← Chapters

ကောင်းကင် တာရာ ဂိုဏ်းတွင် စုဝေးခြင်း၊ စီနီယာအစ်ကို နင် ကို ရိုင်းပျရဲသူမှန်သမျှ သေစေ (၂)

Vol. 33 Ch. 493

ကောင်းကင် တာရာ ဂိုဏ်းတွင် စုဝေးခြင်း၊ စီနီယာအစ်ကို နင် ကို ရိုင်းပျရဲသူမှန်သမျှ သေစေ (၂)

Vol. 33 Ch. 493

~သူတို့အတွက်တော့... တောင်နှင့် ပင်လယ် နယ်မြေက ဝင်စားခန္ဓာက ဝိညာဉ် ဓား ရရှိတာ သိပ်ပြီး အသုံးမဝင်လှပါ။ အဓိကက မူလခန္ဓာကိုယ်သာ အစစ်အမှန်သိုင်း ကမ္ဘာမှာ ရှိနေသည် ဆိုတော့... မူလခန္ဓာကိုယ် စွမ်းအားကြီးတာက အကောင်းဆုံးပါပင်။

ထိုအပြင်...၊ ဝိညာဉ် ရတနာ အပိုင်းအစတွေ (သို့မဟုတ်) စည်းမျဉ်း စွမ်းအား အနည်းငယ် ပါဝင်သည့် အခြား ပစ္စည်းတွေလည်း ဟိုနား ဒီနား ပြန့်ကျဲပြီး ရရှိထားပါသေးသည််။ စုစုပေါင်းလိုက်လျှင် ဝိညာဉ် ရတနာ အနည်းငယ်နှင့် ညီမျှပါသည်။ သို့သော်၊ စည်းမျဉ်း အမှတ်အသား အားလုံးက ဓား စည်းမျဉ်းတော့ မဟုတ်ကြချေ။

နင်ချီ.. စိတ်မလောပါ။

ဒါက အစကောင်း တစ်ခုပါပင်။ သိုင်းကမ္ဘာက သက်ရှိတွေ တောင်နှင့် ပင်လယ် နယ်မြေထဲကို များသထက် များလာပြီး၊ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားတွေ မြင့်မားလာသည်နှင့် အမျှ... နောင်တစ်ချိန် ဝိညာဉ် ရတနာတွေ စုဆောင်းနိုင်သော အရှိန်အဟုန်က သေချာပေါက် ပေါက်ကွဲထွက်လာမည်ပင်။

ထိုအချိန်ကျလျှင်...၊ စည်းမျဉ်း နယ်ပယ် ဟူသည်က လက်တစ်ကမ်း အလိုမှာသာ ရှိတော့မည်။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ အပြင်... 'တာအို ကို နားလည်သဘောပေါက်ခြင်း'ဆိုင်ရာ တုံ့ပြန်မှုတွေကလည်း အရိပ်အယောင် စပြလာလေ၏။

သန်းချီသော သက်ရှိတို့၏ အတွေးတွေ၊ အယူအဆတွေကို 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ကနေတဆင့် နင်ချီဆီကို ကောင်းချီးပေးနိုင်သည်။ ဒါက သူ၏ အခြေခံအုတ်မြစ်ကို ယုံနိုင်စရာ မရှိလောက်အောင် နက်ရှိုင်းသွားစေသည်။ အကယ်၍၊ သူ တစ်ခုခုကို တွက်ချက်ချင်သည် ဆိုလျှင်... အရှိန်အဟုန်က အရင်ကထက် အများကြီး ပိုမြန်လာပြီး... စူးစမ်းလေ့လာစရာ လမ်းကြောင်းတွေလည်း ပိုများလာ၏။

တကယ်လို့သာ 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' မရှိခဲ့ဘူး ဆိုလျှင်... သူ့မှာ အထွတ်အထိပ် ဉာဏ်အလင်း ရှိလျှင်တောင်မှ... 'နယ်မြေ အရှင်သခင် စနစ်' လိုမျိုး တစ်ခါမှ မရှိဖူးတဲ့ စွမ်းအားကြီး စနစ်တစ်ခုကို တွက်ချက်ဖို့ အချိန် အများကြီး လိုအပ်ဦးမာည်။ နှစ်ထောင်ချီ ကြာကောင်း ကြာနိုင်တယ်။ယခုတော့... ထိုသို့ မဟုတ်တော့ချေ။

အတွေးများ လှုပ်ရှားနေစဉ်၊ နင်ချီ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါ တစ်ခု ယှက်ပြေးလာဖြတ်ပြေးပြီး ပြန်လည် ပျောက်သွားလေသည်။

အနီးနားတွင် တင်ပျဉ်ခွေ ထိုင်နေကြသော အစစ်အမှန် တပည့် အနည်းငယ်သည် စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး၊ အတွေးများ ဖြတ်ပြေးသွားကြ၏။

'စီနီယာအစ်ကို နင် က ပိုပြီး စွမ်းအားကြီးလာပြန်ပြီ...၊ အခုဆိုရင် ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက် အဆင့်... ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုစွမ်းအားကြီးနေလောက်တယ်...'

(၈) နှစ် အတွင်းမှာ နင်ချီသည် နောက်ထပ် အစစ်အမှန် တပည့် နောက်လိုက် (၆) ယောက် ရရှိခဲ့သည်။

သူတို့သည် ချင်မင်ဟောက် ၏ ကြောက်မက်ဖွယ် ကောင်းသော တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။ နင်ချီ၏ နောက်လိုက် မဖြစ်မီက ချင်မင်ဟောက် သည် အစစ်အမှန် တပည့်များ၏ အောက်ဆုံး အဆင့်တွင်သာ ရှိခဲ့သော်လည်း၊ ယခု (၈) နှစ်တာ ကာလတို အတွင်းမှာပင် အလယ်အလတ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သတိပြုရမည်မှာ... အစစ်အမှန် တပည့် အများစုသည် နှစ်ရာချီ၊ ထောင်ချီ ကြာရင်တောင်မှ ဒီလို တိုးတက်မှုမျိုး မြင်ရချင်မှ မြင်ရတတ်ပါသည်။

ချင်မင်ဟောက်က ရိုသေစွာ ‌စူးစမ်းလိုက်၏။

"စီနီယာအစ်ကို နင်...၊ ကျွန်တော်တို့ လုပ်ရမယ့် တာဝန်များ ရှိပါသလား ခင်ဗျာ..."

သူသည် နင်ချီအပေါ် နှလုံးသား အပြည့်အဝ ပုံအပ်ထားပြီး နက်ရှိုင်းစွာ သစ္စာရှိသူ ဖြစ်ပါသည်။

သူ့မှာ ထူးခြားသည့် အရည်အချင်း မရှိမှန်း သူ သိ၏။ သူ၏ တစ်ခုတည်းသော အားသာချက်က... သစ္စာရှိသော နောက်လိုက် တစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု ရှိခြင်းပင်။

အားလုံး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။

နင်ချီက လက်ကို နောက်ပစ်ထားလျက်..နူးညံ့စွာ ပြုံးလိုက်၏။

"ငါနဲ့အတူ... ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေကို လိုက်ခဲ့ကြ..."

ချင်မင်ဟောက် ၏ မျက်လုံးများ အရောင် တောက်ပသွားသည်။

သူက တစ်ခုခုကို သတိရသွားပြီး ချက်ချင်း သတင်းပို့လိုက်ရာ၊ ဓာတ်ကြီးငါးပါး တောင်ထွတ် တစ်ခုလုံး လှုပ်ရှားသွားလေသည်။ စွမ်းအား ကြီးမားသော တပည့်များသည် ပင်မ ခန်းမဆောင် အပြင်ဘက်တွင် လျင်မြန်စွာ ပေါ်ထွက်လာပြီး ရိုသေစွာ ရပ်နေကြ၏။

နင်ချီသည် ဘာမှ မပြောဘဲ လက်ကိုသာ ဝှေ့ယမ်းလိုက်၏။

ရောင်စုံ သုံးမျိုး တောက်ပနေသော 'ရတနာ သင်္ဘော' တစ်စင်းသည် ကောင်းကင်ယံတွင် ပေါ်လာလေသည်။ သူသည် အေးဆေးစွာ လျှောက်လှမ်း ဝင်ရောက်သွားပြီး၊ တပည့် အမြောက်အမြားသည် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။

ရတနာ သင်္ဘောကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားရာ၊ စူးစမ်းလိုသော အကြည့်များကို ဆွဲဆောင်လိုက်လေသည်။

"အစစ်အမှန် အမွေခံ နင် က ဘယ်သွားမလို့ပါလိမ့်..."

...

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ။

မျက်စိတစ်မှိတ် အတွင်းမှာပင်… အချိန် တစ်လ ကုန်လွန်သွားခဲ့တော့၏။တော့၏။

ကောင်းကင် တာရာ ဂိုဏ်း၊ လေမိုးကြိုး ခန်းမဆောင် နှင့် ဖုန်မှုန့် ဖြစ်သွားပြီ ဖြစ်သော မိစ္ဆာနက်ဂိုဏ်း တို့နှင့် ပတ်သက်သည့် ကောလာဟလများမှာ ပုံစံမျိုးစုံဖြင့် လှိုင်းထလေအလျင်လို ဆောင်ကြဉ်းနေလေသည်။ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သော လျှို့ဝှက် နယ်မြေ သတင်းများ၊ အမှန်တရားနှင့် အမှားများ ရောထွေးနေသော သတင်းများလည်း ပါဝင်သည်။

ဂိုဏ်းအသီးသီးနှင့် လေလွင့် ကျင့်ကြံသူများ အားလုံး ဖရိုဖရဲ ဖြစ်နေကြပြီး၊ ပုံမှန်အားဖြင့် သတိကြီးစွာ ထားတတ်သော 'ဘေးဒုက္ခ ကျင့်ကြံသူ' ( ဓားပြများ ) အများအပြားသည်လည်း အခြေအနေကို အခွင့်ကောင်းယူကာ စတင် လှုပ်ရှားလာကြ၏။

ကျင့်ကြံသူ အများအပြားသည် တစ်ခုခု မှားယွင်းနေကြောင်း ရှင်းလင်းစွာ ခံစားမိကြ၏။

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ၏ မငြိမ်မသက် ဖြစ်မှုသည် မြန်ဆန်လွန်းသည်၊ ထို့ပြငိ၊ ရုတ်တရက် ဆန်လွန်းသည်၊ နောက်ကွယ်မှ မမြင်ရသော လက်တစ်ဖက်က ကြိုးကိုင်နေသကဲ့သို့ပင်။

သတိကြီးသော ကျင့်ကြံသူ အချို့သည် ထိတ်လန့်တကြား ထွက်ပြေးကြပြီး၊ တောင်များကို ကျော် ..ရေများကို ဖြတ်ကာ ပဋိပက္ခမှ လွတ်မြောက်ရန် ကြိုးစားကြ၏။ သို့သော်လည်း၊ ပိုမို များပြားသော သူများမှာမူ ဒေါသထွက်ကာ နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေကြ၏။

အထူးသဖြင့် ဂိုဏ်းအသီးသီး ဖြစ်သည်။

သူတို့သည် လုံးဝ ကမောက်ကမ ဖြစ်နေကြတော့၏။

သို့သော် ယနေ့တွင်တော့...၊ အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသူမှာ ကောင်းကင် တာရာ ဂိုဏ်း ပင် ဖြစ်သည်။

ယခု အခိုက်အတန့်၌၊ ကောင်းကင် တာရာ တောင်ထွတ်၏ ရှေ့မှောက်တွင် အလင်းတန်းများ ရပ်တန့်သွားပြီး၊ ၎င်းကို အပြည့်အဝ ဝိုင်းရံထားလိုက်ကြ၏။ စွမ်းအားကြီးမားသော ကျင့်ကြံသူများသည် ဟင်းလင်းပြင်တွင် ရပ်တန့်နေပြီး၊ ကောင်းကင် တာရာ ဂိုဏ်းကို အေးစက်စွာ စိုက်ကြည့်နေကြ၏။

ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းဖြင့် ခြားနားထားသည်။

ကောင်းကင် တာရာ ဂိုဏ်းသားများသည်လည်း ဒေါသတကြီး ပြန်လည် စိုက်ကြည့်နေကြ၏။

"ကောင်းကင် လျှို့ဝှက်ချက် ဂိုဏ်း ၊ လေမိုးကြိုး ခန်းမဆောင် ၊ နေမင်းနီ ဂိုဏ်း ၊ ကျားခေါင်း တောင်ကြော.. မင်းတို့ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ..."

ကျန်းချန်ဟွမ်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ ရင်ထဲတွင် အလွန် လေးလံနေမိသည်။

ဧည့်သည်များသည် ရည်ရွယ်ချက်ကောင်းဖြင့် လာခြင်း မဟုတ်ကြောင်း သိသာထင်ရှားလှသည်။ သူတို့သည် တိတ်တဆိတ် မဟာမိတ် ဖွဲ့ထားကြပြီး၊ ဒီနေ့ကိစ္စသည် အေးအေးဆေးဆေး ပြီးဆုံးမည် မဟုတ်ပေ။

လေမိုးကြိုး အစစ်အမှန် ဧကရာဇ်က ဟားတိုက်ကာ ရယ်မောလိုက်၏။

"ဂိုဏ်းချုပ် ကျန်း ဆီကနေ ကိစ္စလေး အနည်းငယ်လောက် အတည်ပြုချင်ရုံပါ..."

ကျန်းချန်ဟွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။

စကားမပြောရသေးမီ၊ ဧရာမ ပုဆိန်ကြီး ကိုင်ဆောင်ထားသော အခြား အစစ်အမှန် ဧကရာဇ် တစ်ဦးက ဟိန်းဟောက်လိုက်၏။

"ပေါက်ကရတွေ ပြောမနေနဲ့တော့...၊ မင်းတို့ လက်ထဲမှာ ရှိတဲ့ ကမ္ဘာငယ်လေးရဲ့ အမှတ်တွေ လာယူတာ...၊ ကျန်းချန်ဟွမ်... ကောက်ကျစ်စဉ်းလဲတဲ့ ကောင်စုတ်...၊ ငါတို့ အတူတူ ပူးပေါင်းပြီး မိစ္ဆာနက်ဂိုဏ်း ကို ဖျက်ဆီးခဲ့ကြတာကို...၊ မင်းက တန်ဖိုးအကြီးဆုံး ရတနာကို တိတ်တဆိတ် ဖွက်ထားတယ် ပေါ့လေ..."

ဤ 'ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်'သည် 'ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်' ကို လိုက်စားသူ ဖြစ်သည့်အလျောက်၊ သူ၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သို့သော် တိုက်ခိုက်နေရသဖြင့် အလုပ်ရှုပ်နေစဉ် ထိုအချိန်က အနည်းငယ်သာ ရရှိခဲ့ပြီး၊ ထိုအချိန်ကတည်းက အငြိုးထားနေခဲ့ခြင်း ဖြစ်သည်။

ယခု ကောင်းကင် တာရာ ဂိုဏ်းက သည်လို အကျိုးအမြတ်ကြီးကို ပါးပါးနပ်နပ် ဖွက်ထားမှန်း သိလိုက်ရတော့၊ သူ ယုံနိုင်စရာ မရှိလောက်အောင် ဒေါသထွက်နေမိသည်။

လီလင်ဟယ်မှာ စိုးရိမ်စိတ် ဝင်လာပြီး ရှေ့သို့ တိုးထွက်လိုက်၏။

"ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ်...၊ ခင်ဗျား နားလည်မှု လွဲနေပါပြီ...၊ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ မိစ္ဆာနက်ဂိုဏ်း မှာ ရှိနေခဲ့တာပါ...၊ ခင်ဗျားတို့ ကိုယ်တိုင် မြင်ခဲ့ကြတာပဲ... သုံးပေအနက်ထိ တူးဆွရှာဖွေခဲ့တာတောင်... ကမ္ဘာငယ် အမှတ် ဆိုတာ မတွေ့ခဲ့ရပါဘူး...၊ အခု ရုတ်တရက်ကြီး ကျွန်တော်တို့ ကောင်းကင် တာရာ ဂိုဏ်းမှာ အမှတ်တွေ ရှိတယ် ဆိုတဲ့ ကောလာဟလ ထွက်လာတာ... အခြေအမြစ် မရှိတဲ့ စကားတွေ... အတင်းအဖျင်းတွေ သက်သက်ပါဗျာ..."

သူသည် ရိုးသားသော မျက်လုံးများဖြင့် လေးနက်စွာ ပြောလိုက်၏။

"လူကြီးမင်းတို့...၊ လက်ရှိ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေရဲ့ မငြိမ်မသက်မှုတွေ နောက်ကွယ်မှာ... မမြင်ရတဲ့ လက်တစ်ဖက်က မုန်တိုင်းထန်အောင် မွှေနှောက်နေတာပါ...၊ ကျွန်တော်တို့ လူယုတ်မာရဲ့ ထောင်ချောက်ထဲ မဝင်မိစေနဲ့..."

ဂိုဏ်းအပြင်ဘက်ရှိ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် အားလုံးက မဲ့ပြုံး ပြုံးလိုက်ကြ၏။

"မင်းက သုံးနှစ်သား ကလေးကို လာလိမ်နေတာလား..." ဧရာမ ပုဆိန် အစစ်အမှန် ဧကရာဇ် က ဟိန်းဟောက်လိုက်၏။ "ဒါဆို မိစ္ဆာနက်ဂိုဏ်း အစစ်အမှန် အမွေခံ ဟိုယွမ် အကြောင်း ပြောပြစမ်း...၊ ပြီးတော့... မင်းတို့ ကောင်းကင် တာရာ ဂိုဏ်းက အရင်းအမြစ်တွေကို တိတ်တဆိတ် စုဆောင်းနေတာ... ကလေး ကစားစရာ လုပ်ဖို့ လို့တော့ လာမပြောနဲ့နော်..."

သူ့ပုံစံက ကြမ်းတမ်းခက်ထန်နေပြီး၊ ဧရာမ ပုဆိန်ကြီးသည် အနက်ရောင် အလင်းတန်းများ ဖြတ်ပြေးပေါ်နေကာ နောက်တစ်ခဏတွင် ဝင်ခုတ်တော့မည့်အလား ရှိနေလေသည်။

All Chapters