← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 28 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 28 Ch. 271-275

အခန်း (၂၇၁) အသွင်ယူစိမ့်ဝင်ခြင်း

ယန်ခိုင်သည် မင်ယွဲ့၏ လက်ဟန်ခြေဟန်များကို ငေးကြည့်ရင်း ရင်ထဲတွင် တက်ကြွလှုပ်ရှားလာမိသည်။ အမှန်စင်စစ် အလုပ်တစ်ခုထဲတွင် စိတ်နှစ်မြုပ်ထားခြင်းက လူကို မောပန်းနွမ်းနယ်မှု ကင်းဝေးစေသည် မဟုတ်ပါလား။

နေဝင်ရိုးရီ ပြုလာပြီဖြစ်၍ အလင်းအာရုံမှာလည်း ကြည်လင်ပြတ်သားမှု မရှိတော့ချေ။ ထို့ကြောင့် ယနေ့အတွက် ဆေးခြယ်ခြင်းအား ရပ်နားကာ မနက်ဖြန်မှသာ ဆက်လက်

လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

"မင်း သင်ယူရတာ ဘယ်လိုနေလဲ"

မင်ယွဲ့သည် အရေးကြီးသည့် အချက်များတွင် ယန်ခိုင်ကို သင်ကြားပေးရန် ခေတ္တရပ်နားလေ့ရှိသည်။

ဥပမာအားဖြင့် အနုပညာဆန်သော စာလုံးပုံစံများ၏ အရေးအသား အစိပ်အပိုင်း တစ်ခုချင်းစီကို သူမက သင်ပြပြီးဖြစ်ရာ၊ မည်မျှအထိ ကောင်းမွန်စွာ ရေးသားနိုင်မည်ဆိုသည်မှာ ယန်ခိုင်၏ ကြိုးစားအားထုတ်မှုပေါ်တွင်သာ မူတည်ပေတော့သည်။

ပန်းချီရေးဆွဲခြင်းဆိုင်ရာ နည်းစနစ်အချို့ကိုလည်း သူမက မျှဝေပေးခဲ့သည်။ အမှန်တကယ်တော့ ပညာရှင်တစ်ယောက်ဖြစ်လာရန်မှာ လွယ်ကူသောအရာမဟုတ်ပေ။

အလင်းအမှောင်၊ အမြင်အာရုံခံစားမှု၊ အရောင်အသွေးနှင့် တည်ဆောက်ပုံ စသည့် ကဏ္ဍစုံကို စနစ်တကျ လေ့လာသင်ယူရမည်ဖြစ်သည်။

သို့သော် ယန်ခိုင်အတွက်မူ လျင်မြန်စွာ တတ်မြောက်ရန်သာ လိုအပ်သဖြင့် မင်ယွဲ့က သူ့ကို အလွန်အမင်း ခက်ခဲအောင် မပြုလုပ်ခဲ့ပေ။

သူမသည် အနုပညာ၏ ဖြတ်လမ်းနည်းများနှင့် လျှို့ဝှက်ချက်အချို့ကို သင်ကြားပေးခဲ့ရာ၊ သူ၏လက်ရာများသည် အဆင့်မြင့်ပန်းချီကားများကဲ့သို့ အနီးကပ်စစ်ဆေး၍ မရနိုင်သော်လည်း ပထမဆုံးအကြိမ် ကြည့်လိုက်ရုံဖြင့် မျက်စိပသာဒဖြစ်စေကာ ဆွဲဆောင်မှုရှိနေပေသည်။

ယန်ခိုင်က နားလည်သလိုလိုနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ အခုတော့ ပြန်လို့ရပြီ နားမလည်တာရှိရင် မနက်ဖြန်ကျမှ ထပ်မေးပေါ့ ဒီနေ့လည်း လေ့ကျင့်ထားဦးလေ"

မင်ယွဲ့သည် လက်ယမ်းပြကာ ရွာလူကြီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ဝေးကွာသွားသော မင်ယွဲ့၏ ကျောပြင်ကို ကြည့်ရင်း ယန်ခိုင်၏ ရင်ထဲတွင် အားကျလေးစားစိတ်များ တဖွားဖွား ပေါ်ပေါက်လာမိသည်။

သူမ၏ ပန်းချီပညာမှာ အံ့မခန်း ထူးချွန်လှသလို၊ လက်ရေးလက်သားမှာလည်း ကျနလှပလွန်းသည်။ ထို့ထက် ပို၍ အံ့ဩစရာကောင်းသည်မှာ နံရံဆေးရေးပန်းချီများ ရေးဆွဲနေသော်လည်း သူမ၏ အဝတ်အစားများမှာ စွန်းထင်းမှုမရှိဘဲ စင်ကြယ်နေခြင်းပင်။

ယန်ခိုင်သည် ရင်တထိတ်ထိတ်ဖြင့် တံတွေးမြိုချလိုက်မိသည်။ မင်ယွဲ့သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဆေးစက်များ စွန်းထင်းပါက အလွန်သိသာနိုင်သော်လည်း သူမသည် တစ်ကိုယ်လုံး သန့်ရှင်းနေဆဲပင်။ သူမ၏ လက်များမှာ အမှန်တကယ်ပင် ငြိမ်သက်လှပေသည်။

သူမ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ခန်းများသည် အချည်းနှီး မဟုတ်ခဲ့ဘဲ အလွန်တရာ တည်ငြိမ်သော အာရုံစူးစိုက်မှုကို ပေးစွမ်းထားကြောင်း မင်ယွဲ့ ကိုယ်တိုင်ပင် သတိမပြုမိခဲ့ပေ။ ကင်မရာဆရာကလည်း မင်ယွဲ့ ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီကို အနီးကပ် ရိုက်ကူးပြသနေသည်။

"အချစ်ရယ်၊ မင်းကို ငါ တကယ်ချစ်မိသွားပြီ"

"မမ မင်ယွဲ့က တကယ့်ကို ပါရမီရှင်ပဲ၊ ဘယ်တော့မှ တွေ့ရမှာလဲ၊ မစောင့်နိုင်တော့ဘူး"

"ဒါဟာ ကြော်ငြာအတတ်ပညာသက်သက်ပဲလို့ ပြောနေတဲ့သူတွေ ထွက်လာခဲ့စမ်း၊ အခု ဒါက အစစ်အမှန်ဆိုတာ မင်းတို့ မြင်ပြီလား"

ယခင်က မကောင်းပြောခဲ့သူများသည် ရင်းယန်နှင့် မင်ယွဲ့တို့၏ စွမ်းဆောင်ရည်ကြောင့် ထွက်မလာရဲတော့ချေ။ မင်ယွဲ့သည် သူမ၏ ထင်မှတ်မထားသော ပန်းချီပညာဖြင့် ပရိသတ်အသစ်များကို ထပ်မံ စုစည်းနိုင်ခဲ့ပြီး၊ ဝေဖန်သူများမှာလည်း မင်ယွဲ့၏ ပရိသတ်များ၏ တုံ့ပြန်မှုကို ခံနေရလေသည်။

မင်ယွဲ့၏ ဆွဲဆောင်မှုမှာ ပိုမို အားကောင်းလာခဲ့သည်။ အစပိုင်းတွင် သူမ၏ ရုပ်ရည်ကြောင့် စိတ်ဝင်စားခဲ့ကြသော်လည်း ယခုအခါ သူမ၏ ထူးချွန်သော ပါရမီများကြောင့် ပရိသတ်များမှာ သူမအပေါ် ရုန်းမထွက်နိုင်အောင် စွဲလန်းသွားကြပြီဖြစ်သည်။

မင်ယွဲ့ကိုယ်တိုင် မသိလိုက်ဘဲ သူမအတွက် ပရိသတ်အဖွဲ့ (Fan Group) တစ်ခုကို တစ်စုံတစ်ယောက်က တည်ထောင်လိုက်ပြီး၊ အဖွဲ့ဝင်အရေအတွက်မှာလည်း တဖြည်းဖြည်း မြင့်

တက်လာနေသည်။

"အစ်ကို၊ ဒါ ဘာလဲဆိုတာ ကြည့်လိုက်ဦး"

မိုဟန်ကျီသည် ကုမ္ပဏီမှ ပြန်ရောက်ကာ ဝတ်စုံအပေါ်အင်္ကျီကို ချွတ်လိုက်စဉ်၊ မိုယွီက ဖုန်းကိုကိုင်ကာ စိတ်လှုပ်ရှားစွာ ပြေးလာသည်။

"ဘာဖြစ်လို့လဲ"

မိုဟန်ကျီက သိပ်စိတ်မဝင်စားဘဲ ရေတစ်

ဖန်ခွက်ကို အေးအေးဆေးဆေး ငှဲ့လိုက်သည်။

"ညီမလေး မမမင်ယွဲ့ရဲ့ ပရိသတ်အဖွဲ့ထဲ ဝင်ခွင့်ရသွားပြီ၊ အရမ်းပျော်တာပဲ"

မိုယွီက ကလေးတစ်ယောက်လို ခုန်ပေါက်နေသော်လည်း သူမသည် လူငယ်လေးတစ်ဦးသာ ရှိပါသေးသည်။

"အဲဒီအဖွဲ့က တရားဝင် အသိအမှတ်ပြုထားတာလည်း မဟုတ်ဘူး၊ မင်းရဲ့ မမမင်ယွဲ့တောင် သိမှာမဟုတ်ဘူး အဲဒီထဲဝင်တာ ဘာထူးမှာမလို့လဲ"

မိုဟန်ကျီက ရေခွက်ကို ချရင်း ဆိုလိုက်သည်။

"ဟွန့်၊ အဲဒါကတော့ အဲဒီလိုပေါ့ ဒါပေမဲ့ အဖွဲ့ထဲက လူတိုင်းက မမမင်ယွဲ့ကို ချစ်ကြတာလေ ကျွန်မတို့ အချင်းချင်း အကြောင်းအရာတွေကို ဆွေးနွေးလို့ရတာပေါ့"

မိုယွီက လက်မလျှော့ပေ။

မိုဟန်ကျီက သူမ၏ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရာ ပရိသတ်အဖွဲ့မှ မက်ဆေ့ချ်များမှာ အလွန်လျင်မြန်စွာ တက်လာသဖြင့် ရှင်းလင်းစွာပင် မမြင်ရတော့ချေ။ သို့သော် မကြာမီပင် ပုံမှန်

မဟုတ်သောအရာကို သူ သတိပြုမိသွားသည်။

"သူတို့ မင်းရဲ့ မမမင်ယွဲ့ကို စော်ကားနေကြတာလား"

မိုဟန်ကျီ၏ မျက်ဝန်းများမှာ ချက်ချင်းပင် စူးရှသွားပြီး၊ မိုယွီလည်း ဖုန်းကို အနီးကပ် ပြန်

ကြည့်လိုက်သည်။

"ရုပ်ရည်ကြည့်ပြီး ဝေဖန်နေတဲ့ လူအုပ်စုကြီးပဲ"

"မကြိုက်ရင် ထွက်သွားကြ၊ ဘယ်သူကမှ နင့်တို့ကို ပရိသတ်အဖွဲ့ထဲ ဝင်ခိုင်းနေတာ မဟုတ်ဘူး"

မိုယွီသည် မိုဟန်ကျီကို ဂရုမစိုက်နိုင်တော့ဘဲ မကောင်းပြောသူများကို တစ်ယောက်ချင်း ပြန်လည် တုံ့ပြန်လေတော့သည်။

"အိုး၊ ဦးနှောက်မရှိတဲ့ ပရိသတ်တွေကတော့ ခုန်ပေါက်နေတာပဲ နင့်သခင်က နင့်ကို ဘယ်လောက်ပေးထားလို့ ဒီလောက်တောင် သစ္စာရှိနေရတာလဲ"

"နင်က ခွေး၊ ငါက လူ နင့်မှာ သခင်ရှိပေမဲ့ ငါ့မှာ မရှိဘူး"

မိုယွီသည် အသက်ငယ်သော်လည်း အင်တာနက်အသုံးပြုမှု ကျွမ်းကျင်သူဖြစ်သည့်အလျောက် ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည် ပြောဆိုလိုက်သည်။

"အမှန်ပဲ၊ အကျင့်တူတာချင်း ပေါင်းကြတာပေါ့”

"ဟားဟား၊ နင့်ကိုယ်နင် ပြောနေတာလား ငါ့မမမင်ယွဲ့က ပီကင်းတက္ကသိုလ်က ဘွဲ့ရထားတာနင်လို လူအအနဲ့ ပေါင်းဖို့ ငါတို့က အောက်ကျမခံနိုင်ဘူး"

"နင်..."

တစ်ဖက်လူ စကားမဆုံးခင်မှာပင် မိုယွီက ဆက်တိုက် တုံ့ပြန်လိုက်သည်။

"ငါ့မမမင်ယွဲ့မှာ ပိုက်ဆံရှိတယ်၊ ပါရမီရှိတယ်၊ ရုပ်ရည်ရှိတယ် နင်တို့ရဲ့ မနာလိုမှုတွေက အပိုပဲ"

"အဲဒီပိုက်ဆံတွေက ဘယ်ကရမှန်း ဘယ်သူသိမှာလဲ"

မိုဟန်ကျီသည် မိမိအခန်းထဲသို့ ဝင်ကာ ဖုန်းကို အသုံးပြုရင်း မိုယွီဝင်ထားသည့် ပရိသတ်အဖွဲ့ထဲသို့ပင် ရောက်ရှိသွားသည်။

အွန်လိုင်းပေါ်မှ အခြေအတင် စကားများမှုကို ခေတ္တကြည့်ရှုပြီးနောက် သူ၏ ညီမဝမ်းကွဲလေးမှာ အွန်လိုင်းတွင် ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ယွဲ့ယွဲ့ကို ကာကွယ်ပေးနေသဖြင့် သူမကို မုန့်ဖိုးပေးရန် ဆုံးဖြတ်လိုက်သည်။

"လက်ထောက်လင်၊ ငါ မင်းကို အဖွဲ့နံပါတ်တစ်ခု ပို့လိုက်မယ် အဖွဲ့ပိုင်ရှင်နဲ့ စကားပြောပြီး အဲဒီအကောင့်ကို ငါ့ဆီ လွှဲပေးဖို့ ပြောလိုက်

ကုန်ကျစရိတ်ကို ငါတို့ တာဝန်ယူမယ်"

၎င်းမှာ အကောင့်တစ်ခုမျှသာ ဖြစ်သဖြင့် ကမ်းလှမ်းချက်က ကောင်းမွန်ပါက တစ်ဖက်လူက လွှဲပြောင်းပေးမည်မှာ သေချာသည်။

အကယ်၍ မပေးလိုပါက ငွေပိုပေးရုံသာ ရှိသည်။ ငွေဖြင့် ဖြေရှင်းနိုင်သော ပြဿနာမှာ မိုဟန်ကျီအတွက် ပြဿနာမဟုတ်ချေ။

လက်ထောက်လင်မှာ အံ့ဩသွားသော်လည်း အဖွဲ့ထဲသို့ ဝင်ကြည့်လိုက်သောအခါ မိုဟန်ကျီ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။

"ဘာတွေလုပ်နေတာလဲ၊ ဖုန်းဆက်ပြီးတာနဲ့ ဖုန်းကိုပဲ ကြည့်နေတော့တာပဲ"

သူ၏ ရည်းစားဖြစ်သူမှာ ရေချိုးခန်းမှ ထွက်လာပြီး ဘေးတွင် ထိုင်လိုက်သည်။

"အခုတော့ သူဌေးက ငါ့ကို အသွင်ယူ စုံစမ်းထောက်လှမ်းရေး လုပ်ခိုင်းနေတယ်လေ"

"ဘာထောက်လှမ်းရေးလဲ"

လက်ထောက်လင်၏ လှုပ်ရှားမှုများကို ကြည့်ကာ သူမက စပ်စုလိုက်သည်။

"ပရိသတ်အဖွဲ့လား၊ မစ္စတာမိုက ဘယ်တုန်းက အနုပညာရှင်တွေကို စိတ်ဝင်စားသွားတာလဲ"

လက်ထောက်လင်ကြောင့် သူမသည် မိုဟန်ကျီကို အတော်အတန် သိထားရာ၊ သူသည် ထိုကဲ့သို့ ပရိသတ်လုပ်မည့်သူမျိုး မဟုတ်ကြောင်း သိနေသည်။

"ဒါက မစ္စ မင်ယွဲ့ရဲ့ ပရိသတ်အဖွဲ့လေ"

အတွဲများကို အားပေးရသည်ကို နှစ်သက်သူဖြစ်သည့်အလျောက် လက်ထောက်လင်၏ ရည်းစားမှာ ချက်ချင်းပင် နားလည်သွားသည်။

"ငါလည်း ဝင်ကြည့်ဦးမယ်"

စိတ်ဝင်စားသွားသော သူမသည်လည်း မင်ယွဲ့၏ ပရိသတ်အဖွဲ့ထဲသို့ ဝင်လိုက်သည်။

"ဒါက ပရိသတ်အဖွဲ့ မဟုတ်ဘူးလား၊ ဘာလို့ မစ္စ မင်ယွဲ့ကို စော်ကားနေကြတာလဲ၊ ဒါ အုပ်စုနှစ်ခု ရန်ဖြစ်နေကြတာလား"

အဖွဲ့ထဲရှိ မက်ဆေ့ချ်များမှာ အလွန်လျင်မြန်စွာ တက်နေသဖြင့် သူတို့ စကားပြောရန်ပင် အခွင့်အရေး မရချေ။

အဖွဲ့ဝင် အရေအတွက်မှာလည်း တဖြည်းဖြည်း တိုးပွားလာနေပြီး၊ အချို့မှာ အဖွဲ့တွင်း ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်လျှင် မြင်

ချင်း ပြန်ထွက်သွားကြသည်။

"အခုမှပဲ မစ္စတာမိုက ဘာလို့ ရှင့်ကို အသွင်ယူခိုင်းလဲဆိုတာ နားလည်တော့တယ် ဒီအဖွဲ့ထဲမှာ လူစုံနေတာပဲ ဒီအဖွဲ့ကနေတစ်ဆင့် မစ္စ မင်ယွဲ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လို့ရတာပေါ့"

"နောက်ပြီး အရေးကြီးဆုံး ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးတယ်"

လက်ထောက်လင်က လျှို့ဝှက်စွာ ပြောလိုက်

သည်။

"ဘာရည်ရွယ်ချက်လဲ"

"အဲဒါကိုတော့ စိတ်နဲ့ပဲ သိနိုင်မယ်၊ စကားနဲ့ ရှင်းပြလို့ မရဘူး"

အထူးလက်ထောက် တစ်ယောက်အနေဖြင့် မည်သည့်အရာကို ပြောသင့်သည်၊ မည်သည့်အရာကို မပြောသင့်သည်ကို အမြဲတမ်း သိထားရမည်ဖြစ်သည်။ မိမိ၏ ရည်းစားပင် ဖြစ်ပါစေဦးတော့။

အခန်း (၂၇၂) ကြွယ်ဝခြင်း၏ ပန်းပွင့်များ

"ကောင်းပါပြီ၊ ကောင်းပါပြီရှင်၊ အခုတော့ ကျွန်မကိုတောင် လျှို့ဝှက်ချက်တွေ ထားနေပြီပေါ့လေ"

လက်ထောက်လင်၏ ရည်းစားသည် အလိုက်တသိရှိပြီး စည်းဘောင်ကို နားလည်သူတစ်ဦး ဖြစ်ပေသည်။ သူမသည် ချစ်သူ၏ အလုပ်ကိစ္စများကို အတင်းအကျပ် စပ်စုလေ့မရှိဘဲ လိုအပ်သော နားလည်မှုကို အစဉ်ပေးထားတတ်သူ ဖြစ်သည်။

သူမသည် ပရိသတ်အဖွဲ့ (Fan Group) ထဲသို့ စတင်ဝင်ရောက်ပြီးနောက် မကြာမီမှာပင် အဖွဲ့သားများနှင့် ရင်းနှီးကျွမ်းဝင်သွားကာ မင်ယွဲ့ကို တိုက်ခိုက်နေသော ဝေဖန်ရေးသမားများကို စတင်၍ အလဲအလှယ် တုံ့ပြန်လေတော့သည်။

"မင်းရဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်း

က တကယ့်ကို အံ့မခန်းပါပဲလား"

လက်ထောက်လင်သည် မိမိကိုယ်တိုင်မှာမူ အုပ်စုစကားဝိုင်းထဲတွင် စကားတစ်လုံးမျှ မဟရသေးဘဲ လူမသိသူမသိ ပျောက်ကွယ်နေစဉ်၊ သူ၏ရည်းစားမှာမူ စစ်တလင်းပြင်ကို စိုးမိုးထားသည့် စစ်သူကြီးတစ်ဦးကဲ့သို့ ဝေဖန်သူများကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူကာ အောင်ပွဲများစွာ သိမ်းပိုက်နေသည်ကို အံ့ဩဘနန်း တွေ့ရှိလိုက်ရသည်။

"ကျွန်မက အင်တာနက် လောကမှာ ကျင်လည်နေတဲ့ ဝါရင့်သမားလေ၊ ဒီလို ငါးပူတင်းလေးတွေကို ဆူပူကြိမ်းမောင်းနေရတာက ကျွန်မရဲ့ အချိန်တွေကိုတောင် အလဟဿ ဖြစ်စေတယ်"

လက်ထောက်လင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။

သူ၏ရည်းစားသည် ပုံမှန်အချိန်များတွင် စကားအသုံးအနှုန်းကို ထိန်းသိမ်းတတ်ခြင်းမှာ သူ့အတွက် ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်ကြောင်း၊ မဟုတ်ပါက သူ၏ဘဝမှာ လွယ်ကူလိမ့်မည်မဟုတ်ကြောင်း တွေးတောရင်း ကျေးဇူးတင်မိလေသည်။

ယခုအချိန်တွင်မူ သူမသည် အုပ်စုစကားဝိုင်းအတွင်းရှိ မကောင်းပြောသူများကို ဖယ်ရှားသန့်စင်ရန်သာ အာရုံစူးစိုက်ထားသဖြင့် လက်ထောက်လင်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

လက်ထောက်လင်သည်လည်း မိမိကိုယ်ကို ဤမျှအထိ အရှုံးမပေးနိုင်ဟု တွေးတောကာ မကောင်းပြောသူများကို ပြန်လည်တိုက်ခိုက်ရန် သူကိုယ်တိုင် စစ်မြေပြင်သို့ ဆင်းသက်လိုက်

တော့သည်။

ညဉ့်ဦးယံ၏ အမှောင်ထုသည် ကမ္ဘာမြေကို လွှမ်းခြုံထားပြီဖြစ်ရာ မင်ယွဲ့သည် နှစ်ခြိုက်စွာ အိပ်မောကျနေလေသည်။

မိမိအပေါ် ကျရောက်လာမည့် ကောလာဟလများနှင့် အတင်းအဖျင်းများ၏ ဘေးအန္တရာယ်မှ တစ်စုံတစ်ယောက်က အကာအကွယ်ပေးနေသည်ကို သူမ သိရှိနိုင်ခြင်း မရှိခဲ့ပေ။

မိုယွီမှာမူ ဒေါသတကြီး ဖြစ်နေဆဲပင်။ မည်မျှပင် ပြန်လည်ချေပနေပါစေ၊ စိတ်နာကျင်ဖွယ်ရာ စကားလုံးများကို မြင်တွေ့ရသည့်အခါတိုင်း သူမ၏ ရင်ထဲတွင် ဒေါသအဟုန်က မငြိမ်းသတ်

နိုင်အောင် ဖြစ်နေရသည်။

"မမမင်ယွဲ့က ဒီလောက် ထူးချွန်တာကို ဘာလို့ လူတွေက ကြည့်မရဖြစ်နေကြတာလဲ၊ တကယ်ကို စိတ်တိုဖို့ကောင်းလိုက်တာ"

သူမသည် လေးလံသော ရင်ခွင်ဖြင့် အိပ်စက်ခြင်းသို့ ရောက်ရှိသွားခဲ့သည်။

တစ်ဖက်တွင်လည်း မိုဟန်ကျီသည် ကုတင်ပေါ်တွင် ထိုင်ရင်း အုပ်စုစကားဝိုင်းအတွင်းရှိ အားတက်သရော ဆွေးနွေးမှုများကို စောင့်

ကြည့်နေသည်။

ထိုစဉ် "ကြွယ်ဝခြင်း၏ ပန်းပွင့်များ” ဟူသော အမည်ဖြင့် အပြင်းအထန် ငြင်းခုံနေသူ၏ ပရိုဖိုင်ပုံကို သတိပြုမိသွားသည်။

ထိုသူမှာ လက်ထောက်လင် ဖြစ်လိမ့်မည်ဟု သူ အမြဲတမ်း ခံစားနေရသည်။

သူက မက်ဆေ့ချ်ပို့၍ မေးမြန်းကြည့်ရာ မျှော်လင့်ထားသည့်အတိုင်းပင် လက်ထောက်

လင် ဖြစ်နေပေတော့သည်။

လက်ရှိ အဖွဲ့ပိုင်ရှင်မှာ စာသင်တက်နေရသော ကျောင်းသားတစ်ဦးဖြစ်သဖြင့် ပရိသတ်အဖွဲ့ကို အချိန်ပြည့် စီမံခန့်ခွဲနိုင်စွမ်း မရှိချေ။ ထို့ပြင် စနစ်တကျ စီမံခန့်ခွဲသည့် ကျွမ်းကျင်မှုများ ကင်းမဲ့နေသဖြင့် အဖွဲ့အတွင်း၌ လူစုံတက်စုံနှင့် ရှုပ်ထွေးပွေလီနေခြင်း ဖြစ်သည်။

သို့သော် လက်ထောက်လင်သည် လျင်မြန်စွာ လှုပ်ရှားခဲ့ရာ ရက်အနည်းငယ်အတွင်းမှာပင် "ကြွယ်ဝခြင်း၏ ပန်းပွင့်များ" နှင့် "အေးချမ်းသောဘဝ" ဟူသော အမည်နှစ်ခုမှာ ပရိသတ်များအကြား အလွန်ရေပန်းစားလာခဲ့သည်။

"အေးချမ်းသောဘဝ" ဆိုသည်မှာ လက်ထောက်လင်၏ ရည်းစားပင် ဖြစ်ပေသည်။

အလုပ်ဆင်းချိန်၌ ပျင်းရိနေသဖြင့် ချစ်သူနှင့်အတူ အုပ်စုစကားဝိုင်းတွင် မင်ယွဲ့ကို မကောင်းပြောသူမှန်သမျှကို ပြတ်ပြတ်သားသား အပြစ်ပေးကာ မောင်းထုတ်နေကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုစနစ်ကျလာပြီး အဖွဲ့အတွင်းရှိ မကောင်းပြောသူများကို ဆဲဆိုကြိမ်းမောင်းကာ မောင်းထုတ်နိုင်ခဲ့သဖြင့် အဖွဲ့သား အများအပြားမှာလည်း လိပ်ပြာသန့်စွာဖြင့် အဖွဲ့မှ ထွက်ခွာသွားကြသူများပင် ရှိလာခဲ့သည်။

"တစ်သက်တာ အေးချမ်းပါစေ၊ သူဌေးက ငါတို့ရဲ့ ရလဒ်တွေကို သဘောကျနေတယ်၊ ဒီအတိုင်း ဆက်လုပ်ဖို့လည်း မှာထားတယ် ဆုကြေးငွေ တစ်သိန်းရမယ်၊ မင်း ဘာလိုချင်လဲ"

"ပန်းတွေပွင့်လို့ ကြွယ်ဝချမ်းသာပါစေရှင်၊ ကျွန်မ လက်ကိုင်အိတ်တစ်လုံး ဝယ်ချင်တယ်"

သူတို့နှစ်ဦးသည် အုပ်စုစကားဝိုင်းထဲတွင် အွန်လိုင်းအမည်များဖြင့် အပြန်အလှန် နောက်

ပြောင်ကျီစယ်ရင်း ပြုံးပျော်နေကြသည်။

"ဝယ်လိုက်လေ"

လက်ထောက်လင်က ရက်ရက်ရောရောပင် ပြောလိုက်သည်။

အကြောင်းမှာ မိုဟန်ကျီက ဆုကြေးငွေ တစ်သိန်းပေးမည်ဟု ဆိုထားသဖြင့် ရည်းစားဖြစ်သူအား လက်ကိုင်အိတ်တစ်လုံး ဝယ်ပေးရန်မှာ ခဲယဉ်းသောအရာ မဟုတ်ပေ။

အမှန်စင်စစ် ငွေကြေးသည် အကြီးမားဆုံးသော တွန်းအားပင် ဖြစ်ပေသည်။ လက်ထောက်လင်၏ ရည်းစားသည် အဖွဲ့ပိုင်ရှင်နှင့် ဆက်သွယ်ကာ အုပ်ချုပ်သူ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

အဖွဲ့အုပ်ချုပ်သူသည်လည်း လွန်ခဲ့သော ကာလအတွင်း သူတို့နှစ်ဦး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ သူကိုယ်တိုင်လည်း မကောင်းပြောသူများကို ရင်ဆိုင်ရင်း အသိဉာဏ်ကင်းမဲ့သူ အမြောက်အမြားကို အဖွဲ့မှ ထုတ်ပယ်ခဲ့ရသည်။

လက်ထောက်လင်သည် အဖွဲ့ခေါင်းဆောင်၏ ယုံကြည်မှုကို ရရှိပြီးနောက်တွင် မင်ယွဲ့အပေါ် ထားရှိသော လေးစားချစ်ခင်မှုများကို ပိုမိုပြသလာခဲ့သည်။

တူညီသော အနုပညာရှင်ကို အားပေးကြသည့်အတွက် သူတို့သည် တဖြည်းဖြည်း ရင်းနှီးလာကြကာ ညီအစ်မအရင်းအချာများကဲ့သို့ပင် ဖြစ်လာခဲ့သည်။

လက်ထောက်လင်၏ ရည်းစားသည် သူ၏ချစ်သူတွင် ဤကဲ့သို့သော အွန်လိုင်းပေါ်၌ စကားပြောကျွမ်းကျင်သည့် အရည်အချင်းရှိနေသည်ကို ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရသည်။

"ပြောစမ်းပါဦး၊ ရှင် အွန်လိုင်းပေါ်မှာ တခြားမိန်းကလေးတွေကို ခဏခဏ ဒီလိုပဲ ပရောပရီ လုပ်နေတာလား"

လက်ထောက်လင်သည် မိမိ၏ ရည်မှန်းချက် အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု တွေးတောကာ ဝမ်းသာနေစဉ် ရည်းစားဖြစ်သူ၏ မမျှော်လင့်သော မေးခွန်းကြောင့် အံ့ဩသွားရသည်။

"ငါက အပြစ်ကင်းစင်ပါတယ်၊ ငါ့ဘဝမှာ မင်းက တစ်ဦးတည်းသော ချစ်သူပါ"

လက်ထောက်လင်နှင့် သူ၏ရည်းစားမှာ အထက်တန်းကျောင်းကတည်းက အတန်းဖော်များ ဖြစ်ကြပြီး တက္ကသိုလ်ပထမနှစ်တွင် စတင်ချစ်ကြိုက်ခဲ့ကြသူများ ဖြစ်သည်။

လူငယ်ဘဝကတည်းက လက်တွဲလာခဲ့ကြသူများ ဖြစ်သည့်အလျောက် တစ်ဦးနှင့်တစ်ဦး၏ ကြီးပြင်းလာမှုများကို သက်သေအဖြစ် ရှိနေခဲ့ကြသည်။

"ဒါဆို ငါတို့ အပြင်မှာ လူချင်း တွေ့ကြမလား"

"မလိုပါဘူး၊ ဒါက မလိုအပ်ပါဘူး"

လက်ထောက်လင်မှာ ထိတ်လန့်သွားရသည်။

အကယ်၍ ယခုအချိန်တွင် သူသာ သဘောတူလိုက်ပါက အရိုက်ခံရတော့မည်ကို သူ ကောင်းကောင်း သိနေပေသည်။

အခန်း (၂၇၃) အနီရောင်စာအိတ်

"တကယ်ပဲ လူချင်းမတွေ့ချင်ဘူးလားရှင်၊ အချိန်အတော်ကြာအောင် သိကျွမ်းလာခဲ့တဲ့ ကျွန်မရဲ့ မောင်လေးအရင်းလို ခံစားနေရတဲ့သူကြီးရယ်"

လက်ထောက်လင်၏ ရည်းစားသည် အမှန်တကယ် စိတ်ဆိုးနေခြင်းမဟုတ်ဘဲ ကျီစယ်နေခြင်းသာ ဖြစ်သည်။

နှစ်ရှည်လများ ချစ်ကြိုက်လာခဲ့ကြသည့်အလျောက် တစ်ဦး၏အကြံကို တစ်ဦးက အရိပ်ကြည့်ရုံဖြင့် သိနေကြသည် မဟုတ်ပါလား။

"အဲဒါကလေ... ငါတို့က အဖွဲ့အုပ်ချုပ်သူနေရာကို လွှဲပေးဖို့ပြောရင် သူက ငါတို့ကို မယုံကြည်ဘဲ ငြင်းလွှတ်လိုက်မှာ စိုးရိမ်လို့ပါ"

လက်ထောက်လင်က အကျိုးအကြောင်းကို ရှင်းပြလိုက်သည်။

"ကဲပါ၊ ကျွန်မ စိတ်မဆိုးပါဘူး၊ အလုပ်ကိစ္စကိုပဲ အာရုံစိုက်ရအောင်"

အခြေအနေများမှာ အဆုံးအဖြတ်ပေးရမည့် အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ ထိုစကားကို ကြားလိုက်ရမှပင် လက်ထောက်လင်သည် သက်ပြင်းချနိုင်တော့ကာ အဓိကလုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်လေတော့သည်။

သူသည် အဖွဲ့အတွင်း၌ မကောင်းပြောသူများ ရှိနေခြင်းကို အကြောင်းပြကာ အဖွဲ့ပိုင်ရှင်မှာ အဘယ်ကြောင့် မကြာခဏ ပျက်ကွက်နေရသနည်းဟု လိမ္မာပါးနပ်စွာ မေးမြန်းလိုက်သည်။

အဖွဲ့ပိုင်ရှင်မှာ လောကအတွေ့အကြုံ နုနယ်သေးသော ကျောင်းသူလေးတစ်ဦး ဖြစ်သည့်အလျောက် လက်ထောက်လင်နှင့် သူ၏ရည်းစားကို ယုံကြည်စိတ်ဝင်စားနေမိရာ မိမိ၏ အခက်အခဲများကို အမှန်အတိုင်း ဖွင့်ဟပြောဆိုလာတော့သည်။

"မင်းက ကျောင်းတက်နေတုန်းပဲလား၊ အဖွဲ့ကလည်း တဖြည်းဖြည်း ကြီးထွားလာပြီဆိုတော့ အဖွဲ့စီမံခန့်ခွဲမှုကို ငါ့ဆီ လွှဲပေးလို့ရမလား"

လက်ထောက်လင်သည် မိမိ၏ ရည်ရွယ်ချက်ကို ဖြည်းညှင်းစွာ ထုတ်ဖော်လိုက်သည်။ တစ်ဖက်မှ စာပြန်ရန် အချိန်အတော်ကြာ တုံ့ဆိုင်းနေသည်ကို ကြည့်ခြင်းဖြင့် သူမသည် ဝေခွဲမရဖြစ်ကာ စဉ်းစားနေကြောင်း သိသာလှပေသည်။

"ငါက လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ဘေးအန္တရာယ် ထိန်းချုပ်မှုမှာ ကျွမ်းကျင်တယ်၊ ဒါကြောင့် ယွဲ့ယွဲ့အတွက် ကောင်းမွန်တဲ့ ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်"

လက်ထောက်လင်က အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်လက်၍ အားပေးစကား ဆိုလိုက်သည်။

ပရိသတ်များမှာ မင်ယွဲ့ကို ချစ်ခင်မြတ်နိုးကြသဖြင့် မိမိတို့ဘာသာ အဖွဲ့များ ဖွဲ့စည်းထားကြခြင်း ဖြစ်ကြောင်း၊ သူက မည်ကဲ့သို့ ကူညီပေးနိုင်မည်ဖြစ်ကြောင်း ရှင်းပြလိုက်သည့်အခါ အဖွဲ့ခေါင်းဆောင်၏ စိတ်မှာ စတင်တုန်လှုပ်လာခဲ့သည်။

ဤနေရာတွင် 'လောကအမြင်ရှိသော လိမ္မာပါးနပ်မှု' ဟူသည့် စကားလုံးကို သုံးရန် မသင့်တော်သော်လည်း သူ၏ ပြောဆိုချက်များမှာ အမှန်တရားများသာ ဖြစ်သည်။

အကယ်၍ သူက စတင်ချင်းမှာပင် အုပ်ချုပ်သူနေရာကို တောင်းဆိုခဲ့ပါက တစ်ဖက်လူက မရိုးသားသော ရည်ရွယ်ချက်ရှိသည်ဟု သံသယဝင်နိုင်သလို၊ ငွေဖြင့် လာဘ်ထိုးရန် ကြိုးစားပါကလည်း လေးစားမှုကင်းမဲ့ရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် သူသည် တစ်ဖက်လူ၏ ယုံကြည်မှုကို ရရှိရန် အချိန်ယူ၍ ရင်းနှီးအောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

"ကောင်းပါပြီ"

ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် အဖွဲ့ပိုင်ရှင်က နောက်ဆုံးတွင် သဘောတူလိုက်လေသည်။

အမှန်စင်စစ် သူမသည် မင်ယွဲ့ကို ချစ်ခင်သူချင်း စကားပြောရန်အတွက်သာ ဤအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မင်ယွဲ့၏ ကျော်ကြားမှုမှာ သတ်မှတ်ထားသော အသိုင်းအဝိုင်းအတွင်း၌သာ ရှိနေသေးသဖြင့် သူမ၏ ပတ်ဝန်းကျင်တွင် မင်ယွဲ့ကို သိသူနည်းပါးလှသည်။

ဘဝဆိုသည်မှာ ဆန်းကြယ်လှပေသည်။ မင်ယွဲ့အတွက် ပရိသတ်အဖွဲ့ ဖွဲ့စည်းသူမှာ သူမတစ်ဦးတည်း မဟုတ်သော်လည်း သူမ၏ အဖွဲ့မှာမူ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

သူမသည် အဖွဲ့အတွင်းရှိ ဆဲဆိုငြင်းခုံမှုများကို မထိန်းချုပ်နိုင်တော့ဘဲ စာသင်ချိန်၌ပင် စိတ်အနှောင့်အယှက် ဖြစ်လာရသဖြင့် ယခုကဲ့သို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လက်ထောက်လင်နှင့် သူ၏ရည်းစားတို့မှာ အောင်ပွဲခံသည့်အနေဖြင့် လက်ချင်းရိုက်ကာ ဝမ်းသာသွားကြသည်။

"မင်းဆီက အဖွဲ့ကို အလကားယူမှာ မဟုတ်ပါဘူး ဒီမှာ ငွေနှစ်သိန်း၊ စိတ်ချလက်ချ ယူထားလိုက်ပါ၊ ငါ့အတွက်တော့ ဒီပိုက်ဆံက မပြောပလောက်ပါဘူး"

အဖွဲ့ပိုင်ရှင်က စာပြန်လာပြန်သည်။

"မလိုပါဘူးရှင်၊ အဖွဲ့ကို ကောင်းကောင်း စီမံပေးရင်ပဲ ကျေနပ်ပါပြီ"

လက်ထောက်လင်မှာ အံ့ဩသွားရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် လောကထဲသို့ မဝင်ရောက်သေးသဖြင့် ငွေကြေး၏ တန်ဖိုးကို နားမလည်သေးခြင်း သို့မဟုတ် သူမ၏ မိသားစုမှာ ကြွယ်ဝချမ်းသာသူများ ဖြစ်ဟန်တူသည်။

"ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ကို အဖွဲ့ပိုင်ရှင်

အဖြစ် ထားပေးမယ် သူက ယွဲ့ယွဲ့ရဲ့ နံပါတ်တစ် ပရိသတ်ပဲလေ။ ဒါပေမဲ့ အဖွဲ့ကိစ္စတွေကိုတော့ ငါကပဲ ပုံမှန် စီမံပေးသွားမှာပါ၊ ငါ့မှာ အချိန်ပိုရှိလို့ပါ"

လက်ထောက်လင်က အခြေအနေကို ရှင်းပြလိုက်သည်။

"ရှင်က ကျွန်မရဲ့ သူငယ်ချင်း ဖြစ်နေလို့ပဲ ရှင့်

သူငယ်ချင်းကို ယုံကြည်လိုက်တာနော်"

ဟု အဖွဲ့ပိုင်ရှင်က သီးသန့်မက်ဆေ့ချ် ပို့လာသည်။

"သိပါတယ်၊ ငါ့သူငယ်ချင်းက အရမ်းချမ်းသာတယ်၊ နောင်မှာလုပ်မယ့် လှုပ်ရှားမှုမှန်သမျှကို သူကပဲ အကုန်အကျခံလိမ့်မယ်"

လက်ထောက်လင်သည် မိုဟန်ကျီကို မည်သို့ မိတ်ဆက်ရမည်ကို မသိသဖြင့် "ချမ်းသာသည်" ဟူသော စကားလုံးကိုသာ သုံးလိုက်ရသည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ငွေကြေးမှာ အခိုင်မာဆုံးသော အာမခံချက် မဟုတ်ပါလား။

နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားသဖြင့် လက်ထောက်လင်သည် မိုဟန်ကျီထံသို့ ချက်ချင်း အစီရင်ခံလိုက်သည်။

မိုဟန်ကျီသည် စကားတစ်လုံးမျှ မဟဘဲ ငွေသုံးသိန်း လွှဲပေးလိုက်သည်။ မူလအဖွဲ့ပိုင်ရှင်အား ပေးရန် နှစ်သိန်းအပြင် ကျန်ရှိသော တစ်သိန်းမှာ လက်ထောက်လင်အတွက် ဆုကြေးငွေပင် ဖြစ်သည်။

"သကြားဖေဖေကြီးရေ ကျွန်မကို မွေးစားပါဦးလား"

လက်ထောက်လင်၏ ရည်းစားသည် သူ၏ ဝင်ငွေကို မြင်လိုက်ရသောအခါ သူ၏ကျောပေါ်သို့ ခုန်တက်ကာ လည်ပင်းကို ဖက်ရင်း နောက်

ပြောင်လိုက်သည်။

"သဘောတူတယ်လေ"

လက်ထောက်လင်ကလည်း လျင်မြန်စွာပင် သူ၏ရည်းစားကို မပြုတ်ကျအောင် ပေါင်မှ ပွေ့ချီထားလိုက်သည်။

"ဟားဟား၊ ရှင်က တကယ်ပဲ မာနကြီးနေတာပဲရှင်က ဧကရာဇ်ဆိုရင် ကျွန်မက ဘာဖြစ်မှာလဲ"

ဟု ဆိုကာ ရည်းစားဖြစ်သူက သူ၏ နားရွက်ကို ဆွဲလိုက်သည်။

"အား... အား... နာတယ်၊ ကျွန်တော်က အရှင်မရဲ့ ကျွန်ပါဗျာ"

"ဒါဆိုရင် ဒူးထောက်ပြီး မေမေလို့ ခေါ်စမ်း"

"မင်းက ငါ့ရဲ့ ဘိုး‌ဘေးပါပဲ၊ မြန်မြန်ဆင်းပါဦး၊ အပြင်မှာ ကောင်းကောင်းသွားစားရအောင်"

သူတို့နှစ်ဦးသည် အပြန်အလှန် ကျီစယ်ရင်း အပြင်သို့ ထွက်ခွာသွားကြသည်။

မိုဟန်ကျီသည် ပရိသတ်အဖွဲ့၏ အဖွဲ့ပိုင်ရှင် အပြောင်းအလဲကို စောင့်ကြည့်နေရင်း ယခုအခါ သူကိုယ်တိုင် အဖွဲ့ပိုင်ရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။

"ကြယ်တာရာ ဝေဖြာသော ကောင်းကင်ယံ"

သူသည် အဖွဲ့အမည်ကို ရိုးရှင်းစွာ ပြောင်းလဲလိုက်သည်။

တောက်ပသော လမင်းကြီးမှာ မင်ယွဲ့ ဖြစ်သည်ဆိုပါက၊ သူမ၏ ပရိသတ်များကို ညကောင်းကင်ယံအား အလှဆင်မည့် ကြယ်ပွင့်ကလေးများအဖြစ် သူက တင်စားလိုက်ခြင်း ဖြစ်သည်။

မိုဟန်ကျီတွင် အခြား အမည်ဝှက်မရှိပေ။ ဤသည်မှာ သူ၏ ဒုတိယမြောက် WeChat အကောင့်ဖြစ်သဖြင့် အမည်ကို "အဖွဲ့ပိုင်ရှင်" ဟုသာ ပြောင်းလဲလိုက်ရာ အဖွဲ့ဝင်များအတွက် ချက်ချင်းပင် သိသာထင်ရှားသွားစေသည်။

အဖွဲ့ထဲသို့ ရောက်ရှိပြီးနောက် သူပထမဆုံး လုပ်ဆောင်သည့်အရာမှာ အဖွဲ့အမည်ကို ပြောင်းလဲခြင်းနှင့် အဖွဲ့နှင့် မသက်ဆိုင်သူများ၊ ဝေဖန်တိုက်ခိုက်သူများကို အဖွဲ့မှ ထုတ်ပယ်ခြင်းပင် ဖြစ်သည်။

သူသည် ဝင်ခွင့်စာမေးပွဲပုံစံတစ်ခုကို အမြန်ဆုံး သတ်မှတ်လိုက်ပြီး မင်ယွဲ့အကြောင်း ကောင်းစွာ မသိသူများကို အဖွဲ့ထဲသို့ ဝင်ခွင့်မပြုတော့ချေ။

ဤနည်းဖြင့် မလိုလားအပ်သူများကို စစ်ထုတ်ကာ ပရိသတ်အဖွဲ့၏ ပတ်ဝန်းကျင်ကို သန့်စင်လိုက်သည်။

အရာအားလုံး ပြီးစီးသွားသည့်တိုင်အောင် သူသည် အိပ်စက်ခြင်းမရှိဘဲ စောင့်ကြည့်နေခဲ့ရာ အဖွဲ့အတွင်းရှိ စကားပြောဆိုမှုများမှာ ပိုမို ချိုသာရင်းနှီးလာခဲ့သည်။

"အဖွဲ့ပိုင်ရှင် ပြောင်းသွားတာလား"

"ဟုတ်တယ်၊ အဖွဲ့ပိုင်ရှင်သစ်က တကယ့်ကို ပြတ်သားတာပဲ"

လက်ထောက်လင်နှင့် သူ၏ရည်းစားမှာ အဖွဲ့အုပ်ချုပ်သူများအဖြစ် ရှိနေသလို၊ မူလအဖွဲ့ပိုင်ရှင်မှာလည်း အုပ်ချုပ်သူအဖြစ် ဆက်လက်ရှိနေခြင်းကို သူမက ကျေနပ်နေပေသည်။

"ကျွန်မက စာသင်နေရတာဆိုတော့ ပိုပြီး အရည်အချင်းရှိတဲ့သူဆီကို အဖွဲ့ကို လွှဲပေးလိုက်တာပါ ဒါမှလည်း ပရိသတ်အဖွဲ့က ပိုပြီး စနစ်ကျမှာလေ"

ဟု မူလအဖွဲ့ပိုင်ရှင်က ရှင်းပြသည်။

"ဟုတ်ကဲ့ပါ၊ နားလည်ပါပြီ"

"လတိုင်း ကြိုးစားကြစို့"

......

မိုဟန်ကျီသည် ရင်းနှီးဖော်ရွေသော မှတ်ချက်များကို ကြည့်ရင်း ပြုံးလိုက်မိသည်။

ယွဲ့ယွဲ့အပေါ် မကောင်းပြောသည်ကို သူ လုံးဝ မတွေ့လိုဘဲ ယခုကဲ့သို့ အခြေအနေမျိုးကိုသာ သူ အလိုရှိပေသည်။

"အား... အဖွဲ့အုပ်ချုပ်သူက အနီရောင်စာအိတ် တွေ ဝေနေတယ်ဟေ့ ကျွန်မ နှစ်ရာ ရတယ်၊ ဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ"

"နားလည်လိုက်ပြီ၊ ကျွန်တော်ကတော့ နှစ်ထောင် ရတယ်ဗျို့"

"မဟုတ်တာ၊ ကျွန်မတော့ မနာလိုဖြစ်လိုက်တာ၊ ဘာလို့ နှစ်ကျပ်ပဲ ရရတာလဲ"

"ဟားဟား၊ အပေါ်ကလူကတော့ တကယ်ကို ကံခေတာပဲ ဒီလောက်ကြီးတဲ့ အနီရောင်စာအိတ်ထဲကမှ အဲဒီလောက်ပဲ ရတယ်ဆိုတော့ မယုံနိုင်စရာပဲ"

......

သူတို့ ပျော်ရွှင်စွာ အနီရောင်စာအိတ်များ နှိုက်နေကြသည်ကို မြင်သောအခါ မိုဟန်ကျီက နောက်ထပ် အနီရောင်စာအိတ် အကြီးကြီးတစ်ခုကို ထပ်မံ ဝေမျှပေးလိုက်သည်။

"မြန်မြန် နှိုက်ကြဟေ့၊ သူဌေးက ပိုက်ဆံတွေ ကြဲနေပြီ"

လက်ထောက်လင်သည် ကုတင်ပေါ်တွင် ထိုင်

နေရာမှ ရုတ်တရက် အော်ဟစ်လိုက်သည်။

"ဘာဖြစ်တာလဲ"

သူ၏ ရည်းစားမှာ ညဉ့်နက်သန်းခေါင်တွင် သူ ဘာလုပ်နေသည်ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။

"မစ္စတာမိုက အဖွဲ့ထဲမှာ အနီရောင်စာအိတ်တွေ ဝေနေတာ၊ မြန်မြန်သွားနှိုက်ချေ"

ထိုစကားကို ကြားသည်နှင့် လက်ထောက်လင်၏ ရည်းစားမှာ ချက်ချင်း နိုးကြားသွားကာ ဖုန်းကို ကောက်ကိုင်ပြီး အဖွဲ့ထဲသို့ ဝင်ရောက်နှိုက်လေတော့သည်။

"ဟားဟား၊ ၁၈၆၀ တောင် ရတယ်၊ အရမ်းပျော်တာပဲ"

အနီရောင်စာအိတ်ကြောင့် သူမသည် အိပ်ချင်

စိတ်များ ပျောက်ဆုံးကာ တက်ကြွသွားရသည်။

"အသံနည်းနည်း လျှော့ပါဦး၊ အပေါ်ထပ်က အိမ်နီးချင်းတွေ လာတိုင်ပါဦးမယ်"

လက်ထောက်လင်က သတိပေးလိုက်ရသော်လည်း သူ၏ရင်ထဲတွင်မူ အနည်းငယ် ဝမ်းနည်းနေမိသည်။ အကြောင်းမှာ သူကိုယ်တိုင်မှာမူ ၁၃၉ ကျပ်သာ ရရှိခဲ့သောကြောင့် ဖြစ်လေသည်။

အခန်း (၂၇၄) ကျော်ကြားမှု အရှိန်အဟုန် မြင့်

တက်လာခြင်း

မိုဟန်ကျီသည် ရက်ရောလွန်းလှသဖြင့် ပရိသတ်အဖွဲ့အတွင်း၌ အနီရောင်စာအိတ်များကို အဆက်မပြတ် ဝေမျှပေးနေလေသည်။

မကြာမီမှာပင် အဖွဲ့ပိုင်ရှင်၏ ရက်ရောမှုသတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး အဖွဲ့ထဲသို့ ဝင်ရောက်ရန် လျှောက်ထားသူများမှာ အလုအယက် ဖြစ်လာတော့သည်။ သို့သော် သူတို့အားလုံးမှာ အဖွဲ့ထဲသို့ အလွယ်တကူ ဝင်ရောက်ခွင့် မရရှိကြောင်း သိ

လိုက်ရသောအခါ အံ့ဩသွားကြရသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ၊ အဖွဲ့ထဲဝင်ဖို့ မေးခွန်းတွေ ဖြေနေရတယ်"

"မေးခွန်းပေါင်း တစ်ရာတောင်လား၊ ကျောင်းတုန်းက စာမေးပွဲဖြေရသလို ဖိအားမျိုးတွေ ပြန်

ဝင်လာပြီ"

"ယွဲ့ယွဲ့က အနုပညာရှင်တစ်ယောက်လည်း မဟုတ်ဘဲနဲ့ သူမအကြောင်း ဒီလောက်ထူးဆန်းတဲ့ မေးခွန်းတွေက ဘယ်ကရောက်လာတာလဲ"

"အဲဒါ ပြောတာပေါ့၊ ကျွန်မက ယွဲ့ယွဲ့ အကြိုက်ဆုံး ဟင်းလျာတွေကို စာရင်းပြုစုချင်တာ၊ ဒါပေမဲ့ သူမက လူမြင်ကွင်းမှာ သိပ်မပေါ်တော့ ဘာမှန်းကို မသိဘူး ဖြစ်နေတာ"

မိုဟန်ကျီ အထူးစီစဉ်ထားသော ဝင်ခွင့်စာမေးပွဲမှာ လူအများအပြားကို အခက်တွေ့စေခဲ့သည်။

သူတို့သည် သက်ပြင်းချရင်း အွန်လိုင်းပေါ်၌ မင်ယွဲ့နှင့် ပတ်သက်သော အချက်အလက်များကို အသည်းအသန် ရှာဖွေလေ့လာကြသော်လည်း မေးခွန်းများကို ဖြေဆိုနိုင်ခြင်း မရှိကြသေးပေ။

မှန်ပါသည်၊ မိုဟန်ကျီသည် သူတို့ကို တမင်တကာ ဒုက္ခပေးလိုခြင်း မဟုတ်ဘဲ အခွင့်အရေးသမားများနှင့် မရိုးသားသော ရည်ရွယ်ချက်ရှိသူများကိုသာ စစ်ထုတ်လိုခြင်း ဖြစ်သည်။ မေးခွန်း ၁၀၀ အနက် ၆၀ မှန်ကန်ရုံဖြင့် "ကြယ်တာရာ ကောင်းကင်ယံ" အဖွဲ့ထဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

"နောက်ဆုံးတော့ အဖွဲ့ထဲ ရောက်ခဲ့ပြီ၊ အရမ်း ခက်ခဲတာပဲ မမတို့ရယ်"

"ဒီအဖွဲ့ထဲမှာ အမျိုးသားတွေရော ရှိနိုင်မလား"

"အား... ယွဲ့ယွဲ့မှာ အမျိုးသားပရိသတ်တွေတောင် ရှိနေပြီပဲ၊ တကယ်ကို အံ့ဩစရာပဲ၊ မင်္ဂလာပါ အမျိုးသား ညီမလေးတို့ရေ"

မင်ယွဲ့သည် ယန်အန်းကျေးရွာတွင် ကြာရှည်စွာ မနေထိုင်ခဲ့ပေ။ ထိုနေရာမှ ကိစ္စရပ်များကို စီမံပြီးနောက်တွင် ရွှီခယ်နှင့်အတူ ယန်ကျင်းသို့ ပြန်လာခဲ့သည်။

ယန်အန်းကျေးရွာမှ နံရံဆေးရေးပန်းချီများမှာ အွန်လိုင်းပေါ်တွင် ပြင်းထန်သော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ နှစ်ရက်အတွင်း နံရံဆေးရေးပန်းချီ အခု ၂၀ ကို ပြီးစီးအောင် ဆွဲနိုင်ခဲ့ရုံမက မင်ယွဲ့၏ လက်ရေးလက်သားမှာလည်း တည်ငြိမ်မှုနှင့် အားမာန်ပါဝင်နေသဖြင့် လူအများကို ဆွဲဆောင်နိုင်ခဲ့သည်။

ဒါရိုက်တာ ဝူရှောင်သည် ကင်မရာဆရာအား မင်ယွဲ့ကို အနီးကပ် ရိုက်ကူးရန် အထူးညွှန်ကြားထားခဲ့သည်။ ကင်မရာသည် နံရံတစ်လျှောက် ရွေ့လျားသွားစဉ် နံရံဆေးရေးပန်းချီများနှင့် အနုပညာဆန်သော စာသားများ ပေါင်းစပ်ထားမှုမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

၎င်းသည် ကျေးလက်ဒေသ၏ ဝိသေသလက္ခဏာများကို ဖော်ဆောင်နေသလို ယဉ်ကျေးမှု အမွေအနှစ်နှင့် အနှစ်သာရများကိုလည်း ထင်ဟပ်နေစေသည်။

[တင်း — အိမ်ရှင်၏ ကျော်ကြားမှုတန်ဖိုး မြင့်တက်လာနေသည်ကို စနစ်မှ စစ်ဆေးတွေ့ရှိရပါသည် လက်ရှိတွင် ၅၀၀,၀၀၀ သို့ ရောက်ရှိသွားပါပြီ]

မင်ယွဲ့သည် ပရော်ဖက်ဆာ ယန်၏ ရုံးခန်းအတွင်း ရောက်ရှိနေစဉ် စနစ်၏ အကြောင်းကြားသံကို မမျှော်လင့်ဘဲ ကြားလိုက်ရခြင်း ဖြစ်သည်။

ယွမ်ပေါ့ကိုမူ သူမက မိုဟန်ကျီနှင့်အတူ ထားရစ်ခဲ့ပြီး ပြန်လည်ခေါ်ဆောင်လာခြင်း မရှိပေ။ ယွမ်ပေါ့သည် မိမိ၏ အိမ်ကိုပင် မေ့လျော့နေပုံရသဖြင့် မိုအိမ်တော်၌သာ ဆက်လက်နေထိုင်စေခဲ့ခြင်း ဖြစ်သည်။ ယွမ်ပေါ့မှာ သာမန်အိမ်မွေးတိရစ္ဆာန် မဟုတ်ကြောင်း သိထားသဖြင့် သူမ အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။

ထိုအချိန်တွင် ယွမ်ပေါ့သည် မိုအိမ်တော်၏ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အေးအေးလူလူ လဲလျောင်းရင်း အဘွားမိုနှင့်အတူ တီဗီကြည့်နေစဉ် မုန့်များစွာကို ရုတ်တရက် လက်ဆောင်ရရှိလိုက်သည်။

【ကျေးဇူးပဲ ယွဲ့ယွဲ့ရေ၊ ငါ့မှာ မုန့်တွေ ကုန်ခါနီးနေတာကို နင် ဘယ်လို သိနေတာလဲ】

ယွမ်ပေါ့၏ နားရွက်ကလေးများမှာ လှုပ်ခတ်သွားပြီး မျက်ဝန်းများမှာလည်း တောက်ပသွားခဲ့သည်။

"ယွမ်ပေါ့ ဗိုက်ဆာနေတာလား"

အဘွားမိုသည် ပျင်းရိစွာ လဲလျောင်းနေသော ယွမ်ပေါ့မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်ကို သတိပြုမိသဖြင့် မေးမြန်းလိုက်သည်။

သူမသည် အိမ်တွင် တစ်ဦးတည်း ပျင်းရိနေသဖြင့် ဤယွမ်ပေါ့လေးကို အလွန်ပင် ချစ်ခင်နေမိသည်။

"မီးဖိုချောင်က အဒေါ်ကြီးကို မင်းအတွက် ကြက်ကင်တစ်ကောင် ပြင်ခိုင်းလိုက်မယ်နော်"

မိုမိသားစုတွင် ကလေးမရှိသည်မှာ ကြာပြီဖြစ်ရာ အဘွားမိုသည် ယွမ်ပေါ့ကို ကလေးငယ်တစ်ဦးကဲ့သို့ အလေးထားကာ ဗိုက်ဆာမည်၊ ရေငတ်မည်ကို အမြဲတစေ စိုးရိမ်မကင်း ဖြစ်နေတတ်သည်။

စားစရာရှိသည်ဟူသော စကားကို ကြားသည်နှင့် ယွမ်ပေါ့မှာ အဘွားမို၏ ရင်ခွင်ထဲသို့ ချက်ချင်းပင် ခုန်တက်သွားလေတော့သည်။

"အို... ယွမ်ပေါ့လေးက ငါပြောတာတွေကို နားလည်နေပြီပဲ"

အဘွားမိုက သူမ၏ ပေါင်ပေါ်ရှိ ရွှေတုံးလေးသဖွယ် ယွမ်ပေါ့ကို အသာအယာ ပွတ်သပ်ရင်း ပြုံးလျက် မီးဖိုချောင်သို့ ညွှန်ကြားလိုက်သည်။

ယွမ်ပေါ့သည် မျက်စိမှိတ်ကာသက်သောင့်သက်သာ ခံစားနေရင်း စိတ်ထဲတွင် ကြက်ကင်နှင့် မင်ယွဲ့ ဝယ်ပေးထားသော မုန့်များကိုသာ မြင်ယောင်နေတော့သည်။

စနစ်အတွင်းရှိ ဈေးဆိုင်မှ မုန့်များသည် အပြင်ရှိ မုန့်များထက် ပိုမိုအရသာရှိသဖြင့် တွေးကြည့်ရုံနှင့်ပင် သူသည် စိတ်လှုပ်ရှားနေမိသည်။

"မင်ယွဲ့၊ ငါတို့ကျောင်းက မကြာခင်မှာ တောင်ကိုရီးယားနဲ့ ပညာတော်သင် ဖလှယ်ရေး အစီအစဉ်တစ်ခု ရှိတယ် အဲဒီမှာ မင်း အချိန်ရရင် သွားကူညီပေးပါဦး"

ဟု ပရော်ဖက်ဆာ ယန်က ပြောလိုက်သည်။

"ဆရာ၊ ကျွန်မတို့ ဘဏ္ဍာရေး အဓိကတွေက ဒီလို ဖလှယ်ပွဲမျိုးမှာ ပါဝင်ဖို့ မလိုဘူး ထင်တာပဲ"

ဟု မင်ယွဲ့က နားမလည်စွာ မေးမြန်းလိုက်သည်။

"အဲဒါကို ဖလှယ်ပွဲလို့ အမည်တပ်ထားပေမဲ့ တကယ်တမ်းက နောက်ကွယ်မှာ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမှာ ဒီတစ်ခါ ဘဏ္ဍာရေးဌာနက မပါဝင်ပေမဲ့ မင်းမှာ ဘွဲ့နှစ်ခုရှိတာကို မမေ့နဲ့လေ မင်းက နိုင်ငံခြားဘာသာစကားဌာနက ကျောင်းသူတစ်ယောက်အနေနဲ့ ဘာသာပြန်

အဖြစ် ပါဝင်လို့ရတယ် စကားမစပ်၊ ကိုရီးယားလူမျိုးတွေ ပြောတဲ့ အင်္ဂလိပ်စကားကို မင်း နားလည်ရဲ့လား"

ပရော်ဖက်ဆာ ယန်၏ နောက်ဆုံးစကားကြောင့် မင်ယွဲ့မှာ ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းလိုက်ရသည်။ ကိုရီးယား အင်္ဂလိပ်သံသည် အိန္ဒိယ အင်္ဂလိပ်သံလောက် နားလည်ရ ခက်ခဲပါ့မလား။

"ဆရာ၊ ကျွန်မ ကိုရီးယားစကား ပြောတတ်ပါတယ်"

"ဒါကိုလည်း တတ်သေးတာလား"

ပရော်ဖက်ဆာ ယန်မှာ သိသိသာသာ အံ့ဩသွားရသည်။ မင်း ဘာသာစကား ဘယ်နှမျိုးတောင် တတ်နေတာလဲဟု သူ စိတ်ထဲမှ ရေရွတ်မိသည်။

ဆရာမလီထံမှတစ်ဆင့် မင်ယွဲ့သည် နိုင်ငံတကာ ဘာသာစကား ဖလှယ်ပွဲများတွင် သူမ၏ အရည်အချင်းကို ပြသခဲ့ဖူးကြောင်း ကြားသိခဲ့ရသော်လည်း သူမက အနည်းငယ်မျှသာ သိရှိသည်ဟု သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကိုရီးယားစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ မိမိ၏ တပည့်မှာ ကိုရီးယားစကား ပြောတတ်သည်ဟု ဆိုပါက သူမသည် ကျွမ်းကျင်စွာ ပြောဆိုနိုင်မည်ကို သူ ယုံကြည်သည်။

"လေ့လာနေတုန်းပါပဲ"

မင်ယွဲ့က တိုက်ရိုက်မပြောသော်လည်း သူမသည် အမြဲတစေ သင်ယူနေသူဖြစ်ရာ နောင်တွင် ပိုမို တတ်မြောက်လာဦးမည်မှာ အမှန်ပင်ဖြစ်သည်။

"ကောင်းပြီ၊ မင်းက ကိုရီးယားစကား ပြောတတ်

ရင် ပိုတောင် ကောင်းသေးတယ် ကိုရီးယားကျောင်းသားတွေက ငါးရက်လောက်နေရင် ရောက်လာတော့မှာမို့လို့ ကြိုတင်ပြင်ဆင်ထားပါဦး"

"ဟုတ်ကဲ့ပါ"

ဆွေးနွေးမှုများ ပြီးဆုံးပြီးနောက် မင်ယွဲ့ ထွက်ခွာလာခဲ့သည်။ ယန်ကျင်းတက္ကသိုလ်မှ ထွက်လာသောအခါ သူမသည် မိုဟန်ကျီထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

"အလုပ်ဆင်းပြီလား"

လက်ထောက်လင်အား အလုပ်ကိစ္စများ ရှင်းပြနေသော မိုဟန်ကျီသည် ဖုန်းမျက်နှာပြင် လင်းလာသည်ကို မြင်သည်နှင့် ချက်ချင်း ကြည့်လိုက်သည်။ မင်ယွဲ့၏ မက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ခံစားမှုမှာ သိသိသာသာ ကြည်လင်သွားတော့သည်။

လက်ထောက်လင်သည် ယနေ့တွင်လည်း သူဌေးမှာ အချိန်မှန် အလုပ်ဆင်းတော့မည်ကို ကြိုတင်သိလိုက်သည်။

အလုပ်ကိုသာ အာရုံစိုက်တတ်သော သူဌေးမှာ မစ္စ မင်ယွဲ့ အားလပ်သည့် အချိန်တိုင်းတွင် အချိန်မှန် အလုပ်ဆင်းလေ့ရှိသည်ကို သူက ကောင်းစွာ သတိပြုမိထားပြီး ဖြစ်သည်။

"အိမ်ပြန်ကြစို့၊ ငါလည်း ပြန်လာပြီ"

မိုဟန်ကျီသည် ထိုင်ခုံနောက်ကျောမှ ဝတ်စုံအင်္ကျီကို ယူကာ လက်မောင်းတွင် ချိတ်လျက် အပြင်သို့ ထွက်လာခဲ့သည်။

လက်ထောက်လင်သည် သူ၏ရည်းစားထံသို့ ချက်ချင်းပင် မက်ဆေ့ချ် ပို့လိုက်သည်။

"အလုပ်ဆင်းရင် လာကြိုမယ်"

"ရှင် အလုပ်ဆင်းပြီလား၊ မစ္စတာမိုက ချိန်းတွေ့ဖို့ ထပ်သွားပြန်ပြီလား"

သူတို့နှစ်ဦးမှာ မိုဟန်ကျီနှင့် မင်ယွဲ့တို့၏ အချိန်ဇယားများကို လက်ထောက်လင်မှတစ်ဆင့် ကောင်းစွာ သိရှိနေကြသည်။

သို့သော် သူတို့သည် အလုပ်ရှင်၏ အချိန်ဇယားကို ပြင်ပလူများအား မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ကတိကဝတ် ထိန်းသိမ်းထားကြသည်။

ကုမ္ပဏီတစ်ခုလုံးမှာလည်း မိုဟန်ကျီသည် မကြာသေးမီက အချိန်မှန် အလုပ်ဆင်းနေသည်ကို သတိပြုမိနေကြပြီဖြစ်သည်။

"မစ္စတာမို အလုပ်ဆင်းပြီး ဘာလုပ်မလဲဆိုတာ ခန့်မှန်းကြည့်ရအောင်"

"ချိန်းတွေ့ဖို့ သွားတာနေမှာပေါ့"

"မစ္စတာမိုရဲ့ ရည်းစားက အလုပ်များနေတဲ့ အချိန်မှာ သူက အချိန်ပိုဆင်းပြီး၊ သူမ အားလပ်တဲ့ အချိန်ကျရင် သူက အချိန်မှန် ပြန်တာ ဖြစ်ရမယ်"

"မင်းရဲ့ ခန့်မှန်းချက်ကို ငါ သဘောတူတယ်"

အခန်း (၂၇၅) နိုင်ငံတော်အဆင့် ရတနာကဲ့သို့ ပြုစုယုယခြင်း

မိုဟန်ကျီသည် မင်ယွဲ့ကို ကိုယ်တိုင်လာကြိုပြီးနောက် မိုမိသားစု၏ ရှေးဟောင်းအိမ်တော်သို့ ဦးတည်မောင်းနှင်ခဲ့သည်။

"ယွမ်ပေါ့"

မင်ယွဲ့ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည်မှာ အဘွားမို၏ ရင်ခွင်ထဲတွင် မှေးစက်လဲလျောင်းနေသော ပန်ဒါပေါက်လေး

ဖြစ်သည်။

၎င်း၏ မျက်ဝန်းအစုံမှာ မှေးစင်းနေပြီး အလွန်ပင် ကျေနပ်နှစ်သိမ့်နေပုံရရာ ဤနေရာတွင် ပျော်ရွှင်နေကြောင်း သိသာလှပေသည်။

ရင်းနှီးပြီးသား ခေါ်သံကို ကြားလိုက်ရသည်နှင့် ယွမ်ပေါ့သည် မျက်လုံးများကို ချက်ချင်းဖွင့်ကာ မင်ယွဲ့ထံသို့ ဝမ်းသာအားရ ပြေးဝင်လာတော့သည်။

"ငါ့ကို သတိရနေလား"

မင်ယွဲ့က ယွမ်ပေါ့၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ သူတို့နှစ်ဦးသည် တစ်ခါတစ်ရံ စိတ်ချင်းဆက်သွယ်၍ စကားပြောဆိုလေ့ ရှိကြသော်လည်း လူချင်းမတွေ့ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"အဘွား၊ အမေရော"

မိုဟန်ကျီက မေးမြန်းလိုက်သည်။

ထိုအခါ မင်ယွဲ့သည် အွန်လိုင်းပေါ်တွင် မြင်တွေ့ခဲ့ဖူးသော ဟာသဗီဒီယိုတစ်ခုကို ရုတ်တရက် သတိရသွားမိသည်။

လူကြီးဖြစ်နေသော်လည်း အိမ်ထဲသို့ လှမ်းဝင်

လိုက်သည်နှင့် မိခင်ဖြစ်သူကို အရင်ရှာတတ်

သည့် အမျိုးသားများအကြောင်း ဖြစ်သည်။

မိုဟန်ကျီ၏ တည်ကြည်လေးနက်သော လေသံဖြင့် "အမေ" ကို ရှာပုံမှာ သူမ၏ အတွေးထဲတွင် "ဥက္ကဋ္ဌကြီး မိခင်ကို ရှာပုံတော်ဖွင့်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဟာသတစ်ခုသဖွယ် ဖြစ်သွားရာ ပြုံးစိစိ ဖြစ်သွားမိသည်။

"ဘာဖြစ်လို့လဲ"

မိုဟန်ကျီက နားမလည်ဘဲ ကြည့်နေသော်လည်း သူမ၏ ပျော်ရွှင်နေသော အမူအရာကြောင့် သူပါ လိုက်ပြုံးရင်း မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ရုတ်တရက် ဟာသတစ်ခု သတိရသွားလို့ပါ"

မင်ယွဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ဟန်ကျီ ပြန်လာပြီလား မင်းအမေကတော့ သူ့သူငယ်ချင်းတွေနဲ့ အလှပြင်ဆိုင် သွားကြတယ် ယွဲ့ယွဲ့လေးရေ... မြန်မြန်လာ၊ အဘွားက မီးဖိုချောင်မှာ မြေးလေး အကြိုက်ဆုံး ဟင်းလျာတွေကို ပြင်ဆင်ခိုင်းထားပြီးပြီ"

မိုဟန်ကျီသည် အိမ်မပြန်မီကပင် ယနေ့ မင်ယွဲ့ လာမည်ဖြစ်ကြောင်း အဘွားမိုထံ ကြိုတင်ဖုန်းဆက် အကြောင်းကြားထားခဲ့ခြင်း ဖြစ်သည်။

"မြေးလေးက အခုတလော အလုပ်တွေ အရမ်းများနေတာဆိုတော့ ယွမ်ပေါ့ကို ဂရုစိုက်ဖို့ အချိန်မရရင် အဘွားဆီမှာပဲ ထားခဲ့လိုက်ပါ"

အဘွားမိုသည် မင်ယွဲ့၏ ရင်ခွင်ထဲမှ ယွမ်ပေါ့ကို ကြည့်ရင်း ပြောလိုက်သည်။

မင်ယွဲ့သည် ကျောင်းတွင် ဆရာများ၏ အားကိုးမှုကို ခံနေရသူဖြစ်သဖြင့် အလုပ်တာဝန်များလှကြောင်း သူမက သိထားသည်။

မင်ယွဲ့နှင့် သူမ၏မြေးမှာ ချစ်သူများဖြစ်ကြရာ ယွမ်ပေါ့ကို မိုမိသားစုက ကူညီစောင့်ရှောက်ပေးခြင်းမှာ သဘာဝကျသည်ဟု သူမက ယူဆထားသည်။

"အဘွားမိုရယ်၊ သမီးက အဘွားကို ဘယ်လိုလုပ် အလုပ်ထပ်ပေးရက်ပါ့မလဲ အခုတောင် အဘွားမှာ အချိန်အတော်ကြာအောင် ဒုက္ခခံပြီး စောင့်ရှောက်ပေးထားရတာလေ ယွမ်ပေါ့က လိမ်မာပါတယ်၊ သမီး အိမ်မှာပဲ ထားလိုက်ပါ့မယ်"

မင်ယွဲ့က အားနာစွာဖြင့် ငြင်းပယ်လိုက်သည်။

မိုဟန်ကျီသည်လည်း နေ့စဉ် ရုံးတက်ရုံးဆင်းဖြင့် အလွန်အလုပ်များသူ ဖြစ်ရာ ယွမ်ပေါ့ကို ဤနေရာတွင် ထားခဲ့ခြင်းဖြင့် သက်ကြီးရွယ်အို ဖြစ်သော အဘွားမိုကို ဆက်လက် အနှောင့်အယှက် ပေးသလို ဖြစ်နေမည်ကို သူမက မလိုလားပေ။

"ဘာဒုက္ခမှ မရှိပါဘူး ယွဲ့ယွဲ့ရယ်၊ မင်းက သိပ်ကို အားနာတတ်တာပဲ ဒီအဘွားကြီးက ယွမ်ပေါ့လေး ဘေးမှာရှိနေရင် အိမ်က ပိုစည်ကားလာသလို ခံစားရလို့ ပျော်တောင်ပျော်သေးတယ် အိမ်က အဒေါ်ကြီးတွေလည်း ကူညီပေးကြမှာဆိုတော့ အဘွားအတွက် ဘာမှ မပင်ပန်းပါဘူး"

အဘွားမိုက စိတ်ရင်းမှန်ဖြင့် ပြောကြားလိုက်

သည်။

"ယွဲ့ယွဲ့၊ ကျောင်းက ကိစ္စတွေ မပြီးသေးရင်လည်း ယွမ်ပေါ့ကို ဒီမှာပဲ ခေတ္တ ထားခဲ့လိုက်ပါ၊ မဟုတ်ရင် အဘွားက စိတ်မကောင်း ဖြစ်နေလိမ့်မယ်"

ဟု မိုဟန်ကျီကလည်း ဝင်ပြောလိုက်သည်။

မင်ယွဲ့သည် မိုဟန်ကျီကို တစ်ချက်ကြည့်လိုက်ပြီးမှ အဘွားမိုကို ကြည့်လိုက်သည်။

မိုဟန်ကျီ၏ မျက်နှာတွင် ကြင်နာသော အမူအရာ ရှိနေသလို၊ အဘွားမို၏ မျက်ဝန်းများမှာလည်း မေတ္တာတရားဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံးတွင် မင်ယွဲ့သည် သူမ၏ရင်ခွင်ထဲမှ ယွမ်ပေါ့ကို ငုံ့ကြည့်လိုက်သည်။

【ယွမ်ပေါ့... ဒီမှာ နေခဲ့ချင်လား】

မင်ယွဲ့က စိတ်ချင်းဆက်သွယ်၍ မေးမြန်းလိုက်သည်။

【 ကျောင်းမှာ အခုတလော လုပ်စရာတွေ ရှိနေလို့လေ ကိုရီးယားက ပြန်လာတဲ့အထိ ဒီမှာ နေခဲ့မလား】

【ရပါတယ်၊ မိုဟန်ကျီက တစ်ခါတလေ ကုမ္ပဏီကိုလည်း ခေါ်သွားတတ်တော့ သိပ်မပျင်းရပါဘူး အဘွားမိုကလည်း ငါ့အပေါ်မှာ အရမ်းကောင်းပါတယ်】

ယွမ်ပေါ့မှာ အသိဉာဏ်ရှိသော စနစ်တစ်ခု ဖြစ်သည့်အလျောက် မိုမိသားစု၏ ကောင်းမွန်စွာ ဆက်ဆံမှုကို သိရှိသည်။

မင်ယွဲ့အပေါ် ထားရှိသော မေတ္တာကြောင့် ၎င်းအပေါ်သို့ပါ ကူးစက်လာခြင်း ဖြစ်သော်လည်း သူတို့၏ စောင့်ရှောက်မှုမှာ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်လှပေသည်။

မိုဟန်ကျီသည် ဒုတိယထပ်ရှိ အိပ်ခန်းဘေးတွင် ယွမ်ပေါ့အတွက် သီးသန့် အခန်းကျယ်ကြီးတစ်ခုကိုပင် ပြင်ဆင်ပေးထားသည်။

ထိုအခန်းထဲတွင် ကစားစရာများနှင့် တက်ရောက်ကစားနိုင်သော စင်များပြည့်စုံစွာ ရှိနေသည်။

ထို့ပြင် အဘွားမိုသည် နောက်ဖေးခြံထဲရှိ နှင်းဆီပင်များကို ဖယ်ရှားစေပြီး ယွမ်ပေါ့အတွက် ဝါးပင်များကို အစားထိုး စိုက်ပျိုးစေခဲ့သည်။ ဝါးပင်များ၏ အရည်အသွေးကို စိတ်ချရစေရန်အတွက် အကောင်းဆုံး အမျိုးအစားများကိုသာ ရွေးချယ် စိုက်ပျိုးထားခြင်း ဖြစ်သည်။

မင်ယွဲ့က ယွမ်ပေါ့သည် မည်သည့်အရာမဆို စားနိုင်သည်ဟု ပြောထားသော်လည်း သူတို့ကမူ ယွမ်ပေါ့ကို နိုင်ငံတော်အဆင့် ရှားပါးရတနာ ပန်ဒါလေးတစ်ကောင်ကဲ့သို့ အဖိုးတန်စွာ ထားရှိကြသည်။

ယွမ်ပေါ့သည် ဝါးမျှစ်ကလေးများ ပြည့်နှက်နေသော ဝါးတောလေးကို ကြည့်ရင်း ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။ သူသည် စနစ်တစ်ခု ဖြစ်သဖြင့် မည်သည့်အရာကိုမဆို စားသုံးနိုင်သူ ဖြစ်သည်။ ဝါးပင်များကို အစားအစာအဖြစ် မနှစ်သက်သော်လည်း ပျင်းရိသည့်အခါတိုင်း မွှေးကြိုင်သော ဝါးပင်များကို အပျော်သဘောဖြင့် ကိုက်ခဲကြည့်တတ်လေသည်။

အဘွားမို၏ မျက်စိထဲတွင်မူ ယွမ်ပေါ့သည် ထူးဆန်းသော ခွေးလေးတစ်ကောင်သာ ဖြစ်သဖြင့် ဤဝါးတောလေးမှာ ၎င်းအတွက် ပြင်ပကစားကွင်းလေးတစ်ခုသဖွယ် ဖြစ်နေပေတော့သည်။

All Chapters