အခန်း (၈၈)
Vol. 9 Ch. 88
🥝 Chapter 88
ဤသို့တွေးမိသည်နှင့် ကျင်းချန်သည် စိတ်ကိုပိုတင်းထားလိုက်ပြီး ဝိညာဉ်ပိုးဖလံဂေဟာ အဆင့် ၄၀ ရှိ ပေါများလှသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ငြင်းဆန်လိုက်သည်။
“ကဲ... လာကြပါဦး အားလုံးပဲ၊ ငါတို့ အဆင့် ၄၀ ရဲ့ ‘နဂါးလုံးဆီးနှင်းလက်ဖက်ရည်’ ကို မြည်းစမ်းကြည့်ကြပါဦး!” ဒုတိယအသင်းခေါင်းဆောင် လေကျဲက နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
ကျင်းချန်က လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ချက်ချင်းပင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည် - “စီနီယာအစ်ကို လေကျဲ၊ အစ်ကို့မှာ အဆင့် ၃၀ ရဲ့ အဓိကတပည့်ဖြစ်တဲ့ ညီလေးတစ်ယောက်ရှိတယ်လို့ ကြားတယ်၊ လေမျိုးနွယ်စုမှာ အဓိကတပည့်နှစ်ယောက်တောင်ရှိတာ တကယ်ကို အားကျစရာပဲ... အား... အား... အား... အု”
ကျင်းချန် နောက်ဆုံးစကားလုံးမှာ ပေါက်ကွဲသံကြီးတစ်ခုအလား တုန်ရီသွားတော့သည်။
ထိုင်နေသော သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါရမ်းခါလာပြီး တိုက်ခိုက်ရေးကွင်း အစွန်းရှိကျောက်လှေကား ၁၀ ထစ်အတိုင်းတစ်ထစ်ချင်း ‘ဘုန်း... ဘုန်း...’ နှင့် ပြုတ်ကျသွားတော့သည်!
သူ့တင်ပါးမှာ သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့သယောင်ပင်။
လေကျဲမှာ မျက်လုံးပြူးသွားရသည်။
ကျန်ရှိနေသော လူရှစ်ယောက်မှာလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ကျင်းချန် မျက်နှာတစ်ခုလုံး ချက်ချင်းနီမြန်းသွားပြီး လေထဲသို့ ခုန်တက်ကာ ဝတ်ရုံကို တဖျတ်ဖျတ်ခါလိုက်ရင်း
“အားလုံးပဲ ဆောရီးပါ၊ ငါက အမြုတေဖွဲ့စည်းဖို့တစ်ဝက်ပဲ လိုတော့လို့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ ရုတ်တရက်ထကြွလာတာကို ထိန်းချုပ်ဖို့အတွက် တရားထိုင်ဖို့ လိုအပ်သွားလို့ပါ!”
“...”
လေကျဲသည် သူ့ထောင်ထောင်မတ်မတ် ဆံပင်တိုများကို ပွတ်သပ်ရင်းရေရွတ်လိုက်သည်။
“...ငါလည်း အမြုတေဖွဲ့စည်းဖို့ တစ်ဝက်ပဲ လိုတာလေ... ငါကျတော့ ဘာလို့ အဲ့လိုမဖြစ်တာလဲ... ဟင်?”
“အား... အား... အား... အု”
လေကျဲက ကျင်းချန်၏ အသံနှင့် ခန္ဓာကိုယ် လှေကားပေါ်မှနောက်ပြန်ပြုတ်ကျသွားသည့် ပုံစံကိုလိုက်တုရင်းစဉ်းစားနေသည်။
ကျန်ရှိသော လူရှစ်ယောက် : “?”
ဒါကြီးက လိုအပ်လို့လား! ဒုတိယခေါင်းဆောင်လေ!
လေကျဲသည် အတော်လေးစိတ်ဝင်စားသွားကာ တိုက်ခိုက်ရေးကွင်းအောက်တွင် နှာခေါင်းကိုပွတ်ရင်းရပ်နေတော့သည်။
“ဒါက ချန်မျိုးနွယ်စုရဲ့ ကျင့်ကြံခြင်းလျှို့ဝှက်ချက် တစ်ခုခုများလား? ဒါကြောင့် ကျင်းချန်ရဲ့ကျင့်ကြံမှုက ဒီလောက်တောင် မြန်နေတာလား?”
---
[ ချစ်လှစွာသော ညီလေး... ငါတို့ မျက်နှာချင်းဆိုင် တွေ့နေရသလိုပါပဲ]
[ မင်းရဲ့ တိုက်ခိုက်ရေးကို အရူးအမူးဝါသနာပါတဲ့ အစ်ကိုကြီးကတော့ အခု အဆင့် ၄၀ မှာ နေ့တိုင်း လေ့ကျင့်နေတယ်၊ ထိပ်သီးဝိညာဉ်လမ်းစဉ် အခြေခံအဆင့် အထွတ်အထိပ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတာပေါ့။]
[ ဒီနေ့ ငါ မင်းဆီစာရေးလိုက်တာက မင်းကို အပျင်းမထူဖို့တိုက်တွန်းချင်ရုံတင် မဟုတ်ဘူး၊ အဓိကကတော့ ချန်မျိုးနွယ်စုရဲ့ကျင့်ကြံခြင်း လျှို့ဝှက်ချက်ဖြစ်နိုင်တဲ့ အရေးကြီးသတင်းတစ်ခုကို ဝေမျှပေးချင်လို့ပဲ! ]
လဲ့အော်သည် တယ်လီပို့ရေတွင်းထဲမှခြေချလိုက်သည်နှင့် သူ့ စီနီယာအစ်ကို လေကျဲထံမှ စာတစ်စောင်ကိုလက်ခံရရှိလိုက်သည်။
သူ ချက်ချင်းစိတ်လှုပ်ရှားသွားသည်!
သူ့အစ်ကိုမှာ တိုက်ခိုက်ရေးနှင့် ကျင့်ကြံခြင်း နည်းစနစ်တွေကို သူ့ထက်ပိုပြီး စူးစမ်းလေ့လာရတာ ဝါသနာထုံသည်မှာမဆန်းပေ!
သူ စာကိုအမြန်ဖွင့်ဖတ်ချင်သော်လည်း၊ ပထမဆုံး သူ့ မစ်ရှင်အဖော် အမျိုးသမီးကျင့်ကြံသူ စုကျိုကိုလှမ်းကြည့်လိုက်သည်။
စုကျိုသည် သူတို့တယ်လီပို့ရေတွင်းမှ ထွက်လာသည့် နယ်မြေကိုအကဲခတ်နေသည်။
သူတို့ လမ်းပျောက်နေကြပြီ။
သူတို့ ပြုတ်ကျခဲ့သည့် နက်ရှိုင်းသော ကျင်းထဲမှပြန်တက်လာသောအခါ၊ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မြင့်မားလှသော သံနက်သတ္တု တောင်ကြီးများက ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။ သာမန်မျက်စိဖြင့်သော်လည်းကောင်း၊ ဝိညာဉ်အာရုံဖြင့်သော်လည်းကောင်း လမ်းကြောင်းကိုခွဲခြား၍မရပေ။
သံသတ္တုတောင်များ၏သံလိုက်စက်ကွင်းကြောင့် သူတို့ အိမ်မြှောင်များမှာလည်း အလုပ်မလုပ်တော့ချေ။
တစ်နယ်လုံးတွင် လူတစ်ယောက်၊ သားရဲတစ်ကောင်တမြီးမှမရှိပေ။
“ဟူး... ဝိညာဉ်အာရုံနဲ့တောင် လမ်းရှာမရဘူး” လဲ့အော်သည် ယခုအချိန်တွင် သူ့အစ်ကိုပေးသောစာကို ဖတ်ရန်စိတ်မပါတော့ပေ။
ပတ်ဝန်းကျင်ရှိ သံတောင်ကြီးများသည် ဝိညာဉ်အာရုံအတွက် သဘာဝအတားအဆီးကြီးများအလားဖြစ်နေသည်။
သူတို့သည် ပေအနည်းငယ်မျှသာ စူးစမ်းနိုင်ပြီး ရှေ့ဆက်မရဖြစ်နေသည်။
“မစ်ရှင်ပေးတဲ့သူက ရွှေနက်ကျေးရွာတစ်ခုလုံး ပျောက်ကွယ်သွားတယ်လို့ သံသယရှိတဲ့အကြောင်း စာပို့ထားတယ်၊ ဒါပေမဲ့ သွားရှာတဲ့ ကျင့်ကြံ သူတွေက ကျေးရွာကိုရှာမတွေ့ကြဘူးတဲ့”
လဲ့အော်က ဝိညာဉ်စစ်ဆေးရေးလက်ပတ်ပေါ်ရှိ မစ်ရှင်လမ်းညွှန်ချက်ကို ကြည့်လိုက်သည်။
“သူတို့ ဘယ်ကိုပဲသွားသွား ဒီသတ္တုတွင်းကြီးထဲမှာပဲ လည်နေသလို ဖြစ်နေတယ်တဲ့”
“လွန်ခဲ့တဲ့နှစ်ရက်က ရွှေနက်ကျေးရွာက သံသတ္တုအသုတ်တစ်ခုထုတ်ခဲ့တယ်၊ သဘောတူညီချက်အရဆိုရင် အနီးနားက မြို့ကိုပို့ပြီး ပုံမှန်ဆက်ဆံနေကျ ပန်းပဲဖိုတွေကို ပေးရမှာလေ”
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံးရောက်မလာခဲ့ဘူး”
ကျင်းကန်းပေါင် မျက်ခုံးပင့်လိုက်သည်။
“ရွှေနက်ကျေးရွာက သူတို့ရဲ့ ကတိသစ္စာကြောင့် နာမည်ကြီးတာပါ၊ ဒါပေမဲ့ ရွာသားအားလုံး ပျောက်သွားတယ်ဆိုတော့... အားလုံး အသတ်ခံလိုက်ရတာများလား?”
စုကျိုသည် ခြောက်သွေ့နေသော ရွှေနက်သတ္တုတွင်း နယ်မြေကိုဝေ့ကြည့်လိုက်သည်။ သူ ရေပုံးကြီးကိုထမ်းထားသည့် ရင်းမြောင်အား ချက်ချင်းလှမ်းကြည့်လိုက်သည်။ သူ့နှစ်ရှည်လများ ရေကို ထိန်းချုပ်နိုင်သည့် ကျွမ်းကျင်မှုကြောင့် ပခုံးပေါ်ရှိ ရေပုံးထဲမှ ရေတစ်စက်လေးပင်လျှင် ဖိတ်စင်ခြင်းမရှိသည်မှာ အမှန်ပင်။
စုကျို မအောင့်နိုင်ဘဲ မေးလိုက်မိသည်။
“ရေကနေ သစ်ပင်တွေ ပေါက်အောင်လုပ်နိုင်တဲ့ နင့်ရဲ့ အစွမ်းက ဘယ်လောက်အထိ အတိုင်းအတာရှိလဲ?”
ရင်းမြောင် သူ့ခေါင်းကို ဂုဏ်ယူစွာမော့လိုက်ပြီး ပြောသည်။
“ရေဆိုတာ အဆုံးမရှိ စီးဆင်းနေတာမျိုးလေ၊ ဘယ်တော့မှ ရပ်တန့်မနေဘူး၊ မြေမျက်နှာသွင်ပြင် ကွဲပြားမှု ရှိနေသရွေ့တော့ အရပ်မျက်နှာ အနှံ့အပြားကို စီးဆင်းသွားမှာပဲ၊ အဲ့ဒီလိုနဲ့ ငါ ပေါက်အောင်လုပ်လိုက်တဲ့ သစ်ပင်တွေက နေရာတိုင်းမှာ ရှိနေမှာ”
စုကျို ချက်ချင်းလက်ဖျစ်တီးလိုက်ပြီး “ဒါဆို ငါတို့ ဘာကိုစောင့်နေကြတာလဲ?”
“သစ်ပင်တွေကို အစွမ်းကုန်ပေါက်အောင်လုပ်လိုက်တော့”
“ငါ ယင်လီကို ဆက်သွယ်လိုက်မယ်”
“!”
ယင်လီသည် အစွမ်းထက်ဆုံးသော သစ်သားဓာတ်ဆက်သွယ်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သစ်ပင်များ ရှိနေသရွေ့ သူမသည် အရာအားလုံးကို သိရှိနိုင်သည်။
အခြားသူများ အံ့အားသင့်နေကြစဉ်မှာပင် စုကျို သူ့ ခါးမှ အနက်ရောင်ဂါဝန်လေးများထပ်လျက် ဝတ်ဆင်ထားပြီး တောက်ပသော နှုတ်ခမ်းနီနီများ ဆိုးထားသည့် ၂၀ စင်တီမီတာ အရွယ် ‘ယင်’ ဂွမ်းအရုပ်လေးကို ရုတ်တရက်ထုတ်လိုက်ပြီးပြောလိုက်သည်။
“ယင်လီ၊ နင့်ဘက်မှာ အခြေအနေဘယ်လိုလဲ? အကူအညီ လိုသေးလား?”
ယင်လီ ပြန်ပြောလာသည်။ “အရာအားလုံး အဆင်ပြေပါတယ်၊ နင် ငါ့ကို ကျင်းကန်းပေါင်ရဲ့ နောက်စိ မိတ္တူတွေ အများကြီးပေးထားတာပဲ၊ ငါ ဘယ်လိုလုပ် အဆင်မပြေဘဲ နေမှာလဲ?”
ကျင်းကန်းပေါင် : “...”
“စီနီယာအစ်မယို့လုနဲ့ ငါတော့ အမျိုးသမီး ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကိုကယ်ထုတ်ပြီးပြီ၊ နင် တစ်ခုခု လိုချင်လို့လား?”
ယင်လီ ဘက်မှ တိုက်ခိုက်သံများထွက်ပေါ်နေသည်။
သိသာသည်မှာ သူတို့၏တယ်လီပို့စက်ဝန်းက ပုံမှန်အလုပ်လုပ်နေခြင်းဖြစ်သည်။ ၎င်းတို့ တိုးတက်မှုနှုန်းမှာ စုကျိုထက်အများကြီး ပိုမြန်နေသည်။
စုကျိုက သက်ပြင်းချလိုက်ပြီးနောက် ဂွမ်းအရုပ်လေးကို သူ့ကော်လာထဲသို့ ထိုးထည့်လိုက်ပြီး “သယ်ယူပို့ဆောင်ရေး ချို့ယွင်းမှုက တကယ် နှောင့်နှေးစေတာပဲ”
“နင့်ဘက်က အလုပ်တွေကို မထိခိုက်ဘူးဆိုရင်၊ ပြီးခဲ့တဲ့ အခေါက်က ကျင်းယွီထန်မြို့မှာ ငါတို့တွေ့ခဲ့တဲ့ ရွှေနက်ကျေးရွာက အဘိုးနဲ့မြေးကို ရှာပေးလို့ ရမလား၊ ပြီးတော့ ရွှေနက်ကျေးရွာရဲ့တည်နေရာကိုပါ ရှာပေးပါ”
“ငါတို့ လမ်းပျောက်နေလို့၊ ဘယ်ကို သွားရမှန်းမသိဘူး”
တိုက်ခိုက်သံများ ထပ်မံထွက်ပေါ်လာပြီးနောက် ယင်လီ အသက်ပြင်းပြင်းရှူကာပြောသည်။
“ကောင်းပြီ”
“စီနီယာအစ်မယို့လု၊ ရင်းမြောင် ပုခုံးရိုးကိုယူပြီး ခဏလောက် ကျမကို ကာကွယ်ပေးထားဦး”
ရင်းမြောင် : “?”
ယင်လီက “ရပြီ ရှောင်ကျို၊ နင့်ပတ်ဝန်းကျင်မှာရှိတဲ့ သစ်သားဝိညာဉ်တွေဆီက အချက်အလက်တွေကိုဖတ်ဖို့ ငါ့ကို အချိန်နည်းနည်းပေးဦး”
စုကျို ရင်းမြောင်ကို လှမ်းကြည့်လိုက်သည်။ ရင်းမြောင်မှာ လန့်သွားပြီး ချက်ချင်းဆိုသလို သူ့ပခုံးပေါ်မှ ရေပုံးကိုစောင်းလိုက်ရာ ရေများ မြေပြင်ပေါ်သို့ ဖိတ်စင်သွားတော့သည်။ သူသည် ဝိညာဉ်အိတ်တစ်ဒါဇင်ကျော်ထဲတွင် ရှိသမျှ ရေအားလုံးကို သုံးစွဲလိုက်ခြင်းဖြစ်သည်!
အမှန်ပင် ရေသည် သစ်ပင်များကိုအားဖြည့်ပေးနိုင်သည်။ စိမ်းလန်းသောအပင်များသည် လေထဲတွင်ပေါက်လာကြတော့သည်! သတ္တုရိုင်း များကြားတွင် ပေါင်းပင်များအညှောက်ထွက်လာကြသည်။
မကြာမီမှာပင် ယင်လီပြန်လည်ဖြေကြားခဲ့သည်။
“နင့်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဝိညာဉ်မျိုးစေ့တွေက ငါ့ကို ပြောတယ်၊ သူတို့ဆီကိုလေတိုက်ခတ်လာတဲ့ နေရာမှာ လူသားတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေ အများကြီးရဲ့အနံ့တွေ ပါလာတယ်တဲ့”
“အနောက်တောင်ဘက်...”
စုကျိုနှင့်အခြားသူများသည် ယင်လီ ညွှန်ကြားချက်များနောက်သို့ လိုက်ပါသွားကြသည်။ ယင်လီကမူ လမ်းညွှန်ချက်များကို ဆက်လက် ပေးနေသည်။
“ရှေ့ မိုင် ၅၀ မှာ ညာဘက်ကို ကွေ့ပါ”
“နင်တို့ သွားမယ့်နေရာက ဘယ်ဘက်မှာ ရှိတယ်...”
“တည့်တည့် ဆက်သွားပေး”
“ဆောရီး၊ နင်တို့ လမ်းကြောင်းကနေ သွေဖယ်သွားပြီ...”
စုကျိုနှင့် အခြားသူများသည် ယင်လီ လမ်းညွှန်အချက်အလက်များကို အစဉ်တစိုက် လိုက်နာကာ သူတို့သွားလိုသည့် နေရာသို့ ရောက်ရှိရန် လမ်းကြောင်းကို အလျင်အမြန်ပြုပြင်ခဲ့ကြသည်။ သူတို့သည် တံတိုင်းများကိုကျော်တက်ကာ အိမ်ခေါင်မိုးများပေါ်မှ ဖြတ်ကျော်ခဲ့ကြသည်။ သူတို့သည် တောင်များကို ပတ်၍သွားခဲ့ကြသည်။ ၎င်းတို့ လမ်းညွှန်မြေပုံကိုလည်း အမြဲတစေ ပြန်လည်ရေးဆွဲနေခဲ့ကြသည်။
နောက်ဆုံးတွင် အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် သူတို့သည် ရွှေနက်သတ္တုတွင်း၏အကျဉ်းဆုံးသော လမ်းပိတ်နေသည့် နေရာသို့ရောက်ရှိသွားကြသည်။
ယင်လီ သူတို့ သွားမယ့်နေရာသို့ ရောက်ပြီဖြစ်ကြောင်းကြေညာလိုက်သည်။
“ရှောင်ကျို၊ နင်တို့ ရောက်ပြီ”
စုကျိုနှင့် အခြားသုံးယောက်လုံး နောက်သို့လန်သွားကြသည်။ ယင်လီက ဆက်ပြောသည် “ရှေ့ ငါးလှမ်းလောက်မှာတင် လူသားကျင့်ကြံသူတွေ စုဝေးနေတဲ့ နေရာရှိတယ်”
စုကျိုနှင့် အခြားသူများသည် လမ်းပိတ်နေသည့် အဆုံးမရှိမြင့်မားလှသော တောင်နံရံကြီးနှင့် ငါးလှမ်းအကွာမြေပြင်ပေါ်ရှိ ခြောက်သွေ့မာ ကျောနေသော ခွေးချေးပုံ ငါးပုံကိုကြည့်လိုက်ကြသည်!
ကျင်းကန်းပေါင် သံသယဖြင့် မေးလိုက်သည်။
“ငါတို့ တည့်တည့်သွားရမှာ သေချာလို့လား?”
လဲ့အော် မြေပြင်ပေါ်ရှိ အပုံငါးပုံကို ကြည့်ပြီးပြောသည်။
“ငါတို့က အဲ့ဒီ အပုံငါးပုံကို နင်းသွားရမှာလား?”
မိစ္ဆာကျင့်ကြံသူတွေ၊ သူတို့က တကယ်ကို လူတွေရဲ့ စိတ်ကို ကစားတာပဲ၊ ရင်းမြောင်က ထိုင်ချလိုက်ပြီး “ဒါက မိစ္ဆာကျင့်ကြံသူတွေ သုံးတဲ့ လှည့်ကွက်တစ်ခု ဖြစ်ရမယ်!”
စုကျို ခေါင်းညိတ်လိုက်ပြီး “ရှောင်ယင် ပြောတာ မှားမှာမဟုတ်ဘူးလို့ ငါ ယုံတယ်၊ ဒီနားမှာ ခွေးတစ်ကောင်မှမရှိဘူး”
“နင်တို့ အရင်သွားနှင့်ကြ”
“...”
“...”
ရင်းမြောင်က သူ့ မျက်လုံးများကို မှိတ်လိုက်ပြီး ပထမဆုံး ခွေးချေးပုံကို တုန်တုန်ရီရီဖြင့် နင်းလိုက်သည်။ သူ သတိလစ်တော့မည့်ဆဲဆဲမှာပင် သူ့ရှေ့ရှိ ပတ်ဝန်းကျင်က ရုတ်တရက်ပြောင်းလဲသွားတော့သည်! ခွေးချေးပုံများက အမှန်ပင်ပျောက်ကွယ်သွားပြီး ဘာအတားအဆီးမှ မရှိသည့် မြေညီလမ်းအဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော် လဲ့အော်နှင့် အခြားနှစ်ယောက်ဖြတ်သန်းသွားတော့မည့်အချိန်တွင် စုကျို သူ့စူးရှသောမျက်လုံးများဖြင့် သူတို့ကို လှမ်းဆွဲလိုက်သည်။
“သုံးလှမ်းလောက် နောက်ဆုတ်ပြီး မြေပြင်ကိုကြည့်လိုက်ဦး”
တောင်နံရံနှင့် ငါးလှမ်းအကွာအတွင်းတွင် ထူးဆန်းသော အပုံငါးပုံမှာ ပျောက်ကွယ်သွားသော်လည်း နောက်သို့ဆုတ်ကြည့်လိုက်သောအခါ ပိုထူးဆန်းသော ပုံစံတစ်ခုပေါ်လာသည်။
ရင်းမြောင်၏ရေကြောင့် ပေါက်လာသော ပေါင်းပင်များသည် အမှန်စင်စစ်အားဖြင့် သက်ဝင်လှုပ်ရှားနေသော ပုံသဏ္ဌာန်တစ်ခုကို ဖော်ဆောင် နေခြင်းဖြစ်သည်—
O
-- --
| |
| |
“လူပုံစံနဲ့ တူနေတာပဲ”
စုကျို မှတ်မိသွားသည်။ သူ နိုးလာကတည်းက လူသားခန္ဓာကိုယ်တည်ဆောက်ပုံကို လေ့လာနေခဲ့သည် မဟုတ်ပါလား ?
ထိုအခိုက်အတန့်တွင် သူ ချက်ချင်းသတိပြုမိသွားသည်။
“ခေါင်း၊ လက်၊ ကိုယ်ထည်၊ ခြေထောက်”
လဲ့အော် သုံးလှမ်းနောက်ဆုတ်ပြီး မြေပြင်ပေါ်တွင် လှဲချကြည့်ရန် ကြိုးစားလိုက်သည်။
အမှန်ပင်၊ ကျင်းကန်းပေါင် အော်ဟစ်လိုက်သည်။
“ဒါ လှဲနေတဲ့ လူပုံစံကြီးပဲ!”
“ဒီနေရာကိုဝင်ဖို့က လှဲပြီးမှ ဝင်ရမှာလား?’’
ရင်းမြောင်မှာ မိစ္ဆာကျင့်ကြံသူများထံ တကယ်ထူးခြား သော ပါရမီရှိသည်ဟု သဘောပေါက်သွားသည်။
“ဒီနည်းလမ်းအတိုင်းပဲ လုပ်ရမှာလား?”
စုကျို သူ့ ညာဘက်လက်မှ ပတ်တီးကို ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။
ယင်လီ သတိရသွားပြီးပြောသည်။
“မှန်တယ် ရှောင်ကျို၊ မိစ္ဆာကျင့်ကြံသူတွေရဲ့ စုရပ်တွေမှာ ပုံမှန်အားဖြင့် ကျင့်ကြံသူအမှန်တွေ ဝင်မလာနိုင်အောင် မိစ္ဆာစွမ်းအင် အတားအဆီးတွေ ချထားတတ်တယ်၊ ဝင် ပေါက်မှာလည်း ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ မှော်အစီအရင်တွေ ရှိတယ်”
လဲ့အော် မြေပြင်ပေါ်တွင် လှဲနေရင်းမှပင် သူ့ဦးနှောက်က အလုပ်လုပ်နေသည်။
“ဒါက မိစ္ဆာကျင့်ကြံသူတွေရဲ့ ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင် ဖြစ်လောက်တယ်”
“ဥပမာအားဖြင့် ဝိညာဉ်ပိုးဖလံဂေဟာရဲ့တပည့်အမှတ် အသားပါတဲ့ ခါးချိတ်တံဆိပ်ရှိမှ ဂေဟာရဲ့အဆင့်တိုင်းကို ဝင်လို့ရသလိုမျိုးပေါ့”
“မဟုတ်ရင် အဝင်ဝက အစီအရင်က ပိတ်ဆို့ထားလိမ့်မယ်၊ ပြီးတော့ အပြင်လူကျူးကျော်ဝင်ရောက်မှုအတွက် သခင်တစ်ရာခန်းမကို သတိပေးချက်ပို့လိမ့်မယ်”
သူ ပြောပြောဆိုဆိုနှင့်ပင် လက်ဖျားမှ ဝိညာဉ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ရာ အနီးနားရှိ သစ်ကိုင်းမှသစ်ရွက်ခြောက်များသည် မြေပြင်ပေါ်ရှိ လူပုံစံအစီအရင်ထဲသို့ လွင့်စင်သွားသည်။
အမှန်ပင်၊ လမ်းပိတ်နေသော တောင်နံရံအထက်ကောင်း ကင်ယံတွင် မှောင်မည်းသော စက်ဝိုင်းခြမ်းပုံစံ အလင်းတစ်ခုလင်းလက်လာသည်။
ထိုအလင်းဒိုင်း၏အပြင်ဘက်ရှိ ကျောက်တုံးငယ်နှစ်တုံးမှ အလင်းတန်းတစ်ခုဖြာထွက်လာပြီး မြေပြင်ပေါ်ရှိ သစ်ပင်ပုံစံ လူရုပ်ပေါ်သို့ကျရောက်သွားသည်။
‘ဖြောက်’ ခနဲ အသံနှင့်အတူ၊
နက်မှောင်သော မြူခိုးများမှုတ်ထုတ်ခံလိုက်ရပြီး သစ်ရွက်ခြောက်များကို လွှမ်းခြုံသွားသည်။
ထို့နောက် ၎င်းတို့မှာ ပြာအဖြစ်သို့ တိုက်စားခံလိုက်ရတော့သည်။
လဲ့အော်က မြေပြင်ပေါ်တွင် လက်ပိုက်လှဲနေရင်းမှ ဝိညာဉ်ချင်း ဆက်သွယ်ကာပြောလာသည်။
“သေချာသွားပြီ၊ ဒါ ဝိညာဉ်ချည်နှောင်ခြင်း အစီအရင်ပဲ”
“မိစ္ဆာကျင့်ကြံသူ မဟုတ်ဘူးဆိုရင် အတင်းဝင်ဖို့ကြိုးစားတာနဲ့ ဝိညာဉ်ပိုးဖလံဂေဟာကို ဝင်တိုက်မိတဲ့ ငှက်ကြီးလိုပဲ ဖြစ်သွားလိမ့်မယ်၊ ခန္ဓာကိုယ်ပျက်စီးပြီး ဝိညာဉ်စွမ်းအင်တွေ တိုက်စားခံရလိမ့်မယ်”
မိစ္ဆာကျင့်ကြံသူ ဟုတ်၊ မဟုတ် စစ်ဆေးရန် မြေပြင်ပေါ်ရှိ ကျောက်တုံးနှစ်တုံးမှာ လင်းလက်လာပြီး သေချာကြည့်လိုက်သောအခါ ကြယ်သုံးပွင့် ပုံစံအတိုင်း စီတန်းနေသည်ကိုတွေ့လိုက်ရသည်။
ကျင်းကန်းပေါင် ၎င်းကိုကြည့်ပြီး မျက်နှာပျက်သွားသည်။
“တတိယအဆင့် ဝိညာဉ်ချည်နှောင်ခြင်း အစီအရင်လား၊ ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတွေပဲ အတင်းဝင်လို့ရမှာပေါ့ ? ဒီမစ်ရှင်က အဆင့် ၄၀ လား ? အဆင့် ၅၀ ကအမြုတေဖွဲ့စည်းခြင်းအဖွဲ့တွေမှ လုပ်နိုင်မယ့်ဟာပဲ!”
လဲ့အော် ဝိညာဉ်စစ်ဆေးရေးလက်ပတ်ကို အသာအယာ ထိလိုက်ပြီးပြောသည်။
“ငါ ဂေဟာက သခင်တစ်ရာခန်းမကိုအကြောင်းကြားပြီးပြီ၊ ရွှေရောင်အမြုတေအဆင့်ရှိတဲ့ စီနီယာအစ်ကို အစ်မတွေကို ထပ်လွှတ်ပေးဖို့ပေါ့”
ဤကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် သူ့ စိတ်က ကြည်လင်နေဆဲ ဖြစ်သည်။
စုကျို ခေါင်းညိတ်လိုက်ပြီး သူ့ ညာဘက်လက်မှ ပတ်တီးများကို အကုန်လုံးဖယ်ရှားလိုက်သည်။
တစ်ခုနှင့်တစ်ခု ဆက်ထားသော အလွန်ရှည်လျားသည့် [ရွှေလက်ချောင်း] ဆယ့်ရှစ်ခုကိုကိုင်ထားရင်း သူမသည် မြေပြင်ပေါ်ရှိ ငါးလှမ်းအကွာအဝေးကိုကျော်ဖြတ်ကာ အဝေးရှိ စစ်ဆေးရေးကျောက်တုံးနှစ်တုံးကို တိုက်ရိုက် သွားရောက်ထိတွေ့လိုက်သည်။
လဲ့အော်နှင့် အခြားနှစ်ယောက် : “...”
ထို့နောက် စုကျိုသည် ဆက်ထားသော [ရွှေလက်ချောင်း] ဆယ့်ရှစ်ခုကို ပြန်ရုပ်သိမ်းလိုက်ပြီး ပထမဆုံး [ရွှေလက် ချောင်း] ၏ထိပ်ဖျားကို သူ့ ညာဘက်လက်ဖြင့် အသာအ ယာထိလိုက်သည်။
သူမသည် သူ့ ကုန်ပစ္စည်းစာရင်းကိုကြည့်လိုက်သည်။
[ အခြေခံအဆင့် အဆင့် ၈ ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦး၏မိစ္ဆာစွမ်းအင်ကို စစ်ဆေးတွေ့ရှိရသည်... ]
[ အခြေခံအဆင့် အဆင့် ၈ ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦး၏ မိစ္ဆာစွမ်းအင်ကို စစ်ဆေးတွေ့ရှိရသည်... ]
[ အခြေခံအဆင့် အဆင့် ၇ ကို စစ်ဆေးတွေ့ရှိရသည်... ]
...
[ အခြေခံအဆင့် အထွတ်အထိပ်ကို စစ်ဆေးတွေ့ရှိရသည်... ]
[ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်ရှိ ဝိညာဉ်ပိုးဖလံဂေဟာ၏အုပ်ချုပ်ရေးမှုးရူယွီ၏ ဝိညာဉ်အာရုံကို စစ်ဆေးတွေ့ရှိရသည်... ]
စုကျို မျက်ခုံးပင့်လိုက်မိသည်။