← Chapters

အခန်း (၂၆၁-၂၆၅)

Vol. 27 Ch. 261-265

အခန်း (၂၆၁-၂၆၅)

Vol. 27 Ch. 261-265

အခန်း (၂၆၁) ဒဏ်ရာရရှိခြင်း

လုဖုန်းသည် လီယွမ်၏ စိုက်ပျိုးရေးသုံးကိရိယာများကို လှမ်းယူ၍ သူမအတွက် သယ်ပေးထားလိုက်သည်။

လီယွမ်ယွမ်ကမူ သူမ၏ နဂိုက ဖြူဖွေးနုနယ်သော လက်ချောင်းလေးများတွင် အရည်ကြည်ဖုများ ထွက်နေသည်ကို ကြည့်ပြီး အလွန်အမင်း စိတ်ပျက်မချမ်းမသာ ဖြစ်နေရှာသည်။

"မင်းတို့ ဒီနေ့မွန်းလွဲပိုင်း နားလို့ရပါတယ်၊ ကျန်တာကို ငါ့ဘာသာပဲ အပြီးသတ်လိုက်မယ်"

စေတနာကောင်းလှသော အိမ်ရှင်အမျိုးသားက မြို့ပြသားနှစ်ယောက်အား လယ်ယာအလုပ်များ ဝိုင်းကူခိုင်းရသည်ကို အားနာစိတ်ဝင်နေမိခြင်း ဖြစ်သည်။

"ကျွန်မတို့လည်း လိုက်ပါရစေ၊ မဟုတ်ရင် ဒါရိုက်တာက ဆူပါလိမ့်မယ်"

လီယွမ်က အလိုက်တသိ ငြင်းဆန်လိုက်သော်လည်း စိတ်ထဲတွင်မူ အတိုင်းမသိ ဝမ်းသာသွားသည်။

သူမသည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အွန်လိုင်းပေါ်မှ လူများ၏ ဝေဖန်ကဲ့ရဲ့မှုကို ကြောက်ရွံ့သဖြင့် အောင့်အည်းနေခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ အိမ်ရှင်များကသာ ဒါရိုက်တာကို ပြောပေးမည်ဆိုလျှင် သူမတို့ အေးအေးဆေးဆေး နားခွင့်ရမည်မှာ သေချာသည်။

လီယွမ်သည် သူမ၏ အနာဂတ်အစီအစဉ်များအတွက် စိတ်ကူးယဉ်နေသော်လည်း ရိုးသားလွန်းသည့် အိမ်ရှင်အမျိုးသားကမူ ထိုကိစ္စကို ဆက်၍ စဉ်းစားမနေတော့ပေ။ သူသည် ရိုးအေးလှသူဖြစ်ရာ လီယွမ်၏ ဟန်ဆောင်ပန်ဆောင် ပြောဆိုနေမှုကို လုံးဝရိပ်မိခြင်း မရှိခဲ့ပေ။ ၎င်းအပြင် ဒါရိုက်တာကို ခေါ်လာသူမှာ သူတို့၏ ကျေးဇူးရှင် မင်ယွဲ့ဖြစ်ကြောင်း သိထားသဖြင့် သူတို့မိသားစုသည် ဒါရိုက်တာဘက်မှသာ အမြဲရပ်တည်ပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

လီယွမ်သည် အိမ်ရှင်အမျိုးသားက

“ငါ ဒါရိုက်တာကို ပြောပေးမယ်၊ နားလိုက်ပါတော့"

ဟူသော စကားမျိုး ပြောလာရန် စောင့်ဆိုင်းနေခဲ့သော်လည်း ထိုလူသည် အိမ်ထဲသို့ ဝင်သွားသည်အထိ တစ်ခွန်းမှ ထပ်မပြောတော့ပေ။

အိမ်ရှင်မဖြစ်သူသည် ဧည့်ဝတ်ကျေပွန်လှသည်။ အကောင်းစား ဟင်းလျာများ မရှိသော်လည်း ဧည့်သည်များကို ဧည့်ခံရန်အတွက် ပုံမှန်ထက် ပိုမိုစုံလင်သော ဟင်းပွဲများကို ပြင်ဆင်ထားပေးသည်။

ငရုတ်သီးနှင့် ကြက်ဥကြော်၊ ကြာစွယ်ကြော်နှင့် ငါးခြောက်မြှုပ်များအပြင် ဧည့်သည်များအတွက် ရွာမှ ဘတ်စ်ကားစီးကာ သွားဝယ်ထားသော ဝက်နံရိုးကို မြေပဲနှင့် စွပ်ပြုတ်ချက်ထားသေးသည်။

ဤဟင်းလျာများသည် ဈေးမကြီးသော်လည်း ကျေးလက်တောရွာ၏ သဘာဝအတိုင်း လတ်ဆတ်သန့်ရှင်းမှုကြောင့် မွှေးပျံ့သော ရနံ့များက နှာခေါင်းထဲသို့ တိုးဝင်နေသည်။

မီးဖိုပေါ်တွင် ထမင်းချက်နေစဉ် အိမ်ရှင်မက ကန်စွန်းဥများကိုပါ ပေါင်းထားလိုက်သည်။

"မေမေ၊ သား ကန်စွန်းဥ စားချင်တယ်"

အိမ်ထဲတွင် အမျိုးသမီး၏ နောက်သို့ အမြီးလေးသဖွယ် တကောက်ကောက် လိုက်နေသော သားငယ်လေး တစ်ဦးရှိသည်။

"အေးအေး၊ ခဏနေရင် မေမေ ထုတ်ပေးမယ်

နော်"

အိမ်ရှင်မက ပန်းကန်ခွက်ယောက်များ ပြင်ဆင်နေစဉ် အိမ်ရှင်အမျိုးသားက ထမင်းခူးပေးနေပြီ ဖြစ်သည်။ လုဖုန်းက ဟင်းပွဲများကို ဝိုင်းသယ်ပေးသော်လည်း လီယွမ်ကမူ လက်ဆေးပြီးသည်နှင့် ကျောက်ရုပ်ကဲ့သို့ ထိုင်ကာ ဘေးကလူများ လာချပေးသည်ကိုသာ စောင့်နေတော့သည်။

သူတို့ ထမင်းစားနေချိန်တွင် ကင်မရာများက အပြင်ဘက်၌ ရှိနေသဖြင့် လီယွမ်ယွမ်သည် ထောင့်အကျဆုံး နေရာကို ရွေးထိုင်လိုက်သည်။

ထိုအခါမှသာ သူမ၏ ဟန်ဆောင်အမူအရာများကို ဖျောက်ပစ်ပြီး စိတ်လွတ်ကိုယ်လွတ် နားခွင့်ရတော့သည်။

လုဖုန်း မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် လီယွမ်၏ စိတ်မရှည်သော မျက်နှာထားကို တွေ့လိုက်ရသော်လည်း သူ အံ့သြမနေတော့ပေ။ သူမသည် လူရှေ့တွင်မူ အမြဲပြုံးရွှင်ကာ အလိုက်သိတတ်သူဟန် ဆောင်တတ်သော်လည်း ကွယ်ရာတွင်မူ မောက်မာစော်ကားတတ်သူ ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

သူမ၏ ထိုသို့သော အမူအရာမျိုးကို ဒါရိုက်တာများရှေ့တွင်သာ လုပ်ရဲပြီး သာမန်လူများကိုမူ အထင်သေးတတ်သည့် သူမ၏ စရိုက်ကို မည်သူမျှ နှစ်သက်ခြင်း မရှိကြပေ။

အိမ်ရှင်မသည် သားဖြစ်သူကို ကန်စွန်းဥတစ်လုံး ပေးလိုက်ပြီး ကျန်ရှိသည်များကို ခြင်းတောင်းထဲ ထည့်လိုက်သည်။

မြို့သားများသည် ကျေးလက်ထွက် ကန်စွန်းဥများကို ကြိုက်တတ်သည်ဟု ကြားထားသဖြင့် မင်ယွဲ့ကို သွားပေးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

သူမ အပြင်ထွက်လာစဉ် လီယွမ်၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် ယနေ့ချက်ထားသော ဟင်းလျာများကို လီယွမ်က သဘောမကျဟု ထင်မှတ်သွားမိသည်။

"ကျွန်မ အပြင် ခဏသွားလိုက်ဦးမယ်၊ ရှင်တို့ အရင်စားနှင့်ကြပါ"

သူမသည် ခင်ပွန်းဖြစ်သူကို ဧည့်သည်များကို ဂရုစိုက်ရန် မျက်ရိပ်ပြလိုက်ပြီး ခြင်းတောင်းလေးကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ လက်ဖြင့် ရက်လုပ်ထားသော ဝါးခြင်းတောင်းလေးမှာ သေသပ်လှပလှသည်။

ခြံထဲမှ ထွက်လာမှသာ အိမ်ရှင်မသည် သက်ပြင်းချနိုင်တော့သည်။ ခြံထဲတွင် တပ်ဆင်ထားသော ကင်မရာများကြောင့် သူမ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ရခြင်း ဖြစ်သည်။

သူမသည် ကျေးရွာလူကြီး အိမ်သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ မင်ယွဲ့နှင့် ရွှီခယ်တို့သည် ရွာလူကြီးအိမ်၌ တည်းခိုနေကြခြင်း ဖြစ်သည်။

"ရှို့... ဘာကိစ္စရှိလို့လဲ"

ရွာလူကြီးသည် မင်ယွဲ့ စိတ်အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် တံခါးဝတွင်သာ ဆေးလိပ်သောက်ရင်း ရပ်နေခြင်း ဖြစ်သည်။

"ဒီနေ့ ကန်စွန်းဥ ပေါင်းထားလို့ပါ၊ မြို့ကလူတွေ ဒါမျိုးကြိုက်တတ်တယ်ဆိုလို့ မင်ယွဲ့ကို မြည်းကြည့်ဖို့ လာပေးတာပါ"

ရှို့က ရှက်ကိုးရှက်ကန်းနှင့် ပြုံးရင်း ပြန်

ဖြေသည်။

"မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ မင်ယွဲ့ အထဲမှာ ရှိတယ်၊ ဝင်သွားလိုက်လေ"

ရွာလူကြီးသည် သူ့ဆေးလိပ်ကို အားရပါးရ နှစ်ချက်မျှ ဖွာလိုက်ပြီးနောက် အိမ်ထဲသို့ လိုက် ဝင်သွားသည်။

ရွာလူကြီး၏ သမီးအငယ်ဆုံးလေးမှာ မင်ယွဲ့ထံမှ အင်္ဂလိပ်စာ သင်ခန်းစာတစ်ခုကို မေးမြန်းနေသည်။ မင်ယွဲ့၏ အင်္ဂလိပ်စာ အရည်အချင်းမှာ အလွန်မြင့်မားလှသဖြင့် ထိုကလေးမလေးအတွက် အကောင်းဆုံး ဆရာမတစ်ဦး ဖြစ်

နေသည်။

"နျူနျူ... မင်ယွဲ့ကို အလုပ်မရှုပ်စေနဲ့လေ"

"ဖေဖေကလည်း... မင်ယွဲ့မမက အရမ်းတော်တာပဲ၊ သူပြောတဲ့ အင်္ဂလိပ်စကားက တီဗွီထဲကလူတွေ ပြောသလိုပဲ နားထောင်လို့ အရမ်းကောင်းတယ်"

နျူနျူသည် လေသံဝဲခြင်း၊ မဝဲခြင်းကို နားမလည်သော်လည်း မင်ယွဲ့၏ ပြောဆိုပုံမှာ အလွန်ချောမွေ့ပြီး နားဝင်ချိုသည်ကိုမူ သိရှိနေသည်။ မင်ယွဲ့သည် ထိုကလေးမလေး၏ ရင်ထဲတွင် ပညာရပ်ဆိုင်ရာ မျိုးစေ့လေးတစ်ခုကို ချပေးလိုက်ခြင်းပင် ဖြစ်သည်။

"ကောင်းပါပြီ၊ အဲဒါဆိုရင် သမီးလည်း ကြိုးစားရမယ်နော်"

သမီးဖြစ်သူ၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး ရွာလူကြီးက အားပေးစကား ပြောလိုက်သည်။

ရွာလူကြီးတွင် သမီးနှစ်ယောက်သာ ရှိပြီး အကြီးမမှာ အိမ်ထောင်ကျသွားပြီ ဖြစ်သည်။ သားယောက်ျားလေး မရှိလျှင် အထင်သေးတတ်သော ကျေးလက်ဓလေ့များကြားတွင် သူသည် ရွာလူကြီးတစ်ဦးအဖြစ် ရပ်တည်ရန် မလွယ်ကူသော်လည်း သူ၏ ရိုးသားဖြောင့်မတ်မှုကြောင့် လူတိုင်းက သူ့ကို လေးစားကြခြင်း ဖြစ်သည်။

"မင်ယွဲ့... ကျွန်မ ကန်စွန်းဥ ပေါင်းလာတယ်"

ရှို့သည် ခြင်းတောင်းလေးကို မင်ယွဲ့ရှေ့တွင် ချပေးရင်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။

ကျေးလက်ထွက်ပစ္စည်းများကို မင်ယွဲ့က မကြိုက်မှာကို သူမ စိုးရိမ်နေမိသော်လည်း သူမတို့တွင် အခြားကျေးဇူးဆပ်စရာ မရှိပေ။

"ကျေးဇူးတင်လိုက်တာ၊ ကျွန်မ ကန်စွန်းဥကို တကယ်ကြိုက်တာပါ"

မင်ယွဲ့က ဖော်ဖော်ရွေရွေ ပြုံးပြလိုက်မှသာ ရှို့လည်း စိတ်လက်ပေါ့ပါး သွားတော့သည်။

"ကြိုက်တယ်ဆိုရင် တော်သေးတာပေါ့၊ အိမ်မှာ ပြောင်းဖူးတွေလည်း အများကြီး ရှိသေးတယ်၊ မနက်ဖြန်ကျရင် ပြောင်းဖူး ပြုတ်ပေးမယ်လေ"

"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် မမရှို့"

မင်ယွဲ့သည် သူမ ငြင်းဆန်လိုက်လျှင် ထိုမိသားစု စိတ်မကောင်း ဖြစ်ကျန်ရစ်မည်ကို သိသဖြင့် သူတို့၏ စေတနာကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

ရှို့သည် ဝမ်းသာအားရဖြင့် အိမ်သို့ ပြန်သွားပြီး မနက်ဖြန်တွင် မင်ယွဲ့အတွက် ဘဲတစ်ကောင်သတ်ကာ စွပ်ပြုတ်ချက်ပေးရန်ပင် စိတ်ကူးနေတော့သည်။

ရှို့ အိမ်ပြန်ရောက်သည့်အခါ အိမ်တွင်း၌ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိလိုက်သည်။ အမြဲတမ်း အေးအေးဆေးဆေး နေတတ်သည့် ခင်ပွန်းဖြစ်သူမှာ ယနေ့တွင် ထူးထူးခြားခြား မျက်နှာပျက်နေသည်။

"ဘာဖြစ်လို့လဲ"

သူမ အထဲဝင်လိုက်သည်နှင့် တင်းမာနေသော အခြေအနေမှာ လှုပ်ခတ်သွားသည်။ အပြင်ဘက်မှ ကင်မရာသမားလည်း ဆူညံသံကြောင့် အပြေးအလွှား ရောက်လာသည်။

"မေမေ... မေမေ..."

ကလေးငယ်သည် မိခင်ကို မြင်သည်နှင့် ထပ်မံ ငိုကြွေးတော့သည်။

"သားလေး... ဘာဖြစ်တာလဲ"

ရှို့သည် ခြင်းတောင်းကို ချကာ ကလေးအနားသို့ အပြေးအလွှား သွားလိုက်သည်။

ခင်ပွန်းဖြစ်သူက ဒေါသကို ထိန်းချုပ်ရင်း ပြောလိုက်သည်မှာ -

"ကလေး လက်မှာ အပူလောင်သွားပြီ၊ ငါ သွားပြီး ဦးလေးသုံးဆီက ကားငှားဦးမယ်၊ ကလေးကို ဆေးရုံ အမြန်ပို့ရမယ်"

သူသည် ကလေးကို သေချာမကြည့်နိုင်သည့် မိမိတို့ကိုယ်မိမိသာ အပြစ်တင်ရမည်ကို သိသော်လည်း ဒေါသကိုမူ မထိန်းနိုင်ဖြစ်နေသည်။

အကယ်၍ ထိုအမျိုးသမီးသာ ရေပူအိုးကို အန္တရာယ်ရှိသော နေရာတွင် မချထားခဲ့လျှင် ကလေး ယခုလို ဒဏ်ရာရလိမ့်မည် မဟုတ်ပေ။

လီယွမ်သည် မျက်နှာသစ်ချင်သည်ဟု ပြောသဖြင့် အိမ်ရှင်အမျိုးသားက ရေနွေးများကို ခပ်ပေးပြီး ရေအေးရောရန် မှာကြားခဲ့သော်လည်း သူမသည် ဖုန်းကိုသာ အာရုံစိုက်နေခဲ့သဖြင့် ဆော့ကစားနေသော ကလေးမှာ ရေပူအိုးထဲသို့ လက်ကျွံကျသွားခြင်း ဖြစ်သည်။

"အဲဒါဆိုရင် အမြန်သွားလေ"

အမျိုးသမီးသည် ကလေး၏ လက်ကို ကြည့်ပြီး ပြာပြာသလဲ ဖြစ်နေရှာသည်။

ကလေး၏ လက်လေးမှာ ရဲတွတ်နေပြီး နုနယ်လွန်းသဖြင့် ရေပူဒဏ်ကို မခံနိုင်ရှာပေ။ လီယွမ်ကမူ သူမတွင် အပြစ်မရှိသကဲ့သို့ အေးစက်စွာသာ ကြည့်နေသည်။

အိမ်ရှင်အမျိုးသားက အမြန်ဆေးရန် သတိပေးခဲ့သော်လည်း သူမကမူ သူမရှေ့တွင် ချပေးထားသည့် ရေပူအိုးကို အမှုမထားဘဲ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

အခန်း (၂၆၂) ဆေးရုံ

ကင်မရာသမား အိမ်ထဲသို့ ဝင်လာသည်ကို မြင်သည်နှင့် လီယွမ်သည် သူမ၏ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး စိုးရိမ်ပူပန်ဟန် ဆောင်ကာ ပြောလိုက်သည်။

"မမ... ကျွန်မ ဒါရိုက်တာဆီ သွားပြောပေးရမလား၊ ရှင့်ကို ကားငှားပေးဖို့လေ"

တကယ်တမ်းတွင်မူ သူမသည် အပြောသာရှိပြီး လက်တွေ့တွင်မူ မည်သည့်အကူအညီမှ မပေးဘဲ ထိုင်ကြည့်နေခြင်း ဖြစ်သည်။

လုဖုန်းကမူ ဒါရိုက်တာထံသို့ ချက်ချင်း ဖုန်းဆက်ထားပြီးဖြစ်ရာ ရွာထဲတွင် ကားငှားမရပါက ရိုက်ကူးရေးအဖွဲ့၏ ကားကို အသုံးပြုရန် စီစဉ်ထားပြီး ဖြစ်သည်။

အိမ်ရှင်အမျိုးသား ပြန်ရောက်လာချိန်တွင် ကလေးငယ်မှာ ငိုလွန်းသဖြင့် အိပ်ပျော်သွားရှာပြီ ဖြစ်သည်။ သူသည် ကားငှားရန် မအောင်မြင်ခဲ့ပေ။

"ကားငှားလို့ မရခဲ့ဘူး၊ ဦးလေးသုံးက ဒီမနက်တင် အပြင်ထွက်သွားတယ်တဲ့"

ရွာထဲတွင် ဦးလေးသုံး၏ မိသားစုတွင်သာ ကားရှိခြင်း ဖြစ်သည်။

ထိုလူသည် စိုးရိမ်စိတ်ကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး

“ငါသာ ကလေးကို သေချာကြည့်ခဲ့ရင် အခုလို ဖြစ်မှာမဟုတ်ဘူး"

ဟု မိမိကိုယ်ကိုယ်သာ အပြစ်တင်နေမိတော့သည်။

"ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့ ကားကိုပဲ သုံးကြရအောင်"

ဒါရိုက်တာ ဝူလျန် ရောက်ရှိလာသည်။

ကျေးလက်တောရွာများတွင် လက်ဖမိုး အပူလောင်ခြင်းကို အရေးကြီးကိစ္စဟု မသတ်မှတ်ကြသော်လည်း မည်သည့်မိဘကမှ မိမိ၏ ရင်သွေးငယ်ကို ငယ်ငယ်ရွယ်ရွယ်နှင့် အမာရွတ်ကြီးကြီးမားမား ထင်ကျန်စေချင်မည်

နည်း။

ဒါရိုက်တာ၏ စကားကြောင့် လင်မယားနှစ်ယောက်မှာ အားကိုးရာ ရသွားသကဲ့သို့ အလွန်အမင်း ကျေးဇူးတင်နေကြသည်။

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး၊ ကျေးဇူး

အများကြီး တင်ပါတယ်"

"ရပါတယ်၊ ကားဆရာကို လိုက်ပို့ခိုင်းလိုက်မယ်”

ဒါရိုက်တာ ဝူလျန်သည် စေတနာရှေ့ထား၍ ကားစီစဉ်ပေးပြီးမှသာ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေအရပ်ရပ်ကို သိရှိသွားခြင်း ဖြစ်သည်။ သူသည် လီယွမ်ကို ကြည့်ကာ ခပ်အေးအေးပင် မေးလိုက်သည်။

"ဒါကို ရိုက်ထားတဲ့ ကင်မရာထောင့် အကောင်းစား ရှိသေးလား"

"ဒါရိုက်တာက ဘာကို ဆိုလိုတာလဲ၊ ကျွန်မက ကလေးကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် လုပ်တယ်လို့ ထင်နေတာလား"

လီယွမ်သည် ဒေါသတကြီး ထရပ်ကာ အော်ဟစ်တော့သည်။

သူမသည် အနုပညာလောက၏ ဟန်ဆောင်ကောင်းမှုများကို အပြည့်အဝ မတတ်မြောက်သေးမီမှာပင် ရုတ်တရက် နာမည်ကျော်လာသူဖြစ်ရာ သူမ၏ စိတ်ရိုင်းကို မထိန်းချုပ်နိုင်တော့ပေ။

"မင်း လုပ်တယ်လို့ ငါပြောမိလို့လား၊ ဘာလို့ ဒီလောက်တောင် တုံ့ပြန်နေရတာလဲ"

ယခု ရိုက်ကူးနေသည်မှာ ဇာတ်ညွှန်းအတိုင်း မဟုတ်ဘဲ ဒါရိုက်တာ၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နေသည်။ လီယွမ်သည် ကင်မရာကို မြင်လိုက်မှသာ အသိဝင်လာပြီး လေသံကို ပြန်လျှော့လိုက်သည်။

"ဒါရိုက်တာ... ကျွန်မ ရည်ရွယ်တာ မဟုတ်ပါဘူး၊ ရုတ်တရက် ဖြစ်သွားတဲ့ ကိစ္စကြောင့် စိတ်

လှုပ်ရှားပြီး အမူအရာ ပျက်သွားတာပါ"

ထိုသို့ ဟန်ဆောင်နေသည်ကို မြင်သောအခါ လုဖုန်းကမူ မဲ့ပြုံးတစ်ခုကိုသာ ဖန်တီးမိသည်။

"ဒါရိုက်တာဝူ၊ ခုနက ကင်မရာက ခြံထဲမှာပဲ ရိုက်နေတာပါ၊ ကျွန်တော်တို့ ကလေးငိုသံပဲ ကြားလိုက်ရတယ်၊ အထဲဝင်သွားတော့ ကလေးက အပူလောင်နေပြီ"

ဟု ကင်မရာသမားက ရှင်းပြသည်။

ရွာသားများ၏ ကိုယ်ရေးကိုယ်တာကို လေးစားသောအားဖြင့် အိမ်တွင်းများ၌ ကင်မရာ တပ်ဆင်မထားသဖြင့် အထဲတွင် ဘာဖြစ်ခဲ့သည်ကို မည်သူမျှ အတိအကျ မသိရှိကြပေ။

မင်ယွဲ့နှင့် ရွှီခယ်တို့သည် အပြင်၌ လမ်းလျှောက်နေစဉ် ရှို့တို့လင်မယား ကလေးကို ပွေ့ချီကာ အလောတကြီး ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ"

မင်ယွဲ့က လှမ်းမေးလိုက်သည်။

"ကလေး အပူလောင်လို့ ဆေးရုံသွားမလို့ပါ"

မင်ယွဲ့သည် ကလေး၏ လက်ရှိအခြေအနေကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

ကလေးမှာ ငိုလွန်းသဖြင့် မျက်လုံးများ ရဲနေကာ လက်ဖမိုးရှိ ဒဏ်ရာမှာလည်း အတော်အတန် ကြီးမားလှသည်။

"ကျွန်မတို့ကားနဲ့ပဲ သွားကြရအောင်၊ ကျွန်မ လိုက်ပို့ပေးမယ်"

မင်ယွဲ့သည် ထိုရိုက်ကူးရေး၏ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ရာ ရိုက်ကူးရေးအဖွဲ့ကလည်း

သူမ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း မရှိပေ။ ရွှီခယ်က ကားမောင်း၍ အားလုံး ဆေးရုံသို့ ထွက်ခွာခဲ့ကြသည်။

"ခရိုင်ဆေးရုံကို သွားမှာလား"

ဟု မင်ယွဲ့က မေးသောအခါ လင်မယားနှစ်

ယောက်မှာ ခဏတာ ငြိမ်သက်သွားပြီး -

"မြို့နယ်ဆေးရုံကိုပဲ ပို့ပေးပါ"

ဟု ခပ်တိုးတိုး ဖြေကြသည်။

သူတို့သည် ခရိုင်ဆေးရုံသို့ မသွားချင်၍ မဟုတ်ပေ။ ဆင်းရဲနွမ်းပါးလှသော သူတို့အတွက် ခရိုင်ဆေးရုံဆိုသည်မှာ ငွေမျိုသည့် သတ္တဝါကြီးသဖွယ် ကြောက်လန့်နေကြခြင်း ဖြစ်သည်။

"ခရိုင်ဆေးရုံကိုပဲ သွားကြရအောင်၊ ဒီကလေးလေးနဲ့ ကျွန်မနဲ့က ရေစက်ရှိပါတယ်"

မင်ယွဲ့က အလိုက်တသိ ပြောလိုက်သော်လည်း ရှို့ကမူ ထိုစကား၏ အနက်ကို နားလည်သည်။

သူမ၏ ခင်ပွန်းကမူ ငွေမလောက်ပါက မည်သူ့ထံ ချေးရမည်ကိုသာ တွေးပူနေတော့သည်။ သို့သော် ကလေး၏ လက်တွင် အမာရွတ် ထင်ကျန်ရစ်

မည်ကို သူလည်း မလိုလားပေ။

"မစ္စတာ ပိုင်... ကျွန်မတို့..."

ရှို့မှာ ကျေးဇူးတင်စကားပင် ပြောရန် ခက်ခဲနေရှာသည်။

"ကန်စွန်းဥအတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းစားလို့ ကောင်းတယ်"

မင်ယွဲ့သည် တစ်ဖက်လူ စိတ်သက်သာရာရစေမည့် စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုလိုက်ရာ ရှို့မှာလည်း စိတ်အေးသွားရသည်။

"ကြိုက်ရင် မနက်ဖြန်လည်း ထပ်ပို့ပေးပါ့မယ်"

ရွှီခယ်သည် ကားမောင်းရင်း မင်ယွဲ့ကို ခိုးကြည့်မိသည်။ မင်ယွဲ့နှင့် အတူရှိလေလေ၊ သူ၏ ရွေးချယ်မှု မှန်ကန်ကြောင်း သူ ပို၍ ခံစားရလေဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်အောက်တွင် သူ တစ်သက်လုံး အလုပ်လုပ်ချင်မိသည်။

ဆေးရုံသို့ ရောက်သောအခါ ထိုလင်မယားမှာ ဆေးရုံခန်းမကြီးထဲတွင် ဘာလုပ်ရမှန်းမသိဘဲ ငေးကြည့်နေကြသည်။ မင်ယွဲ့က ကိုယ်တိုင် လက်မှတ်ဖြတ်ပေးပြီး ဆေးခန်းသို့ ခေါ်သွားပေးခဲ့သည်။ ဆရာဝန်က စစ်ဆေးပြီးနောက် လိမ်းဆေးညွှန်းပေးသည်။

"ဆရာ... အမာရွတ် ထင်ကျန်ဦးမလား"

ဟု ရှို့က စိုးရိမ်တကြီး မေးသည်။

"အမာရွတ် မကျန်စေချင်ရင်တော့ တခြားဆေးတစ်မျိုး သုံးလို့ရတယ်၊ ဒါပေမဲ့ ဈေးတော့ နည်းနည်းကြီးမယ်၊ အမာရွတ်ပျောက်ဆေးနဲ့ တွဲသုံးရမှာ"

ဆရာဝန်သည် သူတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ကာ ဈေးအသက်သာဆုံး ဆေးကိုသာ ညွှန်းပေးခဲ့ခြင်း ဖြစ်သည်။

"အကောင်းဆုံးဆေးကိုသာ သုံးပေးပါ"

မင်ယွဲ့က နောက်ကနေ တိုက်ရိုက်ပင် ပြောလိုက်သည်။

ခဏအကြာတွင် ဆေးခန်းမှ ထွက်လာကြသည်။

"ကျေးဇူးတင်ပါတယ် မမမင်ယွဲ့"

ဤသည်မှာ မင်ယွဲ့ ရရှိခဲ့သော မရေမတွက်နိုင်သော ကျေးဇူးတင်စကားများထဲမှ တစ်ခုပင် ဖြစ်သည်။

ရွှီခယ်က ဆေးသွားဝယ်နေစဉ် မင်ယွဲ့သည် သူမ၏ အလိုအလျောက် ရိုက်ကူးရေး ကင်မရာမှ ပုံရိပ်များကို ကြည့်နေမိသည်။

လီယွမ်သည် ရေပူအိုးကို လျစ်လျူရှုကာ ဖုန်းကိုသာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်ကြောင်း သူမ အထင်အရှား တွေ့လိုက်ရသည်။ သို့သော် ဤဗီဒီယိုကို သူမ အပြင်သို့ ထုတ်ပြ၍ မဖြစ်ပေ။ အကယ်၍ ထုတ်ပြလိုက်ပါက ရိုက်ကူးရေးအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

"သူမကို အပြစ်ပေးဖို့ နည်းလမ်းမရှိတော့ဘူးလား"

ဟု မင်ယွဲ့ တွေးနေစဉ်မှာပင် လီယွမ်သည် သူမ၏ ပြုလုပ်ခဲ့သမျှအတွက် ဝဋ်လည်မှုကို စတင်ခံစားလိုက်ရသည်။

မင်ယွဲ့တို့ ဆေးရုံမှ ပြန်မရောက်မီမှာပင် လီယွမ်သည် ခြေချော်လဲသွားခဲ့သည်။

"ငါ အိမ်ပြန်ချင်ပြီ၊ ဆက်မရိုက်နိုင်တော့ဘူး"

လီယွမ်သည် သူမ၏ စိတ်ခံစားချက်ကို မထိန်းနိုင်တော့ဘဲ အော်ဟစ်တော့သည်။

ဝန်ထမ်းတစ်ဦးက သူမအား ခရိုင်ဆေးရုံသို့ လိုက်ပို့ပေးမည်ဟု ပြောသော်လည်း သူမကမူ -

"ယန်ကျင်က ဆေးရုံကိုပဲ သွားမယ်၊ ဒီက ဆေးရုံတွေက အဆင့်မမီဘူး"

ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှို့၏ မျက်နှာမှာ တင်းမာသွားသည်။ သူမ၏ သားကို ခရိုင်ဆေးရုံသို့ ပို့ရန်ပင် ဝန်လေးနေခဲ့ရသော်လည်း အခြားလူ၏ မျက်စိထဲတွင်မူ ထိုဆေးရုံမှာ အဆင့်မမီသော နေရာတစ်ခု ဖြစ်နေသည်။

ရှို့၏ ခင်ပွန်းကမူ လီယွမ် လမ်းမလျှောက်နိုင်သည်ကို မြင်သောအခါ စိတ်ထဲတွင် ကျေနပ်သွားမိသည်။ ဤသည်မှာ ကောင်းကင်ဘုံက ပေးလိုက်သော ပြစ်ဒဏ်ပင် ဖြစ်တော့သည်။

အခန်း (၂၆၃) ငါ့ကို ခိုးရိုက်နေတာလား

"လီယွမ်... မင်းဘက်က စာချုပ်ကို အလယ်အလတ်မှာ ဖောက်ဖျက်မယ်ဆိုရင် လျော်ကြေးပေးရလိမ့်မယ်နော်"

ဒါရိုက်တာ ဝူလျန်၏ မျက်နှာမှာ မည်းမှောင်နေတော့သည်။ အပိုင်းတိုင်းတွင် ပြဿနာရှာမည့်သူ တစ်ယောက်မဟုတ် တစ်ယောက် အမြဲပါလာတတ်သည်မှာ အဘယ်ကြောင့်နည်းဟု သူ တွေးမရနိုင်အောင် ဖြစ်နေရသည်။

"ဒါရိုက်တာဝူ... ဒါက လုပ်ငန်းခွင်အတွင်း ရတဲ့ဒဏ်ရာလေ၊ ကျွန်မဘက်က ရိုက်ကူးရေးအဖွဲ့ကို နစ်နာကြေး မတောင်းတာတောင် ကျေးဇူးတင်ရဦးမယ်၊ အခုတော့ ကျွန်မကို စာချုပ်ဖောက်ဖျက်ကြေး တောင်းတယ်ဆိုတာ မလွန်လွန်းဘူးလား"

သူတို့နှစ်ဦး အချင်းများနေသံကြောင့် အခြားဧည့်သည်များပါ စုရုံးရောက်ရှိလာကြသည်။

ကလေးငယ်မှာမူ ဆေးရုံမှ ပြန်ရောက်လာပြီး ဆေးဝါးကုသမှု ခံယူထားပြီးပြီ ဖြစ်ရာ ရှို့က ကလေးကို အထဲသို့ ခေါ်ဆောင်သွားပြီး ခင်ပွန်းဖြစ်သူကမူ အပြင်ဘက်အခြေအနေကို စောင့်

ကြည့်ရန် ကျန်ရစ်ခဲ့သည်။

"ယွမ်ယွမ်... စိတ်လျှော့ပါဦး၊ အရင်ဆုံး ဆေးရုံသွားပြီး စစ်ဆေးကြည့်တာ ပိုမကောင်းဘူးလား"

လုဖုန်းက ဟန်ဆောင်ပန်ဆောင် တားမြစ်နေသော်လည်း စိတ်ထဲတွင်မူ လီယွမ်တစ်ယောက် အမြန်ဆုံး ထွက်သွားပေးရန်သာ ဆုတောင်းနေမိသည်။

လီယွမ်ကဲ့သို့သော သူနှင့် တွဲဖက်လုပ်ကိုင်ရသည်ထက်စာလျှင် တစ်ယောက်တည်း ရုန်းကန်ရသည်က ပို၍ စိတ်ချမ်းသာစရာ ကောင်းသည်မဟုတ်ပါလား။

"ကျွန်မ ယန်ကျင်းကိုပဲ ပြန်မယ်၊ ကျွန်မဖုန်း ပြန်ပေးပါ၊ မန်နေဂျာကို ဖုန်းဆက်ရမယ်"

လီယွမ်က ပြတ်ပြတ်သားသားပင် ဆိုလိုက်သည်။

ဝူလျန်သည်လည်း အစွဲအလမ်းကြီးသူ မဟုတ်ပေ။ အကယ်၍ လီယွမ်၏ ဒဏ်ရာမှာ ဆက်လက်ရိုက်ကူးရန် မဖြစ်နိုင်လောက်အောင် ပြင်းထန်ပါက သူ လွှတ်ပေးရန် အသင့်ရှိပါသည်။

သို့သော် လီယွမ်၏ မောက်မာသော အမူအရာက သူ့ကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်

စေသည်။

ဤကဲ့သို့ ကျေးလက်ဒေသသို့ လာရောက်ရိုက်ကူးသည့် အစီအစဉ်တွင် ဒေါက်မြင့်ဖိနပ်စီးလာခြင်းမှာ သူမ၏ အမှားသာ ဖြစ်သည်။ သတိပေးသော်လည်း မလိုက်နာဘဲ ခြေချော်လဲခြင်းမှာ သူမ ကိုယ်တိုင် ရှာကြံသော အမှုပင် ဖြစ်

တော့သည်။

ဝူလျန်က ဝန်ထမ်းများကို အချက်ပြလိုက်ရာ သိမ်းဆည်းထားသော ဖုန်းကို သူမထံ ပြန်

ပေးလိုက်သည်။

လီယွမ်သည် ဖုန်းကို ရသည်နှင့် သူမ၏ မန်နေဂျာကို ဆက်သွယ်ကာ ဒေါသတကြီး အော်ဟစ်တော့သည်။ သူမ၏ မန်နေဂျာမှာမူ ယန်ကျင်တွင် ရှိနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ ဖြစ်ရာ စိတ်တိုတတ်ပြီး အသိဉာဏ်မဲ့သော မင်းသမီးကို ဆက်လက် လက်တွဲရန် ဆန္ဒမရှိတော့ပေ။

"ငါ လာကြိုမချင်း စောင့်နေလိုက်"

ဟု မန်နေဂျာက အေးစက်စွာ ပြောပြီး ဖုန်းချသွားသည်။

လီယွမ်က ဝူလျန်ကို အောင်နိုင်သူတစ်ဦးကဲ့သို့ ကြည့်ကာ -

“ကျွန်မ မန်နေဂျာ မကြာခင် လာကြိုပါလိမ့်မယ်"

ဟု ကြေညာလိုက်သည်။

ဝူလျန်သည်လည်း ဤလူကို သူ၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် စာရင်းထဲမှ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးစီးပွားအတွက် ပြင်းထန်စွာ တိုက်ပွဲဝင်နေရသော အနုပညာလောကတွင် ဤကဲ့သို့သော စရိုက်ရှိသူမှာ ကြာရှည်ခံမည် မဟုတ်ကြောင်း သူ ရိပ်မိသည်။

လီယွမ် အစီအစဉ်မှ နုတ်ထွက်သွားပြီ ဖြစ်ရာ ဝူလျန် သူမကို အရေးမစိုက်တော့ဘဲ အစားထိုးမည့်သူကိုသာ အမြန်ရှာဖွေရတော့သည်။

အွန်လိုင်းပေါ်တွင်မူ ဝေဖန်သံများ ဆူညံနေတော့သည်။

— "လီယွမ်က ရူးနေတာလား၊ ကျေးလက်ဘဝကို လာတာကို ဘာလို့ ဒေါက်မြင့်ဖိနပ် စီးထားတာလဲ"

— "ပထမအပိုင်းက မိန်းကလေးအတိုင်းပဲ၊ သမိုင်းက ထပ်တလဲလဲ ဖြစ်နေတာလား"

— "သူမက နာမည်ဆိုးနဲ့ ကျော်ကြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလားလို့တောင် သံသယဝင်မိတယ်"

လီယွမ်၏ ပရိသတ်အချို့က ကာကွယ်ပေးနေကြသော်လည်း သာမန်ပြည်သူများကမူ လီယွမ်၏ မောက်မာမှုကို လက်မခံနိုင်ကြပေ။ အထူးသဖြင့် ခရိုင်ဆေးရုံကို အဆင့်မမီဟု နှာခေါင်းရှုံ့ခဲ့သော သူမ၏ စကားမှာ လူအများ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဝူလျန် ဖုန်းအကြိမ်ကြိမ် ဆက်သော်လည်း အစားထိုးမည့်သူ ရှာမရသေးပေ။ ထိုအချိန်တွင် လျိုယဲ့သည် ဤအစီအစဉ်ကို စောင့်ကြည့်နေပြီး အစားထိုး လိုအပ်နေသည်ကို သိသဖြင့် သူမ၏ မန်နေဂျာ ချန်ကောနှင့် ချက်ချင်း တိုင်ပင်

လိုက်သည်။

"ချန်ကော... ကျွန်မ သွားလိုက်ရမလား"

"မဖြစ်ဘူး၊ အခုချိန်မှာ ဝင်မပါနဲ့ဦး၊ အနုပညာလောကမှာ ရန်သူနည်းလေ ကောင်းလေပဲ" ဟု ချန်ကောက တားမြစ်သည်။

"မျက်နှာပြခွင့် မရှိရင် ကျွန်မ ဘယ်လိုလုပ် ထင်ရှားလာမှာလဲ၊ ပြီးတော့ ကျွန်မက ကြယ်ပွင့်ကြီး ဖြစ်ချင်တာမှ မဟုတ်တာ"

လျိုယဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။

ချန်ကောသည် လျိုယဲ့၏ ရိုးသားပြီး လောဘနည်းသော စရိုက်ကို နှစ်သက်သဖြင့် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။ သို့သော် ဒါရိုက်တာဘက်မှ အရင်ကမ်းလှမ်းရန် စောင့်ဆိုင်းနေလိုက်သည်။

လျိုယဲ့သည် ကင်မရာထဲတွင် ခဏတာ ဖြတ်ခနဲ မြင်လိုက်ရသော မင်ယွဲ့ကို မှတ်မိသွားသည်။

မင်ယွဲ့၏ လက်ချောင်းလေးတွင် ဝတ်ထားသော ခရမ်းရောင် ကျောက်စိမ်းလက်စွပ်ကို မြင်လိုက်ရုံနှင့် သူမ မှတ်မိနေခြင်း ဖြစ်သည်။

သူမသည် မင်ယွဲ့ထံသို့

“မင်မမ... ဒါရိုက်တာဝူနဲ့ အတူရှိနေတာလား"

ဟု စာပို့လိုက်သည်။

ထိုအချိန်တွင် မင်ယွဲ့၏ ဖုန်းမြည်သံက တိတ်ဆိတ်နေသော လေထုကို ဖြတ်သန်းသွားသည်။

လူတိုင်းက မင်ယွဲ့ကို ကြည့်လိုက်ကြသည်။ သူမ၏ ဝတ်စားဆင်ယင်မှုမှာ ရွာသူရွာသား မဟုတ်သဖြင့် ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။

ဒါရိုက်တာဝူကမူ မကြားချင်ယောင်ဆောင်နေလိုက်သည်။

မင်ယွဲ့သည် သူမ၏ ဘေ့စ်ဘောဦးထုပ်အောက်မှ မျက်နှာကို ဖုံးကွယ်ထားရင်း ဖုန်းကို ဖွင့်ကြည့်လိုက်သည်။ လျိုယဲ့ထံမှ စာဖြစ်နေသဖြင့် သူမ အံ့သြသွားသည်။

“ဟုတ်တယ်၊ ငါ ဒီမှာရှိနေတာ နင် ဘယ်လိုသိတာလဲ"

ဟု ပြန်ပို့လိုက်သည်။

လျိုယဲ့က စိတ်လှုပ်ရှားစွာဖြင့် မန်နေဂျာကို ဒါရိုက်တာဝူထံ ဖုန်းဆက်ခိုင်းတော့သည်။

မင်ယွဲ့ ထိုနေရာ၌ ရှိနေခြင်းနှင့် မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်းက ဤရွာအတွက် အထူးကဏ္ဍတစ်ခု ဖွင့်ပေးထားခြင်းကို သိရှိသွားသောအခါ ချန်ကောသည်လည်း အခွင့်အရေးကို လက်မလွှတ်တော့ဘဲ ဒါရိုက်တာဝူထံ ဖုန်းဆက်လိုက်

သည်။

"ကောင်းပြီ... မင်းတို့လာမယ်ဆိုရင် ဝမ်းသာတာပေါ့"

ဒါရိုက်တာဝူသည် ဝမ်းသာအားရ လက်ခံလိုက်

သည်။

လီယွမ်သည် သူမကို အစားထိုးမည့်သူမှာ မည်သူဖြစ်မည်ကို သိချင်နေသည်။ ထိုအချိန်တွင် မင်ယွဲ့က လျိုယဲ့နှင့် စာရိုက်နေရင်း

“နင် ရောက်တော့မှာလား"

ဟု မေးလိုက်သည်။

"ဟုတ်ကဲ့၊ မင်မမနဲ့ မကြာခင် တွေ့ရတော့မယ်၊ ယွမ်ပေါ့လေး ပါလာလား၊ သူ့အတွက် စားစရာတွေ ယူလာတယ်"

ဟု လျိုယဲ့က ပြန်ဖြေသည်။

မင်ယွဲ့က

“မပါဘူး၊ ဒီတစ်ခေါက် ယွမ်ပေါ့ကို ခေါ်မလာဘူး"

ဟု စာပြန်ပို့ပြီးနောက် ဖုန်းကို သိမ်းကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် လီယွမ်က သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။

"ရပ်လိုက်ဦး နင် ခုနက ဖုန်းနဲ့ ငါ့ကို ခိုးရိုက်နေတာလား"

အခန်း (၂၆၄) သီးသန့်မဲပေးခြင်း

မင်ယွဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမ၏လမ်းကို ပိတ်ဆို့ထားသည့် အမျိုးသမီးအား ဦးထုပ်အောက်မှနေ၍ စူးစိုက်ကြည့်လိုက်

သည်။

သူမ၏ မျက်နှာမှာ ဦးထုပ်အောက်ဝယ် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသော်လည်း ထွက်ပေါ်နေသည့် အငွေ့အသက်မှာ လွှမ်းမိုးမှုအပြည့် ရှိနေသည်။

လီယွမ်သည် မူလက မင်ယွဲ့သည် သူမ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ခိုးရိုက်နေသည်ဟု သံသယဝင်ရုံသာ ရှိသော်လည်း ယခုကဲ့သို့ မင်ယွဲ့၏ အထက်စီးဆန်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမ၌ မကောင်းသော ရည်ရွယ်ချက်ရှိသည်ဟု ပို၍ပင် ခိုင်ခိုင်မာမာ ယုံကြည်သွားတော့သည်။

သူမကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးသည် အနုပညာလောကထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိဟု ပြောလျှင် လီယွမ် လုံးဝယုံကြည်မည်မဟုတ်ပေ။

"မစ္စလီ... ဒီအစီအစဉ်က တိုက်ရိုက်ထုတ်လွှင့်နေတာဆိုတာ နင်မေ့သွားပြီလား၊ ခုနက နင်လုပ်သမျှကို ကင်မရာတွေက ရိုက်မထားဘူးလို့ ထင်နေတာလား"

မင်ယွဲ့က ခပ်ဖွဖွ ရယ်မောလိုက်သည်။

သူမသည် ဤကဲ့သို့သော လူမျိုးများအတွက်နှင့် ဒေါသအထွက်မခံနိုင်ပေ။ သို့သော် လီယွမ်၏ နားထဲတွင်မူ ထိုရယ်သံမှာ စော်ကားမှုတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ဒေါသကြောင့် အသိတရားကင်းမဲ့သွားကာ အစီအစဉ်မှာ တိုက်ရိုက်လွှင့်နေသည်ကိုပင် မေ့လျော့သွားပုံရသည်။

"ကင်မရာက ရိုက်သည်ဖြစ်စေ၊ မရိုက်သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး၊ နင် ခုနက ဖုန်းနဲ့ ဘာလုပ်နေတာလဲ၊ ငါ့ကို ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်နေတာလား၊ နင့်ကို ငါ တရားစွဲမယ်"

လီယွမ်သည် အကျိုးအကြောင်းမရှိ ပြဿနာရှာနေသည့် ရန်တွေ့တတ်သော မိန်းမကြီးတစ်ဦးကဲ့သို့ ပြုမူနေသဖြင့် ဒါရိုက်တာ ဝူလျန်မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။

"နင် တော်တော့ ဒီကနေ အမြန်ဆုံး ထွက်သွားတော့"

ဒါရိုက်တာ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။

လီယွမ်သည် အံ့အားသင့်သွားပြီး ကင်မရာကို လှမ်းကြည့်လိုက်မိသည်။ ဒါရိုက်တာဝူက သူမကို ကင်မရာရှေ့တွင်ပင် မညှာမတာ မောင်းထုတ်

လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

ဒါရိုက်တာနှင့် မင်ယွဲ့တို့ကြားတွင် ပတ်သက်မှုတစ်ခုခု ရှိနေသည်မှာ သေချာသည်ဟု သူမ တွေးမိသွားသည်။ သာမန်ဝန်ထမ်းတစ်ဦးအတွက်နှင့် သူမကဲ့သို့သော မင်းသမီးကို မောင်းထုတ်ရဲမည် မဟုတ်ပေ။

လီယွမ်၏ အကြည့်များသည် ဝူလျန်နှင့် မင်ယွဲ့ကြားတွင် ကူးလူးနေပြီး ဘာမှမပြောသော်လည်း သူမ၏ အမူအရာက အရာအားလုံးကို ဖော်ပြနေသည်။ သူမသည် သူမ၏ သရုပ်ဆောင်အရည်အချင်း အကြွင်းအကျန်များကို ဤနေရာတွင် အကုန်သုံးလိုက်ပုံရသည်။

"ဒါရိုက်တာဝူ... ကိုယ့်ဝန်ထမ်းဘက်ကနေ အရမ်းလိုက်မပါပါနဲ့၊ ကျွန်မက အများပြည်သူ သိတဲ့လူတစ်ယောက် ဖြစ်တဲ့အတွက် သင့်တင့်တဲ့ သံသယရှိပိုင်ခွင့် ရှိပါတယ်၊ သူမရဲ့ ဖုန်းကို စစ်ဆေးဖို့ ကျွန်မ တောင်းဆိုတယ်"

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်မူ ဆူညံသွားတော့သည်။

— "အဲဒါ မမမင်ယွဲ့မဟုတ်လား"

— "အိုး... မမ... ခဏလောက် လှည့်ကြည့်ပါဦး"

— "လူအုပ်ထဲမှာ သူ့ကို အကြိမ်ကြိမ် ရှာဖွေခဲ့ပေမဲ့ ရုတ်တရက် လှည့်ကြည့်လိုက်မှ မှေးမှိန်တဲ့ မီးရောင်အောက်မှာ သူ့ကို တွေ့လိုက်ရသလိုပဲ"

— "အပေါ်ကလူ... စကားကို ရှင်းရှင်းပြောပါ၊ ကျွန်တော် မူလတန်းမအောင်လို့ နားမလည်ဘူး"

— "အော်... ရှာနေတာ ကြာပြီ၊ မမမင်ယွဲ့က ဒီအစီအစဉ်မှာ ပါနေတာကိုး"

— "မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်းက ဒီရွာနဲ့ ဘာလို့ ပတ်သက်နေတာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်၊ မင်ယွဲ့ကိုယ်တိုင် ဒီမှာ ရှိနေတာပဲ"

— "မင်ယွဲ့က လှပပြီး စိတ်ထားကောင်းတဲ့ နတ်သမီးလေး၊ လီယွမ်ကတော့ စုန်းမပဲ "

မင်ယွဲ့၏ ကျောပြင်လေးကို မြင်လိုက်ရရုံနှင့်ပင်

အွန်လိုင်းတွင် ဆွေးနွေးမှုများမှာ အရှိန်မြင့်

တက်သွားသည်။

လီယွမ်၏ ရည်ရွယ်ချက်မှာ မင်ယွဲ့ကို လူအများအာရုံစိုက်လာအောင် ဆွဲခေါ်ရန် ဖြစ်သော်လည်း သူမ၏ လုပ်ရပ်က သူမကိုယ်တိုင်အတွက်သာ အန္တရာယ်ဖြစ်စေမည်ကို မသိရှိရှာပေ။

"ရှင်ပဲ ကိုင်တွယ်လိုက်ပါတော့၊ ကျွန်မ လုပ်စရာရှိသေးလို့"

မင်ယွဲ့က သူမ၏ လက်ကို ခပ်ပေါ့ပေါ့လေး ဝှေ့ယမ်းလိုက်ရာ လီယွမ်မှာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ရသည်။

မင်ယွဲ့သည် ကျွမ်းကျင်သော နည်းစနစ်တစ်ခုကို အသုံးပြုသွားခြင်း ဖြစ်သည်။ ဝူလျန်ကမူ မင်ယွဲ့ မည်သူ့ကို ပြောသွားသည်ကို ကောင်းကောင်း နားလည်သည်။

"မစ္စတာ ပိုင်... ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"

ဝူလျန်၏ စကားကြောင့် ပို၍ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

မင်ယွဲ့ကမူ သူမ၏ မျက်နှာကို ဖုံးကွယ်ထားဆဲဖြစ်ပြီး အေးဆေးစွာပင် ထွက်ခွာသွားခဲ့သည်။

ကျန်ရှိနေသော ဧည့်သည်များမှာလည်း အတွေးကိုယ်စီနှင့် ကျန်ရစ်ခဲ့သည်။ လုဖုန်းသည် ကျေးဇူးရှင်မှာ သူ့ဘေးနားတွင် ရှိနေခဲ့ပါလျက် အခွင့်အရေးကို လက်လွှတ်ခဲ့ရသဖြင့် မင်ယွဲ့၏ ကျောပြင်ကို ကြည့်ရင်း နောင်တရနေမိသည်။

မင်ယွဲ့သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုလိုက်သည်။ မြေတူးစက်များ၏ ဆူညံသံနှင့် ဖုန်မှုန့်များကြားတွင် ရွာသားများမှာ တက်ကြွစွာ အလုပ်လုပ်နေကြသည်။ ဖုန်ထူသဖြင့် သူမ ထိုနေရာ၌ ကြာကြာမနေခဲ့ပေ။

ရွာလူကြီး စီစဉ်ပေးထားသော အခန်းသို့ ပြန်ရောက်သောအခါ မင်ယွဲ့သည် 'ရန်ပုံငွေ သုံးဆပွားကတ်' ကို အသုံးပြုလိုက်သည်။ ဤကတ်ကို သူမကိုယ်တိုင် အသုံးပြုနိုင်သဖြင့် ယွမ်ပေါ့၏ အကူအညီ မလိုပေ။

သူမ၏ ပိုင်ဆိုင်မှု ကိန်းဂဏန်းများမှာ အဆမတန် တိုးပွားလာသည်ကို ကြည့်ရင်း သူမ စိတ်လှုပ်ရှားမိသည်။ အကယ်၍ ငွေကြေးများကို မြင်သာအောင် ပြသနိုင်မည်ဆိုလျှင် မင်ယွဲ့သည် ငွေတောင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေရသကဲ့သို့ ဖြစ်ပေလိမ့်မည်။

> စနစ်၏ အချက်အလက်များ အဆင့်မြှင့်တင်မှု

> * ဆွဲဆောင်မှု: ၉၁ (၁၀၀) 【ရင်သပ်ရှုမောဖွယ် အလှတရား】

> * အသက်မွေးဝမ်းကျောင်း: ၇၂ (၁၀၀) 【အောင်မြင်သော လုပ်ငန်းရှင်】

> * ပိုင်ဆိုင်မှု: ၁၈၄,၀၈၆,၄၀၀,၀၀၀ (တစ်

ထောင့်ရှစ်ရာလေးဆယ် ဘီလီယံ၊ ရှစ်

ဆယ်ခြောက်သန်း၊ လေးသိန်း ယွမ်)

> * အိမ်ခြံမြေ: ယုဖူးရှိ အိမ်ရာတစ်ခု၊ ဟိုက်ဖုအဆောက်အဦ၊ ဥယျာဉ်ဗီလာ၊ အာဖရိက သတ္တုတွင်း၊ မြို့လယ်ရှိ ဆိုင်ခန်းနှစ်ခန်း၊ ချန်တုန်း စီးပွားရေးလမ်းမ၊ ချွန်းဟယ် လူနေအိမ်ရာ၊ ကယ်ပီတယ် အဆောက်အဦ၊ လီယာ ခြံဝင်း၊ ဟွမ်ရှင်း အပန်းဖြေဥယျာဉ်၊ အာမန် ဝိုင်စက်ရုံနှင့် ရှီလင် ပင်လယ်ပြင်။

> * ရှယ်ယာများ: ယွဲ့ဟွာ နည်းပညာ (၇၅%)၊ ဆောင်းမို မီဒီယာ (၃၀%)၊ ဝေကွမ် လုပ်ငန်းစု (၅၀%)။

> * အခြား: ရိုးလ်ရွိုက်စ် ကား၊ ပါတက် ဖိလစ် နာရီ၊ ရှန်းနှင့် ကျိုးခေတ် ကြေးထည်များ၊ ပင်လယ်ကူး သင်္ဘောကြီး... 【အလွန်အမင်း ချမ်းသာကြွယ်ဝသူ】

> * ဂုဏ်သတင်း အမှတ်: ၄၇၀,၀၀၀

ပိုင်ဆိုင်မှု ကိန်းဂဏန်းများကို ကြည့်ရင်း မင်ယွဲ့၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ကျန်ဟင်နှင့် ဝမ်ကျန်းတို့ကို ဗီဒီယိုကောလ် ခေါ်ဆိုလိုက်သည်။

"မစ္စက နောက်ဆုံးတော့ ကျွန်မတို့ကို ဆက်သွယ်လာပြီပေါ့"

ဟု ဝမ်ကျန်းက နောက်ပြောင်လိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ"

ဟု မင်ယွဲ့က ခပ်အေးအေး ပြောလိုက်သည်။

"ငါတို့ CEO က ဒီလောက်အလေးအနက်ထားပြီး ဗီဒီယိုကောလ် ခေါ်တယ်ဆိုတော့ ထူးခြားမှာပေါ့၊ ကျန်းကျန်း... နင် ကြားဖြတ်မပြောနဲ့ဦး"

ဟု ကျန်ဟင်က ဆိုသည်။

"ကျန်ဟင်... ပြီးခဲ့တဲ့ အခေါက်က နင်ပြောတဲ့ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအကြောင်း မှတ်မိလား"

"မှတ်မိတာပေါ့၊ ရင်းနှီးမြှုပ်နှံမှုက တော်တော်များတယ်၊ အကယ်၍ ယွဲ့ဟွာ နည်းပညာက အခုရှိနေတဲ့ ရန်ပုံငွေကို ထုတ်သုံးလိုက်ရင် ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်"

ဟု ကျန်ဟင်က အလေးအနက် ပြန်ဖြေသည်။

"ဘယ်လောက် ကုန်ကျမလဲ၊ ပြန်ရနိုင်မယ့် အကျိုးအမြတ်ကိုရော ခန့်မှန်းပြီးပြီလား

ယခုအချိန်တွင် မင်ယွဲ့အတွက် ငွေကြေးမှာ ပြဿနာမဟုတ်ပေ။ အဓိကမှာ ထိုစီမံကိန်းသည် ရင်းနှီးမြှုပ်နှံရန် ထိုက်တန်မှု ရှိ၊ မရှိသာ ဖြစ်သည်။

"ယွမ် သန်း ၁၂၀ လောက် လိုမယ်၊ ဒါက အစိုးရက ဦးဆောင်တဲ့ စီမံကိန်းဆိုတော့ အကျိုးအမြတ်ကတော့ သေချာသလောက်ပဲ၊ ဒါပေမဲ့ ရှင်းယောင် လုပ်ငန်းစုကလည်း ဒီစီမံကိန်းမှာ ပါဝင်နေတယ်လို့ ကြားတယ်"

"အဲဒီစီမံကိန်းအတွက် ငါ သီးသန့် ရင်းနှီးမြှုပ်နှံမယ်၊ ငွေကို နင်တို့ဆီ အခုပဲ လွှဲပေးလိုက်မယ်"

မင်ယွဲ့က လက်တစ်ဖက် ဝှေ့ယမ်းကာ ပြောလိုက်ပုံမှာ ကျန်ဟင်နှင့် ဝမ်ကျန်းတို့အတွက်မူ နေ့စဉ်မြင်နေကျ မြင်ကွင်းတစ်ခုလိုပင် ရိုးအိနေပြီ ဖြစ်သည်။

ဝမ်ကျန်းသည် သူမ၏ရှေ့တွင် မည်သူကပင် လာ၍ ငွေကြေးကြွယ်ဝမှုအကြောင်း ကြွားဝါနေပါစေ စိတ်ထဲမထားတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ သူငယ်ချင်း မင်ယွဲ့ထက် ပို၍ ချမ်းသာသူ၊ ပို၍ ရက်ရောသူ မည်သူမျှ မရှိကြောင်း သူမ ကောင်းကောင်းသိနေသောကြောင့် ဖြစ်တော့သတည်း။

အခန်း (၂၆၅) ရပ်တန့်လိုက်ပါ

ယခင်က ဝမ်ကျန်းသည် သူတစ်ပါးရှေ့တွင် ကြွားဝါရသည်ကို ဝါသနာပါရုံမျှသာ ရှိခဲ့သော်လည်း ယခုမူ သူမတွင် မည်သည့်

ကြောက်ရွံ့မှုမှ မရှိတော့ပေ။

တစ်ဖက်လူက သူမရှေ့၌ မည်မျှပင် ငွေကြေးကြွယ်ဝကြောင်း ထုတ်ကြွားနေပါစေ၊ သူမကမူ ထိုသူတို့၏ အရောင်အဝါမှာ မင်ယွဲ့နှင့် ယှဉ်လျှင် မှေးမှိန်လွန်းသည်ဟုသာ ခံစားနေမိတော့သည်။

မင်ယွဲ့သည် ဝမ်ကျန်း၏ သူငယ်ချင်းကောင်းတစ်ယောက်အပေါ် ထားရှိခဲ့ဖူးသမျှ စိတ်ကူးယဉ်အိမ်မက်များကို အကုန်အစင် ဖြည့်ဆည်းပေးခဲ့သူ ဖြစ်သည်။

ချမ်းသာကြွယ်ဝရုံသာမက နတ်သမီးတစ်မျှ လှပသည့် သူငယ်ချင်းကောင်းမျိုး ပိုင်ဆိုင်ရခြင်းမှာ လူတိုင်းရရှိနိုင်သည့် အခွင့်အရေးမဟုတ်ရာ ဝမ်ကျန်းအနေဖြင့် မည်သို့လျှင် ဂုဏ်မယူဘဲ နေနိုင်ပါမည်နည်း။

သူမတွင် မင်ယွဲ့ကဲ့သို့ သူငယ်ချင်းရှိကြောင်း ကမ္ဘာတစ်ခုလုံးကို သိစေချင်သည့်အထိ သူမ ဂုဏ်ယူမဆုံး ဖြစ်နေရသည်။

မင်ယွဲ့သည် ကျန်ဟင်၏ အကဲဖြတ်မှုကို ယုံကြည်ပြီးသား ဖြစ်သည်။ ယခုအခါ အစိုးရကိုယ်တိုင် ဦးဆောင်ပြီး ရှင်းယောင်လုပ်ငန်းစုကပါ ပါဝင်ပတ်သက်နေသည်ဟု သိရသဖြင့် စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

"ရင်းနှီးမြှုပ်နှံလို့တော့ ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီက အတွေ့အကြုံ သိပ်မရှိသေးတော့ ဒီလိုစီမံကိန်းကြီးမျိုးမှာ ပါဝင်ခွင့်ရဖို့က နည်းနည်းတော့ ခက်ခဲလိမ့်မယ်"

ဟု ကျန်ဟင်က အကျိုးအကြောင်း တွေးဆကာ ပြောလိုက်သည်။

"မလောပါနဲ့ဦး၊ ငါ ဟန်ကျီကို အရင်မေးကြည့်

လိုက်ဦးမယ်"

မင်ယွဲ့၏ စကားကြောင့် ကျန်ဟင်နှင့် ဝမ်ကျန်းတို့ ခေတ္တမျှ ဆိတ်ဆိတ်နေမိကြသည်။

သူတို့၏ အထက်လူကြီးမင်းနှင့် ရှင်းယောင်လုပ်ငန်းစု၏ အကြီးအကဲတို့ကြားက ရင်းနှီးသော ပတ်သက်မှုကို သူတို့ ခဏတာ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

မင်ယွဲ့သည် ဗီဒီယိုကောလ်ကို ပိတ်လိုက်ပြီး မိုဟန်ကျီထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။ အိမ်တွင် ရှိနေခဲသော မိုဟန်ကျီသည် ဖုန်းမှ မက်ဆေ့ချ်သံကို ကြားသည်နှင့် ချက်ချင်း ထရပ်လိုက်သည်။

"ငါတို့ကိုတောင် ရှောင်ပြီး ပြောရမယ့် ကိစ္စက ဘာများလဲ"

မိုဟန်ကျီ၏ မိခင်က သစ်သီးပန်းကန်ကို ချရင်း စနောက်လိုက်သည်။

"ယွဲ့ယွဲ့ ဆက်တာလား"

သားဖြစ်သူ၏ နှုတ်ခမ်းဖျားမှ အပြုံးကို ကြည့်ရုံနှင့်ပင် အရေးကြီးကိစ္စ မဟုတ်ဘဲ ချစ်သူထံမှ ဖုန်းဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။

"မေမေနဲ့ အဘွား... ကျွန်တော် အပေါ်တက်

လိုက်ဦးမယ်"

မိုဟန်ကျီ အပေါ်ထပ်သို့ ပြေးတက်သွားသည်ကို ကြည့်ပြီး အဘွားမိုက သဘောတကျ ပြုံးနေတော့သည်။

"ဒီကလေးကတော့လေ... ဟန်ကျီကို ရှက်အောင် မလုပ်ပါနဲ့အေ"

ဟု အဘွားက ချွေးမဖြစ်သူကို လှမ်းပြောသည်။

"အမေကလည်း၊ ဟန်ကျီက ရှက်တတ်တဲ့ လူမျိုးမှ မဟုတ်တာ၊ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေ ရှိနေပြီလဲ မသိဘူး၊ ယွဲ့ယွဲ့ကလည်း အိမ်ကို လာမလည်တာ ကြာပြီ"

မိုဟန်ကျီ၏ မိခင်က သူတို့နှစ်ယောက် အဆင်ပြေပြေနှင့် လက်တွဲသွားကြရန် ဆုတောင်းနေမိသည်။

"ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ၊ ရုံးမှာလား၊ ကျွန်မ အနှောင့်အယှက် ပေးမိသွားလား"

ဖုန်းမျက်နှာပြင်တွင် ပေါ်လာသော မိုဟန်ကျီ၏ ခန့်ညားသော မျက်နှာကို ကြည့်ပြီး မင်ယွဲ့က မေးလိုက်သည်။

"မဟုတ်ပါဘူး"

မိုဟန်ကျီက ဖုန်းကင်မရာကို လှည့်ပြလိုက်ရာ မင်ယွဲ့သည် သူ၏ အိပ်ခန်းထဲသို့ ရောက်နေမှန်း သိလိုက်သည်။

"ယွဲ့ယွဲ့ ငါ့ကို လွမ်းနေတာလား"

မိုဟန်ကျီက ပြုံးကာ မေးလိုက်သည်။

"အင်း"

မင်ယွဲ့သည် ဆွေးနွေးစရာ ကိစ္စရှိသော်လည်း သူ့ကို လွမ်းနေသည်မှာ အမှန်ပင် ဖြစ်သဖြင့် ဝန်ခံလိုက်သည်။

ထိုစကားကြောင့် မိုဟန်ကျီ၏ မျက်ခုံးများ ပင့်တက်သွားကာ ဝမ်းသာပီတိ ဖြစ်သွားရသည်။ သူတို့နှစ်ယောက် အချိန်အတော်ကြာ ချိုသာစွာ စကားပြောဆိုပြီးမှ မင်ယွဲ့က အဓိက ကိစ္စကို စတင်မေးမြန်းလိုက်သည်။

"ရှင်းယောင်က ကျွန့်ဖေး စီမံကိန်းမှာ ပါဝင်နေတယ်လို့ ကြားတယ်"

"ဟုတ်တယ်၊ အစိုးရနဲ့ စာချုပ်ချုပ်ပြီးပြီ၊ မကြာခင်မှာ အများပြည်သူကို ကြေညာတော့မှာပါ"

"ယွဲ့ဟွာ နည်းပညာကိုရော ရှင် ဘယ်လိုမြင်လဲ"

"အဆင်ပြေတာပေါ့"

မိုဟန်ကျီက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

မင်ယွဲ့နှင့် အလုပ်ခွင်တွင်ရော၊ လူမှုရေးအရပါ ပိုမိုနီးကပ်ခွင့်ရမည့် အခြေအနေကို သူက လက်လွတ်ခံမည် မဟုတ်ပေ။

"ကောင်းပြီ၊ ဒါဆိုရင် ကျန်ဟင်ကို ပြင်ဆင်

ခိုင်းလိုက်မယ်"

"အေးအေး၊ နားမလည်တာရှိရင်လည်း ငါ့ကို အချိန်မရွေး မေးလို့ရတယ်"

မိုဟန်ကျီကဲ့သို့သော လုပ်ငန်းရှင်ကြီး၏ အကူအညီဖြင့် ယွဲ့ဟွာ နည်းပညာသည် စီမံကိန်းကို ရရှိရန် အခွင့်အလမ်း အလွန်များသွားပြီ ဖြစ်သည်။

ညစာစားချိန်တွင် လီယွမ် ထွက်ခွာသွားပြီဖြစ်ကြောင်း ရွာလူကြီးက မင်ယွဲ့ကို ပြောပြသည်။ ထိုညမှာပင် အပြင်ဘက်၌ ဆူညံသံများ ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ လျိုယဲ့ ရောက်ရှိလာခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် လျိုယဲ့လေးရယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်"

ဒါရိုက်တာ ဝူလျန်က ဝမ်းသာအားရ ကြိုဆိုသည်။

အခကြေးငွေပင် မညှိနှိုင်းဘဲ အမြန်ဆုံး ရောက်လာပေးသည့် လျိုယဲ့၏ စေတနာကို သူ အမှတ်ရနေမည် ဖြစ်သည်။

"ဒါရိုက်တာဝူကလည်း အားနာစရာကြီး၊ ကျွန်မလည်း အားနေတာနဲ့ လာခဲ့တာပါ”

ဟု လျိုယဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်

သည်။

မင်ယွဲ့သည် ညစာစားပြီးနောက် အပြင်သို့ ခေတ္တ ထွက်လာခဲ့သည်။

လေပြေအေးများက သစ်ရွက်များကို တရှဲရှဲ မြည်အောင် တိုက်ခတ်နေသည်။ ဒါရိုက်တာဝူက လျိုယဲ့၏ မန်နေဂျာ ရွှီခယ်အား ညဘက် ကားမောင်းရသည်မှာ အန္တရာယ်ရှိသဖြင့် ရွာ၌ပင် တစ်ညတည်းခိုရန် တိုက်တွန်းနေသည်။

တစ်ဖက်တွင် အားလုံး ပျော်ရွှင်နေကြသော်လည်း လီယွမ်မှာမူ ယန်ကျင်ရှိ ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်ဆေးကြည့်ရာ ခြေကျင်းဝတ် အဆစ်လွဲသွားခြင်း ဖြစ်သဖြင့် ကျောက်ပတ်တီး စည်းလိုက်ရသည်။

"နင် ငါ့ကို ဘယ်လို အစီအစဉ်မျိုး စီစဉ်ပေးလိုက်တာလဲ၊ အခုတော့ အနည်းဆုံး တစ်လလောက် နားရတော့မယ်၊ ငါ ဘယ်လိုလုပ် တီဗွီထဲမှာ ပေါ်လာတော့မှာလဲ"

လီယွမ်ယွမ်က ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းရင်း မန်နေဂျာကို ဆဲဆိုနေတော့သည်။

မန်နေဂျာကမူ ဘေးတွင် ရပ်နေရင်း တစ်ခွန်းမှ ပြန်မပြောပေ။

“ဘာလဲ၊ နင်က မကျေနပ်လို့လား၊ အခု နင့်မှာ ရှိတဲ့ တစ်ဦးတည်းသော အနုပညာရှင်က ငါဆိုတာ မမေ့နဲ့၊ ငါက နင့်အတွက် ငွေရှာပေးနေတာ"

မန်နေဂျာက သစ်သီးခွံများကို အမှိုက်ပုံးထဲ ပစ်လိုက်ပြီး -

“နင့်ကို ကျွေးရတာထက် ခွေးကို ကျွေးရတာက ပိုပြီး အဓိပ္ပာယ်ရှိဦးမယ်၊ နင်က တကယ်ကို တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"

သူသည် လှည့်ထွက်သွားရင်း နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်သည်။

“စကားမစပ်၊ ကုမ္ပဏီက ငါ့ကို လူသစ်တစ်

ယောက် ပေးပြီးပြီ၊ နင့်ဘာသာနင်ပဲ ဂရုစိုက်

တော့”

"ရပ်လိုက်စမ်း! အခုချက်ချင်း ရပ်လိုက်စမ်း”

လီယွမ်၏ အော်ဟစ်သံများက ဆေးရုံခန်းအတွင်း၌ ကျန်ရစ်ခဲ့တော့သည်။

All Chapters