အကန့်အသတ်မဲ့ ဓားဂိုဏ်း၊ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်
Vol. 33 Ch. 483
~ နေရာကား ၊ ပေ့ရွှမ် နယ်မြေ ၊
နင် မိသားစု စခန်းတည်း။
နင်ချီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သော်လည်း၊ မျှော်လင့်ထားသလို နွေးထွေးသော ရင်ခွင်တစ်ခု အတွင်းတွင် ရှိမနေဘဲ၊ လွန်ခဲ့သော အချိန်က အစစ်အမှန်သိုင်း ကမ္ဘာသို့ ကူးပြောင်း ရောက်ရှိစဉ်ကကဲ့သို့ပင် အနှီးထုပ်လေး တစ်ခုထဲ၌သာ ထုပ်ပိုးခံထားရသည်ကို တွေ့လိုက်ရလေသည်။
အပြင်ဘက်မှ "သေချာ ရှာစမ်း...၊ ပုန်းနေတဲ့ မိန်းမတွေ ရှိမရှိ.. ကြည့်ဦး"၊
"ရှိသမျှ အကုန် တောင်ပေါ် ပြန်သယ်သွား" စသည့် အသံများကို ကြားနေရရာ၊ သူ့ခမျာ နယ်မြေ အရှင်သခင် တစ်ယောက် ဖြစ်သည့်တိုင် အနည်းငယ် ကြောင်အ သွားရလေတော့သည်။
သူသည် တကယ်ပဲ 'ကံဆိုးမိုးမှောင်ကျ ကြယ်' တစ်ပွင့် ဖြစ်နေလေသလား။
ဒီတစ်ခေါက် အစပြုမှုက ပြီးခဲ့တဲ့ အကြိမ်ထက်တောင် ဆိုးရွားနေသေးသည်။ အနည်းဆုံးတော့ ပြီးခဲ့တဲ့ အကြိမ်တုန်းက သူ့ဆွေမျိုးများကို ဝေဝါးဝါး မြင်ခဲ့ရသေးသည်။ ဒီတစ်ခေါက်တော့ ဘယ်သူ့ကိုမှ မမြင်လိုက်ရပေ။
နင်ချီ ပတ်ဝန်းကျင်ကို အနည်းငယ် အာရုံခံ ကြည့်လိုက်၏။
ခပ်မြန်မြန်ပင်၊ အကြောင်းရင်းနှင့် အကျိုးဆက်ကို သူ သိရှိလိုက်တော့သည်။တော့၏။
'နင် မိသားစု စခန်း' ဟု ခေါ်သော ဤရွာငယ်လေးတွင် ဓားပြများ ဝင်ရောက် စီးနင်းပြီး လူအကုန် သတ်ဖြတ်သွားကြခြင်း ဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူဟူ၍ တစ်ယောက်မျှ မရှိ။ ဒီတစ်ခေါက် သူ့မိဘများမှာလည်း ဓားသွားအောက်တွင် သေဆုံးသွားကြပြီ ဖြစ်ပုံရသည်။
နင်ချီ သက်ပြင်းတစ်ချက်ကို တိုးညှင်းစွာ ချလိုက်မိသည်။
သူသည် သံယောဇဉ် အလွန်အကျွံ မတွယ်တာလိုသော်လည်း၊ အကယ်၍ သူသာ စောစော ရောက်လာခဲ့ပါက ဤလူများကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည်။ ယခုမူ... သူသည် သက်ပြင်းချရုံအပြင်၊ ဘာမှ မတတ်နိုင်တော့ပေ။
တစ်ယောက်တည်း အထီးကျန်ပြီး စစ်မှန်သူ လုံရှန်းကို အားကိုးခဲ့ရသော ပြီးခဲ့သည့် အကြိမ်နှင့် မတူသည်မှာ၊ ဒီတစ်ခေါက် နင်ချီတွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေခြင်းပင်။
သူ၏ ကျင့်ကြံခြင်း အဆင့်သည် ယခုအခါ မယုံနိုင်လောက်အောင် မြင့်မားနေပြီ ဖြစ်ပြီး၊ လက်လှမ်းမီရာ နည်းစနစ်ပေါင်း များစွာကို ပိုင်ဆိုင်ထားသည်။ ကျင့်ကြံခြင်းကို မစတင်ရသေးသော်လည်း၊ စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအင်ကြောင့် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ ဝိညာဉ်စွမ်းအင်နှင့် ပဲ့တင်ထပ်နိုင်ပြီး၊ 'မှော်စွမ်းအင် နယ်ပယ်' အောက်ရှိ ကျင့်ကြံသူများကို အလွယ်တကူ ရှင်းလင်းနိုင်ပေသည်။ အပြင်ဘက်ရှိ ဓားပြများမှာ 'နောက်ပိုင်းဖြစ်တည်ခြင်း နယ်ပယ်'နှင့် 'သိမြင်ခြင်း နယ်ပယ်'အဆင့်သာ ရှိကြ၏။
… ထားလိုက်ပါတော့လေ... သံယောဇဉ် တွယ်စရာ မရှိတာလည်း ကောင်းတာပါပဲ...၊ ဒီ ဓားပြတွေကို ရှင်းပြီးရင်... ကြီးပြင်းဖို့အတွက် ချမ်းသာတဲ့ မိသားစု တစ်ခုခု ရှာရမယ်...၊ ပြီးမှ ဖြည်းဖြည်းချင်း စီစဉ်တာပေါ့...၊ အကောင်းဆုံးကတော့... ပေ့ရွှမ် နယ်မြေက 'ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း' ထဲ ဝင်နိုင်ရင် နောင်ရေးအတွက် ပိုအဆင်ပြေလိမ့်မယ်...
နင်ချီသည် တိတ်တဆိတ် အစီအစဉ် ချလိုက်၏။
ပေ့ရွှမ် နယ်မြေ ဘက်တွင် စွမ်းအား အမှတ်အသား အချို့ တုံ့ပြန်နေသည်ကို သူ အာရုံခံမိသည်။ ဤ ဝင်စားခန္ဓာ ဖြင့် 'မူလဝိညာဉ် နယ်ပယ်' သို့ ရောက်ရှိသည်နှင့်၊ ထို စွမ်းအား အမှတ်အသားများကို အသုံးပြုပြီး မိစ္ဆာနက်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အသေးစိတ်ကို စုံစမ်းနိုင်ပေလိမ့်မည်။
"အဲ့ဒီအချိန်ကျရင်... အစစ်အမှန်သိုင်း ကမ္ဘာရဲ့ အမှတ်တွေ ဘယ်မှာရှိလဲ ဆိုတာ သိရလိမ့်မယ်..."
နင်ချီ တွေးတောနေစဉ် အပြင်ဘက်မှ ဓားပြများ နီးကပ်လာသော်လည်း မည်သည့် စိုးရိမ်စိတ်မျှ မရှိပေ။
ပူပန်စရာ ဘာမှ မရှိ။
သူသည် ဝိညာဉ်စွမ်းအင် ကြိုးမျှင်များနှင့် ပဲ့တင်ထပ်လိုက်ပြီး စွမ်းအား ထုတ်လွှတ်ရန် ပြင်လိုက်၏။
သို့သော် ရုတ်တရက်...၊
အဝေးတစ်နေရာ ကောင်းကင်ယံမှ စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခုသည် အရှိန်ပြင်းစွာ ဝင်ရောက်လာပြီး၊ သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းခြုံနေသည့် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"တိရစ္ဆာန် ကောင်တွေ...၊ သက်ကြီးရွယ်အို၊ ကလေး၊ အမျိုးသမီး ဆိုပြီးတောင် မချန်ပါလား...၊ မင်းတို့က သေဒဏ်နဲ့ ထိုက်တန်တယ်..."
ကြောက်လန့်တကြား အသက်ကယ်ပါရန် တောင်းပန်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။
အေးစက်သော အသံသည် ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မှတ်ထားကြ...၊ ငါက 'အကန့်အသတ်မဲ့ ဓားဂိုဏ်း' က 'ခရမ်းရောင် ဓား စစ်မှန်သူ' ပဲ..."
မျက်စိတစ်မှိတ် အတွင်းမှာပင်။
မရေမတွက်နိုင်သော ထက်ရှသည့် ဓားချီများ ကျဆင်းလာပြီး၊ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း၊ အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားလေတော့သည်။
နင်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားမိသည်။
"အကန့်အသတ်မဲ့ ဓားဂိုဏ်း... ပေ့ရွှမ် နယ်မြေရဲ့ နောက်ထပ် အဆင့်မြင့် ဂိုဏ်းတစ်ခုပဲ...၊ ဒီ ခရမ်းရောင် ဓား စစ်မှန်သူ ဆိုတာ... အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့် တစ်ယောက် ဖြစ်လောက်တယ်...၊ တိုက်ဆိုင်စွာ လမ်းကြုံ ဝင်လာတာ နေမှာ..."
သာမန် ဂိုဏ်းများတွင် 'ခရမ်းရောင် နန်းတော် နယ်ပယ်' အဆင့်ရှိ စစ်မှန်သူ တစ်ပါးသည် 'အစစ်အမှန် အမွေခံ' အဖြစ် သတ်မှတ်ခံရနိုင်သော်လည်း၊ အဆင့်မြင့် ဂိုဏ်းကြီးများတွင်မူ ထိုအဆင့်သည် 'အတွင်းဂိုဏ်းတပည့်' အဆင့်သာ ဖြစ်နိုင်သည်။
ခဏတာမျှ...
သူ့ကံတရား ကောင်းသည်လား ဆိုးသည်လား မဝေခွဲတတ်တော့ပေ။ အရေးကြီးသော အချိန်တွင် အထင်ကြီးလောက်စရာ ဂုဏ်ပုဒ်ရှိသူ တစ်ယောက်က ဝင်ရောက် ကယ်တင်လိုက်ခြင်း ဖြစ်သည်။
နင်ချီ စိတ်အာရုံကို လှုပ်ရှားလိုက်ရာ၊ မမြင်ရသော ဝိညာဉ်စွမ်းအင်များသည် အနီးနားရှိ မီးသွေးခဲ တစ်တုံးကို မလိုက်ပြီး၊ သူ၏ အတွင်းခံ အင်္ကျီပေါ်တွင် "နင်ချီ" ဟူသော စာလုံးကို ရေးသားလိုက်လေသည်။
မကြာခင်မှာပင်၊ ပုံရိပ်တစ်ခုသည် မြေအောက်ခန်း တံခါးကို ဖွင့်လိုက်ပြီး နင်ချီ၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။
ထိုပုံရိပ်မှာ ကျော့ရှင်းလှပပြီး၊ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ မျက်ခုံးများမှာ ဓားသွားများကဲ့သို့ ထက်ရှနေသည် - မာန်မာန ထောင်လွှားသော အမူအရာနှင့် အမျိုးသမီး ဓားကျင့်ကြံသူ တစ်ဦးပင်။ လုဇီယွဲ့ သည် သူမရှေ့မှ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူကို ကြည့်ကာ သက်ပြင်း တိုးတိုးချလိုက်ပြီး ကောက်ချီလိုက်လေသည်။
"သနားစရာ ကလေး...၊ ငါသာ စောစောလေး ရောက်လာခဲ့ရင်... မင်း ခုလို အဖြစ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူး..."
သူမသည် နူးညံ့စွာ ပြုံးလိုက်ပြီး၊ နင်ချီ၏ တွန့်ကြေနေသော မျက်နှာလေးကို ဖွဖွလေး တို့ထိလိုက်ရင်း၊ အနှီးထုပ်ပေါ်မှ ကောက်ကွေးနေသော "နင်ချီ" စာလုံးများကို ကြည့်လိုက်၏။
"နင်ချီ လေး ဟုတ်လား...၊ ငါ့တာဝန် ပြီးတာနဲ့... မင်းကို ချမ်းသာတဲ့ မိသားစု တစ်ခု ရှာပေးမယ်...၊ ဒါမှလည်း ကံတရားက အလဟဿ မဖြစ်မှာ..."
နင်ချီသည် သူ့ရှေ့မှ အမျိုးသမီး ဓားကျင့်ကြံသူကို လေ့လာ ကြည့်ရှုရင်း၊ အသက်ပါသော မျှော်လင့်ချက်များဖြင့် ပြုံးပြလိုက်၏။
လုဇီယွဲ့သည် ဖော်ပြမရနိုင်သော ကြည်နူးမှု တစ်ခုကို ခံစားလိုက်ရပြီးနောက် သူမ၏ မျက်နှာထား ပြောင်းလဲသွားကာ သေချာ အာရုံခံ ကြည့်လိုက်၏။ နင်ချီ၏ ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ ဝဲပျံနေသည်ကို သတိထားမိလိုက်သောအခါ၊ သူမ မထိန်းနိုင်ဘဲ ဝမ်းသာအားရ ရယ်မောလိုက်မိတော့သည်။
"ဒါက.. မွေးရာပါ ဝိညာဉ်ခန္ဓာ ပဲ...၊ ဒါက တကယ့်ကို ထူးခြားတဲ့ အင်မော် တယ် မျိုးစေ့ ပဲဟေ့...၊ ကံတရား က ငါတို့နှစ်ယောက်ကို ဆုံစည်းပေးတာပဲ...၊ ဒီလိုဆို ရင်တော့... မင်းကို ငါနဲ့အတူ အကန့်အသတ်မဲ့ ဓား ဂိုဏ်းဆီ ပြန်ခေါ်သွားမှ ဖြစ်မယ်..."
အင်မော်တယ် မျိုးစေ့ တစ်ခုကို ပြန်လည် ခေါ် ဆောင်သွားခြင်းဖြင့် သူမသည် ဂိုဏ်းမှ ဆုလာဘ် များ ရရှိမည် ဖြစ်သလို၊ နင်ချီအတွက်လည်း နေရာ ကောင်း တစ်ခု ရရှိစေမည် ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေ ဖြစ်သဖြင့် သူမ သဘာဝကျကျပင် ပျော်ရွှင်နေမိသည်။
လုဇီယွဲ့သည် နင်ချီကို ပွေ့ပိုက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
လုံခြုံမှု ရှိသွားပြီ ဖြစ်သဖြင့် နင်ချီသည် တဖြည်းဖြည်း အိပ်ချင်ယောင် ဆောင်လိုက် တော့သည်။
မူလက ရည်မှန်းထားသော ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း သို့ ဝင်ရောက်ရန် အစီအစဉ် မအောင်မြင် သော်လည်း၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း ဆိုသည်မှာ လည်း ရွေးချယ်မှုကောင်း တစ်ခုပင်။ ဘာပဲပြောပြော အဆင့်မြင့် ဂိုဏ်းကြီး တစ်ခု ဖြစ်နေသည် မဟုတ် ပါလော။ အစပျိုးမှု အနေဖြင့် တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။
သူသည် သူ၏ မူလခန္ဓာကိုယ်နှင့် ဆက်သွယ်ပြီး သေချာ အာရုံခံ ကြည့်လိုက်၏။
သိုင်းကမ္ဘာမှ ဝင်စားသူ အချို့ သေဆုံးသွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
အစစ်အမှန် ဧကရာဇ်နှင့် အခြားသူများထံမှ ရရှိခဲ့ သော အကန့်အသတ်မဲ့ ဓားဂိုဏ်း အကြောင်း သတင်း အချက်အလက်များကို ပြန်လည် တွေးတောလိုက် သည်။
…ပေ့ရွှမ် နယ်မြေမှာ အဆင့်မြင့် ဂိုဏ်းကြီး (၁၀) ဂိုဏ်း ရှိတယ်...၊ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းကတော့ ပြိုင်ဘက်ကင်း နံပါတ်တစ် နေရာမှာ ရှိနေပြီး... 'ပေါင်းစည်းခြင်း နယ်ပယ်' အဆင့်ရှိ မဟာစွမ်းအားရှင်ကြီး တစ်ပါး ရှိတယ်လို့ ဆိုကြတယ်...၊ ဒါပေမဲ့ တခြား အဆင့်မြင့် ဂိုဏ်းတွေမှာလည်း ကိုယ်ပိုင် အခြေခံအုတ်မြစ်တွေ ရှိကြပြီး... လျှော့တွက်လို့ မရဘူး...၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အများစုက ဓားကျင့်ကြံသူတွေ ဖြစ်ပြီး... တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းကြတယ်...၊ သူတို့ရဲ့ အစွမ်းအထက်ဆုံး ဓားကျင့်ကြံသူ ဆိုရင်... သတ်ဖြတ်နိုင်စွမ်းအား မြင့်မားလွန်းလို့... မဟာ စွမ်းအားရှင်ကြီးတေတောင် အနည်းငယ် စိုးရိမ်ရတယ်လို့ ပြောကြတယ်...
အဲ့ဒီလို တွေးကြည့်ရင်... အကန့်အသတ်မဲ့ ဓားဂိုဏ်း ဆိုတာလည်း မဆိုးပါဘူး...
တခြားသူတွေရော အခု ဘယ်လို နေကြမလဲ မသိဘူး...၊ ပေ့ရွှမ် နယ်မြေထဲမှာ ဝင်စားတဲ့သူတွေ ဒါဇင်နဲ့ ချီ ရှိတာပဲ...၊ သူတို့ အခြေအနေတွေ ဘယ်လို ရှိမ လဲ...၊ ဒါပေမဲ့ မြန်မြန်ဆန်ဆန် ပြန်တွေ့မယ် ဆို ရင်တောင်.. ဆယ်စုနှစ်တွေတော့ ကြာဦးမှာပဲ မဟုတ် လား...