အခန်း (၉၀)
Vol. 9 Ch. 90
🥝 Chapter 90
သူ့အသံမှာ လောကဓံကို များစွာဖြတ်သန်းခဲ့ရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏အသံမျိုး ဖြစ်နေသည်။
လဲ့အော်၊ ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့အားလုံးမှင်သက်သွားကြသည်။ အထူးသဖြင့် လဲ့အော်သည် စုကျိုကို အံ့အားသင့်ဆုံးမျက်လုံးများဖြင့် ကြည့်နေမိသည်။
သို့သော် ရှေ့ဆုံးမှဦးဆောင်လာသည့် အခြေခံအဆင့် အထွတ်အထိပ်ရှိ မိစ္ဆာကျင့်ကြံသူကမူ ယင်းကိုအသားကျနေပုံရသည်။ သူသည် လဲ့အော် ရှေ့ရှိ အခန်းတံခါးကိုဖွင့်ကာအတွင်းသို့ဝင်သွားပြီး ကုတင်ပေါ်တွင် လှဲချလိုက်သည်။ ထို့နောက် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်ရာ အနံ့အနည်းငယ်နံသော ခြေထောက်တစ်စုံပေါ်လာတော့ သည်။
“ဒီရွှေနက်ကျေးရွာကတော့ အရမ်းပူတာပဲ၊ ငါ့ကို သတ်နေသလိုပဲ!”
ရွှေနက်ကျေးရွာသည် ပန်းပဲဆရာများ နေ့စဉ်အလုပ်လုပ်သည့်နေရာဖြစ်၍ အပူချိန်မှာ အလွန်မြင့်မားလှသည်။ မိစ္ဆာကျင့်ကြံသူများသည်လည်း ခန္ဓာကိုယ်ကို လုံခြုံအောင် ပတ်ထားကြပြီး မျက်နှာများကို ဖုံးကွယ်ထားကြရာ၊ ရွှေနက်၏တောက်လောင်နေသော ဝိညာဉ်မီးလျှံများကြောင့် သူတို့မှာ ချွေးဒိုင်ဒိုင်ကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့်ပင် သူတို့သည် အအေးခံရန် အနီးနားရှိမြစ်သို့ သွားရောက်ရေချိုးကြခြင်းဖြစ်သည်။
စုကျို မျက်ခုံးပင့်လိုက်ပြီး အခြေခံအဆင့် အထွတ်အထိပ်ရှိ မိစ္ဆာကျင့်ကြံသူဖွင့်ထားခဲ့သည့် တံခါးကိုတစ်ချက်ကြည့်လိုက်ရာ အခြားမိစ္ဆာကျင့်ကြံသူများမှာလည်း အခြားအခန်းများထဲသို့ အသီးသီး ဝင်သွားကြသည်ကို သတိပြုမိလိုက်သည်။ တံခါးဝသို့ပြန်လှည့်ကြည့်လိုက်သောအခါ သူမနှင့် သူ့နောက်မှ လဲ့အော်အပါအဝင် သုံးယောက်သာ ကျန်တော့သည်။
သူမသည် [မိစ္ဆာကျင့်ကြံသူ ဝူအာ၏အဘိုးကြီးအသံ] ဖြင့် ရဲရဲတင်းတင်းပင် ရယ်မောလိုက်ပြီး ပွင့်နေသောအခန်းထဲသို့ လျှောက်ဝင်သွားကာ မျက်နှာချင်းဆိုင်ရှိကုတင်တစ် ဝက်ပေါ်တွင် ကျွမ်းကျင်စွာ မှီထိုင်လိုက်သည်။
“ဟုတ်ပါ့၊ ငါလည်း ခုနက မြစ်ထဲမှာသွားမချိုးခဲ့ရင် ပူလွန်းလို့ လူတောင် သတ်မိတော့မလားပဲ”
သူမ ပြောပြောဆိုဆိုနှင့်ပင် သူ့ အနက်ရောင်ဖိနပ်များကို ‘ဖလပ်’ ခနဲ မြည်အောင် ချွတ်လိုက်ရာ အသားမည်းမည်းနှင့် အမျိုးသားခြေထောက်ကြီးတစ်စုံ ပေါ်လာတော့သည်!
လဲ့အော် : “!”
ကျင်းကန်းပေါင်နှင့် ရင်းမြောင် : “...”
သူတို့မှာ စုကျို၏အပြောင်းအလဲနှုန်းကို လုံးဝလိုက်မမှီနိုင်တော့ပေ။
“ဘာရပ်လုပ်နေကြတာလဲ? ဝင်လာပြီး ဖိနပ်ချွတ်ကြလေ!”
“ဒီခေါင်းဆောင်က ငါတို့အတွက် တံခါးဖွင့်ထားခဲ့တာ သိသာနေတာပဲ”
“ရွှေနက်ကျေးရွာက ပူတော့ အခန်းထဲမဝင်ခင် ဖိနပ်ချွတ်တာက အကျင့်ဖြစ်နေတာ”
“ကိုယ့်ကိုကိုယ် အရိပ်အယောင် မပြမိစေနဲ့၊ ဝင်လာပြီး မြန်မြန်ချွတ်ကြ!”
သူတို့သုံးယောက်၏ဝိညာဉ်အိတ်များထဲရှိ ‘ယင်လေး’ ဂွမ်းအရုပ်လေးဆီမှ စုကျိုအသံကို သူတို့စိတ်ထဲတွင်ကြား လိုက်ရသည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့ အကြည့်ချင်းဖလှယ်ကာ အံကြိတ်လိုက်ကြပြီး၊ အခြေခံအဆင့်အထွတ်အထိပ်ရှိ မိစ္ဆာခေါင်းဆောင်နှင့် မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် ထိုင်ရန် လဲ့အော်ကို တွန်းပို့လိုက်ကြသည်။
“ဝူအာ၊ ဒီနေ့ အပြင်ထွက်တုန်း ထူးခြားတာဘာတွေ့ခဲ့လဲ ? အပြင်မှာ ကျင့်ကြံသူတွေ ဘာတွေရှိနေလား ?”
“မရှိပါဘူး၊ ငှက်မွေးတစ်ပင်တောင် မတွေ့ခဲ့ဘူး! တောက်!”
စုကျိုကမူ ရိုင်းစိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“မဟုတ်ရင် သူတို့ကို မီးကင်ပြီး စားပစ်လို့ရတာပေါ့”
“ဟဲဟဲ” မိစ္ဆာခေါင်းဆောင်မှ တဟဲဟဲရယ်ကာ ပြောသည်။
“ဒီမိစ္ဆာကျောက်တုံးအသုတ်က နောက်ဆုံးပဲ နောက်နေ့မနက်ဆိုရင် ပြီးပြီ”
“အဲ့ဒီကျရင် ရွှေနက်ကျေးရွာက အဘိုးကြီးတွေနဲ့ ကလေးတွေအားလုံးကို သတ်ပစ်ပြီး ငါတို့ ဒီကနေထွက်သွားလို့ရပြီ၊ အဲ့ဒီကျမှ စိတ်ကြိုက် စားကြသောက်ကြတာပေါ့!”
စုကျိုနှင့်အခြားသုံးယောက်၏မျက်လုံးများမှာ စူးရှသွားသည်။
“ဟင် ? မင်းတို့နှစ်ယောက်ရဲ့ခြေထောက်တွေက ဘာလို့ ဒီလောက်တောင် တူနေရတာလဲ?”
မိစ္ဆာခေါင်းဆောင်က သူနှင့်မျက်နှာချင်းဆိုင်ရှိ ကျင်းကန်းပေါင်နှင့် ရင်းမြောင်ကိုကြည့်ကာ မေးလိုက်သည်။
ဖိနပ်ချွတ်တော့မည့် လဲ့အော်မှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်ကာ မှင်သက်သွားရသည်။ ကျင်းကန်းပေါင်နှင့် ရင်းမြောင် ခြေထောက်များမှာ အမှန်တကယ်ပင် ထပ်တူကျနေပြီး လက်နှစ်ဆစ်ခန့်သာ ရှည်လျားကာ အသားအရောင်မှာလည်း တူညီသောအမည်းရောင် ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ ချက်ချင်းပင် ကိုယ်ကိုတင်းထားပြီး သူတို့၏ခြေထောက်များကို ငုံ့ကြည့်လိုက်ကြသည်!
“မင်းက ယောင်္ကျားခြေထောက်တွေကိုတောင် လိုက်ကြည့်နေတာလား?”
“ဘာတွေ မြင်နေရလို့လဲ ဟားဟား?”
စုကျို အသံသြသြကြီးဖြင့် ရယ်မောလိုက်ပြီး စိတ်ဝင်စားဟန်ဖြင့် အတင်းထထိုင်ကာ သူ့ညာဘက်လက်ဖြင့် ဘေးရှိ မိစ္ဆာခေါင်းဆောင်ကို မတော်တဆဖြစ်ဟန်ဖြင့် ထိလိုက်သည်။
[ ကျုံးကော်လာဟု အမည်ရသူ၊ အခြေခံအဆင့် အထွတ် အထိပ်ရှိ မိစ္ဆာကျင့်ကြံသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ]
[ တတိယအဆင့် ဝိညာဉ်အိတ်ကို စစ်ဆေးတွေ့ရှိရသည်။ ]
[ ဝိညာဉ်အိတ်အတွင်းရှိ မိစ္ဆာကျင့်ကြံသူအမှတ်အသားတံဆိပ် - ကျင်းကွေ့မြို့ရှိ ရွှမ်းယွဲ့ဂိုဏ်း၏ ဘယ်လက်ရုံး ဒုခေါင်းဆောင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ]
[ တတိယအဆင့် မိစ္ဆာလက်နက် - အပြာရောင်မီးလျှံဓားကို စစ်ဆေးတွေ့ရှိရသည်။ ]
...
[ ကျုံးကော်လာ ပျင်းနေစဉ် ရေးထားသော ဒိုင်ယာရီကို စစ်ဆေးတွေ့ရှိရသည်။ ]
[ စတုတ္ထအဆင့် မိစ္ဆာလက်နက် - ‘မိခင်-သား’ ချိတ်ပိတ်ခြင်း သော့ - အပိုင်း ၁: မီးသော့ကို စစ်ဆေးတွေ့ရှိရသည်။ ]
စုကျို မျက်ခုံးပင့်လိုက်မိသည်။
ဟမ် ? အစိတ်အပိုင်းတွေ အများကြီးရှိတာလား?
မိစ္ဆာခေါင်းဆောင်လက်ထဲရှိ ‘မိခင်’ လက်ပတ်ပေါ်တွင် လွတ်နေသည့် စက်ဝိုင်းပုံအပေါက်လေး လေးခုကို သူမ ချက်ချင်းသတိထားမိလိုက်သည်။ ဆိုလိုသည်မှာ သော့တွင် အစိတ်အပိုင်းလေးခု ရှိနေခြင်းပင်!
ကိစ္စမရှိပေ၊ ယခုတစ်ခေါက်တွင်မူ သူတို့၌အကာအကွယ်ရှိသည်။
မည်သူမျှ သူတို့ခြေထောက်များကို လိုက်ကြည့်မနေကြပါ။
သို့သော် အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော မိစ္ဆာကျင့်ကြံသူ့ကတ်ပြားတစ်ထုပ်ကို လျင်မြန်စွာပစ်ထုတ်လိုက်ပြီးနောက် သူ့မျက်နှာဖုံးနက်ကို ချွတ်လိုက်ရာ ရိုးစင်းသောမျက်နှာတစ်ခု ပေါ်လာသည်။
“ဒီစောက်ကျိုးနည်းရွာကတော့ ပူလွန်းလို့ ငါ့ကို အရူးဖြစ်အောင် လုပ်နေတာပဲ၊ မာကျောက်ဆော့တာတောင် စိတ်မပါတော့ဘူး၊ ဟေး၊ မင်းတို့ ဘာလို့ မျက်နှာဖုံးတွေ မချွတ်ကြသေးတာလဲ?”
လဲ့အော်နှင့် ရင်းမြောင် : “!”
သို့သော် မကြာမီမှာပင် ဝူအာ၏အသံဖြစ်သည်မှာ သေချာလှသည့် စုကျို၏သြသြရှရှ အသံကြီးကို သူတို့ ကြားလိုက်ရသည်။
“ဟေး... ဒါ ဟိုဘက်က ကုန်စည်တွေ တင်နေလို့ပါ၊ ဘယ်ဘက်ဒုခေါင်းဆောင်ဘက်ကလေ...”
“သူတောင် မျက်နှာဖုံးမချွတ်တာ၊ ငါက ဘယ်လိုလုပ်ဝံ့မှာလဲ?”
“မေ့သွားလို့၊ မေ့သွားလို့”
စုကျိုသည် လက်တစ်ဖက်မှကတ်များကို ကိုင်ထားရင်း၊ ကျန်လက်တစ်ဖက်ဖြင့် သူမမျက်နှာပေါ်ရှိ မျက်နှာဖုံးနက်ကိုဆွဲခွာကာ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်!
လဲ့အော်နှင့် ရင်းမြောင်တို့သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူမ မျက်နှာကိုလှမ်းကြည့်လိုက်ကြသည်။
သူတို့ ဆွံ့အသွားကြရပြန်သည်!
စုကျို မျက်နှာပေါ်တွင်— အမှန်ပင် အမာရွတ်များ၊ နေလောင်ကွက်များဖြင့် ထူးဆန်းသော အမျိုးသားတစ်ဦး၏ မျက်နှာကြီးရှိနေသည် မဟုတ်ပါလား!
“ကျိန်စာသင့်တဲ့ ကျင့်ကြံသူအမှန်တွေ...”
စုကျိုက သူမ၏ အမျိုးသားမျက်နှာကြီးကို ပွတ်သပ်ရင်း ကျိန်ဆဲလိုက်သည်။
“ဒီစုတ်ပြတ်သတ်နေတဲ့ ရွှေနက်ကျေးရွာက ပူလွန်းလို့ လူတိုင်းရဲ့မျက်နှာတွေ အရေခွံကွာကုန်တော့မယ်!”
“ဟားဟားဟား၊ ဟုတ်တာပေါ့”
အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူက ရယ်မောလိုက်ပြီး လဲ့အော်နှင့် ရင်းမြောင်ဘက်သို့ လှည့်ကြည့်သည်။
“ဟင်? မင်းတို့ရော မပူဘူးလား?”
“မထိတ်လန့်နဲ့၊ ချွတ်လိုက်ရုံပဲ”
“ငါ ခုနက ပြောသားပဲ၊ ဒီဝတ်စုံတစ်စုံလုံးက မိစ္ဆာကျင့်ကြံသူရဲ့ အသွင်အပြင်လို့"
“မကြောက်နဲ့”
“ချွတ်လိုက်ရင် နင်တို့အားလုံးမှာလည်း ဝူအာရဲ့ မျက်နှာတွေ ရှိလာမှာပဲ”
လဲ့အော် : “???”
ရင်းမြောင် : “!”
သူတို့ မထိတ်လန့်သင့်ဘူးလား?
စုကျို တဟဲဟဲရယ်ကာ အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူထံ လက်လှမ်းလိုက်ပြီး၊ သူစားပွဲပေါ် ပစ်တင်ထားသော မျက်နှာဖုံးနက်ကို ကောက်ယူရင်း သူ့လက်မောင်းကို မတော်တဆလိုလို ထိလိုက်သည်။
[ ဝိညာဉ်အိတ်အတွင်းရှိ ညာဘက်ဒုခေါင်းဆောင်၏ အမည်ပြားကို စစ်ဆေးတွေ့ရှိရသည်။ ]
[ လော့ပင်းဟု အမည်ရသူ၊ မိစ္ဆာကျင့်ကြံသူ၊ အခြေခံအဆင့်အထွတ်အထိပ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ]
“သခင်ကြီးလော့...” စုကျို ပြုံးလျက် ပြောသည်။
“ကျွန်တော် ခုနကမှ အသစ်ရောက်လာတဲ့ ကျွန်တော့်ညီတွေကို ဒုခေါင်းဆောင် ‘ကျုံး’နဲ့ မိတ်ဆက်ပေးခဲ့တာ”
“သခင်ကြီးနဲ့လည်း မိတ်ဆက်ပေးပါရစေဦး”
အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူက “အဲ ?” ဟု အံ့သြသံပြုကာမော့ကြည့်လိုက်သည်။
သူတို့သည် အစောကိုင်း ဒုခေါင်းဆောင်ကျုံးအခန်းထဲမှ ထွက်လာသည်မှာ အမှန်ပင်။
“အင်း”
စုကျိုသည် သူ့ ဘယ်ဘက်လက်ဖြင့် လဲ့အော်နှင့် ရင်းမြောင် မျက်နှာပေါ်မှ မျက်နှာဖုံးများကို လျင်မြန်စွာဆွဲခွာလိုက်တော့သည်!
သူ့ ‘ဝူအာ’ မျက်နှာနှင့် ထပ်တူကျသော မျက်နှာနှစ်ခု— စုစုပေါင်း ‘ဝူအာ’ မျက်နှာ သုံးခုဖြစ်သွားသည်!
အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူ : “!”
“သောက်ကျိုးနည်း... မင်းတို့တွေက တကယ်တူလွန်းတာပဲ!”
လဲ့အော်နှင့် ရင်းမြောင်တို့သည် သူ့ဘက်သို့ ကိုယ်ကိုတင်းထားလျက် လှည့်ကြည့်လိုက်ကြသည်။
“အဲ့... အဲ့ဒီလိုလား?”
သူတို့ ပြန်လှည့်ကြည့်လိုက်ပြီး အချင်းချင်းအကြည့်ချင်း အမြန်ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး တစ်ဦးမျက်နှာပေါ်မှ ထိတ်လန့်မှုများကို အပြန်အလှန်မြင်နေကြရသည်။ အမှန်ပင်၊ လုံးဝ ထပ်တူကျလို့နေသည်!
သူတို့သည် စုကျိုနှင့် အချင်းချင်း အပြန်ပြန်အလှန်လှန် ကြည့်နေမိကြသည်။
ဘုရားရေ...
လဲ့အော် တစ်ယောက် ဤမျှလောက် တစ်ခါမှမအံ့သြဖူးပေ။ အကယ်၍သာ သူသည် အရေးကြီးသော မစ်ရှင်တစ်ခုတွင် ရောက်မနေပါက၊ သူ့အမြွှာညီဖြစ်သူ လေကျဲထံ စာရေးလိုက်မိမှာ သေချာသည်။ သူ့အစ်ကိုဖြစ်သူမှာ ဤမျှတူသော အမြွှာသုံးဦးကို တစ်ခါမျှမြင်ဖူးလိမ့်မည် မဟုတ်ပေ။
မဟုတ်သေးဘူး!
သူ့မျက်နှာလည်း စုကျိုနဲ့ ရင်းမြောင်တို့လို ပြောင်းသွားတာလား ?
“စု...”
ကျင်းကန်းပေါင်မှာ အသက်လုရှူရင်း ရောက်လာသည်။ နောက်ဆုံးတွင် သူတို့ မပိတ်ခဲ့သော တံခါးကိုတွေ့ရှိသွားပြီး လူလေးယောက်ပါသော ကတ်ကစားပွဲတွင် မရင်းနှီးသော အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူတစ်ဦးကိုတွေ့လိုက်ရသည်!
ပြီးတော့ စုကျိုနှင့် လုံးဝထပ်တူကျနေသော မျက်နှာသုံးခု!
“စု... ဝူအာ ?”
“ဟိုးး”
စုကျိုက ဝူအာ၏အဘိုးကြီးအသံဖြင့် သူ့အား ရွှင်ပျစွာ နှုတ်ဆက်လိုက်သည်။
“မင်း ရောက်လာပြီပဲ၊ ဝူဝူ!”
“!”
ကျင်းကန်းပေါင်မှာ သူမ ထံမှဆွဲခေါ်ခြင်း ခံလိုက်ရပြီး အခန်းထဲသို့ နွေးထွေးစွာ ခေါ်ဆောင်ခြင်းခံလိုက်ရသည်။
စုကျို အစောပိုင်း သူထိုင်ခဲ့သောနေရာတွင် ကျင်းကန်းပေါင်ကို ဖိသိပ်ထိုင်ခိုင်းလိုက်ပြီး ပြုံးလျက်
“ခေါင်းဆောင်လော့၊ မိတ်ဆက်ပေးပါရစေဦး၊ ဒါ ကျွန်တော့်ရဲ့လေးမြွှာပူးတွေလေ၊ ဝူစန်း၊ ဝူစစ် နဲ့ ဝူဝူ ပေါ့”
စုကျိုသည် လျင်မြန်စွာလက်လှမ်းလိုက်ပြီး ကျင်းကန်းပေါင်မျက်နှာပေါ်မှ မျက်နှာဖုံးကို ဆွဲခွာလိုက်ရာ စတုတ္ထမြောက် ‘ဝူအာ’ မျက်နှာကြီး ထွက်ပေါ်လာတော့သည်!
အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူ : “!”
လဲ့အော် : “!”
ရင်းမြောင် : “...”
ကျင်းကန်းပေါင် : “...”
“ကောင်းပြီ၊ မင်းတို့တွေ ဒီမှာနေပြီး ဒီညာလက်ရုံးဒုခေါင်း ဆောင်နဲ့ ကတ်ဆော့နေလိုက်ကြ”
ထပ်တူကျသောမျက်နှာများဖြင့် လဲ့အော်တို့ သုံးယောက်မှာ စုကျိုထံ မယုံကြည်နိုင်စွာ မော့ကြည့်လိုက်ကြသည်။
[ တတိယအဆင့် မိစ္ဆာလက်နက် ‘ကြက်သွေးရောင်မီးလျှံဓား’ ကို စစ်ဆေးတွေ့ရှိရသည်။ ]
[ စတုတ္ထအဆင့် ဝိညာဉ်အိတ်ကို စစ်ဆေးတွေ့ရှိရသည်။ ]
[ မိစ္ဆာလက်နက် ‘မိခင်-သား’ ချိတ်ပိတ်ခြင်း၏သော့ - အပိုင်း ၂: သစ်သားပုတီးစေ့ကို စစ်ဆေးတွေ့ရှိရသည်။ ]
[ ဘယ်လက်ရုံးဒုခေါင်းဆောင်၏တိုင်ကြားစာ ၉ စောင်ကို မိတ္တူကူးယူ ရရှိခဲ့သည်။ ]
စုကျို တဟားဟားရယ်လိုက်ပြီး - “ခေါင်းဆောင်၊ ကျွန် တော် ဝူအာ ကင်းလှည့်လိုက်ဦးမယ်၊ ကျွန်တော့်ညီ သုံးယောက်က ခေါင်းဆောင်နဲ့အတူ မာကျောက်ဆော့ဖို့ကျန်ခဲ့ပါလိမ့်မယ်”
သူမ အသံကိုနှိမ့်ကာ အရပ်ရှည်ရှည် မိစ္ဆာကျင့်ကြံသူနားနားသို့ ကပ်၍ တိုးတိုးလေးပြောလိုက်သည်။
“သူတို့က မာကျောက်ဆော့တာ သိပ်မတော်ကြဘူးဗျ”