← Chapters

အခန်း (၂၅၁-၂၅၅)

Vol. 26 Ch. 251-255

အခန်း (၂၅၁-၂၅၅)

Vol. 26 Ch. 251-255

အပိုင်း (၂၅၁) မယိမ်းမယိုင်သော သစ္စာရှိမှု

ယွမ်ပေါ့ တစ်ယောက် ဟင်းလင်းပြင်အခန်းထဲတွင် အာလူးကြော်များ တဂျွတ်ဂျွတ်ဝါးရင်း ကာတွန်းကားကြည့်ကာ ဇိမ်ခံနေသည်။ မကြာမီ မိမိအား မိုဟန်ကျီ ထံ ပို့ဆောင်တော့မည်ကို သူ လုံးဝမသိရှိသေးပေ။ သို့သော် သိလျှင်ပင် သူ ဂရုစိုက်မည်မဟုတ်၊ ထိုအိမ်မှာ သူ နေဖူးနေကျနေရာ မဟုတ်ပါလား။

ညစာစားပြီးနောက် မိုဟန်ကျီနှင့် မင်ယွဲ့ တို့သည် ဂီတပြပွဲတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီးမှ အိမ်သို့ပြန်လာခဲ့ကြသည်။

【ယွမ်ပေါ့... အပြင်ထွက်ခဲ့တော့】

လူနေရပ်ကွက်၏ အဝင်ဝသို့ရောက်သောအခါ မင်ယွဲ့က ယွမ်ပေါ့ကို လှမ်းခေါ်လိုက်သည်။

【ဟမ်... ဘာဖြစ်လို့လဲ】

ယွမ်ပေါ့သည် ကြည့်လက်စ ကာတွန်းကို ပိတ်

လိုက်ပြီး ပျင်းရိပျင်းတွဲ မေးလိုက်သည်။

【မင်းကို ပတ်ဝန်းကျင်အသစ်လေး တစ်ခုဆီ ခေတ္တပြောင်းပေးမလို့လေ】

ယွမ်ပေါ့တစ်ယောက် ဘာကြောင့်လဲဆိုသည်ကို သေချာနားမလည်သော်လည်း သခင်မလေး၏ အမိန့်အတိုင်း လိုက်နာထွက်ခွာလာခဲ့သည်။

မိုဟန်ကျီနှင့် မင်ယွဲ့တို့ အပေါ်ထပ်သို့ တက်လာပြီး တံခါးဖွင့်လိုက်သောအခါ ဆိုဖာပေါ်တွင် အသင့်ထိုင်နေသော ယွမ်ပေါ့ကို တွေ့လိုက်ရလေ

သည်။

"အထဲကို ဝင်ထိုင်ပါဦး”

မင်ယွဲ့က ဖိတ်ခေါ်လိုက်သဖြင့် မိုဟန်ကျီလည်း နောက်မှ လိုက်ဝင်လာခဲ့သည်။ မင်ယွဲ့က ရေတစ်ခွက် ငှဲ့ပေးလိုက်ရာ မိုဟန်ကျီက ဂရုတစိုက် ဆိုလာသည်။

"သိပ်ပြီး အလုပ်မရှုပ်ပါနဲ့ဦး... ခဏလောက် ထိုင်ပြီး အနားယူလိုက်ပါဦး”

မင်ယွဲ့သည် ယွမ်ပေါ့၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူ၏ လုံးဝန်းသော ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးနေမိသည်။ မိုဟန်ကျီကလည်း ယွမ်ပေါ့၏ ကျောကုန်းကို ပုတ်ပေးလိုက်ရာ ယွမ်ပေါ့က ဟိန်းသံအသေးစားလေး တစ်ချက် ပြုလုပ်လိုက်သည်။

【တိတ်တိတ်နေစမ်း】

မင်ယွဲ့က ယွမ်ပေါ့၏ ခေါင်းကို ခပ်ဖွဖွလေး ရိုက်လိုက်သည်။ ယွမ်ပေါ့သည် မိုဟန်ကျီကို တစ်ချက် အေးစက်စက် ကြည့်လိုက်ပြီးမှ ငြိမ်ကျသွားသည်။

【ဒါက သခင်မလေးရဲ့ မျက်နှာကို ထောက်လို့

နော်... မဟုတ်ရင် ဒီလူနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ】

ယွမ်ပေါ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

သူ၏ မောက်မာလှသော အမူအရာကို မြင်သဖြင့် မင်ယွဲ့က နားရွက်ကို ခပ်ဆတ်ဆတ်လေး ဆွဲလိုက်သည်။

【မင်းပြောတဲ့ ဖူးစာရှင်ဆိုတာ သူ မဟုတ်ဘူးလား... မင်းရဲ့ သဘောထားက ဒါပဲလား】

【ဒီစနစ်မှာ သခင်တစ်ယောက်ပဲ ရှိတယ်... တခြားသူကို ဘယ်တော့မှ ဒူးထောက် အရှုံးပေးမှာ မဟုတ်ဘူး】

မင်ယွဲ့မှာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ ယွမ်ပေါ့သည် စကားပုံအသစ်လေး တစ်ခု တတ်လာသည်နှင့် နေရာမရွေး လျှောက်သုံးနေတော့သည်။

【အိုး... တကယ်ပဲ မယိမ်းမယိုင် ကြံ့ကြံ့ခံနေတာပါလား】

【အရှက်နဲ့ သိက္ခာကို အသက်ထက် တန်ဖိုးထားတာပါလေ】

ယွမ်ပေါ့က မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရာ မိုဟန်ကျီ၏ ချောမောသော မျက်နှာနှင့် တည့်

တည့်တိုးပြန်သည်။

ထို့ကြောင့် အားကိုးရာမဲ့စွာ မျက်လုံးမှိတ်ပြီး ခေါင်းကိုသာ ခါယမ်းနေတော့သည်။ မိုဟန်ကျီမှာမူ ယွမ်ပေါ့၏ အပြုအမူများသည် လူသားတစ်ဦးနှင့် ပို၍ ပို၍ တူလာသည်ဟု ခံစားနေရပြီး ခေါင်းခါပြနေသည့် ပုံစံလေးမှာ အလွန် ချစ်စရာကောင်းနေသည်ဟု ထင်မြင်နေမိသည်။

【ကောင်းပါပြီ... ကောင်းပါပြီ... မင်းအတွက် ဂုဏ်ပြုမှတ်တမ်းတိုင်ကြီး တစ်ခု စိုက်ထူပေးပါ့မယ်】

မင်ယွဲ့သည် ပြုံးလျက် ယွမ်ပေါ့၏ လုံးပတ်စိုပြေသော တင်ပါးလေးကို ပုတ်ပေးလိုက်သည်။

အချိန်တော်တော် လင့်နေပြီဖြစ်သဖြင့် မင်ယွဲ့က မိုဟန်ကျီကို နှုတ်ဆက်လိုက်သည်။

"အိမ်ကို စောစောပြန်ပါတော့... လမ်းမှာလည်း ဂရုစိုက်ဦးနော်”

မိုဟန်ကျီ မတ်တပ်ရပ်လိုက်သောအခါ မင်ယွဲ့က ယွမ်ပေါ့ကို ကောက်ချီပြီး မိုဟန်ကျီ၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။

【ယွမ်ပေါ့... အခုတလော ငါ နည်းနည်း အလုပ်ရှုပ်နေလို့... မင်း မိုဟန်ကျီနဲ့ ခဏ လိုက်နေပေးပါဦး ရက်အနည်းငယ်ကြာရင် ငါ လာခေါ်

မယ်၊ ဟုတ်ပြီလား】

【အိုကေ】

ခုနကတင် မောက်မာပြနေသော ယွမ်ပေါ့လေးမှာ အလိုက်သင့်ပင် မိုဟန်ကျီ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားလေသည်။ မင်ယွဲ့မှာ အံ့အားသင့်သွားသော်လည်း စီစဉ်ထားသည့်အတိုင်း ကျော်ကြားမှုရမှတ်များကို အသုံးပြုကာ စနစ်အတွင်းမှ မုန့်မျိုးစုံကို ဝယ်ယူပေးလိုက်သည်။

ယွမ်ပေါ့အား ကားပေါ်သို့ ချီမတင်ဆောင်သွားချိန်တွင် သူ၏ စိတ်အာရုံထဲသို့ ကောင်းကင်မှ ကျဆင်းလာသော နတ်သုဒ္ဓါသဖွယ် မုန့်များ ရောက်ရှိလာခဲ့သည်။ ယွမ်ပေါ့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

'ကျေးဇူးပဲ... ယွဲ့ယွဲ့”

သူသည် အတိုင်းမသိ ဝမ်းသာသွားသည်။

ကားဟိန်းသံများ၊ လမ်းပေါ်မှ ဆူညံသံများကို အာရုံမရတော့ဘဲ စနစ်အတွင်းရှိ မုန့်စားပွဲကြီးထဲတွင် စိတ်နှစ်ကာ ပျော်ပါးနေတော့သည်။ မင်ယွဲ့သည် ယွမ်ပေါ့၏ ပြင်းထန်သော စိတ်ခံစားမှုလှိုင်းများကို အာရုံခံမိသဖြင့် ပြတင်းပေါက်

အပြင်ဘက်ကို ကြည့်ကာ ပြုံးနေမိသည်။

မိုဟန်ကျီသည် ဘာဖြစ်သည်ကို မသိသော်လည်း ယွမ်ပေါ့ အလွန်စိတ်လှုပ်ရှားနေသည်ကို ခံစားမိသည်။

"ယွမ်ပေါ့က ငါနဲ့အတူ နေရတာ တကယ်ပဲ ကြိုက်နေတာလား”

မိုဟန်ကျီက ဝမ်းသာအားရ ပုတ်ပေးလိုက်ရာ ယွမ်ပေါ့က အလွန်ပင် လိမ္မာယဉ်ကျေးစွာ ငြိမ်

နေသည်။

"တကယ်ပဲ ငါ့ကို ခင်ပုံရတယ်... မနက်ဖြန်ကျရင် အရသာရှိတာတွေ အများကြီး ဝယ်ကျွေးမယ်

နော်”

မိုဟန်ကျီသည် မင်ယွဲ့၏ အခန်းဘက်သို့ တစ်ချက်ကြည့်ကာ နှုတ်ဆက်ပြီး ကားမောင်းထွက်ခွာသွားခဲ့သည်။

စနစ်အဆင့်မြှင့်တင်ပြီးနောက် မင်ယွဲ့သည် ယွမ်ပေါ့ မရှိသော်လည်း စနစ်၏ လုပ်ဆောင်ချက်အားလုံးကို ကောင်းမွန်စွာ အသုံးပြုနိုင်ပြီဖြစ်သည်။

မိုဟန်ကျီ အိမ်သို့ ဘေးကင်းစွာ ရောက်ရှိကြောင်း သတင်းရရှိပြီးနောက် သူမသည် သင်ယူရေးခန်းမအတွင်းသို့ ဝင်ရောက်ကာ လေ့လာမှုများ ပြုလုပ်သည်။

ယခုအခါ သူမ၏ မော်တော်ကား မောင်းနှင်ခြင်း အတတ်ပညာမှာ သာမန် ဝါသနာရှင်များထက် များစွာ သာလွန်နေပြီဖြစ်သည်။ ကားမောင်းရခြင်းကို သူမ အမှန်တကယ် စွဲလန်းနှစ်သက်လာခဲ့သည်။

အခြေခံမှသည် အဆင့်မြင့် ပြိုင်ကွင်းများအထိ၊ တောင်ပတ်လမ်းများနှင့် အတားအဆီးများအထိ စိန်ခေါ်မှုများကို ကျော်ဖြတ်ရခြင်းမှာ သူမအတွက် အကောင်းဆုံး အပန်းဖြေနည်းတစ်ခု ဖြစ်လာသည်။

သင်ယူခြင်းခန်းမ၏ အကျိုးကျေးဇူးမှာ အချိန်စီးဆင်းမှု မြန်ဆန်ရုံသာမက လက်တွေ့နှင့် ထပ်တူကျသော ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ခြင်းပင် ဖြစ်သည်။ သူမသည် ပြိုင်ကားမောင်းသူ အဆင့်ကို ကျော်လွန်၍ အခြားသော ဝါသနာသစ်များကိုလည်း စမ်းသပ်ကြည့်သည်။

လေယာဉ်မောင်းခြင်း၊ ရွက်လှေစီးခြင်းမှသည် မြေတူးစက် မောင်းနှင်ခြင်းအထိ "မြင်းစီးအတတ်” ၏ ကူညီမှုဖြင့် သူမသည် အရာအားလုံးကို လျင်မြန်စွာ တတ်မြောက်လာသည်။

"ကောင်းကင်က လကို ဆွတ်လှမ်းနိုင်သလို၊ ပင်လယ်အောက်က လိပ်ကိုလည်း ဖမ်းဆီးနိုင်

တယ်" ဆိုသကဲ့သို့ သူမသည် သင်ယူခြင်းကမ္ဘာထဲတွင် အစွမ်းထက်သော ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် မိုဟန်ကျီထံမှ "မင်္ဂလာနံနက်ခင်း" မက်ဆေ့ခ်ျနှင့်အတူ ယွမ်ပေါ့၏ ဓာတ်ပုံကို လက်ခံရရှိသည်။

"မင်္ဂလာပါမနက်ခင်းပါ”

မင်ယွဲ့က ပြန်စာပို့ပြီးနောက် ကျောင်းသို့ သွားရောက်ခဲ့သည်။ ကန်တင်းတွင် မမျှော်လင့်ဘဲ သူမအား လက်မှတ်ထိုးခိုင်းဖူးသည့် ဂျူနီယာလေးများနှင့် ပြန်ဆုံသည်။

"စီနီယာ မင်ယွဲ့”

သူတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်နှုတ်ဆက်ကြသည်။

မင်ယွဲ့က ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။ သူတို့သည် နံနက်စောစော အပျော်တမ်း ပရဟိတ လုပ်ငန်းများတွင် ပါဝင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

"ကြိုးစားကြပါဦး”

မင်ယွဲ့၏ အားပေးစကားကြောင့် ထိုကျောင်းသူလေးများမှာ ပျော်ရွှင်သွားကြသည်။ မင်ယွဲ့သည် ဓာတ်ခွဲခန်းသို့ သွားရန်ရှိသဖြင့် ခပ်မြန်မြန်ပင် ထွက်ခွာလာခဲ့သည်။

ဓာတ်ခွဲခန်းသို့ ရောက်သောအခါ ပါမောက္ခယန်၏ လက်ထောက် အသစ်သုံးဦးမှာ တံခါးဝတွင် ကလေးလေးများကဲ့သို့ ထိုင်စောင့်နေကြသည်ကို တွေ့ရသည်။ သူတို့မှာ သော့မရှိသေးသဖြင့် မဝင်နိုင်ဘဲ ဖြစ်နေကြခြင်းဖြစ်သည်။

"မြန်မြန် ဝင်ကြလေ”

မင်ယွဲ့က တံခါးဖွင့်ပေးလိုက်ပြီး သူတို့ကို အနားယူရန် ပြောလိုက်သည်။ သို့သော် ထိုသူများမှာ တက်ကြွနေကြသဖြင့် မင်ယွဲ့က ဒေတာများ ပြန်လည်စစ်ဆေးရန် အလုပ်အချို့ ပေးလိုက်

သည်။

တစ်ချိန်တည်းမှာပင် ရှင်းယောင်လုပ်ငန်းစု၏ ရုံးခန်းအတွင်း၌ ဝန်ထမ်းများမှာ အံ့အားသင့်နေကြသည်။ သူတို့၏ တည်ကြည်လှသော ဥက္ကဋ္ဌကြီးသည် ပန်ဒါနှင့်တူသော အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကို ရုံးသို့ ခေါ်ဆောင်လာသောကြောင့် ဖြစ်သည်။

မိုဟန်ကျီသည် ယွမ်ပေါ့အတွက် ကြက်ကင်၊ နွားနို့လက်ဖက်ရည်နှင့် စတိတ်တို့ကို မှာယူပေးသည်။ လက်ထောက်လင်မှာမူ ဥက္ကဋ္ဌကြီး၏ အပြောင်းအလဲကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေရသည်။

"ဥက္ကဋ္ဌ... ယွမ်ပေါ့က လူသားတွေစားတဲ့ အစားအစာကို စားလို့ရပါ့မလား”

"ရပါတယ်... သူက ပုံမှန်လည်း စားနေကျပဲ”

မိုဟန်ကျီက ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်

သည်။

ယွမ်ပေါ့သည် နွားနို့လက်ဖက်ရည်ကို ပိုက်ဖြင့် ကျွမ်းကျင်စွာ သောက်နေသည်ကို မြင်သောအခါ လက်ထောက်လင်မှာ ဘာမှ ထပ်မပြောတော့ဘဲ အသာအယာ ဆုတ်ခွာသွားတော့သည်။

မင်ယွဲ့သည် ကျောင်းမှအပြန် သင်ယူရေးခန်းမထဲသို့ ဝင်လိုက်သည်နှင့် စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။

【ဒေါင်— အရှင်၏ မဆုတ်မနစ်သော ကြိုးစားမှုကြောင့် 'မြင်းစီးအတတ်' အဆင့်သည် အလယ်အလတ်သို့ ရောက်ရှိသွားပါပြီ

ဆုလာဘ်အဖြစ် 'ရန်ပုံငွေ သုံးဆတိုးကဒ်’ ကို ရရှိပါသည်။ သက်တမ်းမှာ (၇) ရက် ဖြစ်ပါသည်】

မင်ယွဲ့၏ မျက်လုံးများ ပြူးကျသွားသည်။

လက်ရှိ သူမ၏ ပိုင်ဆိုင်မှုမှာ ဘီလီယံနှင့်ချီ၍ ရှိနေပြီဖြစ်သည်။ ယင်းကို သုံးဆ ထပ်မံတိုးမြှင့်မည်ဆိုပါက... သူမသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲသို့ပင် ဝင်ရောက်နိုင်တော့မည် မဟုတ်ပါလား။

သူမ၏ လက်ရှိ အခြေအနေကို စစ်ဆေးကြည့်

လိုက်ရာ -

* ကျော့ရှင်းမှု : ၉၁ (၁၀၀) 【ရင်သပ်ရှုမောဖွယ် အလှတရား】

* အသက်မွေးဝမ်းကျောင်း : ၇၂ (၁၀၀) 【အောင်မြင်သော လုပ်ငန်းရှင်】

* ပိုင်ဆိုင်မှု (Assets): ၅,၆၇၈,၉၀၀,၀၀၀ (ယွမ်)

* အခြားပိုင်ဆိုင်မှုများ: ဟိုက်ဖုအဆောက်အဦ၊အာဖရိက သတ္တုတွင်း၊ ယွဲ့ဟွာနည်းပညာ (၇၅%)၊ ဝေကွမ်လုပ်ငန်းစု (၅၀%) စသဖြင့်...

မင်ယွဲ့သည် ရင်ထဲတွင် လှိုက်လှဲစွာဖြင့် ပြုံးမိသည်။

အရင်ကဆိုလျှင် ဤကတ်ပြားမှာ သူမအတွက် အဓိပ္ပာယ်မရှိသော်လည်း ယခုကဲ့သို့ အရင်းအနှီး အမြောက်အမြား ရှိနေချိန်တွင်မူ ၎င်းသည် သူမ၏ ဘဝကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးမည့် မှော်အစွမ်းတစ်ခုပင် ဖြစ်သည်။

"လူဆိုတာ အိပ်မက်ရှိရမယ်... တကယ်လို့သာ အကောင်အထည်ပေါ်လာခဲ့ရင်..."

မင်ယွဲ့သည် သူမ၏ ကြီးမားလှသော ရည်မှန်းချက်များကို စိတ်ကူးကြည့်ရင်း ရှေ့ဆက်ရမည့် ခရီးအတွက် ခွန်အားသစ်များ ပြည့်နှက်နေတော့သည်။

အပိုင်း (၂၅၂) ရန်ပုံငွေ သုံးဆတိုးကတ်

ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်ပြီးနောက် မင်ယွဲ့သည် ရင်ခုန်စိတ်လှုပ်ရှားမှုများကို အချိန်

အနည်းငယ်ယူ၍ ထိန်းချုပ်လိုက်သည်။

ထို့နောက် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် သင်ယူရေးခန်းမအတွင်းသို့ လှမ်းဝင်ခဲ့လေသည်။

"မြင်းစီးအတတ်“ ပညာရပ်တွင် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၍ မင်ယွဲ့သည် ပိုမိုပြင်းထန်လှသော အဆင့်မြင့်ပြိုင်ကားမောင်းနှင်မှု၏ အရသာကို ခံစားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ခန်းမအတွင်းရှိ ပတ်ဝန်းကျင်သည် ပြိုင်ကားကွင်းအသွင်သို့ ပြောင်းလဲသွားသည်။ အခြေခံအဆင့် ပြိုင်ကွင်းများတွင်မူ မင်ယွဲ့၏ ကျွမ်းကျင်မှုမှာ ပြိုင်ဘက်ကင်းနေပြီး သူမ၏အမြင်တွင် ထိုပြိုင်ဘက်များမှာ လူသားမဟုတ်သော စက်ရုပ်အူတူတူလေးများကဲ့သို့သာ ဖြစ်နေတော့သည်။

အလယ်အလတ်အဆင့်တွင်လည်း သူမသည် အားလုံး၏ ရှေ့မှ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့သည်။

အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံကို ရရှိရန်အတွက် မင်ယွဲ့သည် အဆင့်မြင့်ပြိုင်ကွင်းကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။

ဤ စနစ်၏ တူညီအောင် ဖန်တီးထားမှုမှာ အံ့မခန်းလှသည်။ အင်ဂျင်သံများ၏ တုန်ခါမှု၊ လေတိုးသံနှင့် လမ်းကွေ့များတွင် ခံစားရသော ဆွဲအားတို့မှာ လက်တွေ့ကမ္ဘာနှင့် တစ်ထပ်တည်းကျလှသည်။

ကွဲပြားချက်တစ်ခုမှာ ရရှိလာမည့် နာကျင်မှုနှင့် ထိခိုက်ဒဏ်ရာများမှာ စိတ်ကူးယဉ်မျှသာ ဖြစ်ပြီး လက်တွေ့ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိခြင်းပင် ဖြစ်သည်။

ပြိုင်ကားသမားအားလုံးသည် မိမိတို့၏ နေရာအသီးသီးတွင် အသင့်နေရာယူလိုက်ကြပြီး မင်ယွဲ့မှာမူ မီးတောက်ကဲ့သို့ နီမြန်းသော ပြိုင်ကားတစ်စီးကို မောင်းနှင်ရန် ပြင်ဆင်ထားသည်။

ပြိုင်ပွဲစတင်သည်နှင့် ကားများအားလုံးသည် မြှားတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားကြသည်။ ဤနေရာတွင် အရှိန်ကန့်သတ်ချက်ဟူသည် မရှိ၊ မိမိတို့ စိတ်ကြိုက် အမြန်ဆုံး မောင်းနှင်နိုင်ကြသည်။ မြေအောက်ပြိုင်ကားလောက၏ ကြမ်းတမ်းမှု၊ ထိခိုက်သေဆုံးမှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော အရာများသာ ဖြစ်သည်။

မင်ယွဲ့သည် ကမ္ဘာကြီးအကြောင်းကို ပိုမိုလေ့လာလေ၊ ဤလောကကြီးသည် သူမ ယခင်က ထင်မှတ်ထားသကဲ့သို့ လှပချောမွေ့နေသည်

မဟုတ်ကြောင်း ပို၍ သိမြင်လာလေဖြစ်သည်။

လျူးယွဲ့၏ ရန်ပြုမှုဆိုသည်မှာ သူမဘဝ၏ အရေးမပါသော အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်ကြောင်းလည်း နားလည်လာသည်။

သူမ တစ်ခါတစ်ရံ စဉ်းစားမိသည်။

အကယ်၍သာ သူမသည် ယွမ်ပေါ့နှင့် မဆုံတွေ့ခဲ့လျှင်၊ လျူးယွဲ့ကြောင့် ကုမ္ပဏီမှ အထုတ်ခံခဲ့ရပြီးနောက်ပိုင်း ဆွန်းယွဲ့၏ အရိပ်မည်းအောက်မှ ရုန်းထွက်နိုင်မည့် သတ္တိမျိုး ရှိပါ့မလားဟု ဖြစ်သည်။

ကြာရှည်စွာ စဉ်းစားပြီးနောက်တွင်မူ သူမကိုယ်တိုင် ခိုင်မာသော အဖြေတစ်ခု ရရှိခဲ့သည်။

"ငါ ရုန်းထွက်နိုင်မှာပါ... ငါ့ရဲ့ မိသားစုနောက်ခံနဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်လာခဲ့တဲ့ ငါ့စိတ်ဓာတ်က အရှုံးပေးဖို့ ဖန်တီးထားတာမှ မဟုတ်တာ”

ယခုပြန်ကြည့်လျှင် အသေးအဖွဲဟု ထင်ရသော ထိုအခက်အခဲမှာ ထိုစဉ်က နုနယ်သေးသော ကျောင်းသူလေးတစ်ဦးအတွက်မူ တစ်ကမ္ဘာလုံး ပြိုကျပျက်စီးသွားသကဲ့သို့ပင်။

သူမသည် အရည်အချင်းရှိပြီး ကြိုးစားသူတစ်ဦးဖြစ်သော်လည်း အလုပ်ဖြုတ်ခံရခြင်းမှာ သူမ၏ တန်ဖိုးကို မမြင်မရအောင် နိမ့်ချလိုက်ခြင်းသာ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယွမ်ပေါ့ ရောက်ရှိလာခြင်းက သူမအား နာကျင်မှုများ ကုစားနေရမည့် အချိန်များကို ကျော်လွန်စေခဲ့ပြီး မိမိကိုယ်ကိုယ် ချက်ချင်း ပြန်လည်ထိန်းချုပ်နိုင်စေခဲ့သည်။

ဟိုက်ဖုအဆောက်အဦကို သူမ လက်ဝယ်ရရှိချိန်တွင် လျူးယွဲ့၏ ဦးလေးကုမ္ပဏီမှာ စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်ခံရပြီး ထိုဂုဏ်သရေရှိ အဆောက်အဦမှ ထွက်ခွာခဲ့ရသည်။ သို့သော် ထိုမျှနှင့် လျူးယွဲ့ကို အမှန်တကယ် နာကျင်စေခဲ့သည်ဟု မဆိုနိုင်ပေ။ ယခင်က မင်ယွဲ့တွင် လျူးယွဲ့အပေါ် နာကျည်းချက် မရှိခဲ့ဘူးဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

ဆွန်းယွဲ့ကြောင့် အလုပ်ဖြုတ်ခံရမှန်း သိလိုက်ရသည့် ထိုနေ့က သူမ ရင်ထဲတွင် အမုန်းတရားများ ပြည့်လျှံနေခဲ့သည်။

သူမသည် ဆင်းရဲနွမ်းပါးသော နောက်ခံမှ လာသူဖြစ်၍ အခြားသူများထက် ပိုမိုကြိုးစားခဲ့ရသည်။

သို့သော် လျူးယွဲ့သည် သူမ၏ ဂုဏ်သိက္ခာကို နင်းချေပြီး စကားတစ်ခွန်းတည်းဖြင့် သူမ၏ ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးပစ်ခဲ့သည်။

ထိုစဉ်က သူမသည် ရုပ်ရှင်ထဲကကဲ့သို့ လက်စားပြန်ချေလိုစိတ်များ ရှိခဲ့သော်လည်း ၎င်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ကြောင်း သူမ သိသည်။ သို့သော် မမျှော်လင့်ဘဲ ယွမ်ပေါ့ ဆိုသည့် စနစ်ရောက်ရှိလာပြီး သူမကို တစ်ညတည်းနှင့် သူဌေးမကြီးအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

သို့သော်လည်း သူမသည် မည်သည့်အခါမျှ ရောင့်ရဲပြီး ရပ်တန့်မနေခဲ့ပေ။ အရာအားလုံးမှာ အိပ်မက်တစ်ခုလို ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ပညာရပ်မျိုးစုံကို အဆက်မပြတ် လေ့လာနေခဲ့သည်။ သူမအတွက် ငွေရှာခြင်းထက် ပညာရှာခြင်းက ပို၍ အရေးကြီးသည်။

"ပညာဆိုတာ ကျောင်းမှာတင် ပြီးသွားတာ မဟုတ်ဘူး... လူဆိုတာ အိုတဲ့အထိ သင်ရမယ်၊ ဒီလူ့အဖွဲ့အစည်းရဲ့ နောက်မှာ ကျန်မနေခဲ့ချင်ရင် သေတဲ့အထိ သင်ယူနေရမှာပဲ”

တောင်ကိုမှီလျှင် တောင်ပြိုနိုင်ပြီး၊ လူကိုမှီလျှင် လူပြေးနိုင်သည်ဟု သူမ ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

သူမ၏ မိခင်မှာ သူမအပေါ် သစ္စာမပျက်သော်လည်း မိသားစုအကျပ်အတည်းများကြောင့် သူမကို အကူအညီမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် မိမိကိုယ်ကိုယ်သာ အားကိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့သည်။

ယခုရရှိလာသော "ရန်ပုံငွေ သုံးဆတိုးကတ်" မှာ သူမ၏ ကြီးမားလှသော ရည်မှန်းချက်များဆီသို့ တက်လှမ်းမည့် လှေကားထစ်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ သူမ၏ မျက်ဝန်းများတွင် ယုံကြည်မှုနှင့် တက်ကြွမှုများဖြင့် တောက်ပနေတော့သည်။

အပိုင်း (၂၅၃) ဝဋ်ကြွေးနှင့် တုံ့ပြန်မှု

ထို့ကြောင့်ပင် သူမသည် ငယ်စဉ်ကတည်းကပင် အခြေခံသဘောတရား တစ်ခုကို နားလည်သဘောပေါက်ခဲ့သည်၊ ၎င်းမှာ "ထူးချွန်ထက်မြက်ခြင်းသည် ဘဝ၏ ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်သည်" ဟူသောအချက်ပင် ဖြစ်သည်။

စနစ်၏ ပံ့ပိုးမှုဖြင့် သူမသည် အဆက်မပြတ် သင်ယူခဲ့ပြီး၊ ပိုမိုအားကောင်းလာစေရန် မိမိကိုယ်ကိုယ် ထုဆစ်ခဲ့သည်။

ဤအတောအတွင်း သူမသည် လုပ်ငန်းသစ်များ ထူထောင်ရန်နှင့် ငွေရှာရန်သာ အာရုံစိုက်နေခဲ့သဖြင့် လျူးယွဲ့ ဟူသော အမည်ကိုပင် သူမ၏ မှတ်ဉာဏ်ထဲမှ မေ့ပျောက်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

သို့သော် ကံကြမ္မာ၏ စီမံမှုမှာ အံ့ဩစရာပင်။ ယွဲ့ဟွာနည်းပညာ၏ လုပ်ငန်းနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ လျူးယွဲ့၏ ဖခင်ပိုင်ဆိုင်သော လုပ်ငန်းများမှာ ယွဲ့ဟွာနှင့် လုပ်ငန်းချင်း ထပ်တူကျနေသဖြင့် အကြီးအကျယ် ထိခိုက်နစ်နာလာခဲ့ရသည်။ လျူးယွဲ့၏ ဖခင်သည် အသက်ရှူချောင်စေရန် ယွဲ့ဟွာထံမှ အကူအညီတောင်းခံရန် ကြိုးစားခဲ့သော်လည်း ကျန်ဟင်နှင့် ဝမ်ကျန်းတို့က မင်ယွဲ့ ကိုယ်စား ထိုတောင်းဆိုချက်ကို အလွယ်တကူ ခွင့်မပြုခဲ့ကြပေ။

ဝမ်ကျန်းသည် မင်ယွဲ့၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ရာ လျူးယွဲ့နှင့် မင်ယွဲ့တို့ကြားက အတိတ်က ရန်ငြိုးရန်စများကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။ တက္ကသိုလ်ကျောင်းတော်က ကိစ္စလေးများဟု ဆိုသော်လည်း လျူးယွဲ့၏ မောက်မာမှုများမှာ မင်ယွဲ့၏ ရင်ထဲတွင် ဒဏ်ရာအဖြစ် ကျန်ရှိနေခဲ့သည် မဟုတ်ပါလား။

"ဥက္ကဋ္ဌမင်... လျူးယွဲ့ရဲ့ အဖေက တွေ့ခွင့်တောင်းနေတယ်"

ကျန်ဟင်က ရုံးခန်းအတွင်း၌ နောက်ပြောင်သော လေသံဖြင့် ဆိုလိုက်သည်။ သူတို့ သုံးဦးမှာ သူငယ်ချင်းများ ဖြစ်ကြသဖြင့် ရုံးခန်းထဲတွင်မူ ခင်မင်ရင်းနှီးစွာပင် စကားပြောဆိုလေ့ရှိကြသည်။

"မတွေ့ဘူး”

ဝမ်ကျန်းက မကျေမနပ်ဖြင့် ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။ သို့သော် ကျန်ဟင်က မတူညီသော အမြင်တစ်ခုကို တင်ပြလာသည်။

"ငါ့အမြင်ကတော့ တွေ့သင့်တယ်ထင်တယ်... သူတို့ အရင်က မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာကို အခု လက်စားပြန်ချေရမှာ မဟုတ်လား”

မင်ယွဲ့သည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ပြီး ပြုံးရွှင်နေတတ်သော်လည်း လက်တွေ့တွင်မူ သူမသည် အလွန်အေးစက်ပြီး ဆင်ခြင်တုံတရားရှိသူ ဖြစ်သည်။

အချို့ကမူ "သူဌေးဖြစ်နေပြီပဲ... ဒီလို လူမမည်လေးတွေကို လိုက်ပြီး ရန်မလုပ်သင့်ဘူး၊ အဆင့်အတန်းမရှိဘူး"

ဟု ထင်ကြလိမ့်မည်။ သို့သော် မင်ယွဲ့ကမူ ထိုသို့သော မြင့်မြတ်သည့် အယူအဆမျိုး မရှိပေ။

"ကျေးဇူးရှိလျှင် ဆပ်ရမည်၊ ရန်ရှိလျှင် တုံ့ပြန်ရမည်" ဆိုသည်မှာ သူမ လက်ကိုင်ထားသည့် ထာဝရအမှန်တရားပင် ဖြစ်သည်။

ထို့ကြောင့် မင်ယွဲ့က ကျန်ဟင်အား လျူးယွဲ့၏ ဖခင်ကို တွေ့ခွင့်ပေးရန် ခွင့်ပြုလိုက်သည်။ သူမအပေါ် မတရားသဖြင့် အလုပ်ဖြုတ်ခဲ့စဉ်က လျူးယွဲ့၏ ဖခင်မှာ အပြစ်ကင်းစင်သူ မဟုတ်ခဲ့ပေ။

လျူးယွဲ့၏ ဖခင်သည် သူ၏သမီးကို ခေါ်ဆောင်၍ ယွဲ့ဟွာသို့ ရောက်ရှိလာသည်။ ကျန်ဟင်သည် ပီကင်းတက္ကသိုလ်မှ ကျောင်းဆင်းဖြစ်ကြောင်း သိထားသဖြင့် သမီးဖြစ်သူနှင့် ကျောင်းနေဖက်ချင်းဆိုကာ ရင်းနှီးမှုယူရန် ကြိုးစားတော့သည်။ သို့သော် သူ၏ စုံစမ်းမှုမှာ မပြည့်စုံခဲ့ပေ။ သူတို့နှစ်ဦးမှာ ရန်သူများဖြစ်

နေသည်ကို သူ လုံးဝ မရိပ်မိခဲ့။

ရုံးခန်းအတွင်းသို့ လျူးယွဲ့ ဝင်လာစဉ် ဝမ်ကျန်းက မျက်နှာပျက်ပျက်ဖြင့် ကြည့်နေသော်လည်း လျူးယွဲ့မှာမူ အနေရခက်စွာဖြင့် ခေါင်းငုံ့နေမိသည်။ သူမသည် ယခင်က မင်ယွဲ့၏ အပေါင်းအသင်းများကို လေ့လာခဲ့ဖူးသော်လည်း မင်ယွဲ့မှာ အချိန်ပိုင်းအလုပ်များဖြင့်သာ အချိန်ကုန်နေတတ်သဖြင့် မည်သူနှင့်မျှ ရင်းနှီးမှုမရှိဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုက လုပ်ငန်းချင်း တူနေတာမို့ ပူးပေါင်းဆောင်ရွက်ရင် မကောင်းဘူးလား"

ဟု လျူးယွဲ့၏ ဖခင်က အားတက်သရော အဆိုပြုလာသည်။

ကျန်ဟင်က မဆိုင်းမတွပင် ငြင်းပယ်လိုက်သည်။

"မစ္စတာလျူ... ကျွန်တော် ခင်ဗျားကို မျက်နှာမပေးတာ မဟုတ်ဘူး၊ ခင်ဗျားသမီးနဲ့ ကျွန်တော်တို့က ကျောင်းနေဖက်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အဲ့လောက်မကောင်းဘူးဆိုတာ

ခင်ဗျား သေချာစုံစမ်းသင့်တယ်"

လျူးယွဲ့၏ ဖခင်မှာ တုန်လှုပ်သွားပြီး သမီးဖြစ်သူကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

အမြဲတမ်း မောက်မာတတ်သော သူ၏ သမီးမှာ ယနေ့တွင် ဆွံ့အလျက် ရှိနေသည်ကို မြင်ရသည်မှာ အခြေအနေမဟန်တော့ကြောင်း သူ သိလိုက်ပြီဖြစ်သည်။

"အဖေ... ယွဲ့ဟွာရဲ့ တကယ့်ပိုင်ရှင်က မင်ယွဲ့ဖြစ်နေတာ"

ဟု လျူးယွဲ့က တိုးတိုးလေး ကပ်ပြောလိုက်

သည်။

ထိုစကားကို ကြားသောအခါ လျူးယွဲ့၏ ဖခင်မှာ မျက်နှာ ဖြူလျော့သွားသည်။ ဝမ်ကျန်းကလည်း သူတို့အတွက် ရေတစ်ခွက်ပင် မငှဲ့ပေးဘဲ ပြတ်ပြတ်သားသား နှင်ထုတ်လိုက်တော့သည်။

"မစ္စတာလျူ... သွားခွင့်ပြုပါတော့၊ လမ်းခရီးကိုလည်း ဂရုစိုက်ပါဦး"

သူတို့နှစ်ဦးသည် အရှက်တကွဲဖြင့် ယွဲ့ဟွာမှ ထွက်ခွာလာခဲ့ကြသည်။ ကုမ္ပဏီရှေ့သို့ ရောက်သောအခါ ဖခင်ဖြစ်သူ၏ ဒေါသမှာ ပေါက်ကွဲထွက်လာတော့သည်။

"ငါ နင့်ကို ပြောသားပဲ... လူကို အထင်မသေးနဲ့ဆိုတာ၊ နင့်အဒေါ်တွေဆီမှာ ဘာမှမသင်ဘဲ သူတစ်ပါးကို နှိပ်စက်ဖို့ပဲ သင်လာတာလား”

လျူးယွဲ့သည်လည်း အမြဲတမ်း အလိုလိုက်ခံထားရသူဖြစ်ရာ ဖခင်၏ အော်ဟစ်မှုကို ပြန်လည် အာခံတော့သည်။

"အဖေကိုယ်တိုင်လည်း ပြန်ဆင်ခြင်ဦး... မင်ယွဲ့က တိုးတက်နေချိန်မှာ အဖေတို့က ဘာလို့ ဒီအခြေအနေမှာပဲ ရပ်နေတာလဲ၊ အခု အဖေ့ကုမ္ပဏီ ပျက်စီးတော့မယ်ဆိုတာ ကျွန်မနဲ့ မဆိုင်ဘူး"

ထိုစကားကြောင့် လျူးယွဲ့၏ ဖခင်မှာ ရင်ဘတ်ကို ဖိကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ကျန်ဟင်နှင့် ဝမ်ကျန်းတို့ ရုံးခန်းအတွင်း ရှိနေစဉ် ဖုန်းဝင်လာသည်။

"ဘာ... ဟုတ်ပြီ၊ လူနာတင်ကား ခေါ်လိုက်ပေးပါ... ကျန်တာ ငါတို့ကိစ္စမဟုတ်ဘူး"

ကျန်ဟင်က ဖုန်းချလိုက်ပြီးနောက် ဝမ်ကျန်းကို ပြောပြလိုက်ရာ ဝမ်ကျန်းက

“ဝဋ်ဆိုတာ လည်တတ်တာပဲ"

ဟု ကျေနပ်စွာ ဆိုလိုက်သည်။

ကုမ္ပဏီရှေ့တွင်မူ လျူးယွဲ့မှာ ထိတ်လန့်တကြားဖြင့် လဲကျနေသော ဖခင်ဘေးတွင် ထိုင်ကာ လုံခြုံရေးဝန်ထမ်းအား အော်ဟစ်နေသည်။

"ရှင်တို့ ဘာကြည့်နေတာလဲ... လာကူကြဦးလေ၊ ရှင့်ကို ငါ တိုင်ပစ်မယ်”

လုံခြုံရေးဝန်ထမ်းက အေးဆေးစွာပင် ပြန်

ဖြေသည်။

"မမလေး... ကျွန်တော်က ကုမ္ပဏီ လုံခြုံရေးအတွက်ပဲ တာဝန်ရှိတာပါ၊ ဆေးပညာလည်း မတတ်တော့ ခွင့်ပြုချက်မရှိဘဲ လူနာကို မထိရဲဘူး၊ တိုင်ချင်ရင်လည်း အချိန်မရွေး တိုင်နိုင်ပါတယ်"

လျူးယွဲ့မှာ ပထမဆုံးအကြိမ်အဖြစ် သူမ အမြဲအထင်သေးခဲ့သော လုံခြုံရေးဝန်ထမ်း၏ အရှက်ခွဲခြင်းကို ခံလိုက်ရသည်။

သူမ၏ ဖခင်မှာ သူတို့မိသားစု၏ တစ်ဦးတည်းသော အားကိုးရာဖြစ်သည်။ အကယ်၍ ဖခင်သာ တစ်ခုခုဖြစ်သွားပါက သူမ၏ စည်းစိမ်ချမ်းသာများမှာ ကွယ်ပျောက်သွားတော့မည် မဟုတ်ပါလား။

လူနာတင်ကား ရောက်ရှိလာပြီး လျူးယွဲ့၏ ဖခင်ကို တင်ဆောင်သွားသည်။ ဤသတင်းကို မင်ယွဲ့ ကြားသိသောအခါ သူမသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

ယခုမူ လျူးယွဲ့သည် သူမ၏ ဦးလေး၏ အကူအညီကိုလည်း ဆုံးရှုံးခဲ့ရပြီ၊ ဖခင်မှာလည်း နာမကျန်းဖြစ်သွားပြီ။ အခြားသူများ ခက်ခက်ခဲခဲ ရရှိထားသော အခွင့်အရေးများကို အလွယ်တကူ ဖျက်ဆီးပစ်တတ်သော လျူးယွဲ့အတွက်မူ ယခုအချိန်သည် လက်တွေ့ဘဝ၏ ခါးသီးမှုများကို ကိုယ်တိုင် မြည်းစမ်းရမည့် အချိန်ပင် ဖြစ်သည်။

"ဒါဟာ ပုံမှန် စီးပွားရေး ပြိုင်ဆိုင်မှုတစ်ခုပါပဲ...

ဖောက်သည်တွေက ငါတို့ကို ယုံကြည်လို့ ရွေးချယ်ကြတာ၊ ငါတို့ဘက်က အကောင်းဆုံး ပြန်ပေးနိုင်ဖို့ပဲ လိုအပ်တယ်"

ဟု မင်ယွဲ့က တည်ငြိမ်စွာ ဆိုလိုက်သည်။

သူမ၏ မျက်ဝန်းများထဲတွင် ပိုမိုကြီးမားသော အနာဂတ် ရည်မှန်းချက်များက အရိပ်ထင်ဟပ်နေတော့သည်။

အပိုင်း (၂၅၄) ခွေးရူးကဲ့သို့သော အတွဲ

မင်ယွဲ့ ၏ စကားများသည် လျူးယွဲ့တို့ မိသားစု၏ ကံကြမ္မာကို ကြိုတင်နိမိတ် ဖတ်

လိုက်သကဲ့သို့ပင် ဖြစ်သည်။

စီးပွားရေးလောကတွင် သူတစ်ပါး၏ လုပ်ငန်းကို မသမာသောနည်းဖြင့် လုယူရန် မလိုအပ်ပေ။ ဖောက်သည်များအား မိမိတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးလိုက်ရုံသာ ဖြစ်သည်။ ယွဲ့ဟွာနည်းပညာသည် တရားမျှတသော ယှဉ်ပြိုင်မှုကို ဘယ်သောအခါမှ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

မင်ယွဲ့သည် မိမိအပေါ် နှိပ်စက်ခဲ့သူများကို သနားကရုဏာ သက်နေရလောက်အောင် စိတ်သဘောထား ကြီးမြတ်နေသူ မဟုတ်သကဲ့သို့၊ ပျက်စီးခြင်းသို့ ဦးတည်နေသော သူများနောက်ကို လိုက်၍ တကူးတက ဒုက္ခပေးနေရလောက်

အောင်လည်း အားယားနေသူ မဟုတ်ပေ။

မင်ယွဲ့သည် သူမ၏ ရည်မှန်းချက်ပန်းတိုင်များဆီသို့ အာရုံစိုက်လျက် အလုပ်နှင့် ကျောင်းကြားတွင် အချိန်ကုန်နေစဉ် လျူးယွဲ့တို့ မိသားစုအတွင်း၌ ပြိုကွဲမှုများ စတင်လာတော့သည်။

လျူးယွဲ့၏ ဖခင်သည် ဒေါသကြောင့် လေဖြတ်ကာ ဆေးရုံတင်လိုက်ရပြီးနောက် ကုမ္ပဏီအပေါ် ချုပ်ကိုင်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားခဲ့သည်။

ယခင်ကပင် မတည်မငြိမ် ဖြစ်နေသော ကုမ္ပဏီမှာ ယခုအခါ ပို၍ အခြေအနေ ဆိုးရွားလာသည်။ လျူးယွဲ့၏ ဖခင်မှာ ကုမ္ပဏီကို နှစ်ရှည်လများ စီမံခန့်ခွဲလာသူ ဖြစ်သဖြင့် မိတ်ဟောင်းဆွေဟောင်းများ ရှိနေသေးသော်လည်း၊ သူ မရှိတော့သည်နှင့် တစ်ပြိုင်နက် ကုမ္ပဏီအတွင်း အာဏာလုပွဲများ စတင်တော့သည်။

လျူးယွဲ့သည် အရွယ်ရောက်ပြီးသူ တစ်ဦး ဖြစ်သော်လည်း ကုမ္ပဏီ၏ အတွေ့အကြုံကို သင်ယူရန် ငြင်းဆန်ခဲ့သူ ဖြစ်သည်။

"ငယ်ရွယ်တဲ့ အချိန်ဆိုတာ ဖြတ်သန်းရတာ တန်ဖိုးရှိတယ်... အလုပ်လုပ်ပြီး အချိန်မကုန်ချင်ဘူး၊ သောက်မယ်၊ စားမယ်၊ ပျော်ပျော်နေမယ်"

ဟူသော ဆင်ခြေများဖြင့် သူမသည် ဖခင်၏ ကူညီသင်ပြပေးမှုများကို ပယ်ချခဲ့သည်။

ယခုမူ သူမအား ကာကွယ်ပေးမည့် ဒိုင်းလွှတ်ကြီး ပြိုလဲသွားမှသာ အခြေအနေ၏ အရုပ်ဆိုးပုံကို သူမ သတိပြုမိတော့သည်။

လျူးယွဲ့၏ မိခင်မှာလည်း အိမ်ထောင်ရှင်မသက်သက်သာ ဖြစ်၍ ကုမ္ပဏီကို မည်သို့ စီမံရမည်ကို မသိပေ။

သူမ၏ မောင်ဖြစ်သူ (လျူးယွဲ့၏ဦးလေး) ထံ အကူအညီတောင်းသော်လည်း၊ သူက ဆွန်းယွဲ့ နှင့် အဆက်အသွယ် ဖြတ်ထားပြီး ဖြစ်သဖြင့် လှည့်ပင်မကြည့်တော့ပေ။

လျူးယွဲ့နှင့် သူမ၏ မိခင်တို့မှာ ပူပြင်းလှသော အိုးခြမ်းပဲ့ပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြသော်လည်း ကုမ္ပဏီကို သူတစ်ပါး လက်ထဲသို့ ထိုးအပ်လိုက်ရသည်ကို ငေးကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ကြပေ။

ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော လျူးယွဲ့၏ ဖခင်မှာ မျက်နှာတစ်ခြမ်း ရွဲ့စောင်းကာ စကားပင် ပီသအောင် မပြောနိုင်တော့ပေ။

သူတစ်ပါး အကူအညီမပါဘဲ အပေါ့အပါးပင် မသွားနိုင်သော အခြေအနေသို့ ရောက်ရှိနေရသည်။

"ရှင်ကတော့လေ... ဒီလိုဖြစ်နေတာတောင် ငြိမ်

ငြိမ်မနေနိုင်ဘူးလား၊ သေချာ စားစမ်းပါ”

လျူးယွဲ့၏ မိခင်မှာ ခင်ပွန်းဖြစ်သူအား ကျွေးမွေးရန် ကြိုးစားသော်လည်း၊ ဖခင်ဖြစ်သူက ခေါင်းမာစွာဖြင့် တွန်းထုတ်လိုက်သဖြင့် ဇွန်းမှာ မြေပြင်ပေါ်သို့ ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့သည်။

"တာရှည်နာ လူမမာရဲ့ ကုတင်ဘေးမှာ သစ္စာရှိတဲ့ သားသမီး မရှိဘူး"

ဆိုသည့် စကားအတိုင်းပင် လျူးယွဲ့၏ မိခင်မှာလည်း တစ်ပတ်ခန့် ပြုစုပြီးနောက် စိတ်မရှည် ဖြစ်လာတော့သည်။

အရင်ကဆိုလျှင် လစဉ် ငွေဝင်နေသော်လည်း ယခုမူ ဘဏ်စာရင်းထဲမှ ငွေများမှာ တစ်စတစ်စ လျော့နည်းလာနေသည်။

လျူးယွဲ့သည်လည်း ပထမရက်အနည်းငယ်သာ လာကြည့်ပြီးနောက် ယခုအခါ လုံးဝ ပေါ်မလာတော့ပေ။ သူမ၏ ဘဏ်စာရင်းထဲတွင် ငွေကျပ် ၂ သိန်းခန့်သာ ကျန်တော့သဖြင့် သူမအတွက် အလွန်ပင် စိုးရိမ်စရာ ဖြစ်နေပြီ ဖြစ်သည်။

"လျူးယွဲ့ယွဲ့... အပြင်ထွက်ပြီး ကဲကြရအောင်လေ”

သူငယ်ချင်းများ၏ ဖိတ်ခေါ်မှုကို ကြားသောအခါ လျူးယွဲ့သည် ပထမတော့ ငြင်းရန် ကြိုးစားခဲ့သည်။ သို့သော် မိမိ၏ ဆိုးရွားလှသော အခြေအနေကို သူငယ်ချင်းများ ရှေ့တွင် မပြချင်သောကြောင့် အကောင်းဆုံး အဝတ်အစားများကို ဝတ်ဆင်၍ လှပသော မိတ်ကပ်များ လိမ်းခြယ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

သူငယ်ချင်းများ စုဝေးရာ ဗီလာသို့ ရောက်သောအခါ ဆူညံလှသော တေးဂီတသံများနှင့်အတူ လျူးယွဲ့သည်လည်း စိတ်ညစ်မှုများကို ခေတ္တမေ့ဖျောက်ကာ ကခုန်နေတော့သည်။

"လျူးယွဲ့ယွဲ့ ရောက်လာပြီလား... မတွေ့တာ ကြာပြီနော်၊ ဘာတွေ အလုပ်ရှုပ်နေတာလဲ"

ဟု လီဟွမ်က ဝိုင်ခွက်ကို ကိုင်ကာ ပြုံးလျက် နှုတ်ဆက်သည်။

"ငါ့အဖေ နေမကောင်းလို့ ပြုစုပေးနေရတာနဲ့ အလုပ်ရှုပ်နေတာပါ"

ဟု လျူးယွဲ့က မသိမသာ မုသားသုံးလိုက်သည်။

ခဏအကြာတွင် လီဟွမ်က မိုက်ခရိုဖုန်းကို ကိုင်ကာ အားလုံးကို ကြေညာချက်တစ်ခု ထုတ်

ပြန်လိုက်သည်။

"ဒီနေ့ သူငယ်ချင်းတွေ အကုန်စုံနေတုန်း ငါ့မှာ ကြေညာစရာ သတင်းတစ်ခု ရှိတယ်"

လျူးယွဲ့၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်များကို စတင်ခံစားလိုက်ရသည်။

ဗီလာတံခါးကြီး ပွင့်သွားပြီးနောက် အထဲသို့ ဝင်လာသူမှာ သူမ၏ ရည်းစားဟောင်း လင်ကျင်းဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

လီဟွမ်သည် လင်ကျင်း၏ လက်မောင်ကို ချိတ်ကာ ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်

သည်။

"ယွဲ့ယွဲ့... ဒါက ငါ့ရဲ့ ချစ်သူပဲ၊ မင်း စိတ်မရှိဘူး မဟုတ်လား"

ထိုစကားမှာ မေးခွန်းတစ်ခုထက် ပိုကာ လျူးယွဲ့အား ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

“နင်တို့ ပြတ်သွားပြီဆိုတော့ လင်ကျင်းက ငါ့လူ ဖြစ်သွားပြီ"

ဟု မပြောရုံတမယ် အမူအရာဖြင့် ပြလိုက်ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများမှာ ထိုပြကွက်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။

လင်ကျင်းသည်လည်း လျူးယွဲ့ကို တွေ့လိုက်ရသဖြင့် အနေရခက်ကာ မျက်နှာ ပျက်သွားသည်။

"နင်တို့... နင်တို့က ခွေးသာသာ အတွဲတွေပဲ”

လျူးယွဲ့၏ ရင်ထဲမှ စုပြုံနေသော ဒေါသများမှာ မီးတောင်ပမာ အဖြစ်သို့ ပြောင်းလဲသွားကာ သူမအား အရှက်ခွဲခဲ့သော ထိုလူနှစ်ဦးကို ကြည့်၍ အော်ဟစ်လိုက်တော့သည်။

သူမ၏ ဘဝသည် ဆုံးရှုံးမှုများဖြင့် ပြည့်နှက်နေချိန်တွင် အရင်းနှီးဆုံး သူငယ်ချင်းနှင့် ရည်းစားဟောင်းတို့၏ သစ္စာဖောက်မှုကို ခံလိုက်ရခြင်းမှာ သူမအတွက် သည်းခံနိုင်စွမ်းထက် ကျော်

လွန်သွားခဲ့ပြီ ဖြစ်သည်။

အပိုင်း (၂၅၅) ဖောက်ပြန်တတ်သော မိန်းမယုတ်

လျူးယွဲ့သည် အသိဉာဏ်ကင်းမဲ့သူတစ်ဦး မဟုတ်ပေ။ လီဟွမ်သည် ဤအရာအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူမ အတိုင်းသား မြင်နေရသည်။

သူမနှင့် လင်ကျင်းတို့၏ ပတ်သက်မှုကို ကောင်းကောင်းသိပါလျက်နှင့် ယနေ့တွင် သူမအား ဤနေရာသို့ ဖိတ်ခေါ်ခြင်းမှာ အောက်တန်းကျလှသော အချစ်ဇာတ်လမ်းကို လာရောက်ကြည့်ရှုခိုင်းခြင်းပင် ဖြစ်သည်။

လူအူတူတူတစ်ယောက်ပင်လျှင် လီဟွမ်၏ ယုတ်မာသော ရည်ရွယ်ချက်ကို ရိပ်မိနိုင်ပေလိမ့်မည်။

တွေးမိလေလေ လျူးယွဲ့၏ ရင်ထဲတွင် ဒေါသအဟုန်တို့က တရှိန်ရှိန် တောက်လောင်လာလေလေ ဖြစ်သည်။

"လျူးယွဲ့... နင့်ရဲ့ စကားကို ဆင်ခြင်စမ်းပါ"

လင်ကျင်း၏ မျက်နှာမှာ အရှက်ရမှုကြောင့် နီမြန်းလျက် ရှိနေသည်။

"နင် ပါးစပ်ပိတ်ထားစမ်း... နင်က ကိုယ့်ရည်းစားဟောင်းရဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်နေတာ၊ နင်

လည်း ဒီမိန်းမထက် မသာပါဘူး"

"ယွဲ့ယွဲ့... ဒီလိုမလုပ်ပါနဲ့၊ ငါ ရှင်းပြနိုင်ပါတယ်"

လီဟွမ်က စိုးရိမ်ပူပန်ဟန်ဆောင်ကာ အနားသို့ တိုးကပ်လာသည်။

"တော်စမ်း... အပြစ်ကင်းစင်သလိုလို၊ နုနယ်သလိုလိုနဲ့ ဟန်ဆောင်မနေနဲ့ သူများရည်းစားကို ခိုးယူရတာ နင့်အတွက် အရသာရှိနေတာ မဟုတ်လား"

"ဒီလို ကလေကချေနဲ့ မိန်းမယုတ်ကတော့ တကယ်ကို နတ်ဖက်တဲ့ အစုံအဖက်ပဲ"

လျူးယွဲ့သည် ချက်ချင်းပင် စကားစစ်ထိုးသူအဖြစ်သို့ ပြောင်းလဲသွားပြီး ရင့်ရင့်သီးသီး တုံ့ပြန်တော့သည်။

"လျူးယွဲ့... ငါက နင့်နဲ့ ပြတ်ပြီးမှ လီဟွမ်နဲ့ တွဲတာ၊ နင် လူကို လေးစားမှုရှိစမ်း"

လင်ကျင်းသည် လီဟွမ်၏ ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်သည်။

သူသည် အမြဲတမ်း လူကြီးလူကောင်းဆန်စွာ နေထိုင်တတ်သူဖြစ်ရာ မိမိ၏ ချစ်သူအား ရည်းစားဟောင်းက စော်ကားနေသည်ကို ကြည့်မနေနိုင်တော့ပေ။

"ဟက်... ငါက နင့်ကို ယုံမယ်များ ထင်နေလားသူငယ်ချင်း အရင်းခေါက်ခေါက်တွေကို သတိထားရမယ်ဆိုတာ တကယ်ပဲ ငါ့ရည်းစားဟောင်းမှန်း သိသိကြီးနဲ့ ပြန်တွဲနေကြတာကို အချစ်စစ်လို့ ခေါ်တာလား... သွားစမ်းပါ အချစ်

စစ်ဆိုတာကြီးကို"

လျူးယွဲ့မှာ အလွန်အမင်း ဒေါသထွက်နေသဖြင့် သူမသာ အသက်ကြီးလျှင် ဖခင်ဖြစ်သူကဲ့သို့ပင် လေဖြတ်သွားနိုင်သည့် အခြေအနေသို့ ရောက်

နေသည်။

လင်ကျင်းမှာ ခေတ္တမျှ ဆွံ့အသွားပြီး လီဟွမ်ကို ကြည့်လိုက်မိသည်။ လီဟွမ်က သူ့အကြောင်းကို ကြိုတင်သိနေသည်ဟု မထင်ထားခဲ့သဖြင့် လီဟွမ်၏ ချဉ်းကပ်မှုအပေါ် သူ သံသယဝင်လာမိသည်။

"အာကျင်း... ငါက နင့်ကို သိပ်ချစ်လွန်းလို့ပါ၊ နင့်ကို သိတာ ကြာပြီဖြစ်ပေမယ့် ယွဲ့ယွဲ့နဲ့ တွဲနေလို့ ငါ့ခံစားချက်ကို ဖွင့်မပြောခဲ့တာ"

လီဟွမ်သည် လျူးယွဲ့နှင့်မတူဘဲ မည်သို့ အားနည်းဟန်ဆောင်ရမည်ကို ကျွမ်းကျင်စွာ သိရှိသူဖြစ်သည်။

သူမသည် လင်ကျင်းနှင့် အတူရှိနေသရွေ့ လျူးယွဲ့နှင့် သူမ သိကျွမ်းမှုကို တစ်နေ့တွင် လင်ကျင်း သိသွားမည်ကို နားလည်ထားသည်။ ထို့ကြောင့် မိမိကိုယ်တိုင် ဝန်ခံလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူမ သဘောပေါက်ထားသည်။

လင်ကျင်းမှာမူ ဘာပြောရမှန်းမသိဘဲ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ လီဟွမ်က သူ၏လက်ကို ဆုပ်ကိုင်လိုက်ရာ သူသည်လည်း ငြင်းဆန်ခြင်းမပြုဘဲ ငြိမ်သက်နေမိသည်။

"လင်ကျင်း... နင်ကတော့ တကယ်ကို ငတ်

ပြတ်နေတာပဲ၊ ဘာလာလာ စားတော့တာပဲနော်နင်သာ မင်ယွဲ့နဲ့ တွဲနေမယ်ဆိုရင် ဒီနေ့ ငါ နင့်ကို ဆဲမှာတောင် မဟုတ်ဘူး နင်က တကယ်ကို မျက်စိကန်းနေတာပဲ၊ ရွေးလိုက်တဲ့ ရည်းစားတွေက တစ်ယောက်ထက်တစ်ယောက် ပိုဆိုးလာတယ် နင်တို့ မင်္ဂလာဆောင်ရင် ငါ လာသောက်ပေးမယ်... နင်တို့ ခွေးမသားတွေ လုံးဝ မပြတ်ကြနဲ့ဦးနော်၊ တခြားလူတွေကို ဒုက္ခမပေးမိအောင်လို့"

လျူးယွဲ့သည် ပြောချင်ရာကို ပြောပြီးနောက် မောက်မာစွာဖြင့် လှည့်ထွက်ခဲ့သည်။

သို့သော် သူမ၏ တန်ဖိုးကြီး လက်အိတ်ကို မေ့ခဲ့သဖြင့် ပြန်ယူကာ ခပ်မြန်မြန်ပင် ထွက်ခွာလာခဲ့သည်။ ယခုအခါ သူမသည် ငွေကြေးကို စနစ်တကျ သုံးစွဲရတော့မည် မဟုတ်ပါလား။

"ယွဲ့ယွဲ့... နင့်အဖေ လေဖြတ်သွားတယ်ဆိုတာ ကြားတယ်၊ အကူအညီလိုလား... ငါတို့က သူငယ်ချင်းတွေပဲလေ"

လီဟွမ်၏ ထိုစကားမှာ ကြွက်ချေးရောနေသော ကိတ်မုန့်တစ်ခုကဲ့သို့ပင်။ လျူးယွဲ့သည် လှည့်မကြည့်ဘဲ ဗီလာထဲမှ ထွက်လာခဲ့သည်။ ယနေ့တွင် သူမသည် ထိုသူငယ်ချင်းဆိုသူများ၏ မျက်နှာဖုံးကို အပြည့်အဝ မြင်လိုက်ရပြီ ဖြစ်သည်။

သို့သော် ကံဆိုးမှုများမှာ ဤမျှနှင့် မပြီးဆုံးသေးပေ။ လျူးယွဲ့၏ မိခင်မှာ ခင်ပွန်းဖြစ်သူ လေဖြတ်ပြီး မကြာမီမှာပင် အခြားတစ်ယောက်

နှင့် လက်ထပ်လိုက်လေသည်။

"အမေ... အဖေ့ကို ဘယ်လိုတောင် လုပ်ရက်တာလဲ"

"နင့်အဖေသာ ဒီလိုမဖြစ်ရင် ငါ လက်ထပ်ပါ့မလား အဖေ့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာ နင်ပဲလေ ငါ့ကို ပြောပိုင်ခွင့် နင့်မှာ မရှိဘူး... ငါတို့ ဒီလိုဖြစ်ရတာ နင့်ကြောင့်ပဲ"

လျူးယွဲ့မှာ ဆွံ့အသွားရသည်။

သူမ၏ ပြီးပြည့်စုံသော ဘဝနှင့် မိသားစုမှာ ပျက်စီးသွားခဲ့ပြီ။ သူမ၏ မိခင်မှာ ကျန်ရှိသော မိသားစုပိုင် ငွေကြေးများကို ယူဆောင်၍ ထွက်ပြေးသွားခြင်းက လျူးယွဲ့၏ စိတ်ဓာတ်ကို အကြီးအကျယ် ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။

လျူးယွဲ့သည် ဆေးရုံသို့ သွားရောက်ကာ ဖခင်ဖြစ်သူကို ကြည့်ရှုသည်။ မစ္စတာလျူသည် ကုမ္ပဏီကို ဆုံးရှုံးလိုက်ရသည်ကို လက်ခံလိုက်ပြီဖြစ်သော်လည်း ကျန်ရှိသော ပိုင်ဆိုင်မှုများဖြင့် အေးဆေးစွာ နေထိုင်ရန်သာ ရည်မှန်းထားသည်။

"အဖေ... အမေနဲ့ ဘာလို့ ကွာရှင်းလိုက်တာလဲ"

ဟု လျူးယွဲ့က ပန်းသီးအခွံခွာရင်း မေးလိုက်

သည်။ ပန်းသီးမှာ သူမ၏ ကျွမ်းကျင်မှုမရှိခြင်းကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်။

"အဖေက... ငါတို့မိသားစုအတွက်... စဉ်းစားခဲ့တာပါ"

ဟု မစ္စတာလျူက စကားကို ခက်ခဲစွာ ပြောရှာသည်။

သူသည် ကုမ္ပဏီ ပြဿနာတက်လျှင် ပိုင်ဆိုင်မှုများ မဆုံးရှုံးစေရန် ဇနီးဖြစ်သူ၏ အမည်သို့ လွှဲပြောင်းပေးထားခြင်း ဖြစ်သည်။

"အမေ လက်ထပ်လိုက်ပြီ... ဒီနေ့ပဲ မင်္ဂလာဆောင်တာ"

လျူးယွဲ့၏ စကားကြောင့် မစ္စတာလျူ၏ မျက်လုံးများ ပြူးကျသွားသည်။ သူသည် မိသားစုအပေါ် အမြဲတမ်း ဂရုစိုက်ခဲ့သူ ဖြစ်သော်လည်း ယခုကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ပိုက်ဆံ... ပိုက်ဆံတွေ... ပိုက်ဆံ—"

ဟု သူက တုန်ယင်စွာဖြင့် ထပ်ခါတလဲလဲ အော်ဟစ်နေတော့သည်။

လျူးယွဲ့၏ မိခင်သည် ငွေများအားလုံးကို ယူဆောင်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ မစ္စတာလျူမှာ ဆေးရုံကုတင်ပေါ်တွင် သတိလစ်လဲကျသွားတော့သည်။ ဆရာဝန်များ ရောက်လာပြီး လျူးယွဲ့ကို လူနာအား စိတ်အနှောင့်အယှက် မပေးရန် ပြင်းထန်စွာ သတိပေးတော့သည်။

ယခုအခါ လျူးယွဲ့၏ ဘဝမှာ အစစအရာရာ ခက်ခဲလာတော့သည်။ သူမသည် ယခင်ကကဲ့သို့ အသုံးအဖြုန်း မလုပ်ရဲတော့ဘဲ လက်တွေ့ဘဝ၏ ကြမ်းတမ်းမှုများကို စတင်ရင်ဆိုင်နေရပြီ ဖြစ်သည်။

မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင်ကြိုးစားမှုဖြင့် အောင်မြင်မှု လမ်းစကို လျှောက်လှမ်းနေချိန်တွင် လျူးယွဲ့မှာမူ သူမ၏ မောက်မာမှုများကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရလေပြီ။

All Chapters