← Chapters

အခြားကမ္ဘာတွင် ပြန်လည်ဆုံစည်းခြင်း၊ ချူတိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်းနယ်မြေ မငြိမ်မသက်ဖြစ်ခြင်း (၂)

Vol. 33 Ch. 491

အခြားကမ္ဘာတွင် ပြန်လည်ဆုံစည်းခြင်း၊ ချူတိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်းနယ်မြေ မငြိမ်မသက်ဖြစ်ခြင်း (၂)

Vol. 33 Ch. 491

~"မြန်မြန်... မြန်မြန် ပြောပါဗျာ..." စစ်မှန်သူ ပိုင်ရှန် စိတ်မရှည်တော့ပေ။

နင်ချီ ပြုံးလိုက်ပြီး၊ ကျောက်စိမ်းလိပ် အချို့ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရာ ထိုနေရာရှိ လူများ၏ လက်ထဲသို့ အသီးသီး ရောက်ရှိသွားကြ၏။

အချို့က သူတို့၏ ဝိညာဉ် အာရုံ ဖြင့် စူးစမ်းကြည့်လိုက်ရာ၊ သတင်းအချက်အလက် အမြောက်အမြား ဝင်ရောက်လာလေသည်။

အားလုံးသည် ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေရှိ ဂိုဏ်းအသီးသီး၏ ထောက်လှမ်းရေး သတင်းများ ဖြစ်သည်။ ထို့အပြင် နင်ချီ၏ ညွှန်ကြားချက်များလည်း ပါဝင်လေသည်။

"အစစ်အမှန်သိုင်း ကမ္ဘာရဲ့ အမှတ်တွေက 'ကောင်းကင် တာရာ ဂိုဏ်း' လက်ထဲမှာ ရှိနေတယ်...၊ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေကို မငြိမ်မသက် ဖြစ်အောင် လုပ်ပါ...၊ ရေနောက်အောင် လုပ်ပါ... ဒါပေမဲ့ အစစ်အမှန်သိုင်း ကမ္ဘာရဲ့ အမှတ်တွေကို ထုတ်မပြမိစေနဲ့...၊ ပြီးရင် ဂိုဏ်းပေါင်းစုံကို စုစည်းပြီး အစစ်အမှန်သိုင်း ကမ္ဘာကို တိုက်ခိုက်ဖို့ လှုံ့ဆော်ပါ...၊ နောက်ဆုံးကျမှ တစ်ချက်တည်းနဲ့ အကုန် ရှင်းပစ်ပြီး... ကမ္ဘာ့ အမှတ်တွေကို ကျွန်တော်တို့ လက်ထဲ ရယူမယ်..."

ထိုနေရာရှိ လူများသည် တင်ပျဉ်ခွေ ထိုင်ရင်း ပြုံးနေသော လူငယ်ကို ကြည့်ကာ၊ ရင်ထဲတွင် မုန်တိုင်းထန်သော ပင်လယ်ပြင်အလား လှုပ်ရှားသွားကြ၏။

…ဒါက ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်မလို့လား။

ဂိုဏ်း (၇) ဂိုဏ်း၊ (၈) ဂိုဏ်းလောက် ပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ၊ အဲ့ဒီ အင်အားက အရင်တုန်းက မိစ္ဆာနက်ဂိုဏ်း ထက် အများကြီး သာလွန်နေလိမ့်မယ်။

ဒါ့အပြင်... အခြေအနေတွေ ပိုဆိုးလာရင်... (၇) ဂိုဏ်း (၈) ဂိုဏ်းလောက်တင် မကဘဲ ပိုများလာနိုင်တယ်။…

သို့တိုင်၊ နင်ချီ၏ အကြည့်များကတော့ တည်ငြိမ်နေဆဲပင်။

ဒါသည် လက်လွတ်မခံသင့်သော ရှားပါး အခွင့်အရေး တစ်ခု ဖြစ်သည်။

အကယ်၍ သူသည် သန်းချီသော (သို့မဟုတ်) ထို့ထက် ပိုသော ကျင့်ကြံသူများကို ဒီအထဲ ဆွဲထည့်နိုင်ခဲ့လျှင်၊ အစစ်အမှန်သိုင်း ကမ္ဘာသည် တစ်ချက်တည်းနှင့် ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိသွားမည် ဖြစ်ပြီး၊ နင်ချီ အနေဖြင့်လည်း တောင်နှင့် ပင်လယ် နယ်မြေ အမှတ်အသား နောက်တစ်သုတ်ကို ရရှိနိုင်ပေလိမ့်မည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤအချက်သည် ရှေ့က အချက်ထက်ပင် ပိုမို အရေးကြီးသည်၊ နောင်တစ်ချိန် မဟာဗျူဟာ စီမံကိန်းများနှင့် ဆက်စပ်နေသောကြောင့်ပင်။

မိမိကိုယ်တိုင် အမှတ်အသားများကို မစုစည်းနိုင်သေးခင် စပ်ကြား၊ ဤနည်းလမ်းဖြင့်သာ တောင်နှင့် ပင်လယ် နယ်မြေ အမှတ်အသားများကို ရရှိနိုင်ပြီး၊ သိုင်းကမ္ဘာမှ သက်ရှိများကို တောင်နှင့် ပင်လယ် နယ်မြေသို့ ပို့ဆောင်နိုင်မည် မဟုတ်ပါလော။

ထို့အပြင်..နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာ၏ အမှတ်များကို လုံးဝ လက်ဝါးကြီးအုပ်ထားနိုင်မည်။ နောင်တစ်ချိန် တောင်နှင့် ပင်လယ် နယ်မြေက ကမ္ဘာငယ်လေးတွေ အကုန်လုံးကို ယဇ်ပူဇော်မည် ဆိုလျှင်တောင်မှ... နင်ချီ အနေနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ဆွဲထားနိုင်လိမ့်မည်။

ယခုလို အဘက်ဘက်က အကျိုးရှိသော အခြေအနေမျိုးကို သေချာပေါက် ဂရုတစိုက် စီစဉ်ရမည်။

ကနဦး တုန်လှုပ်မှု ပြီးသွားသောအခါ၊ လူအုပ်ကြီး၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာကြ၏။

ဒါသည် သေချာပေါက် ဆုလာဘ် ကြီးမားသော တာဝန်တစ်ခု ဖြစ်သည်။ အောင်မြင်ခဲ့လျှင် ရရှိမည့် ဂုဏ်ပြုမှတ် ယသည် မနည်းလှပေ။ လက်ရှိတွင် အားလုံး၏ ကျင့်ကြံခြင်း အဆင့်သည် သိပ်မမြင့်သေးသဖြင့်၊ ဝိညာဉ် ရတနာများ ရှာဖွေခြင်း တာဝန်သည် လောလောဆယ် လက်လှမ်းမမီနိုင်သေးပေ။ ထို့ကြောင့် ဤ အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

သူတို့၏ မူလခန္ဓာကိုယ်များသည် အစစ်အမှန်သိုင်း ကမ္ဘာတွင် ရှိနေသဖြင့်၊ သေဆုံးသွားလျှင်တောင်မှ ပြန်လာနိုင်မည့် အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။

တစ်နည်းအားဖြင့် ပြောရလျှင်... ဤလူများသည် နင်ချီ၏ အတိတ်ဘဝမှ 'စတုတ္ထ ကပ်ဘေး' (ဂိမ်းအသုံး-Fourth Calamity - ကစားသမားများ) ကဲ့သို့ပင် ဖြစ်သည်။ သူတို့၏ စွမ်းအင်များ ပေါက်ကွဲထွက်လာပါက အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

"စိတ်မပူပါနဲ့... ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေကို ရေနောက်အောင် လုပ်ရမယ့် ကိစ္စက ကျုပ် အလုပ်ပါ..."

စစ်မှန်သူ ပိုင်ရှန် က ရင်ဘတ်ကို ပုတ်ရင်း ဟားတိုက် ရယ်မောလိုက်၏။

အစစ်အမှန်သိုင်း ကမ္ဘာ၏ ရှေးဟောင်း ခေတ်ကာလတုန်းက သူသည် နာမည်ကျော်ကြားခဲ့ပြီး၊ လူငယ်ဘဝတွင် 'မကောင်းမှု' များစွာ လုပ်ခဲ့ဖူးသူ ဖြစ်သည်။ ယခု ဝင်စားပြီးနောက် သူ၏ စိတ်ဓာတ်များ ပြန်လည် နုပျိုလာသလို ခံစားနေရသည်။

အားလုံး ရယ်မောလိုက်ကြပြီး၊ ဉာဏ်ကွန်မြူးစရာ အကြံဉာဏ်များ စတင် ပုံဖော်လာကြ၏။

သူတို့သည် လက်ဖဝါးများကို ပွတ်သပ်ရင်း စိတ်အားထက်သန်နေကြပြီး၊ အချို့ဆိုလျှင် မစောင့်နိုင်တော့သည့် ပုံပင်။

ရက်အနည်းငယ် ကြာအောင် စုဝေးပြီးနောက်၊ နင်ချီသည် ဓာတ်ကြီးငါးပါး တောင်ထွတ်သို့ ပြန်လာခဲ့သည်။

လာမည့် ကိစ္စရပ်များတွင် သူ ကိုယ်တိုင် ပါဝင်စရာ မလိုသေးပေ။ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေကို လှုပ်ခတ်အောင် လုပ်ခြင်းသည် ထင်သလောက် မလွယ်ကူဘဲ အချိန်ယူရမည် ဖြစ်သည်။ သူသည် အနာဂတ် လှုပ်ရှားမှုများ အတွက် ဤ ဝင်စားခန္ဓာ၏ ကျင့်ကြံခြင်းကို ဆက်လက် မြှင့်တင်ရမည်။

အတွင်းဂိုဏ်းကို ဖြတ်သန်းသွားစဉ်၊ နင်ချီသည် လုဇီယွဲ့၏ ဂူသင်္ချိုင်း တွင် ခေတ္တ ဝင်နားလိုက်၏။

"သီးသန့်ကျင့်ကြံနေတုန်းပဲ... ဒါပေမဲ့ အရှိန်အဝါက တည်ငြိမ်နေတယ် ဆိုတော့ အန္တရာယ် မရှိဘူး... ကောင်းပါတယ်..."

နင်ချီသည် အာရုံခံ စစ်ဆေးကြည့်ပြီးနောက် စိတ်ချလက်ချ ထွက်ခွာလာခဲ့သည်။

သူ့ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ပြီး လမ်းခရီးတစ်လျှောက် အဆင်ပြေအောင် ကူညီပေးခဲ့သော 'ခရမ်းရောင် ဓား စစ်မှန်သူမ' ကို သူ ကျေးဇူးတင်မိသည်။ သဘာဝကျကျပင် သူမ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်၏။

သို့သော် သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ့ကို အစစ်အမှန် အမွေခံ အဖြစ် တွေ့လိုက်ရမည့် သူမ၏ ကြောင်အအ မျက်နှာကို တွေးမိပြီး၊ နင်ချီ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်ကာ ပြုံးလိုက်မိသည်။

လဝက်ခန့် အကြာတွင်...၊

ဓာတ်ကြီးငါးပါး တောင်ထွတ် အတွင်း၌ တပည့် အသစ်အချို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ သူတို့သည် နင်ချီ၏ အထူး ခွင့်ပြုချက်ဖြင့် အတွင်းဂိုဏ်းတပည့်များ ဖြစ်လာကြခြင်းပင်။

သူတို့အား အစစ်အမှန်သိုင်း ကမ္ဘာမှ လာကြောင်း မည်သူမျှ မသိကြပေ။

...

ကျင့်ကြံခြင်း လောကတွင်... အချိန်ကာလကို မရေတွက်နိုင်ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့တော့၏။တော့၏။

နင်ချီနှင့် အစစ်အမှန်သိုင်း ကမ္ဘာမှ အစွမ်းထက် ပုဂ္ဂိုလ်များ စုဝေးခဲ့ပြီးကတည်းက၊ ပေ့ရွှမ် နယ်မြေတွင် ဝင်စားထားသော ကျင့်ကြံသူ တစ်ရာနီးပါးသည် စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။

ဘယ်အချိန်က စလိုက်မှန်း မသိပေမယ့်... ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ၏ လေထု အခြေအနေသည် တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။

ပထမဆုံး... 'လေမိုးကြိုး ခန်းမဆောင်' မှ အစစ်အမှန် တပည့် တစ်ဦးသည် အကြောင်းမဲ့ တိုက်ခိုက်ခံရပြီး၊ မှော်ရတနာ တစ်ခု၏ အကူအညီဖြင့် ခေါင်းတစ်လုံးသာ ကျန်ရစ်ကာ သီသီလေး ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ သူ့အဆိုအရ တိုက်ခိုက်သူသည် 'ကောင်းကင် လျှို့ဝှက်ချက် ဂိုဏ်း'နှင့် ဆက်နွယ်နေသည် ဟု ဆိုသည်။

ထို့ကြောင့် 'လေမိုးကြိုး ခန်းမဆောင်' သည် 'ကောင်းကင် လျှို့ဝှက်ချက် ဂိုဏ်း' ကို သဘာဝကျကျပင် ထိပ်တိုက် တွေ့လေတော့သည်။

'ကောင်းကင် လျှို့ဝှက်ချက် ဂိုဏ်း' မှာ မှင်သက်သွားပြီး၊ ဂိုဏ်းကြီး နှစ်ဂိုဏ်းကြား တိုက်ပွဲ ဖြစ်ပွားလုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် ပြေလည်မှု မရလိုက်ဘဲ၊ 'ကောင်းကင် လျှို့ဝှက်ချက် ဂိုဏ်း' ဘက်မှ အနည်းငယ် နစ်နာခဲ့ရသည်။ ထိုအချိန်မှ စ၍ ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် တစ်ဦးနှင့်တစ်ဦး အမြင်မကြည်ကြတော့ဘဲ၊ အပြင်မှာ တွေ့လျှင် ထိပ်တိုက် တွေ့ကြတော့သည်။

ထို့နောက်တွင်၊ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေတွင် 'လျှို့ဝှက် နယ်မြေ' တစ်ခု ပေါ်လာပြီး၊ အစစ်အမှန် ဧကရာဇ် .. တစ်ပါး၏ အမွေအနှစ်များ ပါရှိသည်ဟု ကောလာဟလ ထွက်ပေါ်လာရာ၊ 'မှော်စွမ်းအင် နယ်ပယ်' နှင့် 'ခရမ်းရောင် နန်းတော် နယ်ပယ်' ကျင့်ကြံသူ အများအပြား စုဝေး ရောက်ရှိလာကြ၏။ ရလဒ်ကတော့... အတွင်းထဲတွင် အစွမ်းထက်သော သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခု ရှိနေပြီး၊ ဂိုဏ်းကြီးများမှ တပည့်များ အပါအဝင် ကျင့်ကြံသူ အများအပြား သေဆုံးခဲ့ရသည်။

ဂိုဏ်းပေါင်းစုံမှ တပည့်များသည် သူသေကိုယ်သေ.. တိုက်ခိုက်ကြပြီး၊ တဖြည်းဖြည်းနှင့် ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိသွားတော့သည်။

မကြာသေးမီကမှ အေးချမ်းစ ပြုနေသော ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေသည် တဖန် ပြန်လည် မငြိမ်မသက် ဖြစ်လာတော့၏။

သို့တိုင်၊ ဤအဆင့်ထိတော့ အစစ်အမှန် ဧကရာဇ် အများစုကို မထိခိုက်သေးပေ။ အချို့ကတော့ တစ်ခုခု မှားယွင်းနေကြောင်း စတင်ရိပ်မိလာကြ၏။

ထို့နောက်တွင်... ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ၌ နောက်ထပ် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြန်သည်။

လွန်ခဲ့သော ကာလက 'လေမိုးကြိုး ခန်းမဆောင်' မှ 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' သည် မိစ္ဆာနက်ဂိုဏ်း မှ မှော်ရတနာ အပိုင်းအစ တစ်ခုကို ရယူထားခဲ့သည်ဟု ကောလာဟလ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် အစစ်အမှန် ဧကရာဇ် အများအပြား၏ လောဘတက်နေသော မျက်လုံးများကို ဆွဲဆောင်လိုက်လေသည်။ အဆင့်မြင့် ဂိုဏ်းဝင် မဟုတ်သော သူတို့အဖို့ မှော်ရတနာ အပိုင်းအစ တစ်ခု ဆိုသည်မှာ အထွတ်အထိပ် ရတနာပင် ဖြစ်သည် မဟုတ်ပါလော။

'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' ဒေါသထွက်သွားပြီး၊ ဂိုဏ်းတွင်းမှ လူအများအပြားကို သတ်ဖြတ်ပစ်လိုက်သည်ဟု ဆိုသော်လည်း၊ မက်မောနေသော မျက်လုံးများစွာသည် 'လေမိုးကြိုး ခန်းမဆောင်' ကို ဝိုင်းရံထားပြီး၊ ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ တိတ်တဆိတ် တစ်ဖုံ စမ်းသပ်နေကြ၏။ အထူးသဖြင့် 'ကောင်းကင် လျှို့ဝှက်ချက် ဂိုဏ်း' သည် အလွန် တက်ကြွနေလေသည်။

...

ဖြစ်ရပ်တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပွားလာသည်။

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေသည် တဖြည်းဖြည်း ဖရိုဖရဲ အခြေအနေသို့ သက်ဆင်းသွားလေတော့သည်။

'ကောင်းကင် တာရာ ဂိုဏ်း'မှာ ဇဝေဇဝါ ဖြစ်နေ၏။ သူတို့သည် မူလက အခြားသူများ၏ အာရုံစိုက်မှု လျော့ပါးသွားသည်အထိ စောင့်ဆိုင်းပြီးမှ ထိုကမ္ဘာငယ်လေးကို စစ်ခင်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ 'ကောင်းကင် တာရာ ဂိုဏ်း' မှ အစစ်အမှန် ဧကရာဇ် အများအပြား၏ ပူးပေါင်း တွက်ချက်မှု အရ၊ ထိုကမ္ဘာငယ်လေးတွင် ကြီးမားသော အခွင့်အရေး တစ်ခု ရှိနေနိုင်သည်။ သို့မဟုတ်ပါက၊ 'ရွှေဝိညာဉ် ဂိုဏ်း' နှင့် 'မိစ္ဆာနက် ဂိုဏ်း' တို့ ဆက်တိုက် ရှုံးနိမ့်ခဲ့မည် မဟုတ်ပေ။ ထိုအချက်က သူတို့ကို ပိုမို တပ်မက်လာစေသည်။

"ဂိုဏ်းချုပ်...၊ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေက အခု ရှုပ်ထွေးနေပြီ...၊ ဘယ်သူမှ ကျွန်တော်တို့ 'ကောင်းကင် တာရာ ဂိုဏ်း' ကို အာရုံမစိုက်ကြတော့ဘူး...၊ ဒါ အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်တယ်... တကယ်လို့ ကျွန်တော်တို့သာ အဲ့ဒီ ကမ္ဘာငယ်လေးကို သိမ်းပိုက်နိုင်ရင်... ကျွန်တော်တို့ 'ကောင်းကင် တာရာ ဂိုဏ်း' ဟာ အဆင့်မြင့် ဂိုဏ်း တစ်ခု အဖြစ် အခြေခံအုတ်မြစ် ချနိုင်လိမ့်မယ်..." လီလင်ဟယ် အလွန် စိတ်လှုပ်ရှားနေ၏။

လွန်ခဲ့သော နှစ်နှစ်က သူသည် ဟိုယွမ် ကိစ္စကို ဖြေရှင်းခဲ့သော်လည်း၊ ဤကိစ္စ ပေါက်ကြားသွားမည်ကို အမြဲ စိုးရိမ်နေခဲ့သည်။ အခြားသူများ ကမ္ဘာငယ်လေး၏ အမှတ် လျှို့ဝှက်ချက်ကို သိရှိသွားမည်လား ဟု မသေချာ ဖြစ်နေခဲ့သည်။

'ကောင်းကင် တာရာ ဂိုဏ်း' ၏ ဂိုဏ်းချုပ် 'ကျန်းချန်ဟွမ်' သည် အနည်းငယ် သွေးဆောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"မင်းတို့ ဘယ်လို ထင်လဲ..."

သူသည် 'မူလဝိညာဉ် နယ်ပယ်' ရှိ အခြား အစစ်အမှန် ဧကရာဇ်များကို တိုင်ပင်သလို ကြည့်လိုက်၏။

ထိုအခါ၊ အားလုံး ခေါင်းညိတ်လိုက်ကြ၏။

"သဘောတူပါတယ်..."

"ဒါပေမဲ့ ပြဿနာ တစ်ခုက... ကျွန်တော်တို့ 'ကောင်းကင် တာရာ ဂိုဏ်း' တစ်ခုတည်းနဲ့ အဲ့ဒီ ကမ္ဘာငယ်လေးကို မနိုင်လောက်ဘူး...၊ မိစ္ဆာနက်ဂိုဏ်းရဲ့ ရှုံးနိမ့်မှုတွေက သတိပေးချက် တစ်ခုပဲ..."

ဟု တစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်၏။

ကျန်းချန်ဟွမ် ပြုံးပြီး ..

"ဒါပေါ့...၊ ကျွန်တော်တို့ ဂိုဏ်း တစ်ခုတည်းနဲ့တော့ နိုင်မယ်လို့ အာမမခံနိုင်ဘူး...၊ ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တခြား ဂိုဏ်းနှစ်ဂိုဏ်းကို ဖိတ်ခေါ်လို့ ရတာပဲ...၊ အဲ့ဒီအချိန်ကျရင် သူတို့ကို 'ကောင်းကင် လမ်းစဉ် ကတိသစ္စာ' ပြုခိုင်းပြီး... ကျွန်တော်တို့က ဝေစု ပိုယူလိုက်ရင်... သူတို့ ငြင်းမှာ မဟုတ်ပါဘူး..."

အားလုံး ဝမ်းသာအားရ ဖြစ်သွားကြ၏။

"ဂိုဏ်းချုပ်က ဉာဏ်ကြီးပါပေတယ်..."

ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ။ တစ်ယောက်တည်း အကုန် မယူနိုင်ရင် အကျိုးအမြတ် တချို့ကို ခွဲဝေပေးလိုက်ရုံပေါ့။

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေက လောလောဆယ် ရှုပ်ထွေးနေပြီး အာရုံတွေ တခြားရောက်နေကြသည် ဆိုတော့... တိတ်တဆိတ် လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပင်။

သို့သော် အစီအစဉ် ချပြီးကာစမှာပင်၊

'ကောင်းကင် တာရာ ဂိုဏ်း' သည် စစ်ဆင်ရေးအတွက် အရင်းအမြစ်များကို တိတ်တဆိတ် မစုဆောင်းရသေးမီမှာပင်... ကောလာဟလ တစ်ခု ထွက်ပေါ်လာပြီး သူတို့ကို ဆွံ့အသွားစေခဲ့သည်။

" 'ကောင်းကင် တာရာ ဂိုဏ်း' က မိစ္ဆာနက်ဂိုဏ်း ကိစ္စမှာ တကယ့် အောင်နိုင်သူပဲ...၊ မိစ္ဆာနက်ဂိုဏ်း ကျူးကျော်ခဲ့တဲ့ ကမ္ဘာငယ်လေးရဲ့ အမှတ်တွေကို သူတို့ ရထားတယ်...၊ ပြီးတော့ အဲ့ဒီ ကမ္ဘာငယ်လေးမှာ မဟာစွမ်းအားရှင် တစ်ပါးရဲ့ အမွေအနှစ်တွေ ကျန်ရှိနေတယ် လို့ ပြောကြတယ်..."

ဒီ သတင်း ပြန့်နှံ့မှု အတိုင်းအတာက သိပ်မကျယ်ပြန့်လှပေ။ ဂိုဏ်းအသီးသီး၏ အထက်ပိုင်း ခေါင်းဆောင်တွေ ကြားမှာသာ ပေါက်ကြားသွားခြင်း ဖြစ်သည်။

သို့တိုင်၊ အကျိုးသက်ရောက်မှုကတော့ အလွန် ကြီးမားလှသည်။ အစစ်အမှန် ဧကရာဇ် အများ အပြားသည် သူတို့၏ အာရုံကို 'ကောင်းကင် တာရာ ဂိုဏ်း' ဘက်သို့ လှည့်လိုက်ကြပြီး၊ 'လေမိုးကြိုး ခန်းမ ဆောင်' ပင်လျှင် ချွင်းချက် မဟုတ်တော့ပေ။ မူလက 'လေမိုးကြိုး ခန်းမဆောင်' ကို ချိန်ရွယ်ထားသော တိတ်တဆိတ် အကြည့်များစွာသည် ယခုအခါ 'ကောင်းကင် တာရာ ဂိုဏ်း' ပေါ်သို့ ကျရောက်လာကြ လေသည်။

'ကောင်းကင် တာရာ ဂိုဏ်း' ပျာယာခတ်သွား၏။

သတင်း ဘယ်လို ပေါက်ကြားသွားရသည်လဲ။

ကျန်းချန်ဟွမ် ဒေါသထွက်သွားပြီး၊ ဂိုဏ်းတွင်းရှိ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် တစ်ဦးဦးက ပေါက် ကြားစေခဲ့သည်ဟု သံသယ ဝင်မိသော်လည်း၊ သူတို့ အားလုံး 'ကောင်းကင် လမ်းစဉ် ကတိသစ္စာ' ပြုထား ကြသဖြင့် မဖြစ်နိုင်ပေ။

နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အရာကတော့ သူ့ကို ခေါင်းမှ ခြေအဆုံး အေးခဲသွားစေခဲ့သည်။

'ခရမ်းရောင် နန်းတော် နယ်ပယ်' ကျင့်ကြံသူ အနည်းငယ်သည် 'ကောင်းကင် တာရာ ဂိုဏ်း' အတွင်းသို့ စကားတစ်ခွန်းမှ မပြောဘဲ ဝင်ရောက် စီးနင်းခဲ့ကြသည်၊ ဂိုဏ်းရှိ အစစ်အမှန် ဧကရာဇ်များက သူတို့အား နေရာတင် သတ်ဖြတ်လိုက်ကြ၏။

သို့သော်၊ ထိုသူများ၏ ခါးကြားမှ အမှတ်အသား ကျောက်စိမ်း ပြားများကို မြင်လိုက်ရ သောအခါ၊ ကျန်းချန်ဟွမ်သည် ကမ္ဘာကြီး ချာချာ လည်သွားသလို ခံစားလိုက်ရသည်။

သူတို့က... 'အကန့်အသတ်မဲ့ ဓားဂိုဏ်း' ၏ တပည့်တွေ ဖြစ်နေကြသည်...။

All Chapters