← Chapters

ဓားဂိုဏ်း လှုပ်ခတ်ခြင်း၊ အဆင့်နိမ့် ဝိညာဉ် ရတနာ (၂)

Vol. 33 Ch. 487

ဓားဂိုဏ်း လှုပ်ခတ်ခြင်း၊ အဆင့်နိမ့် ဝိညာဉ် ရတနာ (၂)

Vol. 33 Ch. 487

~နင်ချီသည် အချိန်ကြာမြင့်စွာ တရားမှတ်ပြီးမှ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်လေသည်။

'ဓာတ်ကြီးငါးပါး တောင်ထွတ်' ၏ ပတ်လည်တွင် အစွမ်းထက် ပုဂ္ဂိုလ်များစွာ ဝန်းရံနေသည်ကို တွေ့လိုက်ရသော်လည်း သူ မအံ့သြပေ။ သို့သော် ဟန်ဆောင် အံ့သြပြလိုက်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်၏။

"ဂါရဝပြုပါတယ်... ဒုတိယ ဂိုဏ်းချုပ်၊ အကြီးအကဲများနဲ့ အစစ်အမှန် အမွေခံများ ခင်ဗျာ..."

ချန်ဝမ်ဟယ် သည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် ဟားတိုက် ရယ်မောလိုက်ပြီး၊ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အသက်ကြီးရင့်သော ပုံရိပ်တစ်ခုသည် ရုတ်တရက် နင်ချီ၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။

နင်ချီ လန့်ဖျပ်သွားပြီး၊ ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်၏။

"ဂါရဝပြုပါတယ်... မဟာ အကြီးအကဲ ဇီယန်..."

လူအုပ်ကြီး ဆူညံသွားပြီး၊ အားလုံးက ရိုသေစွာ ဂါရဝပြုလိုက်ကြ၏။

မဟာ အကြီးအကဲ ဆိုသည်မှာ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို လွှမ်းမိုးထားသော အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ်များ ဖြစ်ပြီး၊ ဂိုဏ်းတွင် နှစ်ယောက် သုံးယောက်ခန့်သာ ရှိသည်။ တစ်ယောက်ချင်းစီသည် အထွတ်အထိပ် မဟာစွမ်းအားရှင်များ ဖြစ်ကြပြီး၊ ယခုအခါ နင်ချီ၏ 'မူလဝိညာဉ် နယ်ပယ်' သို့ ချိုးဖျက် ဝင်ရောက်မှုကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲသည် နင်ချီကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ဓားမြစ် တစ်စင်း ဟပ်နေပြီး၊ မမြင်ရသော ဓားစည်းမျဉ်း ကြိုးမျှင်များသည် နင်ချီကို လွှမ်းခြုံထားလေသည်။

နင်ချီမှာ တည်ငြိမ်နေဆဲပင်။

'မူလဝိညာဉ် နယ်ပယ်' သို့ ရောက်ရှိပြီးနောက်၊ ပေါင်းစည်းခြင်းနယ်ပယ် ဘိုးဘေး တစ်ယောက်တောင်မှ မျက်နှာချင်းဆိုင် ကြည့်ရုံဖြင့် သူ့၏ ဇစ်မြစ်ကို ခွဲခြားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သာမန် အထွတ်အထိပ် မဟာစွမ်းအားရှင် လောက်ကို သူ ကြောက်ရွံ့စရာ မလိုပေ။

ခဏအကြာတွင်...။

ခရမ်းရောင် ဝတ်ရုံနှင့် မဟာ အကြီးအကဲသည် ဟားတိုက် ရယ်မောလိုက်ပြီး၊ သူ့အသံထဲတွင် ဖော်ပြမရနိုင်သော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

"ကောင်းကင်ဘုံက ဂိုဏ်းတော်ကြီးကို ကောင်းချီးပေးတာပဲ...၊ နောက်ဆုံးတော့... ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ 'အင်မော်တယ် မျိုးစိတ်'တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ..."

ထိုကဲ့သို့သော မှတ်ချက်ကို ကြားလိုက်ရသောအခါ...။

လူတိုင်း တုန်လှုပ်သွားကြ၏။

…'အင်မော်တယ် မျိုးစိတ်' ဆိုတာ ဘာလဲ...။

ဝိညာဉ်နယ်မြေ ရဲ့ 'နတ်ဘုရား ခေတ်ကာလ'မတိုင်ခင်တုန်းက... အဲ့ဒါဟာ အင်မော်တယ် အဖြစ်သို့ တက်လှမ်းနိုင်မယ့် အလားအလာ ရှိတာကို ဆိုလိုတာပဲ...

အခုတော့... ထိုသို့ အင်မော်တယ် မျိုးစိတ် တစ်ယောက် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ ပေါ်ထွန်းလာခဲ့၏။ အကယ်၍သာ ဒီ အင်မော်တယ် မျိုးစိတ် ချောချောမွေ့မွေ့ ကြီးထွားလာခဲ့မည် ဆိုလျှင်... ဂိုဏ်း၏ အနာဂတ်ဟာ လူတိုင်း အင်မော်တယ် ဖြစ်နိုင်သော အခြေအနေမျိုး ရောက်လာနိုင်၏။ ထိုသို့ ဥပမာတွေက မနည်းပါချေ...၊ ယခုတော့ အနှီကံကောင်းခြင်းမျိုး အကန့်အသတ်မဲ့ ဓားဂိုဏ်းဆီ ရောက်လာခဲ့ပြီ ဖြစ်ပါ၏..။

ချန်ဝမ်ဟယ် စိတ်လှုပ်ရှားနေ၏။

နင်ချီကို ရှာဖွေတွေ့ရှိခဲ့သူ အနေဖြင့် သူသည်လည်း ဂုဏ်ယူဝမ်းမြောက်နေမိသည်။

"ဒါဆိုရင်... မဟာ အကြီးအကဲ အနေနဲ့ နင်ချီကို တပည့်အဖြစ် လက်ခံပြီး... သေသေချာချာ သင်ကြားပေးပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ..."

ချန်ဝမ်ဟယ်..အလျင်အမြန် တောင်းဆိုလိုက်၏။ထိုအခါ၊

ခရမ်းရောင် ဝတ်ရုံနှင့် မဟာ အကြီးအကဲက ငေါက်ငမ်းလိုက်၏။

"ပေါက်ကရတွေ... ငါ့မှာ အင်မော်တယ် မျိုးစိတ် တစ်ယောက်ကို သင်ကြားပေးဖို့ ဘယ်မှာ အရည်အချင်း ရှိလို့လဲ...၊ တကယ်လို့ ငါက လမ်းမှား ရောက်အောင် လုပ်မိရင်... နောင်တစ်ချိန် ဘိုးဘေးတွေကို ဘယ်မျက်နှာနဲ့ သွားပြရမလဲ...၊ အင်မော်တယ် မျိုးစိတ် တိုင်းမှာ ကိုယ်ပိုင် ကြီးထွားမှု လမ်းကြောင်း ရှိပြီးသား...၊ ကံတရားရဲ့ ကောင်းချီးကို ခံစားရတဲ့အတွက်... တခြားသူတွေ ဝင်စွက်ဖက်စရာ မလိုဘူးကွ..."

ထို့နောက် သူသည် နင်ချီဘက်သို့ လှည့်ကာ ကြင်နာစွာ ပြောလိုက်၏။

"အင်မော်တယ် လမ်းစဉ် ဆိုတာ ယှဉ်ပြိုင်မှုကို တန်ဖိုးထားတယ်...၊ မှန်လုံအိမ်ထဲမှာ အပင်ပျိုးသလို စွမ်းအားကို မွေးမြူလို့ မရဘူး...၊ မင်းရဲ့ အနာဂတ်က မင်းအပေါ်မှာပဲ မူတည်တယ်နော်...၊ ဒါပေမဲ့ တစ်ယောက်ယောက်က ဝါရင့်တာကို အခွင့်ကောင်းယူပြီး မင်းကို အနိုင်ကျင့်လာရင်... ငါ့ကို အချိန်မရွေး လာရှာလိုက်..."

မဟာအကြီးအကဲက သူ့စကားအဆုံး၌ လက်ကို အသာ ဝှေ့ယမ်းလိုက်ရာ၊ ရွှေရောင် ဝိညာဉ်ဓား တစ်လက်သည် လူတိုင်း၏ ရှေ့မှောက်တွင် အလ်ိုအလျောက် ထွက်ပေါ်လာလေသည်။ ၎င်း၏ ထက်ရှမှုနှင့် ကြောက်မက်ဖွယ် ကောင်းသော လျှို့ဝှက်စွမ်းအားများသည် 'မူလဝိညာဉ် နယ်ပယ်' အဆင့်ရှိ အစစ်အမှန် ဧကရာဇ်များကိုပင် သတိထားစေလောက်ပြီး၊ တစ်ချိန်တည်းမှာပင် အလွန်အမင်း အားကျစေလေသည်။

"ဒီ 'အဆင့်နိမ့် ဝိညာဉ် ရတနာ' နာမည်က 'ရွှေရောင် နေမင်း ဓား' တဲ့...၊ မင်းကို ငါ လက်ဆောင်ပေးမယ်...၊ တခြား အရင်းအမြစ်တွေကိုတော့ ချန်ဝမ်ဟယ် ဆီမှာ တောင်းယူလို့ ရတယ်...၊ ဓားဂိုဏ်းက မင်းကို မနစ်နာစေရပါဘူး..."

“....”

ပတ်ဝန်းကျင်တခွင်လုံး တိတ်ဆိတ် ငြိမ်သက်သွား၏။

မရေမတွက်နိုင်သော မျက်လုံးများအတွင်း အားကျမှုများ ပြည့်နှက်နေလေသည်။

အထွတ်အထိပ် မဟာစွမ်းအားရှင် တစ်ယောက်ရဲ့ ကျောထောက်နောက်ခံကို လွယ်လွယ်ကူကူ ရရှိလိုက်တယ် ဆိုတာ... နောင်တစ်ချိန် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ တကယ်ကို ဗိုလ်ကျစိုးမိုးနိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တစ်ချိန်က နင်ချီကို လုပ်ကြံဖို့ ကြံစည်ခဲ့ဖူးတဲ့ အစစ်အမှန် အမွေခံ အချို့ ဆိုရင် အခုချိန်မှာ နောင်တတွေ ရပြီး... ဘယ်လို ပြန်ပေါင်းထုတ်ရမလဲ ဆိုတာ ခေါင်းခြောက်နေကြပြီ။

'ရွှေရောင် နေမင်း ဓား' သည် ဓားကျင့်ကြံသူ အများအပြားကို မနာလို ဖြစ်စေသည်။

ဝိညာဉ် ရတနာတွေက ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်သလဲ။

အဆင့်နိမ့် တစ်ခု ဆိုလျှင်တောင်မှ အလွန် ရှားပါးလှသည်။

ဝိညာဉ်နယ်မြေ တွင် 'မှော် ရတနာ'နှင့် 'ဝိညာဉ် ရတနာ'ဟူ၍ ခွဲခြားထားပြီး၊ တစ်ခုချင်းစီတွင် အထက်၊ အလယ်၊ အဆင့်နိမ့် အဆင့်ဟူ၍ ရှိကြ၏။ ၎င်းတို့၏ အထက်တွင် 'အင်မော်တယ် ရတနာ' များ ရှိသော်လည်း၊ ထိုအရာများမှာ နည်းပါးလှပြီး ဒဏ္ဍာရီ ဆန်လွန်းသဖြင့် သာမန် ကျင့်ကြံသူများ၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်နေပေသည်။

'မှော် ရတနာ' များကို အလယ်အလတ်နှင့် အဆင့်နိမ့် ကျင့်ကြံသူများ အသုံးပြုကြ၏။

သို့သော် 'ဝိညာဉ် ရတနာ' များမှာမူ ကွဲပြားလေသည်။ ၎င်းတို့တွင် 'စည်းမျဉ်း စွမ်းအား' အချို့ ပါဝင်နေ၏။ အဆင့်နိမ့် ဝိညာဉ် ရတနာများကို ပုံမှန်အားဖြင့် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ရှိ မဟာစွမ်းအားရှင်များ ပိုင်ဆိုင်လေ့ ရှိကြ၏။ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ရှိ ဆင်းရဲသော လေလွင့် ကျင့်ကြံသူ အချို့ ဆိုလျှင် ဝိညာဉ် ရတနာ တစ်ခုတောင် မပိုင်ဆိုင်ကြပေ။ ယခု နင်ချီသည် 'မူလဝိညာဉ် နယ်ပယ်' အဆင့်ဖြင့် အဆင့်နိမ့် ဝိညာဉ် ရတနာ တစ်ခုကို ပိုင်ဆိုင်လိုက်ရရာ၊ သဘာဝကျကျပင် မနာလိုမှုများကို ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်။

နင်ချီ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားလေသည်။ ဤကဲ့သို့သော ထပ်ဆောင်း ကံကောင်းမှုကို ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

စည်းမျဉ်း စွမ်းအားကို ထိတွေ့နိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခု စောင့်ရဦးမည်ဟု မူလက ထင်မှတ်ထားသော်လည်း၊ ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်ခဲ့ပေ။

"ကျေးဇူးတင်ပါတယ်... မဟာ အကြီးအကဲ ဇီယန်..."

နင်ချီ ရိုသေစွာ ဦးညွှတ်လိုက်၏။

ခရမ်းရောင် ဝတ်ရုံနှင့် အကြီးအကဲသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ဟားတိုက် ရယ်မောလိုက်ပြီး၊ လက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေသည်။ သို့သော် ပဲ့တင်ထပ်နေသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့သည်။

"နင်ချီ... ကောင်လေး...၊ ကောင်းကောင်း ကျင့်ကြံနော်...၊ မင်းအပေါ် ငါ မျှော်လင့်ချက် ကြီးကြီး ထားတယ်..."

လူတိုင်း ရိုသေစွာ နှုတ်ဆက်လိုက်ကြပြီး၊ နင်ချီကို ပိုမို အားကျသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်ကြ၏။

ချန်ဝမ်ဟယ်၏ အမူအရာမှာ တစ်ခါမှ မရှိဖူးလောက်အောင် ကြင်နာနေလေသည်။

သူသည် နင်ချီကို ပြုံး၍ ကြည့်လိုက်ပြီး -

"အခု မင်းက 'မူလဝိညာဉ် နယ်ပယ်' ကို ရောက်ပြီ ဆိုတော့... စည်းမျဉ်းစည်းကမ်း အရ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ 'အစစ်အမှန် အမွေခံ' အဆင့်ကို တိုးမြှင့်ခံရပြီ...၊ မင်း ပိုင်ဆိုင်ဖို့အတွက် 'ဗဟို လွင့်မျော တောင်ထွတ်များ' ထဲက ဝိညာဉ် တောင်ထွတ် တစ်ခုကို ရွေးချယ်နိုင်ပြီ..."

နင်ချီက 'ဓာတ်ကြီးငါးပါး တောင်ထွတ်' ကို လှမ်းကြည့်နေသည်ကို သတိထားမိလိုက်ပြီး၊ သူ ဆက်ပြောလိုက်၏။

"ဒါပေါ့... တကယ်လို့ မင်းက ဒီ 'ဓာတ်ကြီးငါးပါး တောင်ထွတ်' ကို မခွဲနိုင်ဘူး ဆိုရင်လည်း... ဒီတောင်ကို ဟိုဘက် ရွှေ့ပေးလို့ ရပါတယ်..."

လူအုပ်ကြီး ကြောင်အ သွားကြ၏။

ဒါက တစ်ခါမှ မရှိဖူးတဲ့ ယဉ်ကျေးပျူငှာမှုပင်။ နင်ချီကို အထူးတလည် လေးစားမှု ပေးလိုက်သည် ဟု ပြော၍ ရသည်။ တခြား အစစ်အမှန် တပည့်တွေ ရရှိသော ဆက်ဆံရေးထက် အများကြီး သာလွန်သော ဆက်ဆံရေးမျိုးတည်း။

"ကျေးဇူးတင်ပါတယ်... ဒုတိယ ဂိုဏ်းချုပ်..."

နင်ချီ ပြုံးလိုက်၏။ 'ဓာတ်ကြီးငါးပါး တောင်ထွတ်' မှာ နေလာတာ ကြာပြီ ဆိုတော့ တကယ်လည်း သံယောဇဉ် ဖြစ်နေမိသည် မဟုတ်ပါလော။

ချန်ဝမ်ဟယ်သည် လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင် ရွှေ ကျောက်စိမ်း တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်၏။

"ဒီထဲမှာ အစစ်အမှန် တပည့်တွေ ရရှိနိုင်တဲ့ အခွင့်အရေးတွေနဲ့ အရင်းအမြစ်တွေ ပါဝင်တယ်...၊ နောက်မှ အသေးစိတ် ကြည့်လိုက်ပါ...၊ မင်းက 'မူလဝိညာဉ် နယ်ပယ်' ကို ရောက်ခါစ ဆိုတော့ တည်ငြိမ်အောင် လုပ်ဖို့ လိုသေးတယ်...၊ ငါ မင်းအတွက် 'ဓာတ်ကြီးငါးပါး တောင်ထွတ်' ကို အရင် ရွှေ့ပေးမယ်...၊ ပြီးရင် မင်း သီးသန့် ကျင့်ကြံလို့ ရပြီ..."

စကားပြောနေရင်း...၊ ချန်ဝမ်ဟယ် ၏ ပတ်လည်တွင် စွမ်းအားကြီးမားသော အရှိန်အဝါများ စတင် လှုပ်ခတ်လာသည်။ ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွား၏။ နင်ချီ၏ မျက်လုံး နက်ရှိုင်းသော နေရာတွင် ရွှေရောင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီး သူ ခွဲခြမ်းစိတ်ဖြာ လေ့လာလိုက်၏။

…ဒါက စည်းမျဉ်း စွမ်းအား လား...၊ ဒုတိယ ဂိုဏ်းချုပ် ချန်.. ကျွမ်းကျင်ထားတဲ့ စည်းမျဉ်းက 'ဓား စည်းမျဉ်း’ ဖြစ်လောက်တယ်...၊ ပြောရရင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းက 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကျွမ်းကျင်သူ အများစုဟာ ဒီ စည်းမျဉ်းကိုပဲ ကျွမ်းကျင်ကြတယ်...၊ ဂိုဏ်းရဲ့ အထွတ်အထိပ် လျှို့ဝှက် ကျမ်းစာ ဖြစ်တဲ့ 'အကန့်အသတ်မဲ့ ဓားကျမ်း' ကျေးဇူးကြောင့်ပေါ့...

သူသည် ချန်ဝမ်ဟယ်ကို သေချာ စောင့်ကြည့်နေလိုက်၏။

ကောင်းကင်ထိုး ဓားအလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီး၊ 'ဓာတ်ကြီးငါးပါး တောင်ထွတ်' တစ်ခုလုံးကို အောက်ခြေမှ အပြီးအပိုင် ပိုင်းဖြတ်လိုက်လေသည်။ ချန်ဝမ်ဟယ်၏ လက်ဟန် တစ်ခုနှင့်အတူ 'ဓာတ်ကြီးငါးပါး တောင်ထွတ်' သည် 'ဗဟို လွင့်မျော တောင်ထွတ်များ' ဆီသို့ ပျံသန်းသွား၏။ တဆက်တည်း၌ အခင်းအကျင်း အမှတ်အသား တစ်ခု ကျရောက်လာကာ 'ဗဟို ဓား အခင်းအကျင်း' စနစ်ထဲသို့ ပေါင်းစပ်သွားလေသည်။ ဒါက.. အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အနှစ်သာရ ဖြစ်ပြီး၊ မရေမတွက်နိုင်သော တပည့်များ လိုချင်တပ်မက်သော ပစ်မှတ်လည်း ဖြစ်သည်။

ဒါက အဆင့်မြင့် ဂိုဏ်းကြီး တစ်ခုရဲ့ အခြေခံအုတ်မြစ်ပင်။

နင်ချီကို အားကျတာအပြင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အားလုံး ဂုဏ်ယူသလို ခံစားလိုက်ကြရသည်။ အဆင့်မြင့် ဂိုဏ်းကြီး တစ်ခု၏ အစိတ်အပိုင်း ဖြစ်ရတာကို ဂုဏ်ယူမိသွားသည်။

ယခုအခါ၊ နင်ချီ.. နားလည်မှု တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။

သို့သော် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' သို့ ရောက်ရှိရန်မှာ အချိန်ယူရမည် ဖြစ်ပြီး ထင်သလောက် မလွယ်ကူပေ။

"ကောင်းကောင်း ကျင့်ကြံပါ...၊ ဂိုဏ်းချုပ်ကြီး သီးသန့်ကျင့်ကြံရာက ထွက်လာတာနဲ့... မင်းကို 'အကန့်အသတ်မဲ့ ဓားကျမ်း' ကြိုတင် ချီးမြှင့်ပေးဖို့ ငါ တောင်းဆိုပေးပါမယ်..."

ချန်ဝမ်ဟယ်၏ အသံသည် နင်ချီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

သူသည် ပြုံး၍ နင်ချီကို အားပေးသလို ခေါင်းညိတ်ပြလိုက်၏။

နင်ချီ ခဏတာ မှင်သက်သွားပြီးနောက်၊ ကျေးဇူးတင် သော အမူအရာဖြင့် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်တော့သည်။

'အကန့်အသတ်မဲ့ ဓားကျမ်း' ကို သူ အနည်းငယ် စိတ်ဝင်စားသော်လည်း၊ အစစ်အမှန်သိုင်း အင်မော် တယ် ဂိုဏ်း၏ အမွေအနှစ်များထဲတွင် ဤ ဓားကျမ်း ထက် ပိုမို စွမ်းအားကြီးမားသော လျှို့ဝှက် ကျမ်းစာ များ ရှိနေသည် မဟုတ်ပါလော။

သို့သော် ပုံမှန်အားဖြင့် ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက်သာလျှင် ဤ ဓားကျမ်းကို သင်ယူခွင့် ရှိကြ၏။

အစစ်အမှန် အမွေခံ ရာချီရှိသော အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ထိပ်တန်း (၁၀) ဝင်ဖို့ ဆိုသည်မှာ မလွယ်ကူပေ။

ယခု နင်ချီက ကြိုတင် ရရှိလိုက်ခြင်းသည် သူတို့၏ အလေးထားမှုကို ပြသနေခြင်း ဖြစ်သည်။

ဆူညံလှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့တော့၏။တော့၏။

သို့သော် နောက်ဆက်တွဲ သက်ရောက်မှုများကတော့ ကြီးမားလှသည်။ မရေမတွက်နိုင်သော တပည့် များသည် ဒီအကြောင်းကို ဆွေးနွေးနေကြပြီး၊ ဂိုဏ်း ထဲမှာ အင်မော်တယ် မျိုးစိတ် တစ်ယောက် ပေါ်ထွန်း လာကြောင်း အားလုံး သိရှိသွားကြ၏။ တပည့် အများစုက လေးစားအားကျကြသော်လည်း၊ အချို့ ကတော့ မကျေမနပ် ဖြစ်နေကြ၏။ မကြီးထွား သေးသော ပါရမီရှင် ဆိုသည်မှာ ပါရမီရှင် အဆင့်ပဲ ရှိသေးသည် ဟု တွေးနေကြ၏။

နင်ချီကတော့ ဒီကိစ္စတွေကို ဂရုမစိုက်ပေ။

ဒီတစ်ခေါက် ရရှိလိုက်သော အကျိုးအမြတ်များ အတွက် သူ အလွန် ကျေနပ်နေပါ၏။

ဒီတစ်ခေါက် ရရှိလိုက်သော အကျိုးအမြတ်များ အတွက် သူ အလွန် ကျေနပ်နေ၏။

'ဓာတ်ကြီးငါးပါး တောင်ထွတ်' ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ရင်း၊ အခင်းအကျင်းမှ ဆွဲဆောင်ထားသော များပြားလှသည့် ဝိညာဉ်စွမ်းအင်များနှင့်၊ သူ လေ့လာဆင်ခြင်နိုင်ရန် ရရှိထားသော 'ဓားလမ်းစဉ် မူလအစ' တို့ကြောင့် ကျင့်ကြံ ခြင်း အခြေအနေသည် အတွင်းဂိုဏ်းတွင် ရှိစဉ်က ထက် အများကြီး သာလွန်ကောင်းမွန်နေ၏။

သူသည် အစစ်အမှန် တပည့်၏ ကျောက်စိမ်း တံဆိပ် ပြားထဲတွင် မှတ်တမ်းတင်ထားသော အသေးစိတ် အချက်အလက်များကို ဖတ်ရှုလိုက်၏။

"အစစ်အမှန် တပည့်တွေမှာ ကြီးမားတဲ့ လုပ်ပိုင်ခွင့် တွေ ရှိတာပဲ...၊ ဒီ ဝိညာဉ် တောင်ထွတ်က ငါတစ်ယောက်တည်း ပိုင်တာ...၊ ကျင့်ကြံဖို့နဲ့ ဝေယျာဝစ္စ လုပ်ဖို့အတွက် အတွင်းဂိုဏ်းတပည့် (၃၀၀) ကို လက်ခံထားရှိနိုင်တယ်...၊ ပြီးတော့ ပေးအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ် ဝေစုကလည်း အရမ်းကို.. ရက်ရောတယ်...၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းက တကယ်ကို လက်ဖွာတာပဲ..."

"ဒါတင် မကသေးဘူး...၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ သတင်းအချက်အလက်တွေနဲ့ ပြင်ပ အင်အားစု တွေကိုပါ ငါ အသုံးပြုလို့ ရတယ်...၊ အပြင်ထွက်တဲ့ အခါမှာလည်း... အကန့်အသတ်မဲ့ ဓားဂိုဏ်းသားတွေ အပေါ် ငါ့မှာ အကြွင်းမဲ့ အာဏာ ရှိတယ်…”

‘ဥပမာ - မိစ္ဆာနက်ဂိုဏ်းလို ဂိုဏ်းမျိုးက ဂိုဏ်းချုပ် တွေနဲ့ တွေ့ရင်တောင်... သူတို့က အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အစစ်အမှန် တပည့်တွေကို ယဉ်ကျေးမှု

ပြရမယ်’

နင်ချီ ပြုံးလိုက်၏။

ကျောထောက်နောက်ခံ ကြီးကြီးမားမား ရှိတာ တကယ်ကို အားသာချက် ရှိပါ၏။

ဒါက သူ အတိအကျ လိုချင်နေသည့် အရာပင်။

သူသည် 'ရွှေရောင် နေမင်း ဓား' ကို ချက်ချင်း မလေ့လာသေးဘဲ အခြားကိစ္စ တစ်ခုကို ပြုလုပ်လိုက် သည်။ မိစ္ဆာနက်ဂိုဏ်းနှင့် ပတ်သက်၍ သူ ချန်ထားခဲ့ သော အမှတ်အသား အများအပြားကို အာရုံခံလိုက် ခြင်း ဖြစ်သည်။

နှစ်တွေ တစ်လျှောက်လုံး နင်ချီ ဒီကိစ္စကို ကြိုးစားနေခဲ့ခြင်းပါ။

…အစစ်အမှန်သိုင်း ကမ္ဘာရဲ့ နယ်နိမိတ်မှတ်တွေ ပေါက် ကြားနေတာက အမြဲတမ်း ဖုံးကွယ်ထားတဲ့ အန္တရာယ် တစ်ခုပဲ...၊ တကယ်လို့ မထိန်းချုပ်ဘဲ လွှတ်ထားမယ် ဆိုရင်... တစ်နေ့နေ့ 'အကြွင်းမဲ့ အစွမ်းထက် ပုဂ္ဂိုလ်' ရောက်သွားရင် ဒုက္ခရောက်နိုင်တယ်…

ထိုအတွေးနှင့်...၊

နင်ချီ မတုံ့ဆိုင်းတော့ပေ။

'မူလဝိညာဉ် စွမ်းအား' ကို လည်ပတ်လိုက်ရာ၊ မျက်စိတစ်မှိတ် အတွင်းမှာပင် အမှတ်အသား အများအပြား သည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်သွားကြပြီး၊ မြင်ကွင်းပေါင်းစုံသည် နင်ချီ၏ စိတ်ထဲသို့ အလအယက် ဝင်ရောက်လာကြလေသည်။ ဒါတွေက

မြင်ကွင်းပေါင်းစုံသည် နင်ချီ၏ စိတ်ထဲသို့ အလုအယက် ဝင်ရောက်လာကြလေသည်။

ဒါတွေက လွန်ခဲ့တဲ့ နှစ် (၂ဝ) ကျော်က မိစ္ဆာနက်ဂိုဏ်း ကျဆုံး ပြီးနောက် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်း အမျိုးမျိုးပင် ဖြစ်၏။

မရေမတွက်နိုင်သော ပုံရိပ်များသည် ပြေးနေသော မြင်းတစ်ကောင်အလား ဖြတ်သန်းသွားကြ၏။

နောက်ဆုံးတွင်...၊

မြင်ကွင်းသည် မေးစေ့ချွန်ချွန်၊ မျောက်ပါးချိုင့်နှင့် လူငယ် တစ်ယောက် နှင့် မုတ်ဆိတ်ဖြူ အဖိုးအို တစ် ယောက်တို့အပေါ်တွင် ရပ်တန့်သွားလေသည်။

နင်ချီ၏ မျက်လုံးများ တောက်ပသွား၏။

" 'ကောင်းကင် တာရာ ဂိုဏ်း' ရဲ့ အခင်းအကျင်း ဆရာသခင် လီလင်ဟယ်...၊ အစစ်အမှန်သိုင်း ကမ္ဘာရဲ့ နယ်နိမိတ်မှတ်တွေက ဒီဂိုဏ်း လက်ထဲ ရောက်သွားတာကိုး..."

သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာ ရသွား သလိုပင်။

…တခြား အဆင့်မြင့် ဂိုဏ်းကြီး တစ်ခုခု လက်ထဲ မ ရောက်သရွေ့ အဆင်ပြေပါတယ်...၊ သာမန် ဂိုဏ်း တစ်ဂိုဏ်းပဲ ဆိုတော့… သေသေချာချာ စီစဉ်လိုက်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး...

All Chapters