← Chapters

အခန်း (၁၄၉၂-၁၄၉၄)

Vol. 100 Ch. 1492-1494

အခန်း (၁၄၉၂-၁၄၉၄)

Vol. 100 Ch. 1492-1494

အခန်း(၁၄၉၂) သိုင်းပညာခေတ်

ခဏအကြာတွင် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခြံဝင်းထဲမှ ထွက်လာသည်။ ထိုအမျိုးသားသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချူးယွင်ဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

"ဓားသခင်လေး" ထိုလူ၏ မျက်နှာအမူအရာက ဘာသိဘာသာပင်ဖြစ်သော်လည်း ချူးယွင်ဖန်ကို မြင်သောအခါမှသာ သူက ခေါင်းညိတ်ပြလိုက်သည်။

ချူးယွင်ဖန်က ထိုလူကို လှမ်းကြည့်လိုက်သည်။ ဤလူ၏ ကျင့်ကြံမှုအဆင့်က ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ ချက်ချင်းပင် စကားမပြောနိုင်တော့ပေ။ ရွှေအမတေပုံစံအဆင့်သည် မည်သည့်အချိန်မှစ၍ ဂေါ်ဖီထုပ်ကဲ့သို့ ဖြစ်လာသနည်း။ သူသည် ၎င်းတို့ကို နေရာတိုင်းတွင် မြင်နိုင်သည်။

"ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ သိလို့ရမလား" ချူးယွင်ဖန်းက ပြောသည်။

"ငါက ဆေးပညာရှင်အသင်းဥက္ကဌဝမ်သုန်ပါ”

ထိုလူက မသိမသာ ပြုံးလိုက်သည်။

ချူးယွင်ဖန်းအံ့အားသင့်သွားသည်။ သူသည် အခြားနိုင်ငံသုံးခုရှိ ဆေးပညာရှင်အဖွဲ့ခွဲများ၏ ဥက္ကဋ္ဌများကို ယခင်က မြင်ဖူးသောကြောင့် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ဤလူသည် ဆေးပညာရှင်အသင်း အဓိကဌာနခွဲ၏ ဥက္ကဋ္ဌဖြစ်သည်။ သူ သဘောပေါက်လာသည်။ ဤလူတွင် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ကျင့်စဉ်ရှိခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူသည် အမှန်တကယ်တွင် အလွန်ရာထူးမြင့်မားသူတစ်ဦးဖြစ်သည်။

ဆေးပညာရှင်အသင်းသည် ကမ္ဘာတစ်ဝှမ်းလုံး၌ ပျံ့နှံ့နေခြင်းဖြစ်၍ အင်အားကြီးသော နိုင်ငံသုံးခုတွင် ဌာနခွဲများရှိသည်။ ယင်း၏ အစွမ်းသတ္တိက မယုံကြည်နိုင်လောက်အောင် ကြီးမားကာ ဥက္ကဌသည်လည်း ရွှေအမတေပုံစံ၌ရှိနေသည်။

ဤသည်မှာ အံ့သြစရာမဟုတ်ပေ။

အဆုံးစွန်အားဖြင့်၊ အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးသည် အစွမ်းထက်သော ဆေးပညာရှင်တစ်ဦး မဖြစ်နိုင်သော်လည်း၊ အစွမ်းထက်သော ဆေးပညာရှင်တစ်ဦးသည် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး သေချာပေါက် ဖြစ်လိမ့်မည်။

အကယ်၍ ၎င်းကို ကြီးကြပ်ရန် ရွှေအမတေပုံစံအဆင့်ရှိသူမရှိခဲ့လျှင် ဆေးပညာအစည်းအရုံးတွင် ၎င်း၏ အစွမ်းသတ္တိများကို အင်အားကြီးနိုင်ငံသုံးခုထံ တိုးချဲ့ရန် မည်သည့်အခွင့်အရေးရှိသနည်း။ အင်အားကြီးနိုင်ငံသုံးခုသည် သူ့အား မျက်နှာသာပေးရမည်ဖြစ်ပြီး ပေါ့ပေါ့ဆဆ လုပ်ဆောင်ဝံ့ခြင်း မရှိပေ။

ဆေးပညာရှင်အသင်း၏ဥက္ကဋ္ဌသည် ဆေးပညာရှင်တစ်ဦးဖြစ်ကာ ရွှေအမတေပုံစံအဆင့်ရှိသည့် သိုင်းပညာရှင်လည်းဖြစ်သည်။ အင်အားကြီးနိုင်ငံသုံးခုက ဤသို့သော အခြေအနေမျိုးကို ရန်စရန် ဆန္ဒရှိမည်မဟုတ်ပေ။

"ဥက္ကဋ္ဌဝမ်၊ နှုတ်ခွန်းဆက်သပါတယ်" ချူးယွင်ဖန်က ပြောသည်။

ဝမ်သုန်ကို ရှားရှားပါးပါးသာ ကဲ့ရဲ့ရှုတ်ချကြသော်လည်း သူသည် ဆေးးပညာရှင်အစည်းအရုံးအကြော်း များစွာကြားဖူးသည်။

"ဒီနေ့ ကျွန်တော့်ကို ဘာလို့ဒီကိုခေါ်တာလဲ"

"ယွမ်ရှန်မြို့ရဲ့ ဌာနခွဲဥက္ကဋ္ဌနဲ့ ခင်ဗျားပြောခဲ့တာတွေကို မှတ်မိသေးလား" ဝမ်သုန်က လိုရင်းကို တည့်တည့်ပြောလိုက်သည်။

ယွမ်ရှန်ဌာနခွဲ၏ ဥက္ကဋ္ဌက သူ့အား အကူအညီလိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း ထိုအချိန်က ၎င်းအတွက် သိပ်စိတ်မပူရန် ပြောကြားခဲ့ကြောင်း ချူးယွင်ဖန်းက ပြန်ပြောပြသည်။

"ကျုပ် မှတ်မိတယ်။ ခရမ်းရောင် မိုးကြိုးဓားဂိုဏ်းနဲ့ ဆက်စပ်နေတာလား"

"ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းမသိဘူးလား" ဝမ်သုန်က ချူးယွင်ဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ချူးယွင်ဖန်က သံလွန်စများကိုလိုက်ခဲ့သည်ဟု သူထင်ခဲ့သော်လည်း ချူးယွင်ဖန်း လုံးဝသိလိမ့်မည်မဟုတ်ကြောင်း မည်သူက သိနိုင်မည်နည်း။ ဤသည်က သူ့ကို အတန်ငယ် အံ့အားသင့်စေခဲ့သည်။

"ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် ဒီကို မတော်တဆ ရောက်လာတာပါ" ချူယွင်ဖန်းက ပြောသည်။

ပို၍ တိတိကျကျပြောရပါက ခန်းက သူ့ကို လိုက်ဖမ်းနေခြင်းဖြစ်ကာ သူမည်သည့်နေရာရောက်နေသည်ကိုပင်မသိပေ။

" ကောင်းကောင်းအလုပ်လုပ်တာပဲ။" ဝမ်သုန်က ချူးယွင်ဖန်ကို လှမ်းကြည့်၍ ပို၍ပင် လေးစားသွားသည်။

ချူးယွင်ဖန်က သဲလွန်စများကို လိုက်ကြည့်ကာ ဤနေရာသို့ရောက်လာသည်ဟုထင်ခဲ့သော်လည်း တကယ်တမ်းတွင် မတော်တဆရောက်လာခြင်းဖြစ်သည်။

ဤသည်က မည်သည့်အချက်ကို ဆိုလိုသနည်း။ ချူးယွင်ဖန်းက သူ့ကိုယ်သူကာကွယ်ရာ၌ ကံကောင်းသည်ဟုဆိုလိုခြင်းဖြစ်သည်။ အချို့လူများသည် ရွှေကို ခလုတ်တိုက်မိတတ်ကြသော်လည်း အချို့သည်မူ မျက်နှာတစ်ခုလုံး ရေများနှင့်ပြည့်သွားတတ်သည်။ ဤသည်က ကံကောင်းခြင်း၏ ကွာခြားချက်ဖြစ်သည်။

လူတိုင်း၏ ကံကြမ္မာက မတူညီပေ။ ဤအဆင့်အထိ ကျင့်ကြံနိုင်သော ပညာရှင်များသည် ဘီလီယံတစ်ရာတွင် တစ်ယောက်သာရှိသည်။ ၎င်းတို့ကို သာမန်လူများ၏တိုင်းပြည်တွင် ထားမည်ဆိုပါက ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူများဖြစ်လိမ့်မည်။ မည်သို့အခက်အခဲမျိုးရှိစေကာမူ ကံဆိုးမှုကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည် ကမ္ဘာကြီးကို အုပ်စိုးနိုင်သူများဖြစ်လာပေလိမ့်မည်။ ကျင့်ကြံသူများတွင်ပင် ထိုကဲသို့ ကံကောင်းသူများ များများစားစားမရှိပေ။ ကံတရားက အရာအားလုံးကို မလွှမ်းမိုးနိုင်သော်လည်း အချို့လူများသည် ပါရမီကို အားကိုးကြပြီး အချို့က ကြိုးစားအားထုတ်မှုကို အားကိုးကြပြီး ထူးကဲသော စိတ်စွမ်းအားက ၎င်းတို့၏ကံကို တိုးပွားစေနိုင်သည်။

သို့သော် တစ်နည်းနည်းဖြင့် ကံတရားက ကြိုးစားအားထုတ်မှု စိတ်စွမ်းအား၊ ပါရမီနှင့် အခြားလေ့ကျင့်မှုများထက် ပိုအရေးကြီးသည်။ အချို့လူများသည် နှစ်ငါးဆယ်ခန့်တစ်ဦးတည်းနေခဲ့ကြကာ အချို့ကမူ လမ်းလျှောက်ထွက်ရုံဖြင့် သူ၏ ကျင့်ကြံမှုတစ်ခုလုံးကို သင်ကြားပေးမည့် အဘိုးကြီးတစ်ဦးနှင့်တွေ့ဆုံခဲ့သကဲ့သို့ ၎င်းတို့သည် မိနစ်ပိုင်းအတွင်းတွင် ကမ္ဘာ့ထိပ်တန်းပညာရှင်များဖြစ်လာခဲ့ကြသည်။

ဝမ်သုန်က ယင်းကို သဘာဝအတိုင်းနားလည်သည်။ ကံကိုသာ ကြည့်၍ မရနိုင်ကြောင်း သူသိသော်လည်း ကံကောင်းသူတစ်ဦးကို လျှော့တွက်ခြင်းက အလွန်အမင်းကျရှုံးခြင်းဖြစ်သည်။ ချူးယွင်ဖန်းက အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း ထိုသို့သော ကျင့်ကြံမှုမျိုးရှိနှင့်ပြီးဖြစ်သည်။

သူ၏ ဓားကျင့်ကြံမှုက မြေကြီးကို တုန်လှုပ်စေခဲ့ပြီး မျိုးဆက်တစ်ခု၏ အရှင်သခင်ဟုပင် ခေါ်ဆိုနိုင်သည်။ ထိုသို့သောလူမျိုးလမ်းပျောက်သွားသောအခါ ဤသို့ လမ်းညွှန်ခံရသည်မှာ ပုံမှန်သာဖြစ်သည်။

"ဓားသခင်လေး ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းရဲ့ ဓားတံဆိပ်ရှိတယ်လို့ ကြားတယ်" ဝမ်သုန်က မေးလိုက်သည်။

"ဟုတ်တယ်၊ ကျုပ်မှာ ဓားတံဆိပ်ရှိတယ်" ချူးယွင်ဖန်က ဝန်ခံလိုက်သည်။

ဤကိစ္စကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူသိသည်။ ကျန်းဝူချန်အဖြစ် ပြောင်းလဲသွားခဲ့စဥ်က သူအလွန်ကြွားဝါထားခဲ့ရာ မည်ကဲ့သို့ ဖုံးကွယ်နိုင်မည်နည်း။ ထို့အပြင် လက်ရှိ သူ၏ ကျင့်ကြံရေးအဆင့်နှင့်ဆိုပါက အခြားသူများသိသွားမည်ကို စိုးရိမ်ရန်မလိုပေ။ အခြားသူများက လုယူချင်ပါက ၎င်းတို့ အစွမ်းအစရှိမရှိပေါ်မူတည်သည်။

"ဒါဆို ဒီကိစ္စမှာ ဘာမှမှားတာမရှိဘူး" ဝမ်သုန်က ခေါင်းညိတ်လိုက်သော်လည်း ချူးယွင်ဖန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဝန်ခံလိုက်သည်ကို သူအနည်းငယ် အံ့သြသွားသည်။ ဤသည်က သာမန်လူတစ်ဦး၏ သတ္တိမဟုတ်ပေ။

“ဒီကိစ္စက ဒီလက္ခဏာနဲ့ အတိုင်းအတာတစ်ခုအထိ ဆက်စပ်နေတယ်။ ခရမ်းရောင်မိုးကြိုးဓားတွေအကြောင်း မင်းဘယ်လောက်သိလဲ၊ ဓားသခင်လေး" ဝမ်သုန်က မေးလိုက်သည်။

"ကျုပ်နည်းနည်းပဲ သိတယ်။ ခရမ်းရောင်မိုးကြိုးဓားတွေက ဒီမြေကို တစ်ချိန်က အုပ်ချုပ်ခဲ့ဖူးတယ်"

"ဟုတ်တယ်၊ ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းက ဒီမြေကို တစ်ချိန်က အုပ်ချုပ်ခဲ့ဖူးတယ်။ အဲ့တုန်းက သူတို့က အရမ်းအစွမ်းထက်တယ်။ တပည့်အမျိုးမျိုး တစ်သန်းကျော်ရှိပြီး သူတို့ထဲမှာ ကျွမ်းကျင်သူတွေ မရေမတွက်နိုင်အောင် ရှိတယ်။ အဲ့တုန်းက ရွှေအမတေအဆင့်မှာတောင်

ဒီလောက်အထင်ကြီးစရာ မကောင်းဘူး။ သိုင်းပညာတွေ အထွတ်အထိပ်ရောက်နေတဲ့ ခေတ်ပဲ" ဝမ်သုန်က ပြောသည်။

“အဲ့နောက်မှာ ဂိုဏ်းက ရုတ်တရက် အရှိန်ကျသွားပြီး အခုချိန်ရှိနေတဲ့ နိုင်ငံအမျိုးမျိုး အစားထိုဝင်ရောက်လာတယ်”

"ရုတ်တရက် အရှိန်ကျသွားတယ်ဟုတ်လား။ ဘာကြောင့်လဲ။ တပည့်သန်းပေါင်းများစွာရှိတဲ့ ဂိုဏ်းတစ်ခုက ဘယ်လိုလုပ် ရုတ်တရက် အရှိန်ကျသွားနိုင်မှာလဲ" ချူးယွင်ဖန်းသည် တပည့်သန်းပေါင်းများစွာရှိသော ဂိုဏ်းတစ်ခုက မည်မျှအစွမ်းထက်သည်ကို အနည်းငယ် စူးစမ်းလိုစိတ်ရှိသည်။ ယင်းကို သူစဥ်းစားရန်ပင် မဝံ့ရဲပေ။

ပြည်ထောင်စု၌ပင် ဤသို့သော ဂိုဏ်းများမရှိပေ။ တပည့်ချည်း သန်းနှင့်ချီ၍ ရှိသည်။ ဂိုဏ်း၏ အတွင်းနှင့် အပြင်က သိုင်းသမားတချို့အပြင် တပည့်များ၏ ဆွေမျိုးများသာ ပါဝင်မည်ဆိုပါက ဂိုဏ်းတချို့သည် ၎င်းတို့၏ ကိုယ်ပိုင်တပ်များကိုပင် တည်ဆောက်နိုင်သည်။ ဤဂိုဏ်းက ထိန်းချုပ်နိုင်သည့် လူဦးရေသည် သန်းပေါင်းများစွာ ကျော်လွန်နိုင်သည်။

အကယ်၍ အပြင်ဘက်အားများကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ၎င်းကို စည်းမျဉ်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

လက်ရှိကြီးမားသောနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထိန်းချုပ်ခံထားရသော လူဦးရေအရေအတွက် ကွာခြားချက်ရှိသော်လည်း၊ ဂိုဏ်းတစ်ခု၏ အုပ်ချုပ်ပုံသည် နိုင်ငံတစ်ခု၏ အုပ်ချုပ်ပုံနှင့် ကွာခြားသည်။ ဂိုဏ်းတစ်ခုသည် လူများစွာကို ထိန်းချုပ်နိုင်ခြင်းမှာ အမှန်တကယ် အံ့အားသင့်စရာပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်း၏ လိုအပ်ချက်များသည် နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်ထက် များစွာနိမ့်ကျသည်။ ပြည်သူများ၏ ကဏ္ဍအားလုံးကို ၎င်းတို့ အုပ်ချုပ်ရန် မလိုအပ်ပေ။ တပည့်များကို အဆက်မပြတ် စုဆောင်း၍ အခွန်ကောက်ခံနိုင်သရွေ့ အဆင်ပြေသည်။

အခန်း(၁၄၉၃) ရွံ့နွံထဲမှာ ငါးဖမ်းရတာ လွယ်တယ်

ပုပ်နေသည့် လှေတစ်စင်းတွင် သံချောင်းသုံးပေါင်ရှိသည်ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ ငတ်မွတ်နေသော ကုလားအုတ်တစ်ကောင်သည် မြင်းတစ်ကောင်ထက်တော့ ပို၍ ကြီးသေးသည်။ တပည့်သန်းပေါင်းများစွာ ရှိသော ဂိုဏ်းတစ်ခုက ဤသို့သော နည်းဖြင့် မည်ကဲ့သို့ ပျောက်ကွယ်သွားနိုင်မည်နည်း။

ဝမ်သုန်က “ရုတ်တရက် ကျဆင်းမှု” ဟူသော အသုံးအနှုန်းကို အသုံးပြုခဲ့ကြောင်း သူသတိပြုမိခဲ့သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော ဧရာမဖြစ်တည်မှုအတွက် မရှိပါက အင်အားကျဆင်းသွားလျှင်ပင် ရှည်လျားသော ဖြစ်စဥ်တစ်ခုဖြစ်လိမ့်မည်။

"ကျွန်တော်တို့က အခြေအနေအတိအကျကို သိပ်မသိပါဘူး။ စစ်ပွဲတွေ မရေမတွက်နိုင်အောင် ပြီးသွားပြီးတော့ ကမ္ဘာ့လွှမ်းမိုးမှုမှာ မပါဝင်တဲ့ ဆေးပညာရှင်အသင်းတောင် ပျက်စီးတော့မလို ဖြစ်နေခဲ့တယ်" ဝမ်သုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲ့ဖြစ်စဥ်အတွင်း စာအုပ်တွေ အများကြီး ပျောက်ဆုံးသွားတယ်။ ဒါကြောင့် အဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့သိပ်မသိဘူး။ ငါတို့ သိတာ တစ်ခုတည်းက ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းက မသိတဲ့နေရာတစ်ခုကို စူးစမ်းလေ့လာခရီးထွက်ပြီး အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ သွားတဲ့လူတွေထဲက ၁၀ ရာခိုင်နှုန်းထက်နည်းတဲ့ လူတွေပဲ ပြန်လာပြီး ကျန်တဲ့လူတွေက နေရာအမျိုးမျိုးက မငြိမ်မသက်ဖြစ်နေတဲ့ အင်အားစုတွေကို နှိမ်နင်းဖို့ မလုံလောက်ဘူး။ နောက်ဆုံးမှာတော့ သူတို့ မြန်မြန်ဆန်ဆန် ဆုတ်ယုတ်သွားပြီး သူတို့ရဲ့ဂိုဏ်းလည်း ပြိုကွဲသွားတယ်။"

"စူးစမ်းလေ့လာရေးခရီးတစ်ခုလား" ချူးယွင်ဖန်း အံ့အားသင့်သွားသည်။

ခၕရမ်းရောင်မိုးကြိုးဓားဂိုဏ်းတွင် တပည့်သန်းပေါင်းများစွာရှိသော်လည်း ၎င်းတို့၏စူးစမ်းလေ့လာရေးခရီးတွင် မအောင်မြင်ခဲ့ပေ။ ၎င်းတို့ စူးစမ်းလ့လာရေးခရီးတွင် မည်သည့် အစွမ်းထက်သူများနှင့် တွေ့ဆုံခဲ့သနည်း။

"ဟုတ်တယ်၊ စူးစမ်းရှာဖွေမှုတစ်ခုနဲ့ တခြားအရာတွေ အများကြီးဟာ သမိုင်းထဲမှာ နစ်မြုပ်သွားခဲ့တယ်။ ဘယ်သူမှ မသိနိုင်ဘူး" ဝမ်သုန်က ပြောသည်။

“ခရမ်းရောင်မိုးကြိုးဓားဂိုဏ်း အရှိန်ကျလာပြီးကတည်းက ဂိုဏ်းကပြိုကွဲသွားပြီး အစုလိုက်အပြုံလိုက် သတ်ခံခဲ့ရတယ်။ မူလက ဂိုဏ်းမှာ သိမ်းဆည်းထားတဲ့ ရတနာတွေကတော့ ဘာမှ မကျန်အောင် ပျောက်ကွယ်သွားခဲ့တယ်။"

"တကယ်တော့၊ ရတနာသိုက်ဝင်ပေါက်က အဲ့မှာ အမြဲရှိခဲ့တယ်။ ဒီတောင်ပေါ်မှာ ရှိတယ်။ ဒီမြို့သားတွေက ခရမ်းရောင်မိုးကြိုးဓားဂိုဏ်း ရတနာသိုက်ကို စောင့်ကြပ်ခဲ့တဲ့ တပည့်တွေရဲ့ သားစဉ်မြေးဆက်တွေပဲ။"

"ဒါတွေအားလုံးဖြစ်တာ ခင်ဗျားမှာ ဓားတံဆိပ်မရှိလို့လား" ချူးယွင်ဖန်က မေးလိုက်သည်။

ဝမ်သုန်က ခေါင်းညိတ်လိုက်သည်။

“ဒါက အကြောင်းအရင်းတစ်ခုပဲ။ ဒါပေမယ့် အကြောင်းအရင်းတစ်ခုလုံးတော့မဟုတ်ဘူး။ အဓိကကတော့ အချိန်ကိုက်မဖြစ်ခဲ့တာပဲ။ အမှန်အတိုင်းပြောရရင် ဒီတောင်တန်းက ဝင်ပေါက်တစ်ခုပဲ၊ ရတနာသိုက်ကိုက အခြားနေရာမှာ တည်ဆောက်ထားတာ။

ခရမ်းရော်င်မိုးကြိုးဓားဂိုဏ်း အရှိန်ကျသွားပြီးတော့ ရတနာသိုက်က ဝိဉာဥ်နယ်မြေကနေ ထွက်သွားပြီး နှစ်ပေါင်းရာနဲ့ချီပြီး တစ်ကြိမ်ပြန်ရောက်တယ်။ အခု နောက်တစ်ခါ ပြန်ရောက်လာတော့မှာ”

"ဒါပေမယ့် ကျုပ်မပေါ်လာရင် ဒီအခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်" ချူးယွင်ဖန်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

"မဟုတ်ဘူး၊ မင်း ပေါ်ကိုပေါ်လာလိမ့်မယ်" ဝမ်သုန်က ပြောသည်။

"ငါတို့ဒီမှာစုဝေးနေရတဲ့အကြောင်းအရင်းက ငါတို့ယုံကြည်မှုရှိလို့ပဲ။ ဒီတစ်ခါတော့ လျို့ဝှက်ခန်းမဂိုဏ်းသခင်က အပြောင်းအလဲစာအုပ်ကို သုံးပြီး ရတနာသိုက်က ဘယ်အချိန်မှာ အလင်းရောင်ပြန်မြင်ရမလဲဆိုတာကို တွက်ချက်လိမ့်မယ်"

ချူးယွင်ဖန်း၏ စိတ်ဝင်စားမှုက မြင့်တက်လာခဲ့သည်။ သူသည် ခန်းနှင့်တိုက်ပွဲအတွင်း မတော်တဆ ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ အားလုံးက တိုက်ဆိုင်မှုတစ်ခုပင်ဖြစ်သည်။ သို့သော် ယင်းကို တစ်ယောက်ယောက်က ကြိုတင်ခန့်မှန်းခဲ့ပြီးဖြစ်၏။

"မဖြစ်နိုင်ဘူး။ ကျုပ်သိသလောက်တော့ ခင်ဗျားက ရွှေအမတေပုံစံအဆင့်မှာရှိနေရင်တောင် အနာဂတ်ကို ခန့်မှန်းဖို့မဖြစ်နိုင်ဘူး။ ရွှေအမတေအဆင့်အထက်မှာ ရှိနေရင်တောင် မဖြစ်နိုင်ဘူး” ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။

သူ့စိတ်ထဲတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေသောကြောင့် အနာဂတ်ကို ခန့်မှန်းရန် ကျင့်ကြံမှု အခြေခံက မည်မျှ အံ့သြဖွယ်ကောင်းသည်ကို သူ သဘာဝအတိုင်းသိသည်။ သူသည် ရွှေအမတေအဆင့်ထက် တစ်ဆင့်ပိုမြင့်နေလျှင်ပင် ဤသည်ကို လုပ်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ကျွမ်းကျင်သူများအတွက် ယင်းက မှန်ကန်သည်။ ကျွမ်းကျင်သူက ပိုမို အင်အားကောင်းလေလေ ခန့်မှန်းရန် ပိုခက်ခဲလေဖြစ်သည်။ ကြမ္မာမြစ်ရှိ ဤကျွမ်းကျင်သူများ၏ အရိပ်အယောင်များသည် ရုပ်ဝတ္ထုလောကမှ နောက်ဆုံးထွက်ခွာသွားသည်အထိ အလွန်တိမ်မြုပ်သွားပြီး ဓာတ်ငါးပါး၏ တားဆီးထားခြင်းကို မခံခဲ့ကြရပေ။

အမမေမဲ့အဆင့် သို့မဟုတ် ရွှေအမတေပုံစံအဆင့်ထိ ကျင့်ကြံခြင်းဖြင့်ပင် အခြားသူများ၏ ဇာစ်မြစ်ကို ရှာဖွေရန် မဖြစ်နိုင်ပေ။

“ဟုတ်ပါတယ် ဓားသခင်လေး မင်းရောက်လာတာကို ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ ဒီ လျို့ဝှက်ဆန်းကြယ်တဲ့

ခန်းမဆောင်မှူးက ဒီကောက်ချက်ချခဲ့တာ တစ်နှစ်လောက်တည်းကပဲ သူက အပြောင်းအလဲစာအုပ်ကနေတစ်ဆင့် ဒီကိစ္စမှာ အပြောင်းအလဲတစ်ခုရှိနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ အရာအားလုံးကို ခန့်မှန်းဖို့က မဖြစ်နိုင်ဘူး။

မဟုတ်ရင် ကမ္ဘာပေါ်မှာရှိတဲ့ အကျိုးကျေးဇူးအားလုံးကို ဆန်းကြယ်နန်းဆောင်က ယူသွားမှာ မဟုတ်ဘူးလား"ဝမ်သုန်က ပြုံး၍ပြောလိုက်သည်။

ချူးယွင်ဖန်း နောက်ဆုံးတွင် နားလည်သွားပြြီဖစ်သည်။ အကယ်၍ ထိုသို့ဆိုလျှင် ၎င်းသည် ပုံမှန်ပင်ဖြစ်သည်။ ယနေ့ ရတနာသိုက်ပွင့်လာမည်ဟု ၎င်းတို့ နည်းလမ်းအချို့ဖြင့်သာ တွက်ချက်ခဲ့ကြသော်လည်း မည်သို့ဖွင့်လှစ်မည်၊ မည်သူဖွင့်လှစ်မည်နှင့်ပတ်သက်၍မူ ၎င်းတို့အားလုံး မသိရှိရသေးပေ။ ယနေ့ ကျိန်းသေ ပွင့်လာမည်ဟူသော အ ချက်ကိုသာ အတည်ပြုနိုင်ခဲ့ကြသည်။

ဤသည်မှာ စကြဝဠာ၏ ကံကြမ္မာဖြစ်သည်။ သို့သော်၊ အမြဲတမ်း ပြောင်းလဲနိုင်သော အရာအချို့ ရှိခဲ့သည်။ ကံကြမ္မာသည် ကံကြမ္မာဖြစ်ပြီး၊ ပြောင်းလဲနိုင်သော အရာများသည် ပြောင်းလဲနိုင်သော အရာများ ဖြစ်သည်။ ဤနှစ်ခုသည် ဆက်စပ်မှုမရှိဘဲ တစ်ချိန်တည်းတွင် တည်ရှိနိုင်သည်။

ဤသို့သာဖြစ်နေသော်လည်း ဆန်းကြယ်နန်းဆောင်သခင်ကို လျှော့တွက်၍ မရပေ။ သူသည် အချို့အရာများကို ဝိုးတဝါးကောက်ချက်ချနိုင်လျှင်ပင် သူကောင်းကောင်းလုပ်မည်ဆိုပါက အကျိုးကျေးဇူးများစွာရနိုင်သည်။ ဝမ်သုန်ပြောနေသည့် ပြောင်းလဲမှုစာအုပ်သည် ဤအကြောင်းအရာနှင့် ဆက်စပ်နေနိုင်သည်။ ဝမ်သုန်က ဤအရာများကို ခန့်မှန်းနိုင်သည်ဟူသောအချက််က ပြောင်းလဲမှု စာအုပ်နှင့် တစ်ခုခု ဆက်စပ်နေပေရမည်ဖြစ်သည်။

“ဓားတံဆိပ်တွေ ဘယ်လောက်ရှိလဲ” ချူးယွင်ဖန်းက မေးလိုက်သည်။

"ခရမ်းရောင်မိုးကြိုးဓားရတနာသိုက်ကိုဖွင့်ဖို့ ဓားတံဆိပ်စုစုပေါင်း ခုနှစ်ခုလိုတယ်။ ဆေးပညာရှင်အသင်းမှာတစ်ခု၊ မင်းမှာလည်းတစ်ခု၊ တဝေနဲ့ တချီ ဧကရာဇ်မိသားစုမှာ တစ်ခုစီရှိတယ်။ ငရဲကမ္ဘာဂိုဏ်းမှာလည်း တစ်ခုရှိပြီး နောက်ဆုံးတစ်ခုက ကြယ်ကိုးပွင့်ဂိုဏ်းလက်ထဲမှာ ရှိတယ်” ဝမ်သုန်က ပြောသည်။

ချူးယွင်ဖန်းသူ့ဘာသာသူ တွေးလိုက်မိသည်။ ထိုအချိန်တွင် သန့်စင်မှုဂိုဏ်းချုပ်သည် ဤမျှစိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာမဟုတ်ပေ။ ဤဓားတံဆိပ်များတွင် ပါဝင်သော တပ်ဖွဲ့များအားလုံးသည် အလွန်ကြီးမားသည်။ ဤတပ်ဖွဲ့များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ထဲမှ မည်သူမဆို ၎င်းတို့ကို အလွယ်တကူ ချေမှုန်းနိုင်သည်။ ထို့ကြောင့် သူ အသံမထွက်ရဲပေ။

တံဆိပ်က ချူးယွင်ဖန်း၏ လက်ထဲသို့ရောက်သွားမည်ဟု မည်သူက ထင်ထားမည်နည်း။

"ဒီကိစ္စကို ဖော်ထုတ်ခဲ့တဲ့သူက ဆန်းကြယ်နန်းဆောင်ကဆိုရင် ဘာလို့ သူတို့မှာ ဓားတံဆိပ်မရှိတာလဲ" ချူးယွင်ဖန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သူတို့ တစ်ခုတော့ ရှိချင်ကြပေမယ့်၊ ကံမကောင်းစွာပဲ၊ သူတို့မှာ နည်းလမ်းမရှိဘူး" ဝမ်သုန်က ဘာသိဘာသာပြောလိုက်သည်။

ချူးယွင်ဖန်းစဉ်းစား၍ သဘောတူလိုက်သည်။ ဆန်းကြယ်နန်းဆောင်သည် ကြီးမား‌သော တပ်ဖွဲ့တစ်ခုဖြစ်ကာ ဧရာမသတ္တဝါတစ်ကောင်ဖြစ်သော်လည်း ဓားတံဆိပ်ကို ကိုင်ဆောင်ထားသော တပ်ဖွဲ့များထဲမှ မည်သည့်တပ်ဖွဲ့သည် ဆန်းကြယ်နန်းဆောင်ထက် အားနည်းသနည်း။

ချက်ချင်းပင် ဝမ်သုန်၏မျက်လုံးများသည် ပြင်းထန်သောအလင်းရောင်ဖြင့် လက်သွားသည်။

"ဒီအကြောင်းကြောင့် ဆန်းကြယ်နန်းဆောင်က ဝေဖန်မှုတွေ မပေါက်ကြားလာဖို့ ဆုံးဖြတ်ခဲ့ပြီး ဂိုဏ်းအမျိုးမျိးက ကျွမ်းကျင်သူတွေကို ဆွဲဆောင်ခဲ့တယ်”

"ဆန်းကြယ်နန်းဆောင်က ပြဿနာရှိတဲ့ရေထဲမှာ ငါမြှားချင်နေတာလား”

ချူးယွင်ဖန်းက ဆန်းကြယ်နန်းဆောင်က မည်သို့လုပ်ချင်သည်ကို ချက်ချင်းပင် နားလည်သွားသည်။ ၎င်းတို့တွင် ဓားတံဆိပ်မရှိသော်လည်း ဝေစုကို လိုချင်ကြသည်။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းက ပြဿနာရှိသည့် ရေထဲတွင် ငါးမြှားနိုင်ရန် ရေများထဲသို့ ရွံ့နွံများ လောင်းထည့်ရန်ဖြစ်သည်။ ယခင်ကသာ ဆိုပါက အခြားမိသားစုများသည် ဆန်းကြယ်နန်းဆောင်မပါဘဲ လှုပ်ရှားနိုင်ကြသည်။ သို့သော် ယခု အင်အားစုအားလုံး၏ ကျွမ်းကျင်သူများ ရောက်လာပြီဖြစ်သည်။

လှည့်လည်သွားလာနေသော ရွှေအမတေပုံစံအဆင့်ရှိသူများပင် ရှိကောင်းရှိနိုင်သည်။ ကျန်သော အင်အားစုခြောက်ခုက အလွန်အမင်း သတိထားရပေလိမ့်မည်။

အခန်း(၁၄၉၄) ဆေးပညာရှင်အသင်းမှ ပေးအပ်သော အခြေအနေများ

“ဓားသခင်လေး မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ မှန်တယ် ဒီဆန်းကြယ်ခန်းမက ပြဿနာရှိတဲ့ရေမှာ ငါးမြှားချင်နေတာ” ဝမ်သုန်က ပြောသည်။

“အဲ့တုန်းက ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းက ရတနာသိုက်ပေါ်လာမယ်‌နေ့ကို ခန့်မှန်းဖို့ ဆန်းကြယ်နန်းဆောင်က နန်းဆောင်သခင်ကို ဖိတ်ခေါ်ဖို့ ကျုပ်တို့ ပူးပေါင်းခဲ့တည်းက ဒီနေ့ရောက်လာမယ်ဆိုတာ ကျုပ်တို့ သိပြီးသားပဲ”

"ရှေးခေတ်ကတည်းက အဓိကအုပ်စုအနည်းငယ်ကို ခွဲထုတ်ပြီး စည်းလုံးစေခဲ့ပေမယ့် ဒါပါပဲ။ ပြဿနာရှိတဲ့ရေပြင်တွေမှာ ငါးဖမ်းချင်တယ်ဆိုရင်တော့ သူတို့မှာ ထောက်ခံဖို့ နည်းလမ်းရှိမရှိပေါ်မှာ မူတည်ပါတယ်”

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ရတနာသိုက်ကို လက်ဝါးကြီးအုပ်ချင်သောကြောင့်ဖြစ်စေ၊ ပြဿနာရှိသော ရေပြင်တွင် ငါးမြှားလိုသောကြောင့်ဖြစ်စေ အကျိုးကျေးဇူးအချို့ကို ရယူလိုသည်ဖြစ်စေ နောက်ဆုံးတွင် အားလုံးသည် အဓိပ္ပါယ်ရှိမရှိပေါ်တွင် မူတည်သည်။ ဝမ်သုန်က ရွှေအမတေပုံစံအဆင့်၏ အစွမ်းသတ္တိကို ပြသခဲ့ကာ တစ်နိုင်ငံလုံးကို ယှဥ်ပြိုင်နိုင်သောကြောင့် သူ့ကို ထူးချွန်သော ဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံခံရသကဲ့သို့ပင်ဖြစ်သည်။

ခွန်အားသည် စွမ်းအားပင်ဖြစ်သည်။

"ယေဘုယျအခြေအနေကို ကျုပ်နားလည်ပါတယ်။ ဥက္ကဌဝမ် ကျုပ် ဘာလုပ်ပေးရမလဲ” ချူးယွင်ဖန်းက ပြောသည်။

"ဓားသခင်လေး ကျုပ်ကို ကူညီပေးပါ" ဝမ်သုန်က ပြောလိုက်ိသည်။

"ဘာလို့ ကျုပ်က ခင်ဗျားတို့ကို ကူညီရမှာလဲ။ ရန်သူနိုင်ငံကို ကျုပ်တစ်ယောက်တည်း ယှဉ်နိုင်တယ်။ ဘယ်သူမှ ကျုပ်ကို ဘာမှ မလုပ်နိုင်ဘူး" ချူးယွင်ဖန်က ချက်ချင်းပြောလိုက်သည်။

ပူးပေါင်းရန် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သော်လည်း သူ၏ လက်ရှိခွန်အားဖြင့် လုံးဝ မကြောက်ပေ။ ခန်းနှင့် ကြုံတွေ့ရလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်သည်။ ထို့ကြောင့် သူ့ကို တောင်းဆိုစရာရှိသည်က ဝမ်သုန်ပင်ဖြစ်သည်။ သူမဟုတ်ပေ။

"ဟုတ်တယ်" ဝမ်သုန်က ခါးသီးစွာပြုံးလိုက်သည်။

"အပြန်အလှန်အနေနဲ့ အနာဂတ်မှာ ငါ့ရဲ့အစွမ်းအစနဲ့ ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ ငါကူညီပေးရင်ကောင်းမလား။"

ဝမ်သုန်က ကမ်းလှမ်းသည့် တန်ကြေးက အတန်ငယ်မြင့်မားသည်။ သူ၏ လက်ရှိ လေ့ကျင့်မှုအဆင့်နှင့် ဆေးပညာအောင်မြင်မှုများနှင့်ဆိုပါက ရွှေအမတေပုံစံအဆင့်ရှိသူတစ်ဦးပင် သူထုတ်လုပ်သည့် ဆေးလုံးများကို ရရန် ခက်ခဲပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူ့ရှေ့တွင် အဆတစ်ရာပိုအစွမ်းးထက်သည့် ဆေးပညာရှင်တစ်ဦးထိုင်နေသည်ကို သူမသိခဲ့ပေ။ လူများ၏ နှလုံးသားကို လှုပ်ရှားစေလောက်ရန် လုံလောက်သည့် အခြေအနေကို ချူးယွင်ဖန်းက လုံးဝ လျစ်လျူရှု့ထားခဲ့သည်။

“ဒီသဘောတူညီချက်ကိုပြောင်းလိုက်၊ ကျုပ်အတွက် ဆေးလုပ်ဖေးဖို့ တောင်းဆိုနေမှာမဟုတ်ဘူး" ချူးယွင်ဖန်းက သေချာစွာပြောပြလိုက်သည်။

ချူးယွင်ဖန်းသည် သူ၏ လက်ရှိစွမ်းအားဖြင့် ဆေးတစ်လုံးမဖော်စပ်နိုင်ပါက ဝမ်သုန်လည်း ထုတ်လုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ မတွေးဘဲနှင့်ပင် သိသာထင်ရှားသောအရာတစ်ခုဖြစ်သည်။

ဝမ်သုန် အံ့အားသင့်သွားသည်။ ချူးယွင်ဖန်းသည် ဤအခြေအနေကို ငြင်းလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ချူးယွင်ဖန်းကဲ့သို့ ဆန္ဒရှိပုံမရသော လူများနှင့်တွေ့ဆုံရမည်ကို အစိုးရိမ်ဆုံးဖြစ်သည်။ သာမန်လူများသ အိပ်မက်သာ မက်နိုင်သည့် အခြေအနေများသည် ချူးယွင်ဖန်းအတွက် ဆွဲဆောင်မှုမရှိပေ။

“ကြယ်ကိုးပွင့်ဂိုဏ်းကိုတားဖို့ ငါကူညီနိုင်တယ်” ဝမ်သုန်က ပြောသည်။

“မင်းရောက်လာတဲ့ သတင်းထွက်လာတာနဲ့ ကြယ်ကိုးပွင့်ဂိုဏ်းက ချက်ချင်းကြားသွားမှာစိုးတယ်။ အချိန်တန်ရင်ပေါ့။ ဒါဆို ကြယ်ကိုးပွင့်ဂိုဏ်းခေါင်းဆောင်ကို မင်း ဘယ်လိုရင်ဆိုင်မလဲ”

“အဲ့တာမလိုပါဘူး” ချူးယွင်ဖန်း၏ နှုတ်ခမ်းဖျားများ ကွေးညွတ်သွားသည်။

“ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဖြစ်တော့ရောဘာဖြစ်လဲ။ ကျုပ် သူ့ကို လက်ဖျောက်တစ်ချက်တည်းရုံနဲ့ သတ်လိုက်လို့ရတယ်”

ယခင်ကဆိုပါက ချူးယွင်ဖန်းက ဤသို့ပြောရဲမည်မဟုတ်သော်လည်း ယခုမူ သူ လုံးဝ ယုံကြည်မှုရှိလာပြြီဖစ်သည်။ ကြယ်ကိုးပွင့်ဂိုဏ်းချုပ်က ရွှေအမတေပုံစံအဆင့် နောက်ဆုံးအဆင့်သို့မရောက်သေးမချင်း သူ မကြောက်ပေ။

ဝမ်တုံက ချူးယွင်ဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချူးယွင်ဖန်က နောက်နေသည်ဟု မထင်ရပေ။ ချူးယွင်ဖန်းသည် ယုံကြည်မှုရှိသူတစ်ဦးဖြစ်ကြောင်း သူသိသော်လည်း ဤအကြောင်းကို တွေးမိသောအခါ အံ့အားသင့်သွားမိသည်။ ၎င်းတို့က ချူးယွင်ဖန်း ကြယ်ကိုးပွင့်ဂိုဏ်းချုပ်နှင့် ယှဥ်ပြိုင်ခဲ့သည့်ပွဲစဥ်ကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

အဲ့အချိန်က သိပ်မှမကြာသေးတာ… ချူးယွင်ဖန်းက ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ကို မကြောက်တော့ဘူးလား။ သူ့ခွန်အားကို ဖုံးကွယ်ထားတာလား။ ဒါမှမဟုတ်.. နောက်ထပ် အဆင့်တက်နိုင်ခဲ့တာလား…>

ဝမ်သုန်၏ မျက်လုံးများတွင် ထိတ်လန့်မှုတို့ ဖြတ်ပြေးသွားသးည်။ ချူးယွင်ဖန်း၏ နောက်ခံကို သူနားမလည်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဤလူက ထူးဆန်းစွာ ပေါ်ထွက်လာခဲ့ကာ ချူးယွင်ဖန်း၏ အရိပ်အယောင်ပင် သူ မရှာနိုင်ခဲ့ပေ။ သူက ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအဖြစ်ပေါ်လာကာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ခန်းမဆောင်၏ အစွမ်းဖြင့်ပင် ၎င်းတို့သည် ချူးယွင်ဖန်၏ အရိပ်အယောင်ကို ရှာမတွေ့နိုင်ခဲ့ပေ။ ဤသည်မှာ အထိတ်လန့်စရာ အကောင်းဆုံးအရာ ဖြစ်သည်။

ဝမ်ဟုန်က အံ့ကြိတ်လိုက်သည်။

"တခြားရွေးချယ်စရာ မရှိဘူးလို့ ထင်တယ်။ အားလုံးပြီးသွားရင် ကိုးကောင်းကင် ပြန်လည်နုပျိုခြင်းဆေးလုံးတစ်လုံး ငါမင်းကို ပေးနိုင်ပါတယ်”

“ကိုးကောင်းကင် ပြန်လည်နုပျိုခြင်းဆေးလုံးဟုတ်လား” ချူးယွင်ဖန်းနက အံ့အားသင့်စွာပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီး ဒီလိုဟာမျိုး ရှိတာလဲ"

သာမန်လူများသည် ကိုးကောင်းကင်ပြန်လည် နုပျိုခြင်းဆေးလုံးအကြောင်းမသိနိုင်သော်လည်း ချူးယွင်ဖန်းက မည်သို့ မသိဘဲနေလိမ့်မည်နည်း။ ယင်းက ထိပ်တန်းကောင်းကင်နှင့် မြေကြီးရတနာကိုးခုနှင့်ပြုလုပ်ထားသော တုနှိုင်းမဲ့ဆေးလုံးတစ်လုံးဖြစ်သည်။ ဆေးပညာရှင်တစ်ဦးက ယင်းကို ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပေ။ ဆေးပညာရှင်တစ်ဦးထက် ပို၍ အစွမ်းထက်သော ဆေးဘုရင်ပင် လုပ်ရန် ခက်လိမ့်မည်။

အရေးအကြီးဆုံးအချက်မှာ ဤရနတာကိုးပါးကို ရယူရန် အလွန်ခက်ခဲသော်လည်း ဝမ်သုန်တွင် တစ်နည်းနည်းဖြင့် ကိုးကောင်းကင် ပြန်လည်နုပျိုခြင်းဆေးလုံးတစ်လုံးရှိနေသည်။ ဤအချက်က ချူးယွင်ဖန်းကို အံ့အားသင့်စေခဲ့သည်။ ကိုးကောင်းကင် ပြန်လည် နုပျိုခြင်းဆေးလုံးသည် လူတစ်ဦး၏အစွမ်းသတ္တိကို လျင်မြန်စွာတိုးမြှင့်ပေးနိုင်သော ဆေးတစ်မျိုးဖြစ်သည်။ ၎င်းကို ရွှေအမတေပုံစံ အဆင့်ကိုကျော်လွန်ခဲ့သော ကျွမ်းကျင်သူများက အသုံးပြုခဲ့ကြသည်။ ချူးယွင်ဖန်တွင် ယခု ကိုးကောင်းကင် ပြန်လည်နုပျိုခြင်းဆေးလုံးထဲမှ တစ်မျိုးမျိုးရှိပါက ရွှေအမတေပုံစံအဆင့်သို့ ချက်ချင်းထိုးဖောက်ဝင်ရောက်နိုင်သည်။ သူ၏တိုက်ခိုက်ရေးအစွမ်းသတ္တိသည် ရွှေအမတေပုံစံအဆင့်ကို ဖြတ်ကျော်ပြီး သူ၏အစွမ်းသတ္တိကို အဆင့်များစွာ မြှင့်တင်ပေးလိမ့်မည်။

ချူးယွင်ဖန်း၏ ပထမဆုံးတုံ့ပြန်မှုက သူ့ကို ကိုးကောင်းကင်ပြန်လည်နုပျိုခြင်းဆေးလုံးက မည်သို့သော ဆေးလုံးဖြစ်သည်ကို မမေးဘဲ ရှင်းရှင်းလင်းလင်းသိနေသောကြောင့် ဝမ်သုန် အနည်းငယ် အံ့သြသွားသည်။

ဆေးပညာရှင်အစည်းအရုံးတွင် ဤဆေးလုံးအကြောင်း သိသူ မရှိလှပေ။ ဤသည်က လိုက်နာရခက်ခဲသော ရှေးခေတ် ရိုးရာဆေးညွှန်းတစ်ခုဖြစ်သည်။ ဆေးလုံးသန့်စင်နည်းရှိသော်လည်း အမြဲ ဖုံးကွယ်ထားခဲ့ကြသည်။

"ကိုးကောင်းကင် ပြန်လည်နုပျိုခြင်းဆေးလုံးအကြောင်း မင်းသိပြီးသားဆိုတော့ ငါ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ရိုးသားတဲ့သူတစ်ယောက်ရှေ့မှာ ငါ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ဘူး။ ဒီဆေးလုံးတွေအတွက် လိုအပ်တဲ့ ဆေးပါဝင်ပစ္စည်း ကိုးမျိုးက ရှာရခက်လွန်းတာကြောင့် ဒါက တကယ့်ကိုးကောင်းကင်ပြန်လည်နုပျိုခြင်းဆေးလုံးမဟုတ်ဘူး။ ဒါက ငါတို့ သန့်စင်နည်းကို အနှစ်နှစ်အလလ တိုးတက်အောင်လုပ်ပြီးမှ တီထွင်နိုင်ခဲ့တာ။ သူ့ဆေးအာနိသင်တွေက ကိုးကောင်းကင်ပြန်လည်နုပျိုခြင်းဆေးလုံးနဲ့ဆင်တူတယ်။ ဒါ့ကြောင့် ငါတို့က ကိုးကောင်းကင် ပြန်လည်နုပျိုခြင်းဆေးလုံးးငယ်လို့ နာမည်ပေးထားတယ်”

ချူးယွင်ဖန်းစဉ်းစားလိုက်သည်။ သူသည် သာမန်အရာများကို သွေးဆောင်ခံရခြင်း မရှိပေ။ အဆုံးစွန်အားဖြင့် သူ၏ ကျင့်ကြံမှုဖြင့် သူလိုချင်သလောက် သာမန်ဘဏ္ဍာများနှင့် ဆေးပြားများကို ရရှိနိုင်သည်။ သို့သော် ဤ ကိုးကောင်းကင် ပြန်လည်နုပျိုဆေးပြားမှာမူ ကွဲပြားသည်။ ၎င်း၏ ဆေးအာနိသင်မှာ အနည်းငယ် အားနည်းသော်လည်း ချူးယွင်ဖန်အတွက် လုံလောက်သည်။

"ကောင်းပြီ၊ ဒါပေမယ့် ခင်ဗျားရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာကို ကျုပ်သိချင်တယ်။ ကျုပ်အကူအညီနဲ့ ရတနာသိုက်ကို လက်ဝါးကြီးအုပ်ထားချင်တယ်လို့ မပြောနဲ့" ချူးယွင်ဖန်းက ပြောသည်။

ကိုးကောင်းကင်ပြန်လည်နုပျိုခြင်းဆေးလုံးကို ထုတ်ပြောလာခြင်းက ဝမ်သုန်တွင် ကြီးမားသော ရည်မှန်းချက်တစ်ခုရှိနေသည်ဟု သဘာဝအလျောက်ဆိုလိုသည်။

"ဒီလိုမျိုးတော့ မဟုတ်ပါဘူး" ဝမ်သုန်က လျင်မြန်စွာပြောလိုက်သည်။

"ငါတို့ သိသလောက်တော့ခရမ်းရောင်မိုးကြိုးဓားဂိုဏ်း ရတနာသိုက်ထဲမှာ ဆေးဖက်ဝင်အပင်ဥယျာဉ်တစ်ခု ရှိပြီး ဒီဆေးဖက်ဝင်အပင်ဥယျာဉ်ထဲမှာလည်း ဆေးဖက်ဝင်ဘုရင်တစ်ပါး ရှိတယ်။ အဲ့တာကို ငါတို့လိုချင်တာပါ"

ချူးယွင်ဖန်းက အသက်ပြင်းပြင်း ရှုလိုက်သည်။ ဝမ်သုန်က အမှန်တကယ်ပင် စားချင်စိတ်ပေါက်လာ၏။

ဆေးဖက်ဝင်အပင်အားလုံး၏ ဘုရင်ဆိုသည်ကား အဘယ်နည်း။ ဆေးဖက်ဝင်အပင်အများစုကို စောစောစီးစီး ခူးဆွတ်ကြလိမ်မည်။ အနည်းငယ်သာ အသက်အရွယ်တစ်ခုအထိ ကြီးထွားပြီး ဆေးဖက်ဝင်အပင်ဘုရင်ဖြစ်လာနိုင်ပြီး ထိုအချိန်၌ပင် ဖြစ်နိုင်ခြေအလွန်နည်းပါးသည်။

ဤဆေးဖက်ဝင်အပင်ဘုရင်၏ ဆေးဖက်ဝင်အာနိသင်က သာမန်ဆေးဖက်ဝင်အပင်များထက် အဆတစ်ရာမျှ ပိုမိုအစွမ်းထက်သည်။ အရည်အသွေး အမြင့်ဆုံးဟုပင် ပြော၍ရသည်။ သတင်းပျံ့သွားသည်နှင့် လူများက သူ့ကိုတိုက်ခိုက်ရန် ဆွဲဆောင်ခံရလိမ့်မည်။ ဝမ်သုန်က ကူညီရန် သူ့ကို တစ်ယောက်ယောက်က ရှာချင်သည်မှာ အံ့သြစရာမဟုတ်ပေ။

All Chapters