အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အပိုင်း ( 424 )
နိုင်ငံတော်အဆင့် ဖလှယ်မှုပြိုင်ပွဲ ၂
ဝူဟွေ့သည် စကားများစွာ ပြောမနေတော့ဘဲ ကျသင့်ငွေကို တွက်ချက်ပေးခဲ့သည် “ စုစုပေါင်း အကျိုးပြုအမှတ် ၁၇၀၀၀ကျတယ် “
ရှုကျိုးသည် အနည်းငယ် တွေးတောစဥ်းစားနေတော့သည်၊ သူ့ထံတွင် အကျိုးပြုအမှတ် ၁သောင်းကျော်ကျော်မျှသာ ကျန်နေခဲ့ပြီး၊ သူသည် ၎င်းတို့အားလုံးကို မသုံးလိုက်ချင်ပေ။
သူသည် သူ၏လက်ကို လှုပ်ရှားကာ မြစိမ်းရောင် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည် “ ဆရာ၊ ဒီပစ္စည်းကို အကျိုးပြုအမှတ် ဘယ်လောက်နဲ့ လဲလို့လဲဗျ? “
နတ်စွမ်းရည်များကို ဖွဲ့စည်းခဲ့ပြီးသည့်နောက်တွင် အောင်းချန်ရှန်းထံမှ ရရှိထားသည့် ပုလင်းတစ်ချို့ ကျန်နေစဲ ဖြစ်သည်။
“ ဒါက ….. “
ဝူဟွေ့သည် ပုလင်းကို ဖွင့်ကြည့်လိုက်ကာ ချက်ချင်း အံ့အားသင့်သွားခဲ့သည် “ ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ အသက်စွမ်းအားတွေလဲ !!! “
ရှုကျိုးမှ အပြုံးဖြင့်ပြောလိုက်သည် “ ဒီပစ္စည်းက သစ်သားနတ်စွမ်းရည် ဖွဲ့စည်းဖို့ ကူညီပေးနိုင်ပါတယ်၊ ဆေးနှစ်လုံးသောက်ရင် တိုးတက်မှုကို ၁၀%လောက် တိုးတက်လာစေပါတယ် “
“ မင်း ဘာပြောလိုက်တယ်??? “
ဝူဟွေ့သည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
နတ်စွမ်းရည် ဖွဲ့စည်းခြင်းသည် အလွန်ခက်ခဲကာ အချိန်ယူရသည့် ကိစ္စတစ်ခုဖြစ်သည်။
ဆေးလုံးနှစ်သောက်လိုက်ရုံနဲ့ တိုးတက်မှုဖြစ်စဥ်ကို ၁၀%အထိ မြန်သွားစေတယ်ပေါ့?? ဒါကနတ်ဆေးလုံးမို့လို့လား??
ဝူဟွေ့ သံသယဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏လက်ကို ဝေ့ယမ်းကာ အစိမ်းရောင် အပင်ငယ်လေးတစ်ပင်ကို ထုတ်ဖော်ပြသလိုက်သည်။
“ အဲ့တာက …… မင်းက သစ်သားနတ်စွမ်းရည်ကို ဖွဲ့စည်းပြီးသွားပြီလား? “ ဝူဟွေ့သည် အံ့ဩတကြီးဖြင့် မေးမြန်းလာခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဝူဟွေ့သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်း၍ ပြန်ပြောလာခဲ့သည် “ ခဏလောက် စောင့်ဦး၊ ဒီဆေးလုံးရဲ့ တန်ဖိုးအကြောင်းကို သွားမေးလိုက်ဦးမယ် “
ထိုကဲ့သို့ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ပျံသန်းသွားတော့သည်။
…
တစ်ခဏခန့် အကြာတွင် ဝူဟွေ့သည် အပြုံးဖြင့် ပြန်ရောက်လာခဲ့သည် “ ရှုကျိုး၊ မင်းက ဒီဟာကို ဘယ်ကနေ ရခဲ့တာလဲ? “
“ အခါအခွင့်သင့်လို့ပါ “ ရှုကျိုးသည် ဝေဝေဝါးဝါးသာ ပြောပြလိုက်သည် “ ဘယ်လိုလဲ? ဘယ်လောက်တန်လဲဗျ? “
ဝူဟွေ့မှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ဒီဆေးလုံးက တော်တော်ကြီးကို အဖိုးတန်တယ်၊ နတ်စွမ်းရည် ဖွဲ့စည်းတာကို အရှိန်မြှင့်ပေးနိုင်တဲ့ ဒီလိုပစ္စည်းမျိုးက ဒီကမ္ဘာပေါ်မှာ မရှိသလောက်နီးပါးကို ရှားတယ် “
“ ဒါက အကျိုးပြုအမှတ် သောင်းနဲ့ချီပြီးတော့ကို တန်တယ်၊ မင်းယူခဲ့တဲ့ ပစ္စည်းနှစ်ကတောင် ဒီကောင့်တန်ကြေးကို မယှဥ်နိုင်ဘူး “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်နေတော့သည်။
သူသည် ဤဆေးလုံး၏ တန်ဖိုးကို သိနေခဲ့သည်၊ ရှေးဟောင်းနတ်ပစ္စည်းတစ်ခုအနေဖြင့် ၎င်းသည် တန်ဖိုးဖြတ်၍ မရပေ။
တစ်နည်းဆိုရသော် ဤကဲ့သို့သော ရတနာမျိုးသည် ဖော်စပ်နည်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ၎င်း၏တန်ဖိုးက ငွေကြေးဖြင့်ပင် တိုင်းတာနိုင်တော့မည် မဟုတ်ပေ။
ဝူဟွေ့မှ စကားဆက်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဘာလို့လက်နက်နည်းနည်းလောက် ထပ်မရွေးလိုက်ရတာလဲ? “
ရှုကျိုးသည် အနည်းငယ် တွေးတောစဥ်းစားကာ ခေါင်းခါပြလိုက်သည် “ ရပါတယ်၊ ဒါတွေပဲ ယူတော့မယ် “
သူသည် ဤဆေးလုံးကို လက်ဆောင်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ အဆင့်ပညာရှင်များက ၎င်းကို လေ့လာ၍ ဖော်စပ်နည်းကို ပြန်လည်ဖော်ထုတ်နိုင်မည်လားဆိုသည်ကို သိချင်နေခဲ့သည်။
အကယ်၍ သူတို့ကသာ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့မည်ဆိုပါက လူသားမျိုးနွယ်စု၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
စတုတ္ထအဆင့် ပညာရှင်အများစုနှင့် တစ်ချို့သော ပဥ္စမအဆင့် ပညာရှင်များကပင် ယခုလက်ရှိအချိန်အထိ နတ်စွမ်းရည်များကို မဖွဲ့စည်းနိုင်ကြသေးပေ။
နတ်စွမ်းရည် မျိုးစေ့များကို ဖွဲ့စည်းရခြင်း၏ ခက်ခဲမှုအပြင် နတ်စွမ်းရည် မျိုးစေ့ကို အားဖြည့်ပေးရခြင်းမှာလည်း အလွန်တရာ ခက်ခဲလွန်းနေခဲ့သည်။
အကယ်၍ ဤဆေးလုံးကိုသာ ထုတ်လုပ်နိုင်မည်ဆိုပါက အလယ်အလတ်အဆင့် ပညာရှင်အားလုံး အကျိုးအမြတ်ရသွားမည် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ၌ ဝူဟွေ့၏ မျက်နှာပေါ်တွင် လေးစားသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ရှုကျိုး၊ ကျောင်းက ဒီကိစ္စကို သေချာပေါက် အမှတ်ရနေလိမ့်မယ်။ နောင်အနာဂတ်မှာ မင်းက လက်နက်တွေ လဲချင်တယ်ဆိုရင် ၂၀%ဈေးလျှော့ပေးမယ် “
ရှုကျိုးသည် တိတ်တဆိတ် ရယ်မောကာ ခေါင်းငြိမ့်ပြလိုက်သည် “ ဒါဆိုရင်လည်း ဆရာ့ကို ကျေးဇူးတင်ပါတယ် “
အမှန်တိုင်းပြောရမည်ဆိုပါက သူလိုချင်သည့် လက်နက်ဟူ၍ မရှိပေ၊ ထို့ကြောင့်ပင် သူသည် ပစ္စည်းနှစ်ခုတည်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဝူဟွေ့မှ ဆက်ပြောလာခဲ့သည် “ မင်းအတွက် လက်နက်လုပ်ပေးဖို့ တစ်ယောက်ယောက်ကို ငါအသိပေးထားပြီးပြီ။ အဲ့တာက ဆယ်ရက်လောက်ကြာလိမ့်မယ်။ နောက်ကျရင် လာယူလိုက် “
“ ဆယ်ရက်လား? “ ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းပြီလေ “
၎င်းသည် အချိန်ကိုက်ပင်ဖြစ်သည်၊ နောက်ဆယ်ရက်အကြာတွင် သူသည် နိုင်ငံတော်အဆင့် ဖလှယ်မှု ပြိုင်ပွဲတွင် ဝင်ပြိုင်မည်ဖြစ်သည်။
…
တစ်ခဏခန့် အကြာတွင် ရှုကျိုးသည် စံအိမ်သို့ ပြန်ရောက်လာခဲ့သည်။
သူသည် ကျင့်ကြံရန် အလျင်မလိုဘဲ၊ စိတ်ထဲတွင် အစီအစဥ်များ တိတ်တဆိတ် ရေးဆွဲနေခဲ့သည် “ နောက်ဆယ်ရက်ကြာရင် ငါ့ရဲ့နယ်ပယ်က အများကြီး တိုးတက်လာမှာ မဟုတ်ဘူး၊ အခုဆိုရင် ငါက အဲ့တာကို အချိန်သပ်သပ်ပေးပြီး လေ့ကျင့်နေစရာ မလိုတော့ဘူး၊ သူ့ဟာသူ တိုးတက်လာတော့မှာ “
၎င်းမှာ ကိုယ်ပွား၏ နယ်ပယ်က မူလကိုယ်ထပ် ပိုမိုမြင့်မားနေရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။
ကိုယ်ပွားသည် ထောက်ပံ့မှုများကို မူလကိုယ်ထံသို့ ဆက်တိုက်ပေးပို့နေခဲ့သည်။
စတုတ္ထအဆင့်သည် ကလီစာငါးခုကို ကျင့်ကြံရခြင်း ဖြစ်သည်။
ကိုယ်ပွား၏ နယ်ပယ်က ပိုမိုမြင့်မားနေသောကြောင့် ၎င်းက မူလကိုယ်ထံသို့ ထောက်ပံ့ပေးလာသည့် အဆင့်မြင့် လျှို့ဝှက်စွမ်းအားသည် ရှုကျိုးအတွက် များစွာအကျိုးရှိနေခဲ့ပြီး၊ ကလီစာငါးခု၏ ကျင့်ကြံရေး အမြန်နှုန်းမှာလည်း အလိုအလျောက် မြန်ဆန်လာခဲ့သည်။
သူသည် အိပ်နေရင်းဖြင့်ပင် စွမ်းအားများ တိုးတက်နိုင်တော့မည် ဖြစ်သည်။
“ ကြည့်ရတာတော့ ဒါကမှ တကယ့်ကျင့်ကြံရေး နည်းလမ်းအစစ်အမှန်လို့ ထင်တယ် “
ရှုကျိုးမှာ တွေးတောစဥ်းစားနေတော့သည် “ ကိုယ်ပွားရဲ့နယ်ပယ်ကို ငါ့ထပ်သာနေအောင် ဆက်ပြီးတော့ ထိန်းထားရမယ်၊ မူလကိုယ်ဖြစ်တဲ့ ငါကတော့ သိုင်းပညာ နည်းစနစ်တွေနဲ့ နတ်စွမ်းရည် ကျင့်ကြံရေးကို အာရုံစိုက်ရမယ် “
“အဲ့နည်းလမ်းနဲ့ဆိုရင် မူလကိုယ်ရဲ့ တိုးတက်မှုက အမြန်ဆုံးဖြစ်သွားလိမ့်မယ် “
နောက်ဆယ်ရက်အတွက် အစီအစဥ်ချမှတ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ချက်ချင်း ဆုံးဖြတ်လိုက်သည် “ ဒါဆိုရင်လည်း နောက်ဆယ်ရက်အတွင်းမှာ သိုင်းပညာကိုပဲ အာရုံစိုက်တာပေါ့ကွာ “
သူ၏ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းနှင့် ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းမှာ သတ္တမအဆင့်တွင်သာ ရှိနေစဲဖြစ်သည်။
အဆိုပါ သိုင်းပညာနှစ်ခုစလုံးက Sအဆင့်များ ဖြစ်ကြသောကြောင့် သတ္တမအဆင့်နယ်ပယ်အထိ ၎င်းတို့ကို အသုံးပြုနိုင်မည် ဖြစ်သည်။
အကယ်၍ ရှုကျိုးကသာ ၎င်းတို့ကို အဆင့်၉ရောက်သည်အထိ လေ့ကျင့်နိုင်ခဲ့မည်ဆိုပါက၊ ဆဌမအဆင့် ပညာရှင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ သူသည် သူ့ကိုယ်သူ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် သူ၏ထန်ဆေဘာနှင့်အတူ စံအိမ်ထဲမှ ထွက်လာခဲ့သည်။
…
လေ့ကျင့်ရေး ခန်းမအတွင်း၌
“ ဝှစ် ဝှစ် !!! “
ပုံရိပ်တစ်ခုသည် ခန်းမထဲတွင် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။
ဓားလွှဲရမ်းချက်တိုင်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပိုင်းခြားလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
အကယ်၍ အနီးကပ် ကြည့်ရှုလိုက်မည်ဆိုပါက ဓားလွှဲရမ်းလိုက်သည့် အချိန်တိုင်းတွင် ဟင်းလင်းပြင်က အနည်းငယ် လှိုင်းထသွားသည်ဆိုသည်ကို မြင်တွေ့လိုက်ရမည်ဖြစ်သည်။
ခုတ်ချက်တိုင်းတွင် လေထုသည် တဝီဝီ အော်မြည်နေခဲ့သည်။
“ အဆင့်၇ အထွတ်အထိပ်လား? “
ခန်းမဝင်ပေါက်ဝရှိ လျူချင်းယွမ်သည် ထိုမြင်ကွင်းကို မြင်တွေ့သွားကာ အသာအယာ ခေါင်းငြိမ့်နေတော့သည်။
ရုတ်တရက်ဆိုသလိုပင် သူ၏ပုံရိပ်လှုပ်ခတ်သွားကာ ရှုကျိုးအရှေ့တွင် ပြန်ပေါ်လာခဲ့ပြီး၊ သူခါးပတ်ကို ဆွဲထုတ်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ခွမ်းးး !!!
ရှုကျိုး၏ ထန်ဓားသည် ခါးပတ်နှင့် တိုက်မိသွားပြီး၊ ပြင်းထန်သော အားတစ်ခုသည် ထန်ဓားမှတစ်ဆင့် ပြေးဝင်လာခဲ့ကာ ရှုကျိုးကို ထပ်ခါတလဲလဲ နောက်ဆုတ်သွားစေခဲ့သည်။
“ ဆရာ ….. “
ရှုကျိုးသည် ခေါင်းမော့၍ လျူချင်းယွမ်လက်ထဲတွင် ရှိနေသည့် ခါးပတ်ကို မော့ကြည့်လာခဲ့ကာ၊ အနည်းငယ် အံ့ဩသွားခဲ့သည်။
လျူချင်းယွမ်မှ စကားပြောလာခဲ့သည် “ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းရဲ့ အဓိကအရာက ကောင်းကင် မဟုတ်ဘူး၊ ဆေဘာနည်းစနစ်ပဲ “
“ မင်းက လက်ထဲမှာရှိတဲ့ ပန်းပွင့် ဒါမှမဟုတ် သစ်ရွက်၊ ပစ္စည်းတစ်ခုခုနဲ့ ဆေဘာနည်းစနစ်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်တဲ့အချိန်ကျရင်၊ မင်းက ဆေဘာနည်းစနစ်ရဲ့ အနှစ်သာရကို အမှန်တကယ် ဖမ်းဆုပ်နိုင်ပြီလို့ ပြောလို့ရတယ် “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားပြီး၊ ထို့နောက်တွင် တွေးတောစဥ်းစားနေတော့သည်။
သူအတွေးနက်သွားသည်ကို မြင်လိုက်ရသောအခါတွင် လျူချင်းယွမ်သည် မြေပြင်ပေါ်တွင် ရှိနေသည့် ကဒ်ပြားတစ်ခုကို ကောက်ယူကာ လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
“ ဝှစ် !!! “
ကဒ်သည် နှင်းဖြူရောင် ဓားအလင်းတန်းကဲ့သို့ ပစ်ခွင်းသွားကာ ပြတင်းပေါက်ကို ကျော်ဖြတ်သွားပြီး၊ မီတာ ရာပေါင်းများစွာ အကွာရှိ တောင်ကျောက်တုံးတစ်ခုကို ထိမှန်သွားခဲ့သည်။
“ဘုမ်းးးး !!! “
ထို့နောက်တွင် အဆိုပါ ကျောက်တုံးသည် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပြိုကွဲသွားခဲ့သည်။
“ မြက်ပင်လေးဆိုရင်တောင်မှ ကောင်းကင်ဘုံကို ပိုင်းဖြတ်နိုင်တယ်၊ သဲတစ်မှုန်ဆိုရင်တောင်မှ ပင်လယ်ပြင်ကို ခွဲခြမ်းနိုင်တယ် “ ဟုလျူချင်းယွမ်မှ ပြောပြလာခဲ့သည်။
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားတော့သည် “ ဆရာ၊ ကျွန်တော်နားလည်ပြီ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဆေဘာကို ထပ်မံ၍လွှဲရမ်းလိုက်သည်။
ဤတစ်ကြိမ်၌ သူသည် ဆေဘာကို ကျယ်ကျယ်ဝန်းဝန်း မလွှဲရမ်းတော့ပေ၊ ဆေဘာ၏ ရွေ့လျားမှုအား ကြိုတင်မှန်းဆ၍ မရတော့ဘဲ၊ ကြုံရာကျပန်း ခုတ်ချက်များသာ ဖြစ်နေခဲ့သည်။
သို့သော် ခုတ်ချက်တစ်ခုချင်းစီတိုင်းသည် လူနှင့် ဆေဘာ နည်းစနစ်တို့ ပေါင်းစပ်နေသကဲ့သို့ အလွန်မျက်စိပဒါဿဖြစ်ဖွယ်ကောင်းနေခဲ့သည်။
“ ဆိုတော့ ဆေဘာနည်းစနစ်ဆိုတာက ဒီဟာပေါ့ “
ရှုကျိုး၏ မျက်လုံးများသည် ပို၍တောက်ပသွားခဲ့သည်၊ သူ့လက်၏ လှုပ်ရှားမှုများသည် ဆေဘာနည်းစနစ်ကို လေ့ကျင့်နေခြင်း မဟုတ်ဘဲ ကြုံရာကျပန်း လွှဲရမ်းနေသကဲ့သို့ ပို၍ပင် ပေါ့ပါးသွက်လက်လာခဲ့သည်။
ထိုကဲ့သို့ပင် သူသည် ဆေဘာကို လွှဲရမ်းကာ ထပ်ခါတလဲလဲ လေ့ကျင့်နေတော့သည်။
…
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။
လေ့ကျင့်ရေးခန်းမအတွင်း၌
ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဖြတ်ကျော်နေခဲ့ကာ၊ ဓားအလင်းတန်းများမှာလည်း လျှပ်စစ်ကဲ့သို့ တောက်ပနေခဲ့ပြီး တစ်ခုနှင့်တစ်ခု ရစ်ပတ်နေလျက်ရှိကာ အားကောင်းသောမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေနေခဲ့သည်။
သူတို့၏ ထိတွေ့မှု အမြန်နှုန်းသည် ပိုမိုမြန်ဆန်လာခဲ့ပြီး၊ သူတို့၏ တိုက်ခိုက်မှုများမှာလည်း ပိုပို၍ ပြင်းထန်လာခဲ့သည်။
“ ဝှစ်ရှ် !! “
ရုတ်တရက်ဆိုသလိုပင် ပုံရိပ်တစ်ခုသည် ဆေဘာကို ပြင်းထန်စွာ ထိုးသွင်းလာခဲ့ပြီး၊ အလွန်မြန်ဆန်သွားခဲ့သည်။
ထိုအချိန်၌ ပုံရိပ်သည် ဆေဘာနှင့် ပေါင်းစပ်သွားပုံရပြီး၊ ပုံရိပ်ကို မြင်တွေ့ရရန် ခက်ခဲသွားစေခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ
ကြီးမားသော အသံပေါက်ထွက်လာခဲ့သောကြောင့် ပုံရိပ်နှစ်ခု၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့သည်။
လျူချင်းယွမ်သည် သူ့လက်ထဲတွင် ရှိနေသည့် ကျိုးပဲ့ပျက်စီးသွားသော တုတ်ချောင်းကို ကြည့်ကာ ပြုံးမိသွားခဲ့သည် “ နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ “
ရှုကျိုးမှာလည်း စိတ်သက်သာရာရစွာဖြင့် အသက်ကို ရှူသွင်းနေတော့သည် “ ဟုတ်တယ်၊ နောက်ဆုံးတော့ အဆင့်တက်သွားပြီ “
ယခုလေးတင် သူ၏ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းသည် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
လူနှင့်ဆေဘာက တစ်သားတည်းဖြစ်လာပြီဟု ပြောရမည် ဖြစ်သည်။
“ ဆရာ၊ ဒီရက်တွေအတွင်းမှာ လက်ရည်ယှဥ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် “ ရှုကျိုးမှ လျူချင်းယွမ်ကို ပြောပြလိုက်သည်။
ဤကယ်၍ ဤလက်ရည်ယှဥ်ခြင်းကြောင့်သာ မဟုတ်ဘူးဆိုပါက သူ၏ဆေဘာနည်းစနစ်သည် ဤမျှလောက် မြန်မြန်ဆန်ဆန်တိုးတက်လာလိမ့်မည် မဟုတ်ပေ။
လျူချင်းယွမ်မှ ခေါင်းခါပြလာခဲ့သည် “ အဲ့တာက မင်းရဲ့ ထူးခြားတဲ့ ပါရမီကြောင့်ပါ “
ဤဆယ်ရက်အတွင်းတွင် ရှုကျိုးသည် ဆေဘာနည်းစနစ် တစ်ခုတည်းကိုသာလျှင် မဟုတ်ဘဲ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကိုပါ အဌမအဆင့်သို့ ရောက်ရှိသွားအောင် လေ့ကျင့်နိုင်ခဲ့သည်။
၎င်းမှာ အံ့ဖွယ်ကောင်းလွန်းသည့် အမြန်နှုန်းဟုပင် ပြောရမည် ဖြစ်သည်။
“ အခုလက်ရှိ မင်းက နိုင်ငံတော်အဆင့် ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် လုံလောက်တဲ့ ယုံကြည်ချက် ရှိနေသင့်ပြီ “ လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 425 )
အင်အားကြီး ပုဂ္ဂိုလ်များ
အရှေ့ပိုင်းပြည်နယ်
လျူမိသားစု၏ စံအိမ်တစ်ခုအတွင်း၌
အိမ်တော်ထိန်းသည် လျူဟိုင်ဖုန်း၏အရှေ့တွင် မတ်တပ်ရပ်နေကာ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ ဆရာ၊ အကုန်လုံးက အဆင်သင့်ဖြစ်နေပါပြီ၊ မနက်ဖြန်ထွက်ခွာဖို့ စောင့်နေရုံပါပဲ “
လျူဟိုင်ဖုန်းသည် အသာအယာ ခေါင်းငြိမ့်၍ လက်ဝေ့ယမ်းလာခဲ့သည် “ သွားတော့၊ ငါတစ်ယောက်တည်း နေချင်တယ် “
“ ဟုတ်ကဲ့ပါ “
အိမ်တော်ထိန်း ထွက်သွားခဲ့သည့်နောက်တွင် လျူဟိုင်ဖုန်းသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေတော့သည် “ ဟီအာ၊ အဖေက ရန်ပြည်ထောင်ရဲ့ ထိပ်သီးတစ်နေရာကို သိမ်းပိုက်နိုင်တာနဲ့၊ သားအတွက် လက်စားချေပေးမယ် “
သူသည် လျူဟီ၏ သေဆုံးမှုကို တစ်ကြိမ်တစ်ခါမှ မမေ့ဖျောက်ခဲ့ဖူးချေ။
သူသည် သူ့သားအတွက် လက်စားချေပေးရန် မိသားစုကို တောင်းပန်ခဲ့ဖူးသည်၊ သို့သော် သူသည် အဆင့်မြင့် ပုဂ္ဂိုလ်များကို မလှုပ်ရှားစေနိုင်ခဲ့ပေ။
အထူးသဖြင့် ရှုကျိုး၏ ဂုဏ်သတင်းက ကြောက်ခမမ်းလိလိ မြင့်တက်နေသည့် ယခုကဲ့သို့သော အချိန်အခါမျိုးတွင်ဖြစ်ပြီး၊ ရှုကျိုးကို တိုက်ခိုက်ရန် လူရှာဖွေခြင်းမှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
သို့သော် အကယ်၍ သူကသာ ရန်ပြည်ထောင်၏ ထိပ်သီးပညာရှင်ဆိုသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့မည်ဆိုပါက ၎င်းမှာ ကွဲပြားသွားမည် ဖြစ်သည်။
ရန်ပြည်ထောင်၏ ထိပ်သီးပညာရှင်များသည် ရန်ပြည်ထောင်အတွင်းရှိ စတုတ္ထအဆင့် အထွတ်အထိပ်မှ အားအကောင်းဆုံးသော ပညာရှင်များကို ညွှန်းဆိုနေခြင်းဖြစ်သည်။
စတုတ္ထအဆင့် အထွတ်အထိပ်နှင့် စတုတ္ထအဆင့်ဆိုသည်မှာ တူညီသော အရာမဟုတ်ပေ။
စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ထူးချွန်သော ပါရမီရှင်များသည် နတ်စွမ်းရည်မျိုးစေ့ကို ဖွဲ့စည်းနိုင်ကြသည်၊ ပို၍ထူးချွန်သော ပါရမီရှင်များကမူ နတ်စွမ်းရည်မျိုးစေ့ကိုပါ အပြည့်အဝ အားဖြည့်ပေးနိုင်ကာ အစစ်အမှန် နတ်စွမ်းရည်များကိုပင် ရရှိပိုင်ဆိုင်ထားကြသည်။
ထိုကဲ့သို့သော ပါရမီမျိုးသည် အလွန်ပင် ရှားပါးလွန်းလှပြီး၊ သန်းပေါင်းများစွာသော လူများအနက် ဆယ်ဂဏန်းမျှသော လူများထံတွင်သာ ရှိနိုင်ပေသည်။
ထို့ကြောင့်ပင် ရန်ပြည်ထောင်က ထိုကဲ့သို့သော ပြိုင်ပွဲမျိုးကို ကျင်းပရခြင်းဖြစ်သည်။
စတုတ္ထအဆင့်နယ်ပယ်မှ နတ်စွမ်းရည် ဖွဲ့စည်းနိုင်သည့် ပါရမီရှင်များကို ရွေးချယ်ရန်အတွက် ဖြစ်သည်။
လျူဟိုင်ဖုန်းက ထိုပြိုင်ပွဲတွင် နေရာတစ်ခု သိမ်းပိုက်နိုင်မည်ဟု ယုံကြည်နေရခြင်းမှာ ……
သူသည် အစစ်အမှန် နတ်စွမ်းရည်တစ်ခုကို ရရှိထားသောကြောင့် ဖြစ်သည်။
“ ဟူးးး “
လျူဟိုင်ဖုန်း၏ လက်ချောင်များထိပ်မှ အနက်ရောင် မြူခိုးများ စိမ့်ထွက်လာခဲ့သည်။ အဆိုပါ အနက်ရောင် မြူထုပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ဝါးမြိုခံလိုက်ရပုံပေါ်ပြီး၊ တဝီဝီအော်မြည်သံများ ပေါ်ထွက်လာခဲ့သည်။
“ ဒီနတ်စွမ်းရည်နဲ့ဆိုရင် ငါက ထိပ်သီးဆိုတဲ့ ဂုဏ်ပုဒ်ကို အလွယ်တကူ သိမ်းယူနိုင်ပြီ “
လျူဟိုင်ဖုန်း၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုနတ်စွမ်းရည်ကို ဖွဲ့စည်းရန်အတွက် သူသည် သူ၏နယ်ပယ်ကို ဖိနှိပ်ရန် တုံ့ဆိုင်းမနေခဲ့ပေ၊ ရန်ပြည်ထောင်၏ ထိပ်သီးတစ်နေရာကို သိမ်းပိုက်ရန်အတွက် သူသည် စတုတ္ထအဆင့် အထွတ်အထိပ်တွင်သာ နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့သည်။
လျူဟိုင်ဖုန်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထိုဂုဏ်ပုဒ်ကို မျက်စိကျနေခဲ့ခြင်းဖြစ်သည်။
သူ၏စွမ်းရည်နှင့်သာဆိုပါက ပဥ္စမအဆင့်သည် သူ၏အကန့်အသတ်ဖြစ်သည်၊ ထပ်မံ၍ တိုးတက်ရန်ဆိုသည်မှာ များပြားလွန်းလှသော အရင်းအမြစ်များကို ရယူ၍ အတားအဆီးများကို မချိုးဖျက်နိုင်ဘူးဆိုပါက မဖြစ်နိုင်သလောက်နီးပါးပင် ဖြစ်သည်။
သို့သော် သူသည် မျိုးဆက်ခွဲတစ်ခုတွင်သာ မွေးဖွားခဲ့ပြီး၊ သူ၏အရည်အချင်းမှာလည်း သာမန်သာဖြစ်နေသောကြောင့် ထိုကဲ့သို့သော အရင်းအမြစ် ပမာဏမျိုးကို ရရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင် ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ရန်ပြည်ထောင်၏ ထိပ်သီးဆိုသည့် ဂုဏ်ပုဒ်ကို ပစ်မှတ်ထားနေခဲ့ခြင်းဖြစ်ပြီး၊ လျူဟီ၏ သေဆုံးမှုသည် သူ၏ ဆုံးဖြတ်ချက်ကို ပို၍ခိုင်မာသွားစေခဲ့သည်။
“ ရန်ပြည်ထောင်ရဲ့ ထိပ်သီးတစ်ယောက်ဖြစ်လာမှ ငါက လူတွေရဲ့အထက်မှာ ရပ်တည်နိုင်ပြီးတော့ ငါ့သားအတွက် လက်စားချေနိုင်မှာ “ လျူဟိုင်ဖုန်း၏ မျက်လုံးများသည် အေးစက်စက် အလင်းတန်းဖြင့် တောက်ပလာခဲ့သည်။
သူသည် ကွမ်ဟန်စစ်မြေပြင်တွင် ရယူခဲ့သည့် ရှုကျိုး၏ အောင်မြင်မှုများအကြောင်းကို သိရှိထားခဲ့ပြီးပြီ ဖြစ်သည်။
တတိယအဆင့် နတ်စွမ်းရည်ဖြင့် စတုတ္ထအဆင့် ပညာရှင် တစ်ဒါဇင်ကျော်ကို အနိုင်ယူခြင်း !!
၎င်းသည် ရှေးခေတ်ကတည်းက တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးသည့် ကမ္ဘာမြေတုန်လှုပ်သွားစေသော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် လျူဟိုင်ဖုန်းအတွက်မူ ရှုကျိုးက သူ၏ပါရမီနှင့် ခွန်အားကို ပိုပြလေလေ၊ သူ့ကို စောစောစီးစီး အပျောက်ရှင်းရန်အတွက် ပို၍အလျင်လိုသွားစေလေလေပင် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ထိပ်သီးတစ်ဦး ဖြစ်လာမည်ဆိုလျှင်တောင်မှ ရှုကျိုးကို သတ်နိုင်တော့မည် မဟုတ်ပေ။
“ နောက်ဆုံးတစ်ခေါက် အဲ့ကောင်စုတ်လေးရဲ့ အိမ်ကိုသွားခဲ့တုန်းက အဲ့လူနှစ်ယောက်ကို သတ်ဖို့ရည်ရွယ်ခဲ့ပင်မဲ့ မမျှော်လင့်ဘဲ ဒီပစ္စည်းကို ရှာတွေ့ခဲ့တယ် “
လျူဟိုင်ဖုန်းမှ သူ၏လက်ကို လှုပ်ရှားလိုက်ရာ သူ၏လက်ထဲတွင် ဓားတိုတစ်ချောင်း ပေါ်လာခဲ့သည်။
သူသည် ၎င်းကို ချီ-သွေးစွမ်းအင်များဖြင့် အသက်သွင်းလိုက်ရာ၊ ဓားတိုသည် တောက်ပသော ရောင်ခြည်ကို ချက်ချင်းထုတ်လွှတ်လာခဲ့သည်။
အဆိုပါ ရောင်ခြည်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်ကာ သိမ်းပိုက်၍ မရနိုင်သော ရှေးဟောင်းရုန်းများသည် လှုပ်ရှားနေပုံရပြီး၊ ရှေးခေတ်စပါးအုံး မြွေကြီးတစ်ကောင်ကဲ့သို့ လိမ်ခေါက် တွန့်လိမ်ကာ ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးသည့် ဧရာမသားရဲကြီးတစ်ကောင်သည် ရှေးခတ်အချိန်အခါ၏ အရိုင်းဆန်မှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို သယ်ဆောင်ထားကာ အဆိုပါ ရုန်းများကို ဦးညွတ်အရိုအသေ ပေးနေခဲ့သည်။
လျူဟိုင်ဖုန်းသည် အဆိုပါ ရုန်းများကို နားမလည်သော်လည်း၊ ၎င်းက ရှေးခေတ်နှင့် သက်ဆိုင်သည်ဆိုသည်ကိုတော့ သိနေခဲ့သည်။
တစ်နည်းဆိုရသော် ဤဓားတိုထဲတွင် ကြီးမားသော လျှို့ဝှက်ရှိနေသည်ဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။
“ ရန်ပြည်ထောင်ရဲ့ ထိပ်သီးဂုဏ်ပုဒ်ကို ရခဲ့ပြီးရင် ဒီပစ္စည်းအကြောင်း မေးဖို့ လူရှာရမယ်၊ အဲ့ကိစ္စမတိုင်ခင်တော့ အဲ့သောက်ကလေးကို အရင်သတ်ရမယ် “
လျူဟိုင်ဖုန်း၏ မျက်လုံးများထဲတွင် အဆုံးမဲ့ အမုန်တရားများ ပြည့်နှက်နေခဲ့သည်။
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်
ဝန်ဆောင်မှုအခန်းမအတွင်း၌
ဝူဟွေ့သည် အနက်ရောင် သံသေတ္တာတစ်လုံးကို ကောင်တာပေါ်သို့ တင်၍ စကားပြောလာခဲ့သည် “ ရှုကျိုး၊ မင်းမှာထားတဲ့ ချပ်ဝတ်တန်ဆာနဲ့ ဖိနပ်ရောက်လာပြီ၊ ဝတ်ကြည့်လိုက်ဦး “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး အဆိုပါ သေတ္တာကို ယူလိုက်သည်။
လက်ဗွေနှင့် မျက်လုံးအတည်ပြုချက်များကို ပြုလုပ်ခဲ့ပြီးသည့်နောက်၌ သေတ္တာ၏ မျက်နှာပြင်ပေါ်တွင် အနီရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်၊ လေယာဥ်တံခါးကဲ့သို့ ဖြည်းဖြည်းချင်း ပွင့်လာခဲ့ပြီး၊ အဖြူရောင် အငွေ့များကို ထုတ်လွှတ်လာခဲ့သည်။
သေတ္တာပွင့်လာသည့် အချိန်၌ အထဲတွင် ခလုတ်တစ်ခု ပါဝင်နေပုံရသည့် နှင်းဖြူရောင် လက်ပတ်တစ်ခု ရှိနေခဲ့သည်။
၎င်းမှတစ်ပါး တစ်ခြားသော အရာများ မရှိပေ။
ဝုဟွေ့မှ ရှင်းပြလာခဲ့သည် “ Aအဆင့် ၁၀၀ အမျိုးအစား ချပ်ဝတ်တန်ဆာနဲ့ ဖိနပ်တွေက နောက်ဆုံးပေါ် နာနိုနည်းပညာနဲ့ လုပ်ထားတာလေ၊ လက်ပတ်ကို ဝတ်လိုက်တာနဲ့ ချပ်ဝတ်တန်ဆာက အလိုအလျောက် ပေါ်လာလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် လက်ပတ်ကို ချက်ချင်းဝတ်လိုက်သည်။
ထို့နောက်၌ သူသည် လက်ပတ်ပေါ်တွင် ရှိနေသည့် ခလုတ်ကို နှိပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နှင်းဖြူရောင် အလင်းတန်းတစ်ခုသည် လက်ပတ်မှ ပေါ်ထွက်လာခဲ့ပြီး၊ ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သပ်ရပ်သော မျဥ်းကြောင်းများပါဝင်သည့် နှင်းဖြူရောင် ချပ်ဝတ်တန်ဆာသည် ရှုကျိုး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်၊ ၎င်းသည် ပုစဥ်းရင်ကွဲ တောင်ပံများကဲ့သို့ ပေါ့ပါးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် မီးခိုးဖြူရောင် ဖိနပ်တစ်ရံကိုပါ ဝတ်ဆင်ထားခဲ့သည်။
“ ဒီခံစားချက်က ………. အရင်က ကျွန်တော်ရဲ့ Cအဆင့် ချပ်ဝတ်တန်ဆာနဲ့ ယှဥ်လိုက်မယ်ဆိုရင် အများကြီး ပိုပေါ့ပါးနေတယ် “
ရှုကျိုး၏ မျက်နှာပြင်ပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ထို့နောက်တွင် သူသည် မြေပြင်ပေါ်သို့ အသာအယာ ခြေဆောင့်လိုက်ရာ၊ သူသည် လေဆာတန်းတစ်ခုကို ပစ်လွှတ်လိုက်သည့်အလား ဖြစ်သွားခဲ့သည်။
“ ဝှစ် !! “
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကောင်းကင်ထက်သို့ မြင့်တက်သွားကာ ရာပေါင်းများစွာသော ပုံရိပ်များကို အနောက်တွင် ချန်ထားခဲ့သည်။
အသက်ရှူကြိမ်တစ်ကြိမ် အတွင်းမှာပင် သူသည် ကျောင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
“ Aအဆင့် ၁၀၀အမျိုးအစား ဖိနပ်ကို ဝတ်ထားရတာက ပုံမှန်ထပ် 50%လောက် ပိုမြန်နေတာပဲ “
ရှုကျိုးသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ တွေးတောစဥ်းစားနေတော့သည် “ ချပ်ဝတ်တန်ဆာရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ကြတာပေါ့ကွာ “
ရှုကျိုးမှ လက်သီးဆုပ်လိုက်ရာ၊ ချီ-သွေးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းလာခဲ့သည်။
ချီ-သွေးစွမ်းအင် စီးဆင်းမှုနှင့်အတူ သူ၏ချပ်ဝတ်တန်ဆာမှာလည်း တောက်ပလာခဲ့ပြီး၊ အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် သူ့အရှေ့တွင် ရှိနေသည့် တောင်ကျောက်တုံးတစ်တုံးကို ချိန်ရွယ်ကာ ထိုးချလိုက်သည်။
“ ဘုမ်းးးး !! “
……………………………………………………………………………………………………………………………………………
အပိုင်း ( 426 )
အင်အားကြီး ပုဂ္ဂိုလ်များ ၂
အဆိုပါ လက်သီးချက်သည် မီတာပေါင်း ဒါဇင်နှင့်ချီ၍ မြင့်မားသော ကျောက်တုံး၏ မျက်နှာပြင်ပေါ်သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တိုက်ရိုက်ကျရောက်သွားပြီး၊ ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။
အားကောင်းသော စွမ်းအင်လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ပတ်ပတ်လည်ရှိ သစ်ပင်များကို ချိုးဖဲ့ဖျက်စီးသွားခဲ့သည်။
“ ဟမ်? “
ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည် “ ဒီချပ်ဝတ်တန်ဆာက ငါ့ချီ-သွေးစွမ်းအားရဲ့ တစ်ချို့တစ်ဝက်ကို အရွေ့စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီးတော့ ငါ့လက်သီးချက်ရဲ့ စွမ်းအားနဲ့ အမြန်နှုန်းကို သိသိသာသာ မြင့်တက်သွားစေတဲ့ပုံပဲ “
“ ငါ့ရဲ့တိုက်ခိုက်ရေး စွမ်းအားကလည်း ၃၀%အထိ တိုးသွားတယ် “
သူ့ကို အံ့ဩသွားစေသည့်အရာမှာ ချပ်ဝတ်တန်ဆာ၏ ချီ-သွေးစွမ်းအင်ကို အရွေ့စွမ်းအင်အဖြစ် ပြောင်းလဲပေးသည့် နည်းလမ်းသည် သူ၏ကိုယ်ပွားက ယဲ့ရှောင်ထံမှ ရရှိခဲ့သည့် ခြေထောက်လေးခု ကျောက်စိမ်းမီးဖိုနှင့် အတော်အတန် ဆင်တူနေခြင်း ဖြစ်သည်။
“ လူသားမျိုးနွယ်စုရဲ့ အဆင့်မြင့် ပညာရှင်တွေက စွမ်းအင်ပြောင်းလဲတာကို သုတေသနလုပ်နေတဲ့ပုံပဲ “
ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ထို့နောက်တွင် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းပြီး၊ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ပစ္စည်းအသစ်များကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည် “ ဒါတွေနဲ့ဆိုရင် ငါက လာမဲ့ပြိုင်ပွဲအတွက် ယုံကြည်ချက် ပိုရှိလာပြီ “
…
နောက်တစ်နေ့နံနက်ခင်း၌
ရှုကျိုးသည် သူ၏ကိုယ်ပိုင်ပျံသန်းရေး ယာဥ်ပေါ် တွင် ထိုင်နေကာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ ထွက်ခွာ၍ တျန်းကျိုးသို့ ဦးတည်သွားတော့သည်။
ပျံသန်းရေး ယာဥ်အတွင်း၌
ရှုကျိုးသည် အပြင်ဘက် ရှုခင်း(သို့) ကြယ်ရောင်ကောင်းကင်ပြင်ကို တုပနိုင်သည့် ဖန်သားပြင်များ ဝိုင်းရံနေသော မျောလွင့်နေသည့် ထိုင်ခုံပေါ်တွင် ထိုင်နေလျက်ရှိသည်။
ယာဥ်တစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုကို မလိုအပ်ခဲ့ပေ။ ဦးတည်ရာနေရာကို သတ်မှတ်လိုက်သည်နှင့်တစ်ပြိုင်နက် အေအိုင်ကဲ့သို့သော စနစ်များကို အသုံးပြု၍ ၎င်းကိုယ်တိုင် အလိုအလျောက် မောင်းနှင်မည်ဖြစ်သည်။
စိတ်ကူးယဥ် သိပ္ပံဇာတ်လမ်းတွဲမှာထဲတွင်သာ မြင်တွေ့ခဲ့ဖူးသော ပစ္စည်းကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည် “ ဒီယာဥ်က တော်တော်ကြီးကို အထင်ကြီးဖို့ကောင်းတာပဲ “
သူ့ဘေးနားရှိ လျူချင်းယွမ်သည် အပြုံးဖြင့် ပြောလာခဲ့သည် “ ကိုယ်ပိုင်ပျံသန်းရေး ယာဥ်က ရန်ပြည်ထောင် အစိုးရက လက်ဆောင်ပေးတဲ့ဟာလေ၊ အရည်အသွေးက သေချာပေါက်ကို ကောင်းတာပေါ့ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။ အလယ်အလတ် သိုင်းပညာရှင်အဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ရန်ပြည်ထောင် အဖွဲ့ချုပ်၏ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပြီး၊ အစိုးရသည် သူ့အား ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် ကိုယ်ပိုင်ပျံသန်းရေး ယာဥ်ကို လက်ဆောင်ပေးလာခဲ့သည်။
၎င်းမှာ အလယ်အလတ်အဆင့်သို့ ရောက်လာနိုင်သည့် ရန်ပြည်ထောင်သိုင်းပညာရှင်များ၏ အကျိုးအမြတ်ပင် ဖြစ်သည်။
“ တီ တောင် “
ထိုအခိုက်အတန့်တွင် ရှုကျိုး၏ ဖုန်းထံသို့ မက်ဆေ့တစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
သူသည် ဖုန်းကို ဖွင့်ကြည့်၍ ချက်ချင်း ပြောလိုက်သည် “ ဆရာ၊ အစိုးရက ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့လူတွေရဲ့ စာရင်းကို လူသိရှင်ကြားထုတ်ဖော်လိုက်ပြီ “
ပြောနေရင်းဖြင့် လက်ကိုဝေ့ယမ်းလိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် ရှိနေသည့် အချက်အလက်များသည် လေထုထဲသို့ ပျံတက်လာခဲ့သည်။
လျူချင်းယွမ်မှာလည်း လှည့်ကြည့်လာခဲ့သည်။
“ တကယ်ကိုပဲ၊ မင်းကလွဲပြီးတော့ ကျန်တဲ့လူတွေအကုန်လုံးက အဆင့်၄ အထွတ်အထိပ် ပညာရှင်တွေချည်းပဲ “ လျူချင်းယွမ်သည် အပြုံးဖြင့် ခေါင်းခါရမ်းနေတော့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် အရေးအကြီးဆုံး အရာမှာ ထိပ်သီးဆိုသည့် ဂုဏ်ပုဒ်အတွက် ယှဥ်ပြိုင်ခြင်းဆိုသည်ကို သူနားလည်ထားခဲ့ပြီ ဖြစ်သည်။
ရန်ပြည်ထောင်၏ ထိပ်သီးပညာရှင် ဖြစ်လာခြင်းသည် လူတစ်ဦး၏ အဆင့်အတန်းနှင့် ရာထူးကို သိသိသာသာ မြင့်တက်သွားစေမည် ဖြစ်သည်။
ထိပ်တန်းမိသားစုကြီးများ၏ ဥပေက္ခာပြုခံထားရသည့် အဖွဲ့ဝင်များကပင် ၎င်းကြောင့် ပင်မအဖွဲ့ဝင် ဖြစ်သွားနိုင်ပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ၎င်းသည် အထူးအခွင့်အရေးတစ်ခု ရရှိလိုက်ခြင်းပင် ဖြစ်သည်။
ရန်ပြည်ထောင်၏ ထိပ်သီးပညာရှင်ဆိုသည်မှာ ရန်ပြည်ထောင်အစိုးရမှ အသိအမှတ်ပြုထားသည့် အဆင့်အတန်းဖြစ်ပြီး၊ အစိုးရက နောက်ခံပေးထားကာ ထိပ်တန်းမိသားစုကြီးများကပင် ၎င်းကို လျစ်လျူမရှုဝံ့ပေ။
ထို့ကြောင့် ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် စတုတ္ထအဆင့် အထွတ်အထိပ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များ ပါဝင်စမြဲသာဖြစ်သည်။
ထိုအဆင့်သို့ မရောက်သေးသည့် လူများကမူ ခွန်အားမလုံလောက်သောကြောင့် ပါဝင်ယှဥ်ပြိုင်ကြမည် မဟုတ်ပေ။
သို့သော် ရှုကျိုးကမူ လျူဟိုင်ဖုန်းနှင့် ကိုယ်ပိုင်ရန်ငြှိုးများကိုဖြေရှင်းရန်အတွက် ပါဝင်ယှဥ်ပြိုင်ခြင်း ဖြစ်သည်။ ထိပ်သီးဂုဏ်ပုဒ်မှာ ဒုတိယဦးစားပေးမျှသာ ဖြစ်သည်။
သို့ရာတွင် အကယ်၍ သူကသာ အဆိုပါ ဂုဏ်ပုဒ်ကိုပါ ရယူနိုင်မည်ဆိုပါက သေချာပေါက် အရယူမည်ဖြစ်သည်။
“ ဟမ်? “
ထိုအချိန်တွင် ရှုကျိုးသည် ပဟေဠိဆန်သော အချက်တစ်ချက်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည် “ ပြိုင်ပွဲဝင်တွေ အကုန်လုံးက အသက်ကြီးနေတဲ့ပုံပဲ၊ လူငယ်တွေလည်း မပါဘူးနော် “
လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒီပြိုင်ပွဲက ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလေ။ အဲ့ဒီလူငယ်တွေကတော့ မိသားစုကြီးတွေရဲ့ ပင်မအဖွဲ့ဝင်တွေ ဖြစ်နေကြပြီ၊ အဲ့တော့ ဒီဟာက သူတို့အတွက် မရှိလည်းဖြစ်တယ် “
“ ဒါပင်မဲ့ အဲ့လူတွေအတွက်ကတော့ မတူဘူး။ ရန်ပြည်ထောင်ရဲ့ ထိပ်သီးပညာရှင် ဖြစ်လာတာက သူတို့ရဲ့ အဆင့်အတန်းနဲ့ ရာထူးအနေအထားကို သေချာပေါက် ပြောင်းလဲသွားစေမှာလေ “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ရန်ပြည်ထောင်၏ ထိပ်သီးပညာရှင်ဆိုသည့် အထောက်အထားမှာ မိသားစုကြီးများ၏ ပင်မအဖွဲ့ဝင် အဆင့်အတန်းနှင့် တူညီနေခဲ့သည်။
ထိုကဲ့သို့သော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားခဲ့ပြီးသားဖြစ်သည့် လူငယ်ပါရမီရှင်များမှာ ၎င်းအတွက် ဝင်ပြိုင်ကြမည် မဟုတ်ပေ။
“ ဒါပင်မဲ့ အဲ့လူတွေကို အထင်မသေးလိုက်နဲ့ “
လျူချင်းယွမ်မှ သတိပေးလာခဲ့သည် “ သူတို့ရဲ့နောက်ခံတွေက မကောင်းကြပင်မဲ့၊ ဒီအဆင့်ထိ ရောက်နေတယ်ဆိုကတည်းက သူတို့က အတွေ့အကြုံရင့်ကျက်တဲ့ လူတွေကြီးပဲ၊ သူတို့ရဲ့နည်းလမ်းတွေက လူငယ်ပါရမီရှင်တွေထပ် ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တယ်၊ တိုက်ကွက်တစ်ခုတည်းနဲ့ အသေတိုက်နိုင်စွမ်းရှိတယ် “
“ ဥပမာအနေနဲ့ လျူဟိုင်ဖုန်းကိုပဲ ကြည့်လိုက်၊ သူဆိုရင် အဆင့်၄ အထွတ်အထိပ်မှာ ရှိနေတာ ဆယ်နှစ်ကျော်နေပြီ။ တကယ်လို့ ငါခန့်မှန်းတာသာ မှန်နေမယ်ဆိုရင် သူက နတ်စွမ်းရည်ကိုတောင် ပိုင်ဆိုင်ထားလောက်ပြီ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် “ ကျွန်တော် ဂရုစိုက်ပါ့မယ် “
သူ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။
နတ်စွမ်းရည်လား၊ ဟက်??
ဆောတီးပဲကွာ ငါ့ဆီမှာ နည်းနည်းလေး ပိုရှိနေတယ်။
ယခု သူအာရုံစိုက်ရမည့် အရာမှာ အစောပိုင်းနှင့် အထွတ်အထိပ်အဆင့်တို့ကြားရှိ ကွာဟချက်ပင် ဖြစ်သည်။
တတိယအဆင့်၏ အစောပိုင်းနှင့် အထွတ်အထိပ်အဆင့်တို့ကြားရှိ ကွာဟချက်မှာ ကျော်လွှား၍ မရသော အရာတစ်ခုဖြစ်သည်။
ယခုတွင် သူက စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် ထိုကဲ့သို့သော ကွာဟချက်မှာ ပို၍ ကြီးမားနေမည်သာ ဖြစ်သည်။
ရှုကျိုးမှာလည်း သူက စတုတ္ထအဆင့် အထွတ်အထိပ် ပညာရှင်ကြီးများကို ဖိနှိပ်နိုင်မည်လားဆိုသည်ကို သိချင်သွားခဲ့သည်။
…
တျန်းကျိုး
ရန်ပြည်ထောင်၏ ပြည်နယ်ဆယ့်နှစ်ခုအနက် အကြီးဆုံး ပြည်နယ်ဖြစ်သည့် တျန်းကျိုးသည် အလွန်ကြွယ်ဝချမ်းသာပြီး ခမ်းနားထည်ဝါကာ တောက်ပလွန်းနေခဲ့သည်။
အမှောင်မိုက်ဆုံးညမှာပင် တျန်းကျိုးသည် နေ့အချိန်ကဲ့သို့ လင်းလက်တောက်ပနေခဲ့ပြီး၊ ဘယ်တော့မှ မအိပ်စက်သည့် မြို့ဟု လူသိများထင်ရှားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤနေရာသည် ရန်ပြည်ထောင်ရှိ အလယ်အလတ်အဆင့် သိုင်းပညာရှင် အများဆုံး တည်ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။
နိုင်ငံတော်အဆင့် ဖလှယ်မှုပြိုင်ပွဲသည် တျန်းကျိုး၊ စကိုင်းကော်နာမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
ကြီးမားသော ပြိုင်ကွင်းအတွင်း၌
နံနက်ခင်း ၈နာရီမှာပင် လူအများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
“ မင်းတို့ ကြားခဲ့ပြီးပြီလား? ကောင်းကင်ဖျက်လက်သီး အကြီးအကဲ ချန်လန်ကလည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မှာတဲ့ “
“ အကြီးအကဲချန်လန်က အငြိမ်းစားယူတာကနေ ထွက်လာပြီလား? ဒါဆိုရင်တော့ ပထမနေရာက သူ့အတွက်ပဲ ဖြစ်ဖို့များသွားပြီ “
“ သူတင်ပဲ မဟုတ်ဘူး၊ အမှောင်မိုးကြိုးဓားသမားလည်း လာမယ်လို့ ကြားထားတယ် “
“ အမှောင်မိုးကြိုးဓားသမား? အဆင့်၅ပညာရှင်တစ်ယောက်ကို အဆင့်၄နယ်ပယ်တည်းနဲ့ သူ့ရဲ့မိုးကြိုးနတ်စွမ်းရည်ကို သုံးပြီးအနိုင်ယူခဲ့တဲ့ လူလား? သူလည်း လာမှာလား? “
“ အကြီးအကဲ ချန်လန်နဲ့ အမှောင်မိုးကြိုးဓား၊ ဘယ်သူက ပိုစွမ်းနေမလဲဆိုတာကို ငါသိချင်နေမိပြီ “
“ ဒီပြိုင်ပွဲက ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းလာပြီ “
ပရိတ်သတ်တစ်အုပ်လုံးသည် ဆွေးနွေးပြောဆိုမှုများနှင့် ပွက်ပွက်ညံနေခဲ့သည်။
ပြိုင်ကွင်း၏ ထောင့်တစ်နေရာ၌ ယခုမှ ရောက်ရှိလာခဲ့သည့် ရှုကျိုးသည် ထိုစကားများကို ကြားသွားပြီး၊ အနည်းငယ် အံ့ဩသွားခဲ့သည်။
“ ကောင်းကင်ဖျက်လက်သီး? အမှောင်မိုးကြိုးဓားသမား? “ ရှုကျိုး၏မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ဒီလူကြီးတွေဆီမှာ အတော်လေး အထင်ကြီးဖို့ကောင်းတဲ့ နာမည်တွေ ရှိနေတာပဲဟ။
လျူချင်းယွမ်မှ ပြောပြလာခဲ့သည် “ အဲ့တာတွေက အစိုးရကနေ သူတို့ကို ပေးအပ်ထားတဲ့ ဘွဲ့အမည်တွေပဲ “
“ အစိုးရက ပေးထားတာလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လျူချင်းယွမ်မှ ရှင်းပြလာခဲ့သည် “ မင်းကလည်း အဲ့လိုဘွဲ့နာမည်တစ်ခုရဖို့အတွက် လျှောက်ထားလို့ရတယ်၊ မင်းရဲ့စွမ်းအားက အဆင့်၄ အထွတ်အထိပ်နဲ့ အဲ့အထက်ကို ရောက်နေသရွေ့၊ မင်းကလည်း မင်းရဲ့ကိုယ်ပိုင်သီးသန့် ဘွဲ့နာမည်အတွက် လျှောက်ထားလို့ရတယ် “
သူသည် အပြုံးဖြင့် ထပ်ပြောလာခဲ့သည် “ အဆင့်၄ အထွတ်အထိပ် အထက်က လူတွေ အကုန်လုံးကို ရန်ပြည်ထောင်ရဲ့ ထောက်တိုင်တွေအဖြစ် သတ်မှတ်လို့ရတယ် “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ထိုကဲ့သို့သော ဂုဏ်ပုဒ်မျိုးကို မလိုချင်ခြင်း မဟုတ်သော်လည်း ၎င်းက စောလွန်းနေသေးသည်ဟု ခံစားနေခဲ့ရသည်။
သို့ရာတွင် သူသည် ၎င်းကို ကြိုတင်စဥ်းစားထားနိုင်ပြီ ဖြစ်သည်။
“ ဂုဏ်ပုဒ်တစ်ခု …….. ငါက ဘယ်ဟာကို ရွေးလိုက်သင့်လဲ? “
တွေးတောစဥ်းစားနေရင်းဖြင့် သူသည် ပြိုင်ကွင်း၏ဝင်ပေါက်ဝကို ဖျတ်ခနဲ ကြည့်မိသွားကာ အမူအရာပြောင်းလဲသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ဦးသည် ပြိုင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
“ သူလား? “
ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ ဟိုကောင် လျူဟိုင်ဖုန်းပဲ !!
လျူဟိုင်ဖုန်းက လျူမိသားစု၏ မျိုးဆက်ခွဲ အဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း၊ ရှုကျိုး၏ ယခုလက်ရှိ အဆင့်အတန်းနှင့်သာဆိုပါက သူ၏ ဓာတ်ပုံတစ်ခုကို ရယူရန်မှာ ခက်ခဲလှသော အရာမဟုတ်ပေ။
ရှုကျိုးက လျူဟိုင်ဖုန်းကို ကြည့်နေသည့်အချိန်တွင်
လျူဟိုင်ဖုန်းမှာလည်း ၎င်းကို သတိပြုမိသွားပုံရပြီး၊ ပြန်ကြည့်လာခဲ့သည်။
“ အဲ့လူယုတ်မာလေး၊ သူလည်း ရောက်လာတာလား? အဲ့တာများ ……. “
လျူဟိုင်ဖုန်း အံ့ဩတုန်လှုပ်သွားခဲ့သည်၊ သို့သော် သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာခဲ့သည်။
ယခင်ပြိုင်ပွဲများကတည်းက ပြိုင်ပွဲဝင်အများစုနှင့် ရင်းနှီးနေခဲ့သောကြောင့် သူသည် ပြိုင်ပွဲဝင်စာရင်းကို အာရုံမစိုက်ခဲ့ပေ။
သူသည် ရှုကျိုးက ပြိုင်ပွဲတွင် ပေါ်လာလိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
သူသည် ရှုကျိုးက ဤနေရာတွင် ပွဲကြည့်ခြင်းလား၊ (သို့) ပါဝင်ယှဥ်ပြိုင်ခြင်းလားဆိုသည်ကို မသေချာမရေရာဖြစ်နေခဲ့သည်။
လျူဟိုင်ဖုန်းသည် ရှုကျိုးကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ သူ၏ရန်သူသည် သူ၏မျက်လုံးများ အရှေ့မှာပင် ရှိနေခဲ့သည်၊ သူသည် သတ်ဖြတ်လိုစိတ်များကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက်တွင် သူသည် သူ၏ထိုင်ခုံဆီသို့ သွားကာ စောင့်ဆိုင်းနေတော့သည်။
…
ရှုကျိုးဘေးနားရှိ လျူချင်းယွမ်မှ စကားပြောလာခဲ့သည် “ အဲ့လူက မင်းနဲ့ပတ်သက်ပြီးတော့ အကြံတစ်ချို့ ရှိနေတဲ့ပုံပဲ “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သူ၏မျက်လုံးများကမူ အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ ပြိုင်ပွဲစမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
ပြိုင်ကွင်းအတွင်း၌ လူအုပ်များ ဆက်တိုက်ဝင်ရောက်လာခဲ့သည်။
ပြိုင်ပွဲဝင်များ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာသည်နှင့်အမျှ၊ ကောင်းကင်ဖျက်လက်သီး အကြီးအကဲချန်လန်နှင့် အမှောင်မိုးကြိုး ဓားသမားကဲ့သို့သော ပုဂ္ဂိုလ်များ ရောက်လာသည့် အချိန်တွင် ပြိုင်ကွင်း၏ လေထုသည် ပိုမိုတင်းကြပ်လာခဲ့သည်။
ရှုကျိုးမှ လွဲ၍ ကျန်ရှိနေသည့် ပါဝင်ယှဥ်ပြိုင်သူများသည် အတွေ့အကြုံရှိသည့် အသက်၄၀ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။
သူတို့ထံတွင် လူငယ် ပါရမီရှင်များကဲ့သို့ ထက်မြက်မှု မရှိပေ၊ သို့သော် တစ်ဦးချင်းစီတိုင်းသည် နက်နဲပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှင့်နေခဲ့သည်၊ သူတို့သည် စတုတ္ထအဆင့် အထွတ်အထိပ်မှာပင် နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ အစွမ်းပြနေခဲ့သည်။
၉နာရီအတိတွင် အခမ်းအနားမှူးသည် ပြိုင်ပွဲစတင်ကြောင်း ကြေညာရန်အတွက် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။