← Chapters

ဂိုဏ်းကြီးခုနစ်ဂိုဏ်းအသစ်

Vol. 7 Ch. 65

ဂိုဏ်းကြီးခုနစ်ဂိုဏ်းအသစ်

Vol. 7 Ch. 65

"ဂိုဏ်းချုပ်... ဘာလို့ ဒီလိုပါရမီရှင်မျိုးကို အမြဲ ရှာတွေ့နေရတာလဲ..."

သူ တကယ်ပဲ ကောင်းကင်မျက်လုံး ဖွင့်ထားတာများလား...

သစ်တောအုပ်ထဲတွင် ကျောက်ကျိန်း၏ လက်သီးချက်ကို ခံယူလိုက်ရသော ယန်ကျွယ်တိန်က လီချင်းချိုးဘက်သို့ လှည့်ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

သူ့ညာဘက်လက်ဖဝါး ပူလောင်ထုံကျင်နေသည်ကို ခံစားလိုက်ရပြီး ယုတ္တိမရှိတော့သလို ထင်နေမိသည်။

ဒီကောင်လေးက ငါးနှစ်ပဲ ရှိသေးတာလား...

ငါ့တုန်းကဆို...

သူ ငါးနှစ်သားအရွယ်တုန်းက စာတောင် မဖတ်တတ်သေးပေမဲ့ ဒီကောင်လေးကတော့ကိုယ်ပိုင် စွမ်းရည်တွေကို မြှင့်တင်ပြီးနေပြီ...

မေးခွန်းမေးပြီးနောက် ယန်ကျွယ်တိန်က အမောဖြေနေသော ကျောက်ကျိန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေသည်။ ကနဦး တုန်လှုပ်မှု ပြီးသွားသောအခါ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာခဲ့သည်။

ချင်းရှောင်ဂိုဏ်းရဲ့အနာဂတ်က မှန်းဆမရတော့ဘူး….

သူ့အမြင်တွင် ချင်းရှောင်ဂိုဏ်း၏ နောက်မျိုးဆက်က သူတို့ထက် ပါရမီ ပိုကောင်းကြသည်။ နောက်နှစ်ပေါင်း နှစ်ဆယ်ကြာလျှင် ချင်းရှောင်ဂိုဏ်း မည်မျှ အစွမ်းထက်လာမည်နည်း....

ငါးနှစ်သားအရွယ် ကျောက်ကျိန်းက ဒူးခေါင်းပေါ် လက်ထောက်ကာ အနားယူနေသည်။ သူ့အတွက် အစွမ်းကုန် ထုတ်သုံးကာ ယှဉ်ပြိုင်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း မဟာနေမင်းယန်စွမ်းအင်သိုင်းကို သင်ယူပြီးနောက်ဘယုံကြည်မှု များစွာ တိုးတက်လာခဲ့သည်။ ပြိုင်ဘက်ကို လှုပ်ခါသွားအောင်ပင် မလုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယန်ကျွယ်တိန်သည် ကောင်းကင်ကာကွယ်ရေး အစောင့်တပ်မှ ကျွမ်းကျင်သူများထက်ပင် ပိုမို ကျွမ်းကျင်သည်ဟု သူ ခံစားလိုက်ရသည်။

ချင်းရှောင်ဂိုဏ်းက တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ...

လီချင်းချိုးက ရယ်မောလိုက်ပြီး ….

"ခင်ဗျား သဘောပေါက်သွားပြီပေါ့... ဒါကြောင့် အကြီးအကဲယန်... ချင်းရှောင်ဂိုဏ်းမှာ နေရမှာကို စိတ်မပူပါနဲ့... ဂိုဏ်းသားသစ်တွေ ဝင်လာသရွေ့ ပါရမီရှင်တစ်ယောက်ကို ကျုပ် အမြဲ ရွေးထုတ်ပေးနိုင်ပါတယ်... ပါရမီရှင်ကို ခင်ဗျားဆီ ပို့ပေးဖို့ ကျုပ်ကို စောင့်နေရုံပါပဲ... အနာဂတ်မှာ ကျိန်းအာက ခင်ဗျားဆီ သိုင်းပညာ လာသင်လိမ့်မယ်... သူ့ကိုအလျှော့မပေးနဲ့နော်..."

ယန်ကျွယ်တိန်ကခေါင်းညိတ်လိုက်ပြီး လေးစားအားကျစွာဖြင့် …

"သူ့အနေနဲ့ ကျုပ်ရဲ့ သိုင်းပညာအားလုံးကို နှစ်အနည်းငယ်အတွင်း သင်ယူနိုင်လိမ့်မယ်လို့ ကျုပ် ခန့်မှန်းမိတယ်... သူ့ရဲ့ အတွင်းအားက ထူးကဲတယ်ဆိုတာ ကျုပ် အာရုံခံနိုင်တယ်... ကျုပ် အရင်က လေ့ကျင့်ခဲ့ဖူးတဲ့ အတွင်းအားထက် ပိုသန်မာတယ်... ပြီးတော့ တစ်နေရာရာမှာ မြင်ဖူးသလို ရင်းနှီးနေတယ်... အတွင်းအား သန်မာလေလေ ကျင့်ကြံဖို့ ခက်ခဲလေလေပဲ... ပြီးတော့ စုဆောင်းဖို့ အချိန်ယူရတယ်... သူက ဒီနှစ်မှ ငါးနှစ်ပဲ ရှိသေးတယ်...ဒါတောင် ကျွမ်းကျင်နေပြီ ဆိုတော့ တကယ့်ကို မယုံနိုင်စရာပဲ..."

လီချင်းချိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး စကားဆက်မပြောတော့ပေ။ သူ ရှေ့သို့ လျှောက်သွားပြီး ကျောက်ကျိန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ကျောက်ကျိန်း၏ ချွေးများကို သုတ်ပေးရင်း….

"မင်း ငယ်ပါသေးတယ်... ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် အတင်းအကျပ်ဖိအားပေးစရာ မလိုပါဘူး... သိုင်းပညာ လေ့ကျင့်တာ လောလို့ မရဘူး... နားလည်လား..."

ကျောက်ကျိန်းက ဆရာ့ကို မော့ကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ထို့နောက် လီချင်းချိုးက သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ချီကာ အဝေးမှ တောင်လမ်းဆီသို့ လျှောက်သွားရင်းကနေ… .

"အကြီးအကဲယန်... ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ကိုယ့်စွမ်းရည်ကို လေ့ကျင့်ဖို့ အချိန်ပေးဖို့ သတိရပါ... ခင်ဗျား ဒုတိယအဆင့်နဲ့ သိပ်မဝေးတော့ဘူးလို့ ကျုပ် ခံစားမိတယ်..."

ထိုစကားကို ကြားသောအခါ ယန်ကျွယ်တိန် အတိုင်းထက်အလွန် ပျော်ရွှင်သွားသည်။ လီချင်းချိုး၏ ဆုံးဖြတ်ချက်ကို သူ သံသယမရှိပေ။ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ကို သူ အသည်းအသန် လိုချင်နေသည်။

နတ်ဘုရားသိုင်းပညာနဲ့ ပတ်သက်တဲ့ ဘာသိုင်းလောက ဒဏ္ဍာရီလဲ... ချင်းရှောင်ဂိုဏ်းရဲ့ ဟွမ်ယွမ်ကျမ်းစာကသာ အစွမ်းအထက်ဆုံးပဲ...

ယန်ကျွယ်တိန် သူ့ကိုယ်သူ အားပေးပြီး အခြားတစ်ဖက်သို့ လှည့်ထွက်လာခဲ့သည်။

...

မွန်းတည့်ချိန် နီးကပ်လာပြီ ဖြစ်သည်။

ချိုင်ယွင်ရှန်းနှင့် သိုင်းလောကကျွမ်းကျင်သူဟောင်းတို့ နောက်ဆုံးတွင် ချင်းရှောင်တောင်ခြေသို့ ရောက်ရှိလာကြသည်။ ပြုပြင်မွမ်းမံပြီးနောက် "ချင်းရှောင်" ဟူသော စာလုံးနှစ်လုံး ထွင်းထုထားသည့် ကျောက်တိုင်တစ်ခု တောင်ခြေတွင် စိုက်ထူထားသည်။

သူတို့နှစ်ဦး အဝေးပြေးလမ်းမဘေးတွင် ရပ်နေကြပြီး ကွေ့ကောက်နေသော တောင်လမ်းပေါ်တွင် လူများ အတက်အဆင်း သွားလာနေကြသည်ကို မြင်တွေ့နေရသည်။ အနီးနားရှိ မြေကွက်လပ်တွင်လည်း မြင်းရထားများ ရပ်နားထားပြီး လူများ စောင့်ကြပ်နေကြသည်။

အထုပ်တစ်ထုပ် လွယ်ထားသော သိုင်းလောကကျွမ်းကျင်သူဟောင်းက သက်ပြင်းချလိုက်ပြီး…

"ချင်းရှောင်ဂိုဏ်းက အရင်နဲ့ မတူတော့ဘူး... လွန်ခဲ့တဲ့ ဆယ်နှစ်က ချင်းရှောင်ဂိုဏ်းမှာ လင်းရွှန်းဖုန်းပဲ ရှိတယ်လို့ ပြောကြတယ်... ဂိုဏ်းလို့ ခေါ်ပေမဲ့ တကယ်တမ်းကျတော့ သူ့အိမ်ပါပဲ... "

မော့ကြည့်လိုက်ရာ တောင်များကြားတွင် တည်ရှိပြီး ထူထပ်သော မြူများ ဖုံးလွှမ်းနေသည့် ခမ်းနားထည်ဝါသော ချင်းရှောင်တောင်ကို ချိုင်ယွင်ရှန်း မြင်လိုက်ရသည်။ ၎င်းသည် ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ တည်ရှိရာ တောင်များထက်ပင် ပိုမို ခန့်ညားထည်ဝါနေပုံရပြီး ဤနေရာတွင် ရပ်နေသူ မည်သူမဆို ကိုယ့်ကိုယ်ကိုယ် သေးငယ်သည်ဟု ခံစားရပေမည်။

"ဒီလို ခမ်းနားထည်ဝါတဲ့ သဘာဝရှုခင်းတွေကြားမှာ ဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးရတာ တော်တော် ကောင်းမယ့်ပုံပဲ..."ဟု ချိုင်ယွင်ရှန်းက ရေရွတ်လိုက်သည်။

သိုင်းလောကကျွမ်းကျင်သူဟောင်းက ခေါင်းခါရင်း…

"ကျန်းဟူထဲ ရောက်နေရင် ကိုယ့်ကံကြမ္မာကို ကိုယ်မပိုင်တော့ဘူး... ထိုက်ခွန်း တောင်တန်းက လောကီနဲ့ ဝေးကွာပေမဲ့ ကျန်းဟူက ရှိနေတုန်းပဲ..."

"အဲဒါ အမှန်ပဲ... တောင်ပေါ်တက်ပြီး ကြည့်ရအောင်... အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ချင်းရှောင်ရဲ့ ရှုခင်းကို မြင်ရရင် ခရီးထွက်ရကျိုး နပ်ပါတယ်..."

ချိုင်ယွင်ရှန်းက ထိုသို့ ပြန်ပြောလိုက်ပြီး တောင်တက်လမ်းဆီသို့ ဦးတည်သွားရာ သိုင်းလောကကျွမ်းကျင်သူဟောင်းက အနောက်မှ ကပ်လျှက်လိုက်ပါသွားသည်။

အနီးနားရှိ လူများက သူတို့ကို တစ်ချက်သာ ကြည့်ကြပြီး သူတို့ မည်သူမည်ဝါဖြစ်ကြောင်း မစပ်စုကြပေ။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ချင်းရှောင်တောင်သို့ ကျန်းဟူသား အတော်များများ လာရောက်ခဲ့ကြသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်….

ထမင်းစားပြီးနောက် လီချင်းချိုးက ဂိုဏ်းအတွင်း ဖြစ်ပျက်နေသော အကြီးအသေး ကိစ္စရပ်များအကြောင်း ကျန်းယွီချွန်း၏ တင်ပြချက်ကို နားထောင်နေသည်။

ဂိုဏ်းသားအရေအတွက် တိုးလာပြီး အရေအတွက် ၂၀၀ နီးပါး ရောက်လာခြင်း၊ ဘုရားဖူးများ၊ ဆေးကုသလိုသူများနှင့် လက်မှုပညာရှင်များ တောင်ပေါ်တွင် ရှိနေခြင်းတို့ကြောင့် ပဋိပက္ခများ ရှောင်လွှဲမရနိုင်သဖြင့် စည်းမျဉ်းများကို မွမ်းမံရန် တွန်းအားဖြစ်စေသည်။

လီချင်းချိုးအတွက်မူ ဤအရာအားလုံးက အသေးအဖွဲ ကိစ္စများသာ ဖြစ်သည်။ ကျန်းယွီချွန်းနှင့် ကျန်းယွီတို့ကသာ စည်းမျဉ်း အသေးစိတ်ကို စဉ်းစားကြရမည် ဖြစ်ပြီး သူက သဘောတူ၊ မတူ ဆုံးဖြတ်ပေးရန်သာ လိုသည်။

အသေးအဖွဲ ကိစ္စများ စုပုံလာပြီး စီမံချက် ရေးဆွဲရန် အချိန်ယူရပေမည်။

နာရီဝက်ခန့် စကားပြောပြီးနောက် ဂိုဏ်းစည်းမျဉ်း ကိစ္စ ပြီးပြတ်သွားသည်။ ကျန်းယွီချွန်းက စကားလမ်းကြောင်း လွှဲလိုက်ပြီး…..

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဆဋ္ဌမဂျူနီယာညီလေးလိုမျိုး အတွေ့အကြုံရဖို့၊ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ လုပ်ဖို့နဲ့ ဂုဏ်သတင်း တည်ဆောက်ဖို့ ဂိုဏ်းသားတွေကို တောင်အောက် စေလွှတ်သင့်တယ်လို့ ကျွန်တော် ထင်တယ်... ဒါပေမဲ့ အနာဂတ်မှာ ဆဋ္ဌမဂျူနီယာညီလေးက အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်စရာ မလိုတော့ဘူး... ဂိုဏ်းသားငယ်တွေကို တာဝန်ယူခိုင်းလို့ ရပါပြီ..."

လီချင်းချိုးက ခေါင်းညိတ်ပြီး …

"ငါ သဘောတူပါတယ်... ဒါပေမဲ့ တောင်အောက်ဆင်းတဲ့အခါ လူအင်အား ညှိနှိုင်းဖို့ လိုတယ်... တိုက်ခိုက်ရေးမှာ လုံလောက်အောင် သန်မာတဲ့သူနဲ့ လုံလောက်အောင် ကျိုးကြောင်းဆီလျော်တဲ့သူ လိုအပ်တယ်..."

"ကျွန်တော် ကိုယ်တိုင် စီစဉ်လိုက်ပါ့မယ်... လောလောဆယ် ဂိုဏ်းသားတွေက လေ့ကျင့်ဖို့ တောင်အောက်ဆင်းရမှာကို အရမ်း စိတ်အားထက်သန်နေကြတယ်... သူတို့အားလုံး ချင်းရှောင်ဂိုဏ်းကို ဂုဏ်တက်စေချင်ကြတာ... ဒီအတောအတွင်း တောင်ပေါ်လာတဲ့သူတွေကလည်း ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းအကြောင်း ဂိုဏ်းသားတွေကို ပြောပြကြတယ်... ဒီကောင်စုတ်လေးတွေကလည်း ကျန်းဟူအနှံ့ သူတို့နာမည် ကျော်ကြားချင်နေကြတာ..."

ကျန်းယွီချွန်းက ကျေနပ်ပီတိဖြစ်စွာ ပြုံးလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကို ပြန်ကြည့်လျှင် ချင်းရှောင်ဂိုဏ်းက အလွန် ခြောက်သွေ့ခဲ့သည်။ ထိုအချိန်က ချင်းရှောင်ဂိုဏ်း၏ အနာဂတ်ကို သူ စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ချင်းရှောင်ဂိုဏ်း ဤမျှ လျင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒါတွေဟာသူ့ကြောင့်ဟု သူ မခံစားမိပေ။ သူက အာဏာကြီးကြီးမားမား ကိုင်ထားရသော်လည်း တကယ့် အဓိကပုဂ္ဂိုလ်မှာ ဂိုဏ်းချုပ်အစ်ကိုကြီး ဖြစ်သည်။

ဂိုဏ်းချုပ်အစ်ကိုကြီးက ရှောင်ပါးကို စီးနင်း၍ နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင်ကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို သူ မေ့မရနိုင်သလို ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က ဂိုဏ်းချုပ်အစ်ကိုကြီး၏ ဟွမ်ယွမ်ကျမ်းစာကို လေ့ကျင့်ထားသောကြောင့် ဤမျှ သန်မာနေကြခြင်း ဖြစ်သည်ကိုလည်း သိသည်။

ဂိုဏ်းချုပ်အစ်ကိုကြီးက ကြည့်လိုက်ရင် ပျင်းရိနေပုံ ပေါက်ပေမဲ့ တကယ်တမ်းကျတော့ သူက ချင်းရှောင်ဂိုဏ်းရဲ့ တကယ့် ဦးနှောက်ပါပဲ... ဂိုဏ်းစီမံကိန်းတွေကို တိုးတက်အောင် ကူညီပေးနိုင်တယ်... သူ့ရဲ့ အကြံပြုချက် အများအပြားက ငါ့ကို အလင်းဖွင့်ပေးခဲ့တယ်...

လီချင်းချိုးက ကလောင်တံနှင့် စာရွက်ကို ယူပြီး အမည်သုံးခု ရေးချလိုက်သည်။

"ဒီသုံးယောက်က မင်း အာရုံစိုက် ပြုစုပျိုးထောင်ပေးသင့်တဲ့သူတွေပဲ... ငါ သူတို့ကို တွေ့ဖူးတယ်... သူတို့တွေက ပါရမီ တော်တော်ကောင်းကြတယ်..."

ကျန်းယွီချွန်းက စာရွက်ကို ယူပြီး နာမည်သုံးခုကို ကြည့်လိုက်ရာ သူ မသိသော နာမည်များ ဖြစ်နေသည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ကျွန်တော့်အမြင်ပြောရရင် ကျန်းယွီရဲ့ မျက်နှာဖတ်ပညာက အတုပဲ... အစ်ကိုကြီးထက် မျက်နှာဖတ်တော်တဲ့သူ ဘယ်သူမှ မရှိဘူး..."

လီချင်းချိုးက ရယ်မောပြီး….

"ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံဖို့ အချိန်ပိုပေးလိုက်ပါ... မင်းရဲ့ ကျွမ်းကျင်မှုအဆင့် မြင့်မားလာတဲ့အခါ တခြားသူတွေ မတွေ့ရသေးတဲ့ ပါရမီတွေကို မင်း မြင်နိုင်လာပါလိမ့်မယ်..."

"ဟုတ်လား..."

ကျန်းယွီချွန်း သံသယ ဖြစ်နေသည်။

လီချင်းချိုး မတ်တပ်ရပ်လိုက်ပြီး ကျန်းယွီချွန်းနှင့် စကားဆက်မပြောချင်တော့ပေ။ သူလည်း ကျင့်ကြံဖို့ သွားရဦးမည်။

ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးသော်လည်း တစ်ကိုယ်ရေ စည်းကမ်းရှိမှုကို လျစ်လျူမရှုသင့်ပေ။

ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့က မကြာမီ မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်ရာ သူ့အနေဖြင့် အားသာချက်ကို ထိန်းထားနိုင်ရန် သတ္တမအဆင့် ရောက်အောင် ကြိုးစားရပေမည်။

အိမ်မှ ထွက်လာပြီးနောက် လီချင်းချိုးက ပန်းခြံထဲတွင် ဆော့ကစားနေသော ယွမ်လီနှင့် ကျောက်ကျိန်းကို ခေါ်လိုက်သည်။ သူတို့နှစ်ဦးမှာ ရွယ်တူများ ဖြစ်ကြပြီး စီနီယာညီအစ်ကိုများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်က အများအားဖြင့် ခွဲမရအောင် တွဲနေလေ့ ရှိသည်။ ကျောက်ကျိန်းက ယန်ကျွယ်တိန်ထံ သိုင်းပညာ သင်ယူရန် သွားသည့်အခါ ယွမ်လီက ဘေးမှ ထိုင်ကြည့်နေလေ့ ရှိသည်။

ကျောက်ကျိန်း ယွမ်လီနှင့် အဖော်လုပ်ပေးနေသည်ကို မြင်သောအခါ ယွမ်ချီ လုံးဝ စိတ်အေးသွားပြီး သူ့သိုင်းပညာ လေ့ကျင့်မှုအပေါ် စတင် အာရုံစိုက်လာသည်။

...

ပူအိုက်သော နွေရာသီ ရောက်ရှိလာခြင်းနှင့်အတူ ဤဖွံ့ဖြိုးတိုးတက်မှု ကာလပြီးနောက် ချင်းရှောင်ဂိုဏ်း၏ဂိုဏ်းသား အရေအတွက် ၂၀၀ နီးပါး ရောက်ရှိလာပြီး နောက်ထပ် တပည့်ရင်း သုံးဦး ထပ်တိုးလာခဲ့သည်။ ဆိုလိုသည်မှာ ဂိုဏ်းသားသုံးဦး မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး တရားဝင် ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။

ထိုနေ့တွင် ရွှီနင်း မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် ဝမ်းသာအားရ ဖြစ်နေပြီး လီချင်းချိုးကို ရှာဖွေကာ ပြောပြရန် လင်းရှောင်ခြံဝင်းသို့ အထူးတလည် ရောက်လာခဲ့သည်။

လီချင်းချိုးက မြေအောက် ဝိညာဉ်ရေကန်မှ ပြန်ရောက်ခါစ ဖြစ်ပြီး ယွမ်လီနှင့် ကျောက်ကျိန်းတို့ နောက်မှ လိုက်ပါလာကြသည်။

ရွှီနင်း အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ကြောင်း ကြားသောအခါ လီချင်းချိုးက အံ့သြသလိုဟန်ဆောင်ပြီး….

"ဒီလောက်တောင်လား... နင်းအာ... မင်းက တကယ့်ကို တစ်သန်းမှာ တစ်ယောက် ပါရမီရှင်ပါပဲ..."

ထိုစကားကို ကြားသောအခါ ရွှီနင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူမ၏ အကြည့်က ကျောက်ကျိန်းအပေါ်သို့ သဲလွန်စမကျန် ဖြတ်ကျော်သွားပြီး…

"ဆရာက တပည့်အပေါ် အရမ်းကောင်းတော့ ဆရာ့ကို စိတ်ပျက်အောင် မလုပ်ရက်ပါဘူး..."

ထိုစဉ် ယန်ကျွယ်တိန်ကလည်း စိတ်လှုပ်ရှားနေသော ပုံစံဖြင့် လင်းရှောင်ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။

"ဂိုဏ်းချုပ်... သတင်းကောင်း... သတင်းကောင်း..."

ယန်ကျွယ်တိန်က မနေ့ကမှ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ထို့ကြောင့် လူမရောက်ခင် အသံက အရင်ရောက်လာပြီး အလွန် ကျယ်လောင်နေသည်။

လီချင်းချိုးနှင့် အခြားသူများ သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့အနား ရောက်သောအခါ လီချင်းချိုးက မေးလိုက်သည်။

"အကြီးအကဲယန်... ဘာဖြစ်လို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ..."

ယန်ကျွယ်တိန်က လီချင်းချိုး၏ စကားထဲမှ သတိပေးချက်ကို သတိမပြုမိလိုက်ပေ။ သူက စိတ်လှုပ်ရှားစွာဖြင့်….

"အဖြူရောင်ဧကရာဇ်အိမ်တော်က ဖိတ်စာတစ်စောင် ပို့လိုက်တယ်... အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ကုကျိုးစီရင်စုက ဂိုဏ်းကြီးခုနစ်ဂိုဏ်းကို ဖိတ်ခေါ်တယ်တဲ့..."

"ဂိုဏ်းကြီးခုနစ်ဂိုဏ်း..." လီချင်းချိုးက အံ့အားသင့်စွာ မေးလိုက်သည်။

ယန်ကျွယ်တိန်က ခေါင်းညိတ်လိုက်ပြီး ….

"ဟုတ်တယ်... ချင်းရှောင်ဂိုဏ်းကို ချင်းဂိုဏ်းနေရာမှာ အစားထိုးပြီး ဂိုဏ်းကြီးခုနစ်ဂိုဏ်းအသစ် ဖြစ်လာပြီလို့ အဖြူရောင်ဧကရာဇ်အိမ်တော်က ကြေညာလိုက်တယ်... ဒီနေ့ကစပြီး သိုင်းလောကမှာ ကျုပ်တို့ရဲ့ အဆင့်အတန်း သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်... ကျုပ်တို့ အောင်မြင်ပြီ..."

လီချင်းချိုး၏ တုံ့ပြန်မှုက အေးစက်နေသည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်း ဆိုသည်ကို သူ သိပ်ဂရုမစိုက်သော်လည်း ဤကိစ္စက ချင်းရှောင်ဂိုဏ်းကို အကျိုးရှိစေမည်ကို နားလည်သည်။

ရှေးခေတ်တရုတ်ပြည်နှင့် ဆင်တူသောကမ္ဘာတစ်ခုတွင် ဂုဏ်သတင်းက အလွန် အရေးကြီးသည်။ လောကကြီးတွင် ပုံပြင်ပေါင်းများစွာ ကြားဖူးကြပြီး အများစုမှာ ချဲ့ကားထားခြင်း ဖြစ်နိုင်သည်။ ချင်းရှောင်ဂိုဏ်း၏ အတိတ်က အောင်မြင်မှုများကို ထာဝရတမ်းတနေလို့ မရနိုင်သော်လည်း ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ဂုဏ်သတင်းကတော့ တည်တံ့နေပေလိမ့်မည်။

ကျန်းခွေ့ထျန်း လှုပ်ရှားလိုက်ပြီဟု လီချင်းချိုး ခန့်မှန်းလိုက်သည်။ ချင်းရှောင်ဂိုဏ်းနှင့် အဖြူရောင်ဧကရာဇ်အိမ်တော်တို့တွင် မည်သည့် ဆက်ဆံရေးမှ မရှိပေ။ ယုတ္တိနည်းကျကျ ပြောရလျှင် ချင်းရှောင်ဂိုဏ်းက ချင်းဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းသည် အခြားဂိုဏ်းများကို သတိထားသွားစေသင့်သည်။ ထို့ကြောင့် အဖြူရောင်ဧကရာဇ်အိမ်တော်ဘက်က မျက်နှာလိုမျက်နှာရ လုပ်နေခြင်း ဖြစ်သည်။

"ဘာအရေးကြီးကိစ္စ ဆွေးနွေးဖို့ လိုတာလဲ..."

လီချင်းချိုး မေးလိုက်သည်။ အဖြူရောင်ဧကရာဇ်အိမ်တော်က မိတ်ဖွဲ့ရန် ကြိုးစားနေသည်ဟု ခန့်မှန်းမိသော်လည်း သတိထားနေဆဲပင်​။ဘာပဲဖြစ်ဖြစ် တစ်ပါးသူကို အမြဲ သတိထားသင့်သည်။ အဖြူရောင်ဧကရာဇ်အိမ်တော်က ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး တသီးပုဂ္ဂလ မဟုတ်ပေ။ ကျန်းခွေ့ထျန်း ကြားဝင်စေ့စပ်ပေးလျှင်တောင် မလိုတမာစိတ် ရှိသူများ သေချာပေါက် ရှိနေနိုင်သည်။

ယန်ကျွယ်တိန်က….

"နတ်ဆိုးဂိုဏ်းသာ ကျန်းဟူမှာ ပြန်ပေါ်လာရင် ကမ္ဘာ့သိုင်းလောကကို သေချာပေါက် အန္တရာယ် ပေးလိမ့်မယ်လို့ အဲ့ဒီလူက ပြောတယ်..."

ယန်ကျွယ်တိန်က နတ်ဆိုးဂိုဏ်းကို ယခင်လို သတိမထားတော့ပေ။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်ကိုတောင် လီချင်းချိုးက သတ်ဖြတ်လိုက်ပြီမို့ နတ်ဆိုးဂိုဏ်း ပြန်လာလျှင်တောင် ၎င်း၏ အင်အားက ယခင်ကထက် များစွာ လျော့နည်းနေမည်မှာ သေချာသည်။

"ချင်းရှောင်ဂိုဏ်းက ဖိတ်ခေါ်ပွဲကို တက်သင့်တယ်လို့ ခင်ဗျား ထင်လား..." ဟု လီချင်းချိုးက မေးလိုက်သည်။ သူ့တည်ငြိမ်သော အမူအရာက ယန်ကျွယ်တိန်၏ စိတ်လှုပ်ရှားမှုကို ငြိမ်သက်သွားစေသည်။

စိတ်ငြိမ်သွားပြီးနောက် ယန်ကျွယ်တိန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး လီချင်းချိုးကို မော့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"သွားရမယ်... အဖြူရောင်ဧကရာဇ်အိမ်တော်က ထောင်ချောက်ဆင်မယ်လို့တော့ ကျုပ် မထင်ဘူး... သူတို့က အာဏာပိုင်တွေနဲ့ နီးစပ်ပြီးသားဆိုတော့ အဲဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးတာက သူတို့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်... ဒါပေမဲ့ ဒီစုဝေးပွဲမှာ တစ်ခုခု မှားယွင်းမလား ဆိုတာတော့ ပြောဖို့ ခက်တယ်... ဒါပေမဲ့ ကျုပ်တို့သွားသရွေ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်လာမှာမို့ အကျိုးကျေးဇူးက အန္တရာယ်ထက် အများကြီး ပိုသာတယ်..."

"ဂိုဏ်းချုပ်... ကျုပ်သွားလိုက်မယ်..."

ချင်းရှောင်ဂိုဏ်းတွင် လီချင်းချိုး ရှိနေဖို့ လိုအပ်ကြောင်း ယန်ကျွယ်တိန် သိသည်။ လီချင်းချိုး ထွက်ခွာသွားပါက ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်း သူ စိုးရိမ်မိသည်။

ဂိုဏ်းချုပ်ကို သဘောထားပျော့ပျောင်းသူဟု ဂိုဏ်းသားများ ထင်မှတ်ကြသော်လည်း လီချင်းချိုးက ချင်းရှောင်ဂိုဏ်းတွင် ရက်စက်ဆုံးလူ ဖြစ်ကြောင်း ယန်ကျွယ်တိန်သာ သိသည်။ အခြားဂိုဏ်းခြောက်ဂိုဏ်းက သူ့ကို လုပ်ကြံရန် စီစဉ်နေသည်ကို စိုးရိမ်သဖြင့် လီချင်းချိုး လူသတ်ပွဲ ဆင်နွှဲခဲ့သော ထိုမိုးရွာသည့်ညကို သူ မမေ့နိုင်ပေ။

အကယ်၍ အဖြူရောင်ဧကရာဇ်အိမ်တော်သာ ပျက်စီးသွားပါက ချင်းရှောင်ဂိုဏ်းသည်လည်း နန်းတွင်း၏ ပစ်မှတ်ထားခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

"ဆရာ... တပည့်လည်း လိုက်သွားမယ်..." ရွှီနင်း ရုတ်တရက် ဝင်ပြောလိုက်သည်။

လီချင်းချိုး သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ ဘာတွေးနေသည်ကို ခန့်မှန်းမိသည်။ ဒီကောင်မလေး နတ်ဆိုးဂိုဏ်းနဲ့ တွေ့ချင်နေတာပဲ။

ခေတ္တမျှ စဉ်းစားပြီးနောက် လီချင်းချိုးက…

"ကောင်းပြီ... ငါ့ရဲ့ ကောင်းကင်သက်တံဓားကို ယူသွားလိုက်..."

ကောင်းကင်သက်တံဓားဆိုသည်က ဂိုဏ်းချုပ်အမှတ်အသား တံဆိပ်ပြားနှင့် ညီမျှသည်!

ရွှီနင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ အမူအရာက ပြောင်းလဲမသွားပေ။ သို့သော် ယန်ကျွယ်တိန်ကတော့ ပြန်လည် စိတ်လှုပ်ရှားလာသည်။

ဂိုဏ်းကြီးခုနစ်ဂိုဏ်း စုဝေးကြသည်ဆိုတော့ ထိုင်ပြီး အရက်သောက်ရုံ သက်သက်တော့ သေချာပေါက် မဟုတ်ပေ။ သိုင်းလောကသားများ ဖြစ်ကြသည့်အလျောက် မလွဲမသွေ ယှဉ်ပြိုင်ကြပြီး စွမ်းရည် ဖလှယ်ကြပေလိမ့်မည်။

All Chapters