← Chapters

အခန်း (၈၄)

Vol. 9 Ch. 84

အခန်း (၈၄)

Vol. 9 Ch. 84

🥝 Chapter 84

“စီနီယာအစ်ကို... အစ်ကိုနဲ့ စုကျို ခုမှပြီးကြတာလား? တစ်နာရီကျော်တောင် ကြာသွားတယ်! ကျွန်တော်ကတော့ ဟိုကလေးနှစ်ယောက်နဲ့ ကျွန်တော် အနှေးဆုံးလို့ထင်နေတာ”

ကျူးပိုင်ယွီသည် သခင်တစ်ရာခန်းမရှိ အုပ်ချုပ်ရေးမှုးသုံးဦးထံကျင့်ကြံခြင်းဆိုင်ရာ နည်းပညာများအကြောင်း တစ်နာရီခွဲခန့် လိုက်လံနှောင့်ယှက် မေးမြန်းနေခဲ့ခြင်းဖြစ်သည်။

“စုကျိုကော ဘယ်မှာလဲ? သူ ဘာအရေးကြီးကိစ္စတွေ သွားလုပ်နေလို့လဲ? သူ သားရဲတောအုပ်ထဲမှာ စီနီယာအစ်ကိုနဲ့တစ်နေရာတည်းကို တယ်လီပို့ဖြစ်သွားတာလား?”

ကျူးပိုင်ယွီသည် လိုကျားအား သူ့ကျောက်စိမ်းခါးပတ်ကိုကိုင်ခိုင်းကာဝင်းထဲသို့ ပြန်ရန်လမ်းပြခေါ်ဆောင်လာခဲ့သည်။

သို့သော် သူ လမ်းလျှောက်လေလေ၊ ပိုဝေခွဲမရ ဖြစ်လာလေလေပင်။

သခင်တစ်ရာခန်းမမှ ထွက်လာကတည်းက လမ်းဘေးရှိတပည့်များ သူ့အားကြည့်နေကြသည့် အကြည့်များမှာ အလွန်ထူးဆန်းနေသောကြောင့် ဖြစ်သည်!

သူတို့က စပ်စုချင်နေပုံ၊ သံသယရှိနေပုံနှင့် စိတ်လှုပ်ရှားနေပုံတို့ ရောပြွမ်းနေသည်။

“သူတို့လား?”

“အဲဒီ စုကျိုဆိုတဲ့ ကျင့်ကြံသူမနဲ့ တစ်သင်းတည်းသားတွေက သူတို့လား?”

“တကယ်ကြီးလား ? သူတို့ရဲ့ တင်ပါးတွေ လည်း...”

ကျူးပိုင်ယွီ: “???”

လိုကျားကမူ တည်ငြိမ်သောအပြုံးဖြင့် ပုံမှန်အတိုင်းပင် ဘေးပတ်ဝန်းကျင်ကိုခေါင်းညိတ်ပြနေသည်။

“အားလုံးကို ကြိုဆိုပါတယ်၊ အဆင့် ၂၉၉ ရှိတဲ့ အောက်ခြေအသင်းကို လာရောက်စိန်ခေါ်ကြပါဦး”

ကျူးပိုင်ယွီမှာ လုံးဝကိုကြောင်အသွားရသော်လည်း၊ ဝင်းထဲသို့ ပြန်ရောက်သည့်အခါတွင်မူ သူ ထိတ်လန့်သွားတော့သည်။

စုကျိုရဲ့ တံခါးအပြင်ဘက်မှာ နေပူစာလှုံရင်း စီထားတဲ့ အဲဒီကိုးခုက ဘာတွေလဲ ?

ဘာလို့ အဲဒါတွေက ဘောင်းဘီတိုတွေဝတ်ထားပြီး ကြေးသော့ခလောက်တွေ သယ်ထားရတာလဲ?

ဒါတွေက ဘာကြီးလဲ?!

...

သားရဲတောအုပ်အတွင်း၌၊ မနည်းရုန်းထပြီးထလာနိုင်ကြသည့် ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် တစ်စုံတစ်ခုကိုတစ်ပြိုင်နက်တည်း သတိရသွားကြသည်။

“လွန်ခဲ့တဲ့ ခုနစ်ရက်က ငါတို့ နောင်တတရားကမ်းပါးကနေ ထွက်လာတုန်းက အစ်ကိုကျင်းချန်ကို သူ့လက်ချောင်းလေးအကြောင်းပြောဖို့ မေ့သွားကြတာလား?”

“...”

သူ ဒီလောက် ဒေါသထွက်နေတာ မဆန်းတော့ပါဘူး။

သူ့မှာ ဘာတွေဖြစ်နေမှန်းတောင် သူကိုယ်တိုင် မသိရှာဘူး။

“ကျင်းချန်က ငါတို့ကို အမှိုက်လိုသတ်မယ့်သူပဲ၊ မင်း မပြောချင်ရင်လည်း မပြောနဲ့တော့”

ရင်းမြောင်သည် သူ့နိမ့်ဝင်နေသော ပုခုံးရိုးကိုထိရင်း ရှုပ်ထွေးသော အမူအရာဖြင့်ပြောလိုက်သည်။

“တကယ်တော့ ဒီနေ့ ကမ်းပါးကနေ ထွက်လာတုန်းက စုကျိုရဲ့စွမ်းရည်အကြောင်း သူ့ဆီ စာပို့ခဲ့သေးတယ်”

“! မင်းက သစ္စာဖောက်ပဲ!”

“ငါက သူ့စွမ်းရည်ကို...” ရင်းမြောင် ခဏလောက်တုံ့ဆိုင်းသွားပြီးမှ “...ကိုးဆ ထွက်နှုန်းလို့ပဲ ပြောလိုက်တာ”

ကျင်းကန်းပေါင် : “...အဲဒီ ကိုးဆ ထွက်လာတာက သူ့ရဲ့လက်ချောင်းကြီးဆိုတာ မင်း မပြောလိုက်ဘူးလား?”

“...အင်း၊ မပြောလိုက်ဘူး”

“...ဒါဆိုရင် သူမက သူ့ရဲ့ဦးခေါင်းခွံကို ညှစ်တဲ့အခါ၊ မဟုတ်သေးပါဘူး၊ သူ့လက်ချောင်းတွေ ဒါမှမဟုတ် တခြားဖော်ပြလို့မရတဲ့ အစိတ်အပိုင်း တွေကိုညှစ်တဲ့အခါ သူလည်း တစ်ခုခုခံစားရနိုင်တယ်ဆိုတာကော မပြောလိုက်ဘူးလား?”

“...ငါ မေ့သွားလို့”

“!!!”

အဆင့် ၃၅ တွင်မူ ကျင်းချန်မှာ စိတ်ကိုပြန်လည်ထိန်းချုပ်ထားပြီးဖြစ်သည်။ ယနေ့ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲသို့ ထွက်ခွာတော့မည့် ထိပ်သီးအသင်း ဝင်များနှင့် တွေ့ဆုံသောအခါ သူသည် ခန့်ညားထည်ဝါသော ပါရမီရှင် လူငယ်လေးအသွင်ပြန်ဖြစ်နေပြီဖြစ်သည်။

“ခေါင်းဆောင်ချန်၊ ကျွန်တော့်ကို မြှားတစ်စင်းလောက်ပစ်ပေးပါလား၊ ကျွန်တော့်ရဲ့ ခံစစ်စွမ်းအား တိုးတက်လာလားစမ်းကြည့်ချင်လို့”

“ကောင်းပြီလေ”

ကျင်းချန်က ပြုံးပြလိုက်ပြီး သူ့ ဘယ်ဘက်လက်ကို လေးကြိုးပေါ်တင်လိုက်သည်။ အခြေခံအဆင့်အထွတ်အထိပ်၏ စွမ်းအားများဖြင့် လေးကြိုးကို အစွမ်းကုန်ဆွဲလိုက်စဉ်မှာပင်— ‘ဘုန်း’ ခနဲ—

သူ့ဘယ်ဘက်လက်က လက်ချောင်းနှစ်ချောင်းမှာ ရုတ်တရက်ထိန်းချုပ်မရတော့ဘဲ သူ့ဘာသာ သူ ထောင်တက်လာတော့သည်!

အစွမ်းကုန်ဆွဲထားသောလေးမှာ ချက်ချင်းအားပျော့သွားတော့သည်။

ကျင်းချန် : “?”

အသင်းဝင်များ : “???”

“ရပါတယ်၊ ခေါင်းဆောင်ချန် အနားယူတာ မလုံလောက်လို့ဖြစ်မှာပါ၊ နောက်တစ်ခါ ထပ်စမ်းကြည့်ရအောင”

ကျင်းချန် ထူးဆန်းသော အမူအရာဖြင့်ခေါင်းညိတ်လိုက်သည်။

သို့သော် ‘ဖူး’ ခနဲ—

နောက်တစ်ကြိမ်တွင်လည်း ဘယ်ဘက်လက်မှ လက်ချောင်းနှစ်ချောင်းမှာ သူ့ဘာသာ သူ ပြန်ထောင်တက်လာပြန်သည်၊ လေးကြိုးမှာလည်း တုန်ခါနေပြီး ဘာကိုမှပစ်မရတော့ပေ!

ကျင်းချန် : “!”

အသင်းဝင်များ : “...!”

အောက်ခြေခြံဝင်းအတွင်း

စုကျိုသည် ဖြူလျော့သောမျက်နှာဖြင့် ကျောက်စိမ်းခုတင်ပေါ်တွင် လဲလျောင်းနေပြီး မှတ်တမ်းတင်ကျောက်တုံးကိုအသက်သွင်းနေသည်။ သူမသည် သူ့ ဘယ်ဘက်လက်ဖြင့် [ ကျင်းချန်၏ လက်နှစ်ချောင်း ] အားကိုင်ထားပြီး ၎င်းတို့မှာပတ္တမြားဖြင့် ပြုလုပ်ထားသကဲ့သို့ နီရဲတောက်ပနေသော မုန်လာဥနီအကြီးစားတစ်လုံးအား ညှပ်ထားသည်ကိုတွေ့လိုက်ရသည်။

သူမကို ဝိုင်းကြည့်နေသော အသင်းဝင်ခြောက်ယောက်စလုံးနောက်ကို တစ်လှမ်းဆုတ်သွားကြသည်။

[ ရွှေရောင်၊ ထိပ်တန်းမီးဓာတ် အခြေခံအုတ်မြစ် - တစ်ဝက်တစ်ပျက် ရွှေရောင်အမြုတေအဆင့်သို့ရောက်ရှိနေသော်လည်း မိတ္တူမှာအဆင့် အနည်းငယ်နိမ့်ကျနေသဖြင့် အခြေခံအဆင့် ပဉ္စမအဆင့်တွင်သာရှိသည်။ ]

[ ၎င်းကို ဝတ်ဆင်ထားပြီးနောက် ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင်ကျင့်ကြံမှုနှင့် ပြန်လည်ပြည့်ဖြိုးနှုန်းမှာ ထိပ်တန်းမီးဓာတ်ကျင့်ကြံသူတစ်ဦးနှင့် တူညီသွားမည်ဖြစ်ပြီး၊ မီးဓာတ်ဆိုင်ရာနည်းစနစ်အားလုံးကို သင်ယူရာတွင် နှစ်ဆပိုမိုထိရောက်စေမည်။ ]

[ ကျင်းချန်၏မီးဓာတ်ဆိုင်ရာ နည်းစနစ်အားလုံးကိုယာယီအားဖြင့် တတ်မြောက်စေမည်။ ]

စုကျိုသည် ထိုရုပ်ဆိုးပြီး ထူထဲလှသော မုန်လာဥပုံစံဆံထိုးကိုစိုက်ကြည့်နေမိသည်။ တောက်ပနေသော ပတ္တမြားနှင့် ပြုလုပ်ထားခြင်း ကြောင့်သာတော်သေးသည်၊ မဟုတ်လျှင် သူ မည်သည့်အချိန်၌ လွှင့်ပစ်မိမည်နည်းဟု သံသယဝင်မိသည်။

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ချွေးများကို သုတ်ပေးနေရင်းမှင်သက်နေသော စုကျီကျီကိုလှည့်ကြည့်လိုက်သည်။

စုကျီကျီ ဘယ်ဘက်နဖူးပေါ်မှ ဆံပင်စတွင်ထိုးထားသည့် မုန်လာဥဆံထိုးလေးလေးခုမှာ တဖြည်းဖြည်းအရောင်မှိန်လာပြီး ထပ်သုံးလို့ မရတော့သည်ကိုတွေ့လိုက်ရသည်။

ချက်ချင်း သူ့လက်ထဲမှ ထူထဲသောမုန်လာဥပုံစံဝိညာဉ်အုတ်မြစ်အား စုကျီကျီထံကမ်းပေးလိုက်သည်။

“ရော့”

“ဒါ ငါးနံပါတ် ငါးပဲ၊ ငါ နင့်ကို ပေးစရာရှိတာပေးတာ၊ နင့်ခေါင်းပေါ်က တစ်ခုနဲ့ လဲလိုက်တော့”

စုကျီကျီသည် အရှိန်မြှင့်ဂါထာကိုအသုံးပြု၍ သူ့ ကျဲအား ချွေးသုတ်ပေးခြင်းကို အမြန်အဆုံးသတ်လိုက်ပြီး နောက်သို့ဆုတ်လိုက်သည်။

ဒါကြီးက... အရမ်းကြီးလွန်းတယ်၊ ဒါကို ခေါင်းပေါ်မှာ ဘယ်လိုထိုးထားရမှာလဲ?

ယင်လီသည် ကိုယ်ကိုလှည့်ကာ အခန်းထဲမှ တိတ်တဆိတ်ထွက်သွားသည်။ ဟောက်ယို့လုမှာမူ စပ်စုလိုစိတ်ဖြင့် အနားတိုးကြည့်လိုက်ရာ မုန်လာဥပေါ်တွင် “【ရွှေရောင်၊ ထိပ်တန်းမီးဓာတ် အခြေခံအုတ်မြစ် ၁ 】” ဟူသော စာလုံးများကို တွေ့လိုက်ရသည်။

သူမ ပါးစပ်ကို ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်သည်။

ခဏချင်းမှာပင် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းမှာ ထူးဆန်းစွာတိုးတက်လာပုံရသည်။

“သူ့ရဲ့ဝိညာဉ်အုတ်မြစ်က ငါ့ဟာလောက် မကြီးပါဘူး”

ဟောက်ယို့လုသည် သူ့ကိုယ် သူ တကယ်တော့ ဗေဒင်ပညာရပ်တွင် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ကြောင်းသဘောပေါက်သွားသည်။ ကံဆိုးသည့် အချိန်မှလွဲ၍ သူမသည် ပါရမီရှင်တစ်ဦးထက် နှစ်ဆပို၍ ကံဆိုးနေခြင်းသာ။ မဟုတ်လျှင် သူမသည် ကျင်းချန်ကဲ့သို့လူကို အလွယ်တကူ ကျော်လွန်နိုင်သည်။

မုန်လာဥကြီးအားကိုင်ထားသော စုကျိုသည် ထိုစကားကိုကြားသောအခါ စီနီယာအစ်မယို့လုကို တစ်ချက်ကြည့်လိုက်မိသည်။

သူ့ မျက်ဝန်းများဝင်းပသွားသည်။

“ဒါ စီနီယာအစ်မ ဖြစ်နေလိမ့်မယ်လို့ ကျွန်မ တကယ်ထင်မထားဘူး”

“စီနီယာအစ်မ၊ အစ်မက...”

ဟောက်ယို့လုက ချက်ချင်းပြုံးပြလိုက်ပြီး သူမ လက်မောင်းအပေါ်ပိုင်း မည်မျှထူကြောင်း လက်ဟန်ဖြင့် ပြလိုက်သည်။

စုကျို: “!”

လိုကျားကမူ မျက်လုံးမှိတ်လျက် နောက်တန်းသို့ဆုတ်သွားသည်။

ကျူးပိုင်ယွီသည် သူ့သိုလှောင်အိတ်ထဲမှ ဖွက်ထားသောတရားထိုင်ခုံကို တုန်တုန်ရီရီဖြင့် ထုတ်ယူကာထိုင်လိုက်သည်။

စုကျိုသည် ကျောက်စိမ်းခုတင်ပေါ်တွင် မျက်နှာဖြူလျော့လျက်လဲလျောင်းနေပြီး သူရဲကောင်းဆန်ဆန်စတေးခဲ့သည့် အမူအရာကို အမြန်ဖမ်း လိုက်သည် - “ဒီနေ့ အဲဒီရွှေမုန်လာဥကို မိတ္တူကူးလိုက်တာက ငါ့ကိုလုံးဝအားကုန်သွားစေတယ်၊ ငါ့ကျင့်ကြံမှုအဆင့်တောင် လျော့ကျသွား တော့မလို ခံစားရတယ်”

ဒီတစ်ခါတော့ သူမ အင်အားကို အလွန်အကျွံသုံးလိုက်မိပြီဖြစ်သည်။

“ဟူး... ဒါတွေအားလုံးက ငါ့အမှားပဲ၊ လူသားတွေရဲ့ လောဘက အဆုံးမရှိဘူးလေ၊ ငါလို ရိုးသားတဲ့သူတောင် အဲဒါကိုမတွန်းလှန်နိုင်ခဲ့ဘူး”

“သူ့ရဲ့မက်မွန်သီးတင်ပါးတွေကို မိတ္တူကူးပြီးကတည်းက ငါ ရပ်ခဲ့သင့်တာ...”

လိုကျား နှုတ်ခမ်းများတွန့်သွားပြီး ကျူးပိုင်ယွီမှာမူ တရားထိုင်ခုံပေါ်တွင် လူသေကဲ့သို့ငြိမ်သက်သွားသည်။

စုရှင်းချန်သည် စုကျီကျီ နားများကိုတိုက်ရိုက်ပိတ်ပေးလိုက်သည်။

စုကျို ခေါင်းအုံးပေါ်တွင် လဲလျောင်းရင်း လည်ပင်းကိုဆန့်လိုက်သည်။

“အခုတော့ အခြေအနေက ဒီလိုဖြစ်နေပြီဆိုမှတော့ ကံကြမ္မာကိုပဲ ပုံအပ်လိုက်ပါတော့မယ်”

“ကောင်းကင်ကပေးတဲ့ ဒီလက်ဆောင်ကိုသုံးပြီး ငါ့ကိုယ် ငါ ပိုသန်မာအောင် လုပ်ရမယ်”

“ငါလို ရိုးသားတဲ့သူက ဒါကို ဘယ်လိုများ အလဟဿအဖြစ်ခံနိုင်မှာလဲ?”

စုကျိုသည် ပြောရင်းဆိုရင်းပင် သူ့ [ ရွှေမုန်လာဥ လက်ချောင်း ] ကို သုံး၍ [ ရွှေမုန်လာဥ ထိပ်တန်းမီးဓာတ် ဝိညာဉ်အုတ်မြစ်] လေးခုကို ထုတ်ယူကာ သူ့ ခါးတွင်ချိတ်လိုက်သည်။

ချက်ချင်းဆိုသလို သူ့ဝိညာဉ်စွမ်းအင်စုပ်ယူမှုနှင့် ပြန်လည်ပြည့်ဖြိုးမှုအရှိန်မှာ လေးဆကျော်မြင့်တက်သွားရတော့သည်!

စုကျို၏ဖြူလျော့နေသော မျက်နှာမှာသွေးရောင်ပြန်လွှမ်းလာသည်။

ပြင်းထန်လှသော မီးဓာတ်ဝိညာဉ်စွမ်းအားကြောင့် သူ ချက်ချင်းချွေးများရွှဲနစ်သွားပြီး ပူပြင်းလှသောနွေရာသီ၌ လဲလျောင်းနေရသကဲ့သို့ ခံစားလိုက်ရသည်။

သူ စောင်ပင် မခြုံချင်တော့ပေ။ အဝတ်အစားများကိုပင် ချွတ်ပစ်ချင်နေမိသည်။

သူ့ဘေးရှိ ချန်ယွမ်မှာ သူ့မြစိမ်းရောင်မျက်လုံးများကို လှိမ့်လိုက်ပြီး ရှေ့သို့တိုးကာ ရွှေရောင်ဝိညာဉ်မြစ်ဖျားလေးခုကို သူ့တောင်ဝေးဖြင့် အသာအယာဘေးသို့ဖယ်ထုတ်လိုက်ရာ ‘မတော်တဆ’ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ ထို့နောက် လဲလျောင်းနေသောစုကျိုအား ပွေ့ချီကာ သူမ နောက်ဘက်မှနေ၍ သူ့အေးမြလှသော မိစ္ဆာစွမ်းအားများကို စုကျိုခန္ဓာကိုယ်အတွင်းသို့စီးဝင်စေလိုက်သည်!

“ဟင်၊ ဒီလိုလည်း ရတာပဲလား?”

စုကျိုသည် ထိုလူငယ်လေး၏သန့်စင်သော မိစ္ဆာစွမ်းအားများမှာ အေးမြပြီးသက်တောင့်သက်သာရှိသော ရေကန်ငယ်လေးကဲ့သို့ သူ့ သွေးကြော များအတွင်းစီးဝင်လာသည်ကို ခံစားလိုက်ရသည်။

မီးဓာတ်ဝိညာဉ်စွမ်းအားကြောင့် နာကျင်စွာခြောက်သွေ့ပူလောင်နေသော သွေးကြောများမှာ ချက်ချင်းသက်သာရာရသွားတော့သည်။

ချန်ယွမ် တိုးတိုးလေး ပြောလိုက်သည်။

“အဲဒါတွေက မကောင်းဘူး”

တကယ်ပါပဲ~

ချန်ယွမ်၏မိစ္ဆာစွမ်းအားက သူမကို ပိုသက်သောင့်သက်သာခံစားရစေသည်။

ရုတ်တရက် စုကျိုသွေးကြောများမှာ ပြေလျော့သွားပြီး နာကျင်မှုများလည်းပျောက်ကွယ်သွားတော့သည်။

သူ သက်ပြင်းအရှည်ကြီးတစ်ချက်ချပြီးနောက် ကျေနပ်သွားကာ သူ့နောက်ကျောမှ လက်မောင်းကိုပုတ်လိုက်သည်။

"ကောင်းပြီ ချန်ယွမ်၊ နင် အခု ကျင့်ကြံလို့မရသေးဘူးလေ၊ နင့်ရဲ့ မိစ္ဆာစွမ်းအားတွေကို အလဟဿမဖြုန်းတီးနဲ့တော့”

"ဟင် ? ဟုတ်သားပဲ၊ နင်က ကျင့်ကြံလို့မရဘူးပဲ”

စုကျိုသည် ကုတင်ဘေးတွင် သူ့ရွှေလက်ချောင်းလေးကို ထောက်ထားရင်း မြေပြင်ပေါ်၌ပြန့်ကျဲနေသော မုန်လာဥနီလေးလုံးကို မိစ္ဆာလူငယ် လေးဘက်သို့ညွှန်ပြလိုက်သည်။

"ချန်ယွမ်... နင့်ရဲ့ မိစ္ဆာအမြုတေက အပိတ်ခံထားရတာဆိုတော့ ရှေ့ဆက်တိုးလို့မရတော့ဘူးလို့ ပြောကြတယ်မလား”

"ဒါဆိုရင် ဒီဝိညာဉ်အုတ်မြစ်တွေသုံးပြီးတော့ ဖြည်းဖြည်းချင်းကျင့်ကြံပြီး အဆင့်တက်လို့မရဘူးလား?"

ကျူးပိုင်ယွီနှင့် လိုကျားတို့မှာ ထိုမြင်ကွင်းကို ဆက်ကြည့်ရန်အားမရှိတော့သဖြင့် ချက်ချင်းထွက်ပြေးသွားကြတော့သည်။

စုရှင်းချန်နှင့် စုကျီကျီတို့မှာမူ သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ယောက်ကလက်ထဲမှ သစ်ကိုင်းလေးကို ထုတ်၊ နောက်တစ်ယောက်က သစ်ရွက်လေးများကို မြက်ကွင်းလေးဖြစ်အောင်ရက်လုပ်လိုက်ကြသည်။

သူတို့သည် [ ရွှေရောင်၊ ထိပ်တန်းမီးဓာတ် ဝိညာဉ်အုတ်မြစ် ] လေးခုအားသီကုံးပြီး ဆွဲကြိုးကြီးတစ်ကုံးပြုလုပ်ကာ ချန်ယွမ့် လည်ပင်းတွင် ဆွဲပေးလိုက်ကြသည်။

ချက်ချင်းပင် စုမျိုးနွယ်ဝင်သုံးယောက်လုံးမှာ ချောမောလှပသော မိစ္ဆာလူငယ်လေးကိုကြည့်ကာ ကျေနပ်စွာခေါင်းညိတ်လိုက်ကြသည်။

ဒါကတော့ အိမ်မှာအရုပ်ကလေးတွေကို အလှဆင်ပေးရတဲ့ ပျော်ရွှင်မှုမျိုးပင်။

သူသည် မွေးရာပါရုပ်ရည်ထူးချွန်သူဖြစ်ရာ၊ မျက်ရည်စက်ပုံစံ ပတ္တမြားဆွဲကြိုးကြီးမှာ သူ့မျက်လုံးထောင့်မှ နီရဲသောကင်းမြီးကောက်အမြီးပုံ တက်တူးနှင့်လိုက်ဖက်နေပြီး အေးစက်သောငွေရောင်အကြေးခွံလေးများကို ပိုတောက်ပသွားစေသည်။

လှလိုက်တာ!

ခဏချင်းမှာပင် ချန်ယွမ့်ပတ်ဝန်းကျင်ရှိ မီးဓာတ်ဝိညာဉ်စွမ်းအင်များမှာ မြင့်တက်လာတော့သည်။

သူသည် ထိုစွမ်းအင်များကို အေးမြသော မိစ္ဆာစွမ်းအားအဖြစ်ပြောင်းလဲကာ စုကျို ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ်စီးဝင်စေလိုက်သည်။

"အာ... အခုမှပဲ အေးအေးဆေးဆေး အနားယူလို့ရတော့တယ်”

စုကျိုသည် ရသမျှ အမြတ်အစွန်းအားလုံးကိုအသုံးချပြီးသွားသဖြင့် စိတ်အေးလက်အေးနှင့်မျက်လုံးမှိတ်လိုက်သည်။

သို့သော် သူ အိပ်ပျော်ခါနီးမှာပင် အပြင်ဘက်မှဟိန်းထွက်လာသော အသံကြီးတစ်သံကိုကြားလိုက်ရသည်။

"စုကျို ဘယ်မှာလဲ ? ငါက ဒီအဆင့်ရဲ့အကြီးအကဲ လဲ့အော်ပဲ”

"ဒီလောက်တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ပုံရိပ်ယောင်ထဲက ဝိညာဉ်မြူတွေကြားထဲ မျက်စိလည်သွားစေလောက်အောင် လက်ရာမြောက်တဲ့ လူပုံစံ သစ်သားရုပ်ထုကိုးခုကို ထုလုပ်နိုင်တဲ့ ပညာရှင်မျိုး ငါ တစ်ခါမှမမြင်ဖူးသေးဘူး!"

ဝိညာဉ်မြူတွေကြားထဲ မျက်စိလည်သွားစေတာလား?

စုကျို မျက်ခုံးပင့်လိုက်သည်။

ဝါးတားတားတွေ ဖြစ်နေတာကို ပြောတာလား?

သူပြောတဲ့ လူပုံစံသစ်သားရုပ်ထုက ဘယ်ဟာကိုပြောတာပါလိမ့်?

စုကျိုသည် ကုတင်ဘေးတွင် ထောင်ထားသော လက်မကြီးနှစ်ခုကိုကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘောင်ပေါ်ရှိပြသခွင့်မပြုသော သော့ခလောက်ပါသည့် အတွင်းခံကိုကြည့်လိုက်သည်။

သူမသည် ချန်ယွမ်ဝတ်ဆင်ထားသော ပတ္တမြားဝိညာဉ်အုတ်မြစ်ဆွဲကြိုးကို ပြန်လှည့်ကြည့်လိုက်သည်။

"ဒါပေမဲ့ ငါ လဲ့အော် တကယ်နားမလည်နိုင်တာက၊ နင့် လက်ရာက ဘယ်လောက်ပဲ အသက်ဝင်နေပါစေဦးတော့၊ ဘာလို့ ကျင်းကန်းပေါင်နဲ့ ရင်းမြောင်တို့က နင့်ကို စိန်ခေါ်ဖို့ကြောက်နေကြပြီး ငါတို့ အဆင့် ၃၀ ရဲ့မျက်နှာကို အရှက်ခွဲနေကြတာလဲ ?"

"ငါ လဲ့အော်က အဆင့် ၃၀ ရဲ့ အဓိကတပည့်ကြီးအနေနဲ့၊ အဆင့် ၃၀ မှာရှိတဲ့ အခြေခံအဆင့် ကျင့်ကြံသူအားလုံးကိုကိုယ်စားပြုပြီး နင့်ဆီကနေ သင်ခန်းစာယူဖို့ အထူးတလည်လာခဲ့တာ!"

အောက်ခြေအဆင့်များက အထက်အဆင့်များကိုစိန်ခေါ်သည့် ဝင်းအတွင်းရှိ လူတိုင်း၏မျက်နှာမှာရှုပ်ထွေးကုန်သည်။

ချန်ယွမ့် ရင်ခွင်ထဲတွင် ခိုဝင်နေသော စုကျိုသည် ခေါင်းကိုမော့လိုက်သည်။

သူမ မျက်ဝန်းများမှာ ဖြည်းဖြည်းချင်းတောက်ပလာရသည်။

"ချန်ယွမ်... သူ ခုနက ဘာပြောလိုက်တာ ?"

"လူတိုင်းကို ကိုယ်စားပြုပြီး... ကိုယ့်သဘောနဲ့ ကိုယ် အစမ်းသပ်ခံဖို့လာတာတဲ့လား ?”

All Chapters