အခန်း (၈၅)
Vol. 9 Ch. 85
🥝 Chapter 85
လဲ့အော်၏စိန်ခေါ်မှုကို စုကျို စိတ်ဝင်တစားဖြင့် ခေါင်းလေးအသာမော့ကာ နားထောင်နေသည်။
သို့သော် သူမ၏ ဝိညာဉ်စစ်ဆေးရေးလက်ပတ်ကြောင့် အားအင်ကုန်ခမ်းနေပြီး တုန်ရီနေဆဲဖြစ်သော သူ့လက်များကို ကြည့်ကာ လိမ္မာပါးနပ်စွာ ဖြင့်ပြန်လှဲနေလိုက်သည်။
တိုက်သင့်တဲ့အချိန်မှာ တိုက်ရမယ်
မတိုက်သင့်တဲ့အချိန်မှာတော့... လမ်းတစ်ဝက်တင် ရပ်ထားရမယ်
စုကျိုသည် စာတစ်စောင်အမြန်ရေးပြီး စုရှင်းချန်အား သွားပို့ခိုင်းလိုက်သည်။
“စုကျို... စု... စု... စု...”
လဲ့အော်ကမူ သိသိသာသာစိတ်မရှည်ဖြစ်နေလေပြီ။ သူသည် ဝင်းအပြင်ဘက်တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ကာ၊ ရွှေနီရောင် လှံရှည်ကြီးကို ကိုင်ဆောင်လျက် ဝင်ပေါက်နားတွင် ဟိုဟိုဒီဒီလမ်းလျှောက်နေသည်။
အဆင့် ၃၀ ၏ထိပ်သီးခေါင်းဆောင်နှင့် ပထမအသင်းခေါင်းဆောင်ပီပီ၊ လဲ့အော်၏မြင့်မားသော နှာတံပေါ်တွင် ရွှေနီရောင် ‘ခေါင်းဆောင်’ ဟူသော စာလုံးတစ်လုံးရှိနေသည်။
သူ လှုပ်ရှားလိုက်တိုင်း သူ့မျက်ဝန်းထဲ လျှပ်စီးများတစ်ချက်တစ်ချက်လက်သွားပြီး ထိုစာလုံးကိုဝန်းရံသွားတတ်သည်။
သူသည် အသင်းခေါင်းဆောင်အဖြစ်သာမက အဆင့် ၃၀ ၏စံပြပုဂ္ဂိုလ်တစ်ဦးအနေဖြင့်ပါ တကယ်ကိုအလုပ်ရှုပ်နေသူဖြစ်သည်။ စုကျိုအား စောင့်နေစဉ်မှာပင် ပိုးစာရွက်သတင်းစကားများစွာ သူ့ထံသို့ ပျံသန်းလာကြသည်။
ဒါတွေကတော့ ဝိညာဉ်ပိုးဖလံဂေဟာရှိတပည့်များက သူတို့ အဓိကတပည့်ကြီးထံ ကျင့်ကြံခြင်းဆိုင်ရာနည်းလမ်းများကို လာရောက်မေးမြန်း ကြသည့် စာများပင်။
လဲ့အော်သည် ဤတာဝန်ကို ထုံးစံအတိုင်းပင်ပခုံးထမ်းထားရသည်။ စုကျိုအား စိန်ခေါ်မှုကိုလက်ခံရန် အော်ခေါ်နေစဉ်မှာပင် သူ့ ရွှေနီရောင်လှံရှည်ကြီးအားကိုင်လျက် ဝင်းပေါက်၌ပင် ထိုမေးခွန်းများကိုပြန်လည်ဖြေကြားပေးနေသည်။
“ကျင့်ကြံမှုကို ဘယ်လိုအရှိန်မြှင့်ရမလဲ? အဆင့် ၂၀ ရဲ့ အဆင့် ၃,၀၀၀ ကနေ အဓိကတပည့်ကြီး ဘယ်လိုဖြစ်လာတာလဲ...”
လဲ့အော် အားတက်သရောပြန်ရေးလိုက်သည်။
“ဒါပေါ့... နေ့တိုင်း ကောင်းကင်လျှပ်စီးတွေအောက်မှာ ကိုယ့်ရဲ့ အရိုးနဲ့ အသားတွေကို အကြိမ်ကြိမ်အသွန်းလောင်းခံရတာပေါ့!”
“အားနည်းတဲ့သူက အားသန်တဲ့သူကို ဘယ်လိုအနိုင်ယူရမလဲ?”
လဲ့အော်က ချက်ချင်းပြန်ဖြေသည်။
“ဒါပေါ့... တည့်တည့်တိုးပြီး တိုက်ခိုက်ရမှာပေါ့! ရှုံးရင် ထပ်တိုက်၊ ထပ်ရှုံးရင် ထပ်တိုက်... တစ်ဖက်လူက စိတ်ကုန်ပြီး သေသွားတဲ့အထိ တိုက်ရမယ်”
စာလာပို့သော စုရှင်းချန်မှာ ဆွံ့အသွားရသည်။ လဲ့အော်ကား တကယ့်ကိုစိတ်မြန်လက်မြန် ရှိလှသည်။ သူသည် စုရှင်းချန်ကို မြင်သည်နှင့် တဟားဟားရယ်ကာ ပြေးလာတော့သည်။
“မင်းက စုကျိုလား? ကောင်းတယ်၊ ကောင်းတယ်၊ ငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်စမ်း၊ လာလေ!”
လဲ့အော် သူ့ကျဲ စုကျို၏တံဆိပ်အား ခတ်နှိပ်ရန်လှမ်းအုပ်လိုက်သည်ကို စုရှင်းချန် ကြည့်နေမိသည်။
သူ အလွန်စိတ်လောနေသဖြင့် ဝိညာဉ်တံဆိပ်ပေါ်မှ စာသားကိုပင် သေချာမဖတ်တော့ဘဲ လက်မှတ်ထိုးလိုက်တော့သည်!
[ အဆင့် ၃၀ ၏အကြီးအကဲ လဲ့အော်သည် အဆင့် ၃၀ ရှိ ကျင့်ကြံသူအားလုံးကိုကိုယ်စားပြု၍ မနက်ဖြန်မှစကာ စုကျို၏ ‘ထိတွေ့မှု’ ကို လက်ခံပြီး သူမ၏မွေးရာပါ ဝိညာဉ်စွမ်းအင်ကို စမ်းသပ်ရန် သဘောတူညီချက်၌ လက်မှတ်ထိုးလိုက်သည်။ ]
[ အကျိုးအမြတ်နှင့်ရရှိသမျှ အရာအားလုံးသည် ကျင့်ကြံသူစုကျို၏ ပိုင်ဆိုင်မှုဖြစ်စေရမည်။ ]
[ ဖြစ်ပေါ်လာသမျှ ဆိုးကျိုးအားလုံးကို လဲ့အော်နှင့် အဆင့် ၃၀ ရှိ တပည့်များကသာ တာဝန်ယူရမည်။ ]
လက်မှတ်ထိုးပြီးနောက် လဲ့အော် အနည်းငယ်ကြောင်သွားပြီး သူ့ ခါးတစ်ဝက်ခန့်သာရှိသော စုရှင်းချန်ကိုငုံ့ကြည့်လိုက်သည်။
“စုကျို... မင်းက နည်းနည်းတော့ ပုတာပဲ”
“ဒါပေမဲ့ မင်း ဒီလောက်နှေးကွေးလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ဘာလို့ မနက်ဖြန်အထိ စောင့်နေမှာလဲ?”
အာ... ဒါကတော့...
စုရှင်းချန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူက ‘မနက်ဖြန်’ ဆိုတဲ့ စကားလုံးကိုပဲ ဖတ်လိုက်တာလား?
ဒါ အဆင့် ၃၀ ရဲ့ အကြီးအကဲရဲ့ဉာဏ်ပညာများလား?
ပြီးတော့...
“ခေါင်းဆောင်လေ... ကျွန်တော်က... စုရှင်းချန်ပါ”
“မင်း ငါလဲ့အော်နဲ့ မပြိုင်ရဲလို့ ချက်ချင်းကြီးနာမည်ပြောင်းလိုက်တာလား?”
လဲ့အော် အကြီးအကျယ် အံ့အားသင့်သွားသည်။
စုရှင်းချန်လည်း မှင်သက်သွားရတော့သည်။
စုကျို၏အခန်းထဲတွင်မူ ယင်လီသည် [ ရွှေမုန်လာဥ ] သိမ်းဆည်းပြီးနောက် လဲလျောင်းနေသောစုကျိုအား အခြေအနေကိုရှင်းပြရန်ပြန်ဝင်လာ ခဲ့သည်။
“လဲ့အော်က တိုက်ခိုက်ရေးအရူးပဲ”
“သူက သစ်သားနဲ့ လျှပ်စီး ဝိညာဉ်မြစ်ဖျား နှစ်မျိုးစလုံးရှိတာ၊ သူ့ ပါရမီက သစ်ပင်ရှိတဲ့နေရာတိုင်းမှာ လျှပ်စီးစွမ်းအားကိုဆင့်ခေါ်နိုင်တဲ့ ရှားပါးစွမ်းရည်ပဲ”
ဗေဒင်ပညာရှင်မလေး ဟောက်ယို့လုကလည်း ဘေးကနေခေါင်းညိတ်ထောက်ခံသည်။
“သူ့ရဲ့ အားနည်းချက်က စိတ်စောလွန်းတာပဲ”
လိုကျား မျက်လုံးမှိတ်လျက် သက်ပြင်းချလိုက်သည်။
“ဦးနှောက်ဆိုတာ ရှိသင့်တဲ့ အရာတစ်ခုပါ၊ ဒါပေမဲ့ ခေါင်းဆောင်လေကတော့ အပြင်ထွက်ရင် အဲဒါကိုယူလာဖို့ ခဏခဏ မေ့နေတတ်တယ်”
ချန်ယွမ့်ရင်ခွင်ထဲတွင် လဲလျောင်းနေသော စုကျိုမှာ စိုးရိမ်သွားသည်။
“ဒါဆိုရင် မနက်ဖြန်အတွက် စီနီယာအစ်မယို့လုကို ဗေဒင်တွက်ခိုင်းရမယ်၊ အတိတ်နိမိတ်မကောင်းရင် မသွားဘူး”
“ပြိုင်ပွဲမှာ သူ့ဦးနှောက်ကိုသာ ငါ မိတ္တူကူးမိရင်တော့ တကယ့်ပြဿနာပဲ”
အခန်းထဲရှိ လူတိုင်း : “...”
ယင်လီသည် ကုတင်ဘေးတွင်ထိုင်ကာ လက်ထဲမှဓားပါးလေးဖြင့် ကျင်းကန်းပေါင်၏ကွဲအက်နေသော ဦးခေါင်းခွံနောက်စိကိုပြုပြင်နေရင်း သူ့ လှုပ်ရှားမှုများ ခဏတာရပ်တန့်သွားသည်။
သူမ အမူအရာမှာ ထူးဆန်းနေသည်။
“စုကျို... နင့်ရဲ့မောင်လေးကို လဲ့အော် ဖမ်းသွားပြီ”
“သူက နင့်မောင်ကို နင်ပဲလို့ အခိုင်အမာဇွတ်ငြင်းနေတာလေ”
စုကျို: “...”
စုကျီကျီ မျက်လုံးများပြူးကျယ်သွားရသည်။ ဒီလိုဦးနှောက်မျိုးနဲ့လူက အဆင့် ၃၀ ရဲ့ အဓိကတပည့်ကြီးဖြစ်နေတာ တကယ်ပဲ အဆင်ပြေရဲ့ လား?
“အဲ့တော့... သူ့အစွမ်းအရဆိုရင် အဆင့် ၄၀ ကို သူရောက်နေတာကြာလှပြီ၊ ဒါပေမဲ့ လေမျိုးနွယ်စုကလူကြီးတွေက သူ့ကို အပေါ်တက်ခွင့် မပေးဘူးလို့ပြောကြတယ်၊ လွန်ခဲ့တ့ နှစ်တစ်ရာတုန်းက ဆရာကြီးတစ်ပါးက ဟောခဲ့ဖူးတယ်လေ၊ လဲ့အော်သာ အမြုတေအဆင့်ကိုချိုးဖျက်ပြီး အဆင့် ၄၀ ကို ရောက်သွားမယ်၊ ပြီးတော့ အဲ့ဒီမှာ တညအိုလက်တွဲဖော်တစ်ယောက်ကို ရှာတွေ့ခဲ့မယ်ဆိုရင် သူ သေချာပေါက်ကပ်ဘေးသင့် လိမ့်မယ်တဲ့”
ယင်လီကမူ အတင်းအဖျင်းသတင်းများကို ရယ်မောလျက်ပြောပြနေသည်။
“တကယ်တော့ အဲ့ဒီဆရာကြီးဆိုတာက လေမျိုးနွယ်စုကလုပ်ကြံဖန်တီးထားတာပါ၊ သူတို့က လဲ့အော်စိတ်ထဲမှာ တိုက်ခိုက်ဖို့ပဲ ရှိနေတာကို ကြောက်နေကြတာ... သူက အရမ်းအရူးအအနဲ့ သဘောကောင်းလွန်းတော့ လှည့်စားခံရမှာ၊ ဒုက္ခရောက်မှာကို စိုးရိမ်နေကြတာလေ”
သစ်သားဓာတ်နဲ့ပတ်သက်သည့် သတင်းအချက်အလက်မှန်သမျှ လက်ဝယ်ရှိတဲ့ ယင်လီပီသပါပေတယ်။
စုကျို သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ တကယ်ပဲ တိုက်ခိုက်ဖို့ပဲသိတဲ့ အရိုးခံ ‘မိန်းကလေး’ တစ်ယောက်လိုဖြစ်နေတာလား?
(လဲ့အော်၏စရိုက်ကို ဆိုလိုခြင်းသာ)
ဒီလောက်အေးဆေးတဲ့သူကို ငါလက်ဖျားနဲ့တို့သင့်ရဲ့လား?
“စုကျို၊ နင့်မောင်လေး အဖမ်းခံရပြီး တိုက်ခိုက်ရေးကွင်းကို ခေါ်သွားခံလိုက်ရပြီ”
“အိုး... စုရှင်းချန် ရှုံးသွားပြီ...”
ယင်လီ သတင်းများကို အမြန်လက်ဆင့်ကမ်းပေးနေသည်။
“မြန်လွန်းတယ်၊ ကောင်းကင်က ပုံရိပ်ယောင်တောင် သူတို့တိုက်ပွဲကို သေချာမဖမ်းမိလိုက်ဘူး”
“အခု လဲ့အော်က စုရှင်းချန်ကိုမေးနေတယ်၊ ‘စုကျို... မင်းက ဘာလို့ ငါ့ကို ဒီလောက် စိတ်ပျက်စရာကောင်းအောင် အရှုံးပေးရတာလဲ? မင်းရဲ့ သစ်သားပန်းပုစွမ်းအားကိုတောင် ထုတ်မသုံးဘူးလား!’ တဲ့”
“...”
စုကျို နှုတ်ဆိတ်သွားရသည်။
ခဏအကြာတွင် စုရှင်းချန်တစ်ယောက် ဖူးရောင်နာကျင်နေသော ဒဏ်ရာများ၊ လျှပ်စီးကြောင်းများ တဖျတ်ဖျတ်လက်နေသော ခန္ဓာကိုယ်ဖြင့် တိတ်ဆိတ်စွာပြန်ရောက်လာသည်။
သူ စုကျို အခန်းထဲသို့ချက်ချင်းဝင်လာ၏။
“သူ မနက်ဖြန် ငါ့ကို ပြန်စိန်ခေါ်ဦးမယ်တဲ့”
စုရှင်းချန်က အမောတကော ပြောလာသည်။
“ငါ့နာမည်ကို စုကျီကျီလို့ ပြောင်းလိုက်ရင်တောင် အပိုပဲတဲ့”
စုကျီကျီ: “ကျဲ”
စုကျို နှုတ်ခမ်းများတွန့်သွားရသည်။
“ကောင်းပြီ၊ သွားပြီး ဂူသင်္ချိုင်းကျောက်တိုင်ပေါ်မှာ လှဲပြီးအနားယူလိုက်တော့” စုကျို ကလေးကိုအမြန်ပင် အနားယူခိုင်းလိုက်သည်။
စုရှင်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့အခန်းသို့ ပြန်သွားပြီးနောက် မကြာမီမှာပင် ပြင်းထန်သော လေ့ကျင့်သံများ အခန်းထဲမှထွက်ပေါ်လာ သည်။ လဲ့အော်ကြောင့် သူ အတော်လေးစိတ်ဓာတ်ကျသွားပုံရသည်။
လူတိုင်း စုရှင်းချန်ကိုသွားရောက်နှစ်သိမ့်လိုက်ကြသည်။
စုကျိုတစ်ယောက်သာ အနားယူရန်လိုအပ်သဖြင့် စိတ်ချင်းဆက်သွယ်ကာ နှစ်သိမ့်စကားပေးပို့ပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းကာ ပုံရိပ်မှတ်တမ်းတင်ကျောက်တုံးလေးကို ကစားနေသည်။
“ဖူး...”
ခဏအကြာတွင် စုကျို ဘေးစောင်းလှဲကာ တဟားဟားရယ်မောလိုက်တော့သည်။ တကယ် ရယ်ရလွန်းလို့ပါ။
ဟား ဟား ဟား ဟား~
စုကျိုထက် နောက်ကျမှထွက်လာသောရယ်သံများကြောင့် သူမ ကုတင်ပေါ်တွင် လူးလိမ့်ကာ ဗိုက်ကိုနှိပ်၍ရယ်နေမိသည်။
အခန်းထဲရှိ ကြေးဝါပုံကြီးပေါ်တွင် ထိုင်နေသောဝတ်ရုံနီနှင့် မိစ္ဆာလူငယ်လေးသည် ငုံ့ကြည့်လိုက်ကာ သူမနှင့်အတူလိုက်ပြုံးမိသွားသည်။
“ချန်ယွမ်... ဒီလူတွေအားလုံး တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ နင်ရော အဲ့လိုမထင်ဘူးလား?”
“အင်း”
ဝတ်ရုံနီနှင့် လူငယ်လေးက တိတ်ဆိတ်စွာပြန်ထူးသည်။
‘နင့်ဘေးမှာ ရှိနေရတာက စိတ်ဝင်စားဖို့အကောင်းဆုံးပဲ’
သူသည် သူ့ခြေထောက်မှ ရွှေနီရောင်နဂါးပတ်ခြေညှပ်ဖိနပ်ကိုငုံ့ကြည့်လိုက်သည်။ စီးရတာ သက်သောင့်သက်သာရှိပြီး မြေပြင်ပေါ်မှာ ပေါ့ပါးလှသည်၊ အစိမ်းသက်သက်ဖြစ်နေတာမျိုး ဒါမှမဟုတ် ချုပ်နှောင်ခံထားရသလိုမျိုးမခံစားရပေ။
သူသည် ချုပ်နှောင်ခံရသည့် ခံစားချက်ကို အမြဲတမ်းမုန်းတီးခဲ့သည်။
အရိုးနှင့်အသားများကို ကြေးဝါသော့များနှင့် သံကြိုးများဖြင့် ထိုးဖောက်ခံရကာ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းအကျဉ်းချခံခဲ့ရသည်။
သူ အမြဲတမ်းကျွန်ပြုခံရကာ အမိန့်ပေးခံခဲ့ရသည်။
အနည်းငယ်မျှ မကျေနပ်ခြင်း သို့မဟုတ် မတရားမှုကိုပြသမိပါက ကျင့်ကြံသူများ၏စုပြုံနေသော ဒေါသများအား သူ့အပေါ်သို့ပုံချခံခဲ့ရသည်။
ဒါပေမဲ့ သူမသည်... သူ့အား လေညင်းကဲ့သို့ လွတ်လပ်ခွင့်ပေးခဲ့သည်။
ချန်ယွမ် ခေါင်းငုံ့လိုက်သည်။ ခြေညှပ်ဖိနပ်စီးထားသော သူ့ခြေထောက်လေးများကမူ လွတ်လပ်စွာလှုပ်ရှားနေကြသည်။
မိစ္ဆာများ၏ထူးခြားသော ခြေချောင်းလေးများမှာ တိုက်ပွဲဝင်ချိန်တွင် လွတ်လပ်စွာဆန့်ထွက်နိုင်သည်။
ဘာချုပ်နှောင်မှုမှမရှိပေ၊ သို့တိုင် ကာကွယ်မှုတော့ ရှိနေသည်။
ဘာကြောင့် ပါလိမ့်...
ဘယ်လောက်ကြာအောင် အသက်ရှင်ခဲ့လဲ၊ ဘယ်လောက်ကြာအောင် ကျွန်ပြုခံခဲ့ရလဲဆိုတာကိုတောင်မမှတ်မိတော့တဲ့ ဒီမိစ္ဆာလူငယ်လေးဟာ ကျောက်စိမ်းကုတင်ပေါ်မှာ တောက်ပစွာရယ်မောနေတဲ့ လှပတဲ့အမျိုးသမီးလေးကိုငုံ့ကြည့်ရင်း မေးခွန်းထုတ်မိသည်။
သူမနဲ့ တွေ့ခွင့်ရခဲ့တာ သူ ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ?
“ချန်ယွမ်...”
ဝတ်ရုံနီနှင့် မိစ္ဆာလေးသည် သူမ ခေါ်သံကြောင့် သူ့ ရှေ့သို့ ချက်ချင်းခုန်ဆင်းလာသည်။
စုကျို ပြုံးလျက် သူ့ခြေထောက်မှ ရွှေနီရောင်ခြေညှပ်ဖိနပ်ကိုတစ်ချက်ကြည့်လိုက်သည်။
“နင်နဲ့ တကယ်လိုက်တာပဲ၊ ဒါနဲ့ တပိုင်ကော နင့်ဆီမှာ ရှိသေးလား? ဒီနေ့ကစပြီး အဲ့ဒီကောင်လေးကို နင်ပဲတာဝန်ယူပြီး စောင့်ရှောက်ပေတော့”
သူမ ကမ္ဘာပျက်ကပ်ကတည်းက ဘာတစ်ခုကိုမှ အောင်အောင်မြင်မြင်မမွေးမြူနိုင်ခဲ့ဖူးပေ။
“ကောင်းပြီ၊” ချန်ယွမ် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်လည်း နေ့တိုင်း မှတ်တမ်းတင်ကျောက်တုံးကို ဖွင့်ထားဖို့မမေ့နဲ့ဦး၊ အပြောင်းအလဲမှန်သမျှကို မှတ်တမ်းတင်ရမယ်၊ ပြီးတော့ စွန့်ပစ် ထားတဲ့ ဝိညာဉ်လက်နက် အပိုင်းအစတွေကိုလည်း ပုံမှန်ကျွေးပေးဦး၊ အော်... နင်က ‘ပိုးကောင်ပြုစုပျိုးထောင်ခြင်း နည်းစနစ်’ ကို မသိသေး ဘူးပဲ”
ချန်ယွမ်က သူ့ဘယ်ဘက်လက်ကို အမြန်ဆန့်ထုတ်လိုက်ရာ သူ့ လက်ထိပ်လေးတွင် ဖြူစင်သောအလင်းတန်းတစ်ခုပေါ်ထွက်လာသည်။
စုကျို အတော်လေးအံ့အားသင့်သွားရသည်။
“နင် ဒါကို တကယ် သင်ယူပြီးသွားတာလား?”
စုရှင်းချန်နှင့် စုကျီကျီတို့တောင်မှ ထိုနည်းစနစ်အား သေသေချာချာမကျွမ်းကျင်ကြသေးပေ။
ချန်ယွမ် လူသားကျင့်ကြံသူရဲ့ဝိညာဉ်အုတ်မြစ်ကို ရထားတာ ဘယ်လောက်တောင်ကြာသေးလို့လဲ?
တစ်နာရီတောင် မပြည့်သေးဘူးလေ။
“အင်း၊ မခက်ပါဘူး”
ချန်ယွမ် ခေါင်းငြိမ့်လိုက်သည်။ သူ့ မိစ္ဆာသွေးမျိုးဆက်၏ဖိနှိပ်မှုကပင် လူသားနည်းစနစ်တွေမပါဘဲ ဝိညာဉ်ပိုးကောငအားနာခံစေရန် လုပ်ဆောင်နိုင်သည်။
သို့သော် သူမ သူ့အားမွေးမြူခိုင်းသည်ဆိုမှတော့ သူသည် လူသားတို့၏နည်းစနစ်များကို သင်ယူမည်သာ။
“အရမ်းကောင်းတာပေါ့! ဒါဆိုရင် သူ့လှောင်အိမ်ကို နင့်ကြေးဝါပုံကြီးပေါ်မှာ သွားထားလိုက်လေ၊ တပိုင်က နင်နဲ့အတူရှိရတာကို တကယ်ကြိုက်ပုံပဲ”
“အင်း၊ သူ ကျွန်တော့်ဆီမှာ ရှိပါတယ်” ချန်ယွမ် ခေါင်းငြိမ့်လိုက်စဉ် သူ့ မြစိမ်းရောင်မျက်လုံးများထဲ နက်ရှိုင်းသောအလင်းတစ်ခုလက်သွား သည်။
သူ မွေးပေးမှာပေါ့
သူမက သူ့ကိုပဲ မွေးချင်တာလေ
သူက သူမ မွေးတဲ့ တစ်ဦးတည်းသော မိစ္ဆာဝိညာဉ်ပဲ။
ပိုးကောင်လေး...
ချန်ယွမ်သည် သူမ ခေါင်းအုံးဘေးရှိ ခုနစ်ရောင်ခြည်ဝိညာဉ်ပိုးအိပ်ရာကိုကြည့်ကာ ချက်ချင်းမယူလိုက်ပြီး အခန်းထောင့်ရှိ ကြေးဝါပုံကြီးပေါ်သို့ ပစ်တင်လိုက်တော့သည်!
ရွှေလှောင်အိမ်ထဲမှထွက်လာပြီး စားပွဲပေါ်ရှိ ရတနာကုလားထိုင် အပိုင်းအစများကိုစားနေသော ခုနစ်ရောင်ခြည်တောက်ပသည့် ဆီးနှင်းဖြူရောင် ပိုးကောင်လေးမှာ - “!”
“ဒါဆိုရင် မဖြစ်မနေလုပ်ရမယ့် တာဝန်တွေကလွဲလို့ ကျန်တဲ့ ဒါပိုင်ကို မွေးမြူတဲ့ နေ့စဉ်အလုပ်တွေ အားလုံးက နင့်အလုပ်ပဲ၊ သူ့ကို သတ္တိတွေလည်း ပေးလိုက်ပါဦး”
မိစ္ဆာလူငယ်လေး ပြုံးလိုက်သည်။
“ကောင်းပါပြီ သခင်... စိတ်မပူပါနဲ့”
စုကျိုသည် သူ့ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းသည့် နည်းစနစ်ကိုလေ့ကျင့်ရင်း အမြန်အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် စုရှင်းချန်သည် ဖူးရောင်နေသောမျက်နှာဖြင့် ဝင်းထဲသို့ ပြန်ရောက်လာပြီးနောက် ထပ်မံသည်းမခံနိုင်တော့ပေ။
“ကောင်းကင်နဲ့မြေကြီးက သက်သေပါ၊ ကျွန်တော် စုရှင်းချန်က နာမည်ကိုတကယ်မပြောင်းခဲ့တာပါ!”
သူ စိတ်ပျက်လက်ပျက်အော်ဟစ်လိုက်ရင်း သူ့နောက်ကိုလှံရှည်ကြီးကိုင်ကာ လိုက်ရိုက်နေဆဲဖြစ်သော လဲ့အော်ကိုလှည့်ကြည့်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော့်ရဲ့နာမည်ဟောင်းက စုတနျိုပါ၊ စုကျို မဟုတ်ဘူး!”
“စုကျိုက ကျွန်တော့်ကျဲ!”
စုရှင်းချန်သည် ရှက်လွန်း၍ မျက်နှာတစ်ခုလုံးနီမြန်းနေပြီး ပျာပျာသလဲနှင့် လဲ့အော်ကိုလက်ညှိုးထိုးပြလိုက်သည်။
“ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်နေပြီးတော့ ကောင်းကင်ကတိုက်ပွဲပုံရိပ်တွေကိုတောင် မကြည့်ဘူးလား? ကျွန်တော်နဲ့ ကျွန်တော့်ကျဲက တစ်ပုံစံတည်း တူတာမှ မဟုတ်တာ!”
“သူ... က... ကျွန်တော့်... ကျဲ!”
“စုတနျို ?” လဲ့အော် ခဏမျှကြောင်သွားပြီးနောက် သူ့လှံရှည်ကြီးကို မြေပြင်ပေါ်သို့ ဒေါသတကြီးဆောင့်ချလိုက်သည်။
“အဲ့ဒါတွေ ငါ ဘာမှ နားမလည်ဘူး၊ ခေါင်းကို ကိုက်လာပြီ”
“???”
ဒါ ဘာခေါင်းကိုက်စရာ ရှိလို့လဲ!
စုရှင်းချန် စိတ်ဓာတ်ကျသွားကာ လဲ့အော် လည်ပင်းကိုဆွဲပြီး သခင်တစ်ရာခန်းမဆီသို့ ခေါ်သွားတော့သည်။
“မှတ်ပုံတင်ဌာနမှာ မှတ်တမ်းတွေရှိတယ်! ကျွန်တော် စုတနျိုက လွန်ခဲ့တဲ့ သုံးနှစ် အဆင့် ၁ မှာတုန်းက နာမည် ပြောင်းခဲ့တာ၊ တစ်ခါပဲ ပြောင်းဖူးတာ!”
“ကျွန်တော့်ကျဲကို တခြားသူတွေအပေါ် မှီခိုနေတာမျိုးမဖြစ်စေချင်လို့ နာမည်ကို စုတနျိုကနေ စုရှင်းချန် (ကြယ်တာယာ) လို့ပြောင်းခဲ့တာ၊ ကျွန်တော့်ကျဲနဲ့ ညီမလေးအတွက် လမ်းပြပေးမယ့် ကြယ်တစ်ပွင့်ဖြစ်ချင်လို့—”
“ဟင် ? အော်... ဒါကြောင့်ကိုး”
နောက်တစ်နေ့ လမ်းလျှောက်ထွက်လာသော စုကျိုက ထိုစကားကိုကြားသွားသည်။
စုကျီကျီ အာမေဍိတ်သံပြုသည်။
“ညီမကတော့ အစ်ကိုက ‘ရှင်းချန်’ ဆိုတဲ့နာမည်က ကြားလို့ကောင်းလို့ ပြောင်းတယ် ထင်နေတာ”
စုရှင်းချန် ချက်ချင်းမှင်သက်သွားပြီး မျက်နှာ ရဲကနဲဖြစ်သွားရသည်။ သူသည် လဲ့အော်အားဆွဲထားရာမှ ချက်ချင်းလွှတ်လိုက်ကာ
“ကျွန်တော်... ကျွန်တော်... မဟုတ်ဘူး၊ သူ့ကို လိမ်ဖို့ဇာတ် လမ်းဆင်လိုက်တာ...”
သူသည် ဤလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှမပြောဖူးပေ။
စုရှင်းချန်သည် အမြဲတမ်းရှက်နေတတ်သော်လည်း ယနေ့ လဲ့အော်က သူ့အား တကယ်ရူးသွားအောင် လုပ်နေခြင်း ဖြစ်သည်!
“ကျွန်တော် စုကျို မဟုတ်ဘူးလို့ အကြိမ်ကြိမ်ပြောပေမဲ့ သူ မယုံဘူးလေ”
“လမ်းသွားလမ်းလာတွေလည်း သူ မှားနေပြီလို့ ဝိုင်းပြောကြတာကို သူက မယုံဘူး! သူ့ကိုမတိုက်ချင်လို့ ကျွန်တော်က လူတွေကို လာဘ်ထိုးထားတယ်လို့ သူက ထင်နေတာ!”
စုရှင်းချန်မှာ ဒေါသထွက်သဖြင့် တဆတ်ဆတ်ခုန်နေတော့ သည်။
“ခေါင်းဆောင်လေမှာ အသင်းဖော်တွေ မရှိဘူးလား ?”
စုကျီကျီက သံသယဖြင့် မေးလိုက်သည်။
“ဒုတိယအစ်ကိုက ခေါင်းဆောင်လေရဲ့အသင်းဖော်တွေကိုပါ လာဘ်ထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...”
လဲ့အော်သည် အဆင့် ၃၀ ၏ပထမအသင်း ‘အောက်ထျန်းအသင်း’ အော်ထျန်း၏ အသင်းခေါင်းဆောင် ဖြစ်သည်။
စုကျီကျီ ထူးဆန်းသလိုမေးလိုက်သည်။
“သူတို့ကကော ခေါင်းဆောင်လေကို အမှန်အတိုင်းမပြောပြကြဘူးလား ?”