အခန်း (၂၂၁-၂၂၅)
Vol. 23 Ch. 221-225
အခန်း (၂၂၁) လူကြီးလူကောင်းဆန်သော အမူအရာ
【ဝါး... ဒီထောင့်ကနေကြည့်ရင် တကယ်ကို ရင်သပ်ရှုမောစရာပဲ အမှတ်တရဖြစ်အောင် ကျွန်တော် ဓာတ်ပုံရိုက်ပေးမယ်လေ】
ခေါင်းထဲ၌ ရုတ်တရက် ပေါ်ထွက်လာသော အသံကြောင့် လေထုထဲရှိ ဝေဝါးနေသော ခံစားချက်တို့မှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။
【ယွမ်ပေါ့... မင်း ဘာလုပ်နေတာလဲ】
【ဓာတ်ပုံရိုက်ပေးမလို့လေ ကျွန်တော်တို့ စနစ်ရဲ့ နည်းပညာကိုသာ ယုံလိုက်စမ်းပါ အလှဆုံးပုံရိပ်တွေကို ရအောင် ဖမ်းယူပေးမှာမို့လို့】
"ဘာဖြစ်လို့လဲ မင်ယွဲ့”
မင်ယွဲ့ တစ်ယောက် ငြိမ်သက်နေသည်ကို တွေ့သောအခါ မိုဟန်ကျီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဘာမှမဖြစ်ပါဘူး လှပတဲ့ မြင်ကွင်းကို ကြည့်ပြီး ခဏလောက် မိန်းမောသွားလို့ပါ”
"တကယ်ကို ကြည့်ကောင်းတာပဲ”
တောင်ထိပ်တစ်ဝိုက်တွင် တက္ကသိုလ်ကျောင်းသား အမြောက်အမြား ဓာတ်ပုံရိုက်ကူးနေကြပြီး ၎င်းတို့နှစ်ဦးမှာလည်း ငယ်ရွယ်နုပျိုမှု၏ တက်ကြွလှုပ်ရှားသော အငွေ့အသက်များကို ခံစားနေကြရသည်။
"အားလုံးပဲ ဒီကိုကြည့်ကြပါဦး ကဲ... ချိစ်လို့ အော်လိုက်ကြရအောင်”
လူတစ်ဦးမှာ အနီရောင်အလံကို ကိုင်မြှောက်ကာ အားတက်သရော အော်ဟစ်နေသည်။
အေးအေးဆေးဆေး နေတတ်သော မိုဟန်ကျီမှာ ထိုလူအုပ်ထဲတွင် တစ်သားတည်းမကျသလို ဖြစ်နေသည်ကို မြင်သောအခါ မင်ယွဲ့က သူ၏လက်ကို ဆွဲမြှောက်လိုက်သည်။
လက်ချင်းတွဲလျက် မြှောက်ထားသော ထိုပုံရိပ်မှာ လူအုပ်ကြားထဲတွင် ထင်ရှားလှပနေတော့သည်။
မိုဟန်ကျီသည် ထိုအခိုက်အတန့်၏ ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
ကျောင်းပြီးသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ငယ်ရွယ်သူများနှင့် အတူရှိနေခြင်းက သူ့ကို ပိုမိုအင်အားပြည့်ဝစေသည်။
စီးပွားရေးလောက၏ ပြိုင်ဆိုင်မှု ပြင်းထန်သော နယ်ပယ်ထဲတွင် အချိန်ကုန်ဆုံးခဲ့ရသဖြင့် သူသည် အမြဲတစေ တည်ငြိမ်ရင့်ကျက်သော ပုံစံကိုသာ ထိန်းသိမ်းခဲ့ရသည်။
ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် သီချင်းဆို အော်ဟစ်နေကြသည့် ကျောင်းသားများနှင့် သူသည် မတူညီခဲ့ပေ။
သူ့အနားတွင် တောက်ပစွာ ပြုံးနေသော မင်ယွဲ့ကို ကြည့်ရင်း မိုဟန်ကျီမှာ ဤခရီးစဉ်ကို လာခဲ့ရသည်မှာ တန်လိုက်လေခြင်းဟု တွေးတောမိသည်။
လွှင့်ထူထားသော အနီရောင်အလံဆီသို့ မင်ယွဲ့ ငေးကြည့်နေမိသည်။
လက်နှိပ်ဓာတ်မီးများ၏ အလင်းရောင်မှာ အလံထက်သို့ ကျရောက်နေပြီး ထိုမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်တို့မှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေကြသည်။ ဤအခိုက်အတန့်တွင် လူတိုင်း၏ ရင်ထဲ၌ ပြင်းပြသော စိတ်ဓာတ်တို့မှာ ဆူပွက်နေကြ၏။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော မိုဟန်ကျီပင်လျှင် လူငယ်တို့၏ မျိုးချစ်စိတ်ဓာတ်ကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ပေ။
အကယ်၍သာ ယခုအချိန်တွင် စစ်မြေပြင်သို့ ထွက်ရန် အမိန့်ရပါက သူတို့အားလုံးသည် လက်နက်ကိုင်စွဲကာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြမည့်ပုံပင်။
တောင်ထိပ်ထက်တွင် တော်လှန်ရေးတေးသီချင်းသံများ ပျံ့လွင့်နေသည်။ မင်ယွဲ့သည် ထိုသီချင်းများကို သီးသန့်လေ့လာဖူးခြင်း မရှိသော်လည်း သူမအတွက် အလွန်ရင်းနှီးနေသည်။
ဤသည်မှာ လူမျိုးတစ်မျိုး၏ သွေးသားထဲတွင် ကိန်းအောင်းနေသော မျိုးရိုးဗီဇကြောင့်ပင် ဖြစ်ပေလိမ့်မည်။
မိုဟန်ကျီနှင့် မင်ယွဲ့တို့သည် အခြားခရီးသွားများနှင့်အတူ တောင်ထိပ်ပေါ်တွင် အချိန်အတော်ကြာ နေခဲ့ကြသည်။ နောက်ပိုင်းတွင် အပူချိန်မှာ ရုတ်တရက် ကျဆင်းလာသဖြင့် မိုဟန်ကျီသည် မင်ယွဲ့ကို ရင်ခွင်ထဲသို့ ဖက်ထားကာ တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။
၎င်းတို့သည် တောင်ထိပ်ရှိ ဟိုတယ်တစ်ခုတွင် အခန်းကြိုတင် ကြိုထားခဲ့ကြသည်။ အခန်းမှာ ကျယ်ဝန်းလှပြီး အိပ်ခန်းတစ်ခန်းထက်မက ပါရှိသည်။ မိန်းကလေးတစ်ဦးတည်း သီးသန့်နေရန် မိုဟန်ကျီက စိတ်မချသဖြင့် တစ်ခန်းတည်းတွင် အတူနေရင်း သူမကို စောင့်ရှောက်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
နှစ်ဦးသား နွေးထွေးသော ရေချိုးခြင်းကို ခံယူပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။
နောက်တစ်နေ့ နံနက်တွင် နေရောင်ခြည်မှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လာသည်။
နွေးထွေးသော ရွှေရောင်နေခြည်အောက်တွင် မင်ယွဲ့တစ်ယောက် ဟိုဘက်ဒီဘက် လှည့်ကာ အိပ်ရာနိုးလာသည်။
စိမ်းသက်သော ပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် ထထိုင်မိသွားသည်။
သူမသည် မိုဟန်ကျီနှင့်အတူ ခရီးထွက်လာပြီး ဟိုတယ်တွင် ရောက်နေသည်ကို ပြန်လည်သတိရသွားသည်။
ခေါင်းကို အသာအယာပွတ်ကာ စောင်ကို ဖယ်ခွာလိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ဝင်ကာ သန့်ရှင်းရေး လုပ်လိုက်သည်။
သူမ အပြင်သို့ ထွက်လာသောအခါ မိုဟန်ကျီမှာ အဝတ်အစားလဲပြီးသားဖြင့် ဧည့်ခန်းထဲတွင် စောင့်နေသည်ကို တွေ့ရသည်။ သူ နိုးနေသည်မှာ ကြာပြီဖြစ်ဟန်တူသည်။
"နိုးရင် ဘာလို့ ကျွန်မကို မနှိုးတာလဲ”
မင်ယွဲ့က သူရှိရာသို့ လျှောက်သွားရင်း မေးလိုက်သည်။
"ကိုယ်တို့က အနားယူဖို့ လာတာပဲလေ... အလျင်လိုစရာ မလိုပါဘူး”
ထိုစဉ် လူခေါ်ဘဲလ်သံ မြည်လာသဖြင့် မိုဟန်ကျီက တံခါးဖွင့်ပေးကာ နံနက်စာကို ယူဆောင်လာခဲ့သည်။
"ကဲ... နံနက်စာ စားကြရအောင်”
ပေါက်စီပူပူလေးကို စားနေရင်း မင်ယွဲ့က ရုတ်တရက် ရယ်မောလိုက်သည်။
"ဘာဖြစ်လို့ ရယ်တာလဲ”
မိုဟန်ကျီမှာ အကြောင်းရင်းကို မသိသော်လည်း မင်ယွဲ့၏ ရယ်သံကြောင့် လိုက်ပါပြုံးရွှင်နေမိသည်။
"ရှင်နဲ့ ခရီးထွက်ရတာ တကယ်ကောင်းတာပဲ ကျွန်မ ဘာမှ လုပ်စရာမလိုဘူး”
အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ရေးနှင့် သွားလာရေး အားလုံးကို မိုဟန်ကျီက စနစ်တကျ စီစဉ်ပေးထားသဖြင့် သူမမှာ လိုက်ပါလာရုံသာ ရှိတော့သည်။
"ဒါဆိုရင် နောက်တစ်ခါလည်း အတူတူ ခရီးထွက်ကြတာပေါ့”
မိုဟန်ကျီ၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံနေသည်။
ချစ်သူမောင်နှံများသည် ခရီးအတူထွက်သည့်အခါ လမ်းခွဲနိုင်ခြေ အများဆုံးဖြစ်သည်ဟု သူ ကြားဖူးသော်လည်း ယခုမူ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပိုမိုနားလည်လာကြသည်။
"ကောင်းပါပြီ... အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”
သူတို့နှစ်ဦးစလုံးမှာ ငယ်ရွယ်ကြသေးသဖြင့် ရှေ့ဆက်ရမည့် ဘဝခရီးလမ်းမှာ အရှည်ကြီး ကျန်ရှိနေသေးသည်။
အနားယူပြီးနောက် သူတို့နှစ်ဦး တောင်ပေါ်မှ ဆင်းရန် ပြင်ဆင်ကြသည်။
"မင်ယွဲ့ရဲ့ ကျောပိုးအိတ်ကို ကိုယ်သယ်ပေးမယ်”
တောင်တက်ရသည်မှာ ပင်ပန်းသည်ဖြစ်ရာ တောင်ဆင်းသည့်အခါတွင်လည်း သူမ မနိုင်မနင်း ဖြစ်မည်ကို မိုဟန်ကျီက စိုးရိမ်နေခြင်းဖြစ်သည်။
"မလိုပါဘူး... ကျွန်မက ကျန်းမာသန်စွမ်းပါတယ်၊ ရှင့်ရဲ့ အကူအညီ မလိုပါဘူး”
မင်ယွဲ့က ငြင်းပယ်လိုက်သည်။
သူမ၏ ကိုယ်ခံပညာ လေ့ကျင့်ခန်းများသည် အချည်းနှီး မဟုတ်သည်ကို သူမ သိသည်။
မိုဟန်ကျီလည်း ဆက်လက်၍ အတင်းမတိုက်တွန်းတော့ဘဲ နှစ်ဦးသား တောင်အောက်သို့ အတူတူ လျှောက်ဆင်းလာခဲ့ကြသည်။
တောင်အောက်သို့ ရောက်သောအခါ နေမှာ မြင့်နေပြီဖြစ်သည်။ သူတို့၏ နောက်ထပ်မှတ်တိုင်မှာ ရေပူစမ်းအပန်းဖြေစခန်းဖြစ်ပြီး မိုဟန်ကျီက သီးသန့်ရေချိုးကန်ပါသော အခန်းကို ကြိုတင်မှာယူထားခဲ့သည်။
သူနှင့် မင်ယွဲ့မှာ သီးခြားစီ အနားယူကြသည်။
မိသားစု Group Chat ဖြစ်သော #WeAreALovingFamily# ထဲတွင်မူ မက်ဆေ့ချ်များ ဝေနေတော့သည်။
အဘွားမို - “မြေးလေး... ခရီးစဉ်က ဘယ်လိုလဲ”
မေမေမို - "သား... ယောက်ျားကောင်းဆိုတာ လူကြီးလူကောင်းဆန်ရတယ်၊ စိတ်ရှည်ရတယ်မှတ်ထား... ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ကတ်ကို ထုတ်ပြီး ငွေရှင်းပေးနေတဲ့အချိန်မှာ အချောဆုံးပဲ”
ဖေဖေမို - "မင်းကလည်း... ယောက်ျားတွေဟာ အလုပ်လုပ်နေတဲ့အချိန်မှာ အချောဆုံးလို့ ပြောခဲ့တာ မဟုတ်ဘူးလား @Mother Mo"
မေမေမို - "အို... ကျွန်မ မေ့သွားလို့ပါ၊ ရှင်လည်း ဒီ Group ထဲမှာ ရှိနေတာပဲ ရှင်လည်း အလုပ်သွားလုပ်ပြီး တစ်မိသားစုလုံးအတွက် ပိုက်ဆံရှာချေဦး”
မိုဟန်ကျီသည် ရေပူစမ်းကန်ထဲတွင် မှီလျက် ဖုန်းကို အေးအေးဆေးဆေး ကြည့်နေမိသည်။
မိသားစုဝင်များ၏ စကားဝိုင်းကို ကြည့်ရင်း သူ မပြုံးဘဲ မနေနိုင်ပေ။
မိုဟန်ကျီ - "ကျွန်တော်တို့ အခု ရေပူစမ်းမှာ အနားယူနေပါတယ်”
မေမေမို - "ယွဲ့ယွဲ့လေးက သားနဲ့ အတူရှိနေတာလား”
ထိုမေးခွန်းကို မြင်သောအခါ မိုဟန်ကျီသည် ဘေးခန်းရှိ မင်ယွဲ့ကို ပြေးမြင်မိသွားသည်။
"မဟုတ်ပါဘူး... ကျွန်တော်တို့ သီးခြားစီပါ”
ဖေဖေမို - "မင်းကတော့ တကယ်ကို အသုံးမကျတာပဲ” (မျက်နှာမဲ့နေသည့် Emoji နှင့်အတူ)
မေမေမို - "ရှင် ထွက်သွားစမ်းပါ သားလုပ်တာက ယွဲ့ယွဲ့ကို လေးစားလို့လေ ရှင် ဘာသိလို့လဲ @DadMo"
မိုဟန်ကျီသည် မိသားစုနှင့် ခေတ္တစကားပြောပြီးနောက် ရေပူစမ်းတွင် စိမ်ရင်း တောင်တက်ခဲ့ရသမျှ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်လိုက်
သည်။
မင်ယွဲ့အတွက်မူ ရေပူစမ်းစိမ်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ နွေးထွေးသော ရေငွေ့များက ခန္ဓာကိုယ်၏ သွေးကြောများကို ပွင့်လင်းစေသကဲ့သို့ ခံစားရသဖြင့် အလွန်ပင် နေလို့ကောင်းလှသည်။
"သိပ်အကြာကြီး မစိမ်နဲ့နော်... ခေါင်းမူးတတ်
တယ် စောစောနားပါ၊ ဂွတ်နိုက်”
မင်ယွဲ့၏ ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ မိုဟန်ကျီဆီမှ WeChat မက်ဆေ့ချ် ဖြစ်နေသည်။
သူမ ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“ဟုတ်ကဲ့... ကျွန်မလည်း ထတော့မှာပါ"
ဟု ပြန်စာပို့လိုက်သည်။
မင်ယွဲ့ ရေကန်ထဲမှ ထလိုက်သောအခါ ရေစက်ကလေးများမှာ သူမ၏ ချောမွတ်ဖြူစင်သော အသားအရေပေါ်တွင် တွယ်ကပ်နေကြသည်။
သူမသည် ရေချိုးဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် ကုတင်ဘေးတွင် ဖုန်းကိုတင်ကာ အိပ်စက်ခြင်းသို့ လှမ်းဝင်ခဲ့တော့သည်။ အပြင်ရောက်နေသဖြင့် ယွမ်ပေါ့ကိုလည်း သူမ အပြင်မထုတ်ခဲ့ပေ။
မိုဟန်ကျီ၏ ဖုန်းမျက်နှာပြင် လင်းလာသောအခါ သူ ချက်ချင်းပင် ကြည့်လိုက်သည်။
"ဂွတ်နိုက်"
ဟူသော ရိုးရှင်းသည့် စကားလုံးလေးကပင် မင်ယွဲ့၏ နူးညံ့သော မျက်နှာလေးကို ပုံဖော်ပေးနေသကဲ့သို့ပင်။
သူသည် တောင်ထိပ်ပေါ်တွင် ရိုက်ခဲ့သော ဓာတ်ပုံကို ဖုန်း Wallpaper အဖြစ် ပြောင်းလဲလိုက်သည်။ ဖုန်းကို ဖွင့်လိုက်တိုင်း ထိုပုံရိပ်ကို မြင်တွေ့နေရသဖြင့် သူ၏စိတ်မှာ အတိုင်းမသိ ပျော်
ရွှင်နေတော့သည်။
ဤခရီးစဉ်တစ်လျှောက်လုံးတွင် မိုဟန်ကျီသည် သူ၏ မိခင်ပေးခဲ့သော အကြံပေးချက်အတိုင်း အရာရာကို တာဝန်ယူကာ စီစဉ်ပေးခဲ့သည်။
ငွေကြေးအတွက်လည်း စိုးရိမ်စရာမရှိဘဲ နှစ်ဦးသား၏ ခရီးစဉ်မှာ ချိုမြိန်သော အိပ်မက်တစ်ခုကဲ့သို့ လှပနေတော့သည်။
အခန်း (၂၂၂) သူရဲကောင်းကို ကယ်တင်သော အလှပဂေး
မင်ယွဲ့သည် သူမ၏နောက်ကွယ်၌ နှုတ်ဆိတ်လျက် ငွေရှင်းပေးနေသော လူသားကို ကြည့်ကာ မချိပြုံး ပြုံးလိုက်မိသည်။
"ရှင်က ကြည့်ရတာ လာဘ်လာဘတွေ သယ်ဆောင်လာတဲ့ ငွေနတ်မင်းကြီးကျနေတာပဲဒါပေမဲ့ မျက်နှာကတော့ အမြဲတမ်း တည်ပုပုနဲ့... တကယ်လို့ ရှင့်အကြောင်းကို သေချာမသိတဲ့သူဆိုရင် ကံဆိုးမှုတွေပေးတဲ့ နတ်မင်းကြီးလို့တောင် ထင်သွားကြဦးမယ်”
"ကိုယ်က မင်ယွဲ့တစ်ယောက်တည်းအတွက်ပဲ သီးသန့်ရှိနေတဲ့ ငွေရှင်ကြေးရှင်ပါ"
မိုဟန်ကျီက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ထိုစကားကို ဗြုန်းစားကြီး ဆိုလိုက်သည်။
ချိုသာသော စကားလုံးများဖြင့် မြှူဆွယ်နေခြင်း မဟုတ်ဘဲ ရိုးသားဖြူစင်သော ခံစားချက်တို့က သူ၏ အသံထက်၌ စီးမျောနေသည်။
သူ၏ နက်ရှိုင်းသော မေတ္တာရိပ်တို့က မင်ယွဲ့၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။
"ဝါး... အခုဆိုရင် စကားအချိုတွေတောင် ပြောတတ်နေပြီပဲ”
မင်ယွဲ့သည် သူ၏ စူးစိုက်ကြည့်နေသော မျက်ဝန်းအစုံကို အလျင်အမြန် ရှောင်လွှဲလိုက်ပြီး စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်အတွက် ဟာသနှောကာ တုံ့ပြန်လိုက်သည်။
မိုဟန်ကျီကမူ ဘာမှ ထပ်မံရှင်းလင်းမနေတော့ဘဲ သူမ၏နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးမှာ စီးပွားရေးလောကတွင် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ လမ်းဘေးဈေးဆိုင်လေးများတွင်မူ ဈေးဆစ်ရန် ဝန်လေးနေကြသည်။
ခရီးစဉ်တစ်လျှောက် မင်ယွဲ့ သဘောကျသည့် အရာမှန်သမျှကို မိုဟန်ကျီက လက်မနှေးဘဲ ဝယ်ယူပေးခဲ့သည်။
ထို့ကြောင့်လည်း ဈေးသည်များမှာ ၎င်းတို့နှစ်ဦးကို ငွေရလွယ်သော သူဌေးသားများဟု ထင်မှတ်နေကြခြင်းပင်။
"ဟဲလို... ဒီရုပ်ထုလေးက ဘယ်လောက်လဲဟင်”
မင်ယွဲ့သည် ခန့်ညားထည်ဝါသော မီးခိုးရောင် ဝံပုလွေရုပ်ထုလေးကို စိတ်ဝင်တစား ကြည့်လိုက်သည်။ ထိုရုပ်ထုလေးမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားသော မိုဟန်ကျီ၏ ပုံစံနှင့် အနည်းငယ် တူနေသည်ဟု သူမ ခံစားမိသည်။
"ဒါက ပညာရှင်ကိုယ်တိုင် လက်နဲ့ထုလုပ်ထားတဲ့ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပစ္စည်းလေးဗျဈေးနှုန်းကတော့ နှစ်သောင်းပါ အကယ်လို့ ကံကောင်းချင်လို့ ဝယ်မယ်ဆိုရင် တစ်သောင်းရှစ်ထောင်နဲ့ ပေးပါ့မယ် တကယ်ဝယ်မယ်ဆိုရင်တော့ ဒါအပြတ်ဈေးပဲ”
မင်ယွဲ့သည် အံ့အားသင့်စွာဖြင့် ဈေးသည်ကို ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများက
“ရှင် ကျွန်မကို အရူးများ မှတ်နေသလား"
ဟု မေးခွန်းထုတ်နေသကဲ့သို့ပင်။
သူမနှင့် မိုဟန်ကျီတို့သည် ငွေကြေးချမ်းသာသူများ ဖြစ်သကဲ့သို့ ခရီးစဉ်၏ ကြည်နူးမှုကို မဖျက်ဆီးချင်သဖြင့် ဈေးမဆစ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ယခင်ဝယ်ခဲ့သော ပစ္စည်းများမှာလည်း ဈေးနှုန်းအနည်းငယ် တင်ထားသော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေခဲ့သည်။ သို့သော် ယခုဈေးသည်မှာမူ ၎င်းတို့ကို အလွန်နုံအသော သူဌေးများဟု ထင်ကာ မတန်တဆဈေးဖြင့် လိမ်လည်ရန် ကြိုးစားနေခြင်းပင်။
"ဦးလေး... ကျွန်မတို့ပုံစံက အဲဒီလောက်တောင် အလိမ်ခံရမယ့် ရုပ်မျိုး ပေါက်နေလို့လား”
မင်ယွဲ့က ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ခနဲ့တဲ့တဲ့ အပြုံးဖြင့် မေးလိုက်သည်။
မိုဟန်ကျီကမူ သူမ၏နောက်တွင် သက်တော်စောင့်တစ်ဦးကဲ့သို့ ရပ်နေရင်း စိတ်ထဲတွင်မူ 'ဒီထက်ပိုကောင်းတဲ့ ဝံပုလွေရုပ်ထုကို ကျွမ်းကျင်ပညာရှင်နဲ့ ထုခိုင်းရမယ်' ဟု တွေးတောနေသည်။
၎င်းတို့နှစ်ဦး အလိမ်မခံရမှန်း သိသွားသောအခါ ဆိုင်ရှင်မှာ ချက်ချင်း လေသံပြောင်းသွားတော့သည်။
"ကဲ... သမီးတို့ တကယ်ကြိုက်လို့ ဝယ်မယ်ဆိုရင်လည်း တစ်သောင်းနဲ့ပဲ ယူသွားတော့ဗျာ ဒါဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့”
ဗိုက်ရွှဲရွှဲနှင့် ထိုဆိုင်ရှင်မှာ ရိုးသားသော အပြုံးရှိသော်လည်း ပါးစပ်မှ ထွက်သမျှ စကားများမှာမူ မမှန်ကန်ပေ။
"မယူတော့ပါဘူး”
မင်ယွဲ့က ဖျတ်လတ်စွာ ထရပ်လိုက်ပြီး သူမနောက်က လူသားကို လှမ်းခေါ်လိုက်သည်။
"ဟန်ကျီ... သွားကြရအောင်”
မိုဟန်ကျီကလည်း စကားတစ်ခွန်းမှ မဆိုဘဲ သူမနောက်မှ လိုက်ပါသွားတော့သည်။
"မသွားပါနဲ့ဦးဗျာ ရှစ်ထောင်... မဟုတ်ဘူး ခြောက်ထောင်... ကဲ သုံးထောင်ပဲ ပေးတော့... ဒါအနိမ့်ဆုံးပဲ”
ဆိုင်ရှင်၏ တားမြစ်နေမှုများကို မင်ယွဲ့က ဂရုမစိုက်တော့ဘဲ မိုဟန်ကျီ၏ လက်ကို ဆွဲကာ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
"ဟားဟား... ကျွန်မတို့ အတော်လေး အနှိမ်ခံလိုက်ရတာပဲနော်”
"အဲဒီလိုပဲ ထင်ရတာပဲ”
မိုဟန်ကျီသည် မင်ယွဲ့၏ ရယ်မောသံကို နားထောင်ရင်း သူမကို ငေးကြည့်နေမိသည်။
မင်ယွဲ့ ပြုံးလိုက်တိုင်း ကောင်းကင်ယံက လမင်းပင် အလင်းမှိန်သွားသကဲ့သို့ ခံစားရသည်။
ကောင်းကင်က လမင်းထက် သူ့ရင်ထဲက လမင်းလေးက ပို၍ ပုံရိပ်ထင်ဟပ်နေသည် မဟုတ်ပါလား။
၎င်းတို့နှစ်ဦးသည် လမ်းတလျှောက် အေးအေးဆေးဆေး လမ်းလျှောက်လာရင်း ရှေးဟောင်းစတိုင် ဆိုင်လေးတစ်ဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။
ငွေကြေးကို ဂရုမစိုက်ဘဲ စိတ်ပျော်ရွှင်မှုကိုသာ ဦးစားပေးကာ စားသောက်ဆိုင်တစ်ဆိုင်တွင် နာမည်ကြီး ဟင်းလျာများကို မြိန်ယှက်စွာ စားသောက်ခဲ့ကြသည်။ ညနေစောင်းသောအခါမှ ဟိုတယ်သို့ ပြန်လာခဲ့ကြတော့သည်။
မမျှော်လင့်ဘဲ နောက်တစ်နေ့ နံနက်တွင် နံနက်စာစားပြီးနောက် ခရီးစဉ်အသစ်အတွက် ထွက်ခွာလာစဉ် နောက်ယောင်ခံ လိုက်ခြင်း ခံနေရသည်ကို သတိထားမိလိုက်သည်။
"နောက်မှာ လူတွေ လိုက်နေတယ်”
မင်ယွဲ့နှင့် မိုဟန်ကျီတို့ နှစ်ဦးစလုံး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်ကြသည်။
"လူစည်ကားတဲ့ လမ်းမကြီးဘက်ကို အရင်သွားရအောင်... ပြီးမှ ရဲတိုင်တာပေါ့”
ရဲတိုင်ခြင်းက တစ်ခါတစ်ရံ အလုပ်မဖြစ်သော်လည်း မိုဟန်ကျီသည် မင်ယွဲ့ကို ဘေးဒုက္ခထဲသို့ မတွန်းပို့လိုပေ။
သို့သော် မင်ယွဲ့ကမူ ထိတ်လန့်ခြင်းမရှိဘဲ စိတ်လှုပ်ရှားနေပုံရသည်။ နှစ်ဦးစလုံးမှာ ကိုယ်ခံပညာ တတ်မြောက်ထားသူများ ဖြစ်သဖြင့် နောက်ယောင်ခံလိုက်သူများကို ကြောက်ရွံ့ခြင်း မရှိပေ။
၎င်းတို့ လမ်းမကြီးပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် လူသုံးဦးက သူတို့ရှေ့မှ ပိတ်ရပ်လိုက်သည်။ သူတို့ရောက်နေသည်မှာ လူသူအနည်းငယ် ကျဲပါးသော လမ်းကြားလေးတစ်ခုထဲတွင် ဖြစ်သည်။ ခြေသံများက ပိုမိုနီးကပ်လာပြီး သူတို့မှာ ပိတ်မိသွားတော့သည်။
"မကြောက်နဲ့ ယွဲ့ယွဲ့... ကိုယ် မင်းကို ကာကွယ်ပေးမယ်”
မိုဟန်ကျီသည် လက်ဆွဲသေတ္တာကို ချလိုက်ပြီး မင်ယွဲ့၏ ရှေ့သို့ မားမားမတ်မတ် ရပ်လိုက်သည်။
ဆံပင်ရွှေရောင်နှင့် လူတစ်ဦးက မိုဟန်ကျီ၏ အိတ်ကို ချက်ချင်း လုယူလိုက်သည်။
"သူ့အဝတ်အစားတွေကို ကြည့်ရုံနဲ့တင် သူဌေးမှန်း သိသာတယ် အိတ်ထဲမှာ တန်ဖိုးကြီးတာတွေ အများကြီး ရှိမှာပဲ”
သူတို့သည် ပျော်ရွှင်စွာဖြင့် အိတ်ကို ဖွင့်ရန် ကြိုးစားနေကြသည်။
"ရဲဘော် မိုဟန်ကျီ... အခုပဲ စီလာမွန်းကို ခေါ်ဖို့ လိုမလား သူရဲကောင်းကို အလှပဂေးက ကယ်တင်တဲ့ အခွင့်အရေးကို အလကား ပေးလိုက်မယ်လေ”
ဟဲမြောင်ရွာ အဖြစ်အပျက်ပြီးကတည်းက မင်ယွဲ့သည် ဂိမ်းစက်များတွင် သုံးသော အကြွေစေ့များကို အမြဲဆောင်ထားတတ်သည်။
ထိုအကြွေစေ့များသည် လူကို ပစ်ပေါက် တိုက်ခိုက်ရန် အလွန်သင့်တော်သည်။ အရေးပါသော အချက်အချာနေရာများကို ထိမှန်ပါက နာကျင်ရုံသာမက မှတ်လောက်သားလောက် ဖြစ်သွားစေနိုင်သည်။
မင်ယွဲ့၏ စိတ်အားထက်သန်နေသော မျက်နှာကို မြင်သောအခါ မိုဟန်ကျီသည် ဟဲမြောင်ရွာတွင် သူမ တစ်ယောက်တည်း လူအများကို တိုက်ခိုက်ခဲ့သည့် စွမ်းရည်ကို ပြန်လည်အမှတ်ရသွားသည်။
"ဒါဆိုရင် စီလာမွန်းနဲ့အတူ တိုက်ပွဲဝင်ဖို့ လျှောက်ထားလို့ ရမလား”
၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြသည်။
ထိုလူမိုက်များကမူ ၎င်းတို့နှစ်ဦးကို စိတ်မနှံ့သူများဟု ထင်မှတ်ကာ အလေးမထားဘဲ အနားသို့ တိုးလာကြသည်။
"မင်းတို့က အတော်လေး မောက်မာနေတာပဲလား”
လူတစ်စုမှာ အိတ်ထဲရှိ ပစ္စည်းများကိုပင် မကြည့်တော့ဘဲ သူတို့နှစ်ဦးထံသို့ ပြေးဝင်လာကြသည်။
မင်ယွဲ့သည် လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး လက်ထဲမှ ဂိမ်းအကြွေစေ့များကို ပစ်လွှတ်လိုက်သည်။ အကြွေစေ့များမှာ ထိုလူများ၏ ဒူးခေါင်းများကို အရှိန်အဟုန်ဖြင့် ထိမှန်သွားသဖြင့် သူတို့မှာ အလေးအပင်တစ်ခုနှင့် အထုခံလိုက်ရသလို ခံစားလိုက်ရသည်။
ကျောက်ပြားပေါ်သို့ အကြွေစေ့များ ကျသွားသည့် အသံကို ကြားရမှသာ သူတို့ကို ထိမှန်ခဲ့သည်မှာ အကြွေစေ့များ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။ သူတို့သည် မင်ယွဲ့ကို ဂြိုဟ်
သားတစ်ဦးကဲ့သို့ ထိတ်လန့်တကြား ကြည့်
လိုက်ကြတော့သည်။
"ဆရာမကြီးရယ်... ကျွန်တော်တို့ကို အသက်
ချမ်းသာပေးပါ”
မိုဟန်ကျီက လူအချို့ကို ကန်ချလိုက်ပြီးနောက် မင်ယွဲ့၏ ဘေးသို့ ရောက်လာသည်။
ထိုလူများမှာမူ မင်ယွဲ့ကို ဝတ္ထုထဲမှ ကိုယ်ယောင်ဖျောက်နေသော သိုင်းဆရာကြီး သို့မဟုတ် နတ်ဘုရားတစ်ပါးဟု ထင်မှတ်ကာ ကြောက်ရွံ့တုန်ရင်နေကြသည်။
ဤလူများမှာ အလုပ်မရှိ အကိုင်မရှိ ခိုးဆိုးလုယက် စားသောက်နေကြသူများ ဖြစ်သည်။
ယနေ့ မင်ယွဲ့တို့တွင် ငွေကြေးအမြောက်အမြား ပါလာသည်ကို မြင်သဖြင့် နောက်ယောင်ခံ လိုက်လာခဲ့ခြင်းဖြစ်သည်။
သူတို့သည် အားသည့်အခါ ဝတ္ထုများ ဖတ်လေ့ရှိသဖြင့် ယခုအခါ မင်ယွဲ့ကို သိုင်းပညာရှင်တစ်ဦးဟု အထင်မှားသွားကြခြင်းပင်။
မင်ယွဲ့ကိုယ်တိုင်ပင် အကြွေစေ့ အနည်းငယ်က ဤမျှအစွမ်းထက်လိမ့်မည်ဟု မထင်ထားပေ။
သူမတွင် အတွင်းအားများ မရှိသော်လည်း အခြားသူများထက် ခွန်အားသာသည်မှာ အမှန်ပင်။ သို့သော် ဤလူများက ဒူးထောက်တောင်းပန်သည်အထိ ဖြစ်သွားလိမ့်မည်ဟု သူမ မခန့်မှန်းမိခဲ့ပေ။
"ကျွန်မတို့ သွားလို့ ရပြီလား”
မင်ယွဲ့က မိုဟန်ကျီ၏ လက်ဆွဲအိတ်ကို အသာအယာ ကောက်ယူလိုက်သည်။
သူမ၏ တည်ငြိမ်လှသော အမူအရာက ထိုလူများကို ပို၍ပင် ထိတ်လန့်သွားစေသည်။
"ရပါတယ်... ရပါတယ်ခင်ဗျာ”
သူတို့သည် ယခုအခါ မည်သည့် မကောင်းသော အကြံအစည်မှ မရှိတော့ပေ။
မင်ယွဲ့သည် တောင်တစ်လုံးကိုပင် လက်ဝါးဖြင့် ရိုက်ချနိုင်သူဟု သူတို့ စိတ်ကူးယဉ်နေကြသည်။ မင်ယွဲ့ကမူ ဤလူများသည် ဦးနှောက်မရှိဘဲ မည်သို့ အသက်ရှင်နေကြသနည်းဟု နားမလည်
နိုင်အောင် ဖြစ်နေမိသည်။
လမ်းကြားအပြင်ဘက်တွင် ရဲဥဩသံများ ကြားလိုက်ရသောအခါ မိုဟန်ကျီ၏ အကန်ခံထားရသော လူများမှာ နာကျင်မှုကို အောင့်ကာ ထွက်ပြေးသွားကြတော့သည်။ မင်ယွဲ့နှင့် မိုဟန်ကျီတို့မှာလည်း လေယာဉ်မီရန် အလျင်လိုနေသဖြင့် သူတို့ကို လိုက်မဖမ်းတော့ပေ။
သို့သော် ဒူးထောက်နေသော လူများမှာမူ မလှုပ်ဝံ့ဘဲ ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့သည်။ ရဲများ ရောက်လာသောအခါ ထိုသူများကို မြင်လိုက်ရသည်။
"မင်းတို့အုပ်စု နောက်တစ်ခါ ပြန်တွေ့ပြန်ပြီပဲ
ကဲ... စခန်းကို လိုက်ခဲ့ကြဦး”
ရဲများက ထိုလူများကို ငြီးငွေ့နေပြီ ဖြစ်သည်။
သူတို့သည် အမြဲတစေ ပြစ်မှုကျူးလွန်နေသော လူဟောင်းများ ဖြစ်ကြသည်။
"အဆင်ပြေရဲ့လား... ဘာတွေဖြစ်သွားလဲ”
ရဲများက ခရီးသွားများဖြစ်ဟန်တူသော မင်ယွဲ့တို့ နှစ်ဦးကို မေးမြန်းလိုက်သည်။
"ကျွန်မတို့ အဆင်ပြေပါတယ်... သူတို့ကိုပဲ ခေါ်သွားလိုက်ပါ အို... ကျွန်မတို့ လေယာဉ်မီ ဖို့မြန်မြန်သွားရမှာမလို့ သွားခွင့်ပြုပါဦး”
၎င်းတို့နှစ်ဦးသည် နောက်ထပ် ခရီးစဉ်တစ်ခုသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
ရဲစခန်းရောက်သောအခါ ထိုလူများမှာ ဘာမှ မမေးမြန်းရသေးခင်မှာပင် အားလုံးကို ဖွင့်ပြောလိုက်ကြတော့သည်။ သူတို့ကိုယ်တိုင်သာမက ထွက်ပြေးသွားသော သူငယ်ချင်းများကိုပါ ဖော်ကောင်လုပ်လိုက်သဖြင့် အားလုံးအတူတူ အဖမ်းခံလိုက်ရတော့သည်။
အခန်း (၂၂၃) ဘိုးဘွားရိပ်သာ အဆောင်တော်
နှစ်ဦးသားသည် နောက်ထပ်ခရီးစဉ်တစ်ခုဖြစ်သော ပင်လယ်ပြင်သို့ ဦးတည်ရန် လေဆိပ်သို့ တိုက်ရိုက်သွားခဲ့ကြသည်။
နွေရာသီ၏ ပင်လယ်ပြင်သည် ထူးခြားသော ဆွဲဆောင်မှုအပြည့်ရှိနေသည်။ လှိုင်းပုတ်သံများနှင့်အတူ လတ်ဆတ်သော ပင်လယ်လေညင်းတို့က ခရီးသွားနှစ်ဦး၏ စိတ်ကို ကြည်လင်
လန်းဆန်းစေသည်။
ခရီးစဉ်တစ်လျှောက် နေရာအနှံ့ ရောက်ရှိခဲ့ကြပြီး မိုဟန်ကျီသည် မင်ယွဲ့အား အစစအရာရာ အဆင်ပြေချောမွေ့အောင် စီစဉ်ပေးခဲ့သည်။
သူသည် အတူရှိနေရရုံဖြင့် စိတ်အပန်းပြေစေသော အဖော်ကောင်းတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့လေသည်။ ပျော်ရွှင်စရာအချိန်တို့သည် ကုန်ဆုံးလွယ်လှသည်ဖြစ်ရာ မကြာမီမှာပင် သူတို့နှစ်ဦး အိမ်ပြန်ကြရတော့သည်။
လေယာဉ်ပေါ်တွင် ခွဲခွာရတော့မည့် အငွေ့အသက်များက လွှမ်းမိုးနေသည်။ မိုဟန်ကျီ၏ ရင်ထဲ၌ တမြည့်မြည့် ခံစားနေရသော ဝမ်းနည်းမှုတို့ကို မဖုံးကွယ်နိုင်ပေ။
"နောက်မှ ပြန်တွေ့ကြတာပေါ့”
ရင်းနှီးပြီးသား ပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာသောအခါ မင်ယွဲ့သည် လူနေရပ်ကွက်၏ အဝင်ဝတွင် မိုဟန်ကျီကို ခေတ္တမျှ ဖက်လိုက်သည်။
"ကိုယ်တို့ ဘယ်တော့ ပြန်တွေ့ကြမလဲ”
မိုဟန်ကျီက တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။
"အဲဒါတော့ ပြောရခက်တယ်လေ”
မင်ယွဲ့က ပြုံးလျက် တုံ့ပြန်သည်။
သူမသည် ဇာတိရွာသို့ ခဏပြန်ရန် အစီအစဉ်ရှိသည်။
"ကောင်းပါပြီ... ဒါဆိုရင်လည်း ဖုန်းဆက်ကြတာပေါ့”
မိုဟန်ကျီသည် သူမကို ထပ်မံရင်ခွင်ပိုက်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လွှတ်ပေးလိုက်သည်။
"ဂရုစိုက်ပြီး သွားပါဦး”
မင်ယွဲ့က နှုတ်ဆက်စကားဆိုသည်။
မိုဟန်ကျီသည် တောက်ပသော လမင်းလေး အပေါ်ထပ်သို့ တက်သွားသည်ကို ငေးကြည့်နေပြီးမှ ထွက်ခွာသွားတော့သည်။
မင်ယွဲ့သည် တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့တွင် အထုပ်အပိုးပြင်ကာ နေရပ်သို့ ပြန်လာခဲ့သည်။
ယခုအချိန်သည် ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများသာ ရွာတွင် ရှိနေကြပြီး အခြားအလုပ်လုပ်ကိုင်သူများမှာမူ မြို့ပေါ်၌သာ ရှိနေကြဆဲဖြစ်သည်။
မင်ယွဲ့ ပြန်ရောက်လာသည်ကို မြင်သောအခါ သူမ၏ မိသားစုဝင်များမှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။
"မေမေတို့ ဝီချက် (WeChat) မှာ ကြည့်လိုက်
တယ်လေ သမီး ဒီတစ်ခေါက် ခရီးစဉ်မှာ နေရာအတော်များများ ရောက်ခဲ့တာပဲ... ပျော်ခဲ့ရဲ့လား”
"မဆိုးပါဘူး မေမေ နောက်ကျရင် မေမေတို့ အားလုံးကို နိုင်ငံခြားက စံအိမ်ကြီးတွေဆီ လိုက်ပို့ပေးမယ်”
မင်ယွဲ့က ပြောရင်း မိသားစုဝင်အားလုံးကို နိုင်ငံကူးလက်မှတ် လုပ်ရန် စတင်တိုက်တွန်းတော့သည်။
ထိုအတောအတွင်း ရွာတွင် ဘိုးဘွားရိပ်သာ အဆောင်တော်ကို အသစ်တည်ဆောက်ရန်
စီစဉ်နေကြသည်။
သို့သော် အများပိုင်ရန်ပုံငွေ မလုံလောက်သဖြင့် အိမ်ထောင်စုအလိုက် ထည့်ဝင်ကြရန် ရွာလူကြီးက လိုက်လံနှိုးဆော်နေရသည်။ ရွာ၏ ထုံးစံအရ အိမ်ထောင်ရှင် အမျိုးသမီးများမှာမူ ထည့်ဝင်ငွေ တစ်ဝက်သာ ပေးဆောင်ရန် သတ်မှတ်
ထားသည်။
ရွာလူကြီးသည် မင်ယွဲ့တို့အိမ်သို့ ရောက်ရှိလာပြီး ထိုအကြောင်းကို ပြောပြသောအခါ မင်ယွဲ့ကပင် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူလိုက်တော့သည်။ မိမိ၏ ဇာတိမြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူမသည် ငွေကြေးကို နှမြောတွန့်တိုခြင်း မရှိပေ။
"တကယ်လား... အဲဒါဆိုရင်တော့ တကယ့်ကို ဝမ်းသာစရာပဲကွယ်”
ရွာလူကြီးမှာ အတိုင်းမသိ ပျော်ရွှင်သွားသည်။
ရွာသားများသည် မိမိတို့၏ အမြစ်တွယ်ရာ ဇာတိကို ချစ်မြတ်နိုးကြသူများ ဖြစ်ကြသဖြင့် မင်ယွဲ့ကဲ့သို့သော သူဌေးများ ရှိနေခြင်းက ရွာအတွက် များစွာ အကျိုးရှိလှသည်။
"စုစုပေါင်း ဘယ်လောက် ကုန်ကျမလဲဟင်”
"ဘေးရွာက ဆောက်တာတော့ ယွမ် နှစ်သိန်းလောက် ကုန်တယ်လို့ ပြောတာပဲ”
ရွာလူကြီးက ရိုးသားစွာ ဖြေကြားသည်။
"ဒါဆိုရင် ကျွန်မ ယွမ် သုံးသိန်းခြောက်သောင်း လှူပါ့မယ် ဆောက်မယ်ဆိုမှတော့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်စေချင်လို့ပါ”
မင်ယွဲ့သည် လီအောက်ရွာရှိ အဆောင်တော်ကို စံထားကာ အပြင်ပန်း အလှအပနှင့် အတွင်းပိုင်း အခမ်းအနားများအထိ စနစ်တကျ ရှိစေရန် ရည်ရွယ်လိုက်သည်။
"ကောင်းပြီ... ကောင်းပြီ... အေးလေ... သမီးရဲ့ နာမည်ကိုလည်း အဆောင်တော်ရဲ့ ကျောက်စာတိုင်မှာ ကမ္ဗည်းတင်ပေးရမှာပေါ့”
ရွာလူကြီးသည် ဝမ်းသာအားရဖြင့် ပြန်သွားလေသည်။
မင်ယွဲ့၏ မိဘများကလည်း ကန့်ကွက်ခြင်း မရှိပေ။ ကျေးလက်ဒေသတွင် မိသားစုမျိုးနွယ်စုနှင့် အဆောင်တော်ဟူသည်မှာ ရိုးရာယဉ်ကျေးမှု၏ ပြယုဂ်တစ်ခု ဖြစ်နေသောကြောင့်ပင်။ ယခုအခါ အမျိုးသမီးများပါ မျိုးနွယ်စုမှတ်တမ်းတွင် ပါဝင်ခွင့်ရရှိလာသဖြင့် မင်ယွဲ့၏ လုပ်ရပ်မှာ ဂုဏ်ယူစရာပင် ဖြစ်တော့သည်။
မကြာမီမှာပင် မင်ယွဲ့၏ ဦးလေး ဖြစ်သူမှာလည်း စိတ်လှုပ်ရှားစွာ ရောက်ရှိလာသည်။
"ယွဲ့ယွဲ့... အဆောင်တော်ဆောက်ဖို့ ငွေတွေအားလုံး သမီးပဲ လှူလိုက်တယ်ဆို”
သူသည် သူမကို အပြစ်တင်ရန် လာခြင်းမဟုတ်ဘဲ သူမ၏ ရက်ရောမှုအတွက် ဂုဏ်ယူနေခြင်းဖြစ်သည်။ ယခုအခါ တစ်ရွာလုံးက သူမကို ချီးကျူးနေကြသည် မဟုတ်ပါလား။
"ကျွန်မ တတ်နိုင်တဲ့အချိန်မှာ လုပ်ပေးလိုက်တာပါ ဦးလေး”
မင်ယွဲ့က အေးအေးဆေးဆေးပင် ပြန်လည်
ဖြေကြားသည်။
သူမ၏ ဖိုးဖိုးဖြစ်သူမှာလည်း အပြင်သို့ လမ်းလျှောက်ထွက်တိုင်း ရွာသားများ၏ ချီးကျူးစကားများကြောင့် မျက်နှာပွင့်လန်းနေတော့သည်။
နောက်တစ်နေ့တွင် ရွာလူကြီးက အဆောင်တော်၏ ပုံစံငယ်နှင့် ဒီဇိုင်းများကို ယူဆောင်လာသည်။
"ခေါင်မိုးကို ကြွေပြားတွေနဲ့ပဲ မိုးလိုက်မယ်... နေရောင်အောက်မှာဆိုရင် တကယ်ကို တောက်ပြောင်နေမှာပဲ”
မင်ယွဲ့က ဒီဇိုင်းကို ကြည့်ကာ သဘောတူလိုက်
သည်။
ထို့နောက် အလုပ်သမားခန့်ထားမှုနှင့် ပတ်သက်၍လည်း ကျေးရွာသားများထဲမှ ကျွမ်းကျင်သူ ဂန်းကျီကို တာဝန်ပေးရန်နှင့် လုပ်အားခများကို စနစ်တကျ ရှင်းလင်းပေးရန် ဆွေးနွေးခဲ့ကြသည်။
အဆောင်တော်ဟောင်းကို ဖြိုဖျက်ကာ အသစ်တည်ဆောက်ခြင်း လုပ်ငန်းကို လျင်မြန်စွာ စတင်လိုက်ကြသည်။
ရွာမှအပြန် မင်ယွဲ့သည် မြို့ပေါ်ရှိ "အန်းရှင်း မူကြိုကျောင်း" သို့ ဝင်ခဲ့သည်။
ထိုနေရာတွင် မင်မင်း နှင့် ဆရာမများမှာ ကျောင်းသားသစ်များ လက်ခံရန် အလုပ်ရှုပ်နေကြသည်။
"မင်မင်း... နင် မကြာခင် တက္ကသိုလ်တက်ရတော့မယ်ဆိုတော့ ဘယ်လို ခံစားရလဲ”
မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
မင်မင်းသည် ယခုနှစ်တွင် ပြင်ပဖြေအဖြစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ပြီး အတန်းထဲတွင် အသက်အကြီးဆုံး ကျောင်းသူ ဖြစ်လာတော့မည်ဖြစ်သည်။
သို့သော် သူမသည် ယခုအခါ အောင်မြင်သော လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပြီဖြစ်သဖြင့် အသက်အရွယ်ကြောင့် စိတ်အားငယ်ခြင်း မရှိပေ။
"ငါ တကယ်ကို စိတ်လှုပ်ရှားနေမိတယ်
အဆောင်မှာ ငါက အကြီးဆုံး ဖြစ်နေမှာဆိုတော့ တွေးကြည့်ရင်တောင် ရယ်ချင်စရာပဲ”
"ဒါဆိုရင်လည်း ပညာသင်ဆုတွေ ရပါစေလို့ ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်နော်”
အန်းရှင်းမူကြိုကျောင်းသည် ခရိုင်အတွင်း အကြီးဆုံးနှင့် ပတ်ဝန်းကျင် အကောင်းဆုံး ကျောင်းအဖြစ် မိဘများ၏ ယုံကြည်မှုကို ရရှိထားသဖြင့် ကျောင်းသားဦးရေမှာ ပြည့်လုနီးပါး ဖြစ်နေသည်။
"ဆရာမတို့ အားလုံး ပင်ပန်းနေကြပြီ... ဒီလအတွက် အပိုဆုကြေး ပေးမယ်နော်”
မင်ယွဲ့၏ စကားကြောင့် ဆရာမများမှာ ပျော်ရွှင်သွားကြသည်။ လူတစ်ယောက်၏ ပင်ပန်းနွမ်းနယ်မှုကို ငွေကြေးကသာ ကုသပေးနိုင်သည် မဟုတ်ပါလား။
ထို့နောက် မင်ယွဲ့နှင့် မင်မင်းတို့သည် ခရိုင်အတွင်းရှိ လူသွားလမ်းအတိုင်း လမ်းလျှောက်လာခဲ့ကြသည်။ ထိုစဉ် မင်မင်းက ရုတ်တရက် မေးလိုက်သည်။
"ယွဲ့ယွဲ့... နင် ချစ်သူရနေပြီလား”
မင်ယွဲ့သည် ချက်ချင်း အဖြေမပေးဘဲ ပြုံးလျက်သာ ပြန်မေးလိုက်သည်။
"နင်က ဘာလို့ အဲဒီလို ထင်တာလဲ”
အခန်း (၂၂၄) လီရာ လယ်တောအိမ်
"ဒါမှ တကယ့်အချစ်ရေးလို့ ခေါ်တာပေါ့ ညီမလေး ဒီတစ်ခေါက် ခရီးထွက်တာ ချစ်သူနဲ့ အတူတူ သွားခဲ့တာ မဟုတ်လား”
မင်မင်းက မျက်တောင်တခတ်ခတ်ဖြင့် စနောက်လိုက်သည်။
"ဟုတ်တယ်လေ”
မင်ယွဲ့သည် လျှို့ဝှက်မနေဘဲ ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။ သူမအရွယ် မိန်းကလေးတစ်ဦးအတွက် ချစ်သူရှိခြင်းမှာ သဘာဝကျသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
"ဘယ်ကလဲဟင် ဘယ်လိုပုံစံလဲ... ချောလား”
မင်မင်းက စပ်စုလိုသော မျက်ဝန်းများဖြင့် သူမအနားသို့ တိုးကပ်လာသည်။
"မေးနေစရာတောင် လိုဦးမလား သူက ယန်ကျန်းမြို့သားပါ၊ တော်တော်လေးလည်း ကြည့်ကောင်းတယ်”
"ငါ ထင်သားပဲ နင်က အခုထိ လူပျိုကြီး လုပ်နေတာဆိုတော့ ရုပ်ရည်ကို အတော်လေး ဦးစားပေးတဲ့သူ ဖြစ်ရမယ် နင်ကိုယ်တိုင်ကလည်း ချောတာဆိုတော့ ရုပ်ဆိုးတဲ့သူနဲ့ တွဲပြီး မျိုးရိုးဗီဇကို အဖျက်ဆီးခံမှာ မဟုတ်ဘူးလေ”
ထိုစကားကြောင့် မင်ယွဲ့ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟားဟား... မမကတော့ တကယ်ကို ပြောတတ်လွန်းပါတယ် ဒါနဲ့ မမရော... အချစ်နဲ့ ပတ်သက်ပြီး ကြုံဖူးတာရှိလား”
မင်မင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ ထိုသက်ပြင်းသံ၏ နောက်ကွယ်တွင် ဝှက်ဖုံးထားသော ပုံပြင်တစ်ပုဒ် ရှိနေသည်ကို မင်ယွဲ့ အာရုံခံမိလိုက်သည်။
"တကယ်တော့ ငါ့မှာ အရင်က ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ နောက်ပိုင်း လမ်းခွဲလိုက်ကြတာ”
"ဘာဖြစ်လို့လဲ”
မင်မင်းတွင် ထိုကဲ့သို့ အတိတ်ရှိခဲ့သည်ကို မင်ယွဲ့ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"သူက တခြားတစ်ယောက်ကို စိတ်ဝင်စားသွားလို့လေ”
မင်မင်း၏ မျက်ဝန်းထဲတွင် ခေတ္တမျှ မှိုင်းညှို့သွားသော အရိပ်အယောင်တို့ ဖြတ်သန်းသွားသည်။
"ဒါဆိုရင်တော့ သူက တကယ့်လူယုတ်မာပဲ ငါတို့က အဲဒီလိုလူမျိုးကို အဖက်လုပ်နေစရာ မလိုပါဘူး”
မင်ယွဲ့က မခံမရပ်နိုင်ဖြစ်စွာ ပြောလိုက်သည်။
"ရယ်ရပါတယ်... နင့်မျက်နှာက ဘာဖြစ်သွားတာလဲ နင်သာ အခုလို မမေးရင် ငါ့မှာ ရည်းစားဟောင်းရှိခဲ့တာတောင် မေ့နေပြီ”
မင်မင်းသည် ဝမ်းနည်းမှုထဲတွင် အချိန်အကြာကြီး နစ်မွန်းမနေဘဲ ပုံမှန်အတိုင်း ပြန်လည်
ပြုံးရွှင်လာသည်။
"အဲဒီလိုပဲ ဖြစ်ရမှာပေါ့ လမ်းခွဲပြီးသား ရည်းစားဟောင်းဆိုတာ သေသွားတဲ့လူလိုပဲ သဘောထားရမှာ”
"ဒါဆိုရင်တော့ သူက အဆင့်မမီသေးဘူးလို့ ပြောရမယ်”
"ဘာလို့လဲ မမ... သူက မကြာခင်ကမှ ပြန်ရှင်လာလို့လား”
မင်ယွဲ့၏ လှပသော နှုတ်ခမ်းဖျားမှ ထိုကဲ့သို့သော စကားလုံးများ ထွက်လာလိမ့်မည်ဟု မင်
မင်း လုံးဝမထင်ထားပေ။
"နင် ခန့်မှန်းတာ တော်တော်မှန်တယ် ပြန်ရှင်လာတာနဲ့တောင် တူနေပြီ ငါတို့ အဆက်အသွယ် ပြတ်နေတာ နှစ်အတော်ကြာပြီလေ၊ ဒါပေမဲ့ မကြာသေးခင်ကမှ သူက ငါ့ကို မေ့လို့မရဘူးဆိုပြီး လာပြောတယ် ရယ်စရာကြီး မဟုတ်လား”
မင်မင်းသည် လူနုံတစ်ယောက် မဟုတ်ပေ။
ထိုလူယုတ်မာသည် သူမ မူကြိုကျောင်း ဖွင့်ထားသည်ကို တစ်ဆင့်စကားဖြင့် ကြားသိသွားပြီးမှ ပြန်လည်ချဉ်းကပ်လာခြင်း ဖြစ်ရမည်။
သူ အရင်က စိတ်ဝင်စားခဲ့သော မိန်းကလေးမှာ ချမ်းသာသော မိသားစုမှ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း သူမ သိထားသည်။
"သူ နင့်ကို တခြားဘာတွေ ပြောသေးလဲ နင် အသံဖမ်းထားတာရော ရှိလား”
မင်ယွဲ့က ထိုမျှ အရှက်မရှိသော လူစားမျိုးကို စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"သူက သူ့ရည်းစားက ဂျီကျလွန်းတယ်၊ စိတ်ကောက်လွန်းတယ်လို့ ပြောတယ် ပြီးခဲ့တဲ့နှစ်က သူတို့ လက်ထပ်ဖို့ ပြင်ခဲ့ကြပေမဲ့ တောင်းရမ်းတဲ့ ကြေးကိစ္စနဲ့ အဆင်မပြေလို့ မယူဖြစ်ခဲ့ကြဘူးတဲ့လေ”
"ခံရမှာပေါ့... ဝဋ်လည်တာပဲ”
ညီအစ်မ နှစ်ဦးသား ခနဲ့တဲ့တဲ့ဖြင့် ရယ်မောလိုက်ကြသည်။
"ငါလည်း သူပြောတဲ့ စကားတွေကို စခရင်ရှော့ ရိုက်ပြီး သူ့ရဲ့ အခုရည်းစားဆီ ပို့ပေးလိုက်
တယ်လေ”
"တကယ်ကို လုပ်သင့်လုပ်ထိုက်တာကို လုပ်
လိုက်တာပဲ ကြားရတာတောင် ရင်ထဲ အတော်လေး ရှင်းသွားတယ်”
မင်ယွဲ့က သဘောကျစွာ ပြောလိုက်သည်။
"ဒါပေါ့ ငါက သူငယ်ချင်းတစ်ယောက်ဆီကနေ သူ့ရည်းစားရဲ့ အဆက်အသွယ်ကို ရှာပြီး တိုက်ရိုက်ပို့ပေးလိုက်တာ အခုဆိုရင် သူတို့ လမ်းခွဲနေကြပြီထင်ပါရဲ့”
ညီအစ်မ နှစ်ဦးသားမှာ ရေနစ်နေသော ခွေးတစ်ကောင်၏ ရုန်းကန်မှုကို ကမ်းနားမှ ရပ်
ကြည့်နေကြသူများကဲ့သို့ ကျေနပ်နေကြသည်။
"ကျွန်မအကြောင်းပဲ ပြောမနေနဲ့ဦး... မမရဲ့ ချစ်သူအကြောင်းလည်း ပြောပြပါဦး”
"သူ့မိသားစုမှာ ကုမ္ပဏီရှိတယ်၊ ကျွန်မအပေါ်မှာလည်း တကယ်ကို ကောင်းရှာပါတယ် ရုပ်ရည်ကတော့ 'အရပ်ရှည်၊ လူချော၊ ငွေပေါ' တဲ့ လူစားမျိုးလို့ ပြောလို့ရတာပေါ့”
မိုဟန်ကျီ၏ ပုံရိပ်မှာ မင်ယွဲ့၏ အာရုံထဲတွင် ထင်ဟပ်လာသည်။
"မဆိုးဘူးပဲ ညီမလေး ဘယ်တော့မှ အိမ်ကို ခေါ်လာပြီး မိတ်ဆက်ပေးမှာလဲ”
မင်မင်းသည် မင်ယွဲ့၏ နှလုံးသားကို ဖမ်းစားနိုင်သော လူသားမှာ မည်သို့သောသူ ဖြစ်မည်ကို အလွန်ပင် သိချင်နေတော့သည်။
မင်ယွဲ့သည် မိသားစုထဲတွင် အမြဲတမ်း အမြော်အမြင်အရှိဆုံးနှင့် တည်ငြိမ်ဆုံးသူ ဖြစ်သည်ကို သူမ သိသည်။
"အခွင့်အရေးရရင်ပေါ့”
ပြောရင်းဆိုရင်းပင် မင်ယွဲ့၏ ဖုန်းမြည်လာသည်။
"ယွဲ့ယွဲ့... အလုပ်ရှုပ်နေလား”
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် မင်ယွဲ့သည် ဖုန်းကို နားနှင့် ကပ်ထားရင်း မျက်ခုံးတန်းလေးများမှာ အလိုအလျောက်ပင် ကွေးညွှတ်သွားကာ ပြုံးမိသွားသည်။
"မဟုတ်ပါဘူး... မမနဲ့အတူ ဈေးဝယ်ထွက်နေတာ”
မင်မင်းက ဘေးမှနေ၍ မျက်စိတစ်ဖက် မှိတ်ပြကာ စနောက်နေသည်။
မင်ယွဲ့မှာ မိသားစုဝင်တစ်ဦး၏ ရှေ့တွင် ချစ်သူနှင့် စကားပြောနေရသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။
"မမကိုလည်း ကိုယ့်ကိုယ်စား နှုတ်ဆက်ပေးပါဦး”
ဟိုဘက်မှ ထွက်ပေါ်လာသော သြဇာညောင်းသည့် အသံမှာ ဆူညံနေသော လမ်းမထက်၌ပင် ထင်ထင်ရှားရှား ရှိနေသည်။
မင်ယွဲ့သည် မင်မင်း၏ စနောက်လိုသော မျက်ဝန်းများနှင့် ဆုံမိသောအခါ ပို၍ပင် နေရခက်သွားသည်။
"နှုတ်ဆက်စရာ မလိုပါဘူး ဒါနဲ့... ဘာကူညီပေးရမလဲ”
"အကြောင်းကိစ္စ မရှိရင် ချစ်သူဆီ ဖုန်းဆက်လို့ မရဘူးလား အကြောင်းရှိလို့ ဆက်တာ မဟုတ်ပါဘူး... လွမ်းလို့ ဆက်တာပါ”
မိုဟန်ကျီ၏ ပွင့်လင်းလှသော စကားများက မင်ယွဲ့၏ နှလုံးသားကို ပိုမိုမြန်ဆန်စွာ ခုန်လှုပ်
စေသည်။
"ဒါပေါ့... ရှင့်ကို ၂၄ နာရီပတ်လုံး လွမ်းခွင့်ပြုထားပါတယ်”
"အို... သိပါပြီ ဒါဆိုရင် အိပ်မက်ထဲမှာ တွေ့ကြတာပေါ့”
မိုဟန်ကျီက ရယ်မောလျက် ဆိုလိုက်သည်။
"စကားမပြောတော့ဘူး... လမ်းမပေါ်မှာ ဆူညံနေလို့ အိမ်ပြန်ရောက်မှပဲ ပြောကြရအောင်”
မင်ယွဲ့သည် ဖုန်းချလိုက်ပြီးနောက် မင်မင်း၏ စနောက်မှုကို ထပ်မံရင်ဆိုင်ရတော့သည်။
"အိုး... အိုး... ရှက်နေတာလား”
"သူက မမကို နှုတ်ဆက်ပေးပါတဲ့”
"အေးပါ... ငါ လက်ခံရရှိပါတယ်လို့ ပြောပေးလိုက်ပါဦး”
မင်မင်းက ထပ်မံမစတော့ဘဲ နှစ်ဦးသား စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ခဲ့ကြသည်။
မင်ယွဲ့သည် ခရိုင်မြို့ပေါ်တွင် မနေဘဲ မင်မင်းနှင့်အတူ ရွာသို့ ပြန်လာခဲ့သည်။ မင်ကျောက်နှင့် မင်ချန်းတို့မှာမူ ကျောင်းပိတ်ရက် အပိုသင်တန်းများ တက်နေရသဖြင့် အားလပ်ရက် မစတင်သေးပေ။
မင်ယွဲ့၏ အဒေါ်မှာမူ ကိုယ်ဝန်အရင့်အမာဖြင့် မီးဖွားရန် နီးကပ်နေပြီ ဖြစ်သည်။ သူမသည် ဆေးရုံနှင့် နီးကပ်စေရန် ခရိုင်မြို့ပေါ်တွင် ပြောင်းရွှေ့နေထိုင်နေသည်။
မင်ယွဲ့သည် အဒေါ်ဖြစ်သူထံသို့ သွားရောက်
လည်ပတ်ခဲ့သည်။
"အဒေါ်... ကျွန်မ အဒေါ်အတွက် ငှက်သိုက်တွေနဲ့ တခြား အားဆေးတွေ ဝယ်လာခဲ့တယ် မီးဖွားပြီးရင် လူပြန်ကျန်းမာအောင်လို့ပါ”
"ကျေးဇူးတင်ပါတယ် ယွဲ့ယွဲ့ရယ် ဒီတစ်ခေါက် အိမ်မှာ ဘယ်လောက်ကြာကြာ နေမှာလဲ”
"တစ်လလောက်ပါပဲ ပြီးရင် မိသားစုဝင်အားလုံးကို နိုင်ငံခြား ခရီးထွက်ဖို့ ခေါ်သွားမလို့ မင်
ကျောက်... နင်ရော လိုက်မလား”
မင်ယွဲ့သည် လူများများခေါ်သွားရန် ဝန်မလေးသော်လည်း မိဘများ၏ ခွင့်ပြုချက်ကို အရင်
ရယူလိုသည်။
"နင့်လို အစ်မမျိုးရှိတာ သူတို့အတွက် ကံကောင်းတာပဲ ဗဟုသုတရအောင် လိုက်သွားတာ ကောင်းပါတယ် အဒေါ်သာ ကိုယ်ဝန်နဲ့ မဟုတ်ရင် လိုက်
ချင်သေးတယ်”
"ကောင်းပါပြီ... ဒါဆိုရင် သူတို့ကို ကျွန်မ ခေါ်သွားလိုက်မယ် အဒေါ်ကတော့ ကျန်းမာရေး ဂရုစိုက်နော် မီးဖွားပြီးရင် အဒေါ်ကိုလည်း နောက်တစ်ခေါက် ထပ်ခေါ်သွားဦးမှာပါ”
မင်ယွဲ့က ပြောရင်း အဒေါ်၏ ဗိုက်ကလေးကို အသာအယာ ထိတွေ့လိုက်သည်။
【ယွမ်ပေါ့... ဗိုက်ထဲက ကလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလားဆိုတာ သိနိုင်မလား 】
မင်ယွဲ့သည် ဘာရည်ရွယ်ချက်မှ မရှိဘဲ စပ်စုလိုစိတ်ဖြင့်သာ မေးလိုက်ခြင်းဖြစ်သည်။
【ဟုတ်ကဲ့... တီ... စနစ်က စစ်ဆေးနေပါတယ်... ရလဒ်ကတော့ သမီးလေးပါတဲ့ 】
မင်ယွဲ့သည် ပို၍ပင် သဘောကျသွားကာ အဒေါ်၏ ဗိုက်ကို ထပ်မံပွတ်သပ်လိုက်သည်။
"ယွဲ့ယွဲ့က ကလေးတွေကို တကယ်ချစ်တာပဲအဒေါ်လည်း သမီးလေးပဲ ဖြစ်ပါစေလို့ ဆုတောင်းနေတာ”
ကိုယ်ဝန်ဆောင်သည်က မိခင်မေတ္တာဖြင့် သူမ၏ ဗိုက်ကို ပြန်လည်ပွတ်သပ်နေသည်။
"သမီးလေး သေချာပေါက် ဖြစ်မှာပါ... ကျွန်မ ခံစားမိနေတယ်”
ခေတ္တမျှ စကားပြောပြီးနောက် မင်ယွဲ့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သူမသည် အဒေါ်အား အနားယူစေချင်သဖြင့် ညစာစားရန် တိုက်တွန်းမှုကို ငြင်းပယ်ကာ ထွက်လာခဲ့သည်။
သူမ ပေးခဲ့သော လက်ဆောင်များကို ကြည့်ရင်း အဒေါ်ဖြစ်သူမှာ မိသားစုကောင်းနှင့် ဆုံရသည်မှာ ကံကောင်းလှသည်ဟု တွေးတောကာ ကျေနပ်နေတော့သည်။
မင်ကျောက်နှင့် မင်ချန်းတို့သည် သင်တန်းပြီးဆုံးပြီးနောက် မင်ယွဲ့က သူတို့ကို နိုင်ငံခြားသို့ ခေါ်သွားမည်ဖြစ်ကြောင်း ကြားသိသောအခါ အတိုင်းမသိ စိတ်လှုပ်ရှားသွားကြသည်။
"မမ... ကျွန်တော်တို့ ဘယ်နိုင်ငံကို သွားမှာလဲ”
"နိုင်ငံ ဂျီ (G) အနောက်ပိုင်းမှာရှိတဲ့ လီရာ လယ်တောအိမ် ကို သွားမှာလေ အင်တာနက်မှာ ရှာကြည့်လို့ရတယ်”
ကောင်လေးနှစ်ဦးမှာ ဖုန်းဖြင့် ထိုနေရာအကြောင်းကို အငမ်းမရ ရှာဖွေကြည့်ရှုကြသည်။
"ဒီပန်းခင်းကြီးက တကယ်လှတာပဲ”
"နွားတွေကလည်း တော်တော်သန်မာတဲ့ပုံပဲ”
"လေစင်နှင့် သစ်သားအိမ်လေးက တကယ့်ကို ပန်းချီကားတစ်ချပ်လိုပဲ”
သူတို့နှစ်ဦးမှာ ထိုနေရာကို အလွန်ပင် သဘောကျနေကြသည်။
"ဒါပေမဲ့ မမ... ဒါက အများကြီး ကုန်မှာ မဟုတ်ဘူးလား”
မင်ယွဲ့တွင် ကုမ္ပဏီရှိသဖြင့် ချမ်းသာသည်ကို သိသော်လည်း သူတို့အတွက် အလွန်အမင်း အကုန်အကျခံမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
"စိတ်မပူပါနဲ့... ဒါက နင့်မမအတွက်တော့ အများကြီး မဟုတ်ပါဘူး နင့်မမဆီမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်”
မင်ယွဲ့က သူတို့၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် ဆို
လိုက်သည်။
"နင်တို့က ဘာဖြစ်လို့ အဲဒီလောက်တောင် အားနာနေကြတာလဲ”
အခန်း (၂၂၅) လီရာ စံအိမ်တော်
မိသားစုဝင်အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်ကို မြင်ရသည်မှာ မင်ယွဲ့အတွက်မူ ကြည်နူးစရာ အကောင်းဆုံး မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
မင်မင်းသည်လည်း ဆွေးနွေးမှုများတွင် တက်တက်ကြွကြွ ပါဝင်နေသည်။ မင်ယွဲ့၏ ဦးလေးနှင့် အဒေါ်မှာမူ ခရီးဝေးမထွက်လိုကြဘဲ လူကြီးမိဘများမှာလည်း နိုင်ငံခြားသို့ သွားရန် ခန္ဓာကိုယ်က အိုမင်းနေပြီဖြစ်သောကြောင့် မသွားလိုကြတော့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် မင်ယွဲ့၏ မိဘနှစ်ပါး၊ မင်မင်း၊ မင်ကျောက်နှင့် မင်ချန်းတို့ ငါးဦးသားသည် မင်ယွဲ့နှင့်အတူ ပြည်ပသို့ ထွက်ခွာလာခဲ့ကြသည်။
လေယာဉ်ပေါ်သို့ တက်လိုက်သည်နှင့် မင်ကျောက်နှင့် မင်ချန်းတို့မှာ ပြာလွင်သော ကောင်းကင်နှင့် တိမ်တိုက်ဖြူဖြူများကို ငေးကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
"တကယ်ကို လှတာပဲ”
မင်ယွဲ့သည် ထိုလှပသော နံနက်ခင်းပုံရိပ်ကို မှတ်တမ်းတင်ထားလိုက်သည်။
မင်ယွဲ့၏ မိဘများမှာမူ ပထမဆုံးအကြိမ် နိုင်ငံခြားသို့ ထွက်ခွာခြင်းဖြစ်ရာ ပျော်ရွှင်မှုနှင့်အတူ အနည်းငယ်သော စိုးရိမ်စိတ်တို့မှာလည်း ဒွန်တွဲနေသည်။ မိသားစုဝင်များ၏ ဘဝကို ယခုကဲ့သို့ ပြောင်းလဲပေးနိုင်ခဲ့ခြင်းမှာ သူမ၏ ကြိုးစားအားထုတ်မှုများအတွက် ထိုက်တန်သော ရလဒ်ပင် ဖြစ်ပေလိမ့်မည်။
လေယာဉ်ခရီးစဉ်မှာ အတော်အတန် ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် လိုရာခရီးသို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်မှ ထွက်လိုက်သည်နှင့် တရုတ်နိုင်ငံရှိ အဆောက်အအုံများနှင့် မတူညီသော ပြည်ပဗိသုကာလက်ရာများကို ထင်ရှားစွာ မြင်တွေ့ရသည်။
"မင်္ဂလာပါ မစ္စမင်ယွဲ့... ကျွန်တော်က လီရာ လယ်တောအိမ်ရဲ့ မန်နေဂျာ ပိုလီပါ”
ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လူကြီးလူကောင်းဆန်စွာ နှုတ်ဆက်လိုက်သည်။
"ယခုမှစ၍ ကျွန်တော်က လူကြီးမင်းတို့ကို ဝန်ဆောင်မှု ပေးသွားပါ့မယ်”
လီရာ လယ်တောအိမ်၏ ပိုင်ရှင်အသစ် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ရာ သူသည် အစွမ်းကုန် ကြိုးစားအားထုတ်ရပေမည်။
မင်ယွဲ့၏ မိသားစုဝင်များမှာမူ ရပ်နားထားသော ဇိမ်ခံကားကြီးကို ကြည့်ကာ အံ့အားသင့်လျက် ဘာစကားမျှပင် မပြောနိုင်ကြတော့ပေ။
မင်ယွဲ့က တော်သည်ကို သိထားကြသော်လည်း ပြည်ပတွင်ပင် ဤမျှအရှိန်အဝါရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
မင်ယွဲ့သည် မိသားစုဝင်များကို ကားပေါ်သို့ တက်စေပြီးနောက် သူမကိုယ်တိုင်လည်း လိုက်ပါခဲ့သည်။
ဇိမ်ခံခုနစ်ယောက်စီး ကားကြီးမှာ အရှိန်ဖြင့် မောင်းနှင်နေပြီး လမ်းဘေးဝဲယာရှိ ထူးခြားလှပသော မြင်ကွင်းများကြောင့် မင်မိသားစု၏ မျက်နှာထက်တွင် အပြုံးများ ပိုမိုဝေဆာလာခဲ့သည်။
မြို့လယ်ခေါင်မှ တဖြည်းဖြည်း ဝေးကွာလာသောအခါ သူတို့၏ စပ်စုလိုစိတ်မှာ ပိုမိုပြင်းပြလာသည်။
နောက်ဆုံးတွင် "လီရာ လယ်တောအိမ်" ဟု တရုတ်စာနှင့် ဂျီ (G) ဘာသာစကား နှစ်မျိုးဖြင့် ရေးထိုးထားသော ထူးခြားသည့် ဂိတ်တံခါးကြီးကို မြင်တွေ့လိုက်ရသည်။
"ရောက်ပါပြီ... မစ္စမင်နဲ့ ဧည့်သည်တော်များ ခေတ္တဆင်းပေးပါဦးခင်ဗျာ”
ပိုလီသည် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ အရိုအသေပြုလျက် ကားတံခါးကို ဖွင့်ပေးလေသည်။
မင်ယွဲ့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် သဘာဝတရား၏ ခမ်းနားမှုက သူမကို လွှမ်းခြုံသွားတော့သည်။
သစ်တော၏ အလယ်ဗဟိုတွင် တည်ရှိပြီး သဘာဝရေပူစမ်း၊ စမ်းချောင်းလေးများနှင့် တောင်ကုန်းတောင်တန်းများက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှသည်။
ဤသည်မှာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရသော လယ်တောမျိုးမဟုတ်ဘဲ အရှေ့ဘက်ခြံစည်းရိုး၌ ဂန္ဓာမာပန်းခူးရင်း တောင်ဘက်တောင်တန်းများကို ငေးကြည့်နိုင်သည့် အေးချမ်းသာယာသော ဘဝနေထိုင်မှုပုံစံပင် ဖြစ်သည်။
လယ်တောအိမ်၏ အတွင်းပိုင်းသို့ ဝင်လာသောအခါ မင်ယွဲ့သည် ကမ္ဘာကျော် လယ်တောအိမ်၏ ခမ်းနားမှုကို အထင်မသေးဝံ့တော့ပေ။
ကျေးလက်ဆန်သော အလှအပများအပြင် နန်းတော်ကဲ့သို့ တည်ဆောက်ထားသော အမိုးခုံး ဗီလာများ၊ ကျောက်ဆောင်ရေတံခွန်များနှင့် ရှားပါးသစ်ပင်ပန်းမန်များမှာ တစ်ဖက်တွင် ရှိနေပြန်သည်။
"လီရာ လယ်တောအိမ်ဟာ လူနဲ့ သဘာဝတရား ဟန်ချက်ညီစွာ ယှဉ်တွဲနေထိုင်မှုကို အလေးထားပါတယ် ဒါကြောင့် သဘာဝရဲ့ မူလလက်ရာတွေကို မပျက်စီးစေဘဲ မြေမျက်နှာသွင်ပြင်အတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်”
ပိုလီက ရှေ့မှ ဦးဆောင်လမ်းပြရင်း လယ်တောအိမ်အကြောင်းကို ရှင်းလင်းပြသခဲ့သည်။
"မမ... ဟိုမှာကြည့်ဦး၊ ပင်လယ်ဓားပြသင်ေ္ဘာကြီး”
မင်ကျောက်က မလှမ်းမကမ်းရှိ သင်္ဘောကြီးကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်
လိုက်သည်။
မင်ယွဲ့ ကြည့်လိုက်သောအခါ ကာရစ်ဘီယံ ပင်လယ်ဓားပြ ဇာတ်ကားများထဲမှ သင်္ဘောကြီးနှင့်ပင် တူလှသည်။
"ဒါက ကျွန်တော်တို့ရဲ့(အကြောင်းအရာအလိုက် အလှဆင်ထားသော နေရာ) ပါ။
ပင်လယ်ဓားပြအပြင် ဆီးနှင်းဖြူလေး၊ ကွန်ဖူးပန်ဒါ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ နေရာတွေ ရှိပါသေးတယ်”
ပိုလီက ဖြည့်စွက်ပြောကြားသည်။
ဤနေရာတွင် လူတစ်ဦးသည် တောရကျောင်းသားတစ်ဦးကဲ့သို့ အေးချမ်းစွာ နေနိုင်သလို၊ ဘုရင်တစ်ပါးကဲ့သို့ ခမ်းနားစွာလည်း နေထိုင်နိုင်ပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေသကဲ့သို့လည်း ခံစားနိုင်ပေသည်။
"အရင်ဆုံး ဧည့်သည်တော်တို့ နားနေမယ့်နေရာကို ပို့ပေးပါ့မယ် မစ္စမင်ယွဲ့တို့က နန်းတော်ပုံစံ ဗီလာမှာ နေမလား၊ ကျေးလက်ပုံစံ တည်းခိုခန်းမှာ နေမလားခင်ဗျာ”
မင်ယွဲ့သည် သူမ၏ မိဘများနှင့် မောင်လေးများကို ကြည့်လိုက်ပြီးနောက်—
"မေမေတို့ကတော့ ကျေးလက်ဆန်တဲ့ နေရာမှာပဲ ထားလိုက်ပါ ကျွန်မတို့ကတော့ အလှဆင်ထားတဲ့ အခန်းတွေမှာ နေပါ့မယ်”
ပိုလီက လျှပ်စစ်အားသွင်းထားသော မြင်ကွင်းကြည့်ဘတ်စ်ကားကို ခေါ်ယူလိုက်ပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားသည်။
"ခရီးစဉ်တစ်လျှောက် ဒီကားလေးနဲ့ သွားလာနိုင်ပါတယ်... အကယ်လို့ မစ္စမင်ယွဲ့ကိုယ်တိုင် မောင်းချင်တယ်ဆိုရင်လည်း ရပါတယ်ခင်ဗျာ”
ပိုလီသည် သူတို့အားလုံးကို အခန်းများသို့ လိုက်လံပို့ဆောင်ပေးပြီးနောက် အရိုအသေပြုကာ ထွက်ခွာသွားသည်။
"ဖေဖေနဲ့ မေမေ... ဒီနေရာကို သဘောကျရဲ့လား”
"သိပ်သဘောကျတာပေါ့ သမီးရယ်”
မင်ယွဲ့၏ မိခင်က ကြည်နူးစွာ ပြောလိုက်သည်။
"ပြတင်းပေါက်ကြီးတွေကလည်း ကျယ်လိုက်တာ၊ထိုင်လို့ကောင်းတဲ့နူးညံ့တဲ့ တာတာမီဖျာ တွေရော... လိုက်ကာကို ဖွင့်လိုက်ရင် မြင်ရတဲ့ ပန်းခင်းကြီးတွေက တကယ့်ကို ရင်သပ်ရှုမောစရာပဲ”
မိဘများ စိတ်ကျေနပ်သည်ကို မြင်ရသဖြင့် မင်ယွဲ့သည်လည်း ဝမ်းမြောက်မိသည်။ ခရီးပန်းလာသဖြင့် အနားယူစေပြီးနောက် သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။
"ယွဲ့ယွဲ့... ငါက ကွန်ဖူးပန်ဒါ အခန်းမှာ နေချင်
တာ”
ယွမ်ပေါ့က စိတ်ထဲမှ တောင်းဆိုလာသည်။
မင်ယွဲ့ကလည်း ထိုတောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်သည်။
ကွန်ဖူးပန်ဒါ အခန်းမှာ ဝါးတောလေးများ ဝန်းရံထားသော သစ်သားအိမ်လေးဖြစ်ပြီး အမိုးပေါ်တွင် ပန်ဒါရုပ်ထုကြီး ရှိနေသည်။ အခန်းတွင်းရှိ ဆိုဖာ၊ စားပွဲနှင့် ရေချိုးခန်းသုံးပစ္စည်းများအထိ ပန်ဒါခေါင်းစဉ်ဖြင့် အနုစိတ်ပြင်ဆင်ထားရာ အလွန်ပင် ချစ်စဖွယ် ကောင်းလှသည်။
နံနက်ခင်းတွင် ငှက်ကလေးများ၏ တေးဆိုသံနှင့် ပန်းရနံ့များကြောင့် မင်ယွဲ့ နိုးထလာခဲ့သည်။
ဆေးကြောသန့်စင်ပြီးနောက် ပင်လယ်ဓားပြအပြင်အဆင်ဖြင့် နေထိုင်နေကြသော မောင်လေးများထံသို့ သွားခဲ့သည်။
သူတို့နှစ်ဦးမှာ ပင်လယ်ဓားပြ ဝတ်စုံများနှင့်ပင် အိပ်ခဲ့ကြဟန်တူကာ အိပ်ခန်းမှာလည်း မုန်တိုင်းထန်နေသော ပင်လယ်ထဲမှ သင်္ဘောပျက်ကြီးနှင့် တူလှသည်။
"ကဲ... သွားကြရအောင် ဒီနေ့ လယ်တောအိမ်
တစ်ခွင် လှည့်ကြည့်ကြမယ်”
မင်ယွဲ့သည် မင်မင်းနှင့်အတူ မိဘများရှိရာသို့ သွားကြသည်။
လယ်တောအိမ်တွင် 3D မြေပုံများ ပေးထားသော်လည်း လူကြီးများမှာ အသုံးမပြုတတ်သဖြင့် လူငယ်များကသာ လိုက်လံခေါ်ဆောင်ခဲ့သည်။ မင်ယွဲ့သည် သူမ၏ အခွင့်အရေးကို အသုံးမပြုဘဲ မိသားစုအလိုက် စီးနိုင်သော မိုးကာပါသည့် စက်ဘီးကို ငှားရမ်းကာ လှပသော မြင်ကွင်းများကြားတွင် အတူတူ နင်းခဲ့ကြသည်။
လမ်းဘေးရှိ ပန်းပင်များကို ကြည့်ကာ မိဘနှစ်ပါးစလုံး စိတ်ချမ်းမြေ့နေကြသည်။ ဤသည်မှာ ပန်းစိုက်ပျိုးသူ မျိုးရိုးဗီဇကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူတို့သည် စက်ဘီးကို ခဏခဏ ရပ်နားကာ မြင်ကွင်းများကို ငေးမောကြည့်ရှုကြသည်။
"ဖေဖေနဲ့ မေမေ... ပန်းခင်းထဲမှာ ရပ်ပေးပါဦးသမီး ဓာတ်ပုံရိုက်ပေးမယ်”
နှင်းပန်းခင်းကြီး၏ ရှေ့တွင် မိဘနှစ်ပါးစလုံးမှာ ရှက်ကိုးရှက်ကန်းဖြင့် ရပ်နေကြသည်။
"ဖေဖေ... မေမေနဲ့ ပိုနီးနီးလေး ကပ်ရပ်လိုက်
လေ”
မင်ယွဲ့က လက်ယပ်ခေါ်လိုက်သောအခါ ဖခင်ဖြစ်သူက ရှက်ပြုံးဖြင့် မိခင်၏အနားသို့ တိုးကပ်သွားသည်။
မင်ယွဲ့သည် ထိုချစ်စဖွယ်ကောင်းသော ပုံရိပ်များကို အဆက်မပြတ် ရိုက်ယူလိုက်တော့သည်။
"ကဲ... ရပြီ။ လာကြည့်ကြပါဦး”