ကောင်းကင် တာရာ ဂိုဏ်းတွင် စုဝေးခြင်း၊ စီနီယာအစ်ကို နင် ကို ပြစ်မှားရဲသူမှန်သမျှ သေစေ
Vol. 33 Ch. 492
~'ကောင်းကင် တာရာ ခန်းမဆောင်'အတွင်း၌ ထားရှိထားသော အလောင်း သုံးလောင်းကို ကြည့်ရင်း၊ ကျန်းချန်ဟွမ် ၏ မျက်နှာထားသည် ရေစက်များ ကျလောက်သည်အထိ အလွန်အမင်း မည်းမှောင်နေလေသည်။
"လေးယောက်လို့ ပြောခဲ့တယ် မဟုတ်လား...၊ ဘာလို့ သုံးလောင်းပဲ ရှိတာလဲ..."
သူ့အသံသည် သွားကြားထဲမှ ညှစ်ထုတ်လိုက်သကဲ့သို့ ကြမ်းတမ်းနေ၏။
'မူလဝိညာဉ် နယ်ပယ်' အကြီးအကဲ တစ်ဦးက သတိထားပြီး ပြောလိုက်၏။
"အဲ့ဒီအချိန်တုန်းက... ဒီလေးကောင်ဟာ ဂိုဏ်းတံခါးဝကို မိုက်မိုက်ကန်းကန်း ဝင်စီးပြီး... အရမ်း ရက်စက်ကြမ်းကြုတ်စွာနဲ့ လူတွေကို လိုက်သတ်နေကြတာပါ...၊ ကျွန်တော်လည်း ဒေါသထွက်ပြီး တစ်ယောက်ကို အမှုန့်ကြိတ်ပစ်လိုက်မိတယ်...၊ မှားမှန်း သိတဲ့အချိန်ကျတော့..."
စကားမဆုံးလိုက်ပေ။
ခန်းမဆောင်ကြီး တစ်ခုလုံး မုန်တိုင်းထန်နေသော လေထုကဲ့သို့ ဖြစ်သွားပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြောင့် တိုင်လုံးများပေါ်တွင် အက်ကွဲရာများ ပေါ်လာလေသည်။ ကျန်းချန်ဟွမ်၏ မျက်လုံးများသည် သားကောင်ကို ဝါးမြိုတော့မည့် သားရဲတစ်ကောင်အလား၊ စကားပြောနေသော အကြီးအကဲကို စူးစိုက်ကြည့်နေလိုက်၏။
"အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို သတ်လိုက်မိတာ ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်း သိရဲ့လား...?"
အခုချိန်မှာ လူအင်အား လိုအပ်နေလို့သာပေါ့၊ မဟုတ်လျှင် ဒီ အသုံးမကျသည့် အကောင်ကို ပါးရိုက်သတ်ပစ်မိမှာ သေချာသည်။
လူတိုင်းသည် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားကြ၏။
တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှုများက သူတို့၏ ရင်ထဲသို့ ဝင်ရောက်လာကြလေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း။
ဒါသည် ပေ့ရွှမ် နယ်မြေ ၏ ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲမှ တစ်ခု ဖြစ်ပြီး၊ ၎င်း၏ အင်အားသည် ထိပ်ဆုံးတွင် ရှိနေ၏။ ဓားကျင့်ကြံသူ အုပ်စုသည် အမြဲတမ်း မာန်မာန ကြီးလေ့ ရှိကြ၏။ အကယ်၍ သူတို့၏ တပည့် ကောင်းကင် တာရာ ဂိုဏ်းတွင် သေဆုံးသွားသည်ကို သိလိုက်ရလျှင်၊ ကောင်းကင် တာရာ ဂိုဏ်း အတွက် ကမ္ဘာပျက်မည့်နေ့ ရောက်လာခြင်းပင် ဖြစ်ပေလိမ့်မည်။
ထို အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် ၄ ဦးသည် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ကြသည် ဆိုသော်လည်း၊ ဘယ်သူက ခင်ဗျားရဲ့ ရှင်းပြချက်ကို နားထောင်နေမှာလဲ။
ပေ့ရွှမ် နယ်မြေ... မဟုတ်သေး... တောင်နှင့် ပင်လယ် နယ်မြေ တစ်ခုလုံးမှာ... အားနည်းခြင်းသည် မူလ အပြစ် ပင် ဖြစ်သည်။
ကျန်းချန်ဟွမ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသကို ဖိနှိပ်ကာ လူတိုင်းကို အေးစက်စွာ ကြည့်လိုက်၏။
"ဒီကိစ္စ လုံးဝ မပေါက်ကြားစေနဲ့... စောစောက မြင်ကွင်းကို ဘယ်သူတွေ မြင်လိုက်ကြသလဲ..."
လီလင်ဟယ် က တိုးတိုးလေး မှာကြားလိုက်၏။
"တောင်တံခါး စောင့်နေတဲ့ တပည့်တွေပဲ ရှိပါတယ်..."
ကျန်းချန်ဟွမ် ဘာမှ မပြောတော့ဘဲ အေးစက်စွာ တစ်ချက် ကြည့်လိုက်ရာ၊ လီလင်ဟယ်သည် သဘောပေါက်ကြောင်း ပြသသည့် အနေဖြင့် အနည်းငယ် ဦးညွှတ်လိုက်၏။
"အခု အချိန်က ငါတို့ ကောင်းကင် တာရာ ဂိုဏ်း ရဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်ပဲ...၊ ဒီ အကျပ်အတည်းကို ကျော်ဖြတ်ဖို့ ငါတို့ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးရမယ်...၊ ပြီးရင်တော့ ကောင်းကင် တာရာ ဂိုဏ်း ရဲ့ အပြီးအပိုင် ကြီးပွားတိုးတက်မယ့် အချိန် ရောက်လာလိမ့်မယ်..."
အားလုံး၏ ရင်ထဲတွင် အေးစက်သွားကြလေသည်။
လက်ရှိတွင် ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ ၌ ကောင်းကင် တာရာ ဂိုဏ်းနှင့် ပတ်သက်သော ကောလာဟလများ ပြည့်နှက်နေပြီး၊ အလွန် ထိခိုက်နစ်နာစေသည်။
ကျန်းချန်ဟွမ်သည် မီးထဲမှ သစ်အယ်သီးကို ကောက်ယူရန် စိတ်ကူးရှိနေပြီးသား ဖြစ်သည်။
ထင်ကြေးပေးမှုတွေ များပြားနေမှတော့၊ ဦးအောင် တိုက်ခိုက်တာက ပိုကောင်းတယ်။
သူသည် 'ကျားဇီ ၁၆၇၃ ကမ္ဘာ' အား သိမ်းပိုက်ရန် ပြင်ဆင်မှုများ စတင်ဖို့ ဂိုဏ်းတစ်ခုလုံး၏ အင်အားကို စုစည်းရန် စီစဉ်နေသော်လည်း၊ အချိန်အနည်းငယ် လိုအပ်နေသေးသည်။
"အခုကစပြီး... ကောလာဟလ အားလုံးကို ဖြေရှင်းပစ်...၊ ပြီးတော့ တပည့်တွေရဲ့ ပြင်ပ တာဝန် အားလုံးကို ဖျက်သိမ်းလိုက်..."
"ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်..."
ဧရာမ စစ်စက်ယန္တရားကြီး တစ်ခုကဲ့သို့ပင်။ ကောင်းကင် တာရာ ဂိုဏ်း တစ်ခုလုံး စတင် လည်ပတ် လှုပ်ရှားလာလေတော့သည်။
စင်စစ်မှာတော့...၊ တောင်နှင့် ပင်လယ် နယ်မြေ တွင်၊ အင်မော်တယ် လမ်းစဉ် ဂိုဏ်း အများစုသည် စစ်ယန္တရားကြီးများနှင့် တူညီကြ၏။ ဂိုဏ်းတိုင်းလိုလိုတွင် ကမ္ဘာငယ်လေးများကို သိမ်းပိုက်ခဲ့ဖူးသော မှတ်တမ်းများ ရှိကြ၏။
တောင်နှင့် ပင်လယ် နယ်မြေတွင် လက်အောက်ခံ ကမ္ဘာငယ်လေးများ မရေမတွက်နိုင်အောင် ရှိပြီး၊ အချိန်တိုင်းတွင် အသစ်များ မွေးဖွားလာနေသောကြောင့် ဖြစ်သည်။ အင်မော်တယ် လမ်းစဉ် ဂိုဏ်းအားလုံး အစွမ်းကုန် သိမ်းပိုက်လျှင်တောင်မှ၊ အစိတ်အပိုင်း သေးသေးလေးသာ ရှိပေလိမ့်မည်။
ထိုအချိန်တွင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၌။
ဓာတ်ကြီးငါးပါး တောင်ထွတ် ။
နင်ချီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်၏။
သူသည် 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' အား သေချာ အာရုံခံကြည့်လိုက်ရာ၊ အလင်းရောင် ပိုးအိမ် ၄ ခု ကွဲအက်သွားသည်ကို သတိထားမိလိုက်၏။ ဆိုလိုသည်မှာ တောင်နှင့် ပင်လယ် နယ်မြေတွင် ဝင်စားထားသော ဝိညာဉ် အပိုင်းအစများ ပျက်စီးသွားပြီ ဖြစ်သည်။
အစစ်အမှန်သိုင်း ကမ္ဘာ မှ အစွမ်းထက် ပုဂ္ဂိုလ် ၄ ဦးသည် မျက်လုံးများ ပွင့်လာကြပြီး၊ သူတို့၏ အရှိန်အဝါမှာ အလွန် အားနည်းနေသော်လည်း နောင်တမရဘဲ စိတ်လှုပ်ရှားမှုများသာ ရှိနေကြ၏။
အကြောင်းကား၊ သူတို့သည် ကိုယ့်ဆန္ဒအလျောက် သေဆုံးခဲ့ကြခြင်းပင်။
ဤ ၄ ဦးသည် သဘာဝကျကျပင် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှနေ၍ ကောင်းကင် တာရာ ဂိုဏ်းကို တက်ကြွစွာ တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။
လွန်ခဲ့သော (၇) နှစ်က ၊ နင်ချီနှင့် ကျွမ်းချန် တွေ့ဆုံပြီးနောက်၊ သူတို့သည် အစစ်အမှန်သိုင်း ကမ္ဘာမှ အစွမ်းထက် ပုဂ္ဂိုလ် အများအပြားကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ တိတ်တဆိတ် ဆင့်ခေါ်ခဲ့ပြီး၊ ဓာတ်ကြီးငါးပါး တောင်ထွတ်သို့ ဝင်ရောက်ခွင့် ပေးခဲ့သည်။
(၇) နှစ် ကြာပြီးနောက်၊ သူတို့ကို အသုံးပြုရမည့် အချိန် ရောက်လာခဲ့ပြီ။
အားလုံးသည် တရားသော အကြောင်းပြချက် တစ်ခုအတွက် ဖြစ်သည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် အဆင့်မြင့် ဂိုဏ်းကြီး အနေဖြင့် ဂုဏ်ရှိသော်လည်း၊ အခြား အဆင့်မြင့် ဂိုဏ်းများ အပြစ်မပြောနိုင်စေရန် မဆင်မခြင် မလုပ်ဆောင်နိုင်ပေ။
မမှားပါ...။
နင်ချီသည် ဤ ၄ ဦးကို အလဟဿ အသေခံခိုင်းမည် မဟုတ်ပေ။
ယခု အခိုက်အတန့်၌၊ ခမ်းနားထည်ဝါသော 'တာအို အသံတော်' တစ်ခုသည် အစစ်အမှန်သိုင်း ကမ္ဘာမှ အစွမ်းထက် ပုဂ္ဂိုလ် ၄ ဦး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။
"မင်းတို့မှာ ကောင်းမှုကုသိုလ် ရှိတယ်...၊ တစ်ယောက်ကို 'မဟာ ဂုဏ်ပြုမှတ်'၁၀၀ စီ ချီးမြှင့်တယ်..."
ဤ တိုတောင်းသော စကားများသည် ၄ ဦးသားကို စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားစေသည်။
"နယ်မြေ အရှင်သခင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..."
'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' သည် ယနေ့အထိ ဖွံ့ဖြိုးတိုးတက်လာမှုမှတဆင့် ပြီးပြည့်စုံသော ဂုဏ်ပြုမှတ် စနစ် တစ်ခု ရှိနေပြီ ဖြစ်သည်။ အငယ်စား၊ အလတ်စား နှင့် မဟာ ဟူ၍ ခွဲခြားထားပြီး၊ တစ်ဆင့်နှင့် တစ်ဆင့် (၁၀၀) ဆ ကွာခြားသည်။
မဟာ ဂုဏ်ပြုမှတ် (၁၀၀) ဆိုသည်မှာ မများလှဟု ထင်ရသော်လည်း၊ ဤ ၄ ဦးအတွက် သူတို့၏ ဝိညာဉ် စွမ်းအင်များကို အပြည့်အဝ ပြန်လည် ကုစားရန်၊ ကျင့်ကြံခြင်း အဆင့် တိုးမြှင့်ရန်နှင့် ရတနာများ၊ နတ်ဘုရား နည်းစနစ်များ လဲလှယ်ရန် အပိုအလျှံ လုံလောက်သော ပမာဏ ဖြစ်သည်။
ဒါတင် မကသေး၊.. နောင်တစ်ချိန် ဝင်စားခွင့် အခွင့်အရေးအတွက် ဦးစားပေး အဆင့်အတန်းလည်း ရရှိဦးမည်။
ပြောရမည် ဆိုလျှင်...၊ ဒီ တာဝန်က 'ယအန္တရာယ် နည်းပြီး အကျိုးအမြတ် များသည့် စံပြ ဖြစ်ရပ်တစ်ခုပင်။ သူတို့ ဒီအခွင့်အရေး ရဖို့ တော်တော်လေး ကြိုးစားခဲ့ဧ။်။ တစ်ခုတည်းသော ဆိုးကျိုးကတော့... အချိန်တိုအတွင်း တောင်နှင့် ပင်လယ် နယ်မြေကို ပြန်မသွားနိုင်တော့ပါ...၊ ယခင်က တောင်နှင့် ပင်လယ် နယ်မြေမှာ စုဆောင်းထားသမျှ အားလုံး ဆုံးရှုံးသွားရသည်ပင်။
သို့တိုင်၊ ထိုက်တန်ပါသည်...။
နင်ချီ အနည်းငယ် ပြုံးလိုက်၏။
'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' စနစ်သည် ဂုဏ်ပြုမှတ်ဖြင့် လည်ပတ်သော၊ ညီမျှသည့် လဲလှယ်မှု စနစ်အဖြစ် ပိုမို ပြည့်စုံလာခဲ့သည်။ ဤနည်းလမ်းသည် အစစ်အမှန်သိုင်း ကမ္ဘာမှ သက်ရှိများ၏ စိတ်အားထက်သန်မှုနှင့် အလားအလာများကို ကြီးမားစွာ ထုတ်ဖော်ပေးနိုင်ကြောင်း သူ ပိုမို ခံစားလာရသည်။
လွန်ခဲ့သော ဆယ်စုနှစ်များက 'အစစ်အမှန်သိုင်း နယ်ပယ် သစ်ပင်' အား တည်ထောင်ပြီးကတည်းက၊ အစစ်အမှန်သိုင်း ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။
ပိုပြောခြင်း မဟုတ်၊... အတိတ်ကထက် အဆတစ်ရာ၊ အဆတစ်ထောင် တိုးတက်လာခဲ့ပါ၏။
သူ့အတွက် အကျိုးကျေးဇူးတွေကလည်း အများကြီးပင်။
လွန်ခဲ့သော (၃) နှစ်က၊ နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာမှ သက်ရှိများ၏ တုံ့ပြန်မှု အဖြစ် ပထမဆုံး 'ဝိညာဉ် ရတနာ' တစ်ခုကို ရရှိခဲ့သည်။ ဒါကလည်း 'ဝိညာဉ် ဓား' တစ်လက်ပါပင်။
ဒီ ဝိညာဉ် ဓားကို ဆက်သခဲ့သူကတော့ နင်ချီ၏ မိတ်ဆွေဟောင်း... ယခင် 'မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်' ပင် ဖြစ်သည်။
ဒီလူ၏ ကံတရားက ထူးခြားလွန်းသည်။ ခရမ်းရောင် နန်းတော် နယ်ပယ် အဆင့်လေးနှင့်တင် 'ဓားလမ်းစဉ် မဟာစွမ်းအားရှင်’ တစ်ပါး၏ အမွေအနှစ်ကို မတော်တဆ တွေ့ရှိခဲ့၏။ ဝိညာဉ် ဓားကို ဆက်သပြီးသည့်နောက်၊ နင်ချီက သူ့ကို မဟာ ဂုဏ်ပြုမှတ် တစ်သောင်းတိတိ ရက်ရက်ရောရော ချီးမြှင့်လိုက်သည်။ ထိုပမာဏက 'မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်' အတွက် 'မူလဝိညာဉ် နယ်ပယ်' ပြီးပြည့်စုံခြင်း အဆင့်ထိ ချောချောမွေ့မွေ့ ကျင့်ကြံဖို့ လုံလောက်လေ၏။
ဒီတန်ဖိုးက ဝိညာဉ် ဓား တစ်လက်ထက် မလျော့နည်းပါချေ။
သိုင်းကမ္ဘာမှ သက်ရှိ အများအပြားသည် ဤသတင်းကို သိလိုက်ရသောအခါ ပိုမို စိတ်အားထက်သန်လာကြ၏။