အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အပိုင်း ( 427 )
တိုက်ပွဲတစ်ခုဖြင့် ကျော်ကြားခြင်း
ပြိုင်ကွင်းအတွင်း၌ စင်မြင့်ငါးခု ရှိနေခဲ့သည်။
ဤပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အယောက်ငါးရာပါဝင်နေခဲ့ကာ၊ အုပ်စုငါးခုအထိ ခွဲခြားထားခဲ့သည်။ အုပ်စုတစ်ခုစီတွင် ထိပ်ဆုံး၂၅ကို ဆုံးဖြတ်မည်ဖြစ်ပြီး၊ ရှုံးထွက်နှင့် အနိုင်ရအဆင့်တို့ဖြင့် စင်မြင့်ငါးခု၏ သက်ဆိုင်ရာ ချန်ပီယံများကို ဆုံးဖြတ်မည်ဖြစ်သည်။
( အနိုင်ရအဆင့် ဆိုတာက bye roundလို့ခေါ်ပါတယ်၊ အုပ်စုတစ်ခုမှာ လူမညီတာ ( လူ ၁၁ယောက်ရှိပြီး ၁vs၁တိုက်ပွဲလုပ်ရမည်ဆိုရင် လူ၁ယောက်ပိုနေပါတယ် ) အဲ့လို အခြေအနေမျိုးပါ၊ မဲနှိုက်ပြီးတော့ ဒါမှမဟုတ် စွမ်းအားအကြီးဆုံးလူကို အနိုင်ပေးလိုက်တာပါ )
“ နိုင်ငံတော်အဆင့်ဖလှယ်မှု ပြိုင်ပွဲစတင်ပြီလို့ ကြေညာအပ်ပါတယ်ခင်ဗျာ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သက်ကြီးပိုင်း ပုံရိပ်တစ်ခုသည် ပြိုင်ကွင်းကို လွှမ်းခြုံထားသည့် အစွမ်းထက် အရှိန်အဝါတစ်ခုနှင့်အတူ တာဝါအရိပ်ထဲမှ ပေါ်ထွက်လာခဲ့သည်။
၎င်းသည် အဖြူရောင် ဆံပင်နှင့် မုတ်ဆိတ်တို့ရှိနေပြီး၊ အေးစက်စက် အမူအရာဖြင့် အနက်ရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက် ဖြစ်နေခဲ့သည်။
သူပေါ်လာခဲ့သည့် အခိုက်အတန့်တွင် သူ၏ တည်ရှိမှုသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တောင့်တင်းသွားစေပုံရပြီး၊ သူ့အား ကမ္ဘာမြေလှုပ်ခါသွားစေနိုင်သည့် စွမ်းအားကို ထုတ်လွှတ်နိုင်သော လမ်းလျှောက်နေသည့် မီးတောင်တစ်လုံးကဲ့သို့ ဖြစ်သွားစေခဲ့သည်။
“ အဆင့်၈ ပညာရှင်၊ ချန်ကျူးဟဲ့ “
လူအုပ်ကြိးသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ၊ ဤကဲ့သို့သော ပြိုင်ပွဲတွင် အဌမအဆင့် ပညာရှင်ကို မြင်တွေ့ရသည်မှာ ပုံမှန်သာ ဖြစ်သည်။
အနက်ဝတ် အကြီးအကဲ ချန်ကျူးဟဲ့သည် တာဝါထိပ်တွင် ရပ်ကာ တည်ငြိမ်နေသော အသံဖြင့် စကားပြောလာခဲ့သည် “ ဒီပြိုင်ပွဲမှာ ဓားတွေလှံတွေမှာ မျက်လုံး မရှိပါဘူး။ မင်းတို့အားလုံးက ရန်ပြည်ထောင်ရဲ့ ထောက်တိုင်တွေကြီးပဲ။ တကယ်လို့ အစွမ်းထက် ပြိုင်ဘက်ကို ရင်ဆိုင်ရပြီးတော့ ကိုယ်မနိုင်ဘူးဆိုတာကို သိနေတယ်ဆိုရင်၊ အသက်ဆုံးရှုံးရမှာကို ရှောင်ရှားနိုင်ဖို့အတွက် အချိန်မှီ အရှုံးပေးလိုက်သင့်တယ် “
၎င်းသည် အကယ်၍ သူတို့က အရှုံးမပေးခဲ့ဘူးဆိုပါက သူက သူတို့ကို ကယ်ဆယ်ရန် ဝင်မပါဘူးဟု ပြောဆိုနေခြင်းပင် ဖြစ်သည်။
လူတိုင်း ခေါင်းငြိမ့်ပြလိုက်သည်။
ရှုကျိုးသည် တွေးတွေးဆဆဖြင့် လျူဟိုင်ဖုန်းရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ အကဘ်၍ ထိုလူကသာ အရှုံးပေးခဲ့မည်ဆိုပါက သူသည် အဌမအဆင့် ပညာရှင်၏ အရှေ့တွင် ထိုလူကို သတ်နိုင်တော့မည် ဖြစ်သည်။
သူမည်မျှပင် မြန်ဆန်နေခဲ့ပါစေ၊ အဌမအဆင့် ပညာရှင်လောက် မြန်နေမည် မဟုတ်ပေ။
သူတွေးတောစဥ်းစားနေစဥ်မှာပင် ပြိုင်ပွဲစတင်လာတော့သည်။
…
ပြိုင်ပွဲ၏ ပထမအကျော့စတင်သည့် အချိန်၌ ရှုကျိုးသည် ပထမစင်မြင့်တွင် ကျရောက်ခဲ့ပြီး၊ တိုက်ဆိုင်စွာဖြင့် လျူဟိုင်ဖုန်းမှာလည်း ပထမစင်မြင့်တွင်သာ ကျရောက်ခဲ့သည်။
သို့ရာတွင် ရှုကျိုး၏ ပထမဦးဆုံး ပြိုင်ဘက်သည် လျူဟိုင်ဖုန်း မဟုတ်ခဲ့ပေ။
ထိုလူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လီချင်ဟဲ့ဟုအမည်ရသော သက်လတ်ပိုင်းလူတစ်ဦး ဖြစ်သည်။
ရှုကျိုးက စင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့သည့် အချိန်တွင် ပရိတ်သတ်တစ်အုပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
“ အဲ့တာက ရှုကျိုးမလား? သူကလည်း ဒီလိုပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်တာလား? “
“ ရှုကျိုးလား? သူက ဘယ်သူလဲ? “
“ မင်းမသိဘူးလား? လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူက ကွမ်ဟန်စစ်မြေပြင်မှာ အောင်မြင်မှုတွေ ရခဲ့ပြီးတော့ ကမ္ဘာ့ကြယ်သား ထောင်နဲ့ချီပြီးတော့ သတ်ဖြတ်ခဲ့တယ်လေ “
“ ဝါး၊ တော်တော်ကြီးကို အံ့ဩဖို့ကောင်းတာပဲဟ !! “
လူတော်တော်များများသည် ရှုကျိုးကို မှတ်မိနေကြသည်၊ သူ၏အောင်မြင်မှုများကြောင့် ပရိတ်သတ်တစ်အုပ်လုံးကို လျင်မြန်စွာ ဖမ်းစားသွားခဲ့သည်။
တစ်ခြားသော ပြိုင်ပွဲဝင်များကပင် တအံ့တဩဖြစ်သွားကြသည်။
“ တကယ်ကြီးကို ရှားပါးတယ်၊ သူက တကယ့် လူငယ်ပါရမီရှင်တစ်ယောက်ပဲ “
လူအုပ်အတွင်းရှိ လျူဟိုင်ဖုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့နေခဲ့သည် “ လူငယ်တစ်ယောက်က ဒီလိုပြိုင်ပွဲမျိုးမှာ လာပြိုင်ရဲတယ်ဆိုတော့ လူအိုကြီးတွေကို အနိုင်လာကျင့်နေတာပဲ မဟုတ်ဘူးလား? “
( အခွင့်အရေးတွေကို အောင်မြင်မှုနဲ့ လာသိမ်းတယ်အဲ့လို သဘောမျိုးပါ )
“ ငါလည်း အဲ့လိုပဲထင်တယ်။ သူက အစောပိုင်း အဆင့်၄မှာပဲ ရှိနေသေးတာလေ “ တစ်စုံတစ်ဦးမှ စကားပြောလာခဲ့သည် “ ဒီက လူအများစုက အဆင့်၄ အထွတ်အထိပ် ပညာရှင်တွေလေ၊ ရှုကျိုးက အဲ့ဒီလူအိုကြီးတွေကို နိုင်မှာ မဟုတ်ဘူး “
လျူဟိုင်ဖုန်းမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ၏ အကြည့်များ ပိုမိုအေးစက်သွားခဲ့သည်။
…
စင်မြင့်တက်ရှိ လီချင်ဟဲ့သည် အဆိုပါ ဆွေးနွေးပြောဆိုမှုများကို ကြားနေခဲ့သော်လည်း အေးအေးတည်ငြိမ်နေစဲပင် ဖြစ်သည်။
သူသည် ယခုတွင် အသက် ၈၀ကျော်နေခဲ့ပြီး ဖြစ်ရပ်ပေါင်းများစွာကို ကြုံတွေ့ထားခဲ့ပြီးပြီ ဖြစ်သောကြောင့် ကောလဟာလတစ်ချို့သည် သူ၏စိတ်ဓာတ်ကို ယိမ်းယိုင်သွားစေလိမ့်မည် မဟုတ်ပေ။
ရှုကျိုးက ကွမ်ဟန်စစ်မြေပြင်တွင် မည်မျှတွင် အထင်ကြီးဖွယ်ကောင်းနေပါစေ၊ သူ၏မျက်လုံးများထဲတွင် ရှုကျိုးသည် ပါရမီရှိသည့် လူငယ်တစ်ဦးမျှသာ ဖြစ်နေခဲ့သည်။
“ လူငယ်လေး၊ လှုပ်ရှားပါ “ လီချင်ဟဲ့သည် ရှုကျိုးကို စိုက်ကြည့်ကာ ပြောလာခဲ့သည် “ မင်းက သတင်းတွေ ပြောသလောက် ကြောက်ဖို့ကောင်းသလား ဒါမှမဟုတ် အာကြီးပဲလား ဆိုတာကို ကြည့်ရတာပေါ့ကွာ “
ဆွစ်ရှ် !!!
ထိုစကားလုံးကို ပြောဆိုခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်သည် မှုန်ဝါးသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ပုဆိန်တိုတစ်လက်ကို ကိုင်ဆောင်၍ ရှုကျိုးထံသို့ ပြေးတက်လာခဲ့သည်။
သူသည် သူ၏စတုတ္ထအဆင့် အထွတ်အထိပ် အရှိန်အဝါကို အကုန်အစင် ထုတ်လွှတ်ထားခဲ့ပြီး၊ ၎င်းသည် ပြိုင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပုဆိန်အလင်းတန်းသည် အံ့ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သယ်ဆောင်၍ ရှုကျိုး၏ဦးခေါင်းထံသို့ ကျဆင်းလာခဲ့သည်။
ရှုကျိုးည် ခေါင်းကို အသာအယာ ခါရမ်း၍ အပြုံးဖြင့် စကားပြောလိုက်သည် “ သိုင်းလောကကျင့်ဝတ်ကို မလိုက်နာဘူးပဲ၊ ခင်ဗျားက ကျွန်တော့်ကို လှုပ်ရှားခွင့်ပေးရမှာ မဟုတ်ဘူးလား? “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကန်ချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဘမ်းးး !! “
ရှုကျိုးသည် သူ့အပေါ်တွင် ရှိနေသည့် ပုဆိန်တိုကို ကန်ထုတ်လိုက်သည်၊ ထို့နောက်တွင် ဓားအလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့ပြီး၊ လီချင်ဟဲ့ဆီသို့ ပြေးဝင်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်းပွင့်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ် အရှိန်အဟုန်ကို သယ်ဆောင်ထားခဲ့သည့် မီးပင်လယ်တစ်ခုကို ချက်ချင်း ဖြစ်ပေါ်သွားစေခဲ့သည်။
အဆိုပါ မီးပင်လယ်သည် တကယ့်မီးလျှံများဖြင့် ပြုလုပ်ထားခဲ့ခြင်း မဟုတ်ဘဲ၊ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် ပုံရိပ်တစ်ခုသာ ဖြစ်သည်။
ထို့အပြင် ရှုကျိုးသည် နတ်လက်နတ်တစ်ခုဖြစ်သည့် နဂါးမီးလျှံ ဆေဘာဖြင့် ပေါင်းစပ်အသုံးပြုထားသောကြောင့် ၎င်းသည် ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
လီချင်ဟဲ့၏ အမူအရာ ပြောင်းလဲသွားပြီး၊ တားဆီးပိတ်ဆို့ရန်အတွက် ပုဆိန်တိုကို အလောတကြီး မြှောက်လိုက်သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ……
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လီချင်ဟဲ့သည် စင်မြင့်ထက်မှ လွင့်ထွက်သွားခဲ့သည်။
စင်မြင့်ပေါ်ရှိ ရှုကျိုးသည် လီချင်ဟဲ့ဘက်သို့ လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည် “ အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
…
“ အဲ့တာက နတ်လက်နက်လား? “
“ တော်တော်ကြီးကို စွမ်းတာပဲ၊ လီချင်ဟဲ့ကို တစ်ကွက်တည်းနဲ့ အနိုင်ပိုင်းခဲ့တယ် “
“ လူငယ်ပါရမီရှင် ဖြစ်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဆယ်ကျော်သက် အရွယ်မှာတင် နတ်လက်နက်လို အစွမ်းထက် နတ်လက်နက်တစ်ခုကို ပိုင်ဆိုင်နေခဲ့ပြီ “
“ လီချင်ဟဲ့က တော်တော်ကြီးကို ပေါ့ဆတာပဲ။ သူက အဲ့ကလေးဆီမှာ နတ်လက်နက် ရှိနေလိမ့်မယ်လို့ မထင်ထားလောက်ဘူး၊ သူ့ရဲ့ အကွက်တွေကိုတောင် မသုံးနိုင်ဘဲ စင်ပေါ်က အကန်ခံလိုက်ရတာကတော့ ရှက်စရာကြီးကွာ “
လူအုပ်ကြီးသည် အံ့ဩတုန်လှုပ်သွားကြီပြီး၊ တစ်ချို့ကမူ မနာလိုအားကျစွာဖြင့် မေးခွန်းထုတ်နေလျက်ရှိသည်။
တစ်ချို့သော အဆင့်မြင့် ပညာရှင်များကပင် နတ်လက်နက်ကို မဆိုင်ထားခဲ့ပေ။
နတ်လက်နက် ရှိနေခြင်းကြောင့် လီချင်ဟဲ့ကို အနိုင်ယူခဲ့ခြင်းမှာ အံ့ဩဖွယ်ရာ ကောင်းမနေခဲ့ပေ။
ရှုကျိုးသည် အပြုံးတစ်ခုကို ဆင်မြန်းကာ စင်ပေါ်မှာ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
သူသည် ပထမတိုက်ပွဲကို ဤမျှအလွယ်တကူ အနိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုကဲ့သို့ဖြစ်ရခြင်းမှာ လီချင်ဟဲ့သည် ရှုကျိုး၏ စွမ်းအားအတိမ်အနက်ကို စမ်းသပ်ချင်ပုံရပြီး၊ မည်သည့်နည်းစနစ်ကိုမျှ အသုံးမပြုဘဲ ရှုကျိုးထံသို့ ပြေးတက်လာခဲ့သောကြောင့် ဖြစ်သည်။
Aအဆင့် ၁၀၀အမျိုးအစား ဖိနပ်များကို ဝတ်ဆင်ကာ၊ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်း၏ အဌမအဆင့်သို့ ရောက်နေခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ အမြန်နှုန်းသည် အံ့ဩဖွယ်ကောင်းသည့် အဆင့်တစ်ခုအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူ၏အမြင်တွင် လီချင်ဟဲ့၏ တက်ကြွသော တိုက်ခိုက်မှုသည် သူ၏အားနည်းချက်များကို ကိုယ်တိုင် ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်သည်။
…………………………………………………………………………………………………………………………………………..
အပိုင်း ( 428 )
တိုက်ပွဲတစ်ခုဖြင့် ကျော်ကြားခြင်း ၂
ထို့ကြောင့် သူသည် အခွင့်အရေးကို သိမ်းယူကာ နတ်လက်နက်၏ စွမ်းအားကို ထုတ်လွှတ်၍ သူ၏ပြိုင်ဘက်ကို တိုက်ရိုက် အနိုင်ပိုင်းလိုက်သည်။
လီချင်ဟဲ့သည် နောင်တတရားဖြင့် ပြည့်နှက်နေသည့် အမူအရာဖြင့် မြေပြင်ပေါ်မှ ထလာခဲ့သည် “ ငါ့ရဲ့ ပွဲသိမ်းတိုက်ကွက်ကိုတောင် မသုံးရသေးပဲနဲ့ ရှုံးသွားခဲ့ပြီလား? “
“ ဒီကလေးက …. အဆင့်၄ အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားကို တကယ်ကြီး ပိုင်ဆိုင်ထားတာပဲ “
သူသည် စိတ်ခံစားချက်များ ရောထွေးနေသည် အမူအရာဖြင့် ရှုကျိုးကို ထပ်ကြည့်လာခဲ့ကာ သူ့ကိုယ်သူ အိုမင်းနေပြီဟု ထင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တစ်ခြားသော ပြိုင်ပွဲဝင်များမှာလည်း အမူအရာ လေးနက်သွားခဲ့သည်။
သူတို့သည် သူ့ထက် ရာစုနှစ်ပေါင်းများစွာ ငယ်ရွယ်သည့် ဤအငယ်လေးထံတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ရှိနေသည်ဆိုသည်ကို နားလည်သွားကြသည်။
…
ပြိုင်ပွဲကို ဆက်လက်၍ ကျင်းပပြုလုပ်ခဲ့သည်။
လျူဟိုင်ဖုန်းအလှည့်သို့ ရောက်လာသည့် အချိန်တွင် ရှုကျိုးသည် အနည်းငယ် အာရုံပိုစိုက်နေခဲ့သည်။
သို့သော် သူသည် လျူဟိုင်ဖုန်းက သူ၏ပြိုင်ဘက်ဖြစ်သူကို တစ်ကွက်တည်းဖြင့် ရက်ရက်စက်စက် ခုတ်ပိုင်းသတ်ဖြတ် အနိုင်ယူခဲ့သောကြောင့် သူအံ့ဩသွားခဲ့ရသည်။
ထိုဖြစ်ရပ်မှာလည်း တစ်ခြားသော ပြိုင်ပွဲဝင်များကပါ လျူဟိုင်ဖုန်းကို ပို၍ အာရုံစိုက်သွားကြသည်။
ရင်ဆိုင်ရ ခက်ခဲတဲ့ လူပဲ !!
ပြိုင်ဘက်ကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင် လျူဟိုင်ဖုန်းသည် ရှုကျိုးကို လှမ်းကြည့်လာခဲ့ပြီး၊ သူ၏လက်တစ်ဖက်ဖြင့် လည်ဖြတ်သည့် ဟန်အမူအရာမျိုး လုပ်ပြလာခဲ့သည်။
ရှုကျိုးသည် ထိုမြင်ကွင်းကို အေးအေးလူလူ ကြည့်ရှုနေခဲ့သည်၊ သို့သော် သူ၏အကြည့်ကမူ အနည်းငယ် ပို၍ နက်ရှိုင်းသွားခဲ့သည်။
…
မကြာခင်မှာပင် ဒုတိယအကျော့ ပွဲစဥ်များစတင်လာခဲ့သည်၊ ရှုကျိုး၏ ပြိုင်ဘက်သည် အသက်ခြောက်ဆယ်ကျော် အရွယ်ရှိသည့် စတုတ္ထအဆင့် အထွတ်အထိပ် သက်လတ်ပိုင်း ပညာရှင် တစ်ဦးဖြစ်သည်။
သို့ရာတွင် ထိုလူ၏ အရှိန်အဝါသည် လီချင်ဟဲ့ထပ် များစွာသာလွန်အားကောင်းနေခဲ့သည်။
အကယ်၍ လီချင်ဟဲ့ကသာ ဝံပုလေဆိုပါက ဤလူသည် ကျားတစ်ကောင်ပင် ဖြစ်သည်။
“ အဲ့တာက ကျောင်းရှန်ဟေးပဲ !! အရင်တစ်ခေါက်ပြိုင်ပွဲတုန်းက ထိပ်ဆုံး အယောက်၂၀အဆင့်ကို ဝင်ခဲ့တဲ့လူလေ “
“ ကျောင်းရှန်ဟေးက တော်တော်စွမ်းတယ်။ သူက ကလေးဘဝကတည်းက လှံသိုင်း လေ့ကျင့်နေခဲ့ပြီးတော့၊ အခုဆိုရင် သူ့ရဲ့ နတ်လှံသိုင်းက တော်တော်ကြီးကို အဆင့်မြင့်နေပြီ၊ သာမန် အဆင့်၅ပညာရှင်တွေကတောင် သူ့ကို အပေါ်စီးကနေ ယှဥ်မတိုက်နိုင်ဘူး “
“ အဲ့ကလေးက ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “
လူအများစု၏ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။
အကယ်၍ ရှုကျိုးက နတ်လက်နက်ကိုသာ အားကိုးနေဦးမည်ဆိုပါက ဤနေရာမှာပင် ဇာတ်သိမ်းသွားရလိမ့်မည် ဖြစ်သည်။
စင်မြင့်ထက်၌
ကျောင်းရှန်ဟေးသည် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ကျောင်းရှန်ဟေးပါ “
“ ရှုကျိုးပါ “
တိုက်ပွဲမစခင် အချိန်များကတည်းက အမည်များကို ကြေညာခဲ့ပြီးပြီ ဖြစ်သောကြောင့် ရှုကျိုးသည် တစ်ဖက်လူက မည်သည့်အတွက်ကြောင့် အမည်များကို မိတ်ဆက်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် ၎င်းသည် သိုင်းပညာရှင်ဟောင်းကြီးများကြားရှိ အသံတိတ် နားလည်မှုတစ်ခု ဖြစ်နေနိုင်သောကြောင့် ရှုကျိုးသည် ရေလိုက်ငါးလိုက်ဖြင့် သူ၏အမည်ကို ကြေညာပေးခဲ့သည်။
“ ရှုကျိုး “ ကျောင်းရှန်ဟေးသည် တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် စကားပြောလာခဲ့သည် “ မင်းနဲ့တိုက်ဖို့မျှော်လင့်နေခဲ့တာ အတော်ကြာနေပြီ၊ ငါက လှံသိုင်းကို နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ထားခဲ့ပြီးတော့ အဲ့တာရဲ့ စွမ်းအားက ကြီးမားတယ်၊ ဆိုတော့ ဂရုစိုက်ကွာ “
စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကျောင်းရှန်ဟေးသည် ချက်ချင်း လှုပ်ရှားလာခဲ့သည်။
“ ဘုမ်းးးး !! “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ့လက်ထဲရှိ လှံရှည်သည် ရုတ်တရက် တုန်ခါလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
၎င်းသည် အဆင့်မြင့် လက်နက်တစ်လက်ဖြစ်နေမည်မှာ သိသာလှသည်၊ ၎င်းထုတ်လွှတ်ထားသည့် အရှိန်အဝါကို အကဲခတ်ကြည့်ရခြင်းအားဖြင့် ၎င်းသည် အနိမ့်ဆုံးအနေဖြင့် Bအဆင့်(သို့) ထို့ထပ်အဆင့်မြင့် လက်နက်တစ်ခု ဖြစ်နေနိုင်သည်။
“ ကောင်းကင်ဘုံလင်းယုန် နတ်လှံ နည်းစနစ် !! “
ကျောင်းရှန်ဟေးသည် တိုးညှင်းစွာ ဟိန်းဟောက်၍ သူ၏လှံကို လွှဲရမ်းလာခဲ့ရာ၊ လှံအလင်းတန်း ပွင့်ထွက်လာခဲ့သည်။
အဆိုပါလှံသည် ချီ-သွေးစွမ်းအားကို လှုပ်ခတ်သွားစေပြီး၊ အံ့ဖွယ်ကောင်းသည့် အရှိန်အဟုန်အဖြစ် ပြောင်းလဲသွားကာ၊ ရှုကျိုးအပေါ်သို့ ဆင်းသက်လာခဲ့သည်၊ လှံနည်းစနစ်၏ အထွတ်အထိပ် နယ်ပယ် -- အရှိန်အဟုန်ဖြစ်သည့် လှံဆန္ဒပင် !!
၎င်း၏ စွမ်းအားသည် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ အဌမအဆင့် (သို့) နဝမအဆင့်ဖြင့်ပင် ညီမျှလုနီးပါး ဖြစ်နေခဲ့သည်။
ကျောင်းရှန်ဟေးသည် စတိုက်သည့် အချိန်မှာပင် သူ၏ပွဲသိမ်းတိုက်ကွက်ကို ထုတ်ဖော်လာခဲ့သည်၊ လီချင်ဟဲ့၏ ဖြစ်ရပ်မှ သင်ခန်းစာရထားသည်ဆိုသည်မှာ သိသာလှပေသည်။
“ ဟမ့် “
ရှုကျိုးမှ တိုးညှင်းစွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏ ပုံရိပ်သည် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ဟင်းလင်းပြင် စွမ်းရည် - တည်နေရာ ကူးပြောင်းခြင်း !!
ကိုယ်ပွားက ပဥ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သူ၏ဟင်းလင်းပြင်စွမ်းရည်သည် အကွာအဝေးသာလျှင် မဟုတ်ဘဲ အမြန်နှုန်းပါ တိုးတက်လာခဲ့သည်။
ဥပမာအားဖြင့် ယခင်က သူသည် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်း တည်နေရာကူးပြောင်းနေနိုင်ခဲ့သည်။
ယခု၌ သူသည် တစ်စက္ကန့်၏ တစ်ရာပုံတစ်ပုံအတွင်းမှာပင် တည်နေရာကူးပြောင်းနေနိုင်ပြီ ဖြစ်သည်။
၎င်းသည် ရှုကျိုးက ရန်သူ၏မြန်နှုန်းမြင့် တိုက်ခိုက်မှုများကိုပင် ရှောင်ရှားနိုင်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
သို့ရာတွင် ကျောင်းရှန်ဟေး၏ လှံသည် ကောင်းကင်ဘုံကို ထောက်ခံပေးထားသည့် တိုင်တစ်တိုင်ကဲ့သို့ ရုတ်တရက် ကြီးမားလာခဲ့ပြီး၊ တဟုန်ထိုး ဆင်းသက်လာခဲ့သည်။
စင်ပေါ်တွင် တည်နေရာကူးပြောင်းရန်အတွက် နေရာများများစားစား ရှိမနေခဲ့ပေ၊ ထို့ကြောင့် ၎င်းသည် ရှုကျိုးအား ထိပ်တိုက်ရင်ဆိုင်ရန် တွန်းအားပေးလာခဲ့သည်။
“ ဟားဟား …… အမြန်နှုန်းက မဆိုးပါဘူး၊ ဒါပင်မဲ့ အဲ့တာက ငါနဲ့ရင်ဆိုင်ရင် အသုံးမဝင်ဘူး “
ကျောင်းရှန်ဟေးသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်၊ သူ၏ဧရာမ လှံကြီးသည် ရှုကျိုးဆီသို့ ပြေးဝင်သွားခဲ့သည်။
လေထုသည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို တောင့်မခံနိုင်တော့ဘဲ တဝီဝီ အော်မြည်လာခဲ့ပြီး၊ သွေးနီရောင် အလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့သည်။
ရှုကျိုးကမူ အေးအေးလူလူသာ ဖြစ်နေစဲပင်၊ သူသည် ကြွယ်ဝန်လွန်းသော သူ၏ချီ-သွေးစွမ်းအား အကုန်လုံးကို နဂါးမီးလျှံ ဆေဘာအတွင်းသို့ သွန်းလောင်းလိုက်သည်။
နဂါးမီးလျှံဆေဘာသည် အော်မြည်၍ တုန်ခါလာခဲ့ကာ၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော အနီရောင်အလင်းတန်းတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။
“ သတ် !!! “
ရှုကျိုးမှ ဆေဘာကို ရုတ်တရက် လွှဲရမ်းလာခဲ့ရာ၊ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် အနီရောင် ဆေဘာအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ အလင်းတန်းက အစပိုင်းတွင် အားနည်းနေပုံရပြီး၊ ပါးလွှာသော အနီရောင်မျဥ်းကြောင်းအဖြစ်သာ ရှိနေခဲ့သည်၊ သို့သော် ၎င်းသည် ကောင်းကင်ဘုံကို ဆုတ်ဖြဲတော့မည့်အလား ဖြစ်နေသည့် မီတာရာနှင့်ချီ၍ ရှည်လျားသော ကြောက်မက်ဖွယ် အနီရောင် အလင်းတန်းတစ်ခုအဖြစ် ချက်ချင်းကြီးမားလာခဲ့သည်။
ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ နဝမအဆင့် - ကောင်းကင်ဖန်ဆင်းခြင်း !!
နဂါးမီးလျှံ ဆေဘာ၏ စွမ်းအားကြောင့် ဆေဘာခုတ်ချက်သည် အံ့ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ထားသော ကြက်သွေးရောင် ကြယ်မြစ်တစ်စင်းကဲ့သို့ ဧရာမလှံကြီးနဲ့ တိုက်မိသွားခဲ့သည်။
“ ဝုန်းးး !!! “
နဂါးမီးလျှံ ဆေဘာ၏ အရှိန်အဟုန် မြင့်တက်လာခဲ့ကာ ကြက်သွေးရောင်အလင်းတန်း ပေါက်ထွက်လာခဲ့ပြီး၊ ဧရာမလှံကြီးကို ဖုံးလွှမ်းသွားတော့သည်။
ခရက် !!
ကွဲအက်သံတစ်ခု ပေါ်လာခဲ့ပြီး၊ လှံ၏ မျက်နှာပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဖူးးးး ~~ “
ကျောင်းရှန်ဟေးသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရပြီး၊ အထိတ်တလန့်ဖြစ်သွားခဲ့သည်။
သူ၏ နောက်ထပ်တိုက်ကွက်တစ်ခုကို မပြုလုပ်နိုင်ခင် အချိန်မှာပင် ရှုကျိုး၏ ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ချဥ်းကပ်လာကာ ကန်ထုတ်လာခဲ့သည်။
“ ဘုမ်း !!! “
ကန်ချက်သည် ကျောင်းရှန်ဟေး၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားပြီး၊ သူသည် လှေကြီးတစ်စင်းနှင့် ဝင်တိုက်ခံလိုက်ရသကဲ့သို့ ခံစားသွားရကာ လွင့်ထွက်သွားတော့သည်။
သူသည် စင်အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
တစ်ခဏခန့် အကြာတွင် ကျောင်းရှန်ဟေးသည် မတ်တပ်ရပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရတော့သည်၊ ထို့နောက်တွင် သူသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လက်သီးဆုပ်၍ ပြောလာခဲ့သည် “ သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
ရှုကျိုးသည် အသာအယာ ပြုံးပြလိုက်ပြီး၊ သူ၏ဆေဘာကို သိမ်းကာ စင်ပေါ်မှ ဆင်းသွားခဲ့သည်။
ထို့ကြောင့် ရှုကျိုးသည် ထိပ်ဆုံး၂၅ဦးစာရင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
…
ပရိတ်သတ်တစ်အုပ်လုံးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေလျက်ရှိသည်။
မည်သူက ရှုကျိုးက ဒုတိယမြောက်ပွဲစဥ်ကို အလွယ်တကူ အနိုင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ပထမပွဲစဥ်မှာ လီချင်ဟဲ့၏ ပေါ့ဆမှုကြောင့်ဟု ပြောဆိုနိုင်လေသည်။
သို့သော် ယခုပွဲစဥ်ကမူ စစ်မှန်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ကျောင်းရှန်ဟေးမှာ သူ၏ပွဲသိမ်းတိုက်ကွက်ကို အစကတည်းက ထုတ်သုံးခဲ့သော်လည်း၊ သူသည် ရှုကျိုး၏ တိုက်ကွက်တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ချေ။
“ သူ့ရဲ့ စွမ်းအားက တော်တော်ကြီးကို အားကောင်းတာပဲဟ။ တကယ်လို့ ငါသွားရမယ်ဆိုရင် ငါကတောင် သူ့ပြိုင်ဘက် ဟုတ်မနေမှာကို စိုးရိမ်မိတယ် “
“ နတ်လက်နက်ကတော့ တကယ်ကို အံ့ဩစရာပဲ၊ စွမ်းအားက တကယ်ကြောက်ဖို့ကောင်းတယ် “
“ တကယ်လို့ ငါ့ဆီမှာ နတ်လက်နက် ရှိနေမယ်ဆိုရင် ငါက ထိပ်ဆုံး၅ယောက်အဆင့်ထဲကို ဝင်ဖို့တောင် ယုံကြည်ချက် ရှိသွားမှာ “
လူအုပ်ကြီးသည် ပို၍မနာလိုအားကျ ဖြစ်သွားကြသည်။
ရှုကျိုးပြသခဲ့သည့် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ စွမ်းအားသည် အမှန်ပင် အလွန်တရာ အားကောင်းနေခဲ့သည်၊ သို့သော် လူတော်တော်များများသည် ရှုကျိုးက နတ်လက်နက်၏ အကူအညီကြောင့်သာ ကျောင်းရှန်ဟေးကို ဤမျှအလွယ်တကူ အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ ပြိုင်ပွဲမှာ နတ်လက်နက်သုံးတာက တရားမျှတရှိရဲ့လား? “
ထိုလူသည် လျူဟိုင်ဖုန်းဖြစ်သည်။
ထိုအချိန်၌ လျူဟိုင်ဖုန်း၏ အကြည့်သည် အလွန်တရာ မှောင်မိုက်နေလျက်ရှိပြီး၊ ရှုကျိုး၏ နတ်လက်နက်သည် သူ့အား အတော်လေး စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
သူ၏ စကားကို လူတော်တော်များများက ချက်ချင်းထောက်ခံလာကြသည်။
“ ဟုတ်တယ်၊ နတ်လက်နက်ရဲ့ စွမ်းအားက တော်တော်ကြီးကို အားကောင်းလွန်းတယ်၊ ဒီလိုအဆင့် ပြိုင်ပွဲမျိုးမှာ အဲ့တာကို သုံးတာက အနိုင်ကျင့်နေတာပဲ “
“ Aအဆင့် လက်နက်တွေကတောင် နတ်လက်နက်ရဲ့ စွမ်းအားကို မယှဥ်နိုင်ဘူး။ အဲ့တာက တားမျှတမှု မရှိတာပဲ !! “
လျူချင်းယွမ်မှ မာမာထန်ထန် ပြန်ပြောလိုက်သည် “ ပြိုင်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ ချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေက ကိုယ်ပိုင်ခွန်အားနဲ့ သက်ဆိုင်တယ်၊ နတ်လက်နက်ကလည်း အဲ့ထဲမှာ ပါတယ် “
လျူဟိုင်ဖုန်းကို ကြည့်လိုက်သည့် သူ၏အကြည့်သည် အနည်းငယ် အေးစက်နေခဲ့သည်။
သူသည် လျူဟိုင်ဖုန်းက ရှုကျိုး၏ စွမ်းအားကို လျော့နည်းသွားစေရန်အတွက် လှည့်ကွက်များ သုံးနေသည်ဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။
ထိုအချိန်တွင် တာဝါထိပ်ပေါ်ရှိ အဌမအဆင့် ပညာရှင် ချန်ကျူးဟဲ့မှ အေးအေးလူလူဖြင့် ရုတ်တရက် စကားဝင်ပြောလာခဲ့သည်။
“ ရှုကျိုးရဲ့ နတ်လက်နက်က သူ့ရဲ့ ကိုယ်ပိုင်ခွန်အားကြောင့် ရထားပဲကို၊ ဘာမမျှတစရာ အကြောင်းရှိလို့လဲ? ပြီးတော့ သူက အစောပိုင်း အဆင့်၄မှာပဲ ရှိနေသေးတာလေ၊ အဆင့်၄ အထွတ်အထိပ်မှာ ရှိနေတဲ့ မင်းတို့က ရှုကျိုးကို တိုက်တာကရော တရားမျှတမှု ရှိရဲ့လား? “
လူတော်တော်များများသည် တိတ်တဆိတ် ကျိန်ဆဲနေကြတော့သည်။
၎င်းက ယုတ္တိရှိသော်လည်း ရှုကျိုးကို မျက်နှာသာပေးနေသည်ဆိုသည်မှာ ထင်ရှားနေခဲ့သည်၊ သို့သော် ရန်ပြည်ထောင်၏ အထူးချွန်ဆုံး ပါရမီရှင်ကို မျက်နှာသာပေးခြင်းမှာ ပုံမှန်သာလျှင် ဖြစ်ပေသည်။
အဌမအဆင့် ပညာရှင်ကိုယ်တိုင်က စကားဝင်ပြောလာခဲ့သောကြောင့် မည်သူကမှ မကန့်ကွက်ရဲတော့ပေ။
လျူဟိုင်ဖုန်း၏ အမူအရာမှာလည်း အလွန်တရာ အေးစက်သွားခဲ့သည်။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါက နတ်စွမ်းရည်ကို ဖွဲ့စည်းထားခဲ့ပြီးပြီ၊ ပြီးတော့ အဲ့တာက စွမ်းအားအကောင်းဆုံး အမျိုးအစားတစ်ခုထဲက တစ်ခုပဲ “
လျူဟိုင်ဖုန်းသည် တိတ်တဆိတ် ရေရွတ်ပြောဆိုနေတော့သည် “ ငါက အဆင့်၅နဲ့ ခြေတစ်လှမ်းပဲ ဝေးတော့တာ၊ တကယ်လို့ လိုအပ်မယ်ဆိုရင် အဆင့်တက်လိုက်ပြီး အဲ့ခွေးစုတ်လေးကို ဖျက်စီးပစ်မယ် “
သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
အကယ်၍ သူကသာ ပဥ္စမအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက ပြိုင်ပွဲမှ ဖယ်ထုတ်ခံလိုက်ရမည် ဖြစ်သည်။
သို့သော် ရှုကျိုးကို သတ်နိုင်မည်ဆိုပါက သူသည် မည်သည့်တန်ဖိုးကိုမဆို ပေးချေလိုက်မည် ဖြစ်သည်။
…
ရှုကျိုးသည် သူ၏ထိုင်ခုံဆီသို့ ပြန်ရောက်လာခဲ့သည်။
လျူချင်းယွမ်မှ ချီးကျူးလာခဲ့သည် “ မဆိုးပါဘူး၊ မင်းရဲ့စွမ်းအားက ကွမ်ဟန်မှာတုန်းကထပ် ပိုပြီးတော့ အားကောင်းလာတာပဲ “
“ အဲ့တာက ဆရာ့ရဲ့ သင်ပြပေးမှုကြောင့်ပါ “ ဟုရှုကျိုးမှ ပြန်ဖြေလာခဲ့သည်။
လျူချင်းယွမ်သည် အားပါးတရ ရယ်မော၍ ပြောလာခဲ့သည် “ လျူဟိုင်ဖုန်းရဲ့ စွမ်းအင်အတက်အကျက မူမမှန်တာကို ငါခံစားမိတယ်၊ သူက အဆင့်၅ကို ရောက်ဖို့ အသင့်ဖြစ်နေပြီ၊ အချိန်မရွေး အဆင့်၅ကို တက်သွားနိုင်တယ်၊ ဂရုစိုက် “
“ ပြီးတော့ သူက နတ်စွမ်းရည်ကို ဖွဲ့စည်းခဲ့တဲ့ပုံပဲ၊ အဲ့လူ လျူမိသားစုထဲမှာ အမြဲလိုလို တိတ်ဆိတ်နေတတ်တယ်၊ ဒီပြိုင်ပွဲကနေတစ်ဆင့် နာမည်တစ်လုံးရအောင် လုပ်ဖို့ ကြံစည်နေတဲ့ပုံပဲ “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် လျူဟိုင်ဖုန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ တစ်ဖက်လူထံမှ ထွက်ပေါ်နေသည့် အားကောင်းလွန်းလှသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရပြီး၊ မနေနိုင်တော့ဘဲ နှုတ်ခမ်းထောင့်များ တွန့်ကွေ့သွားခဲ့သည်။
နာမည်တစ်လုံး တည်ဆောက်ချငနေတာလား?
မင်းက နာမည်တစ်လုံးကို သေချာပေါက် တည်ဆောက်နိုင်မှာပဲ၊ အောင်မြင်ကျော်ကြားဖို့ အတွက်တော့ မဟုတ်ဘူးပေါ့ ………..
……………………………………………………………………………………………………………………………………
အပိုင်း ( 429 )
ကံကောင်းခဲ့တာပါ
ပြိုင်ပွဲမှာ ဆက်လက်၍ ကျင်းပနေခဲ့ပြီး၊ စင်မြင့်ငါးခုစလုံး၏ ထိပ်ဆုံး ၂၅ယောက်စီ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
နောက်တစ်ကျော့တွင် စင်မြင့် ငါးခုစလုံးမှ လူတစ်ယောက်ချင်းစီတိုင်းသည် အလိုအလျောက် နောက်တစ်ဆင့် တက်သွားမည်ဖြစ်ပြီး၊ ကျန်လူ၂၄ယောက်စီကမူ တစ်ဦးနှင့် တစ်ဦး ရင်ဆိုင်ရကာ ထိပ်ဆုံး၁၂ယောက်စီ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ ပိုနေသည့် လူငါးယောက်နှင့်အတူ ပေါင်းစည်းလိုက်ရမည်ဆိုပါက နောက်တစ်ဆင့်သို့ စင်မြင့်တစ်ခုစီမှ လူ၁၃ယောက်စီ တက်သွားကြမည် ဖြစ်သည်။
“ ဘယ်သူက မဲပေါက်မလဲဆိုတာကို ငါသိချင်မိတယ် “
ပြိုင်ပွဲဝင်များသည် မျှော်လင့်စောင့်စားနေကြသည်။
မကြာခင်မှာပင် ရလဒ်ကို ကြေညာလာခဲ့သည်။
အလိုအလျောက်အနိုင်ရသည့် မဲပေါက်သူများမှာ
ပထမစင်မြင့် : ရှုကျိုး
ဒုတိယစင်မြင့် : ကောင်းကင်ဖျက်လက်သီး၊ အကြီးအကဲ ချန်လန်
တတိယစင်မြင့် : အမှောင်မိုးကြိုး ဓားသမား၊ လီပိုင်ရွှမ်
စတုတ္ထစင်မြင့် : မြောက်ပိုင်း ဓားသူရဲကောင်း၊ ဝမ်ထုန်
ပဥ္စမစင်မြင့် : အရှင်သခင်လှံ ကျိုးကျီ
ရလဒ်များကို ကြားလိုက်ရသည့် အချိန်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
လူငါးဦးအနက် သူတစ်ဦးတည်းထံတွင် အမည်ဂုဏ်ပုဒ် မရှိခြင်းဖြစ်သည်။
မဲပေါက်သူတိုင်းသည် သက်ဆိုင်ရာစင်မြင့်များ၏ အသန်မာဆုံး ပြိုင်ပွဲဝင်များဖြစ်သည်။
“ ကြည့်ရတာတော့ မဲလို့ခေါ်တဲ့ ဒီဟာကို တိတ်တဆိတ် ချယ်လှယ်မှုတွေ ရှိနေတဲ့ပုံပဲ “ ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါယမ်းနေတော့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ကောင်းကင်ဖျက် လက်သီးနှင့် အမှောင်မိုးကြိုး ဓားသမားကဲ့သို့ ထိပ်တန်းပြိုင်ပွဲဝင်နှစ်ဦးက တူညီသော စင်မြင့်ထက်တွင် မရှိရခြင်းမှာ အာဏာပိုင်များ၏ စီစဥ်မှုပင် ဖြစ်ပြီး သူတို့အား နောက်ဆုံး တိုက်ပွဲများတွင်သာ ပေးတွေ့ချင်ပုံရသည်။
သူ့ဘေးနားရှိ လျူချင်းယွမ်မှ စကားပြောလာခဲ့သည် “ နောက်တစ်ကျော့ဆိုရင်လည်း မင်းကပဲ မဲပေါက်ဦးမယ်လို့ ငါထင်တယ် “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် အလောတကြီး ဖြစ်မနေခဲ့ပေ၊ လျူဟိုင်ဖုန်း၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် ထိုလူသည် အဆုံးထိ သေချာပေါက် ပါလာမည်ဖြစ်သည်။
တစ်နည်းဆိုရသော် ထိုလူနှင့် သူ့ကြားတွင် တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ပေါ်လာမည် ဖြစ်သည်။
…
ပြိုင်ပွဲအား အစီအစဥ်တကျ ဆက်လက်ကျင်းပနေခဲ့သည်။
ရှုကျိုးထင်ထားခဲ့သည့်အတိုင်းပင် ဤတစ်ကျော့၌ လျူဟိုင်ဖုန်းသည် သူ၏ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့သည်။
လျူဟိုင်ဖုန်းသည် သုံးပွဲဆက်တိုက် အလွယ်တကူ အနိုင်ရခဲ့သည်၊ ၎င်းမှာ ပရိတ်သတ်များ၏ အာရုံများ ဆွဲဆောင်သွားခဲ့သည်။
“ ဆိုတော့ အဲ့လူပေါ့၊ သူက အရင်နှစ်တုန်းက ပြိုင်ပွဲမှာ ထိပ်ဆုံးငါးယောက်အဆင့်ထဲ ဝင်နိုင်လုနီးပါး ဖြစ်ခဲ့တယ်လေ “
“ သူကလည်း ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ၊ သူက ရှုကျိုးကို ယှဥ်နိုင်မလားဆိုတာကို ငါသိချင်မိတယ် “
“ အဲ့လူက သူ့ရဲ့ စွမ်းအားကို အပြည့်အဝ မသုံးရသေးဘူး၊ သူ့ရဲ့တကယ့်စွမ်းအားက အမှောင်မိုးကြိုး ဓားသမားနှင့် တစ်ခြားလူတွေနဲ့တောင် ယှဥ်နိုင်လောက်တယ်။ တကယ်၍ ရှုကျိုးက အရင်ပွဲကလောက်သာ စွမ်းဆောင်နိုင်မယ်ဆိုရင်တော့၊ သေချာပေါက်ကို ရှုံးသွားမှာပဲ “
“ ငါတော့ အဲ့လို မထင်ဘူး၊ ရှုကျိုးကလည်း သူ့ရဲ့ တကယ့်စွမ်းအားကို ထုတ်မပြရသေးဘူး “
“ … “
လူအုပ်ကြီး၏ ဆွေးနွေးပြောဆိုမှုများနှင့်အတူ ပြိုင်ပွဲ၏ ဤအကျော့မှာလည်း နိဂုံးချုပ်သွားခဲ့သည်။
ပြိုင်ကွင်းအတွင်းရှိ သက်ဆိုင်ရာ စင်မြင့်များပေါ်တွင် လူ၁၃ဦးသာ ကျန်နေတော့သည်။
စတုတ္ထအကျော့တွင် တစ်ဖွဲ့ချင်းစီတိုင်းမှ လူတစ်ယောက်စီတိုင်းသည် မဲပေါက်ကာ နောက်တစ်ဆင့်သို့ ထပ်တက်သွားဦးမည် ဖြစ်သည်။ ကျန်ရှိနေသည့် ဆယ့်နှစ်ယောက်စီကမူ အောင်နိုင်သူ ခြောက်ဦးစီ ချန်ရစ်ထားခဲ့မည်ဖြစ်ပြီး၊ နောက်တစ်ဆင့်သို့ သက်ဆိုင်ရာစင်မြင့်များဆီမှ လူ၇ယောက်စီ တက်ရောက်သွားမည် ဖြစ်သည်။
ပဥ္စမအဆင့်တွင်လည်း ထို့အတိုင်းသာဖြစ်ပြီး၊ တစ်ဦးက မဲပေါက်ပြီး အနိုင်ရသူ သုံးဦး ပေါ်ထွက်လာမည်ဖြစ်ကာ၊ နောက်တစ်ဆင့်သို့ လူလေးဦးစီ တက်သွားကြမည် ဖြစ်သည်။
မထင်မှတ်ထားစွာဖြင့် ပဥ္စမအကျော့တွင် မဲပေါက်သည့် လူမှာ ရှုကျိုး မဟုတ်ဘဲ လျူဟိုင်ဖုန်းသာ ဖြစ်နေခဲ့သည်။
လျူဟိုင်ဖုန်း၏ အံ့ဩဖွယ်ရာ စွမ်းဆောင်ရည်များက ရှုကျိုးထပ် အထင်ကြီးဖွယ်ကောင်းနေသောကြောင့် အာဏာပိုင်များသည် မဲကို သူ့ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပုံရသည်။
…
ပဥ္စမအကျော့၏ ပွဲစဥ်များ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုး၏ ပြိုင်ဘက်သည် အသက် ၁၂၀အရွယ်ရှိသည့် နဂါးဝါဓား ဟဲ့ချောင်ချွမ်းဖြစ်နေခဲ့သည်။
ဘွဲ့အမည်ရရှိထားသူများသည် စတုတ္ထအဆင့်နယ်ပယ်၏ အစွမ်းထက် ပညာရှင်များသာ ဖြစ်သည်၊ သူက အမှောင်မိုးကြိုး ဓားသမားနှင့် တစ်ခြားလူများလောက် မသန်မာသော်လည်း ကွာဟချက်မှာ ကြီးမားနေမည် မဟုတ်ပေ။
ပြိုင်ပွဲစသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
သူ့အရှေ့၌ ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။
စတုတ္ထအဆင့် ပညာရှင်တစ်ဦး၏ ဘဝသက်တမ်းသည် နှစ်၁၅၀ကျော်လေ့ရှိတတ်သည်၊ စတုတ္ထအဆင့်တွင် အသက်၁၂၀အရွယ် ရှိနေခြင်းမှာ အသက်ကြီးသည်ဟု သတ်မှတ်နိုင်ပေသည်။
ရှုကျိုးသည် ထိုအသက်အရွယ်မှာပင် ယှဥ်ပြိုင်လိုစိတ် ရှိနေသေးသည့် အကြီးအကဲများကို အတော်လေးစားအားကျနေခဲ့သည်။
“ အကြီးအကဲ စပါ “ ရှုကျိုးသည် သူ၏နဂါးမီးလျှံကို ဆေဘာကို ဓားအိမ်ထဲမှ ဆွဲထုတ်၍ သူ၏နောက်ကျောဘက်တွင် ထားလိုက်ပြီး၊ စကားပြောဆိုရင်းဖြင့် ပြုံးပြလိုက်သည်။
ဟဲ့ချောင်ချွမ်းသည် ရှုကျိုးလက်ထဲတွင် ရှိနေသည့် နဂါးမီးလျှံဆေဘာကို ကြည့်ကာ တစ်ဏခန့် တိတ်ဆိတ်သွားခဲ့ပြီးမှ သူ၏ကိုယ်ပိုင်လက်နက်ကို ဆွဲထုတ်လိုက်သည်။
၎င်းမှာ ဓားရှည်တစ်လက်ဖြစ်ပြီး၊ ဓားလက်ကိုင်အား အဝါရောင်သမ်းရေသည့် အဖြူရောင် အဝတ်စဖြင့် စည်းနှောင်ထားခဲ့ပြီး၊ ၎င်းက ကြာရှည်စွာ အသုံးပြုခဲ့သည်ဆိုသည်ကို မီးမောင်းထိုးပြနေခဲ့သည်။
“ ဒီဓားက နဂါးဝါဓါးလို့ ခေါ်တယ်၊ ငါ့ကို အဖော်ပြုပေးခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီးတော့ ကိုယ်ပိုင် စိတ်ဝိညာဥ်လည်း ရသွားခဲ့တယ် “
ဟဲ့ချောင်ချွမ်းမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ သူက ငါ့ကို ပြောတယ်၊ မင်းလက်ထဲမှာ ရှိနေတဲ့ နတ်လက်နက်နဲ့ သူနဲ့က အရင်းအမြစ် တူတယ်တဲ့ “
ရှုကျိုး၏ မျက်ခုံးများသည် အံ့ဩတကြီးဖြင့် မြင့်တက်သွားခဲ့သည် “ အကြီးအကဲရဲ့ နဂါးဝါဓားကို အကြီးအကဲချန်းက သွန်းလုပ်ပေးခဲ့တာလား? “
ဟဲ့ချောင်ချွမ်းသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ ငါ့ရဲ့ နဂါးဝါဓားက ပြောနေတယ်၊ မင်းရဲ့ နတ်လက်နက်က အကြီးအကဲချန်းရဲ့ ဘဝတစ်သက်တာ အောင်မြင်မှုတွေနဲ့ သူ့ကြိုးစားအားထုတ်မှုရဲ့ အထွတ်အထိပ် ရလဒ်တစ်ခုတဲ့။ ငါ့ရဲ့ဓားကတော့ အကြီးအကဲချန်း ငယ်ရွယ်စဥ်အချိန်က ပြုလုပ်ခဲ့တာ သူက မင်းရဲ့ နတ်လက်နက်ကို မယှဥ်နိုင်ဘူး “
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ ဆိုတော့ ဆရာကြီးဟဲ့က ကျွန်တော့်ရဲ့ စွမ်းအားက ဒီနတ်လက်နက်အပေါ်မှာပဲ မူတည်နေတယ်လို့ ယုံကြည်နေတာလားဗျ? “
“ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တိုက်လိုက်ရင် ပေါ်လာပါလိမ့်မယ် “ ဟဲ့ချောင်ချွမ်း၏ စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏အရှိန်အဝါ ပွင့်ထွက်လာခဲ့သည်။
သူသည် စတုတ္ထအဆင့် နယ်ပယ်၏ ထိပ်သီးပညာရှင်ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်၊ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပရိတ်သတ်အုပ်ထဲရှိ လူတစ်ချို့သည် သူတို့၏ သဘောဆန္ဒမပါဘဲ ဦးညွတ်နေသကဲ့သို့ အတင်းအကြပ် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟဲ့ချောင်ချွမ်းလက်ထဲရှိ ဓားရှည်သည် အဝါရောင် အလင်းတန်းတစ်ခုကို ထုတ်လွှင့်လာခဲ့ပြီး၊ ၎င်းသည် ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။
“ တိုက် !! “
ဟဲ့ချောင်ချွမ်းသည် တောင်ပေါ်မှ ဆင်းသက်လာသည့် ကျားတစ်ကောင်ကဲ့သို့ ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။
ရှုကျိုး၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲသာဖြစ်သည်၊ သူသည် ဆေဘာကိုင်ထားသည့် လက်ကို ကျောနောက်သို့ ပို့ထားကာ ကျန်လက်တစ်ဖက်၏ လက်နှစ်ချောင်းဖြင့် ဓားတစ်ချောင်းကို လွှဲရမ်းသကဲ့သို့ အရှေ့ဘက်သို့ ခုတ်ပိုင်းလိုက်သည်။
( လက်တစ်ဖက်နောက်ပစ်ထားတဲ့ အနေအထားမျိုးပါ )
ချက်ချင်းဆိုသလိုပင် တောက်ပသော ဓားအလင်းတန်းသည် ကောင်းကင်ပြင်ကို ပိုင်းဖြတ်သွားခဲ့သည်။
၎င်းသည် ဟဲ့ချောင်ချွမ်း၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
သူသည် ရှုကျိုးက ဆေဘာကို လွှဲရမ်းလိုက်ခြင်း မဟုတ်ဘဲ သူ၏လက်ချောင်းများကိုသာ ဓားအဖြစ် အသုံးပြု၍ လွှဲရမ်းလိုက်သည်ဆိုသည်ကို အထင်အရှား မြင်တွေ့ခဲ့သည်။
“ မင်းရဲ့ ဓားအလင်းတန်းက ငါ့ရဲ့ နဂါးဝါဓားကို ယှဥ်နိုင်မယ်ဆိုတာ ငါမယုံဘူး “
ဟဲ့ချောင်ချွမ်းမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့ပြီး၊ သူ၏ချီ-သွေးစွမ်းအင်များကို ပြင်းပြင်းထန်ထန် နှိုးဆွ၍ အားကုန်သုံးကာ ရှုကျိုးကို တိုက်ခိုက်လာတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ နဂါးဝါဓားသည် ဧရာမမြေနဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ညိုဝါရောင် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှင့်လာခဲ့သည်၊ ၎င်း၏ဟိန်းဟောက်သံသည် ကောင်းကင်ဘုံနှင့် ပဲ့တင်ထပ်နေခဲ့ကာ ရှုကျိုးထံသို့ တဟုန်ထိုး ပြေးဆင်းလာခဲ့သည်။