← Chapters

ရေခဲချောက်နက်ဓား၊ နတ်နဂါး အသွင်ပြောင်းခြင်း

Vol. 7 Ch. 67

ရေခဲချောက်နက်ဓား၊ နတ်နဂါး အသွင်ပြောင်းခြင်း

Vol. 7 Ch. 67

သစ်တောထဲတွင် ပဲ့တင်ထပ်နေသော ဆန်းကြယ်သည့် အသံများကို နားထောင်ရင်း ယွမ်လီနှင့် ကျောက်ကျိန်းတို့မှာ စိုးရိမ်ခြင်း မရှိကြဘဲ မျှော်လင့်ချက်အပြည့် ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဆရာက သူတို့ကို လူဆိုးများကို မည်သို့ ကိုင်တွယ်ရမည်ကို သင်ပေးမည်ဟု ပြောထားသောကြောင့် ဖြစ်သည်။

ကျောက်ကျိန်းက ရုတ်တရက် လက်ကို မြှောက်၍ တစ်နေရာသို့ ညွှန်ပြကာ…. "ကြည့်ပါဦး... ဟိုမှာ လူတစ်ယောက် ရှိတယ်..."

ယွမ်လီက သူညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အဝေးရှိ သစ်ပင်အခက်အလက်များပေါ်တွင် ရပ်နေသော လူရိပ် သုံးခုကို တွေ့လိုက်ရသည်။ နှစ်ယောက်က ရပ်နေပြီး တစ်ယောက်က ထိုင်နေသည်။ သူတို့အားလုံးသည် ကောက်ရိုးခမောက်များနှင့် အမည်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သိုင်းလောကမှ လှည့်လည်သွားလာသူများဟုထင်ရလောက်သည်။ သူတို့၏ လက်နက်များမှာ မတူညီကြဘဲ နတ်ဆိုးမျက်နှာဖုံးများကို တပ်ဆင်ထားကာ အေးစက်သော မျက်လုံးများကိုသာ ဖော်ပြထားကြသည်။

အလယ်တွင် လက်ပိုက်လျက် ရပ်နေသော လူက လီချင်းချိုးကို အေးစက်စွာ စိုက်ကြည့်ပြီး….

"နတ်ဆိုးဂိုဏ်းရဲ့ သရဲခုနှစ်ကောင် ချင်းရှောင်ဂိုဏ်းမှာ သေဆုံးသွားကြတယ်... ငါ သိချင်တာက.. အဲဒါတွေအကုန်လုံး မင်းလက်ချက်ဆို.."

လီချင်းချိုးက ခံစားချက်မပါသော မျက်နှာထားဖြင့်သာ ရှိနေသည်။ ဤသုံးယောက်က နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင်ထက် အနည်းငယ် ပိုသန်မာကြောင်း သူ အာရုံခံမိသော်လည်း သိပ်မကွာခြားလှပေ။

ကျန်းယွီချွန်းက နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင် သေဆုံးသည့် သတင်းကို ချင်းရှောင်ဂိုဏ်းအတွင်း၌ဖုံးဖိထားပြီး ဖြစ်ရာ ဤလူသုံးယောက် သိနေခြင်းက သူတို့တွေ ချင်းရှောင်ဂိုဏ်းသို့ လူလွှတ်၍ ကြိုတင် စုံစမ်းခဲ့သည်ကို ပြသနေသည်။

"သူတို့ ငါ့လက်ချက်နဲ့ သေသွားတာ မင်းတို့ သိရက်နဲ့ဘာလို့လာသေးတာလဲ..."

လီချင်းချိုး၏ စကားလုံးများက တည့်တိုးဆန်ပြီး ခံစားချက် အပြောင်းအလဲ အနည်းငယ်မျှပင် မရှိပေ။

အဝေးရှိ သစ်ပင်နောက်တွင် ပုန်းနေသော ကုတုပေါင် ထိတ်လန့်သွားသည်။

နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင် ချင်းရှောင်ဂိုဏ်းချုပ် လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်လော။

ချိုင်မိသားစုသို့ မဝင်ရောက်မီက သူသည် နတ်ဆိုးဂိုဏ်း အာဏာအရှိဆုံး အချိန်၌ သိုင်းလောကတွင် ကျင်လည်ခဲ့ဖူးသည်။ နတ်ဆိုးဂိုဏ်းမှ ဆရာသခင်များ၏ အင်အားကို သူ ကောင်းကောင်း သိထားပြီး သရဲခုနှစ်ကောင် ဆိုသည်မှာ သိုင်းလောကတွင် ထည့်တွက်ရမည့် အင်အားစုတစ်ခု ဖြစ်သည်။

ဤ ချင်းရှောင်ဂိုဏ်းချုပ်က သူ ထင်ထားသည်ထက် ပို၍ စွမ်းအားကြီးမားနေသည်။

သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ နတ်ဆိုးဂိုဏ်း တကျော့ပြန် ပြန်လာတော့မည့် အခြေအနေပင် ဖြစ်သည်။

အလယ်တွင် ရပ်နေသော ကောက်ရိုးခမောက်နှင့်လူက…. "ငါတို့ လာရဲတာက ငါတို့က သူတို့ထက် ပိုသန်မာလို့ပဲ..."

စကားပြောနေရင်း သူက လက်ကို မြှောက်၍ ကျောပေါ်မှ ဓားကို ဆွဲထုတ်လိုက်သည်။ ဓား၏ အေးစက်သော အလင်းရောင်က သစ်တောကို ဖြတ်သန်းသွားပြီး ယွမ်လီနှင့် ကျောက်ကျိန်းတို့မှာ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားကာ အပူချိန် ရုတ်တရက် ကျဆင်းသွားသလို ခံစားလိုက်ရသည်။

လီချင်းချိုး မျက်လုံးကို ကျဉ်းမြောင်း၍ ထိုလူ၏ လက်ထဲမှ ဓားကို ကြည့်လိုက်သည်။ အေးစက်သော အော်ရာများကို ထုတ်လွှတ်နေသည့် ဓားတစ်ချောင်း ဖြစ်ကာ ဓားသွားသည် တစ်မီတာ ရှည်ပြီး လက်တစ်ဝါးခန့် ကျယ်သည်။ ဓားသွားက ထက်မြက်ပြီး အေးစက်၍ ခမ်းနားသော အလှတရား ရှိနေသည်။ အေးစက်သော အော်ရာများက ဓား၏ ကျောဘက်အောက်ရှိ အပေါက်ငယ်လေးများမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဤဓားသည် သာမန်ဓား မဟုတ်ပေ။

မှော်ရတနာနှင့် အနည်းငယ် တူသော်လည်း ကွဲပြားနေသည်။

ဓားထဲတွင် ပါဝင်သော ကြီးမားသည့် စွမ်းအားကို လီချင်းချိုး အာရုံခံမိလိုက်သည်။ ထို့ကြောင့်လည်း ဤသုံးယောက် လာရဲခြင်း ဖြစ်ပေမည်။

"သတ်..."

ရေခဲဓားကို ကိုင်ဆောင်ထားသူက ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး သူတို့သုံးယောက် လေထဲသို့ ခုန်တက်လိုက်ကြသည်။ သူတို့၏ ပေါ့ပါးမှုနှင့် လျင်မြန်မှုကြောင့် လက်စားချေလိုသော သရဲတစ္ဆေများအလား လီချင်းချိုးနှင့် သူ့အဖော်များထံသို့ တိုးဝင်လာကြ၏။

လီချင်းချိုးက ယွမ်လီနှင့် ကျောက်ကျိန်းကို တွန်းမထုတ်ဘဲ ငြိမ်သက်စွာ ရပ်နေသည်။

နှစ်ဖက်အကွာအဝေး သုံးလံအောက် ရောက်သောအခါ ရေခဲဓားကို ကိုင်ဆောင်ထားသူက အဖိုးတန်ဓားကို မြှောက်၍ ခုတ်ပိုင်းရန် ပြင်လိုက်သည်။

ရွှစ်...

ငွေအပ်တစ်ချောင်း လေထုကို ထိုးခွင်း၍ ထိုသူ၏ နဖူးကို ဖောက်ဝင်သွားသည်။ အခြား နတ်ဆိုးဂိုဏ်း ကျွမ်းကျင်သူ နှစ်ယောက်၏ နဖူးများလည်း ဖောက်ထွင်းခံလိုက်ရသည်။ထိုအခါ သူတို့၏ မျက်နှာထားများ အေးခဲသွားပြီး ခန္ဓာကိုယ်များမှာ ကြီးမားသော ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ပိုမြန်သော အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

နတ်ဆိုးဂိုဏ်း၏ ဆရာသခင် သုံးယောက်စလုံး မတူညီသော သစ်ပင်စည်များနှင့် ဝင်တိုက်မိပြီး ချက်ချင်း သေဆုံးသွားကြသည်။

လီချင်းချိုးက အပ်ပစ်လိုက်သည့် ဟန်ပန်ကို ထိန်းသိမ်းထားပြီး သူ့မျက်နှာထားက ဂရုမစိုက်သကဲ့သို့ ရှိနေသည်။ လူသတ်လိုက်ခြင်း မဟုတ်ဘဲ ပိုးမွှား သုံးကောင်ကို ချေမှုန်းလိုက်သကဲ့သို့ပင်။

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ငွေအပ်သုံးချောင်း သူ့လက်ထဲသို့ ပြန်လည်ပျံသန်းလာသည်။ ၎င်းတို့၏ ကိုယ်ထည်တွင် မူလချီများ လွှမ်းခြုံထားပြီး သွေးနှင့် အသားစများ ပေကျံခြင်း မရှိပေ။

ဤငွေအပ်များကို တောင်အောက်သို့ စေလွှတ်လိုက်သော စာပို့သမားမှတဆင့် ကျန်းယွီချွန်းက ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း ၁၈ ချောင်း ရှိသည်။ မူလချီဖြင့် အချိန်ကြာမြင့်စွာ သန့်စင်ပြီးနောက် ၎င်းတို့သည် မှော်ရတနာများနှင့် တူညီလာခဲ့သည်။ မှော်ရတနာများကဲ့သို့ စွမ်းအား မရှိသော်လည်း သူနှင့် အချိတ်အဆက် ပြုလုပ်ထားပြီး အဝေးမှ ပြန်လည် သိမ်းဆည်းနိုင်သည်။

ကုတုပေါင် ဤအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ အံ့သြထိတ်လန့်သွားပြီး မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။

ထို နတ်ဆိုးဂိုဏ်း ဆရာသခင် သုံးယောက်က ကြောက်မက်ဖွယ်ကောင်းသော အော်ရာနှင့် ကိုယ်ဖော့ပညာများကို ပိုင်ဆိုင်ထားကြသော်လည်း ချင်းရှောင်ဂိုဏ်းချုပ်၏ လက်ချက်ဖြင့် ပေါ့ပေါ့ပါးပါးပင် သေဆုံးသွားကြသည်...

လီချင်းချိုးက ယွမ်လီနှင့် ကျောက်ကျိန်းဘက်သို့ လှည့်၍ .. "မင်းတို့ နားလည်လား..."ဟု မေးလိုက်သည်။

ကျောက်ကျိန်းက အံ့သြစွာဖြင့် … "ဘာကို နားလည်ရမှာလဲ..."ဟု အူကြောင်ကြောင်ပြန်မေးလေသည်။

ယွမ်လီက…. "ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ရမယ် မဟုတ်လား..."

သူသည် အသက် ၅ နှစ်သာ ရှိသေးသော်လည်း စကားပြောရသည်ကို မနှစ်သက်ပေ။ လီချင်းချိုး၊ လီတုန်းယွဲ့၊ ယွမ်ချီနှင့် ကျောက်ကျိန်းတို့ ရှေ့တွင်သာ စကားပိုပြောလေ့ရှိသည်။

သူသည် စကားနည်းသော်လည်း အလွန် ဉာဏ်ကောင်းသည်ဟု လီချင်းချိုး အမြဲ တွေးထင်ခဲ့သည်။ ယခုကဲ့သို့ပင်။

လီချင်းချိုးက….

"လီအာက အရမ်း ထက်မြက်တာပဲ... ကျိန်းအာ.. မင်းက အနာဂတ်မှာ လီအာထက် ပြဿနာ ပိုကြုံရလိမ့်မယ်... ဒီသဘောတရားကို ပိုနားလည်ဖို့ လိုတယ်..."

ကျောက်ကျိန်းကိုကြည့်ရသည်မှာ လေးလေးနက်နက် တွေးတောနေပုံရသည်။

လီချင်းချိုးက အဝေးသို့ မော့ကြည့်လိုက်ပြီး ….

"ခင်ဗျား ကျုပ်တို့နောက် လိုက်နေတာ ကြာလှပြီ... ဘာလို့ ထွက်မလာသေးတာလဲ..."

ထိုစကားကို ကြားသောအခါ သစ်ပင်နောက်တွင်ပုန်းနေသော ကုတုပေါင် တောင့်တင်းသွားသည်။ တစ်ခဏမျှ တွေဝေနေပြီးနောက် သစ်ပင်ကို ကွေ့ပတ်ကာ လီချင်းချိုးထံသို့ လျှောက်သွားရင်း လက်များကို မြှောက်၍ …

"ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး... ဂိုဏ်းချုပ်က ချင်းရှောင်ဂိုဏ်းက ဟုတ်မဟုတ် အတည်ပြုချင်ရုံ သက်သက်ပါ..."

လီချင်းချိုးက သူ့ကို ကြည့်ရင်း….

"ဒါကြောင့်ပဲ ခင်ဗျားကို မသတ်ခဲ့တာပေါ့... ဒီကိုလာပြီး ဒီလူသုံးယောက်ကို ခွဲခြားပေးပါဦး..."

ကုတုပေါင် သက်ပြင်းချလိုက်ပြီး ခြေလှမ်းကို အရှိန်မြှင့်ကာ လီချင်းချိုးနှင့် အခြားနှစ်ယောက်ကို ကျော်ဖြတ်၍ နတ်ဆိုးဂိုဏ်း ဆရာသခင် သုံးယောက်၏ အလောင်းများအနီးသို့ သွားလိုက်သည်။ သူသည် သူတို့၏ မျက်နှာဖုံးများကို ဖယ်ရှားပြီး သေချာ စစ်ဆေးကြည့်ရှုလိုက်သည်။

ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ သူ့မျက်နှာထား ပြောင်းလဲသွားကာ လီချင်းချိုးဘက်သို့ လှည့်ကြည့်ပြီး တုန်ရီသောအသံဖြင့် …."တစ်ယောက်ကိုပဲ ကျွန်တော် မှတ်မိတယ်... သူက နတ်ဆိုးဂိုဏ်းရဲ့ အစောင့်အရှောက်တွေထဲက တစ်ယောက်ပဲ... နာမည်က ရွှီဖိုလု တဲ့... သူ့သိုင်းပညာက ခန့်မှန်းရ ခက်တယ်... မြင်းတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို တစ်ယောက်တည်း အနိုင်ယူခဲ့ဖူးတယ်... သူ့လက်ထဲက ဓားက လောကရဲ့ နတ်ဆိုးဓားကြီး သုံးလက်ထဲက တစ်လက်ဖြစ်တဲ့ ရေခဲချောက်နက်ဓား ပဲ... ဒီဓားမှာ နတ်ဆိုးဂုဏ်သတ္တိတွေ ရှိပြီး အကြာကြီး ကိုင်ထားရင် သွေးဆာမှုကို တိုးပွားစေတယ်လို့ ပြောကြတယ်..."

"ခင်ဗျားက အဲဒီလို ဆရာသခင်မျိုးကို သိတာလား... လူကြီးမင်းက ဘယ်သူများပါလိမ့်..."

ကုတုပေါင်က ချက်ချင်း လက်အုပ်ချီ ဂါရဝပြုပြီး …

"ကျွန်တော့်နာမည် ကုတုပေါင် ပါ... သိုင်းလောကကနေ အနားယူတာ အနှစ် ၂၀ ရှိပြီ... အခု ကျန်းကျိုးဒေသက ​ချိုင်မိသားစုအတွက် အလုပ်လုပ်ပေးနေပါတယ်..."

"ကျန်းကျိုးဒေသက ချိုင်မိသားစုလား... ခင်ဗျားတို့လူတွေ အရင်က ဒီကို လာဖူးတယ် မဟုတ်လား..."

"...အရင်ကလာဖူးတယ်တဲ့လား.. ဂိုဏ်းချုပ်.. ခင်ဗျား နားလည်မှုလွဲနေပြီ... ကျွန်တော်က ချိုင်မိသားစု ကိုယ်စား လာတာ မဟုတ်ပါဘူး... ကျွန်တော့် သခင်မလေးနဲ့အတူ လာတာပါ... သူက ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာကို လေးစားလို့ ချင်းရှောင်ဂိုဏ်းမှာ တပည့်ခံပြီး သိုင်းသင်ချင်လို့ပါ..."

"ခင်ဗျား သခင်မလေး နာမည်က ဘယ်သူလဲ..."

"ချိုင်ယွင်ရှန်း ပါ..."

လီချင်းချိုး မျက်လုံးပြူးနေချေပြီ။ ချိုင်မိသားစု၏ လက်ထပ်ခွင့် ကမ်းလှမ်းချက်က ချိုင်ယွင်ရှန်းအတွက် ဖြစ်သည်၊ သို့ဆိုလျှင် ဘာကြောင့် သူတို့က နှစ်ဖွဲ့ခွဲပြီး လာကြသနည်း။

တစ်စုံတစ်ခု လွဲမှားနေသည်ဟု သူ ခံစားလိုက်ရသော်လည်း ဂရုမစိုက်ပေ။ လောလောဆယ်တွင် သူသည် လက်ထပ်ပြီး ကလေးယူရန် ဆန္ဒမရှိပါ၊ ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် ပြဿနာ ပိုများစေရုံသာ ရှိမည်။

လီချင်းချိုးက ကုတုပေါင်ကို စိုက်ကြည့်ပြီး …

"စီနီယာကု.. ခင်ဗျားက နတ်ဆိုးဂိုဏ်းသားတွေရဲ့ အထောက်အထားကို သိနေမှတော့ ခင်ဗျားဆီက သတင်းပေါက်ကြားပြီး ချင်းရှောင်ဂိုဏ်းအတွက် ပိုကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ခင်ဗျားကို ပြန်မလွှတ်ပေးဘဲ နေလို့ရမလား..."

သူ့စကားများက စိတ်ဝင်စားဖွယ် ကောင်းနေပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာရာ ကုတုပေါင်၏ ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားစေသည်။

"ကျွန်တော် ဘယ်သူ့ကိုမှ လုံးဝ ပြောမှာ မဟုတ်ပါဘူး... ပြီးတော့ အဲဒီသုံးယောက် ပြောပုံအရဆိုရင် ဂိုဏ်းချုပ် သရဲခုနှစ်ကောင်ကို သတ်လိုက်တာကို နတ်ဆိုးဂိုဏ်းက သိပြီးသားပါ... ဒီရန်ငြိုးက ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး..."

ကုတုပေါင်က နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသဖြင့် ကမန်းကတန်း ပြောလိုက်သည်။

ဒီချင်းရှောင်ဂိုဏ်းချုပ်က အန္တရာယ် များလွန်းသည်။

လီချင်းချိုး ကုတုပေါင်ထံသို့ လျှောက်လာပြီး ယွမ်လီနှင့် ကျောက်ကျိန်းတို့လည်း နောက်မှ လိုက်ပါလာကြသည်။

လီချင်းချိုး နီးကပ်လာသည်နှင့် ကုတုပေါင် ကြောက်လန့်သွားသည်။သူ လှည့်ပြေးရဲလျှင် ရွှီဖိုလု၏ ခြေရာနောက်သို့ မကြာခင် လိုက်သွားရမည်ကို သူ သိသည်။

သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ လောင်းကြေးထပ်ရတော့မည်။

လီချင်းချိုး သူ့အနားသို့ ရောက်လာသောအခါ ဖိအားက အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ဘုန်းခနဲ အသံနှင့်အတူ ခြေတစ်ဖက်ထောက် ဒူးထောက်လိုက်ပြီး အိတ်ကပ်ထဲမှ လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်ကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။

"ဒီ လျှို့ဝှက်သိုင်းကျမ်းကို ကျွန်တော် ငယ်ငယ်တုန်းက ရခဲ့တာပါ... ဘယ်သူ့ကိုမှ မပေးခဲ့ဖူးပါဘူး... ဒီသိုင်းကျမ်းနဲ့ ချင်းရှောင်ဂိုဏ်းကို ပူဇော်ချင်ပါတယ်... ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော့် သခင်မလေးကို တပည့်အဖြစ် လက်ခံပေးပါလို့ တောင်းဆိုချင်ပါတယ်..."

လီချင်းချိုး သူ့အနားသို့ သွားပြီး လက်ထဲမှ သိုင်းကျမ်းကို ယူလိုက်သည်။

မျက်နှာဖုံးပေါ်တွင် "နတ်နဂါး အသွင်ပြောင်းခြင်း" ဟု ရေးသားထားသည်။

လီချင်းချိုးက စာရွက်များကို လှန်လှောကြည့်ရှုရင်း မေးလိုက်သည်။

"ဒီသိုင်းကျမ်းက အဲဒီလောက် စွမ်းအားကြီးတယ်ဆိုရင် ခင်ဗျား သခင်မလေးက ဘာလို့ ကိုယ့်ဘာသာ မသင်တာလဲ... ဘာလို့ ချင်းရှောင်ဂိုဏ်းကို လာပြီး သိုင်းသင်ဖို့ ဇွတ်အတင်း လုပ်နေရတာလဲ..."

ကုတုပေါင်က ခါးသီးစွာ ပြုံးလိုက်ပြီး…

"ဒီသိုင်းကျမ်းက အတွင်းအားကျင့်စဉ် မဟုတ်ပါဘူး... တကယ်တော့ ဒါကို တတ်မြောက်ဖို့ အလွန်နက်နဲတဲ့ စွမ်းရည် လိုအပ်ပါတယ်... ကျွန်တော့် သခင်မလေး မပြောနဲ့ ကျွန်တော်တောင် မတတ်မြောက်ပါဘူး... ဒါပေမဲ့ တတ်မြောက်သွားရင်တော့ ဒီသိုင်းကျမ်းက တကယ်ကို အံ့သြဖို့ ကောင်းမှာပါ... ကျွန်တော့်ကို ဒီသိုင်းကျမ်းပေးခဲ့တဲ့ စီနီယာအိုကြီးက မကွယ်လွန်ခင် ဒီအထွတ်အထိပ် ပညာရပ်ကို ထုတ်ပြသွားခဲ့တယ်... ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး..."

စကားပြောနေစဉ် သူ့မျက်လုံးထဲတွင် လွမ်းမောတမ်းတမှုများ ပေါ်လာသည်။

လီချင်းချိုးက သိုင်းကျမ်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး….

"ဒီအလောင်း ၃ လောင်းကို မထိနဲ့... တောင်ပေါ်တက်ပြီး ကျန်းယွီချွန်းကို သွားရှာ... ပြီးရင် အလောင်းလာကောက်ဖို့ လူခေါ်ပြီး ပြန်ဆင်းလာခဲ့..."

ထိုသို့ ပြောပြီးနောက် ကုတုပေါင်၏ ဘေးမှ ဖြတ်လျှောက်သွားသည်။

ယွမ်လီက ကုတုပေါင်ကို ဦးညွှတ်လိုက်ပြီး သူ့ဆရာနောက်သို့ လိုက်သွားသည်။ ကျောက်ကျိန်းကမူ သိပ်မယဉ်ကျေးဘဲ သူ့ကို စူးစမ်းလိုစိတ်ဖြင့် တစ်ချက်သာ ကြည့်လိုက်သည်။

ကုတုပေါင် သက်ပြင်းချလိုက်ပြီး ပြန်လှည့်ကြည့်လိုက်ရာ လီချင်းချိုးက မြေကြီးပေါ်မှ ရေခဲချောက်နက်ဓားကို ဆွဲနှုတ်၍ တောင်အောက်သို့ ဆက်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

သူသည် ချက်ချင်း မထွက်ခွာသေးဘဲ ရွှီဖိုလုနှင့် အခြားနှစ်ယောက်၏ အလောင်းများကို ချုံပုတ်ထဲတွင် ဝှက်ထားပြီးမှ တောင်ပေါ်သို့ တက်သွားလေသည်။

လီချင်းချိုးက ယွမ်လီနှင့် ကျောက်ကျိန်းကို ခေါ်၍ ကျင့်ကြံရန်အတွက် မြေအောက် ဝိညာဉ်ရေကန်သို့ သွားမည် ဖြစ်သည်။

လီချင်းချိုးအတွက်မူ ရွှီဖိုလုနှင့် အခြားနှစ်ယောက်ကို သတ်လိုက်ခြင်းက သေးငယ်သော ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ ကျောက်ကျိန်းအတွက် ရန်သူအမျိုးမျိုးကို ရင်ဆိုင်ရန် သူ ပြင်ဆင်ထားပြီး ဖြစ်သည်။

...

ညနေစောင်းတွင် ကုတုပေါင်က အိမ်ထဲ၌ ချိုင်ယွင်ရှန်းကို တွေ့ပြီး သူမ တပည့်ဖြစ်နိုင်ပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။

သို့သော် ချိုင်ယွင်ရှန်းက မပျော်ရွှင်ဘဲ စိုးရိမ်ပူပန်ပြီး မသေချာမရေရာ ဖြစ်နေသဖြင့် ကုတုပေါင် မျက်မှောင်ကြုတ်သွားသည်။

"သခင်မလေး.. ဘာဖြစ်လို့လဲ... စိတ်ပြောင်းပြန်ပြီလား..." ဟု ကုတုပေါင်က မေးလိုက်သည်။

ချိုင်ယွင်ရှန်းက ငေးငိုင်နေရာမှ သတိဝင်လာပြီး …

"မဟုတ်ပါဘူး... ကူညီပေးလို့ ကျေးဇူးတင်ပါတယ်... ဒီလုပ်ငန်းစဉ်က ခက်ခဲခဲ့မှာပဲ... ကျွန်မ ဦးလေးကို စိတ်ပျက်အောင် မလုပ်ပါဘူး..."

ကုတုပေါင်က သက်ပြင်းချလိုက်ပြီး… "ချင်းရှောင်ဂိုဏ်းချုပ်က တကယ်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ... သူက တကယ်ပဲ အဲဒီလောက် ငယ်တာလား၊ ဒါမှမဟုတ် ငယ်ရွယ်နုပျိုစေတဲ့ ပညာကို တတ်ထားလားတော့ မသိဘူး... သူ့ရဲ့ သိုင်းပညာကတော့ သေချာပေါက် လောကမှာ အကောင်းဆုံးတွေထဲ ပါတယ်... သခင်မလေး သူ့ဆီမှာ သိုင်းပညာ သင်ယူမယ်ဆိုရင် ကိုယ့်ကံကြမ္မာကို တကယ် ပြောင်းလဲနိုင်လောက်တယ်..."

သူသည် နတ်ဆိုးဂိုဏ်း၏ တိုက်ခိုက်မှုကို ထုတ်မပြောခဲ့သလို ထိုအကြောင်းကြောင့် ချင်းရှောင်ဂိုဏ်းနှင့် ပတ်သက်ရမည်ကိုလည်း မကြောက်ပေ။ သူ့အမြင်တွင် နတ်ဆိုးဂိုဏ်းက အသက်ဆက်ရန် ရုန်းကန်နေရုံသာ ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းကမူ ဖွံ့ဖြိုးတိုးတက်နေကာ ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာသည်။ ထိုနှစ်ခုကို နှိုင်းယှဉ်၍ မရပေ။

အရေးအကြီးဆုံးအချက်မှာ ချင်းရှောင်ဂိုဏ်းချုပ်က လုံလောက်အောင် စွမ်းအားကြီးမားခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်….

လီချင်းချိုး တပည့်နှစ်ယောက်နှင့်အတူ လင်းရှောင်ဝင်းသို့ ပြန်ရောက်လာရာ အချိန်အတော်ကြာ စောင့်နေသော ကျန်းယွီချွန်းက ချက်ချင်း လာရောက် နှုတ်ဆက်သည်။ထို့နောက် နှစ်ယောက်သား နတ်ဆိုးဂိုဏ်းကိစ္စများကို ဆွေးနွေးရန် အတွင်းသို့ ဝင်သွားကြသည်။

ကျောက်ကျိန်းက စားပွဲရှည်၏ ထောင့်တစ်နေရာတွင် ထိုင်၍ လျှို့ဝှက်သိုင်းကျမ်းကို ကိုင်ထားသဖြင့် လီစစ်ကျင်က ကိုယ်ကိုကိုင်းညွှတ်၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ကျောက်ကျိန်းလေး... ဘာတွေ ကြည့်နေတာလဲ... နားလည်လို့လား... နတ်နဂါး အသွင်ပြောင်းခြင်း တဲ့... ကြည့်ရတာ တော်တော် ခမ်းနားပုံရတယ်..."

ကျောက်ကျိန်းက စာအုပ်ကိုသာစိုက်ကြည့်နေရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ကျွန်တော် သေချာပေါက် ရှင်းရှင်းလင်းလင်း မြင်ရတယ်... ဆရာက ဒီပညာကို ကျွန်တော့်ဆီ လွှဲပြောင်းပေးပြီးပြီ... ကျွန်တော် တတ်မြောက်တာနဲ့ အစ်မကို ပြမယ်..."

လီစစ်ကျင်က ပြုံး၍ သူ့ဆံပင်ကို ပွတ်သပ်ပေးလိုက်ပြီး ယွမ်လီနှင့် စကားပြောရန် လှည့်သွားသည်။

နတ်ဆိုးဂိုဏ်း၏ တိုက်ခိုက်မှုသတင်းက ချင်းရှောင်ဂိုဏ်းအတွင်း မပြန့်နှံ့ခဲ့ဘဲ ငြိမ်းချမ်းစွာ ဆက်လက် လည်ပတ်နေသည်။

နတ်နဂါး အသွင်ပြောင်းခြင်းကို ကျောက်ကျိန်းထံ လွှဲပြောင်းပေးပြီးနောက် လီချင်းချိုး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လတာ ကုန်ဆုံးသွားခဲ့သည်။ ဤတစ်လသည် လီချင်းချိုးအတွက်တော့ ကြိုးစား ကျင့်ကြံခဲ့သော ကာလဖြစ်ပြီး မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် သို့ အောင်မြင်စွာ ရောက်ရှိခဲ့ရာ နတ်ဆိုးဂိုဏ်းနှင့် ရင်ဆိုင်ရာတွင် ယုံကြည်မှု ပိုမို ရရှိစေခဲ့သည်။

ကုတုပေါင်ကို ရှာဖွေရန် ဂိုဏ်းသို့ ပြန်လာသော်လည်း ကျောက်ကျိန်းက သူ့ကို အရင် တွေ့သွားသည်။

"ဆရာ... ကျွန်တော် နတ်နဂါး အသွင်ပြောင်းခြင်း ကို တတ်မြောက်သွားပြီ... ဒီသိုင်းပညာက အံ့သြဖို့ ကောင်းလိုက်တာ..."

ကျောက်ကျိန်းက လီချင်းချိုး ရှေ့တွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး နှစ်ကြိမ်ခန့် ခုန်ပေါက်လိုက်သေးသည်။

All Chapters