← Chapters

အစစ်အမှန် အမွေခံ နောက်လိုက်ခြင်း၊ တာဝန် ထုတ်ပြန်ခြင်း

Vol. 33 Ch. 488

အစစ်အမှန် အမွေခံ နောက်လိုက်ခြင်း၊ တာဝန် ထုတ်ပြန်ခြင်း

Vol. 33 Ch. 488

~ဓာတ်ကြီးငါးပါး တောင်ထွတ်။

ရောင်စုံတိမ်တိုက်များသည် ကောင်းကင်ယံတွင် တွဲလောင်းခိုနေကြပြီး၊ ရေတံခွန်များသည် အထက်မှ အောက်သို့ တည့်မတ်စွာ စီးဆင်းကျနေလေသည်။

စွမ်းအားကြီးမားသော အတွင်းဂိုဏ်းတပည့် တစ်စုသည် တောင်ပေါ်သို့ ရိုသေစွာ တက်ရောက်လာကြ၏။

နှစ်များတစ်လျှောက် နင်ချီသည် တစ်ယောက်တည်း အထီးကျန် ဆန်နေခဲ့သည်တော့ မဟုတ်ပေ။ လမ်းခရီးတစ်လျှောက်တွင် ပါရမီရှင် တပည့်အများအပြားကို ဖိနှိပ်ကျော်ဖြတ်ခဲ့ပြီး၊ လေးစားမှုများကို ရယူကာ နောက်လိုက်များကို စုဆောင်းနိုင်ခဲ့လေသည်။

ယခုအခါ သူသည် အစစ်အမှန် တပည့် အဆင့်အတန်းသို့ ရောက်ရှိသွားပြီ ဖြစ်ရာ၊ ထိုနောက်လိုက်များသည်လည်း သူ၏ အောင်မြင်မှုနှင့်အတူ မြင့်တက်လာကြသည်မှာ သဘာဝပင်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်။

မဟာ အကြီးအကဲ ကိုယ်တိုင် သတ်မှတ်ပေးခဲ့သော အင်မော်တယ် မျိုးစိတ်။

ထိုကဲ့သို့သော ဘွဲ့ထူး ဂုဏ်ပုဒ်များသည် နင်ချီ၏ ဂုဏ်သတင်းကို အဆက်မပြတ် မြှင့်တင်ပေးနေပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးကို ရေရှည် တုန်လှုပ်စေခဲ့လေသည်။ တပည့်များသည် ဤ အံ့ဖွယ် မြင်းမည်းကြီး အကြောင်းကို တိတ်တဆိတ် ဆွေးနွေးနေကြတော့သည်။

အစစ်အမှန် တပည့်များ အတွက်မူ...၊

နင်ချီသည် ပြိုင်ဘက်တစ်ယောက် ဖြစ်လာတော့၏။

သို့သော် သူတို့အများစုသည် နင်ချီက သူတို့ကို ကျော်တက်သွားမည့် ကိစ္စမှာ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း သိနားလည်ထားကြ၏။ မကျေနပ်သော အစစ်အမှန် တပည့် အနည်းငယ်ကတော့ လက်မခံနိုင်ကြပေ။

အစစ်အမှန် အမွေခံ ဆိုတာ ဘာလဲ။ ဂိုဏ်းချုပ် နေရာကို အစစ်အမှန် အမွေခံများထဲမှ ရွေးချယ်ခြင်း ဖြစ်သည်။

ယခု နင်ချီက ထူးကဲသော ပါရမီကို ပြသနေသော်လည်း၊ သူတို့အနေဖြင့် အလွယ်တကူ လက်လျော့ပေးလိုက်ရန် မဖြစ်နိုင်ပေ။

လက်ရှိ မျိုးဆက် အစစ်အမှန် တပည့်များထဲတွင်လည်း ပါရမီရှင် အများအပြား ပါဝင်ကြ၏။ အထူးသဖြင့် လက်ရှိ နံပါတ်တစ် အစစ်အမှန် တပည့် ဖြစ်သော ယဲ့ချန် သည် မွေးရာပါ 'လေမိုးကြိုး ဓားခန္ဓာ' အား ပိုင်ဆိုင်ထားသူ ဖြစ်သည်။ နင်ချီ မပေါ်ထွက်လာခင်က သူ၏ ဂုဏ်သတင်းသည် အလွန် မြင့်မားခဲ့ပြီး၊ နောင်တစ်ချိန်တွင် မဟာစွမ်းအားရှင် တစ်ပါး ဖြစ်လာမည့်သူဟု သတ်မှတ်ခံထားရသည်။

သူသည် လက်ရှိတွင် သီးသန့်ကျင့်ကြံနေသော်လည်း၊ ထွက်လာသည့်အခါ နင်ချီ ရှိနေကြောင်း သိလိုက်ရလျှင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သို့သော်၊ အစစ်အမှန် တပည့် အများစုကတော့ နင်ချီနှင့် မိတ်ဖွဲ့ရန် ဆန္ဒရှိကြလေသည်။

အချို့ဆိုလျှင် ကြိုတင်၍ လောင်းကြေးထပ်မှုများပင် စတင် ပြုလုပ်နေကြပြီ ဖြစ်သည်။

ဥပမာအားဖြင့် ယခု အခိုက်အတန့်၌...၊ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် ကျင့်ကြံသူ တစ်ဦးသည် နင်ချီထံသို့ လာရောက် လည်ပတ်လေသည်။

အံ့သြနေသော မျက်လုံးများသည် ကောင်းကင်ယံသို့ လှမ်းမျှော် ကြည့်လိုက်ကြ၏။ ဓားအလင်းတန်းသည် ဓာတ်ကြီးငါးပါး တောင်ထွတ်ပေါ်သို့ ဆင်းသက်လာပြီး၊ ခွင့်ပြုချက် တစ်စုံတစ်ရာ ရရှိသွားသကဲ့သို့ ဖြည်းညှင်းစွာ တည်ငြိမ်သွားလေသည်။ ထို့နောက်တွင် ရိုးသားတည်ကြည်သော အသံတစ်သံကြောင့် လူတိုင်း ဆွံ့အသွားရတော့သည်။

"ချင်မင်ဟောက် က စီနီယာအစ်ကို နင် ရဲ့ နောက်လိုက် အဖြစ် ခံယူလိုပါတယ်...၊ ကျေးဇူးပြုပြီး လက်ခံပေးပါ ခင်ဗျာ..."

ချင်မင်ဟောက်။ သူက ဝါရင့် အစစ်အမှန် တပည့် တစ်ဦး ဖြစ်သည်။ အစစ်အမှန် တပည့်များကြားတွင် အဆင့်နိမ့်သည် ဆိုသော်လည်း၊ ဂုဏ်ဒြပ် ကြီးမားသော အစစ်အမှန် တပည့် တစ်ဦး ဖြစ်နေဆဲပင်။ ယခု သူသည် မိမိသဘောဆန္ဒအလျောက် သစ္စာခံလိုက်ခြင်းမှာ ကြီးမားသော အဓိပ္ပာယ် သက်ရောက်နေသည် မဟုတ်ပါလော။ သူသည် နင်ချီထက် အသက် အများကြီး ကြီးသော်လည်း၊ တွန့်ဆုတ်ခြင်း မရှိဘဲ 'စီနီယာအစ်ကို' ဟု ရိုသေစွာ ခေါ်ဆိုလိုက်လေသည်။

ချင်မင်ဟောက် ၏ အတွေးမှာ ရိုးရှင်းပါသည်။

လှပနေပြီးသား အရာကို ထပ်မံ မွမ်းမံခြင်းသည် အရေးပေါ် လိုအပ်နေသူကို ကူညီခြင်းလောက် တန်ဖိုး မရှိပေ။ သူ့၏ ပါရမီမှာ သာမန်သာ ဖြစ်ပြီး၊ 'မူလဝိညာဉ် နယ်ပယ်' ဆိုသည်မှာ သူ့လမ်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဒီလို အခြေအနေမျိုးမှာ ဘာလို့ လောင်းကြေး မထပ်ဘဲ နေရမည်နည်း။ ယခု သူသည် နင်ချီကို ကြိုးစားပမ်းစား အလုပ်အကျွေး ပြုလိုက်လျှင်၊ နောင်တစ်ချိန် နင်ချီ ထိပ်ဆုံးသို့ ရောက်ရှိသွားသောအခါ သူပါ အဆင့်အတန်း မြင့်တက်လာနိုင်သည် မဟုတ်ပါလော။

ဓာတ်ကြီးငါးပါး တောင်ထွတ် ထိပ်တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော တည်ငြိမ်ခန့်ညားသည့် လူငယ် တစ်ဦး ထွက်ပေါ်လာပြီး၊ ချင်မင်ဟောက် ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လိုက်၏။ နင်ချီသည် ပြုံး၍ ပြောလိုက်လေသည်။

"ဂျူနီယာညီလေး ချင်..ပြောတာ မှားနေပါပြီ...၊ နောင်တစ်ချိန် အဆင်ပြေရင်... တာအို အကြောင်း အတူတူ ဆွေးနွေးကြတာပေါ့ဗျာ..."

အစစ်အမှန် တပည့် တစ်ဦးက သူ့၏ နောက်လိုက် ဖြစ်လာခြင်းကြောင့်၊ နင်ချီ၏ ဂုဏ်သတင်းမှာ ပိုမို ကြီးမားသွားလေတော့သည်။

သာမန် အစစ်အမှန် တပည့် အများအပြားသည် စိတ်လှုပ်ရှားသွားကြသော်လည်း စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ အလွန် အစွမ်းထက်သော အနည်းငယ်ကသာ ထိုကိစ္စကို နှာခေါင်းရှုံ့လိုက်ကြ၏။

အစစ်အမှန် တပည့်များ ဘယ်လိုပဲ တွေးပါစေ၊ သတင်းကို ကြားလိုက်ရသော အတွင်းဂိုဏ်းနှင့် ပြင်ပဂိုဏ်း တပည့် အများအပြားမှာမူ ပိုမို စိတ်အားထက်သန်လာကြလေသည်။ အစစ်အမှန် တပည့်များသည် အလွန် မာန်မာန ကြီးကြသဖြင့်၊ ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦးလောက်သာ အခြားသူများ၏ သစ္စာခံမှုကို ရရှိလေ့ ရှိကြ၏။

ယခုမူ... နင်ချီသည် အစစ်အမှန် တပည့် ဖြစ်လာခါစ ရှိသေးသော်လည်း၊ အခြားသူ တစ်ဦးက သူ့ကို နောက်လိုက်အဖြစ် ရွေးချယ်လိုက်ချေပြီ။

ဤအချက်က ငြင်းပယ်၍ မရနိုင်သော အရေးပါမှုကို ဖော်ပြနေခြင်းပါတည်း။

လက်ပံပင် ဆက်ရက်ကျသကဲ့သို့..၊ အတွင်းဂိုဏ်းနှင့် ပြင်ပဂိုဏ်းမှ အလားအလာရှိသူများသည် ဓာတ်ကြီးငါးပါး တောင်ထွတ်သို့ ဝင်ရောက်နိုင်ရန် အလုအယက် ကြိုးစားလာကြတော့သည်။

နင်ချီ၏ အစစ်အမှန် တပည့် အောင်မြင်မှုသည် အတွင်းဂိုဏ်း နေရာလွတ် (၃၀၀) ကို ပေးစွမ်းနိုင်ခဲ့သည်။ ယခင် နောက်လိုက်များအပြင်၊ နေရာအများအပြား လွတ်နေသေးသည် မဟုတ်ပါလော။

ယခုအခါ များပြားလှသော 'ခရမ်းရောင် နန်းတော် နယ်ပယ်' အဆင့်ရှိ စစ်မှန်သူများသည် နောက်လိုက် ဖြစ်ရန် အပြေးအလွှား ရောက်ရှိလာကြရာ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း နင်ချီ၏ သြဇာအာဏာသည် အလျင်အမြန်.. တိုးပွားသွားလေတော့သည်။

အဆင့်မြင့် ဂိုဏ်းကြီးတွင်...၊

အစွမ်းထက်သော အစစ်အမှန် တပည့် တစ်ဦးတိုင်းသည် ကြောက်မက်ဖွယ် ကောင်းသော အင်အားစု တစ်ခုကို ကိုယ်စားပြုလေ့ ရှိပြီး၊ အချို့ဆိုလျှင် ပြင်ပ ဂိုဏ်းငယ်များနှင့်ပင် ယှဉ်နိုင်စွမ်း ရှိကြ၏။

နင်ချီ၏ သြဇာအာဏာသည် တဖြည်းဖြည်း ကြီးထွားလာခဲ့တော့၏။တော့၏။

သစ္စာရှိပြီး အစွမ်းထက်သော နောက်လိုက်များ များပြားလာသည်နှင့်အမျှ၊ လုပ်ငန်းတာဝန် အများအပြားကို ဆောင်ရွက်ရန် ပိုမို လွယ်ကူလာတော့သည်။

ဥပမာအားဖြင့်... ကောင်းကင် တာရာ ဂိုဏ်း၏ လှုပ်ရှားမှုများကို စုံစမ်းခြင်း။

နောက်တစ်ခုမှာ ပေ့ရွှမ် နယ်မြေ အတွင်းရှိ အစစ်အမှန်သိုင်း ကမ္ဘာမှ ဝင်စားသူများနှင့် ဆက်သွယ်ခြင်း။

သို့တည်းမဟုတ် ၊ စည်းမျဉ်း စွမ်းအား ဖုံးကွယ်ထားသော ဝိညာဉ် ရတနာများကို ရှာဖွေခြင်း စသည်တို့ပေါ့။

...

ကြည်လင်သော နှလုံးသား ခန်းမဆောင်၊

နင်ချီသည် တင်ပျဉ်ခွေ ထိုင်နေပြီး၊ သုံးပေခန့် ရှည်သော ရွှေရောင် ဓားတစ်လက်သည် သူ့ရင်ဘတ် ရှေ့တွင် ပေါလော လွင့်မျောနေလေသည်။ ဓားသွားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်တော့မည့်အလား တဖျပ်ဖျပ် လက်နေပြီး၊ အကန့်အသတ် ရှိသော်လည်း သန့်စင်သော ဓား စည်းမျဉ်း ပုံစံ တစ်ခုကို ထုတ်လွှတ်နေ၏။

မူလဝိညာဉ် စွမ်းအား ကြိုးမျှင်များသည် ဓားပတ်လည်တွင် ရစ်ပတ်ထားပြီး၊ ၎င်း၏ ဆန်းကြယ်မှုများကို စူးစမ်းလေ့လာနေလေသည်။

ဉာဏ်အလင်း ရောင်ခြည်တန်းများသည် သူ့စိတ်ထဲတွင် မြင့်တက်လာပြီး၊ နင်ချီသည် ထိုအထဲတွင် ပါဝင်သော အံ့ဖွယ်ရာများကို လွယ်ကူစွာပင် ကုဒ်ဖော် ဖြေရှင်းလိုက်လေသည်။

'စည်းမျဉ်း စွမ်းအား ဆိုတာ ဘာလဲ... အနှစ်သာရ အားဖြင့်တော့ ဒါဟာ ကမ္ဘာ့ မူလအစရဲ့ ပိုမို နက်ရှိုင်းတဲ့ အလွှာတစ်ခုပဲ...၊ အကန့်အသတ်မဲ့တဲ့ နယ်မြေများ ပင်လယ် ထဲမှာ... အမျိုးမျိုးသော စည်းမျဉ်း မူလအစတွေ ပုန်းကွယ်နေကြတယ်...၊ တကယ်လို့ ကမ္ဘာတစ်ခုက အဲ့ဒီ အစိတ်အပိုင်းတွေကို ပေါင်းစပ်နိုင်ခဲ့မယ် ဆိုရင်... အဲ့ဒီကမ္ဘာဟာ ဝိညာဉ်နယ်မြေ ဖြစ်လာတာပဲ...'

'အစစ်အမှန်သိုင်း ကမ္ဘာလို ကမ္ဘာငယ်လေးတွေမှာကျတော့... စည်းမျဉ်း စွမ်းအား ကင်းမဲ့နေတယ်...၊ ဒါကြောင့် ကမ္ဘာက ပြောင်းလဲတိုးတက်လာရင်တောင်မှ... အဓိကကျတဲ့ အစိတ်အပိုင်း မရှိတဲ့အတွက်... ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူတွေကို လက်ခံနိုင်စွမ်း မရှိဘူး...၊ အများဆုံး မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူတွေ ပေါ်ထွက်လာရုံလောက်ပဲ တတ်နိုင်တယ်...'

'တကယ်လို့ ငါက စည်းမျဉ်း နယ်ပယ် ထဲကို ခြေလှမ်းချချင်တယ် ဆိုရင်... အနည်းဆုံးတော့ လုံလောက်တဲ့ စည်းမျဉ်း မူလအစကို ပေါင်းစပ်ရလိမ့်မယ်...'

'သဘာဝကျကျ ပြောရရင်... နယ်မြေများ ပင်လယ်ထဲမှာ စည်းမျဉ်း မူလအစတွေ ရှိနေပေမယ့်... အဲ့ဒါတွေက နက်ရှိုင်းပြီး ရှုပ်ထွေးတယ်...၊ ဖုံးကွယ်နေကြတယ်...၊ ဖမ်းယူဖို့ ဆိုတာက ကံတရားအပေါ် မူတည်နေတယ်...၊ အစစ်အမှန်သိုင်း ကမ္ဘာက သူ့အလိုလို စည်းမျဉ်း မူလအစကို စုစည်းမိဖို့ စောင့်နေမယ် ဆိုရင်... ဘယ်အချိန်မှ ဖြစ်လာမလဲ မသိနိုင်ဘူး...၊ ဒါကြောင့်... ရှိပြီးသား စနစ်ကျတဲ့ စည်းမျဉ်း မူလအစကို ထုတ်ယူပြီး... အဲ့ဒါကို အခြေခံအုတ်မြစ် အဖြစ် အသုံးပြုကာ ပင်လယ်ထဲက စည်းမျဉ်း မူလအစတွေနဲ့ ပဲ့တင်ထပ်စေပြီး စွမ်းအားကို ဖြည့်တင်းလိုက်ရင် မကောင်းဘူးလား...'

ဒါသည် အဆင့်တက်ရန်အတွက် နင်ချီ ကြံဆထားသော နည်းလမ်းပင် ဖြစ်သည်။

အဆင်သင့် ဖြစ်နေသော စည်းမျဉ်း မူလအစကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။

ဝိညာဉ်နယ်မြေ မှာပေါ့...။

သူ့အကြည့်သည် ရှေ့မှောက်ရှိ ရွှေရောင် နေမင်း ဓားပေါ်သို့ ကျရောက်သွားပြီး၊ မျက်နှာပေါ်ဝယ်၊ အပြုံးရိပ် တစ်ခု ယှက်သန်းလာလေသည်။

"မထင်မှတ်ဘဲ ချောမွေ့သွားတယ်...၊ မူလဝိညာဉ် နယ်ပယ် ရောက်ခါစမှာတင် ဒီလို ဝိညာဉ် ရတနာမျိုး ရလိုက်တာက...၊ ဝင်စားခန္ဓာရဲ့ တိုက်ခိုက်ရေး စွမ်းအား တိုးတက်ဖို့ ဆိုတာ ဒုတိယ အချက်ပဲ...၊ အဓိက ကတော့ နယ်မြေ အရှင်သခင် လမ်းစဉ်ကို အထောက်အကူ ပြုနိုင်တာပဲ..."

All Chapters