← Chapters

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အပိုင်း ( 433 )

ချန်ပီယံ၏ အမည်နာမ

အခမ်းအနားမှူး၏ စကားလုံးများပေါ်ထွက်လာသည့်နှင့်တစ်ပြိုင်နက် ရှုကျိုးနှင့် လီပိုင်ရွှမ်သည် စင်မြင့်ထက်သို့ လျင်မြန်စွာ ခုန်တက်လာကြသည်။

အော်ဟစ်အားပေးသံများမှာလည်း အတော်လေး ညံထွက်နေခဲ့သည်။

“ လီပိုင်ရွှမ်ရေ၊ အဲ့ကလေးကို အနိုင်ပိုင်းပစ်လိုက် “

“ ရှုကျိုးရေ၊ မင်းနိုင်မှ ဖြစ်မယ်နော်!! ငါ့ရဲ့ကံတရားကို မင်းဆီမှာပဲ အကုန်ပုံအောထားတာကွ “

“ သတ် သတ် သတ် !!! “

ပြိုင်ကွင်းအတွင်းရှိ ပရိတ်သတ်များ၏ စိတ်အားထက်သန်မှုများသည် တဟုန်ထိုး မြင့်မားနေခဲ့သည်။

လျူဟိုင်ဖုန်းဘက်မှ လောင်းကြေးထပ်ခဲ့သည့် လူများသည် သူတို့စိတ်သက်သာရာရစေရန်အတွက် လီပိုင်ရွှမ်က ရှုကျိုးကို အနိုင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

သို့သော် လူတော်တော်များများသည် ရှုကျိုးအနိုင်ရမည်ဟုသာ လောင်းကြေးထပ်ခဲ့ကြသည်။

ယခင်က အတွေ့အကြုံများအရ ရှုကျိုးသည် ယခုနှစ်၏ အကြီးမားသော မြင်းနက်ဖြစ်ပြီး၊ ပြိုင်ပွဲ၏ ချန်ပီယံဖြစ်လာရန် အတော်လေး ဖြစ်နိုင်ခြေရှိသည်ဟု လူတော်တော်များများက လက်ခံယုံကြည်နေကြသည်။

ထိုသို့ တက်ကြွနေသည့် လေထုသည် လီပိုင်ရွှမ်ကိုပင် ခါးမတ်သွားစေခဲ့သည်။

ဤပြိုင်ပွဲက သူ့အတွက် များစွာအရေးမပါသော်လည်း ရှုကျိုးကို အနိုင်ယူခြင်းကမူ သိသားထင်ရှားသည့် တန်ဖိုးတစ်ခု ရှိနေခဲ့သည်။

…

ပြိုင်ကွင်း၌ ရှုကျိုးနှင့် လီပိုင်ရွှမ်တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ မတ်တပ်ရပ်နေကြသည်။

လီပိုင်ရွှမ်၏ ဂုဏ်ပုဒ်သည် အမှောင်မိုးကြိုး ဓားသမားဖြစ်သောကြောင့် သူ၏လက်နက်သည် ဓားဖြစ်နေခဲ့သည်။ သူသည် မျက်နှာပြင်ပေါ်တွင် ခရမ်းရောင် အလင်းတန်းတစ်ခု တောက်ပနေသည့် အတော်အတန် ရှည်လျားသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။

စင်ပေါ်သို့ တက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ချက်ချင်းစမတိုက်လာခဲ့ပေ။

“ ရှုကျိုး “

လီပိုင်ရွှမ်သည် ရှုကျိုးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ငါက မင်းလိုမျိုး လူငယ်ပါရမီရှင်တွေကို တကယ်လေးစားတယ်။ နှစ်အနည်းငယ်လောက် လေ့ကျင့်ရုံနဲ့ ဆယ်စုနှစ်နဲ့ချီပြီးတော့ လေ့ကျင့်ထားတဲ့ ငါတို့တွေကို ဖိနှိပ်နိုင်ကြတယ်။ မင်းလို လူတစ်ယောက်က လူသားမျိုးနွယ်စုရဲ့ ကောင်းချီတစ်ခုပဲ “

ရှုကျိုးကမူ သူ့ကို အေးအေးလူလူ ကြည့်နေခဲ့ကာ တစ်ဖက်လူက မည်ကဲ့သို့သော လှည့်ကွက်မျိုးအား အသုံးပြုနေလဲဆိုသည်ကို စဥ်းစားနေခဲ့သည်။

လီပိုင်ရွှမ်မှ ဆက်ပြောလာခဲ့သည် “ ငါက အသက်ဆယ့်ရှစ်နှစ်မှာ အဆင့်၁ကို ရောက်ခဲ့တယ်၊ အသက်နှစ်ဆယ်မှာ အဆင့်၂ကို ရောက်တယ်၊ နှစ်ဆယ့်သုံးနှစ်မှာ အဆင့်၃ကို ရောက်တယ် ……. “

သူသည် စင်ပေါ်တွင် မတ်တပ်ရပ်ကာ သူ၏ဘဝဇာတ်ကြောင်းကို ပြောပြနေခဲ့သည်။

ပရိတ်သတ်တစ်ချို့ကပင် စိတ်မရှည်နိုင် ဖြစ်လာကြတော့သည်။

“ သူတို့က တိုက်မှာလား မတိုက်ဘူးလား? “

“ ဟုတ်တယ်ဟေ့၊ တော်တော်ကြီးကို စကားများနေကြတယ် “

စင်မြင့်ထက်၌

ရှုကျိုးသည် ထိုလူ၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့် အချိန်အထိ စောင့်နေပြီးမှ ရုတ်တရက် ရယ်မော၍ ပြောလာခဲ့သည် “ အစ်ကိုလီ နားလို့ဝပြီလား? “

လီပိုင်ရွှမ် မှင်သက်သွားတော့သည်။

ထို့နောက်၌ သူ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။ ရှုကျိုး ပြောခဲ့သည့်အတိုင်းပင် သူသည် စကားပြောဆိုနေရင်းဖြင့် သူ၏ချီ-သွေးစွမ်းအားကို တိတ်တဆိတ် ချိန်ညှိနေခြင်းဖြစ်သည်။

စင်မြင့်ချန်ပီယံလုပွဲများမှာ ယခုလေးတင်မှ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။

စတုတ္ထအဆင့် သိုင်းပညာရှင်များသည် တိုက်ပွဲများ ဆက်တိုက်တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် အထွတ်အထိပ် အခြေအနေကို ဆက်လက်၍ ထိန်းသိမ်းထားရန် အလွန်တရာ ခက်ခဲလွန်းလှသည်။

ထို့ကြောင့်ပင် လီပိုင်ရွှမ်သည် စကားလျှောက်ပြောနေရင်းဖြင့် အနားယူနေခဲ့ခြင်း ဖြစ်သည်။

သို့သော် သိပ်မကြာခင် အချိန်မှာပင် လီပိုင်ရွှမ်မှ အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည် “ ညီအစ်ကိုရှုကလည်း ကောင်းကောင်းနားခဲ့ပြီးပြီထင်တယ် “

ရှုကျိုးသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အဆင်ပြေပါတယ်၊ ကျွန်တော်က နားဖို့မလိုပါဘူး “

လီပိုင်ရွှမ်မှ အေးစက်စွာ နှာခေါင်းရှုံ့၍ အော်ဟစ်လာတော့သည် “ အဲ့လိုဆိုရင်လည်း တိုက်ကြတာပေါ့ကွာ !! “

သူသည် ရှုကျိုး၏ စကားကို မည်သို့မျှ မယုံကြည်ခဲ့ပေ။ အချိန်အတော်ကြာ ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရပြီးသည့်နောက်တွင် ပဥ္စမအဆင့်(သို့) ဆဌမအဆင့် ပညာရှင်များကပင် ခက်ခက်ခဲခဲ တောင့်ခံနေကြရမည် ဖြစ်သည်။

ဒီကောင်လေးက ခေါင်းမာနေတာပဲ။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အစွမ်းထက် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။

“ သတ် !! “

လီပိုင်ရွှမ်သည် အော်ဟစ်ကြုံးဝါးလာခဲ့သည်၊ သူ့လက်ထဲရှိ ဓားရှည်သည် ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှုကျိုးဆီသို့ ပစ်ခွင်းလာခဲ့သည်။

၎င်းသာလျှင် မဟုတ်ဘဲ သူ၏လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ခရမ်းရောင် ပွင့်ဖတ်တစ်ခု ပွင့်လန်းလာကာ လေပေါ်တွင် မျောလွင့်နေခဲ့သည်။

“ ဗွီ ဗွီ ~~~ “

အဆိုပါ ပွင့်ဖတ်သည် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကို ထုတ်လွှင့်နေခဲ့သည်။ ပွင့်ဖတ်ပေါ်လာသည့် အခိုက်အတန့်တွင် စိတ်ဝိညာဥ်ဆိုင်ရာ ဖိအားတစ်ခုသည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်။

အဆိုပါ ဖိအားအောက်တွင် အတိဒုက္ခမိုးတိမ်များသည် ကောင်းကင်ထက်တွင် တစ်လွှာပြီးတစ်လွှာ လျင်မြန်စွာ ဖွဲ့စည်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြည်နေလင်နေခဲ့သည့် ကောင်းကင်ပြင်တွင် အတိဒုက္ခမိုးတိမ်များဖြင့် ပြည့်နှက်သွားခဲ့ပြီး၊ မိုးကြိုးမြွေများလည်း လှုပ်ခတ်နေခဲ့ကာ အံ့ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

“ အဲ့တာက မိုးကြိုးတာအို နတ်စွမ်းရည်လား? “

“ လီပိုင်ရွှမ်က တကယ်ကြီးကို နတ်စွမ်းရည် ဖွဲ့စည်းနိုင်ခဲ့တာပဲ၊ သူ့ဆီမှာ ဒီလိုဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ? “

ပရိတ်သတ်တစ်အုပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့ပြန်သည်။

မိုးကြိုးတာအို နတ်စွမ်းရည်သည် ၎င်း၏ လွှမ်းမိုးကြီးစိုးသည့် ဂုဏ်သတ္တိကြောင့် အမျိုးမျိုးသော နတ်စွမ်းရည်များအနက် အကျော်ကြားဆုံး နတ်စွမ်းရည်တစ်ခုအဖြစ် ရပ်တည်နေခဲ့သည်။

၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။

လီပိုင်ရွှမ်သည် ဤအကွက်ကို ယခင်က တိုက်ပွဲများတွင် ထုတ်မပြခဲ့ပေ၊ သို့သော် ရှုကျိုးနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် သူ၏ဝှက်ဖဲကို တိုက်ရိုက်ဖော်ထုတ်လာခဲ့သည်၊ သူက ရှုကျိုးကို အင်အားဖြင့် ချေမှုန်းချင်လိုသည်မှာ သိသာနေလျက်ရှိသည်။

မိုးကြိုးတာအို နတ်ပန်းပွင့်၊ သွား !!! “

သူ၏လက်ဝါးကို လှုပ်ရှားလိုက်ရာ ခရမ်းရောင် ပွင့်ဖတ်သည် အရှေ့သို့ ပျံသန်းလာခဲ့ပြီး၊ ခရမ်းရောင် ဓားအလင်းတန်းနှင့် ပေါင်းစည်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အလွန်တရာ တောက်ပသော ခရမ်းရောင် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အားကောင်းသော ဖိအားတစ်ခု ပျံ့လွင့်လာခဲ့သည်။

“ ငါ့နာမည်က အမှောင်မိုးကြိုး ဓားသမားပဲ၊ ဒါပင်မဲ့ လူအနည်းစုကပဲ အမှောင်မိုးကြိုး ဓားသမားရဲ့ ဇစ်မြစ်ကို သိကြတယ် “

လီပိုင်ရွှမ်မှာ တိုးညှင်းစွာ ရေရွတ်ပြောဆိုလာခဲ့သည် “ ဒီနေ့တော့ တကယ့်အမှောင်မိုးကြိုး ဓားသမားက ဘာလဲဆိုတာကို မင်းကို ပြမယ် “

သူမှ လက်ညှိုးထားလာခဲ့ရာ ခရမ်းရောင် ဓားအလင်းတန်းသည် ရှုကျိုးကို ဖုံးလွှမ်းသွားခဲ့သည်။

ဝရုန်းးးး !!!

ခရမ်းရောင် ဓားအလင်းတန်းက အရှေ့သို့ ပိုင်းဖြတ်လာခဲ့ရာ၊ ၎င်း၏လမ်းကြောင်းတွင် ရှိနေသည့် ဟင်းလင်းပြင်ကို ပြိုကွဲသွားစေခဲ့ပြီး၊ အတိဒုက္ခမိုးကြိုးထဲတွင် ချောက်နက်တစ်ခု ပေါ်လာသည့်အလား လျှပ်စီးတန်းများ လိမ်ယှက်သွားခဲ့သည်။

မြင်ကွင်းသည် မီတာပေါင်းရာနှင့်ချီ၍ ကြီးမားသော အနက်ရောင် မိုးကြိုးအတိဒုက္ခဆင်းသက်လာသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ကမ္ဘာဖျက်တော့မည့်အလားဖြစ်နေသည့် ကြောက်မက်ဖွယ် လှိုင်းလုံးများကို ထုတ်လွှတ်နေခဲ့သည်။

ဤအရာများက နှေးကွေးနေပုံရသော်လည်း အမှန်တိုင်းပြောရမည်ဆိုပါက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အသက်ရှူကြိမ်တစ်ကြိမ် အတွင်းမှာပင် အမှောင်မိုးကြိုး အတိဒုက္ခသည် ရှုကျိုးထံသို့ တိုးဝင်လာခဲ့သည်။

“ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားလဲ !!! “

“ အဲ့တာက လီပိုင်ရွှမ်ရဲ့ တကယ့်စွမ်းအားလား? အဲ့တာကို တစ်ချို့ အဆင့်၅ ပညာရှင်တွေကတောင် ခုခံနိုင်မှာ မဟုတ်ဘူး “

မီတာရာပေါင်းများစွာ ရှိသည့် မိုးကြိုးအတိဒုက္ခကို မြင်လိုက်ရသောအခါ၌ ပရိတ်သတ်တစ်အုပ်လုံး အံ့ဩတုန်လှုပ်သွားကြသည်။

ချန်ကျူးဟဲ့က အကာအရံကို တည်ဆောက်ပေးထားခဲ့သော်လည်း၊ သူတို့သည် အဆိုပါ မိုးကြိုးအတိဒုက္ခ၏ စွမ်းအားကို ခံစားနေရစဲသာ ဖြစ်သည်။

သို့သော် မုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသည့် ရှုကျိုးကမူ အေးအေးလူလူ ဖြစ်နေစဲပင်။

“ မိုးကြိုးတာအို နတ်စွမ်းရည်လား? “ ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်၍ စကားပြောလာခဲ့သည် “ မင်းက အဲ့တာကို ဒီလိုအဆင့်မျိုးအထိ ကျွမ်းကျင်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ ငါ့ထပ်တောင် နည်းနည်းလေး သာနေတယ် “

နတ်စွမ်းရည်များကို အဆင့်သုံးဆင့်အထိ ခွဲခြားထားခဲ့သည်။

မူလ(သို့) ရှေးဦးနတ်စွမ်းရည်၊ ကောင်းကင်နှင့်ကမ္ဘာမြေ နတ်စွမ်းရည်၊ နိယာမ(သို့) အန္တိမနတ်စွမ်းရည်တို့ပင် ဖြစ်သည်။

ရှုကျိုးအပါအဝင် သိုင်းပညာရှင် အများစုသည် နတ်စွမ်းရည်များကို ဖွဲ့စည်းနိုင်ကြပြီး၊ ၎င်းတို့မှာ မူလနတ်စွမ်းရည်မျှ ဖြစ်ကြသည်။

သို့ရာတွင် လီပိုင်ရွှမ်၏ မိုးကြိုးနတ်စွမ်းရည်ကမူ ကမ္ဘာကို ဖျက်စီးမည့် မိုးကြိုးအတိဒုက္ခအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်၊ ၎င်းက ကောင်းကင်နှင့် ကမ္ဘာမြေနတ်စွမ်းရည်အဆင့်နှင့် ထိတွေ့ထားနိုင်ပြီဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

၎င်းက ကောင်းကင်နှင့် ကမ္ဘာမြေနတ်စွမ်းရည်အဆင့်သို့ မရောက်ရှိသေးသော်လည်း၊ မူလနတ်စွမ်းရည်အဆင့်ထပ် သာလွန်နေခဲ့ပြီ ဖြစ်သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 434 )

ချန်ပီယံ၏ အမည်နာမ ၂

“ အခုမှ အရှုံးကို ဝန်ခံတာက နောက်ကျလွန်းနေပြီ မဟုတ်ဘူးလား? “ လီပိုင်ရွှမ်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

“ အရှုံးကို ဝန်ခံတာလား? “

ရှုကျိုးသည် အသာအယာ ပြုံးကာ ခေါင်းခါရမ်းနေတော့သည်။

အကယ်၍ တစ်ခြားလူတစ်ဦးဦးသာ ဖြစ်နေမည်ဆိုပါက၊ ယခုလက်ရှိ အချိန်တွင် အမှန်တကယ် ရှုံးနိမ့်သွားမည် ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် …..

ရှုကျိုးသည် သူ့ထံသို့ ထိုးဆင်းလာနေသည့် အမှောင်မိုးကြိုး အတိဒုက္ခကို ငေးကြည့်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်၊ မီးလျှံသည် သူ၏လက်ချောင်းများထိပ်တွင် ထပ်မံ၍ ဖြစ်ပေါ်လာပြန်သည်။

သို့သော် ဤတစ်ကြိမ်၌ ၎င်းမှာ ကွဲပြားနေခဲ့သည်။

မီးလျှံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဖြူအမည်း အလင်းတန်းများ တောက်ပလာခဲ့သည်။

၎င်းမှာ အားနည်းနေပုံရသော်လည်း၊ ၎င်း၏ စွမ်းအားသည် ယခင်ကထပ် ဆယ်ဆပိုမို အားကောင်းနေခဲ့သည်။

ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဓာတ်ကြီးငါးပါးဆိုင်ရာ နတ်စွမ်းရည်ငါးခုကို ဖွဲ့စည်းထားခဲ့ပြီးပြီ ဖြစ်သည်။ ယခင်ကတိုက်ပွဲတွင် သူသည် မီးတာအိုနတ်စွမ်းရည် တစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။

သို့သော် ယခု၌ သူသည် တစ်ခြားသော နတ်စွမ်းရည်လေးခုကို မီးတာအိုနတ်စွမ်းရည်နှင့် ပေါင်းစည်းလိုက်ကာ ဓာတ်ကြီးငါးပါးမီးတောက်အဖြစ် ဖန်တီးလိုက်သည်။

၎င်း၏စွမ်းအားက အစစ်အမှန် ဒြပ်စင်ငါးပါး နတ်နည်းစနစ်လောက် အစွမ်းမထက်သော်လည်း၊ သာမန်နတ်စွမ်းရည်များထပ် များစွာသာလွန်နေသေးသည်။

“ ဓာတ်ကြီးငါးပါး မီးတောက် !! သွား !! “

ရှုကျိုးမှ သူ၏လက်ကို လှုပ်ရှားလိုက်ရာ၊ အဖြူအမည်း အလင်းတန်းတို့ဖြင့် တောက်ပနေသည့် မီးလျှံသည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ကာ၊ လေတိုက်တိုင်း ကြီးမားလာတော့သည်။

ဇွီ !!

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓာတ်ကြီးငါးပါး မီးတောက်သည် အဖြူအမည်းမီးတောက်အဖြစ် ပြောင်းလဲသွားကာ အမှောင်မိုးကြိုး အတိဒုက္ခထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

“ ဘုမ်းးး !!! “

အားနှစ်ခု တိုက်မိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အားကောင်းသော လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ခရက် ခရက် !!

သူတို့နှစ်ဦးအောက်ရှိ စင်မြင့်သည် လျင်မြန်စွာ ကွဲအက်လာခဲ့ပြီး၊ ပွင့်ထွက်သွားတော့သည်။

ပရိတ်သတ်တစ်အုပ်လုံး အံ့ဩတကြီးဖြစ်သွားခဲ့သည်။

စင်မြင့်သည် Aအဆင့် သတ္ထုစပ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ပဥ္စမအဆင့် ပညာရှင်၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်သော အရာဖြစ်သည်၊ သို့သော် ယခုတွင်ကား အလွယ်တကူ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

“ ခရက် !! “

ကွဲအက်သံနောက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤတစ်ကြိမ်၌ ၎င်းသည် စင်မြင့်ထက်မှ ပေါ်ထွက်လာခြင်း မဟုတ်ပေ၊ ထို့အစား အမှောင်မိုးကြိုးအတိဒုက္ခထံမှ ပေါ်ထွက်လာသည့် အသံဖြစ်နေခဲ့သည်။

ဓာတ်ကြီးငါးပါး မီးတောက်က ကောင်းကင်ကို လောင်ကျွမ်းကာ ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားစေခဲ့သည်၊ အမှောင်မိုးကြိုး အတိဒုက္ခက ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း၊ ပူပြင်းသော မီးလျှံအောက်တွင် ဆီကဲ့သို့ လောင်ကျွမ်းသွားခဲ့သည်။

“ အဲ့တာက ….. “

လီပိုင်ရွှမ်သည် ထိုမြင်ကွင်းကို အံ့ဩတကြီး ငေးကြည့်နေခဲ့သည်။

သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ဓာတ်ကြီးငါးပါး မီးတောက်၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ သူ၏ အမှောင်မိုးကြီုး အတိဒုက္ခကို လုံးလုံးလျားလျား လောင်ကျွမ်းပြာချလိုက်တော့သည်။

ဝေါ !!

မီတာ တစ်ထောင်အမြင့်တွင် မီးလျှံသည် ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။

မှောဆန်သည့် အဆိုပါ မြင်ကွင်းသည် လီပိုင်ရွှမ်၏ မျက်နှာကို ချက်ချင်းဖြူဖျော့သွားစေခဲ့သည်။

ရှုကျိုးက သူ၏နတ်စွမ်းရည်ကို လုံးဝဖိနှိပ်ထားခဲ့ပြီဖြစ်ပြီး၊ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ၏နတ်စွမ်းရည်သည် ပြင်းထန်သော ထိခိုက်ဆုံးရှုံးမှုကို ခံစားရလိမ့်မည် ဖြစ်သည်။

လီပိုင်ရွှမ်သည် သူ၏ နတ်စွမ်းရည်ကို အလောတကြီးပြန်ရုတ်သိမ်းလိုက်သည်။

“ ဝှစ် !! “

ခရမ်းရောင် အလင်းတန်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ကာ လီပိုင်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။

သူ၏ အခြေအနေသည် အနည်းငယ် ပိုမိုကောင်းမွန်လာခဲ့သည်၊ သို့သော် မကြာခင်မှာပင် သူမျက်မှောင်ကြုတ်သွားခဲ့သည် “ ထူးဆန်းတယ်၊ ငါ့နတ်စွမ်းရည်ရဲ့ တစ်စိတ်တစ်ပိုင်းက ပျောက်နေသလိုပဲ?? “

နတ်စွမ်းရည်သည် သူ၏ အသက်ဓာတ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်၊ သို့သော် ယခု၌ သူသည် သူ့နတ်စွမ်းရည်၏ တစ်စိတ်တစ်ပိုင်းက ဝါးမြိုခံလိုက်ရသကဲ့သို့ ခံစားနေခဲ့ရသည်။

၎င်းမှာ သူ့အသက်ဓာတ်၏ တစ်စိတ်တစ်ပိုင်းက မျိုခံလိုက်ရသကဲ့သို့ ခံစားနေခဲ့ရသည်။

အဆိုပါ ခံစားချက်သည် သူ၏အသက်ဝိညာဥ်လက်နက်က ဖျက်စီးခံလိုက်ရသည်ထပ် ပိုမိုပြင်းထန်နေခဲ့သည်။

“ ဖူးးးး “

လီပိုင်ရွှမ်သည် ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရပြီး၊ သူ၏ချီ-သွေးစွမ်းအင်မှာလည်း လျင်မြန်စွာ လျော့နည်းသွားခဲ့သည်။

သူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည် “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?? သူက ငါ့ရဲ့နတ်စွမ်းရည်ကို ဝါးမြိုနိုင်တာလား? “

နတ်စွမ်းရည်သည် အသက်ဓာတ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး၊ အကယ်၍ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဝါးမြိုခံလိုက်ရမည်ဆိုလျှင်တောင်မှ နောင်အနာဂတ်တွင် အပြည့်အဝ ပြန်လည်သက်သာ ကောင်းမွန်လာရန်အတွက် အလွန်တရာ ခက်ခဲနေမည် ဖြစ်သည်။

သို့ရာ၌ ထိုအခိုက်အတန့်တွင် လီပိုင်ရွှမ်သည် ရှုကျိုးက သူ့ကို ငေးကြည့်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ငါအရှုံးပေးတယ် “

သူသည် တွေးတောစဥ်းစားမနေတော့ဘဲ ပြတ်ပြတ်သားသား အော်ဟစ်လာခဲ့သည်။

လီပိုင်ရွှမ်သည် အကယ်၍ သူဆက်တိုက်နေဦးမည်ဆိုပါက၊ သူ၏အဆုံးသတ်မှာလည်း လျူဟိုင်ဖုန်းနှင့် တူညီနေမည်ကို ကောင်းစွာနားလည်နေခဲ့သည်။

“ အရှုံးပေးလိုက်တာလား? “

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် အနည်းငယ် နောင်တရနေသည့် အမူအရာဖြင့် ဓာတ်ကြီးငါးပါး မီးတောက်ကို ရုတ်သိမ်းသွားတော့သည်။

အရိုးသားဆုံးပြောရမည်ဆိုပါက သူသည် သူ၏ တကယ့်စွမ်းအားကို ထုတ်လွှတ်လိုက်သည့် အချိန်တွင် ဤမျှလောက် မြန်မြန်ဆန်ဆန် အဆုံးသတ်သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းမှာ မကျေမနပ်ဖြစ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

သူသည် လီပိုင်ရွှမ်က သူ့အား မွန်းစတားတစ်ကောင်ကို မြင်တွေ့နေရသည့်အလား ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ကြည့်ရှုနေသည်ဆိုသည်ကို သတိမပြုမိခဲ့ပေ။

တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် လီပိုင်ရွှမ်သည် စင်ပေါ်မှ အလောတကြီး ပြေးဆင်းသွားတော့သည်၊ သူ၏အမူအရာမှာ ဖြူဖျော့နေလျက်ရှိပြီး၊ ဤနေရာတွင် တစ်စက္ကန့်လေးပင် ထပ်မနေချင်ပုံရသည်။

…

ချန်ပီယံလုပွဲ၏ ပထမဦးဆုံး ပွဲစဥ်ပြီးဆုံးသွားခဲ့ပြီး၊ ရှုကျိုးကပင် ချွင်းချက်မရှိ အနိုင်ရခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက လူတော်တော်များများသည် ရှုကျိုးက အနိုင်ရမည်ဟု လောင်းကြေးထပ်ထားခဲ့ကြသည်၊ သို့သော် သူတို့သည် သူက ဤမျှမြန်မြန်ဆန်ဆန် အနိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ တော်တော်ကြီးကို စွမ်းတယ်၊ တကယ်သန်မာတာပဲ “

“ အဲ့တာ မီးတာအိုနတ်စွမ်းရည်ရဲ့ စွမ်းအားလား? ငါလည်း တစ်နေ့မှာ မီးတာအို နတ်စွမ်းရည် ဖွဲ့စည်းနိုင်ရမယ် “

“ မီးတာအို နတ်စွမ်းရည်က အဲ့လောက်မစွမ်းဘူး။ ရှုကျိုးရဲ့ မီးနတ်စွမ်းရည်ကတော့ ပုံမှန်မဟုတ်တဲ့ပုံပဲ၊ တစ်ခုခုနဲ့ ရောထားသလိုမျိုးပဲ “

“ ရှုကျိုးက သူ့ရဲ့စွမ်းအားကို အပြည့်အဝ မထုတ်ပြသေးဘူးလို့ ငါခံစားနေရတယ် “

မျက်လုံးအားလုံးသည် ရှုကျိုးအပေါ်တွင် ရှိနေခဲ့သည်။

ယခုတွင် မည်သူကမှ ရှုကျိုး၏ စွမ်းအားကို သံသယမဝင်ကြတော့ပေ၊ လူအများစုသည် ရှုကျိုးက ဤပြိုင်ပွဲ၏ ချန်ပီယံဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြပြီ ဖြစ်သည်။

တာဝါထိပ်ရှိ ချန်ကျူးဟဲ့သည် ရှုကျိုးကို ထပ်မံ၍ ကြည့်ရှုကာ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ အဲ့ကောင်လေးက နတ်စွမ်းရည်နှစ်ခု ဖွဲ့စည်းထားတာများလား? “

…

စင်အောက်ရှိ လျူချင်းယွမ်မှာလည်း ရှုကျိုးကို ငေးကြည့်ကာ ရုတ်တရက် မေးမြန်းလာခဲ့သည် “ မင်းက ဒုတိယမြောက် နတ်စွမ်းရည်ကို ဖွဲ့စည်းပြီးပြီလား? “

“ သိပ်မကြာခင်အချိန်မှာ သိရမှာပေါ့ဗျာ “ ဟုရှုကျိုးမှ ပြန်ဖြေလာခဲ့သည်။

“ မင်း၊ ကောင်စုတ်လေး၊ လျှို့လျှို့ဝှက်ဝှက် လုပ်နေလိုက် “ လျူချင်းယွမ်သည် ရယ်ရယ်မောမောဖြင့် အော်ငေါက်လာခဲ့သည်၊ သို့သော် သူ၏သိလိုစိတ်မှာလည်း ပိုမိုကြီးထွားလာခဲ့သည်။

ဒီကောင်စုတ်လေးက နတ်စွမ်းရည်နှစ်ခုကို တကယ်ကြီး ဖွဲ့စည်းထားခဲ့တာလား?

ဆရာတစ်ဦးဖြစ်သည့် သူကပင် ၎င်းကို သတိမပြုမိခဲ့ပေ။

ရှုကျိုးကမူ ပြုံးစိစိသာ ဖြစ်နေခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။ သူသည် မျက်လုံးများကို မှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ပြန်၍ ကြည့်ရှုနေတော့သည်။

သူသည် ကြက်သွေးရောင် မီးတောက်တစ်ခုက သူ၏နှလုံးတံခါးပေါက်တွင် မျောလွင့်နေသည်ကို မြင်တွေ့သွားခဲ့သည်။

သို့သော် အဆိုပါ ကြက်သွေးရောင် မီးတောက်ထဲတွင် ခရမ်းရောင် လျှပ်စီတန်းအနည်းငယ် တည်ရှိနေခဲ့သည်။

“ အဲ့တာက လီပိုင်ရွှမ်ရဲ့ မိုးကြိုးနတ်စွမ်းရည်လား? “ ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ ငါ့ရဲ့ ဓာတ်ကြီးငါးပါး မီးတောက်က အဲ့ဒီနတ်စွမ်းရည်ကို ဝါးမြိုနိုင်တာများလား? “

အမှန်တိုင်းပြောရမည်ဆိုပါက သူသည် အစောပိုင်း အချိန်များကတည်းက ၎င်းကို အာရုံခံမိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ကြီးငါးပါး မီးတောက်က အမှောင်မိုးကြိုး အတိဒုက္ခကို ဝါးမြိုခဲ့သည့် အချိန်တွင် ကောင်းကင်ဘုံ ဘေးဒုက္ခ၏ စွမ်းအားတစ်ချို့တစ်ဝက်သည် သူ၏ ဓာတ်ကြီးငါးပါး မီးတောက်နှင့် ညင်သာစွာ ‌ရောစပ်သွားခဲ့သည်။

သီအိုရီအရ မတူညီသော နတ်စွမ်းရည်နှစ်ခုသည် အပြင်းအထန် တွန်းကန်နေကြမည် ဖြစ်သည်။

သို့သော် မိုးကြိုးနတ်စွမ်းရည်သည် ဓာတ်ကြီးငါးပါး မီးတောက်နှင့် ပေါင်းစည်းသွားခဲ့ပြီး၊ မည်သည့် တွန်းကန်မှုမှ မဖြစ်ပေါ်လာခဲ့ရုံတင် မဟုတ်ဘဲ၊ သူ၏နတ်စွမ်းရည်မီးတောက်ကိုပါ ပို၍ အားကောင်းသွားစေခဲ့လေသည်။

၎င်းမှာ ပုံမှန်မဟုတ်ပေ။

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါ့အတွက် သတင်းကောင်းပဲပေါ့ “ ရှုကျိုးသည် ကျေနပ်ပီတိဖြစ်သွားခဲ့သည်။

…

ဒုတိယမြောက်ပွဲစဥ်၌ လီပိုင်ရွှမ်သည် အကြီးအကဲ ချန်လန်နှင့် ရင်ဆိုင်ခဲ့ရသည်။

သို့ရာ၌ တိုက်ပွဲမစခင် အချိန်တွင် လီပိုင်ရွှမ်မှ နာရီဝက် အနားတောင်းခဲ့ပြီး၊ အာဏာပိုင်တို့ကလည်း ၎င်းကို သဘောတူလက်ခံပေးခဲ့သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ၊ ၎င်းမှာ လီပိုင်ရွှမ်က ပြင်းထန်သော သက်ရောက်မှုကို ခံရသည်ဆိုသည့် သူ၏သံသယကို အတည်ပြုပေးသွားခဲ့သည်။

“ ကြည့်ရတာတော့ ငါ့ရဲ့ ဓာတ်ကြီးငါးပါး မီးတောက်မှာ လျှို့ဝှက်ချက်လေးတွေ ရှိနေတဲ့ပုံပဲ “

ရှုကျိုးသည် စတင်၍ မျှော်လင့်နေမိတော့သည် “ ဒါက ဓာတ်ကြီးငါးပါး မီးတောက်လေးပဲ ရှိသေးတယ်၊ အစစ်အမှန် ဒြပ်စင်ငါးပါး နတ်နည်းစနစ်က ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာကို ငါသိချင်နေမိပြီ “

သူ၏မျှော်လင့်ချက်များသည် ပိုပို၍ အားကောင်းလာခဲ့သည်။

…

နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင် ဒုတိယမြောက်ပွဲစဥ် စတင်လာခဲ့သည်။

လီပိုင်ရွှမ်သည် ဒဏ်ရာ အပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်ဖြင့် အကြီးအကဲချန်လန်ကို ရင်ဆိုင်နေခဲ့သည်။

လီပိုင်ရွှမ်၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်၊ ထိုကဲ့သို့သော ဒဏ်ရာမျိုးဖြင့်ပင် သူသည် အကြီးအကဲချန်နှင့် သူမသာကိုယ်မသာ အနေအထားအထိ တိုက်ခိုက်နေနိုင်ခဲ့သည်။

ဆယ်မိနစ်ကြာခဲ့ပြီးသည့်နောက်တွင် အကြီးအကဲချန်လန်ကို ကပ်၍ရှုံးနိမ့်သွားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲတွင် တတိယနေရာပိုင်ရှင်မှာ ပေါ်ထွက်လာခဲ့လေပြီ။

ထို့နောက်တွင် ရှုကျိုးနှင့် အကြီးအကဲချန်လန်တို့၏ ဗိုလ်လုပွဲကို စတင်မည် ဖြစ်သည်။

…

သို့သော် ရှုကျိုးက စင်ပေါ်သို့ ပြန်တက်လာသည့် အချိန်တွင် အခြေအနေသည် သူတွေးထင်ထားသလောက် ပြင်းထန်မနေခဲ့ပေ။

အသက်ရှစ်ဆယ်ကျော်သည့် အကြီးအကဲချန်လန်သည် ရှုကျိုးကို စိုက်ကြည့်ကာ အေးအေးလူလူ စကားပြောလာခဲ့သည် “ ရှုကျိုး၊ ငါ့ကို ရိုးရိုးသားသား ပြောပြစမ်းပါ၊ မင်းက နတ်စွမ်းရည်နှစ်ခု ဖွဲ့စည်းထားတာလား? “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သူသည် ပြိုင်ဘက်က ဤကဲ့သို့ တိုက်ရိုက်မေးမြန်းလာခဲ့မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော် မေးလာခဲ့ပြီဖြစ်သောကြောင့် သူသည် ထုတ်ပြလိုက်ရန် ဝန်လေးမနေခဲ့ပေ။

“ ဝှစ် !! ဝှစ် !! “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီးနတ်စွမ်းရည်နှင့် မြေနတ်စွမ်းရည်တို့သည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးက သူ၏ဝှက်ဖဲများကို ထုတ်ပြရန် ပြင်ဆင်ထားသည်မှာ ကြာနေခဲ့ပြီဖြစ်သည်။

နတ်စွမ်းရည်တစ်ခုသာ ရှိသည်ဟု ပြောလိုက်မည်ဆိုပါက သူ၏ စွမ်းအားက မည်သည့်နေရာမှ ရောက်ရှိလာသလဲဆိုသည်ကို ရှင်းပြရန် လုံလောက်နေမည် မဟုတ်ပေ၊ သို့သော် နတ်စွမ်းရည်နှစ်ခု ထုတ်ပြလိုက်ခြင်းသည် လူအများ၏ သံသယများကို ဟန့်တားသွားလိမ့်မည် ဖြစ်သည်။

“ အမှန်ဖြစ်နေတာပဲ “

အကြီးအကဲချန်လန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်၊ ထို့နောက်တွင် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ လေးလေးနက်နက် ပြောလာခဲ့သည် “ တိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ၊ ငါက ရှိတာအကုန်ထုတ်သုံးမယ် “

စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူသည် အင်ပြည့်အားပြည့်ဖြင့် တိုက်ခိုက်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရလဒ်မှာ အံ့ဩစရာများ မဖြစ်လာခဲ့ပေ။

အကြီးအကဲချန်လန်က သူ၏နတ်စွမ်းရည် နည်းစနစ်များကို ပြသခဲ့သော်လည်း၊ ရှုကျိုး၏ နတ်စွမ်းရည်နှစ်ခုကို မည်သို့မျှ မယှဥ်နိုင်ခဲ့ဘဲ၊ သုံးကွက်အတွင်းမှာပင် ဆိုးဆိုးရွားရွားရှုံးနိမ့်သွားခဲ့သည်။

သူသည် အနည်းငယ် ဦးညွတ်ကာ စကားပြောလာခဲ့သည် “ သနားညှာတာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ညီငယ်လေး “

ထိုစကားနှင့်အတူ သူသည် စင်ပေါ်မှ ဆင်းသွားခဲ့သည်။

ရှုကျိုးသည် စင်ပေါ်တွင် ဆက်ရပ်နေခဲ့ပြီး၊ မျက်လုံးအားလုံးသည် သူ့အပေါ်သို့ ကျရောက်နေခဲ့သည်။

ဤအခိုက်အတန့်တွင် နိုင်ငံတော်အဆင့် ပြိုင်ပွဲ၏ ချန်ပီယံကို ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

“ ရှုကျိုး ရှုကျိုး!!! “

ပရိတ်သတ်တစ်အုပ်လုံးသည် မတ်တပ်ရပ်၍ လက်သီးလက်မောင်းတန်းပြီး၊ ချန်ပီယံ၏အမည်ကို ဟစ်ကြွေးကာ အော်ဟစ်အားပေးလာကြသည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 435 )

လူသားဧကရာဇ် အမွေဆက်ခံမှု၊ ကြေးဝါစီရင်ချက် !!

နိုင်ငံတော်အဆင့် ဖလှယ်မှု ပြိုင်ပွဲမှာ တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အခမ်းအနားမှူးမှ ထိပ်ဆုံးဆယ်ဦးအဆင့်ဝင်သူများကို ကြေညာပေးကာ ပြိုင်ပွဲပြီးဆုံးကြောင်း ကြေညာလာခဲ့သည်။

ရှုကျိုးက ပြိုင်ကွင်းထဲမှ ထွက်သွားသည့် အချိန်တွင် ဝန်ထမ်းတစ်ဦးသည် သူ့အနားသို့ အပြေးအလွှားရောက်လာခဲ့ကာ စကားပြောလာခဲ့သည် “ ဟယ်လို ဆရာ၊ ကျွန်တော်က ရှောင်းလီပါ။ အခု ဆရာက ရန်ပြည်ထောင်ရဲ့ ထိပ်သီးပညာရှင် ဖြစ်နေပါပြီ၊ စာရင်းသွင်းဖို့အတွက် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ “

“ စာရင်းသွင်းတာလား? “ ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရှောင်းလီမှ ခေါင်းငြိမ့်ပြ၍ ပြန်ပြောလာခဲ့သည် “ ရန်ပြည်ထောင်ရဲ့ ထိပ်သီးပညာရှင်တွေက ရန်ပြည်ထောင်ရဲ့ ထောက်တိုင်တွေပါပဲ။ ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ၊ လူမှုဖူလုံရေးနဲ့ အကျိုးခံစားတွေ အကုန်လုံးက သိသိသာသာ မြင့်သွားမှာပါ။ ဆရာ့ရဲ့ အထောက်အထား စစ်မှန်ကြောင်း အတည်ပြုပေးဖို့အတွက် စာရင်းသွင်းပြီး အဖွဲ့ချုပ်မှာ မှတ်တမ်းတင်ထားဖို့ လိုအပ်ပါတယ် “

“ ကောင်းပြီလေ၊ ငါကို ခေါ်သွားပေးပါ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

သိပ်မကြာခင် အချိန်မှာပင် သူသည် ရှောင်းလီနောက်မှ လိုက်ကာ ခန်းမအတွင်းသို့ ဝင်သွားတော့သည်။

သူ၏ မျက်လုံးများနှင့် လက်ဗွေရာများကို နှိုင်းယှဥ်အတည်ပြုခဲ့ပြီးသည့်နောက်တွင် ရှောင်းလီသည် ကွန်ပျူတာကို ဖွင့်ကာ တစ်ခဏခန့် အလုပ်များနေတော့သည်။

“ ရပါပြီ၊ မစ္စတာ ရှုကျိုး၊ ဆရာက ရန်ပြည်ထောင်ရဲ့ ၆၇၃၉ယောက်မြောက် ထိပ်သီးပညာရှင်ပါ “

ရှောင်းလီသည် အရိုအသေပေး၍ ပြောလာခဲ့သည် “ ဆရာ့ရဲ့ နိုင်ငံသားအဆင့်က အဆင့်၃အထိ အဆင့်မြင့်သွားပြီ “

“ အဆင့်၃ အထောက်အထားလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည် “ ရန်ပြည်ထောင်မှာ နိုင်ငံသားတွေရဲ့ အဆင့်သတ်မှတ်ချက်ရှိတာလား? “

ရှောင်းလီမှ ရှင်းပြလာခဲ့သည် “ ရှိပါတယ်၊ သာမန်လူအများစုကတော့ အဲ့ကိစ္စကို မသိကြပါဘူး၊ အဲ့တာက လူထုအပေါ်မှာ အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး “

“ ဒါပင်မဲ့ ရန်ပြည်ထောင်ရဲ့ အဆင့်မြင့် အထက်တန်းလွှာတွေကြားထဲမှာတော့ အဆင့်ငါးဆင့် ခွဲခြားထားတဲ့ အဲ့လိုအဆင့်သတ်မှတ်ချက် ရှိပါတယ်၊ အဆင့်ပိုမြင့်လေလေ၊ အခွင့်အရေး ပိုများလေလေပါပဲ “

“ အို့ “ ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည် “ အဆင့်၃အထက်မှာ အဆင့်၂ဆင့် ရှိနေသေးတာလား? “

ရှောင်းလီမှ ပြောလာခဲ့သည် “ ဟုတ်ပါတယ်၊ ဒါပင်မဲ့ ရန်ပြည်ထောင်ရဲ့ အဆင့်၃ နိုင်ငံသားအများစုက သတ္တမအဆင့် ဒါမှမဟုတ် အဲ့အထက်က အဆင့်မြင့် ပညာရှင်တွေပဲ ဖြစ်လေ့ရှိပါတယ် “

“ နားလည်ပြီ “ ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

ကြည့်ရတာတော့ ငါ့ရဲ့အဆင့်က အဆင့်မြင့်ပညာရှင်တွေ ပြီးရင် အမြင့်ဆုံးပဲထင်တယ်??

“ အဆင့်၃ နိုင်ငံသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေက ဘာတွေလဲ? “ ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ရှောင်းလီမှ အမှန်တိုင်းပြောပြလာခဲ့သည် “ အဆင့်၃ နိုင်ငံသားဆိုရင် ရန်ပြည်ထောင်က နေရာအများစုကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပါတယ်၊ အဆင့်၃အောက်က နိုင်ငံသားတွေကို ဆင့်ခေါ်ပြီးတော့ စေခိုင်းနိုင်ပါတယ်။ အထူးအကြောင်းပြချက် မရှိဘူးဆိုရင်၊ အဆင့်၃အောက်က နိုင်ငံသားတွေက ဆရာ့ရဲ့ အမိန့်တွေကို ငြင်းဆန်လို့မရပါဘူး “

ရှုကျိုးမှာ တအံ့တဩဖြစ်သွားရတော့သည် “ အဲ့လောက်တောင် အာဏာရှိတာလား? တကယ်လို့ ငါက တစ်ယောက်ယောက်ကို သေခိုင်းလိုက်ရင် သူတို့က သွားသေကြမှာပဲလား? “

ရှောင်းလီမှာ အပြုံးဖြင့် ပြောလာခဲ့သည် “ သီအိုရီအရဆိုရင်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပင်မဲ့ အကောင်အထည်ဖော်ဖို့ကတော့ နည်းနည်းလေး စိန်ခေါ်မှုရှိပါတယ်။ ဥပမာအနေနဲ့ ဆရာက ခိုင်လုံတဲ့ အကြောင်းပြချက်မျိုးကို ပေးနိုင်ရပါမယ်၊ တစ်ဖက်လူက ဆရာ့ရဲ့ အသက်ကို ခြိမ်းခြောက်နေတာမျိုးဆိုရင် အဖွဲ့ချုပ်ကနေပြီးတော့ ဆရာ့ရဲ့ အမိန့်အတိုင်း လိုက်လုပ်ဖို့အတွက် အဲ့လူကို ဖိအားပေးမှာပါ၊ ဒါပင်မဲ့ တစ်ဖက်လူက အဆင့်၃ နိုင်ငံသားဖြစ်နေရင်၊ ဒါမှမဟုတ် အဆင့်နိုင်ငံသားက သူ့ကို ကျောထောက်နောက်ခံလုပ်ပေးထားမယ်ဆိုရင် အဖွဲ့ချုပ်ကလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

သူသည် ၎င်းကို အားကိုး၍ လူသတ်ရန် မကြံရွယ်ထားခဲ့ပေ။

အဆင့်၃အောက်မှ နိုင်ငံသားတို့သည် သူ့လောက်သန်မာအားကောင်းနေမည် မဟုတ်ပေ၊ အကယ်၍ ရှုကျိုးကသာ တစ်စုံတစ်ဦးကို သတ်ချင်သည်ဆိုပါက သူကိုယ်တိုင် လှုပ်ရှားမည်ဖြစ်သည်။

ရှောင်းလီမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ပြီးတော့ အဆင့်၃နိုင်ငံသားတစ်ယောက်က အတွင်းမြို့တော်မှာ ကိုယ်ပိုင်မိသားစုတစ်ခု တည်ထောင်နိုင်ပါတယ်။ တကယ်လို့ အတွင်းမြို့တော်က တစ်ခြားမိသားစုတွေက ပြဿနာရှာလာမယ်ဆိုရင်၊ အဲ့အထောက်အထားကို သုံးပြီးတော့ အန္တရာယ်တွေ ရှောင်ရှားလို့ရပါတယ် “

“ ပြီးတော့ အဆင့်၃ နိုင်ငံသား တံဆိပ်ပြားနဲ့ဆိုရင် အရေးပေါ် အခြေအနေမှာ ပြင်ပခရိုင်က မြို့သခင်တွေကို ဆင့်ခေါ်နိုင်ပါတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူသည် အတွင်းမြို့တော်တွင် မိသားစုတစ်ခု ထူထောင်ရန် စိတ်မဝင်စားချေ၊ သို့သော် အရေးပေါ် အခြေအနေများတွင် ပြင်ပခရိုင်မှ မြို့သခင်များကို အမိန့်ပေးစေခိုင်းနိုင်ခြင်းကမူ ကြီးမားသော အာဏာတစ်ခုဖြစ်သည်။

သူသိထားရသလောက်အရဆိုပါက ပြင်ပခရိုင်၏ မြို့သခင်တစ်ချို့သည် ဆဌမအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

အကယ်၍ သူကသာ အဆင့်မြင့် ပညာရှင်တစ်ဦးကို ဆင့်ခေါ်ကာ အမိန့်ပေးစေခိုင်းနိုင်မည်ဆိုပါက၊ ထိုကဲ့သို့သော အခွင့်အာဏာမျိုးသည် အမှန်ပင် ကြီးမားလွန်းလှသည်။

ထို့နောက်တွင် ရှောင်းလီသည် အဆင့်၃ နိုင်ငံတစ်သား ဖြစ်ရခြင်း၏ အကျိုးအမြတ်တစ်ချို့ကို ရှင်းပြပေးနေခဲ့ပြီး၊ တစ်ခဏအကြာတွင် အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလာခဲ့သည် “ ဒါက ဆရာ့ရဲ့ အဆင့်၃ နိုင်ငံသား တံဆိပ်ပြားပါ၊ သေသေချာချာ သိမ်းထားပေးပါ “

“ အင်း “

ရှုကျိုးသည် ၎င်းကို ချက်ချင်း ယူလိုက်သည်။

အဆိုပါ တံဆိပ်ပြားကို အထူးသတ္ထုစပ်တစ်မျိုးဖြင့် ပြုလုပ်ထားခဲ့ပြီး၊ မျက်နှာပြင်ပေါ်တွင် နဂါးကဲ့သို့သော ပုံစံကွက်များ ပါရှိကာ အတော်လေး ထူးခြားနေခဲ့သည်။

ရှုကျိုးသည် ၎င်းကို တစ်ခဏခန့် ဆော့ကစားကြည့်နေတော့သည်၊ ထို့နောက်တွင် ရှောင်းလီကို ကြည့်ကာ မေးမြန်းလိုက်သည် “ လျူဟိုင်ဖုန်းရဲ့ အလောင်းကို ဘယ်နေရာမှာ ထားထားလဲ? “

လျူဟိုင်ဖုန်းကို သတ်ခဲ့ပြီးသည့်နောက်တွင် ပွဲစီစဥ်သူများသည် သူ၏အလောင်းကို ယူသွားခဲ့ကြသည်။

ရှုကျိုးသည် သူ၏ဓားမြှောင်က တစ်ဖက်လူထံတွင် ရှိနေသေးလားဆိုသည်ကို သိချင်နေခဲ့သည်။

ရှောင်းလီမှ ပြန်ဖြေလာခဲ့သည် “ အနောက်က ဂိုထောင်ထဲမှာပါ၊ ကျွန်တော် ခေါ်သွားပေးပါမယ် “

…

တစ်ခဏခန့် အကြာတွင် ရှုကျိုးသည် ဂိုထောင်ဆီသို့ ရောက်ရှိလာခဲ့သည်။

လျူဟိုင်ဖုန်း၏ အလောင်းသည် စားပွဲရှည်တစ်ခုပေါ်တွင် လှဲလျောင်းနေကာ အဝတ်ဖြူဖြင့် ဖုံးအုပ်ခြင်းကို ခံထားရသည်။

ရှုကျိုးသည် အဝတ်ဖြူကို မတင်ကာ သူ၏ခန္ဓာကိုယ်အား စတင်၍ ရှာဖွေနေတော့သည်။

“ ဟမ်? “

မကြာခင်မှာပင် ရှုကျိုးသည် လျူဟိုင်ဖုန်း၏ အတွင်းအိပ်ကပ်ထဲတွင် ရှိနေသည့် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

“ တကယ်ကြီးကို သူဖြစ်နေတာလား? “

ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူ့မီးခံသေတ္တာထဲမှ ပျောက်ဆုံးသွားခဲ့သည့် ဓားမြှောင်သည် လျူဟိုင်ဖုန်းထံသို့ အမှန်တကယ် ရောက်ရှိနေခဲ့သည်။

ဤကိစ္စကို သူအလေးအနက်ထားနေရခြင်းမှာ ၎င်းနှင့် လူသား ဧကရာဇ်စည်းတံဆိပ်ကြားတွင် ပတ်သက်ဆက်နွယ်မှု ရှိနေပုံရသောကြောင့် ဖြစ်သည်။

ရှုကျိုး ရရှိထားသည့် လူသားဧကရာဇ် အမွေအနှစ်သည် ပြည့်စုံမနေဘဲ အပိုင်းပိုင်းအစစ ကွဲနေခဲ့သည်၊ ထို့ကြောင့်ပင် အဆိုပါ ဓားမြှောင်နှင့် လူသားဧကရာဇ် စည်းတံဆိပ်တို့ကြားရှိ ဆက်စပ်မှုကို သိခဲ့ရပြီးသည့်နောက်တွင် သူက ထိုကိစ္စကို အလေးအနက်ထား၍ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။

သူသည် လူထုအာရုံစိုက်လာမည်ကို ရှောင်ရှားလိုသည့်အတွက် စင်ပေါ်တွင် မရှာဖွေခဲ့ခြင်း ဖြစ်သည်။

လူသားဧကရာဇ် စည်းတံဆိပ်နှင့် သက်ဆိုင်နေသည့် ကိစ္စများသည် အလွန်တရာ အရေးကြီးလှသည်။

“ ဒါကို ရပြီဆိုတော့ ငါသွားသင့်ပြီ “ ရှုကျိုးသည် တိတ်တဆိတ် ရေရွတ်ပြောဆိုကာ၊ အဖြူရောင် အဝတ်ကို ပြန်ဖုံးလိုက်ပြီး ဂိုထောင်ထဲမှ ထွက်သွားတော့သည်။

အဆိုပါ ဓားမြှောင်ကို ပြန်ရခြင်းသည် အဆင့်၃ နိုင်ငံသား (သို့) ထိပ်သီးပညာရှင်ဆိုသော အရာများထပ် ပို၍ အရေးကြီးပေသည်။

…

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်

ကျောင်းသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် စံအိမ်သို့ ချက်ချင်း ပြန်လာခဲ့ကာ ဓားမြှောင်ကို ထုတ်ယူလိုက်သည်။

“ နောက်ဆုံး တစ်ခေါက် အိမ်မှာတုန်းက ဒီဟာချန်ထားခဲ့တဲ့ အရှိန်အဝါက လူသားဧကရာဇ် စည်းတံဆိပ်နဲ့ ပဲ့တင်ထပ်နေတယ် “ ရှုကျိုးသည် မျှော်လင့်တကြီးဖြစ်နေသော အမူအရာဖြင့် သူ့လက်ထဲရှိ ဓားမြှောင်ကို ကြည့်ရှုနေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်ပြီး၊ သူ့အနားရှိ စွမ်းအင်ကို နှိုးဆွလိုက်သည်။

“ ဇွီ ဇွီ !! “

သိပ်မကြာခင် အချိန်မှာပင် ကြီးမားသော ရွှေရောင်စည်းတံဆိပ်ကြီးတစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်‌။

All Chapters