အခန်း (၈၃)
Vol. 9 Ch. 83
🥝 Chapter 83
“ကျွန်မ လှမ်းကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ တတိယအဆင့် ဝိညာဉ်ရတနာတွေရဲ့ အလင်းကြောင့် မျက်စိတောင် ကျိန်းသွားရတယ်”
စုကျို စိတ်လှုပ်ရှားစွာဖြင့် မျက်နှာလေး နီမြန်းလျက် ပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်ယူကာ ဂိုဒေါင်စာရင်းနှင့်တိုက်ကြည့်နေသည်။
တတိယအဆင့် ခံစစ်ကျောက်ပြား၏မိတ္တူ — သူ့ လက်ထဲတွင် ဒုတိယအဆင့် မိတ္တူ ကိုးခု ဖြစ်သွားသည်။
ထိုကျောက်ပြားများပေါ်တွင် ကျင်မျိုးနွယ်စု၏အမှတ်တံဆိပ်ပင် ပါရှိနေသေးသည်!
“အချိန်ကိုက်ပဲ၊ ငါ့ စုမျိုးနွယ်စု ကိုယ်ရံတော်တွေရဲ့ဝတ်စုံတွေကို လဲပေးဖို့လိုနေတာ”
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့၏အံ့အားသင့်နေသော အကြည့်များအောက်တွင် စုကျိုသည် ရွှေရောင်နဂါးပတ် ဘွတ်ဖိနပ်တစ်စုံ၏မိတ္တူကို အမြန်ထုတ်လိုက်သည်။
၎င်းမှာ ပုံရိပ်ယောင်ဖန်သားပြင်ပေါ်ရှိ ကျင်းချန်ဝတ်ထားသော ဖိနပ်နှင့်တစ်ပုံစံတည်းပင်။
ယနေ့တွင် အဆင့်လျော့သွားသောကြောင့် တတိယအဆင့် ‘အရှိန်မြှင့်ဘွတ်ဖိနပ်’ မှာ ဒုတိယအဆင့် ဝိညာဉ်ရတနာဖြစ်သွားခဲ့သည်။
ထို့အပြင် သာမန်ဟုထင်ရသော ဤဘွတ်ဖိနပ်များမှာ အပေါ်ယံအဖိုးတန် သမင်သားရေတစ်စအောက်တွင် တစ်ခုခုလိုအပ်နေသကဲ့သို့ ဖြစ်နေပြီး ရွှေရောင်နဂါးပတ် ‘ခြေညှပ်ဖိနပ်’ ကိုးစုံအဖြစ် ပြောင်းလဲသွားတော့သည်!
စုကျိုသည် ခြေမနှင့် ခြေညှပ်ကြားတွင် ရွှေရောင်စာလုံးလေးပါရှိနေသကဲ့သို့ ဖြစ်နေသော ဒုတိယအဆင့် ရွှေရောင်နဂါးပတ်ခြေညှပ်ဖိနပ်များကို ကိုင်ကာ အလေးချိန်စီးကြည့်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
သူမ ပြုံးရွှင်စွာဖြင့် ချန်ယွမ်ကိုလှမ်းခေါ်လိုက်သည်။
“ချန်ယွမ်၊ နောက်ဆုံးတော့ နင်နဲ့လိုက်ဖက်မယ့် ဖိနပ်ကို ငါ ရှာတွ့ခဲ့ပြီ”
“နင်က ခြေဗလာနဲ့ သွားရတာ ကြိုက်တယ်၊ လူသားတွေရဲ့ ချုပ်နှောင်မှုကို မခံချင်ဘူး မဟုတ်လား?”
“ရော့၊ ဒီကိုးစုံလုံးက နင့် အတွက်ပဲ”
စုကျို အလွန် သဘောထားကြီးလှသည်။
ချန်ယွမ်၏ထူးခြားလှပသော မျက်နှာလေးထက် ရှုပ်ထွေးသော အမူအရာပေါ်လာပြီးမှ ခေါင်းညိတ်ကာ လေးစုံကိုသာ လက်ခံလိုက်သည်။
“နင်လည်း... ဝတ်ထားဦးလေ”
ကောင်းပြီ။
မိစ္ဆာအရှင်သခင်မှ ထိုမျှလောက် သဘောထားကြီးနေသဖြင့် စုကျိုလည်း ပျော်သွားသည်။
သူကိုယ်တိုင်လည်း ဒုတိယအဆင့်ခြေညှပ်ဖိနပ်ကို စမ်းဝတ်ကြည့်ချင်နေသည် မဟုတ်ပါလား!
သူမသည် ဖိနပ်တစ်စုံကိုမြေပြင်ပေါ်သို့ အမြန်ချကာ စီးလိုက်သည်။
“ဝူး——”
စုကျိုဝတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ ဝိညာဉ်စွမ်းအင်မှာ နှစ်ဆတိုးလာသကဲ့သို့ခံစားရပြီး ကိုယ်ထည်မှာပေါ့ပါးသွားသည်။
သူ အရှေ့သို့ တစ်လှမ်းတိုးလိုက်ရုံဖြင့် ‘ဝုန်း’ ခနဲ အရှိန်ဖြင့် ချန်ယွမ့်ရင်ခွင်ထဲသို့ တည့်တည့်တိုးဝင်သွားရာ ချန်ယွမ် သူ့ကို အမြန်ပင် ပွေ့ဖက်လိုက်ရသည်!
“ဆောရီး၊ ဆောရီး၊ ဒီအရှိန်က... ငါ အသားမကျသေးလို့ပါ”
စုကျိုသည် အခွင့်ကောင်းယူကာ ချန်ယွမ့်ပန်းရောင်သန်းနေသော လည်ပင်းလေးကိုတစ်ချက်ထိလိုက်ပြီး အမြန်ပြန်ဆုတ်လိုက်သည်။
“နင်ကတော့ မကောင်းဘူး ချန်ယွမ်၊ နောက်တစ်ခါကျရင် မျက်နှာမနီနဲ့လေ”
ဒါတွေအားလုံး အားနည်းချက်တွေချည်းပဲ။
စုကျို မြေပြင်ပေါ်တွင် ကြောင်တောင်တောင်ဖြင့်စိုက်ကြည့်နေသော ကျင်းကန်းပေါင်နှင့် ရင်းမြောင်ကို တစ်ချက်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤလူနှစ်ဦးမှာ ကြောက်စရာမလိုပေ၊ သို့မဟုတ်ပါက သူမနှင့် မိစ္ဆာအရှင်သခင်၏အားနည်းချက်ကို သူတို့ သိသွားကြ ပေလိမ့်မည်။
စုကျိုသည် ကျန်ရှိသော ခြေညှပ်ဖိနပ်လေးစုံကို သိမ်းဆည်းလိုက်ပြီးနောက် မှေးကာစေ့ထားသောမျက်လုံးများဖြင့် စိတ်ဝင်တစားချောင်း ကြည့်နေသော လိုကျားကို သတိရကာလှမ်းမေးလိုက်သည်။
“စီနီယာအစ်ကို၊ ခြေညှပ်ဖိနပ် လိုချင်လား?”
“...မလိုပါဘူး”
လိုကျား ခဏစဉ်းစားလိုက်သည်။ သူသည် မျက်စိမှိတ်ထားလျှင် လမ်းပျောက်တတ်သူဖြစ်သည်။
အကယ်၍ အရှိန်မြှင့်ပေးနိုင်သည့် မှော်ဖိနပ်ကိုသာရလိုက်ပါက အလွန်ဒုက္ခရောက်ပေလိမ့်မည်။
သူ ဘယ်နေရာကိုပြေးမိသွားမလဲဆိုတာ မည်သူမှမသိနိုင်ပေ။
“ကျေးဇူးပဲ ဂျူနီယာညီမ”
“မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ အဆင့် ၃၅ ကို သွားရင် အကုန်လုံးကို တစ်ပြိုင်နက် ဝယ်လိုက်လို့ရတာပဲ”
စုကျို သဘောထားကြီးနေရခြင်းမှာ အကြောင်းရင်းရှိသည်။
သူမသည် သူမ၏ ဘယ်ဘက်လက်ကို လိုကျားအား ပြလိုက်သည်။
သူ့ဘယ်ဘက်လက်ကို ‘ဖဲချပ်’ ကစားသကဲ့သို့ တစ်ချက် ခါယမ်းလိုက်ရာ၊ တိုက်ရိုက်ဆက်သွယ်နိုင်သော ရွှေရောင်လက်ဖွဲ့စာလွှာ မိတ္တူ ကိုးခုမှာဖြန့်ထွက်လာတော့သည်။
ကျင်းကန်းပေါင် : “...”
ရင်းမြောင် : “...”
စုကျို လက်လှမ်းပေးလိုက်ရာ ချန်ယွမ် ထိုပစ္စည်းအထွေထွေကို သူ့လက်ထဲမှယူ၍ သူ့ဟောင်းနွမ်းသော သိုလှောင်အိတ်ထဲသို့ထည့်လိုက်သည်။
မကြာမီ စုကျိုသည် ဂိုဒေါင်မြေပုံကိုစိုက်ကြည့်ကာ ခဏမျှတွန့်ဆုတ်နေသော်လည်း အဆုံးတွင် ထိုအရာကိုထုတ်ယူလိုက်တော့သည်...
“ဝိညာဉ်ပိုးဖလံဂေဟာရဲ့ကောင်းမှုဆိုးမှုခန်းမကြီးကိုတိုင်တည်ပြီး ပြောရမယ်ဆိုရင်၊ ကျွန်မ စုကျို အပြစ်ကင်းစင်ပါတယ်”
“ဒါတွေအားလုံးက ကျင်းချန်ရဲ့အရှက်မရှိမှုကြောင့်ပဲ၊ သူက စတုတ္ထအဆင့်အတွင်းခံဘောင်းဘီကြီးကို တကယ်ကြီးဝတ်ထားတာလေ”
“ဒီပစ္စည်းက အဆင့်မြင့်လွန်းနေတော့ ကျွန်မရဲ့ကျွမ်းကျင်မှုအဆင့်နဲ့မမီလို့ မိတ္တူကောင်းကောင်းမကူးနိုင်ခဲ့ဘူး”
သူမ စကားပြောနေစဉ်မှာပင် လိုကျား၊ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့၏ ပါးစပ်အဟောင်းသားမြင်ကွင်းများကြား၌ ဝါးတားတားဖြစ်နေသော အရာတစ်ခုကို အားစိုက်ထုတ်ကာထုတ်ပြလိုက်သည်။
[?]
[???]
[နှုတ်ခမ်းဖတ်တဲ့လူ ဘယ်မှာလဲ?! သူ သေသွားပြီလား?!]
[နှုတ်ခမ်းဖတ်နိုင်တဲ့ ပါရမီရှင်တွေ ဘယ်ရောက်ကုန်ကြပြီလဲ?!]
【 ၁ စုကျို : ငါ့ကို အပြစ်မတင်နဲ့၊ ကျင်းချန်က အရမ်းကြွားလွန်းလို့၊ သူ့ဖိနပ်ရော ဝတ်ရုံရောက တတိယအဆင့်တွေဖြစ်ပြီးတော့ ဘာလို့ အတွင်းခံကျမှ စတုတ္ထအဆင့် ခံစစ်အတွင်းခံ ဝတ်ထားရတာလဲ?! 】
【 ၁ စုကျို : ငါ့ကျင့်ကြံမှုက မမြင့်သေးဘူး၊ ဝိညာဉ်စွမ်းအင်ကလည်း မလုံလောက်တော့ အဲဒီစတုတ္ထအဆင့် ခံစစ်အတွင်းခံကိုမရခဲ့ဘူး *%¥*58 တောက်... ကျင်းချန် %@%#%……¥% 】
【 ! 】
【 !!! 】
【 ဒါကိုတော့ ဘာသာပြန်ပေးစရာ မလိုပါဘူး 】
【 ၁ စုကျိုက လိုကျားကို ကြည့်ပြီး : စီနီယာအစ်ကို၊ အစ်ကိုက ဘုန်းကြီးပဲ၊ အရင်ဆုံး မျက်လုံးမှိတ်ထားလိုက်ပါလား? 】
【 ၁ စုကျိုက ဝမ်းနည်းပန်းနည်းနဲ့ ပြောတယ် : ဟုတ်တယ်၊ ငါ ကျင်းချန်ရဲ့မက်မွန်သီးပုံ တင်ပါးကိုးခုကိုပဲ ရလာခဲ့တယ်! 】
【 ???? 】
【 …………………… 】
【 နှုတ်ခမ်းဖတ်တဲ့ကောင်၊ နင် ငါ့ကို လာနောက်နေတာလား %¥%4 သေနာကောင် #$%#% 】
【 ကောင်းမှုဆိုးမှုခန်းမ : ရိုင်းစိုင်းသော စကားလုံးများသုံးနှုန်းသည့် ကျင့်ကြံသူ ၃၄၉ ဦးကို ၇ ရက် ပိတ်ပင်လိုက်သည်! 】
【 ကုသိုလ်နှင့် အပြစ်စီရင်ရေးခန်းမ : ကျေးဇူးပြု၍ စကားကိုဆင်ခြင်ကြပါ! 】
【 ??? 】
အဆင့် ၃၀ ရှိ တပည့်များမှာ ပုံရိပ်ယောင်ကိုကြည့်ရင်း ဟာကွက်မရှိ ဆွံ့အလျက် ဖန်သားပြင်ကိုကြည့်နေကြသည်။
မကြာမီ ပုံရိပ်ရာပေါင်းများစွာထဲမှ တစ်ခုတွင် ဝိညာဉ်သန့်စင်ခြင်းအဆင့်သာရှိသော်လည်း ဖြူစင်သောမျက်နှာနှင့် တည်ငြိမ်သော မျက်ဝန်းများ ရှိသည့် စုကျိုသည် သူ့ညာဘက်လက်အင်္ကျီအတွင်းမှ ဝိညာဉ်စွမ်းအင်များဝဲလှည့်နေသည့် ဝါးတားတားအရာကိုးခုကို တည်ငြိမ်စွာထုတ်ယူလိုက် သည်။
လူတိုင်း မှင်သက်သွားကြသည်။
တစ်ချိန်တည်းမှာပင် သားရဲတောအုပ်အတွင်း၌ စုကျိုသည်လည်း စာပေလောကတွင်ပင်ပြသခွင့်မရှိသည့် အရာတစ်ခုကိုကိုင်ထားရသဖြင့် ခေါင်းခဲနေတော့သည်။
ဒါဆို တိုင်တန်းခံရနိုင်မလား? တကယ့် ပြဿနာပဲ။
စုကျိုသည် တိုင်တန်းခံရနိုင်ခြေရှိသည့် ထိုမက်မွန်သီးပုံ အရာဝတ္ထုကိုးခုကို ရွံရှာစွာဖြင့် ကျင်းကန်းပေါင်နှင့် ရင်းမြောင်၏ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
"မြန်မြန်... နင်တို့ဘောင်းဘီချွတ်ကြစမ်း”
"မဟုတ်ဘူး၊ သူတို့ကို အတွင်းခံဝတ်ပေးလိုက်ကြစမ်း!"
စုကျို ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်မှာ ငိုချင်စိတ်ပေါက်သွားသည်၊ သူတို့ဆီမှာလည်း အတွင်းခံကိုးထည်မှမရှိတာ။
ခဏအကြာတွင် သူတို့သည် ကျင့်ကြံသူပါရမီကို အစွမ်းကုန်သုံး၍အကြံထုတ်လိုက်ကြသည်။ ရင်းမြောင်သည် ရေဓာတ်ကိုသုံး၍သစ်သားကို ပြုပြင်သည့်အတိုင်း ရုပ်သေးရုပ်၏မက်မွန်သီးတင်ပါးများကို သစ်ရွက်စိမ်းများဖြင့်ဖုံးအုပ်ပေးလိုက်သည်။
ကျင်းကန်းပေါင်ကမူ သူ့ဝိညာဉ်ပိုးကောင်ကိုသုံး၍ပိုးချည်ငင်ခိုင်းပြီး၊ သူကိုယ်တိုင်လည်း လက်နက်ဖော်စပ်သူဖြစ်သည့်အတိုင်း သော့ခလောက် ပါသော သံမဏိခံစစ်အတွင်းခံဘောင်းဘီတစ်ထည်ကို အချိန်တိုအတွင်းဖန်တီးလိုက်တော့သည်!
ကျင်းကန်းပေါင် မျက်ရည်ဝဲနေမိသည်။
အစ်ကိုကျင်းချန်၊ ဒါကျွန်တော်ကျင်းကန်းပေါင် အစ်ကို့အတွက်လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါပဲ၊ အတိတ်ကကျေးဇူးတွေကို ဆပ်လိုက်ပြီလို့ပဲ သတ်မှတ်လိုက်ပါတော့!
နောက်ဆိုရင်တော့... နောက်ဆိုတာ ရှိလာဦးမှာပါ။
ကျင်းကန်းပေါင်သည် မြေပြင်ပေါ်တွင်ပြာဖြစ်သွားသော အခြေခံအဆင့်နိမ့် ရုပ်သေးကိုယ်ထည်လေးခုကို ကြည့်လိုက်သည်။
အစောပိုင်းကျင်းချန်၏မြှားချက်များက ရုပ်သေးရုပ်များကို တိုက်ရိုက်ပြာကျသွားစေခဲ့ခြင်းဖြစ်သည်။
အကယ်၍ ဒါသာ သူနှင့် ရင်းမြောင်၏အစစ်အမှန် ခန္ဓာကိုယ်များသာဆိုလျှင် သူတို့ အပြင်းအထန်ဒဏ်ရာရသွားမည် သို့မဟုတ် ဒုက္ခိတပင် ဖြစ်သွားနိုင်သည်။
သူကား ကျင်းချန် မဟုတ်ပေ။ သူသည် ချန်မျိုးနွယ်စု၏အခက်အလက်မိသားစုဝင်လေးသာ။
တစ်ခါ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဒုက္ခိတဖြစ်ကာ အခြေခံအုတ်မြစ်များပျက်စီးသွားပါက ဆေးလုံး သို့မဟုတ် ဆေးဝါးများ ရတော့မည် မဟုတ်ဘဲ မိသားစု၏စွန့်ပစ်ခြင်းကိုခံရပေလိမ့်မည်။ ကျင်းကန်းပေါင်သည် မျက်လုံးမှိတ်ကာ မျက်ရည်များကိုထိန်းရင်း သော့ခတ်ထားသော ကြေးဝါတင်ပါးအကာကို စုကျိုထံကမ်းပေးလိုက်သည်။
နှုတ်ဆက်ပါတယ် အစ်ကိုကျင်းချန်၊ နောက်တစ်ခါတွေ့ရင် ကျင်းကန်းပေါင်က အစ်ကို့ရဲ့ညီလေး မဟုတ်တော့ဘူး!
အငြိုးအတေးတွေ အားလုံးပြီးဆုံးသွားပြီ!
"အင်း၊ မဆိုးဘူးပဲ၊ ငါ့ရဲ့ ဝိညာဉ်လက်နက်ကို ခံစစ်အလွှာတစ်ခု ထပ်တိုးပေးလိုက်တာပေါ့”
စုကျိုသည် ကြေးဝါသော့ခလောက်နှင့် တူနေသော ထိုအတွင်းခံကိုရွံရှာခြင်းမရှိဘဲ ကျင်းကန်းပေါင် လက်ရာကို ချက်ချင်းချီးကျူးလိုက်သည်။
ကျင်းကန်းပေါင် : "..."
စုကျို သူ့ပုခုံးကို အသိအမှတ်ပြုသည့်အနေဖြင့် ပုတ်လိုက်ရင်း "နင့်ရဲ့ ပါရမီက အသုံးဝင်သားပဲ၊ နောက်ဆိုရင် အလုပ်ရှိရင် နင့်ကို ခိုင်းမယ်၊ အခကြေးငွေလည်း ပေးမယ်”
ယင်လီသည် ပြုပြင်ရုံပဲတတ်ကာ၊ အသစ်ဖန်တီးတာမျိုး မလုပ်တတ်ပေ။
"ဟင့်အင်း... မဟုတ်တာ... ပိုက်ဆံပေးစရာမလိုပါဘူး”
ကျင်းကန်းပေါင်သည် သူမ လက်က သူ့ပုခုံးအားထိမည်စိုး၍ အသည်းအသန်နောက်ဆုတ်ကာရှောင်လိုက်သည်!
*မဟုတ်ဘူး... ငါ့ရဲ့ဘယ်ဘက်ပုခုံးကို လာမထိနဲ့!*
ကျင်းကန်းပေါင် ငိုချင်သွားသည်။
စုကျို သူ့ခါးမှ အိတ်ကိုဖွင့်လိုက်ပြီး - "ပြီးရင် ကိုးခုလုံး အထဲကိုတစ်ခါတည်းထည့်လိုက်တော့”
"..."
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် သူမ သိုလှောင်အိတ်ထဲ မရည်ရွယ်ပါဘဲ ချောင်းကြည့်မိသွားကြသည်။
ဘုရားရေ!
ဒါတွေက ဘယ်သူ့ပစ္စည်းတွေလဲ? ညာဘက်ခြေထောက်၊ ကိုယ်ထည်ပိုင်း၊ လက်နှစ်ဖက်စလုံး အကုန်လုံးရှိနေတာပဲ!
ထိုလူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ငိုချင်စိတ်ပင်ပေါက်သွားကြတော့သည်။
သူတို့သည် စုကျိုသိုလှောင်အိတ်ထဲသို့ ပစ္စည်းများထည့်ပေးနေစဉ်မှာပင် ပုံရိပ်ယောင်ဖန်သားပြင်ပေါ်၌ မှတ်ချက်များတရစပ် တက်လာတော့ သည်။
【 ဒါ တကယ်ပဲ ကျင်းချန်ရဲ့... တင်ပါးလား? 】
【 အဆင့် ၃၅ ရဲ့ ထိပ်သီးခေါင်းဆောင် ကျင်းချန်လား? 】
【 လွန်ခဲ့တဲ့ ရက်ပိုင်းက ပြိုင်ပွဲမှာ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်လေ? 】
【 အမှတ်တရ မှတ်ချက် လာပေးတာပါ 】
【 ကျင်းချန်ရဲ့ တင်ပါး... ငါ ဒီမှာ ရှိနေခဲ့တယ် 】
【 ဂျူနီယာညီမ စုကျို၊ သားရဲတောအုပ်ကနေ ဘယ်တော့ ထွက်မှာလဲ? အောက်ခြေအသင်းခြံဝင်းထဲမှာ ကျွန်တော်နဲ့ ဆုံဖို့ စိတ်ဝင်စားလား? ကျွန်တော်က အဆင့် ၃၀ ရဲ့ပထမအသင်းခေါင်းဆောင် လဲ့အော်ပါ။ 】
【 လဲ့အော်က နင့်ကို ရှာနေတယ်! လဲ့အော်က နင့်ကို ရှာနေတယ်! လဲ့အော်က နင့်ကို ရှာနေတယ်! 】
“ဟင်?”
စုကျိုသည်လည်း ထိုမှတ်ချက်များကို မြင်လိုက်ရသည်။ ဤစာသားများ ပေါ်လာရန်အတွက် ငွေအမြောက်အမြား ပေးထားရသည်မှာ သိသာလှသဖြင့် သူ့ ညာဘက်မျက်ခုံးကို ပင့်လိုက်ကာ
“ပထမအသင်းဆိုတော့ သူတို့က အရမ်းတော်တဲ့သူတွေလား?”
လိုကျားသည် မျက်လုံးမှိတ်ထားလျက်ပင် သူမဘေးသို့ ကျော့ရှင်းစွာလျှောက်လာသည် - “ဂျူနီယာညီမ၊ ဒီလူက အဆင့် ၃၀ ရဲ့ အဓိကတပည့်ကြီးပဲ၊ သူက တိုက်ခိုက်ရတာကို အရမ်းရူးသွပ်တဲ့သူ”
သူမကို စိန်ခေါ်မယ်၊ ထွက်ပြေးမယ်၊ ပြီးရင် ပြန်တိုက်မယ်!
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ အလွန်အမင်းဝမ်းသာသွားကြသည်။
လဲ့အော်ဆိုတာ အဆင့် ၃၀ ရဲ့ အဓိကအသင်းခေါင်းဆောင်၊ အခြေခံအဆင့် ကိုးဆင့်ရှိတဲ့ ကျင့်ကြံသူလေ!
သူသာ အဆင့် ၄၀ ကို တစ်ခါတည်း တိုက်ရိုက်တက်ချင်တဲ့စိတ် မရှိခဲ့ရင် အခုချိန် အပေါ်မှာ ရောက်နေလောက်ပြီ။
ကောင်းတယ်!
သူက အဆင့် ၃၀ ရဲ့ ပါရမီရှင် ကျင့်ကြံသူဖြစ်သလို၊ ဒီအဆင့်မှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးလို့ နာမည်ကြီးသူလည်း ဖြစ်သည်။
ဒီလို လူ့အဖိုးတန် ပါရမီရှင်ကြီးရောက်လာပြီ!
သူ လာနေပြီ... သူတို့နဲ့ ပူးပေါင်းဖို့။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ နှစ်ယောက်လုံးမျက်ဝန်းထဲပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
သူတို့ကိုယ်တိုင်မလွတ်မြောက်နိုင်မှတော့ တခြားညီအစ်ကိုတွေကိုလည်း စုကျိုရဲ့ကြောက်စရာကောင်းမှုကို မြည်းစမ်းခိုင်းရမှာပေါ့!
သူတို့အားလုံးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စုကျိုအိမ်မှာလာပြီး ဆုံစည်းကြတာပေါ့!
သေရင်လည်း အတူတူပေါ့။
ဟဲဟဲ~
သူတို့ရဲ့ဦးခေါင်းခွံတွေနဲ့ ပုခုံးရိုးတွေ အထီးကျန်နေရတော့မှာ မဟုတ်တော့ဘူး။
“စုကျို၊ လဲ့အော်က ဒီအဆင့်မှာ အသန်မာဆုံး ညာဘက်လက်မောင်းပိုင်ဆိုင်ထားတာ၊ လျှပ်စီးစွမ်းအားတွေ ပါဝင်နေတယ်!”
“စုကျို၊ အဲ့လူက လေမျိုးနွယ်စုရဲ့မျိုးဆက်ပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက ကောင်းကင်လျှပ်စီးဒဏ်ကိုခံနိုင်ရည်ရှိတဲ့ အဆင့်မြင့်ပညာရပ်ကို တတ်မြောက်ထားတာလို့ပြောကြတယ်၊ သူ့ရဲ့ အရိုးတွေက ကောင်းကင်လျှပ်စီးနဲ့ အကြိမ်ကြိမ်သွန်းလောင်းခံထားရတာ၊ တတိယအဆင့် ဝိညာဉ်လက်နက်နဲ့တောင် ယှဉ်လို့ရတယ်!”
ထိုလူနှစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ်ပြောဆိုနေကြသည်။
စုကျိုက သူတို့ကို လှည့်ကြည့်ကာ နှာခေါင်းကိုတို့လိုက်ရင်း - “နင်တို့ ငါ့ကို အမိန့်ပေးနေတာလား?”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး...”
စုကျို မျက်ခုံးပင့်လိုက်သည်။
“တခြားသူတွေအကြောင်း ဂရုမစိုက်နဲ့”
ဂရုမစိုက်ပါဘူး၊ ဂရုမစိုက်ပါဘူး။
ကျင်းကန်းပေါင်သည် အသည်းအသန်ခေါင်းခါပြလိုက်သည်။ လဲ့အော်သာ အမြန်ရောက်လာရင် အကောင်းသားဟု သူတွေးနေမိသည်။
စုကျို နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်ကာ လိုကျားနှင့်အတူ သားရဲတောအုပ်ထဲမှထွက်လာခဲ့ကြသည်။
တယ်လီပို့စနစ်မှထွက်လိုက်သည့်ခဏမှာပင် ချန်ယွမ် သူမကိုအမြန်ပွေ့ချီလိုက်ပြီး သူ့ ရွှေရောင်နဂါးပတ်ခြေညှပ်ဖိနပ်ဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှပျောက်ကွယ်သွားတော့သည်။
“အရင်သွားနှင့်ပြီ”
ရေထဲမှကျောက်စိမ်းတုံးလေးများကဲ့သို့ ကြည်လင်သော မိစ္ဆာလူငယ်လေး၏အသံသည် လိုကျား နားထဲပဲ့တင်ထပ်သွားသည်။
လိုကျား အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။ သူမ ဝိညာဉ်စွမ်းအင်တွေ ကုန်သွားတာလား?
သေချာတာပေါ့။
အခြေခံအဆင့်အထွတ်အထိပ်မှာရှိတဲ့ ကျင်းချန်လိုလူကို ရင်ဆိုင်ဖို့အတွက် ဂျူနီယာညီမစုကျိုအနေနဲ့ သူမရဲ့ ပါရမီကို ကိုးကြိမ်တိုင်တိုင် သုံးခဲ့ရတာဆိုတော့ ပင်ပန်းသွားမှာ သဘာဝပါပဲ။
လိုကျား ခေါင်းညိတ်လိုက်သည်။
မျက်လုံးကို အသာလေးမှေးစေ့ကြည့်လိုက်ရာ စုကျိုအားပွေ့ချီထားသော ဝတ်ရုံနီနှင့်မိစ္ဆာမှာ ငါးလံခန့်အကွာသို့ရောက်နေပြီဖြစ်သည်။
ဒါကို မြင်လိုက်ရတော့ သူတောင် မိစ္ဆာတစ်ကောင်လောက် မွေးချင်စိတ်ပေါက်သွားရသည်။
လိုကျားသည် အားကျစိတ်ဖြင့် ခေါင်းလှည့်လိုက်ပြီး မျက်လုံးကိုဖြည်းဖြည်းချင်းပြန်မှိတ်ကာ ပတ်ဝန်းကျင်ကိုစမ်းတဝါးဝါး ကြည့်လိုက်ပြီးနောက် သူ့ဝတ်ရုံအောက်မှ အဆက်အသွယ်လုပ်သည့် ကျောက်တုံးကိုနှိပ်လိုက်သည်။
“ဟယ်လို၊ ဂျူနီယာညီလေးပိုင်ယွီလား? ငါပါ၊ စီနီယာအစ်ကို လိုကျား”
“အေး... ငါ မျက်စိကွယ်သွားပြီ”
“ငါ အိမ်ပြန်လမ်းရှာမတွေ့တော့လို့၊ ငါ့ကို လာကြိုပေးလို့ရမလား?”
တစ်ဖက်မှ ကျူးပိုင်ယွီ : “...”
စောနက စုကျို သူ့ပါရမီကိုသုံးနေတာကို ခိုးကြည့်တုန်းကကျတော့ မျက်စိမကွယ်ဘဲနဲ့!
ကျူးပိုင်ယွီသည် စိတ်ခံစားချက်မြန်သူဖြစ်သော်လည်း အလွန်သစ္စာရှိသူဖြစ်သည်။ သူသည် သားရဲတောအုပ်တာဝန်ပြီးဆုံး၍ သခင်တစ်ရာခန်းမ ၌ ကျင့်ကြံခြင်းဆိုင်ရာကိစ္စများအကြောင်း မေးမြန်းနေစဉ်ဖြစ်သော်လည်း၊ အကြောင်းကြားစာရသည်နှင့် ချက်ချင်းကျင့်ကြံခြင်းအတွက် မျက်စိ အလင်းအာရုံကိုစတေးထားသော လိုကျားအားသွားကြိုရန်လမ်းကြုံဝင်ခဲ့လေတော့သည်။