အခန်း (၁၄၈၆-၁၄၈၈)
Vol. 100 Ch. 1486-1488
အခန်း(၁၄၈၆) တူညီသော ခွန်အား
"ငါ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်ဟုတ်လား။ မင်းလုပ်နိုင်တာ သေချာလား" ချူးယွင်ဖန်က ပြုံးလိုက်သည်။
ယခင်ကသာဆိုပါက သူသည် ခန်ကို ကိုင်တွယ်ဖြေရှင်းမည်မဟုတ်သော်လည်း ယခု အခြေအနေပြောင်းလဲသွားပြီဖြစ်ကာ အချိန်များပြောင်းလဲသွားပေပြီဖြစ်သည်။
“ဟုတ်တယ် ငါမင်းကို သေစေချင်တယ်”
ခန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီးနောက် ချူးယွင်ဖန်းထွက်ပြေးသွားမည်ကို ကြောက်လန့်နေသကဲ့သို့ သူ၏ ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ သူစကားပြောပြီးသည်နှင့် ခန်းက ရွေ့လျားသွားသည်။
သူသည် ချူးယွင်ဖန်းနှင့် အဓိပ္ပာယ်မရှိသော စကားများ မပြောလိုပေ။ သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာပြီး ချူးယွင်ဖန်ထံ ချိန်လိုက်သည်။ ၎င်းသည် လက်ယာဘုရင် အသုံးပြုခဲ့သော သွေးရောင်လှံနှင့် အလွန်ဆင်တူသော်လည်း သူ့လက်ထဲတွင်ရှိသော လှံမှာ ငွေဖြူရောင်ဖြစ်၍ ပို၍ပင် အစွမ်းထက်ပုံရသည်။
လက်ယာဘုရင်က ရွှေအမတေပုံစံအဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း ခန်ကမူ ကွဲပြားသည်။ သူသည် ရွှေအမတေပုံစံအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အမှန်တကယ် နှိုင်းယှဥ်၍ မရပေ။ ခန်က ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ပေ။ ဤလောကတွင် သူသည် အနိုင်မယူနိုင်သော သက်ရှိတစ်ဦးဖြစ်သည်။ သူဒေါသထွက်နေသော်လည်း ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားအားလုံးသည် မီးလျှံကြီးတစ်ခုကဲ့သို့ လောင်ကျွမ်းသွားကကာ ယှဥ်နိုင်ဖွယ်မရှိသော ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို ထုတ်ဖော်ပြသနေသည်။ ချူးယွင်ဖန်းက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
"အံ့ဖွယ်လက်သီးရှစ်ချက်”
ချူးယွင်ဖန်၏ လက်သီးချက်က ကောင်းကင်တစ်ခုလုံးကို ချက်ချင်းပင် မီးဟုန်းဟုန်းတောက်စေသည်။ သူ့နောက်တွင် ရှစ်မျိုးသော ပုံရိပ်များ ပေါ်လာပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ ခန်ဆီသို့ စီးဆင်းသွားသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒါက ဘာသိုင်းလဲ"
ခန်၏ မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်များ ပေါ်လွင်နေသည်။ သူ၏သိုင်းပညာဗဟုသုတဖြင့် ချူးယွင်ဖန်းပြသခဲ့သော အံ့ဖွယ်လက်သီးရှစ်ချက်သည် မည်မျှအံ့သြဖွယ်ကောင်းသည်ကို သဘာဝအတိုင်းမြင်နိုင်သည်။ ၎င်းသည် နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော ကျင်းကျန်းဟန်၏ နိုင်ငံတော်အဆင့်သိုင်းပညာထက် သာလွန်သည်။
ဤသည်က အလွန်အံ့အားသင့်ဖွယ်ကောင်းကာ မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ သို့သော် ခန်၏ မျက်လုံးထဲတွင် လောဘကြီးသော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ ချူးယွင်ဖန်း ပြသသော နည်းစနစ်က ပိုမို အစွမ်းထက်လေ သူ ပိုမို လိုချင်လေဖြစ်သည်။
ဘမ်း
လက်သီးချက်က သူ့ခန္ဓာကိုယ်ပေါ် ကျရောက်ခဲ့သော်လည်း ခန်က ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ သူက ထိုးချက်ကို လက်ခံကာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်ခဲ့သည်။
"မင်းက ငါ့ကို နောက်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့တယ်။ မင်းက မဆိုးပါဘူး။ မင်းမှာ ကျင်းကျန်းဟန်ကို နှိုးဆွပေးနိုင်တဲ့ သတ္တိရှိတာ အံ့သြစရာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့ ခွန်အားက ဒီလောက်ပဲ ရှိသေးပြီး ငါ ဘာမှ မလုပ်ရသေးတာက ဝမ်းနည်းစရာပဲ။"
ခန်းက အေးစက်စက်အပြုံးတစ်ခုပြုံးလိုက်သော်လည်း သူ့နှလုံးသားက ထင်သလောက် မတည်ငြိမ်နေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်း၏ လက်သီးက သူ့ကို ဒဏ်ရာမရှိဘဲ ထိုးနှက်ချက်ကို မခံနိုင်ခင်တွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေခဲ့သောကြောင့်ဖြစ်သည်။ ဤသည်က အလိုလိုပင် အံ့ဖွယ် အမှုတစ်ခုဖြစ်သည်။
သူ၏ ကျန်သော သားနှစ်ယောက်ဖြစ်သည့် လက်ဝဲဘုရင်နှင့် လက်ယာဘုရင်တို့ပင်လျှင် သူလှုပ်ရှားမည်မဟုတ်ပေ။ အထူးသဖြင့် လက်ယာဘုရင်ဖြစ်သည်။ သူက ထိုနေရာတွင် ရပ်၍ လက်ယာဘုရင်က သူ့ကို ရိုက်ခွင့်ပေးလျှင်ပင် သူလှုပ်ရှားမည်မဟုတ်ပေ။ သူ၏ ကျင့်ကြံမှုက လက်ရှိအဆင့်တွင် သူ့သားနှစ်ယောက်နှင့် ယှဥ်နိုင်သောအရာမဟုတ်ပေ။
သူ့အမြင်တွင် ယင်းက အံ့ဖွယ်ကောင်းသော နည်းစနစ်ကြောင့်ဖြစ်သည်။ သူ့အမြင်တွင် ချူးယွင်ဖန်း၌ မည်သည့်လျို့ဝှက်ချက်မျှ မရှိပေ။ သူသည် ရွှေအမတေပုံစံအဆင့်၌ပင် မရှိသော်လည်း အံ့ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤသည်က မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်းအနည်းငယ်သက်ပြင်းချလိုက်သည်။ သူ၏ခွန်အားဖြင့်ပင် ခန်ကို ခြိမ်းခြောက်ရန် အလွန်ခက်ခဲနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ရွှေအမတေပုံစံအဆင့်သို့ ခြေချခါစသာရှိသေးသည်။
"မင်းအတွက် အောင်ပွဲခံဖို့ စောလွန်းသေးတယ် မဟုတ်လား။ ငါတို့သာ ကျင့်ကြံမှုအဆင့်တူဆိုရင် မင်းကိုသတ်တာက ကြက်တစ်ကောင်သတ်သလို လွယ်မှာပဲ" ချူးယွင်ဖန်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။
သူက ခန်ကဲ့သို့ မတော်လှသော်လည်း စိတ်ပျက်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦးသာ အဆင့်တူနေပါက ခန်ကသူ့လက်ချောင်းတစ်ချောင်းကိုပင် တားနိုင်မည်မဟုတ်ဟု သူ လုံးဝ ယုံကြည်ထားသောကြောင့်ဖြစ်သည်။
"ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ဘယ်လိုလုပ်မလဲ”
ခန်သည် ချူးယွင်ဖန်း၏ စကားများကြောင့် အလွယ်တကူ ယိမ်းယိုင်သွားခြင်းမရှိပေ။ သူက လှောင်ပြောင်ရုံသာ ရှိသည်။
"လူအများစုက ပါရမီရှင်တွေရဲ့ အလားအလာဆိုတာ ကို တန်ဖိုးထားကြပေမယ့် ငါ့အတွက်တော့ ဒါတွေအားလုံးက အဓိပ္ပါယ်မရှိဘူး။ ဘယ်လိုအလားအလာမျိုးပဲဖြစ်ဖြစ် စစ်မှန်တဲ့ အစွမ်းသတ္တိအဖြစ် မပြောင်းလဲနိုင်ရင် အဓိပ္ပာယ်မရှိပါဘူး။"
"အနာဂတ်မှာ ကြက်တစ်ကောင်ကို သတ်သလို ငါ့ကို သတ်နိုင်ပေမယ့် အဲ့အခွင့်အရေးတော့ မရှိဘူး။ မင်းရဲ့ နောက်ကွယ်က သိုင်းပညာအကြောင်း ငါ့ကို ပြောပြရင် ဘယ်လိုလဲ၊ မင်းကို အသက်ရှင်ခွင့်ပေးပြီး ငါ့ကျွန်ဖြစ်ဖို့ အခွင့်အရေးပေးမလား" ခန်က ကမ်းလှမ်းလိုက်သည်။
"ဒါဆို မင်းက ငါ့ရဲ့ သိုင်းပညာကို သဘောကျနေတာပဲ!" ချူးယွင်ဖန်းက ခန်းကို လှောင်ရယ်လိုက်သည်။
"ဒါပေမယ့် မင်းက ဘာမှ မလုပ်ဘူးလို့ ပြောလိုက်တာလေ"
"မင်းက အခု ခေါင်းမာချင်နေတုန်းပဲလား။ မင်းရဲ့ အစွမ်းအစကို အပြည့်အဝသုံးပြီးပြီ။ ငါ့ကို လှည့်စားလို့မရဘူး!"
ခန်၏ မျက်လုံးများက စိတ်အားထက်သန်မှုများနှင့်ပြည့်နေသည်။ တကယ်တမ်းတွင် ချူးယွင်ဖန်း၏ သိုင်းပညာနှင့် အခြားနတ်ဘုရားပညာများမရှိပါက ချူးယွင်ဖန်းကို အစောကတည်းက သတ်ပြီးသားဖြစ်သည်။ မျှော်လင့်ချက်မရှိပါက ချူးယွင်ဖန်းကို သူ အလကားသတ်ရန် ဆန္ဒမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ ကျန်နေသော တန်ဖိုးအားလုံးကို သူညှစ်ထုတ်ခဲ့ခြင်းမဟုတ်ပေ။
"ဒါဆို ငါ့ကို စမ်းကြည့်လိုက်ပါဦး။"
ချူးယွင်ဖန်းရုတ်တရက် လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် သူ့လက်ထဲတွင် ဓားအလင်းတစ်ခု ပေါ်လာသည်။ ၎င်းသည် လျင်မြန်စွာ လည်ပတ်ပြီး ကျယ်ပြန့်လာသည်။ ချက်ချင်းပင် ၎င်းသည် မရေမတွက်နိုင်သော ဓားအလင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားရှည်တစ်စင်း ဖြစ်လာသည်။
"မြစ်ရဲ့ နေဝင်ချိန်!"
ချူးယွင်ဖန်းအော်ဟစ်လိုက်သောအခါ ဓားအလင်းရောင်သည် ဓားလမ်းကြောင်း၏ စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန်းအပေါ်သို့ ကျရောက်လာသည်။
"ဒါက ဘယ်လိုဓားသိုင်းလဲ ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းရတာလဲ?!"
ထိုဓားသိုင်းကို အသုံးပြုပြီးနောက် ချူးယွင်ဖန်း၏ ခွန်အားသည် ရုတ်တရက် အဆင့်များစွာ တိုးလာသည်ကို ခန်း ခံစားလိုက်ရသည်။ အစပိုင်းတွင် ချူးယွင်ဖန်းသည် သူ့ကို လုံးဝခြိမ်းခြောက်နိုင်ခြင်း မရှိသော်လည်း ယခုအခါ အန္တရာယ်ကို ခံစားနိုင်ပြီ ဖြစ်သည်။ သူသည် ချက်ချင်း နောက်ဆုတ်ကာ ငွေလှံဖြင့် ထိုးထွက်သွားသည်။
ခဏတာအတွင်း၌ပင် သူ၏ လှံက ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုမြက်ခင်းပြင်ပေါ်တွင် သူ၏ ထောင်ပေါင်းများစွာသော တပ်သားများနှင့် မြင်းများသည် ဒုန်းစိုင်းပြေးလွှားနေကြကာ ဓားပညာ၏ ရေစီးကြောင်းကို ကြိုဆိုသည့် ကြောက်မက်ဖွယ်ကောင်းတဲ့ ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘမ်း
နောက်ထပ် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံး၏ တိုက်မိမှုသည် အရပ်မျက်နှာအားလုံးကို ပျံ့နှံ့သွားသော ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ နှစ်ဖက်စလုံး၏ နတ်ဘုရားစွမ်းအားသည် အနီရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။
နှစ်ဖက်စလုံး တိုက်ခိုက်ပြီးနောက် အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲခဲ့သည်။
တိုက်ခိုက်မှုကို တားပြီးနောက် ခန်း၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ချူးယွင်ဖန်းအား ယခင်က အလေးအနက် မထားခဲ့ဖူးဘဲ သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီဟု မြင်ခဲ့သည်။ ချူးယွင်ဖန်းသည် ရုတ်တရက် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော ခွန်အားဖြင့် ပါက်ကွဲထွက်လာလိမ့်မည်ဟု မည်သူထင်မည်နည်း။
ဤအချိန်တွင် ချူးယွင်ဖန်၏ ခန္ဓာကိုယ်သည် အားကောင်းသော ရွှေရောင်အလင်းအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်ကို သူသတိပြုမိလိုက်သည်။ ၎င်းသည် သူ့ကို ရစ်ပတ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခုကဲ့သို့ ဖြစ်သည်။ သူသည် ရွှေရောင်စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏ ရောင်ဝါက ကမ္ဘာကြီးကို လွှမ်းမိုးနေသည်။
အခန်း(၁၄၈၇) ခန်၏ ကြောက်လန့်မှု
“ဒါက ပြာမီးစွမ်းအားလား”ခန်က အံ့သြတကြီးပြောလိုက်သည်။
ထို့နောက် သူ့မျက်နှာက အရုပ်ဆိုးသွားသည်။ သိုင်းပညာအပေါ် သူ၏ အသိပညာဖြင့် ချက်ချင်းပင် မည်သည့် ရန်သူမှ ပြန်လည် မသန့်စင်နိုင်ခဲ့သော ပြာဝံပုလွေအလံက ချူးယွင်ဖန်း၏ ပြုပြင်ခြင်းခံခဲ့ရသည်ကို နားလည်သွားသည်။
ချူးယွင်ဖန်သည် ပြာမီးစွမ်းအားကို ကျင့်ကြံရန် မသိသောနည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ရမည်။ ပြာမီးစွမ်းအား၏ အထောက်အပံ့နှင့် ၎င်း၏သခင်မရှိခြင်းကြောင့် အလံသည် ချူးယွင်ဖန်နှင့် မယှဉ်နိုင်ပါ။ ၎င်းသည် ခုခံနိုင်စွမ်းမရှိပါ။
ချူးယွင်ဖန်သည် ပြာမီးစွမ်းအားကို သူ့ကိုယ်သူ အသုံးပြုခဲ့သည်။ ဤသည်မှာ ခန်း ဘယ်သောအခါကမျှ မစဥ်းစားခဲ့ဖူးသော နည်းလမ်းဖြစ်သည်။ ချူးယွင်ဖန်သည် ပြာမီးစွမ်းအားကို အသုံးပြုပုံမှာ အလွန်ကြမ်းတမ်းလွန်းသည်။ ကြမ်းတမ်းခြင်းမဟုတ်ပေ။ ခန်းတွင် အသုံးပြုရန် နည်းလမ်းမရှိခြင်းဖြစ်သည်။
နတ်ဘုရားလမ်းကြောင်း၏ ကျင့်ကြံရေးနည်းလမ်းကို ရှေးဟောင်းလူသားကာလတွင် ကြီးမားသော လျို့ဝှက်ချက်အဖြစ် မယူဆသော်လည်း ၎င်းသည် သာမန် အရာကိစ္စမဟုတ်ပေ။ သို့သော် အချိန်များပြောင်းလဲသွားခဲ့သည်။ ယခုအချိန်ထိ အမှန်တကယ် နားလည်သူ အလွန်နည်းပါးလှ၏။
ခန်က ယင်းကို မည်သို့အသုံးပြု၍မည်ကို မသိခဲ့ပေ။ သူသည် အခြေခံအားဖြင့် သူ့ဘိုးဘေး၏ ညွှန်ကြားချက်များကို လိုက်နာ၍ အလံကို ကိုးကွယ်ခဲ့သည်။ အထဲမှ ပြာမီးစွမ်းအားအတွက်မူ… သူ့တွင် အသုံးပြုရန် နည်းလမ်းမရှိပေ။ သူက အလံအား ပြာမီးစွမ်းအားကို ဖြည်းဖြည်းချင်း စုပ်ယူခွင့်ပြုလိုက်သည်။ မဟုတ်ပါက နှစ်ပေါင်းများစွာ စုပ်ယူပြီးနောက် ပြာမီးစွမ်းအားကို ပေါင်းစပ်နိုင်သည့် နည်းလမ်းတစ်ခုရှိလျှင် အလံက အရည်အသွေး များစွာ ကောင်းလာပေလိမ့်မည်။
သူက ယင်းကိုတွေးမိသောအခါ မျက်လုံးများက ပို၍ ပို၍ လောဘကြီးလာသည်။ ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ် လက်သီးသိုင်းနှင့်ယှဥ်ပါ ပြာမီးစွမ်းအားကို စုဆောင်းသည့် နည်းလမ်းအကြောင်း ပိုသိချင်လာသည်။ ဤသည်က ခန်းတွင် မရှိသောအရာဖြစ်သည်။ ဤနည်းလမ်းဖြင့် သူသည် အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်နိုင်ကာ ဤကမ္ဘာ၏နယ်နိမိတ်များကို အလွန်လျင်မြန်စွာ ဖောက်ထွက်နိုင်လိမ့်မည်။
ဤသို့ဖြင့် သူက မယုံကြည်နိုင်လောက်အောင် အစွမ်းကြီးလာပေလိမ့်မည်။
ချူးယွင်ဖန်းက ကြီးမားသော ချို့ယွင်းချက်တစ်ခုနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် နတ်ဘုရားလမ်းကြောင်း၏ ကျင့်ကြံမှုနည်းလမ်းများနှင့် များစွာ မထိခိုက်ခံစေချင်ပေဓ။ နတ်ဘုရားလမ်းကြောင်းကို လျှောက်လှမ်းရန် ပြာမီးစွမ်းအား လိုအပ်ချက်က အလွန် မြင့်မားလွန်းသောကြောင့်ဖြစ်သည်။ ပြာမီးစွမ်းအား၏ ရင်းမြစ်ပျက်ဆီးသွားပြီဆိုပါက ကျင့်ကြံသူ ဖျက်ဆီးခံရရန် အချိန်အနည်းငယ်သာ ကြာပေလိမ့်မည်။
ထို့ကြောင့် ရှေးဟောင်းလူသားကာလတွင် နတ်ဘုရားလမ်းစဥ်က လူများသည် သီးသန့်ဆန်လွန်းသောကြောင့် အခြားသူများက သူ့ကို ကြိုဆိုလေ့မရှိလှပေ။ သာမန်ဂိုဏ်းများသည် နိုင်ငံတစ်ခု ဒါမှမဟုတ် ဒေသတစ်ခုကို သိမ်းပိုက်ထားပြီး အများဆုံးအနေဖြင့် တပည့်များကို ခေါ်ယူ၊ အခွန်ကောက်ခံ၊ ကောင်းကင်နှင့်မြေကြီးရှိ ဘဏ္ဍာများကို စုဆောင်းကြသည်။ ၎င်းတို့သည် အခြားကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံတွင် ဂိုဏ်းမျှားစွာရှိခြင်းက ပုံမှန်သာဖြစ်သည်။
သို့သော် နတ်ဘုရားလမ်းစဥ် ဂိုဏ်းများကမူ ကွဲပြားသည်။ ၎င်းတို့က လုံးဝ သီးသန့်ဖြစ်သည်။ ပြာမီးနှင့် အာဏာကို လက်ဝါးကြီးအုပ်ချင်သောကြောင့် အခြားသူများ နိုင်ငံတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပေ။ ယင်းက အကန့်အသတ်ထိပင် ကျယ်ပြန့်သွားသည်။ နိုင်ငံနှင့် နယ်မြေများစွာသည် လူတစ်ဦးတည်းအတွက်သာဖြစ်ခဲ့ကာ ကောင်းကင်နိုင်ငံဟု လူသိများသည်။
သို့သော် အခြားသူများအတွက် ဤသည်က ရှားပါးသော ကျင့်ကြံရေးလမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့အပြင် ယင်းက အုပ်ချုပ်သူအတွက် မွေးရာပါ အားသာချက်လည်းဖြစ်သည်။ ရှေးဟောင်းးလူသားကာလတွင် နတ်ဘုရားလမ်းကြောင်း၌ရှိသော လူအများစုသည် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူများ သို့မဟုတ် အနည်းဆုံး နေရာတစ်ခု၏ အရှင်သခင်များဖြစ်ကြသည်။ ဤအဆင့်ရှိသော တည်ရှိမှုများအတွက်သာ အထွတ်အထိပ်လမ်းကြောင်းအဆင့်ကို မြှင့်တင်နိုင်သည်။ အခြားသူများအတွက်မူ ကံမကောင်းမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
ယခု ခန်လည်း ဤသို့တွေးနေမိသည်။
“ဒါကောင်းတယ်။ မင်းကိုဖမ်းဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု ငါ့မှာရှိတယ်” ခန်က အေးစက်စက်ပြောလိုက်သည်။
“ဒါပေမယ့် မင်းက နာခံမှုရှိရှိနဲ့ ဖမ်းခံရဖို့ ငြင်းဆန်နေပုံရတယ်။ အဲဒီလိုဆိုရင် ငါက မင်းရဲ့ ခြေလက်တွေကို အရင်ချိုးပြီး မင်းရဲ့စွမ်းအားကို ချိပ်စည်းပိတ်မယ်။ ပြီးရင် မင်းရဲ့ နတ်ဘုရားပညာတွေအကြောင်း ဖြည်းဖြည်းချင်းပြောကြမယ်။”
“ဟားဟားဟား၊ မင်းရဲ့စကားအရဆိုရင် ဒီနေ့ ထွက်ပြေးတာကို မေ့လိုက်တော့။” ချူးယွင်ဖန်းက ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များနှင့် မျက်လုံးများက တောက်ပလာကာ ရယ်မောလိုက်သည်။
ခန်က သူ့ကို သတ်ချင်ခဲ့သည်။ ဤသည်က နှစ်ဖက်လုံးအတွက် အခွင့်အရေးဖြစ်သည်။
“အောင်နိုင်သူလှံချက်”
ခန်းက သူ၏ အဆုံးစွန်ဆုံး နည်းစနစ်ကို ပြသလိုက်သည်။ ပထမမျိုးဆက် ခန်သည် ဤသိုင်းပညာအစုံကို အားကိုးကာ ကမ္ဘာပေါ်မှ ပြိုင်ဘက်အားလုံးကို အနိုင်ယူ၍ ဒီနောက်ဆုံးတွင် သူ့ကိုယ်သူ ခန်အဖြစ် ထူထောင်ခဲ့သည်။ ဤတိုက်ခိုက်မှု ပေါက်ကွဲသွားသောအခါ ကောင်းကင်နှင့်မြေကြီး ပြိုကျသွားသကဲ့သို့ပင်ဖြစ်၏။ လေနှင့် မိုးတိမ်များ တစ်ဟုန်ထိုးတက်လာကာ ကောင်းကင်နှင့်မြေကြီးကြားဖြစ်စဥ်တစ်ခု ပေါ်လာသည်။ ဤလှံဖြတ်သွားသည့်နေရာတိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက ဆူပွက်နေသော ရေကဲ့သို့ တစ်ဟုန်ထိုးတက်လာသည်။
ခန်က တည့်တည့်မတ်မတ်လျှောက်သွားသည်။ ချူးယွင်ဖန်း၏ ရင်ဘက်ကို သူ့လှံနှင့် ထိုးလိုက်ကာ သူ့ကို အပိုင်းပိုင်းဖြတ်ပစ်ချင်စိတ် ဖြစ်ပေါ်သွားသည်။ သူ့အမြင်အရ ချူးယွင်ဖန်း၏သဘောက ခွင့်လွှတ်၍ မရပေ။ သူသည် နှစ်ပေါင်းများစွာ ကြီးကျယ်ခမ်းနားစွာ အာဏာရခဲ့သည်။
“မဆိုးပါဘူး!” ချူးယွင်ဖန်းက ကျယ်လောင်စွာ ပြောလိုက်ပါတယ်။
သာမန်လူများ၏ အမြင်တွင် ဤလှံသိုင်းက သဘာဝအတိုင်း ထိတ်လန့်ဖွယ် ကောင်းကာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည်။ သို့သော် ထိပ်တန်း သိုင်းပညာများကို မြင်တွေ့နေကျ ချူးယွင်ဖန်းအတွက် ကောင်းမွန်သော အကဲဖြတ်ချက်တစ်ခု ရှိရုံဖြင့် ခန်းက အံ့သြဖွယ်ကောင်းသည်ဆိုသောအချက်ကို ပြသနိုင်သည်။ သို့သော် ချူးယွင်ဖန်းက လုံးလုံးလျားလျား တည်ငြိမ်နေသည်။ အဝေးမှကြည့်ပါက လှံမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် တုန်လှုပ်သွားသကဲ့သို့ပင်ဖြစ်သည်။ အရေးအကြီးဆုံးအချိန်မှာ၊
သူ့ကျောပေါ်က မိုးကြိုးတောင်ပံများဖြန့်ကား၍ တိုက်ခိုက်မှုကို ချက်ချင်း ကာကွယ်လိုက်သည်။
ချွင်
လှံက မိုးကြိုးတောင်ပံတွေပေါ် ရောက်သွားသောအခါ သတ္တုပွတ်တိုက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ပင် သူ့ညာဘက်မှ တောင်ပံက ပို၍ ကြီးလာသည်။ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ သူက ခန်းကို ခုတ်ပိုင်းလိုက်သည်။ သူ၏ ပထမဆုံး တိုက်ခိုက်မှုကျရှံးပြီးနောက် မိုးကြိုးတောင်ပံ၏ တိုက်ခိုက်မှုကိုရှောင်တိမ်းရန် နောက်ဆုတ်သွားသည်။ သူရပ်နေသော နေရာက အပိုင်းပိုင်းကြွသွားသည်။ ဤတိုက်ခိုက်မှုက မည်မျှ အစွမ်းထက်သည်ကိုမြင်ယောင်ကြည့်နိုင်၏။
“ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ”
ချူးယွင်ဖန်းက သူတစ်ခါမျှ မမြင်ဖူးခဲ့သော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ခန်းသဘောပေါက်သွားသည်။ ဥပမာအားဖြင့် မိုးကြိုးတောင်ပံများက တိုက်ခိုက်ကာ တစ်ချိန်တည်းတွင် ခုခံနိုင်သည်။ ဤသည်က အလွန် ထိတ်လန့်ဖွယ်ကောင်းသော မိုးကြိုးစွမ်းရည်ပင်ဖြစ်၏။
မိုးကြိုးနည်းစနစ်များကို ကျင့်ကြံသူများအား သူ မမြင်ဖူးသောကြောင့်မဟုတ်ပေ။ သို့သော် မိုးကြိုးစွမ်းအားကို ချက်ချင်း ထုတ်လွှတ်ခြင်းမရစေရန် ထိန်းချုပ်နိုင်ကာ အတောင်များဖွဲ့စည်းနိုင်သည်အထိ ထိန်းချုပ်နိုင်သူကို သူတစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ဤတောင်ပံများ၏ အကူအညီနှင့် ချူးယွင်ဖန်းတွင် လက်တစ်စုံ ပိုပါလာသကဲ့သို့ပင်ဖြစ်သည်။ သူ၏ ခြိမ်းခြောက်မှုအဆင့် အလွန် မြင့်တက်လာသည်ဟု ပြောနိုင်သည်။
သို့သော်၊ ခန်း ဆက်မတွေးနိုင်မီတွင် ချူးယွင်ဖန်သည် သူ့ခြေထောက်များကို နင်းလိုက်ရာ မိုးကြိုးတစ်ချက် ပေါ်လာသည်။ သူ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ သူသည် ခန်းရှေ့တွင် ရပ်နေသည်။ သူသည် လက်တစ်ဖက်ဖြင့် ထိုးပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ထားသည်။ သူ့ကျောပေါ်တွင် မိုးကြိုးတောင်ပံများဖြင့် သူသည် ဓားရှည်တစ်ချောင်းကဲ့သို့ ရူးသွပ်စွာ ခုတ်ချလိုက်သည်။
ခဏတာအတွင်း၊ ခန်းသည် အခြေအနေမကောင်းကြောင်း သိလိုက်သည်။ သူသည် ခုခံရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ချက်ချင်းပင် အားနည်းချက်တစ်ခု ကြုံလိုက်ရသည်။ လက်လေးဖက်ကို လက်သီးနှစ်ဖက်ဖြင့် တိုက်ခိုက်ရန် ခက်ခဲလွန်းသောကြောင့် ချူးယွင်ဖန်၏ ဓားကြောင့် လွင့်စင်သွားခဲ့သည်။
အခန်း(၁၄၈၈) ခန်အပြင်းအထန် ဒဏ်ရာရရှိခြင်း
ခန်းက နောက်သို့လွင့်ထွက်သွားသည်။ ဓားက သူ့အား တိုက်ရိုက်မထိဘဲ သူ၏ သံချပ်ကာကိုသာ ထိမှန်သွားသော်လည်း သူ့ကို အသက်ရှုမဝဖြစ်စေခဲ့သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများအားလုံးက မုန်တိုင်းကဲ့သို့ ရွာကျလာသည်။ ချူးယွင်ဖန်း၏ အမြန်နှုန်းကို မလိုက်နိုင်သောကြောင့် သူ တိုက်ပင် မတိုက်ခိုက်နိုင်ပေ။ တိုက်ခိုက်မှုများကို ခံရုံသာ တတ်နိုင်သည်။ သို့သော် သူ့မျက်လုံးထဲမှ လောဘက ပို၍ ပို၍ ပြင်းထန်လာသည်။ ချူးယွင်ဖန်းသည် သူ့အတွက် မယှဉ်နိုင်သော လူတစ်ယောက်အဆင့်မှ သူနှင့် တန်းတူရပ်တည်နိုင်သော ဘဝတစ်ခုသို့ ခုန်တက်ရန် မည်သည့်အရာကို အားကိုးခဲ့သနည်း။ ပြာမီးနှင့် ဆန္ဒစွမ်းအားသာ မဟုတ်ပါလား။
ချူးယွင်ဖန်းသည် ပြာမီးစွမ်းအားကို အားကိုးခြင်းဖြင့် သူနှင့် ပေါင်းစည်းနိုင်ခဲ့သည်။ သူသာဖြစ်ပါက သူ၏ ကျင့်ကြံမှုသည် ချက်ချင်း နောက်တစ်ဆင့်သို့ မြင့်တက်ကာ ပြိုင်ဘက်ကင်းဖြစ်သွားမည်မဟုတ်ပေလော။ ထိုသို့သာဖြစ်ပါက ကမ္ဘာကြီးကို ပေါင်းစည်းလိုသည့် ခန်၏ အိပ်မက်ကို သူ့လက်ထဲတွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ဤအတွေးဖြင့် သူ့နှလုံးသား ချက်ချင်း စိတ်အားထက်သန်မှုများနှင့် တောက်လောင်သွားသည်။
"မင်းငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး” ခန်းက ရယ်လိုက်သည်။
"မင်းက ခွန်အား အများကြီးတိုးလာဖို့ ပြာမီးစွမ်းအားကို အားကိုးနေရရင်တောင်မှ၊ အခြေခံအရ မင်းက ရွှေအမတေပုံစံအဆင့်ကိုတောင် မရောက်သေးတဲ့ အမတေမဲ့ပဲ။ မင်း ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်”
"မင်းကိုအနိုင်ယူဖို့ လုံလောက်ပြီ!" ချူးယွင်ဖန်းက အော်ဟစ်၍ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။
သူ့ကျောမှ မရေမတွက်နိုင်သော မိုးကြိုးတောင်ပံများ ပျံသန်းထွက်လာပြီး မိုးကြိုးဓားမိုးအဖြစ်ပြောင်းလဲ၍ ခန်းကို တိုက်ခိုက်တော့သည်။
မရေမတွက်နိုင်သော မိုးကြိုးဓားများသည် ကမ္ဘာတစ်ဝှမ်းတွင် ပြည့်နှက်နေသည်။ အဝေးမှကြည့်လျှင် မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ ထင်ရသည်။
“ချိုးဖျက်”
ပြာမီးစွမ်းအားကို သန့်စင်နည်းကို ရရှိပြီးနောက် သူ့ခွန်အား မည်သို့ သိသိသာသာ တိုးလာမည်ကို ခန်း စဉ်းစားခဲ့သည်။ သူသည် ၎င်းကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ သူ့ကိုယ်သူ အလွန်ကျေနပ်နေခဲ့သည်။ သူသည် အောင်နိုင်သူလှံကို ထပ်မံအသုံးပြုခဲ့သည်။ သူသည် ချူးယွင်ဖန်းနှ၍့် ရေရှည်တိုက်ပွဲတစ်ခု တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်း ကြာရှည်မခံနိုင်ကြောင်း သူသိသည်။
ဘမ်း
နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများသည် လေထဲတွင် ထိပ်တိုက်တွေ့သွားသည်။ လှံသည် ငွေရောင်ဖြူရောင် နဂါးတစ်ကောင်ကဲ့သို့ အဆုံးမဲ့ မိုးကြိုးနှင့် မိုးရေများကို ဖြတ်သန်းသွားသည်။ ထို့နောက် ၎င်းသည် ချူးယွင်ဖန်ကို ပစ်ခတ်ပြီး နေရာတွင်ပင် သတ်ရန် ကြံစည်လိုက်သည်။
"ချိုးဖျက်… အံ့ဖွယ်လက်သီးရှစ်ချက်”
ချူးယွင်ဖန်းက နောက်တစ်ကြိမ် ထိုးလိုက်သည်။ လက်ရှိချူးယွင်ဖန်းအတွက် အံ့ဖွယ်လက်သီးရှစ်ချက် အပြည့်အစုံသည် သူ၏ ခွန်အားများစွာကို ကုန်ဆုံးစေနိုင်သည်။ ပုံမှန်အခြေအနေတွင် သူသည် ၎င်းကို အလွယ်တကူ အသုံးမပြုနိုင်ပေ။ သို့သော် ယခုအခါ ပြာမီးခန္ဓာကိုယ်ဖြင့် စွမ်းအင်သုံးစွဲမှုအားလုံးကို ဤခန္ဓာကိုယ်နည်းစနစ်ဖြင့် ထိန်းချုပ်ထားသည်။ သူသည် ဤစွမ်းရည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ အသုံးပြုနိုင်သည်။
ဘမ်း
ချူးယွင်ဖန်က လှံကို လက်သီးဖြင့် ထိုးချပြီးနောက် ကန်ချလိုက်သည်။
“စတုတ္ထမြောက် ငရဲကန်ချက်”
ချူးယွင်ဖန်သည် မြေပြင်ကို နင်းလိုက်သည်နှင့် စတုတ္ထမြောက် ငရဲကန်ချက်ကို အသုံးပြုလိုက်သည်။ သူ့ခြေထောက်အောက်တွင် ကောင်းကင်တစ်ခုလုံး ပြိုကျသွားသည်။ သူ့ခြေထောက်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ပျံ့နှံ့သွားပြီး ခန်းဆီသို့ လဲကျသွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“တားဆီး”
ခန်းသည် စတုတ္ထမြေအောက်ကမ္ဘာခြေနင်းကို လှံဖြင့်ထိုးဖောက်ခဲ့သည်။ နှစ်ဖက်တိုက်ပွဲသည် ပြင်းထန်သောအဆင့်သို့ ရောက်ရှိခဲ့သည်။ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် နှစ်ဖက်စလုံးသည် တိုက်ခိုက်မှုများစွာဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
"မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်။ ဟားဟားဟား!"
ချူးယွင်ဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများ အားနည်းလာသည်ကို မြင်သောအခါ ခန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤတိုက်ပွဲမျိုးသည် အလွန်ပြင်းထန်လွန်းသည်။ ၎င်းသည် စက္ကန့်တိုင်းတွင် နတ်ဘုရားစွမ်းအားများစွာကို အသုံးပြုရသည်။ ချူးယွင်ဖန်း၏ ခွန်အားနှင့်ပင် သူ ဆက်လက်၍ မခံနိုင်တော့ပေ။ သူသည် ပြာမီးစွမ်းအားကို အားကိုးခဲ့ရသည်။
ချူးယွင်ဖန်က ခန်နက ဤသို့ဖြစ်စေချင်နေကြောင်းသိသည်။ ယင်းက သူ့အတွက် ဆိုးကျိုးရှိသည်။ သူက အံကြိတ်၍ “ပဥ္စမမြောက် ငရဲကန်ချက်”ဟု အော်လိုက်သည်။
ချူးယွင်ဖန်သည် သူ၏ မူလခန္ဓာကိုယ်က အသုံးမပြုနိုင်သေးသော ပဉ္စမမြောက် ငရဲကန်ချက်ကို အော်ဟစ်၍ အသုံးပြုလိုက်သည်။ ပဉ္စမမြောက် ငရဲကန်ချက်၏ စွမ်းအားသည် စတုတ္ထမြောက် ငရဲကန်ချက်ထက် အနည်းဆုံး အဆပေါင်းများစွာ ပိုမိုအားကောင်းသော်လည်း စွမ်းအားသုံးဆွဲမှုကလည်း အဆပေါင်းများစွာ ပိုမိုများပြားသည်။ ချူးယွင်ဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ မူလက သိပ်သည်းသော ရွှေရောင်အလင်းတန်းသည် ရုတ်တရက် အလွန်ပါးလွှာသွားသည်။
တစ်ကြိမ်တိုက်ခိုက်ရုံနဲ့ သူ၏ ပြာမီးစွမ်းအား၏ ဆယ်ပုံတစ်ပုံကို အသုံးပြုပြီးဖြစ်သည်။ ယခုတင် သူအသုံးပြုလိုက်သော ဆယ်ပုံတစ်ပုံအပြင် ဤတိုတောင်းလှသော ကာလအတွင်းတွင် ပြာဝံပုလွေအလံက နှစ်ပေါင်းများစွာစုဆောင်းခဲ့သည့် ပြာမီးစွမ်းအား၏ ငါးပုံတစ်ပုံကို အသုံးပြုပြီးဟု ပြောနိုင်သည်။
ခန်း၏ ဆုံးဖြတ်ချက်က မမှားပေ။ ချူးယွင်ဖန်း၏ အကြီးမားဆုံး အားနည်းချက်က သူ အချိန်မီမတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ သို့သော် ဤကန်ချက်ကျလာသောအခါ ခန်းက ကောင်းကင်တစ်ခုလုံးနိမ့်ဆင်းလာကာ သူ့ကို ဖိနှိပ်ချင်သည့်နှယ် ခံစားလိုက်ရသည်။
"ဘယ်လိုလုပ်ပြီး ဒီကန်ချက်က ဒီလောက် ကြောက်ဖို့ကောင်းတာလဲ”
ခန်းက ကြုံးဝါးလိုက်သည်။
“ငါအစွမ်းကုန်တိုက်တော့မယ်”
ထိုသို့ပြောလိုက်သည်နှင့် သူ၏ ငွေရောင်လှံသည် လက်ထဲမှ လွင့်ထွက်သွားကာ ရေနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကန်ချလိုက်သည်။ ငွေရောင်လှံကို ချူးယွင်ဖန်၏ ကန်ချက်ကြောင့် လွင့်စင်သွားစေခဲ့သည်။ ပဉ္စမမြောက် ငရဲကန်ချက်၏ စွမ်းအားသည် စတုတ္ထမြောက် ငရဲကျန်ချက်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
ဘမ်း
ကန်ချက်ကို ခဏတာ တားနိုင်လိုက်သော်လည်း ခန်ပေါ်သို့ ကျသွားဆဲဖြစ်သည်။
ခန်းသည် သွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက်သို့လွင့်ထွက်သွားသည်။
နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှုတွင် သူ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်သည်။ ချူးယွင်ဖန်၏လက်ထဲတွင် သူသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရခြင်းဖြစ်သည်။
ချူးယွင်ဖန်သည် ဤမျှကောင်းမွန်သော အခွင့်အရေးကို မည်သို့လက်လွှတ်နိုင်သနည်း။ သူသည် ချက်ချင်းပင် ခန်ဆီသို့ အပြေးအလွှားသွားပြီး သိုင်းပညာ နည်းစနစ်အမျိုးမျိုးကို အသုံးပြုခဲ့သည်။
ချူးယွင်ဖန်းသည် သိုင်းပညာများစွာကို ကျွမ်းကျင်သည်။ ယခု သူအသုံးပြုနေပါက ၎င်းတို့ထဲမှ မည်သူမဆို ကြီးမားသော စွမ်းအားရှိလိမ့်မည်။ ၎င်းတို့သည် မုန်တိုင်းတစ်ခုကဲ့သို့ ခန်းထံသို့ ဆင်းသက်ခဲ့ကြသည်။
ခဏတာအတွင်း၌ပင် ခန်းက တစ်ဖန်ပြန်၍ လွင့်ထွက်သွားပြန်သည်။ သူက နောက်ထပ် သွေးတစ်ပွက်အန်ထုတ်လိုက်သည်။
“မင်း ဒီထက်ပိုပြီး မခံနိုင်ဘူး။ ငါ့ရဲ့ သံချပ်ကာနဲ့ ငါ့ကို ကာကွယ်ထားသရွေ့ မင်း ငါ့ကို ဘာမှ လုပ်လို့မရဘူး”
"ဒါဆိုရင် စမ်းကြည့်ကြရအောင်”
ရုတ်တရက် ချူးယွင်ဖန်၏ လက်ထဲတွင် ရွှေရောင် မိုးကြိုးတစ်ခု ပေါ်လာသည်။
ချူးယွင်ဖန်၏ လက်ထဲမှ မိုးကြိုးကို မြင်သောအခါ၊ ချူးယွင်ဖန်း၏ လက်ထဲမှ မိုးကြိုးသည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သကဲ့သို့ သူ့ဆံပင်များ ထောင်သွားသည်ကို ခန်း ခံစားလိုက်ရသည်။
ချူးယွင်ဖန်းသည် သူ့လက်ထဲတွင် နတ်ဘုရားမိုးကြိုးကို ပစ်ထုတ်ပြီး ခန်းဆီသို့ မိုးကြိုးအလျင်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ခန်းသည် ခပ်ဝေးဝေး၌ ရှောင်နေသော်လည်း ချူးယွင်ဖန်၏ ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားမိုးကြိုးလည်း ပေါက်ကွဲသွားသည်။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာတစ်ဝှမ်းလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဤပြင်းထန်သော တုန်ခါမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မီးနှင့် မိုးကြိုးမုန်တိုင်းများ ပါလာသည်။