ဆာနက် တောင်တန်း တိုက်ပွဲကြီး၌ ပါဝင်ခဲ့သော ရင်းနှီးသည့် မျက်နှာများစွာ ပါဝင်နေ၏။ ရှေးဟောင်း သိုင်းသူတော်စင် အများစု ရောက်ရှိနေကြပြီး၊ စစ်မှန်သူ လုံရှန်း နှင့် ယဲ့ချင်းဟယ် အပါအဝင် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်းမှ တပည့်များလည်း ပါဝင်ကြ၏။ လော့ဝမ်ထျန်း တစ်ဦးသာလျှင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ဂိုဏ်းကို စောင့်ရှောက်ရင်း ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ဤလူများကို နင်ချီ ကိုယ်တိုင် သေချာ စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ အားလုံးသည် မိမိဆန္ဒအလျောက် လာရောက်ကြခြင်း ဖြစ်ပါသည်။
"ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို အားလုံး သိကြတယ် မဟုတ်လားဗျ..."
ဟု နင်ချီက တည်ငြိမ်စွာ မေးလိုက်၏။
အားလုံးက ရိုသေစွာ ပြန်လည် ဖြေကြားကြ၏။
"ကျုပ်တို့ ကောင်းကောင်း သိပါတယ်...၊ နယ်မြေ အရှင်သခင်... အမိန့်ပေးပါ.."
သူတို့အားလုံး အလွန် စိတ်လှုပ်ရှားနေကြ၏။ တောင်နှင့် ပင်လယ် နယ်မြေသို့ သွားရောက် ဝင်စားရခြင်းမှာ ထူးခြားသော အတွေ့အကြုံ တစ်ခု ဖြစ်ပြီး၊ အောင်မြင်မှု တစ်စုံတစ်ရာ ရရှိပါက ကြီးမားသော အကျိုးကျေးဇူးများ ခံစားရမည် မဟုတ်ပါလော။
နင်ချီက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်... 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ထဲကို ဝင်ရောက်ကြပါ..."
ထိုစကားကို ကြားသည်နှင့် သူတို့အားလုံး တွေဝေခြင်း မရှိဘဲ တင်ပျဉ်ခွေ ထိုင်လိုက်ကြ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်။
နယ်ပယ် စွမ်းအားများသည် သူတို့အား ရစ်ပတ်ကာ အလင်းရောင် ပိုးအိမ်များ အဖြစ် ပြောင်းလဲသွားစေပြီး၊ မမြင်ရသော ဉာဏ်အလင်း နယ်ပယ် သစ်ပင်ကြီးနှင့် ပေါင်းစပ်သွားကြ၏။ ထို့နောက် ပိုးအိမ်များသည် သစ်ပင်ကြီးပေါ်သို့ ပျံတက်သွားကြပြီး၊ အဝေးမှ ကြည့်လျှင် သစ်ကိုင်းများပေါ်၌ တွဲလောင်းကျနေသော အသီးများသဖွယ် ဖြစ်သွားကြလေသည်။
နင်ချီ၏ ကြီးမြတ်သော အသံသည် သူတို့၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။
"သေချာ မှတ်ထားကြပါ...၊ ဒီတစ်ခေါက် တောင်နှင့် ပင်လယ် နယ်မြေ ခရီးစဉ်ဟာ ဝိညာဉ် အပိုင်းအစ နဲ့ သွားရောက်တဲ့ ခရီးစဉ် ဖြစ်တယပါတယ်...၊ တကယ်လို့ မတော်တဆ သေဆုံးသွားခဲ့ရင်တောင်... ဆုံးရှုံးမှု အနည်းငယ် ရှိနိုင်ပေမယ့်... ဉာဏ်အလင်း နယ်ပယ် သစ်ပင်က ခင်ဗျားတို့ရဲ့ မူလဇစ်မြစ်ကို ပြန်လည် ဖြည့်တင်းပေးလိမ့်မယ်...၊ ဒါကြောင့် စိုးရိမ်စရာ မလိုဘူး...၊ ဒါပေမဲ့... အချိန်တိုအတွင်းမှာတော့ တောင်နှင့် ပင်လယ် နယ်မြေကို နောက်ထပ် ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး..."
"ဒါ့အပြင်... တောင်နှင့် ပင်လယ် နယ်မြေက ဝင်စားခန္ဓာရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို... နယ်ပယ် သစ်ပင်ကနေတဆင့် ခင်ဗျားတို့ရဲ့ မူလခန္ဓာကိုယ်ထဲကို ထိုက်သင့်သလောက် ပြန်လည် ပေါင်းစပ်ပေးပါလိမ့်မယ်..."
"ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က... ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် စွမ်းအားကို နည်းလမ်းပေါင်းစုံနဲ့ ချဲ့ထွင်ဖို့နဲ့... ကျွန်တော်တို့ အစစ်အမှန်သိုင်း ကမ္ဘာအတွက် 'စည်းမျဉ်း မူလအစ' နဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို ရယူဖို့ပါပဲ...၊ ခင်ဗျားတို့ဟာ ဉာဏ်အလင်း နယ်ပယ် သစ်ပင်ရဲ့ အလင်းရောင်အောက်မှာ ရှိနေမှာ ဖြစ်တဲ့အတွက်... ခင်ဗျားတို့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းဟာ သိသိသာသာ တိုးတက်နေပါလိမ့်မယ်..."
"သတိကြီးကြီးထားပြီး လှုပ်ရှားကြပါ...၊ ပြီးတော့ မှတ်ထားကြပါ..၊ ကျွန်တော် ကိုယ်တိုင် ဆက်သွယ်လာတာကလွဲလို့... အစစ်အမှန်သိုင်း ကမ္ဘာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မှန်သမျှကို ထုတ်ဖော် မပြောမိစေနဲ့...၊ မဟုတ်ရင်... ဝိညာဉ် ပြိုကွဲပျက်စီးခြင်း ပြစ်ဒဏ် ခတ်ခံရပါလိမ့်မယ်..."
အားလုံး၏ ရင်ထဲတွင် အေးစက်သွားကြလေသည်။
"ကျုပ်တို့ မှတ်သားထားပါမယ်..."
သူတို့သည် တောင်နှင့် ပင်လယ် နယ်မြေသို့ ဝင်စားခြင်း၏ ကောင်းကျိုး ဆိုးကျိုးများကို ကောင်းစွာ သိရှိထားကြပြီး၊ အရာအားလုံးအတွက် ပြင်ဆင်ပြီးမှ လာခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်၌၊ နင်ချီသည် လက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ရာ၊ ဉာဏ်အလင်း နယ်ပယ် သစ်ပင်မှ မှိန်ဖျဖျ အလင်းရောင်များ ထွက်ပေါ်လာပြီး၊ တောင်နှင့် ပင်လယ် နယ်မြေ၏ အမှတ်အသားနှင့် ပဲ့တင်ထပ်သွားလေသည်။
"ဝိညာဉ် ခွဲထွက်ခြင်း..."
တဆက်တည်း၌၊ ကျင့်ကြံသူများသည် စုတ်ပြဲသွားသလို နာကျင်မှုကို ခံစားလိုက်ရပြီး၊ သူတို့၏ သိစိတ်သည် အံ့ဖွယ် ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့လိုက်ရသည်။ အစိတ်အပိုင်း တစ်ခုသည် ဉာဏ်အလင်း နယ်ပယ် သစ်ပင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး၊ အခြား အစိတ်အပိုင်း တစ်ခုသည် တောင်နှင့် ပင်လယ် နယ်မြေ၏ အမှတ်အသားများနှင့် ပေါင်းစပ်ကာ အထက်သို့ ပျံတက်သွားလေသည်။
"ဒီ ဝင်စားခြင်းက မွေးကင်းစ အရွယ်ကနေ စတင်မှာ...၊ သတိရကြပါ..."
သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်များ မြင့်တက်လာလေသည်။
ဤခရီးစဉ်သည် အံ့ဖွယ် ခရီးစဉ် တစ်ခု ဖြစ်လာမည်မှာ သေချာနေပြီး၊ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော နင်ချီအပေါ်တွင်လည်း လေးစားစိတ်များ ပြည့်နှက်နေကြ၏။
အလင်းလုံးများသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး၊ အထူး ဖန်တီးထားသော လမ်းကြောင်းများမှတစ်ဆင့် အစစ်အမှန်သိုင်း ကမ္ဘာနှင့် တောင်နှင့် ပင်လယ် နယ်မြေကြားရှိ ဆက်သွယ်မှုထဲသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားကြလေတော့သည်။
ဝေါ...
အလင်းလုံး သောင်းချီသည် တောင်နှင့် ပင်လယ် နယ်မြေရှိ အင်မော်တယ် နယ်မြေ ရာချီသော ဒေသများသို့ ပြန့်ကျဲ ကျရောက်သွားကြလေသည်။
တိကျသော နေရာတစ်ခုတည်းသို့ ဆင်းသက်ရန်မှာ အားထုတ်မှု များလွန်းပြီး မလိုအပ်သော ကိစ္စဖြစ်သည်။ လက်ရှိ တောင်နှင့် ပင်လယ် နယ်မြေ အနေအထားအရ နေရာစုံသို့ ဖြန့်ကျက်ခြင်းသည် သဘာဝအကျဆုံးပင်။ ပေ့ရွှမ် နယ်မြေ အတွက်မူ လမ်းကြောင်းအချို့ ချန်ထားခဲ့ပြီး၊ နင်ချီ ကိုယ်တိုင် သွားရောက်ရန် စီစဉ်ထားသည်။
ကျင့်ကြံသူ အားလုံး၏ ဝင်စားမည့် ဝိညာဉ် အပိုင်းအစများ တောင်နှင့် ပင်လယ် နယ်မြေထဲသို့ ဆင်းသက်သွားသည်ကို ကြည့်ရင်း၊ နင်ချီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဤ သံသရာဝင်စားခြင်း နည်းစနစ်သည် စွမ်းအင် အမြောက်အမြား ကုန်ကျလေသည်။ သိုင်းသူတော်စင်၏ ဝင်စားခြင်း နည်းစနစ်၊ ဉာဏ်အလင်း နယ်ပယ် သစ်ပင်၏ စွမ်းရည်များနှင့် 'ကောင်းကင်ထိုး ကြေးမုံ' ၏ ဆန်းကြယ်သော အသုံးဝင်မှုများကို ပေါင်းစပ်ပြီး၊ နောက်ဆုံးတွင် အစစ်အမှန်သိုင်း ကမ္ဘာနှင့် တောင်နှင့် ပင်လယ် နယ်မြေကြားရှိ သဘာဝ ဆက်သွယ်မှုကို အသုံးချမှသာ အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အစစ်အမှန်သိုင်း ကမ္ဘာမှ လူများကို မွေးကင်းစ အရွယ်မှ စတင်စေခြင်းမှာ တောင်နှင့် ပင်လယ် နယ်မြေ၏ ကမ္ဘာ့ဆန္ဒမှ ရန်လိုမှုကို လျှော့ချရန် ဖြစ်သည်။ အားလုံးသည် တောင်နှင့် ပင်လယ် နယ်မြေမှ သက်ရှိအစစ်များ မဟုတ်ဘဲ ရုပ်ဖျက်ထားသူများသာ ဖြစ်သည် မဟုတ်ပါလော။
အတွေ့အကြုံ ရလာသည်နှင့်အမျှ၊ နောင်တစ်ချိန်တွင် အစစ်အမှန်သိုင်း ကမ္ဘာမှ ဝင်စားသူများကို သူတို့၏ ကျင့်ကြံခြင်း စွမ်းအား ပိုမို သယ်ဆောင်သွားနိုင်အောင် တဖြည်းဖြည်း ပြုလုပ်ပေးနိုင်ပေလိမ့်မည်။
သေချာ အာရုံခံ စစ်ဆေးကြည့်ပြီး ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက်၊ နင်ချီ၏ နှုတ်ခမ်းထောင့်စွန်းများ ဖြည်းညှင်းစွာ ကွေးညွတ်သွားလေသည်။
"ဒီနေ့ကစပြီး... မင်းတို့ဟာ ဘဝတစ်ခုရဲ့ အတွေ့အကြုံ၊ ဉာဏ်ပညာတွေနဲ့... ဉာဏ်အလင်း နယ်ပယ် သစ်ပင်ရဲ့ ပံ့ပိုးမှုတွေနဲ့အတူ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတော့မယ်...၊ အစပိုင်းမှာ ကံဆိုးလွန်းတာမျိုး မဟုတ်ရင်... သေချာပေါက် ကြီးပွားတိုးတက်လာမှာပါ..."
"တောင်နှင့် ပင်လယ် နယ်မြေမှာ ပြန်ဆုံတွေ့ရတဲ့အခါ ဘယ်လိုများ ဖြစ်နေမလဲ ဆိုတာ သိချင်စမ်းပါဘိ..."
သူ့စိတ်ထဲတွင် ရယ်ချင်သလို ဖြစ်သွားမိသည်။
အခြား ကမ္ဘာတစ်ခုမှာ ပြန်လည် ဆုံတွေ့ရခြင်း ဆိုသည်မှာ ထူးခြားသော အတွေ့အကြုံ တစ်ခု ဖြစ်ပေလိမ့်မည်။ ဒီခရီး မတိုင်ခင်က သူသည် ယဲ့ချင်းဟယ်၊ ကျွမ်းချန်တို့နှင့် ရယ်မောရင်း၊ တောင်နှင့် ပင်လယ် နယ်မြေမှာ ပြန်တွေ့သည့် အခါ ဘယ်သူက ပိုအောင်မြင်မလဲ ဆိုတာ ကြေးထပ်ခဲ့ကြသေးသည်။
ဒီကိစ္စမှာတော့ နင်ချီ၌ ရာနှုန်းပြည့် ယုံကြည်မှု ရှိပြီးသား ဖြစ်သည်။
တခြားသူတွေ ဉာဏ်အလင်း နယ်ပယ် သစ်ပင်ကို ဘယ်လောက်ပဲ အသုံးချနိုင်ပါစေ၊ ဒါသည် သူပိုင်ဆိုင်ထားသည့် အရာ၏ ပုံစံငယ်လေး တစ်ခုသာ ဖြစ်သည်။ နင်ချီကမှ ပြီးပြည့်စုံသော မူရင်းပုံစံကို ပိုင်ဆိုင်ထားသူ ဖြစ်သည် မဟုတ်ပါလော။
ဒါ့အပြင်... နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ် ၏ အောင်မြင်မှုများကိုပါ ပိုင်ဆိုင်ထားသေးရာ၊ ဘယ်ဘက်က ကြည့်ကြည့် သေချာပေါက် အနိုင်ရမည့် ပွဲပင် ဖြစ်သည်။
သူသည် အပြုံးရေးရေးဖြင့် အာရုံလွင့်ပါးနေသော အတွေးများကို ဖယ်ရှားလိုက်လေသည်။
အတွင်းကမ္ဘာထဲတွင် နယ်ပယ် စွမ်းအားများသည် နင်ချီ၏ ပတ်လည်တွင် စုဝေးလာပြီး သူ့ကို လွှမ်းခြုံထားလိုက်၏။ နောက်တစ်ခဏတွင် အလင်းရောင်များ ပွင့်အာလာပြီး၊ သူ၏ ဝိညာဉ် အပိုင်းအစ တစ်ခုသည် အခြားသူများကဲ့သို့ပင် လျင်မြန်စွာ ပျံတက်သွားလေသည်။ သို့သော် နင်ချီအတွက်မူ ပိုမို လွယ်ကူလေသည်။ သူ၏ လူ့ပြည်တွင် သွားလာနေသော ရုပ်ခန္ဓာကိုယ် ဆိုသည်မှာလည်း ဝိညာဉ် အပိုင်းအစ တစ်ခုသာ ဖြစ်သဖြင့်၊ ဤကိစ္စတွင် သူသည် ကျွမ်းကျင်ပြီးသား ဖြစ်နေသည် မဟုတ်ပါလော။
ဝိညာဉ် အပိုင်းအစသည် တောင်နှင့် ပင်လယ် နယ်မြေသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး၊ ပင်လယ်ထဲသို့ ရေစက်များ ပျော်ဝင်သွားသကဲ့သို့ တခဏချင်း အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။
ပေ့ရွှမ် နယ်မြေ၏ စွမ်းအား အမှတ်အသားသည် နင်ချီကို လမ်းပြပေးနေပြီး၊ ထိုအရပ်မျက်နှာဆီသို့ လျင်မြန်စွာ ဦးတည် ဆင်းသက်စေလေသည်။
ကမ္ဘာ့ အလိုဆန္ဒ တစ်ခု သက်ဆင်းလာပြီး၊ နင်ချီ၏ သိစိတ်သည် တဖြည်းဖြည်း ဝေဝါးသွားလေတော့သည်။
သတိ ပြန်ဝင်လာချိန်တွင်... သူသည် မွေးကင်းစ ကလေးငယ် တစ်ဦးအဖြစ် ပြန်လည် မွေးဖွားနေပြီ ဖြစ်သည်။
သူ့နှလုံးသားထဲတွင် အပြုံးရေးရေး တစ်ခု ဖြစ်ပေါ်လာ၏။
"တောင်နှင့် ပင်လယ်... ပေ့ရွှမ် နယ်မြေ...၊ ငါ နင်ချီ ရောက်လာပြီဟေ့..."
---