အခန်း (၁၄၉၈-၁၅၀၀)
Vol. 100 Ch. 1498-1500
အခန်း(၁၄၉၈) မရှုံးနိုင်သော အင်အား
"အဲဒါက ဆန်းကြယ်ခန်းမသခင်ပဲ” ဝမ်သုန်က ပြောသည်။
ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။ သူ့အမြင်အရ ဤအဘိုးကြီးသည် အလယ်အလတ်အဆင့် ရွှေအမတေပုံစံအဆင့်တွင်ရှိနေသည့်ပုံရသည်။ ရှိနေသော လူများထဲ၌ သူက အကောင်းဆုံးဟု သတ်မှတ်ခံထားရသည်။ သို့သော် ချူးယွင်ဖန်းသည် ဆန်းကြယ်ခန်းမအား ခေါင်းငုံ့ရန် ယခင်က အတင်းအကျပ် ဖိအားပေးခဲ့သောကြောင့် အဘိုးကြီးသည် ချူးယွင်ဖန်အပေါ် အနည်းငယ် ရန်လိုခဲ့သည်။ ဤသည်မှာ ဆန်းကြယ်ခန်းမ အရှင်သခင်၏ ကြီးမားသော အရှက်ရစရာ တစ်ခုဖြစ်သည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ သို့သော် ချူးယွင်ဖန်းသည် ဆက်ဆံရလွယ်ကူသူမဟုတ်ကြောင်း သူမသိသောကြောင့် သူ မပျော်ရွှင်စွာ စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။ မည်သူမျှ တုံ့ဆိုင်းမနေကြပေ။
အချိန်မကျန်လှတော့ကြောင်း ၎င်းတို့သိသောကြောင့် ၎င်းတို့၏ ဓားတံဆိပ်နှစ်ခုက တစ်ခုတည်းအဖြစ်ပြောင်းလဲသွားကာ တောင်ပေါ်မှ လမ်းတစ်ခုကို
ဖွင့်ပေးလိုက်သည်။ အလျားနှင့် အနံ ဆယ်မီတာခန့်ရှိသည်။ လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် လမ်းကြားထဲသို့ လှမ်းဝင်လိုက်သည်။ အားလုံးက ရှေ့သို့ရောက်ရန် ရုန်းကန်ကြသည်။ ခဏအကြာတွင် အထွတ်အထိပ်ကျွမ်းကျင်သူ တစ်ထောင်ကျော်သည် လမ်းကြားထဲသို့ ဝင်ရောက်သွားကြပြီးဖြစ်သည်။
လမ်းကြားထဲသို့ဝင်ပြီးနောက် လူတိုင်းရှေ့တွင် ဧရာမခန်းမကြီးတစ်ခုပေါ်လာသည်။ ဤခန်းမကြီးက ပေတစ်ရာအထိ ကြီးမားသည်။ ဝင်လိုက်သည်နှင့် လူတိုင်းက ဤခန်းမထဲတွင် လမ်းကြားဆယ်ခုရှိသည်ကိုတွေ့လိုက်ကြရသည်။ ဤလမ်းကြားဆယ်ခုက နေရာအမျိုးမျိုးကို ဦးတည်သွားစေခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။ အဓိက ဂိုဏ်းခွဲအမျိုးမျိုးသည် တုံ့ဆိုင်းခြင်းမရှိပေ။ ခဏတာအတွင်းတွင်ပင် ၎င်းတို့ ရွေးချယ်ထားသော လမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီးဖြစ်သည်။
ချူးယွင်ဖန်နှင့် အခြားသူများသည် ဘယ်ဘက်ရှိ တတိယလမ်းကြောင်းသို့ ပျံသန်းသွားကြသည်။ ခဏအကြာတွင် အနောက်ဘက်နတ်ဆိုးနယ်မြေမှ ကျွမ်းကျင်သူများသည် နောက်မှ အနီးကပ် လိုက်လာကြသည်။
သီးသန့်ကျင့်ကြံသူများသာ မှင်သက်စွာကျန်နေခဲ့ကြသည်။ ၎င်းတို့သည် အဓိက တပ်ဖွဲ့များ၏ ကျွမ်းကျင်သူများမဟုတ်ကြပေ။ ၎င်းတို့က အသတင်းအချက်အလက်အချို့ကို ရရှိထားခဲ့ကြသည်မှာ ကြာနှင့်ပြီဖြစ်ကာ ၎င်းတို့၏နယ်မြေများကို တိတ်တဆိတ် ပိုင်းခြားထားခဲ့ကြသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ၎င်းတို့သည် လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး ပျံသန်းသွားရုံသာ တတ်နိုင်ခဲ့သည်။
ချူးယွင်ဖန်နှင့် အခြားသူများသည် ဤလမ်းကြောင်းတစ်လျှောက် အရှိန်မြှင့်မောင်းနှင်နေကြသော်လည်း အနောက်ဘက်နတ်ဆိုးနယ်မြေမှ ကျွမ်းကျင်သူများမှာမူ ပိုမိုနီးကပ်လာကြသည်။
“ဒါက အကောင်းဆုံးမဟုတ်ဘူး။ ငါတို့ ဒီလို ဆက်လုပ်နေကြရင် အနှေးနဲ့အမြန် မိသွားကြလိမ့်မယ်” ဝမ်သုန်က ပြောသည်။
အနောက်ဘက် နတ်ဆိုးနယ်မြေ၏ ကျွမ်းကျင်သူများက ၎င်းတို့ထက် နှေးကွေးရသည့် အကြောင်းအရင်းမှာ ၎င်းတို့တွင် မြေပုံမရှိသောကြောင့် ဝမ်သုန်နှင့် အခြားသူများနောက်သို့ လိုက်လာကြရခြင်းဖြစ်သည်။
ဤနှုန်းအတိုင်းဆိုပါက ဝမ်သုန်နှင့် အခြားသူများ ဆေးဖက်ဝင်အပင် ဥယျာဥ်သို့ရောက်သောအခါ အနောက်ဘက် နတ်ဆိုးနယ်မြေလည်း ထိုသို့ရောက်လာလိမ့်မည်။ ထိုသို့သာဖြစ်လာပါက အခြားသူများကို လက်ဆောင်ပေးသည့်နှယ်ပင် အဆုံးသတ်သွားလိမ့်မည်။
"ကျွန်တော့်ကို ခွင့်ပြုပါ!"
ချူးယွင်ဖန်းက အော်၍ သူ၏ နတ်စွမ်းအင်ကိုအသုံးပြုကာ လူတိုင်းကိုမြှင့်တက်လိုက်သည်။
သူ့ကျောပေါ်မှ မိုးကြိုးတောင်ပံများ ချက်ချင်း ဖြန့်ထွက်သွားကာ ကောင်းကင်မှ နတ်ဘုရားကိုးသွယ်အသွင်ပြောင်းခြင်းကို အသုံးပြုလိုက်သည်။ သူက အံ့သြဖွယ်အမြန်နှုန်းဖြင့် အဝေးသို့ ပျံသန်းသွားခဲ့သည်။
လူအုပ်နောက်သို့လိုက်လာသည့် အနောက်ဘက် နတ်ဆိုးနယ်မြေကို ချူးယွင်ဖန်းက ချက်ချင်း ချန်ထားခဲ့သည်။ ခဏတာအတွင်း၌ပင် ချူးယွင်ဖန်းနှင့်အခြားသူများကို မမြင်ကြရောတ့ပေ။
“အားး… သူတို့နောက်ကိုလိုက်ကြ”
အနောက်ဘက်နတ်ဆိုးနယ်မြေက ဂရုမစိုက်ပေ။ ၎င်းတို့က ချူးယွင်ဖန်းနောက်သို့လိုက်ရန်သာ သိကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို တွန်းထုတ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
လမ်းကြားထဲတွင် ဝမ်သုန်၊ အကြီးအကဲဘိုးဘေးနှင့် အခြားသူများသည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ၎င်းတို့၏ နည်းလမ်းများသည် အံ့သြဖွယ်ကောင်းလွန်းသည်။ လူတိုင်းကို ခါ်ဆောင်လာကာ အရှိန်မြှင့်နိုင်ခဲ့သည်။ သူ၏ နည်းလမ်းများက အံ့သြဖွယ်ကောင်းလွန်းသည်။ လူတိုင်းကို ခေါ်လာကာ အရှိန်မြှင့်နိုင်သေးသည်။ ယင်းက မည်မျှ အံ့သြဖွယ်ကောင်းနေသနည်း။
ဤအရာကိုစဥ်းစား၍ ၎င်းတို့က သူ့ကို လျှော့တွက်မိကြောင်း သဘောပေါက်လိုက်ကြသည်။ သို့သော် ချူးယွင်ဖန်းနှင့် အဖွဲ့သည် အနောက်ဘက် နတ်ဆိုး နယ်မြေမှ အဝေးသို့ထွက်သွားခဲ့ကြသည်။ ခဏတာအတွင်းတွင် ၎င်းတို့သည် လမ်းကြား၏ ထွက်ပေါက်သို့ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ရွှေရောင်လက်ကြီးတစ်ခုက ရုတ်တရက် ၎င်းတို့ကို ဆုပ်ကိုင်လိုက်သည်။
“ဖျက်” ချူးယွင်ဖန်းက အော်လိုက်သည်။ ဓားချီက သူ့ခေါင်းပေါ်၌ စုပုံလာကာ ရွှေရောငာ်လက်ကို ခုတ်ပိုင်းလိုက်သည်။
ဘမ်း
ချူးယွင်ဖန်း၏ ဓားသည် ရွှေရောင်လက်ကို လွှဲဖယ်လိုက်သည်။ ထို့နောက်တွင် လူတိုင်းသည် ၎င်းတို့ရှေ့တွင် သုံးမီတာခန့်မြင့်သော ရွှေရောင်ရုပ်သေးတစ်ရုပ်ပေါ်လာသည်ကို သဘောပေါက်လိုက်ကြသည်။ လူတိုင်းကို တားထားသည်မှာ ဤရွှေရောင်ရုပ်သေးပင်ဖြစ်သည်။
“ဒါက ရတနာသိုက်ပဲ” ဝမ်သုန်က ပြောလိုက်သည်။
“ငါတို့ကို တားလို့မရဘူး။ မဟုတ်ရင် အနောက်ဘက်နတ်ဆိုးနယ်မြေက ငါတို့ကို လိုက်မီသွားလိမ့်မယ်”
“အဆင်ပြေပါတယ်။ ခင်ဗျားတို့ ဆက်သွားကြပါ။ ကျုပ် ခင်ဗျားတို့ကို ကာကွယ်ပေးပါမယ်”
“အိုကေလေ” ဝမ်သုန်က ပြတ်ပြတ်သားသားပြောလိုက်သည်။
ယခုအချိန်က နှိမ့်ချရမည့် အချိန်မဟုတ်ကြောင်း သူသိသည်။
သူသည် အခြားလူများနှင့်အတူ ချက်ချင်း ဖြတ်သွားသည်။ ရွှေရောင်ရုပ်သေးက ၎င်းတို့ကို တားရန် လုပ်နေချိန်တွင် ထိတ်လန့်ဖွယ်ဓားအလင်းတစ်ခု ဖြတ်သွားကာ ရွှေရောင်ရုပ်သေး၏ လက်မောင်းကို
ဖြတ်သွားသည်။ ချူးယွင်ဖန်း လျှောက်သွားသောအခါ ရွှေရောင်ရုပ်သေး၏ လက်က ရွှေရောင်ရုပ်သေးနှ၍့် ပြန်တွဲနေသည်ကိုမြင်လိုက်ရသည်။ ခဏမျှ လှုပ်ခါပြီးနောက် မူလ အခြေအနေအတိုင်းပြန်ဖြစ်သွားသည်။
"စိတ်ဝင်စားစရာပဲ” ချူးယွင်ဖန်းက ရယ်လိုက်သော်လည်း အံ့သြခြင်းမရှိပေ။
ဤရွှေရောင်ရုပ်သေးက အတန်ငယ် အစွမ်းထက်သည်။ သူ၏ လေ့ကျင့်မှုက ရွှေအမတေပုံစံအဆင့် အစောပိုင်းအဆင့်နှင့် နှိုင်းယှဥ်နိုင်သည်။ ယခုအချိန်တွင် ချူးယွင်ဖန်းအတွက် ယင်းက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ ဤအဆက်မပြတ်တိုက်ခိုက်သည့် နည်းလမ်းက အနည်းငယ် ပြဿနာဖြစ်စေသည်။ သို့သော် အနည်းငယ်သာဖြစ်သည်။ မည်သည့် ရုပ်သေးမျိုးဖြစ်စေကာမူ ၎င်း၏ အဓိက အပိုင်းရှိသည်။ သို့သော်လည်း အဓိကအပိုင်း ဖျက်ဆီးခံရသရွေ့ ၎င်းသည်လည်း ဖျက်ဆီးခံရမည်ဖြစ်သည်။
အတွေးတစ်ခုနှင့်အတူ ချူးယွင်ဖန်းက လေကို ဆုပ်ကိုင်လိုက်သည်။ မိုးကြိုးတစတ်ချက်သည် ဓားရှည်အဖြစ် ပြောင်းလဲသွားကာ ထိုးဖောက်ထွက်သွားသည်။ ဓားအလင်းထောင်ပေါင်းများစွာသည် လွင့်စင်သွားပြီး ရွှေရောင်ရုပ်သေးပေါ်သို့ မုန်တိုင်းတစ်ခုကဲ့သို့ ကျရောက်လာသည်။
ခဏတာအတွင်း၌ပင် ရွှေရောင်ရုပ်သေးက အပိုင်းပိုင်းကွဲသွားသည်။ ရွှေရောင်ရုပ်သေး ပြန်လည် တပ်ဆင်တော့မည့်အချိန်၌ ချူးယွင်ဖန်းက လက်လှမ်းလိုက်ကာ ရွှေရောင်ရုပ်သေး၏ သလင်းကျောက်အမတေကို ဆွဲယူလိုက်သည်။
ဘမ်း
ချူးယွင်ဖန်သည် သလင်းကျောက်အမတေကို အမှုန့်ဖြစ်သည်အထိ ကြိတ်ချေလိုက်ပြီးနောက် ပြန်လည် စုစည်းတော့မည့် ရွှေရောင်ရုပ်သေးက လှုပ်ရှားမှုရပ်တန့်သွားသည်။ ဤသလင်းကျောက် အမတေသည် ရွှေရောင်ရုပ်သေး၏ အမတေဖြစ်သည်။
ချူးယွင်ဖန်းက သူ့မေးစေ့ကို ပွတ်လိုက်သည်။ ဤရွှေရောင်ရုပ်သေးရုပ်က အတန်ငယ် စိတ်ဝင်စားဖွယ်ကောင်းသည်။ ချူးယွင်ဖန်သည် ဤရွှေရောင်ရုပ်သေးကို အလွယ်တကူ ဖျက်ဆီးနိုင်ပုံရသော်လည်း ဝမ်သုန်နှင့် အကြီးအကဲဘိုးဘေးတို့ကဲ့သို့သော မည်သူမဆိုဖြစ်ပါက ဤရွှေရောင်ရုပ်သေးက ၎င်းတို့ကို တားဆီးနိုင်ဖွယ်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ရွှေရောင်ရုပ်သေး၏ ခံစစ်ကို ဖောက်ထွက်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။
သာမန်အလယ်အလတ်အဆင့် ရွှေအမတေပုံစံအဆင့်ရှိသူတစ်ဦးပင် ရွှေရောင်ရုပ်သေး၏ ခုခံမှုကိုဖောက်ထွက်ရန် ခက်ခဲလိမ့်မည်။ ယှဥ်နိုင်စရာမရှိသော တိုက်ခိုက်ရေးစွမ်းအားရှိသည့် ချူးယွင်ဖန်းပင် ရွှေရောင်ရုပ်သေး၏ ခုခံမှုကို ဖောက်ထွက်ရန် ခက်ခဲလိမ့်မည်။
အနောက်ဘက် နတ်ဆိုးနယ်မြေပင် ဤရုပ်သေးနှင့်တွေ့ပါက ခေါင်းကိုက်ရလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းက ၎င်းတို့၏ ရန်သူကဲ့သို့ပင်ဖြစ်၏။
အနောက်ဘက် နတ်ဆိုးနယ်မြေသည် ဝင်ပေါက်သို့ရောက်ရှိလာကာ ဝင်ပေါက်ကို စောင့်ကြပ်နေသော ချူးယွင်ဖန်းကိုမြင်လိုက်ကြရသည်။
“သွား သူ့ကို သတ်ကြ”
အခန်း(၁၄၉၉) နတ်ဆိုးဘုရင်များစွာကို အနိုင်ယူခြင်း
နတ်ဆိုးများ၏ ပထမဆုံးတုံ့ပြန်မှုက ချူးယွင်ဖန်ကို သတ်ရန်ပင်ဖြစ်သည်။ လူသားများနှင့် နတ်ဆိုးများက မတူကြပေ။ ရန်သူများလည်းဖြစ်သည်။
"မင်းမှာ ငါ့ကိုသတ်ဖို့ ခွန်အားရှိမရှိ ကြည့်ရအောင်” ချူးယွင်ဖန်က လှောင်ရယ်လိုက်သည်။
"အားးးး!
ကျယ်လောင်သော ဟိန်းဟောက်သံများသည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဦးသားရဲများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော နတ်ဆိုးစွမ်းအင်များ မြင့်တက်လာပြီး ချူးယွင်ဖန်ထံသို့ ထူထပ်စွာ ပျံ့နှံ့သွားသည်။ နတ်ဆိုးအဖွဲ့ရှိ နတ်ဆိုးဘုရင်များ၏ တိုက်ခိုက်မှုများသည် မြင့်တက်လာသော နတ်ဆိုးစွမ်းအင်ထဲတွင် ဝှက်ထားပြီး အရပ်မျက်နှာအားလုံးမှ လာနေသည်။
၎င်းတို့ အချိန်မဖြုန်းချင်သောကြောင့် ၎င်းတို့၏ သတ်ဖြတ်နည်းများကို ချက်ချင်းသုံးလိုက်ကြသည်။
သာမန် ရွှေအမတေပုံစံအဆင့် တစ်ယောက်ဆိုပါက ၎င်းတို့ ချက်ချင်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်သည်။ သို့သော် ချူးယွင်ဖန်းက သာမန် ရွှေအမတေအဆင့်ရှိသူမဟုတ်ပေ။ သူ၏ကျင့်ကုံရေးအဆင့်က အမတေမဲ့အဆင့်၌သာ ရှိသေးသော်လည်း သာမန် ရွှေအမတေပုံစံထက် များစွာ ပိုကြောက်မက်ဖွယ်ကောင်းသည်။
"မြစ်ရဲ့ နေဝင်ချိန် လှိုင်းလုံးကြီး”
ချူးယွင်ဖန်း၏ ဓားက ဝှေ့ယမ်းသွားပြီး နေဝင်ချိန်ရှိသော မြစ်ရှည်ကြီး၏ မြင်ကွင်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ချက်ချင်းပင် ပြိုကွဲသွားပြီး နှိမ်နင်းခံလိုက်ရသည်။ ထူထဲသောနတ်ဆိုးစွမ်းအင်နှင့်အတူ တိုက်ခိုက်မှုကို ချူးယွင်ဖန်၏ ဓားချက်ဖြင့် ချိုးဖျက်နိုင်ခဲ့သည်။ ၎င်းသည် သူ၏တိုက်ခိုက်မှုကို လုံးဝရပ်တန့်နိုင်ခြင်းမရှိပေ။
"ငါသူ့ကိုတားမယ်။ မင်းတို့မြန်မြန်လုပ်ပြီး တခြားသူတွေနောက် လိုက်ကြ!"
ထိုအချိန်၌ပင် အနောက်ဘက် နတ်ဆိုးနယ်မြေ၏ တပ်ဖွဲ့ဝင်များမှ အရပ်ရှည်ရှည် လူတစ်ယောက် ထွက်လာသည်။ ထိုလူက ကောင်းကင်ကို ထောက်ထားသည့် တိုင်တစ်တိုင်ကဲ့သို့ မြင့်မားကာ နှစ်မီတာကျော်မြင့်တဲ့ပုံပေါက်သည်။
ကျန်သောနတ်ဆိုးများက ချက်ချင်းပင် ဘေးသို့ ရွှေ့သွားကာ ချူးယွင်ဖန်းကို ရှောင်ရန် ကြိုးစားကြသည်။
သို့သော် ၎င်းတို့က သူ့ကို ကျော်တက်တော့မည့်အချိန်၌ ဓားအလင်းတန်းတစ်ခုက ကောင်းကင်မှ ဖြာကျလာသည်။
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝတ်ရုံဝတ်ထားသော နတ်ဆိုးတစ်ကောင်သည် အော်ဟစ်၍ နောက်သို့ ပျံသန်းသွားသည်။ သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုရှိနေသည်။ သူသည် အသက်ရှူသွင်းသည်ထက် လေကို ပိုမိုရှူထုတ်နေသည်။ သူ သေတော့မည်။
ချူးယွင်ဖန်းက ရွှေအမတေတစ်ဦးကို
တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ နတ်ဆိုးအားလုံး ရပ်တန့်သွားသည်။ အစပိုင်းတွင် ၎င်းတို့သည် ချူးယွင်ဖန်ကို အထင်သေးခဲ့ကြသည်။ ယခုတစ်ကြိမ် ရောက်ရှိလာသော အဓိကတပ်ဖွဲ့များထဲတွင် အနောက်ပိုင်းနတ်ဆိုးနယ်မြေဂိုဏ်းက အင်အားအကြီးဆုံးဖြစ်သည်။ အခြားတပ်ဖွဲ့များတွင်လည်း လူဒါဇင်ပေါင်းများစွာရှိသော်လည်း နတ်အဆင့်များနှင့် ခြေလှန်းတစ်ဝက် ရွှေအမတေ အဆင့်များသာဖြစ်သည်။ အနောက်ပိုင်းနတ်ဆိုးနယ်မြေ၌ ရွှေအမတေများနှင့် ပြည့်နှက်နေကာ ရွှေအမတေပုံစံအဆင့်များပင် အများအပြားရှိကြသည်။
ဤသို့ လူတန်းနှင့်ဆိုပါက လူ့အသိုင်းအဝိုင်းထဲ ဝင်ခွင့်ရလျှင်ပင် လူသားပညာရှင်များ ဝိုင်းရံခံရမည်ကို မကြောက်ကြပေ။ စစ်တပ်တစ်တပ် ဝိုင်းရံခံရလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်သည်။ သာမန်လူသားပညာရှင်တစ်ယောက်က ၎င်းတို့ကို တားဆီးရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းလုပ်နိုင်ခဲ့လိမ့်မည်ဟု မည်သူက သိမည်နည်း။
"လူသား၊ မင်းဘာလုပ်နေလဲဆိုတာ မင်းသိလား" အနောက်ပိုင်းနတ်ဆိုးနယ်မြေဂိုဏ်းချုပ်က ချူးယွင်ဖန်ကို အေးစက်စွာစိုက်ကြည့်နေသည်။
"မင်းငါ့ကို လုံးဝဒေါသထွက်စေတာပဲ”
" ငါမင်းကို ဒေါသထွက်အောင် လုပ်တော့ရော ဘာဖြစ်လဲ။ ငါ မင်းကို ခွင့်မပြုရင် မင်း မသွားနိုင်ဘူး” ချူးယွင်ဖန်က လှောင်ပြောင်လိုက်သည်။
"သူ့ကိုသတ်လိုက်!" ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
ချက်ချင်းပင် နတ်ဆိုးများသည် ဟိန်းဟောက်ကာ ချူးယွင်ဖန်းထံ အပြေးအလွှား ပြေးသွားကြသည်။
ဤနတ်ဆိုးများသည် အနည်းဆုံး ရွှေအမတေအဆင့် အထက်တွင် ရှိနေသည်။ ၎င်းတို့ထဲမှ ဒါဇင်ပေါင်းများစွာသည် မြေပြိုမှု သို့မဟုတ် ဆူနာမီကဲ့သို့ ကြီးမားသော စွမ်းအားဖြင့် အပြေးအလွှား ဝင်ရောက်လာကြသည်။ ရတနာသိုက်တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ပင်ဖြစ်သည်။
ကြီးမားသောတိုက်ပွဲတစ်ခု ချက်ချင်းဖြစ်ပွားခဲ့သည်။
ချူးယွင်ဖန်းအော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းများ ဖြာထွက်သွားသည်။ သူသည် လိမ့်နေသော မှောင်မိုက်သောတိမ်တိုက်များကို ဖိနှိပ်လိုက်သောအခါ ရွှေရောင်စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။
ဘမ်း!
လူတိုင်း တိုက်ခိုက်နေကြသည်။ ထိပ်တန်းကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာသည် ချူးယွင်ဖန်ကို ဝိုင်းထားကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုတိုင်းသည် မြို့တစ်မြို့ကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။ ၎င်းတို့အားလုံးက ချူးယွင်ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သော်လည်း သူ၏ ခံစစ်ကို မဖောက်ထွက်နိုင်ခဲ့ပေ။ ခဏအကြာတွင် နတ်ဆိုးများက တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်’ ခုခံမှုက အလွန်အားကောင်းသည်။
၎င်းတို့၏ တိုက်ခိုက်မှုများက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသောအခါ လှိုင်းအနည်းငယ်ကိုသာမြင်နိုင်၍ သူ၏ ခုခံမှုကို မဖောက်ထွက်နိုင်ကြတော့ပေ။
ချူးယွင်ဖန်သည် ၎င်းတို့ကို သေသည်အထိ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူ့လက်ထဲမှ ဓားသည် ကာကွယ်ရန်အတွက်ဖြစ်သော်လည်း သူ၏ ခုခံကာကွယ်မှုသည် အမှန်တကယ်တွင် အပြစ်အနာအဆာကင်းသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ သူက လူသားလား။ သူက ဘယ်လိုလုပ် ငါတို့နတ်ဆိုးတွေထက် ပိုအစွမ်းထက်နိုင်မှာလဲ။"
နတ်ဆိုးတစ်ကောင်က မယုံနိုင်စွာ မျက်လုံးပြူးကျယ်သွားသည်။ ချူးယွင်ဖနမး၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့သည် ခုခံကာကွယ်မှုကလည်း ကြောက်မက်ဖွယ်ကောင်းသည်။
ကြောက်မက်ဖွယ်ကောင်းသောကြောင့် မယုံနိုင်စရာပင်ဖြစ်သည်။
ဤအချိန်တွင် ချုးယွင်ဖန်းသည် သူ့ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ခဏအတွင်းတွင် ဓားအလင်းတန်းနှင့်အတူ ပုံရိပ်တစ်ခုသည် နတ်ဆိုးရှေ့တွင် ပေါ်လာသည်။
ဓားအလင်းရောင်က နတ်ဆိုးကို ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းတို့၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်နေဆဲဖြစ်သည်။
"အား!"
ချူးယွင်ဖန်၏နောက်မှ ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
"လူသား မင်းက သေမင်းကိုဖိတ်နေတာပဲ!"
ဤအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးရောင်ဝါတစ်ခု ကောင်းကင်ယံသို့ ပြေးဝင်လာကာ ကမ္ဘာတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
ရွှေရောင်အမွေးနှင့် ခြင်္သေ့တစ်ကောင် ကြုံးဝါး၍ အပြေးအလွှားရောက်လာသည်။ ယင်းမှာ အနောက်ဘက် နတ်ဆိုးနယ်မြေမှ ခေါင်းဆောင်ဖြစ်သည့် ရွှေခြင်္သေ့ နတ်ဆိုးဘုရင်ဖြစ်သည်။
သူ ချူးယွင်ဖန်ကို မည်သို့မျှ မလုပ်နိုင်တော့ဘဲ ချူးယွင်ဖန်းသတ်ဖြတ်နေသည်ကိုသာ ကြည့်နေမိသည်။ နောက်ဆုံးတွင် သူဆက်၍ မထိန်းနိုင်တော့ဘဲ သူ၏ မူလပုံပန်းသဏ္ဌာန်ကို ပြောင်းလဲသွားသည်။
ဤသည်က နတ်ဆိုးများ၏ အသုံးများသော နည်းစနစ်တစ်ခုဖြစ်သည်။ နတ်ဆိုးများသည် လူသားပုံစံနှင့် သိုင်းပညာအမျိုးမျိုးနှင့် နတ်ဘုရားစွမ်းအားများကို အသုံးပြုနိုင်သော်လည်း ၎င်းတို့၏ စစ်မှန်သည့် ခွန်အားက ၎င်းတို့၏ မူလပုံစံ၌သာရှိသည်။ ၎င်းတို့၏ စစ်မှန်သော ပုံစံများတွင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံး ၂၀% တိုးလာမည်ဖြစ်သည်။ ၂၀% သာရှိသော်လည်း ထိပ်တန်းကျွမ်းကျင်သူများကြားမှ တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ရန် အဓိကသော့ချက်ဖြစ်သည်။
ရွှေခြင်္သေ့ဘုရင်က အစွမ်းထက်သည်။ သူက အလယ်အလတ် ရွှေအမတေပုံစံအဆင့်၏ အထွတ်အထိပ်၌ရှိနေသည်။ သူ့၏ စစ်မှန်သော ပုံစံသို့ ပြောင်းလဲပြီးနောက် ခွန်အားက ၂၀% တိုးလာသည်။
ထိုရွှေခြင်္သေ့က သွေးစွန်းနေသော မေးရိုးများကို ဖွင့်ဟ၍ ချွန်ထက်သော သွားစွယ်များသည် ထက်မြက်သော ဓားများကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ဓားများပြည့်နှက်နေသော ကောင်းကင်အဖြစ်သို့ ပြောင်းလဲသွားကာ ချူးယွင်ဖန်းကို ခုတ်ပိုင်းလိုက်သည်။
သို့သော်လည်း ချူးယွင်ဖန်းက စိတ်ရှုပ်ထွေးခြင်း မရှိပေ။
"ထွက်သွားစမ်း!"
ချူးယွင်ဖန်းက သူ့လက်ကိုလှည့်၍ ဓားဖြင့် ခုတ်လိုက်သည်။ ဓားအလင်းရောင်သည် ရွှေခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပြီး သံချပ်ကာကဲ့သို့ရှိသော ရွှေရောင်အမွေးများကို ဖြတ်တောက်ကာ သွေးစွန်းနေသော ဒဏ်ရာကို စုတ်ဖြဲလိုက်သည်။ နာကျင်မှုက ရွှေခြင်္သေ့ဘုရင်အား အော်ဟစ်စေသည်။!
ဘမ်း
ရွှေခြင်္သေ့ဘုရင် လွင့်ထွက်သွားသည်။
၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လေးလံစွာကျလာပြီး ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချူးယွင်ဖန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး ချက်ချင်းပင် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားကာ နတ်ဆိုးဘုရင်များအုပ်စုထဲသို့ ဝင်ရောက်သွားသည်။
အခန်း(၁၅၀၀) ကြီးမားသော ရိတ်သိမ်းမှု
ဘမ်း!
ချူးယွင်ဖန်းက နတ်ဆိုးဘုရင်များကြားတွင် အဆက်မပြတ်တောက်ပနေသော ရွှေရောင်မိုးကြိုးကဲ့သို့ထင်ရသည်။ သူသည် နတ်ဆိုးဘုရင်တစ်ပါးကို လွင့်ထွက်သွားစေခဲ့သည်။
ဤနတ်ဆိုးတစ်ဦးစီသည် မျိုးနွယ်စုတစ်ခု၏ အမြင့်မြတ်ဆုံးဘုရင်များဖြစ်ကြသည်။ ၎င်းတို့သည် အနောက်ဘက်နတ်ဆိုးနယ်မြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံးပညာရှင်များဖြစ်သည်။ သို့သော် ချူးယွင်ဖန်းကို တိုက်ခိုက်ရာတွင် ၎င်းတို့မည်သို့မျှ မတတ်နိုင်ကြပေ။
ဤနတ်ဆိုးဘုရင်များသည် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာ အဖွဲ့၏ စွမ်းအားသုံး၍ ချူးယွင်ဖန်ကို ခုခံခဲ့ကြသည်။ ချူးယွင်ဖန်၏ တိုက်ခိုက်နိုင်စွမ်း နှိမ်နင်းခံခဲ့ရသည်မှာ သေချာသည်။ သို့သော် သူ့ကို နှိမ်နင်းရုံသာ တတ်နိုင်သည်။ သူ့ကို ထိခိုက်စေရန် မဖြစ်နိုင်ပေ။
ရွှေခြင်္သေ့ဘုရင်က ချူးယွင်ဖန်းကိုဖမ်းရန် လမ်းကြောင်းတစ်လျှောက် ရူးသွပ်စွာ လျှပ်တစ်ပြက် ပြေးသွားသော်လည်း ချူးယွင်ဖန်က အလွန်မြန်လွန်းသည်။ သူသည် မိုးကြိုးစွမ်းအားကို အသုံးပြု၍ အဆက်မပြတ် ရှောင်တိမ်းနေသောကြောင့် ရွှေခြင်္သေ့ဘုရင် မလိုက်နိုင်ပေ။ ချူးယွင်ဖန်း၏ ကျောနောက်မှ ဖုန်မှုန့်များကိုသာ ကိုက်ဖြတ်နိုင်တော့သည်။
"အားးးး လူယုတ်မာ မင်းမှာ ငါ့ကို တိုက်ခိုက်ရဲတဲ့ သတ္တိရှိလား" ရွှေခြင်္သေ့ဘုရင်က ဟိန်းဟောက်လိုက်သည်။
"ဟားဟားဟား၊ ရွှေခြင်္သေ့ဘုရင်၊ မင်းတို့ထဲက အများကြီး ငါ့ကို တိုက်ခိုက်နေကြတယ်၊ ငါ့မှာ သတ္တိမရှိဘူးလို့ ပြောရဲတယ်ပေါ့”
ချူးယွင်ဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော ဖွဲ့စည်းပုံကို ရင်ဆိုင်ရသောအခါ သူ့၏ အစွမ်းအစကို အပြည့်အဝ အသုံးမပြုရသေးသောကြောင့် စိတ်အေးလက်အေး ရှိနေသည်။ ယခု သူပြသနေသည်က ဓားလမ်းကြောင်းပင်ဖြစ်သည်။
လူတိုင်းက သူ့ကို ဓားကျင့်ကြံသူတစ်ယောက်ဟုသာ ထင်ကြသော်လည်း သူ၏ ဓားတိုက်ခိုက်မှုက နည်းလမ်းများစွာထဲက တစ်ခုသာ ဖြစ်သည်။ ချူးယွင်ဖန်းက အချိန်ကို တွက်ချက်လိုက်သည်။ မရီးဒျန်များကို ဤမျှကြာမြင့်စွာ ပိတ်ဆို့ထားခြင်းက လုံလောက်သည်။
"ဟားဟား၊ ငါ မင်းတို့နဲ့ အချိန်မဖြုန်းတော့ဘူး။"
ချူးယွင်ဖန်းက ကျယ်လောင်စွာ ကြုံးဝါးကာ မြေပြင်မှ ထရပ်လိုက်သည်။ သူသည် ချက်ချင်းပင် မိုးကြိုးပစ်သကဲ့သို့ ပြောင်းလဲသွားကာ သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားသည်။ အချိန်တိုအတွင်း သူ ပျောက်ကွယ်သွားသည်။
နတ်ဆိုးများသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ချူးယွင်ဖန်သည် ဂိုဏ်းထဲတွင် ပိတ်မိနေရခြင်း၏ အကြောင်းရင်းမှာ သူတို့ကို နှောင့်နှေးစေလိုသောကြောင့်ဖြစ်ကြောင်း နောက်ဆုံးတွင် ၎င်းတို့သဘောပေါက်လိုက်ကြသည်။ မဟုတ်ပါက သူ့ကို နှောင့်နှေးစေ၍မရပေ။
"ဒီလူက တကယ်ပဲ လူသားတစ်ယောက်လား"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ လူသားတွေကြားမှာ ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုး ရှိနေရတာလဲ။"
"သူ့ တစ်ကိုယ်လုံးက ဓားတစ်ချောင်းလိုပဲ။ သူ့ရဲ့ ဓားကျင့်စဉ်က မြေကြီးကို တုန်လှုပ်စေတယ်။ ဘယ်သူမှ သူ့ကို ယှဉ်လို့မရဘူး"
နတ်ဆိုးဘုရင်များသည် စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။ ချူးယွင်ဖန်းဆုတ်ခွာသွားသည်ကို မြင်သောအခါ အချို့က သက်ပြင်းချကာ စိတ်သက်သာရာရသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခုတိုတောင်းသော ရင်ဆိုင်မှုတွင် နတ်ဆိုးဘုရင်များစွာကို သတ်ပစ်ခဲ့သောကြောင့်ဖြစ်သည်။
ရွှေအမတေအဆင့်ရှိသူတစ်ဦး၏ ကြောက်စရာကောင်းမှုက မည်မျှဖြစ်သည်မှာ ပြောစရာမလိုပေ။ အထူးသဖြင့် ၎င်းတို့၏ ဇွဲလုံ့လက သူတို့ကို သတ်ရန် အလွန်ခက်ခဲစေသည်။ ရွှေအတေအဆင့် နတ်ဆိုးဘုးင်က်ု ထည့်ပြောရန်ပင် မလိုပေ။ ယင်းက ပို၍ပင် အစွန်းရောက်သေးသည်။ နောက်ဆုံးတွင်မူ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအောက်တွင် တစ်ချက်တည်းနှင့် အသက်အန္တရာယ်ရှိလိမ့်မည်။ ၎င်းျို့ ပေါ့လျော့လျှင် ချူးယွင်ဖန်း၏ လက်ချက်နှင့်သေရပေလိမ့်မည်။
သာမန် ရွှေအမတေများ၊ အလယ်အလတ် အမတေမဲ့များ သို့မဟုတ် နောက်ပိုင်း အမတေမဲ့အဆင့်တွင်ပင် ချူးယွင်ဖန်းရှေ့တွင် ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ဤနတ်ဆိုးများသည် ကျင်းကျန်းဟန်၏ သွေးတပ်သားများ တိုက်ခိုက်ခံရမည်ကိုပင် မကြောက်ကြပေ။ ၎င်းတို့လွတ်မြောက်နိုင်သော်လည်း ယခု ချူးယွင်ဖန်းနှင့်တွေ့ရုံဖြင့် အကူအညီမဲ့ကာ ဆုံးရှုံးမှုကြီးများ ကြုံတွေ့ခဲ့ရသည်။ ယင်းက ၎င်းတို့၏ ယုံကြည်မှုကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ လူသားများထဲ၌ ကျွမ်းကျင်သူများ မရေမတွက်နိုင်အောင် များပြားခဲ့သည်။ ဤလူသားသည် ၎င်းတို့သိသော ကျွမ်းကျင်သူတစ်ယောက် မဟုတ်သော်လည်း သူ၍ အစွမ်းသတ္တိက ၎င်းတို့ကို
အံ့အားသင့်စေခဲ့သည်။
သူက ၎င်းတို့ကို တစ်ယောက်တည်း ရပ်တန့်နိုင်ခဲ့သည်။ လူသားများထဲ၌ ဤအဆင့်ရှိကြောင်း ကျွမ်းကျင်သူများ များစွာမရှိပေ။ ထို့ကြောင့် နတ်ဆိုးများ အံ့အားသင့်သွားကြသည်။
နတ်ဆိုးဘုရင်အများစုသည် အနောက်ဘက်နယ်စပ်တွင် ဆက်နေချင်ကြခြင်းမဟုတ်ပေ။ နတ်ဆိုးများက အနောက်ဘက်နယ်စပ်တွင် နေနေရသည့်အချိန်၌ လူသားများက အဘယ်ကြောင့် အဆုံးမရှိသော ရောင်စုံကမ္ဘာကြီးကို သိမ်းပိုက်ထားနိုင်ရသနည်း။
အထူးသဖြင့် ၎င်းတို့၏ ခွန်အားက လူသားများထက် များစွာ သာလွန်သည်ဟု ယုံကြည်သူများအတွက် ယင်းက မှန်ကန်သည်။
သို့သော်လည်း ယနေ့ သူတို့တွေ့ဆုံခဲ့သော ကျွမ်းကျင်သူက ၎င်းတို့အား မျက်နှာကို ပြင်းထန်စွာရိုက်လိုက်သောကြောင့် လူ့လောကတွင် ကျွမ်းကျင်သူများစွာရှိကြောင်း နားလည်သွားကြသည်။ လူသားများသည် ၎င်းတို့ထင်ထားသလောက် အားနည်းခြင်းမရှိပေ။
၎င်းက လူသားကျွမ်းကျင်သူများသည် နားမလည်နိုင်လောက်အောင် အစွမ်းထက်သည်ဟုပင် ခံစားရစေသည်။ သို့သော် လူသားများထဲတွင်ပင် ချူးယွင်ဖန်းကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးတည်းသာ ရှိသည်ကို ၎င်းတို့ မသိကြပေ။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ဟူ၍ မရှိပေ။
"သူ့နောက်လိုက်ကြ။ ဒီနေ့ ငါတို့ ညာလို့ ဒီမှာရှိနေရလဲဆိုတာ မမေ့နဲ့”
ရွှေခြင်္သေ့ဘုရင်က ကြုံးဝါးလိုက်သည်။
"ဆေးဖက်ဝင်အပင်ဘုရင်ကို မရရင် ငါတို့အားလုံး ကိုယ့်ကိုယ်ကိုယ်သတ်သေရလိမ့်မယ်”
ထိုအချိန်၌ပင် နတ်ဆိုးဘုးင်များသည် ဤခရီးစဉ်၏
ရည်မှန်းချက်ကို သတိရသွားကြသည်။ ၎င်းတို့၏ ရည်မှန်းချက်က ဆေးဖက်ဝင်အပင်ဘုရင်ဖြစ်သည်။ ဆိုရိုးစကားအတိုင်းသာဆိုပါက လူသားများနှင့် နတ်ဆိုးများ အတူယှဉ်တွဲနေထိုင်၍မရပေ။ လူသားများနှင့် နတ်ဆိုးများကြားမှ အငြှိုးအတေးများသည် တစ်ရက် နှစ်ရက်တည်း မဟုတ်ပေ။
လူသားများ မည်မျှပင် အချင်းချင်း တိုက်ခိုက်နေစေကာမူ ၎င်းတို့က နတ်ဆိုးများနှင့် ပဋိပက္ခဖြစ်နေဆဲဖြစ်သည်။ အခြားနိုင်ငံများနှင့် ပြန်လည်သင့်မြတ်ရန် နေရာရှိသေးသည်။ သို့သော် နတ်ဆိုးများနှင့်ဆိုပါက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့သာရှိသည်။
နတ်ဆိုးများအတွက်လည်း အတူတူသာဖြစ်သည်။
၎င်းတို့ အလွန်အားကောင်းပါက လူသားနယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်ရန် အလွန်အန္တရာယ်များသည့် စစ်ဆင်ရေးတစ်ခုဖြစ်သည်။ ၎င်းတို့သတိမထားပါက လူသားနိုင်ငံတော်သုံးခု၏ ပေါင်းစပ်တိုက်ခိုက်မှုများကို ရင်ဆိုင်ရလိမ့်မည်။ လူသားများနှင့် နတ်ဆိုးများကြားမှ ကြီးမားသည့်စစ်ပွဲကို မည်သူမျှ မေ့မည်မဟုတ်ပေ။
သို့သော်လည်း ၎င်းတို့သည် ဆေးဖက်ဝင်အပင်ဘုရင်အတွက် လာခဲ့ကြဆဲဖြစ်သည်။ ဆေးဖက်ဝင်အပင်ဘုရင် မရှိတော့ပါက ၎င်းတို့သည် အချည်းနှီးသော စွန့်စားမှုကြီးကို ယူခဲ့ကြလိမ့်မည်။
၎င်းတို့က အကျိုးဆက်များကို မခံနိုင်ခဲ့ကြပေ။
ဤအကြောင်းကိုတွေးမိသောအခါ နတ်ဆိုးများနှင့် နတ်ဆိုးဘုရင်များ၏ စိတ်ဓာတ်များ တက်ကြွလာကြသည်။ ဤလူသားဓားပညာရှင်က မည်သူဖြစ်စေကာမူ ဆေးဖက်ဝင်အပင်ဘုရင်ကို ဘယ်သောအခါမှ လက်မလျှော့ကြပေ။
ဤအရာကို စဉ်းစားမိသောအခါ ၎င်းတို့အားလုံး အော်ဟစ်၍ ချူးယွင်ဖန်နောက်သို့ လိုက်သွားကြသည်။
ချူးယွင်ဖန်းက မြန်ဆန်လွန်းသည်။ သူ အပြေးအလွှားဝင်သွားသောအခါ သူ့မျက်လုံးထဲ ဝင်လာသည်က ကြီးမားသော ဆေးဖက်ဝင်အပင်ဥယျာဉ်ကြီးတစ်ခုဖြစ်သည်။ ဥယျာဉ်ထဲတွင် ဆေးဖက်ဝင်အပင်များ၏ ရနံ့က လေထဲ၌ပျံ့နေသည်။ နေရာတိုင်းတွင် အနည်းဆုံး နှစ်ပေါင်းရာနှင့်ချီ ထောင်နဲ့ချီသော ဆေးဖက်ဝင်အပင်များရှိသည်။
ဤသည်က အလွန်ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။ ပြင်ပကမ္ဘာတွင် စိုက်ပျိုးထားသည့် ဆေးဖက်ဝင်အပင် အနည်းငယ်မျှကိုသာ နှစ်ပေါင်းများစွာ စိုက်ပျိုးနိုင်သည်။ ရင့်မှည့်လာသည့်အခါ ခူးဆွတ်၍ ဆေးအဖြစ် ပြုလုပ်ကြသည်။
"ဒီနေရာမှာ ဆေးဖက်ဝင်အပင်ဘုရင်တစ်ပါး ပေါ်ထွန်းလာတာ အံ့သြစရာမရှိပါဘူး။ နှစ်တွေအများကြီးကြာပြီးတော့ ဆေးဖက်ဝင်အပင်တွေ မျိုးရိုးဗီဇပြောင်းလဲပြီး ဆေးဖက်ဝင်အပင်ဘုရင်တွေ ဖြစ်လာတာက ပုံမှန်ပါပဲ" ချူးယွင်ဖန်း တွေးလိုက်သည်။
ဆေးဖက်ဝင်အပင်ဘုရင်ကို ပြုစုပျိုးထောင်ရန်အတွက် ဆေးဖက်ဝင်အပင်သည် အရည်အသွေးမြင့်မားရမည်ဖြစ်ကာ ပြီးလျှင် အချိန်နှင့် ဝိညာဉ်စွမ်းအင် လုံလောက်ရမည်။ ဤသည်က တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤနည်းဘမ်းက ရိုးရှင်းသော်လည်း လူအနည်းငယ်သာ ဤမျှကြာကြာစောင့်နိုင်သည်။
ချူးယွင်ဖန်သည် ဆေးဖက်ဝင်အပင်များကို ကြည့်ရင်း မျက်လုံးများ တောက်ပသွားသည်။ ၎င်းတို့အများစုမှာ ရှားပါးဆေးဖက်ဝင်အပင်များဖြစ်သည်။ သူ ပျံသန်းသွားသည်နှင့် သူသည် နတ်ဘုရားစွမ်းအားရှိသော လက်ကြီးတစ်လက်ကို ဖန်ဆင်းပြီး ဆေးဖက်ဝင်အပင်များကို ဖမ်းယူကာ တောင်မြစ်ပန်းချီကားထဲမှ ဆေးဖက်ဝင်တောင်ပေါ်တွင် ထားလိုက်သည်။