← Chapters

ကမ္ဘာသ်ိအောင်ကျော်ကြားခြင်း

Vol. 7 Ch. 62

ကမ္ဘာသ်ိအောင်ကျော်ကြားခြင်း

Vol. 7 Ch. 62

ကျန်းကျောက်ရှားတို့တွေ ဂိုဏ်းသားအုပ်ကြီး ဝန်းရံကာ တောင်ပေါ်သို့ တက်လာသည်ကို တောင်တံခါးဝရှိ လှေကားထစ်များပေါ်တွင် ရပ်လျက်လီချင်းချိုး ကြည့်နေမိသည်။ လူအုပ်ကြီးကြောင့် တောင်တက်လမ်းပင် ကျဉ်းမြောင်းသွားသယောင် ထင်ရသည်။

ကျန်းကျောက်ရှားက မပြုံးမရယ်နှင့် အေးစက်စက်နေနေပြီး လီစစ်ဖုန်းကမူ ဂိုဏ်းသားပရိသတ်များ၏ အားပေးမှုမှာ သာယာရင်း ပြုံးဖြီးနေသည်။ ဂျူနီယာညီလေးနှစ်ယောက် ဘေးကင်းသည်ကို မြင်လိုက်ရမှ လီချင်းချိုး လုံးဝ စိတ်အေးသွားတော့သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး..."

လီစစ်ဖုန်းက လီချင်းချိုးကို အဝေးက လှမ်းမြင်သည်နှင့် ချက်ချင်းပင် လက်ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ထို့နောက် တောင်တံခါးဝဆီသို့ အပြေးအလွှား ရောက်လာပြီး ကျန်ဂိုဏ်းသားများက ကျန်းကျောက်ရှား၊ ဝူမန်အာနှင့် ချန်ချန်းဟိုင်တို့ကို လှေကားထစ်များအထိ လိုက်ပို့ပေးပြီးနောက် ရပ်တန့်လိုက်ကြသည်။

တောင်တံခါးဝ နောက်ဘက်ရှိ ခြံဝင်းသုံးခုကို လင်းရှောင်ခြံဝင်းဟု အမည်ပြောင်းပြီးကတည်းက သာမန်ဂိုဏ်းသားများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မပြုတော့ပေ။ ဤသည်မှာ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ကျူးကျော်လာတဲ့ သိုင်းလောကတပ်ဖွဲ့ကို အစ်ကိုကြီး နှိမ်နှင်းလိုက်တယ်လို့ ကြားတယ်... ပြောရဉီးမယ်... ကျွန်တော်တို့လည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်... အပြန်လမ်းမှာ ချင်းရှောင်ဂိုဏ်းဘက် ဦးတည်လာနေတဲ့ ဂိုဏ်းအဖွဲ့ တော်တော်များများကို ရှင်းလင်းခဲ့တယ်..."

လီစစ်ဖုန်းက လီချင်းချိုး၏ အနားသို့ ရောက်လာပြီး ခါးထောက်ကာ လူငယ်ပီပီ တက်ကြွစွာဖြင့် စကားများ ဖောင်ဖွဲ့နေတော့သည်။

သူ့အောင်မြင်မှုများကို ကြွားလုံးထုတ်နေသည်ကို လီချင်းချိုးက ပြုံး၍ နားထောင်နေလိုက်သည်။

ကျန်းကျောက်ရှားက ရှေ့တိုးလာပြီး လီစစ်ဖုန်း၏ မျက်နှာကို ညာဘက်လက်ဖြင့် အနောက်မှ ကိုင်ကာ ဘေးသို့ တွန်းထုတ်လိုက်ပြီး လီချင်းချိုးကို စကားလှမ်းပြောလိုက်သည်။

"ချင်းဂိုဏ်းကို ကျွန်တော်တို့ ဖျက်ဆီးပစ်လိုက်ပြီ... သူတို့ခေါင်းဆောင်ကို ကျွန်တော် ကိုယ်တိုင် သတ်ခဲ့တာ... သူတို့ ဌာနချုပ်ကိုတောင် မီးရှို့ပစ်လိုက်တယ်... အကြွင်းအကျန်တချို့ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ သူတို့ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး... ပြီးတော့ ချင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲဌာနချုပ်ငါးခုကိုလည်း ဖျက်ဆီးခဲ့သေးတယ်..."

ကျန်းကျောက်ရှားနှင့် ဓားပျံတစ်ဆယ့်သုံးလက်အဖွဲ့က ပင်မဌာနချုပ်ရော၊ ဂိုဏ်းခွဲဌာနချုပ်ပါမကျန် ချေမှုန်းပစ်ခဲ့ကြသည်ကိုး... ဂိုဏ်းပျက်သွားတာ မဆန်းတော့ပါဘူး...

လီချင်းချိုးက ကျေနပ်စွာ ပြုံးလိုက်ပြီး ….

"မင်းတို့အားလုံးက ဂုဏ်ပြုထိုက်သူတွေပါ... ဒီနေ့ ဂိုဏ်းတစ်ခုလုံး မင်းတို့နဲ့အတူ အောင်ပွဲခံ စားသောက်ပွဲ ကျင်းပမယ်..."

လီစစ်ဖုန်းနှင့် ဝူမန်အာတို့ ချက်ချင်းပင် အော်ဟစ်မြူတူးနေကြသည်။ကျန်းကျောက်ရှားက ပြုံးလိုက်ပြီး လင်းရှောင်ခြံဝင်းထဲသို့ ဦးစွာ ဝင်သွားကာ ကြက်ကင်စားချင်နေသော ချန်ချန်းဟိုင်ကလည်း နောက်မှ ကပ်လိုက်သွားသည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ပြောစရာရှိလို့ ကျွန်တော့်နောက် ခဏလောက် လိုက်ခဲ့ပါလား..." ဟု လီစစ်ဖုန်းက လျှို့ဝှက်သံဖြင့် ပြောလေသည်။

လီချင်းချိုး မျှော်လင့်နေသော်လည်း သူ့မျက်နှာထားက ပြောင်းလဲမသွားပေ။ သူ ခေါင်းညိတ်လိုက်ပြီး ဝူမန်အာကိုကြည့်ကာ…

"မန်အာ... အရင်သွားနားလိုက်ဦး... ဒီရက်ပိုင်း ပင်ပန်းခဲ့တယ်မလား....."

"ဟီးဟီး... မပင်ပန်းပါဘူး..."

ဝူမန်အာက ခေါင်းကုတ်ရင်း ရယ်မောလိုက်ကာ လင်းရှောင်ခြံဝင်းဘက်သို့ လျှောက်သွားသည်။

လီစစ်ဖုန်းက လီချင်းချိုးကို ခေါ်၍ တောင်အောက်သို့ ဆင်းလာခဲ့သည်။ လမ်းတွင် တွေ့ရသော ဂိုဏ်းသားများအားလုံးက လီချင်းချိုးကို ဦးညွှတ်အရိုအသေပေးကြသည်။

လီချင်းချိုးနှင့် နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်တို့၏ ကြီးကျယ်ခမ်းနားသော တိုက်ပွဲအကြောင်းမှာ ချင်းရှောင်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဂိုဏ်းသားအားလုံး၏ လေးစားအားကျမှုကို လီချင်းချိုး ရရှိခဲ့သည်။

ကျန်းကျောက်ရှားကို ချင်းရှောင်ဂိုဏ်းတွင် အသန်မာဆုံးသူလို့ သူတို့ ထင်မှတ်ခဲ့ကြသော်လည်း ဂိုဏ်းချုပ်တွင်လည်း အလွန်မြင့်မားသော သိုင်းပညာစွမ်းရည်များ ရှိနေသည်ကို သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ခဏအကြာတွင် လီစစ်ဖုန်းက လီချင်းချိုးကို လူပြတ်သော သစ်တောအုပ်တစ်ခုသို့ ခေါ်ဆောင်သွားသည်။

"ရွှီးးးး..."

လီစစ်ဖုန်းက လေချွန်လိုက်ပြီး လီချင်းချိုးဘက်သို့ လှည့်ကာ ဇဝေဇဝါအကြည့်ဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဘာလို့ စိတ်မဝင်စားတာလဲ..."

လမ်းတစ်လျှောက်လုံး လီချင်းချိုးက ဘာမှ မမေးသဖြင့် သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေသည်။အမှန်တကယ်တော့ သူက လီချင်းချိုးကို အကြီးအကျယ် အံ့အားသင့်သွားစေချင်ခဲ့သည်။

"ချင်းရှောင်တောင်ပေါ် ခြေချလိုက်ကတည်းက အစ်ကိုကြီး အာရုံခံမိပြီးသားပါ... မင်း ဘယ်လိုလုပ် တွေ့ခဲ့တာလဲ..."

လီချင်းချိုးက လျှို့ဝှက်ဆန်းကြယ်သလိုဟန်ဆောင်ရင်း မေးလိုက်သည်။

လီစစ်ဖုန်းကလည်း သူ့အစ်ကိုကြီးကို သံသယမရှိပေ။ လီချင်းချိုး သူတို့ကို ဟွမ်ယွမ်ကျမ်းစာ သင်ပေးကတည်းက သူ့စိတ်ထဲတွင် လီချင်းချိုးက တတိယအစ်ကိုကြီးထက်ပင် သာလွန်သော အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။

"ပြန်လာတဲ့လမ်းမှာ သစ်တောတစ်ခုကို ဖြတ်လာတုန်းကပေါ့... ကျွန်တော် ရှူးပေါက်နေတုန်း ပိုင်နင်းအာရဲ့ အော်သံကို ကြားလိုက်ရတယ်... ဘောင်းဘီတောင် သေချာမဝတ်ဘဲ ပြေးသွားလိုက်တာ ဒါကြီးကို တွေ့တော့တာပဲ... ဒဏ်ရာအပြင်းအထန် ရထားတယ်... သွေးတိတ်အောင် လုပ်ပေးပြီးတဲ့နောက် ကျွန်တော့်ကို တွယ်ကပ်နေတော့တာပဲ..."

လီစစ်ဖုန်းက ထိုမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ရင်း စိတ်အားထက်သန်စွာ ဖြေလိုက်သည်။

တကယ်ပဲ...

ကံကောင်းသူက အကြီးအကျယ်ကို ကံကောင်းတာပဲ...

လီချင်းချိုး ပိုင်နင်းအာကို ပို၍ သဘောကျလာသည်။ ယခင်က ပိုင်နင်းအာသည် လီစစ်ဖုန်းနောက် လိုက်ကာ တောင်အောက်သို့ ဆင်းသွားပြီး မှော်ရတနာတစ်ခု ရှာဖွေပေးခဲ့သည်။ ယခုလည်း နိမိတ်ကောင်းတစ်ခုကို ရှာတွေ့ခဲ့ပြန်ပြီ။ သူက တကယ့်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပင်….

လီစစ်ဖုန်းနှင့် ပိုင်နင်းအာကို ခွဲထားရန် သူ မရည်ရွယ်ပေ။ လီစစ်ဖုန်း၏ စရိုက်နှင့် ကံကြမ္မာကြောင့် ပြဿနာများစွာ ကြုံတွေ့ရနိုင်သည်ဟု သူ အမြဲ ခံစားမိပြီး ပိုင်နင်းအာ ရှိနေလျှင် အန္တရာယ်ကို ဘေးကင်းရာသို့ ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်သည်။

တာအိုဇယားကွက်က လီချင်းချိုးကို ဂိမ်းကစားနေရသလို ခံစားစေသော်လည်း လက်တွေ့ဘဝက ထိုသို့မဟုတ်ပေ။ ဂျူနီယာညီလေးများနှင့် ဂျူနီယာညီမလေးများကို တောင်ပေါ်တွင် ထာဝရနေခိုင်း၍ မရသလို ဂိုဏ်းသားများကိုလည်း ထိုနည်းအတိုင်းပင်။ ဂိုဏ်းသားတိုင်းတွင် ကိုယ်ပိုင် စရိုက်နှင့် ရည်မှန်းချက်များ ရှိကြသည်။ ချင်မိသားစု၏ မျှော်လင့်ချက်ကို ထမ်းပိုးထားရသော ချင်ယဲ့ဆိုလျှင်လည်း ချင်းရှောင်ဂိုဏ်း၌ တစ်သက်လုံး နေရမည့်သူ မဟုတ်ပေ။ချင်ယဲ့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် စစ်တပ်သို့ ဝင်ရောက်ပြီး အောင်မြင်မှုများ ရယူကာ မိသားစုကို ဂုဏ်တက်စေရမည် ဖြစ်သည်။

ညီအကိုနှစ်ယောက် စကားပြောနေစဉ် အဝေးမှ ချုံပုတ်များ လှုပ်ရှားသွားပြီး တစ်ဖက်တစ်ချက်ရှိ သစ်ပင်များပေါ်မှ နှင်းများ ပြုတ်ကျကာ ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

လီချင်းချိုး လှည့်ကြည့်လိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

ချီလင်က အရမ်းခန့်ညားတာပဲ...

အနီရင့်ရောင် အကြေးခွံများ ဖုံးအုပ်ထားသော ချီလင်တစ်ကောင်သ မြက်ခင်းပြင်ကို ဖြတ်သန်း လျှောက်လှမ်းလာနေသည်။၎င်း၏ ပခုံးအမြင့်ပင် နှစ်မီတာရှိပြီး ဦးခေါင်းအမြင့် ဆယ်ပေခန့် ရှိသည်။သို့သော် ကိုယ်ခန္ဓာက သွယ်လျပြီး အကြေးခွံများက ဓားသွားများကဲ့သို့ ဖြစ်နေသည်။ ဦးချိုနှစ်ချောင်းက အနီရောင် ဓားသွားနှစ်လက်သဖွယ် ထက်ရှနေသည်။ ခွာလေးဖက်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး ခြင်္သေ့မြီးကဲ့သို့သော အမြီးဖျားတွင်လည်း မီးတောက်များ ဖုံးလွှမ်းလျက် ယိမ်းနွဲ့နေသည်။

၎င်းတွင် စူးရှပြီး လျစ်လျူရှုတတ်သော ရွှေညိုရောင် မျက်လုံးတစ်စုံ ရှိပြီး ဖိအားပေးနိုင်သော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် ရပ်နေရုံဖြင့် နတ်ဘုရားသားရဲတစ်ကောင်၏ ဟန်ပန်ကို ထုတ်ဖော်ပြသနေသည်။

ချီလင်သားရဲက လီချင်းချိုးတို့ဆီ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လာပြီး လီချင်းချိုးကို သတိထားနေပုံ ပေါက်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် အစွမ်းထက်သော စွမ်းအားတစ်ခု ရှိနေကြောင်း လီချင်းချိုး အာရုံခံလိုက်မိသည်။ ထိုစွမ်းအားက မူလချီနှင့် ဆင်တူသော်လည်း သိုင်းပညာရှင်များ၏ အတွင်းအားထက် များစွာ ပိုမို သန်မာပြီး မူလချီနှင့် အခြေခံအားဖြင့် ကွာခြားသည်။

အစွမ်းထက်တဲ့ ချီလင်တောင် ဒဏ်ရာရနိုင်တာပဲ…. ဘာတွေ ဖြစ်ခဲ့တာလဲ...

လီချင်းချိုး တွေးလိုက်မိသော်လည်း ထိုအချက်ကြောင့် မကြောက်ရွံ့ပေ။ အဘယ်ကြောင့်ဆိုသော် ချီလင်က သန်မာသော်လည်း သူ့ကို အန္တရာယ်ပြုမည့်ပုံ မပေါ်သောကြောင့် ဖြစ်သည်။

"ဘယ်လိုလဲ... ခန့်ညားတယ်မလား... ကျွန်တော် သူ့ကို 'ငရဲချီလင်' လို့ နာမည်ပေးထားတယ်... ငရဲက လာတယ်လို့ မခံစားရဘူးလား..."ဟု လီစစ်ဖုန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လီချင်းချိုးက …. "မှန်တယ်... ဒါပေမဲ့ အဲဒီလောက်ကြီး ဆိုးယုတ်တဲ့ပုံ မပေါ်ပါဘူး... နိမိတ်ကောင်းတစ်ခုနဲ့ ပိုတူပြီး သူ ရောက်လာတာက ချင်းရှောင်ဂိုဏ်းကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါလိမ့်မယ်..."

ငရဲချီလင်က လူစကားကို နားလည်ပုံရသည်။ လီချင်းချိုး၏ စကားကို ကြားသောအခါ အကြည့်များ နူးညံ့သွားပြီး သူတို့နှစ်ဦးထံသို့ ခြေလှမ်းသွက်သွက်ဖြင့် တိုးကပ်လာသည်။ ထို့နောက် လီစစ်ဖုန်းကို ပွတ်သီးပွတ်ငပ်တွယ်ကပ်နေသည်။

ဒီပုံစံအတိုင်း ကြည့်ရတာ ငရဲချီလင်က ငယ်သေးတဲ့ပုံပဲ...အရွယ်မရောက်သေးတာ ဖြစ်နိုင်မလား...

"ဒီနေ့ကစပြီး သူ့ကို မင်းပဲ ဂရုစိုက်လိုက်တော့... လူမြင်ကွင်းကို ပေးမထွက်နဲ့ဦး..."ဟု လီချင်းချိုးက မှာကြားလိုက်သည်။

နောက်နှစ်တွင် လီစစ်ဖုန်းကို တောင်အောက်သို့ မဆင်းခိုင်းရန် စီစဉ်ထားသဖြင့် လီစစ်ဖုန်းအတွက် ငရဲချီလင်ကို အစာကျွေးရန် အခွင့်အရေးကောင်း ဖြစ်ပေလိမ့်မည်။

"ပြဿနာမရှိပါဘူး... အစ်ကိုကြီး... ကျွန်တော့်ရဲ့ ငရဲချီလင်က အစ်ကိုကြီးရဲ့ ရှောင်ပါးထက် ပိုမိုက်တယ်မလား..."

လီစစ်ဖုန်းက မေးစေ့ကို မော့ကာ လီချင်းချိုးကို စိန်ခေါ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

လီချင်းချိုးက ပြုံးပြီး …

"ရှောင်ပါးက သာမန် လင်းယုန်ငှက်တစ်ကောင်ပဲလေ... ဘယ်လိုလုပ် ချီလင်နဲ့ ယှဉ်နိုင်မှာလဲ..."

ငရဲချီလင်ကို ချင်းရှောင်တောင်ပေါ်တွင် နေထိုင်စေခြင်းက လျှို့ဝှက်တိုက်ခိုက်လာမည့် ရန်သူအချို့ထံမှ သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်။

လီချင်းချိုး၏ ချီးကျူးစကားကို ကြားသောအခါ လီစစ်ဖုန်း ပို၍ ပျော်ရွှင်သွားပြီး ငရဲချီလင်ကလည်း ပို၍ စိတ်လှုပ်ရှားလာသည်။

...

ထိုနှစ်၏ နွေဦးပွဲတော်သည် အလွန် စည်ကားခဲ့သည်။ ကျန်းကျောက်ရှား၊ လီစစ်ဖုန်းနှင့် အခြားသူများ ပြန်ရောက်လာကတည်းက ချင်းရှောင်ဂိုဏ်းတွင် ပွဲလမ်းသဘင် ဆင်နွှဲနေခဲ့ကြသည်။

ချင်းရှောင်ဂိုဏ်းက ကျူးကျော်လာသော သိုင်းလောကသားများကို ရှင်းလင်းခြင်းအားဖြင့် ငွေကြေး၊ လက်နက်နှင့် လျှို့ဝှက်သိုင်းကျမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်။ အရေးကြီးဆုံးမှာ ဤတိုက်ပွဲက ချင်းရှောင်ဂိုဏ်း၏ စိတ်ဓာတ်ကို အကြီးအကျယ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းက အလွန် အစွမ်းထက်ပြီး အဓိက ဂိုဏ်းကြီးသုံးခု ပူးပေါင်းတိုက်ခိုက်မှုကိုပင် အလွယ်တကူ ခုခံကာကွယ်နိုင်ကြောင်း ဂိုဏ်းသားများ သဘောပေါက်သွားကြသည်။

နောက်ပိုင်းရက်များတွင် လူများ၊ ဘုရားဖူးများနှင့် သိုင်းလောကသားများ တောင်ပေါ်သို့ ပိုမို ရောက်ရှိလာကြသည်။ လူများက သူတို့၏ သားသမီးများကို တပည့်အဖြစ် အပ်နှံရန် လာကြပြီး၊ ဘုရားဖူးများက မူလဓာတ်ကြီးငါးပါး ဒဏ္ဍာရီကို ကြားသိပြီးနောက် ကံစမ်းရန် လာကြကာ၊ သိုင်းလောကသားများက ချင်းရှောင်ဂိုဏ်း၏ အောင်မြင်မှုများကို ကြားသိပြီးနောက် မိတ်ဖွဲ့ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ထိုက်ခွန်းတောင်တန်းရှိ ဆောင်းရာသီ ဆီးနှင်းများ လုံးဝ အရည်ပျော်သွားချိန်တွင် နေ့စဉ် လူများ တောင်ပေါ်သို့ တက်ရောက်လာကြသဖြင့် ချင်းရှောင်ဂိုဏ်းတွင် ပို၍ပင် စည်ကားလာသည်။

ထိုနေ့ နေ့လယ်တွင် ချင်းရှောင်တောင်နှင့် မိုင်သုံးရာအကွာရှိ တောင်ကြားချောင်းတစ်ခုတွင် လီချင်းချိုး ချောက်ကမ်းပါးပေါ်၌ ရပ်လျက် အောက်သို့ ငုံ့ကြည့်နေသည်။

သူကြည့်နေရာနေရာ ချောက်ကမ်းပါးအောက်၌ မြေအောက်သို့ ဆင်းသွားသော ကြီးမားသည့် ဂူဝတစ်ခု ရှိနေသည်။

ချင်းရှောင်မှနတ်ဘုရားခုနှစ်ပါးအဖွဲ့မှ အဖွဲ့ဝင်လေးဦးက ဂူဝ၏ အစွန်းတွင် ရပ်နေကြပြီး အမှောင်ထုက သူတို့၏ ခန္ဓာကိုယ်များကို အချိန်မရွေး မျိုချပစ်တော့မည့်အလား ဖြစ်နေသည်။

လီစစ်ဖုန်း အမှောင်ထုထဲမှ ပြေးထွက်လာပြီး လီချင်းချိုးကို မော့ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဝိညာဉ်ကျောက်တုံးတွေ တကယ် ရှိတာပဲ... မြေအောက် ဝိညာဉ်ရေကန်ထဲမှာထက် ပိုများတယ်... ဝိညာဉ်ကျောက်တုံးတွေ မရေမတွက်နိုင်အောင် ရှိတယ်..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူ မအံ့သြပေ။

ဤနေရာရှိ ဝိညာဉ်ကျောက်တွင်းကို သူ ရှာတွေ့ခဲ့ခြင်းမှာ သူ့ကံတရား၏ လမ်းညွှန်မှုကြောင့် ဖြစ်သည်။

ဤနေရာက ချင်းရှောင်ဂိုဏ်းနှင့် ဝေးကွာသောကြောင့် အချိန်ယူ ပြင်ဆင်ခဲ့ရပြီး ယုံကြည်စိတ်ချရသော ဂိုဏ်းသားတစ်သိုက်ကို ရွေးချယ်ကာ ခေါ်ဆောင်လာခဲ့ရသည်။

ဤနေရာတွင် အခြေစိုက်စခန်း တစ်ခု တည်ထောင်ပြီး တပည့်ရင်း အချို့ကို နေထိုင်စေကာ ဝိညာဉ်ကျောက်တွင်းကို ကာကွယ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ ထို့အတွက်ကြောင့် ကျန်းကျောက်ရှား၊ လီစစ်ဖုန်းနှင့် ပိုင်နင်းအာတို့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်ကျောက်တွင်းက ချင်းရှောင်ဂိုဏ်း၏ အနာဂတ်အတွက် အလွန် အရေးပါသဖြင့် လီချင်းချိုး အလေးအနက်ထားသည်။ ထိုနေရာကို ကျန်းကျောက်ရှားက စောင့်ကြပ်ရမည်။ ယခုမှစ၍ ကျန်းကျောက်ရှားက ဝိညာဉ်ကျောက်တွင်း အတွင်းတွင် ကျင့်ကြံရမည် ဖြစ်ပြီး ထိုနေရာ၌နေထိုင်ခြင်းက သူ့ကျင့်ကြံမှုအတွက် အကျိုးရှိစေရုံသာမက ပြင်ပရန်သူများကို ခုခံရာတွင်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။ လီစစ်ဖုန်း တစ်ယောက်တည်းကို အားကိုးရမည်ဆိုလျှင် လီချင်းချိုး စိတ်မချနိုင်ပေ။

ထို့အပြင် ပိုင်နင်းအာ၏ 'ကံကောင်းသူ' ကံကြမ္မာလည်း ရှိနေသေးသည်။ လီချင်းချိုး ကံကောင်းမှသာ ချင်းရှောင်ဂိုဏ်းသို့ စိတ်အေးလက်အေး ပြန်နိုင်မည်။

"အစ်ကိုကြီး သိပါတယ်... သူတို့အားလုံးကို အပေါ်ခေါ်လိုက်... ပြောစရာရှိတယ်..."ဟု လီချင်းချိုးက ပြန်ပြောလိုက်သည်။

ကံတရား၏ မှတ်ဉာဏ်ထဲတွင် သူ ဂူထဲသို့ ဆင်းသွားပြီး ဖြစ်သောကြောင့် မစပ်စုတော့ပေ။

ထိုစကားကို ကြားသောအခါ လီစစ်ဖုန်းက ကျန်းကျောက်ရှားနှင့် အခြားသူများကို ခေါ်ရန် အမှောင်ထုထဲသို့ ချက်ချင်း ဝင်သွားသည်။

ဝိညာဉ်ကျောက်တွင်းကို မည်သို့ ကာကွယ်ရမည်ကို လီချင်းချိုး စဉ်းစားနေစဉ်တွင် ချင်းရှောင်ဂိုဏ်းသည် သိုင်းလောက၌ ကြီးမားစွာဂယက်ထစေခဲ့ပြီး မင်းဆက်သမိုင်းတွင် မကြုံစဖူးသော သိုင်းလောက မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းကြီး ကမ္ဘာသိအောင်ကျော်ကြားလာတော့မည် ဖြစ်သည်။

...

တောင်များကြားတွင် တည်ရှိသော အစိုးရရုံးခန်း၏ ဘေး၌ ဧည့်ဂေဟာတစ်ခု ရှိသည်။ ဧည့်ဂေဟာ အပြင်ဘက်တွင် စားပွဲဝိုင်း ငါးလုံး ခင်းကျင်းထားပြီး စားပွဲဝိုင်းတိုင်းတွင် လူများ ထိုင်နေကြသည်။

လီချင်းချိုးကို ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ဆီ လမ်းပြပေးခဲ့သော အနက်ရောင်ဝတ် အမျိုးသမီးက မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးနှင့် မျက်နှာချင်းဆိုင် စားပွဲအစွန်းတွင် ထိုင်နေသည်။ သူတို့နှစ်ယောက်က ကုကျိုးစီရင်စုတွင် ဖြစ်ပျက်ခဲ့သော မကြာသေးမီက အဖြစ်အပျက်များအကြောင်း အခြား သိုင်းလောကသားများ ပြန်လည်ပြောပြနေသည်ကို နားထောင်နေကြသည်။

"ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့၊ ချင်းဂိုဏ်းနဲ့ သံမဏိတောင်ထွတ်တို့က ထိပ်တန်းဂိုဏ်းခုနစ်ခုထဲမှာ ပါတာလေ... သူတို့က ဒုတိယအဆင့် ဂိုဏ်းအဖွဲ့တွေက ကျွမ်းကျင်သူ အများအပြားကို ဦးဆောင်ပြီး ချင်းရှောင်ဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြတာ... သူတို့ရဲ့ အရှိန်အဟုန်က ကြီးမားပြီး လူအင်အား သောင်းချီ ရှိတယ်လို့ ဆိုကြတယ်... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းက ကျွမ်းကျင်သူတွေရဲ့ လက်ချက်နဲ့ အလွယ်တကူ ရှုံးနိမ့်သွားခဲ့တယ်... ယုံတောင် မယုံနိုင်ဘူး….."

"ဟုတ်တယ်... နဂါးနိုင်သူရဲကောင်းအကြောင်း ငါ ကြားတယ်..." ယန်ကျွယ်တိန်က ထူးခြားတဲ့ နတ်ဘုရားသိုင်းပညာကို ယူဆောင်ပြီး ချင်းရှောင်ဂိုဏ်းထဲဝင်သွားတာတဲ့..”

"ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းမှာ အစွမ်းအထက်ဆုံးက ယန်ကျွယ်တိန် မဟုတ်ဘူး... ရွှီနင်းးဆိုတဲ့ အမျိုးသမီးက သွေးဆာနေတဲ့ဓားသမား တျန်မင်ကို သတ်ခဲ့တာ...တျန်မင်က ကျန်းဟူမှာ ဆယ်နှစ်ကျော်ကြာ သီးသန့်နေထိုင်ခဲ့တာ ဖြစ်ပြီး ဝေကျိုးစီရင်စု သိုင်းလောကမှာ နံပါတ်တစ် ဖြစ်ခဲ့ဖူးတယ်... အဲဒီလို ဆရာသခင်တစ်ယောက်က ချင်းရှောင်ဂိုဏ်း တောင်ခြေမှာ သေဆုံးသွားခဲ့ရတယ်... ရွှီနင်းးဆိုတဲ့ နာမည်က သိုင်းလောကအနှံ့ ဟိန်းထွက်နေတော့မှာ..."

"ဒါက ဘာမှ မဟုတ်သေးဘူး... ကျန်းကျောက်ရှားက ပိုတောင် ဆိုးသေးတယ်... သူ့တပည့်တစ်ဆယ့်သုံးယောက်ကို ဦးဆောင်ပြီး ချင်းဂိုဏ်းကို ဝင်စီးတာလေ... ဌာနချုပ်တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်တာ... ဂိုဏ်းချုပ်၊ အစောင့်အရှောက်နဲ့ အကြီးအကဲတွေ အကုန်လုံး သူ့လက်ချက်နဲ့ သေကုန်ကြတယ်... ကျန်းကျောက်ရှားက ချင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲဌာနချုပ်တွေကိုပါ ရှင်းပစ်လိုက်တယ်လို့ ပြောကြတယ်... ကျန်းကျောက်ရှားက ကြောက်စရာ ကောင်းလိုက်တာ..."

သိုင်းလောကတွင် မည်သူမျှ ဤကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ဖူးပေ။ ထိပ်တန်းဂိုဏ်း ခုနစ်ခုအနက် တစ်ခုဖြစ်သော ချင်းဂိုဏ်းကို တစ်ယောက်က ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။ ကျန်းကျောက်ရှားသည် ယခုအခါ ယွီကျစ်ယီထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေပြီဟု သံသယရှိမိသည်။ သူသည်သာ ကုကျိုးစီရင်စု သိုင်းလောက၏ နံပါတ်တစ် အစစ်အမှန် ဖြစ်သညလ။

အခြား စားပွဲဝိုင်းများမှ သိုင်းလောကသားများ အလွန် စိတ်လှုပ်ရှားနေကြပြီး ချင်းရှောင်ဂိုဏ်းအကြောင်း ပြောဆိုနေကြကာ ကျန်းကျောက်ရှားနှင့် ရွှီနင်းးအကြောင်း ပြောသည့်အခါတိုင်း သူတို့၏ စကားလုံးများတွင် ကြောက်ရွံ့မှုနှင့် လေးစားအားကျမှုတို့ ပြည့်နှက်နေသည်။

မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုက အကြည့်လွှဲလိုက်ပြီး အနက်ရောင်ဝတ် အမျိုးသမီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"သိုင်းလောကကြီး ပြောင်းလဲသွားပြီ... လင်းရွှန်းဖုန်းမရှိတော့တဲ့ နောက်ပိုင်းမှာ ချင်းရှောင်ဂိုဏ်းက ဒီလောက် အစွမ်းထက်တဲ့ ဂိုဏ်းသားတွေကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒီနေ့ကစပြီး ချင်းရှောင်ဂိုဏ်းက ထိပ်တန်းဂိုဏ်း ခုနစ်ခုထဲမှာ ပါဝင်လာလိမ့်မယ်... သခင်မလေး... သခင်မလေးရဲ့ အကြံအစည်ကို လက်လျှော့လိုက်ဖို့ အကြံပေးချင်ပါတယ်... အဲဒီ သိုင်းလောက ဒဏ္ဍာရီလာ နတ်ဘုရားသိုင်းပညာကို မရှာပါနဲ့တော့... ကျွန်တော် ချင်းရှောင်ဂိုဏ်းမှာ အသေမခံချင်ဘူး..."

အနက်ရောင်ဝတ် အမျိုးသမီး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာ ပေါ်လွင်နေသည်။ ချင်းရှောင်ဂိုဏ်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

All Chapters