အခန်း (၂၇၆-၂၈၀)
Vol. 28 Ch. 276-280
အခန်း (၂၇၆) ဥယျာဉ်တော်အား ပြင်ဆင်မွမ်းမံခြင်း
မိုအိမ်တော်၏ နောက်ဖေးဥယျာဉ်တစ်ခုလုံးကို ယွမ်ပေါ့ စိတ်တိုင်းကျ ဆော့ကစားနိုင်ရန်အတွက် အထူးရည်ရွယ်၍ ပြင်ဆင်မွမ်းမံထားသည်။
အတားအဆီးဟူ၍ မရှိဘဲ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန် စနစ်တကျ စီမံထားခြင်း ဖြစ်ပေသည်။
"ယွမ်ပေါ့အတွက် သီးသန့် ကစားကွင်းလေးတစ်ခု ပြင်ပေးထားတယ် ဟန်ကျီ... မြေးလေးကို လိုက်ပြလိုက်ဦးလေ"
အဘွားမိုသည် နွေးထွေးသော အပြုံးဖြင့် ဆိုလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် မျိုးဆက်သစ်လူငယ်များအပေါ် ထားရှိသော ကြင်နာမှုနှင့် မင်ယွဲ့အပေါ် မြတ်နိုးမှုတို့က အထင်အသား ပေါ်လွင်နေသည်။
"ဟုတ်ကဲ့ပါ"
မင်ယွဲ့သည် ယွမ်ပေါ့ကို ပွေ့ချီကာ အပြင်သို့ ထွက်လာခဲ့ပြီး မိုဟန်ကျီက သူမ၏ ဘေးနားမှ လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦးသည် နောက်ဖေးဥယျာဉ်ဆီသို့ ယှဉ်တွဲ၍ လျှောက်လှမ်းသွားကြသည်။
"ကြည့်ပြီးရင် မြန်မြန်ပြန်လာခဲ့ကြဦးနော်၊ မီးဖိုချောင်မှာ ညစာအတွက် ပြင်ဆင်နေကြပြီ"
ဟု အဘွားမိုက လှမ်း၍ သတိပေးလိုက်သည်။
သူမသည် ထွက်ခွာသွားသော လူငယ်နှစ်ဦး၏ ကျောပြင်ကို ကြည့်ကာ ပြုံးမြဲပြုံးနေဆဲပင်။ သူတို့နှစ်ဦး လွတ်လပ်စွာ စကားပြောနိုင်ရန်အတွက် သူမက အလိုက်တသိဖြင့် လိုက်ပါမလာဘဲ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။
"ယွမ်ပေါ့ကို ငါ့ဆီမှာ ထားခဲ့ဖို့ စိတ်မပူပါနဲ့"
မိုဟန်ကျီက တိုးညှင်းသော လေသံဖြင့် ဆိုလိုက်သည်။ သူ၏ လေသံမှာ အေးဆေးတည်ငြိမ်သော်လည်း မင်ယွဲ့အတွက်မူ အလွန်ပင် ယုံကြည်အားကိုးထိုက်သော ကတိစကား တစ်
ခွန်း ဖြစ်နေပေသည်။
မိုဟန်ကျီနှင့် လက်တွဲခဲ့သည့် ကာလတစ်လျှောက်တွင် သူ၏ အပြုအမူနှင့် အပြောအဆိုတိုင်းမှာ အစဉ်အမြဲ တင့်တယ်လျောက်ပတ်ပြီး ပြောသည့်အတိုင်း တည်အောင် လုပ်ဆောင်တတ်သူ ဖြစ်ကြောင်း သူမ သိရှိထားသည်။
ထို့ကြောင့် ဤစကားကို အခြားသူတစ်ဦးက ပြောခဲ့ပါက မင်ယွဲ့အနေဖြင့် အလိုက်သင့် ပြောဆိုခြင်း သို့မဟုတ် ဟန်ဆောင်ခြင်းဟု သံသယဝင်နိုင်သော်လည်း မိုဟန်ကျီ၏ နှုတ်မှ ထွက်လာသည့်အခါတွင်မူ သူ၏ စိတ်ရင်းအမှန်ဟု သူမ အပြည့်အဝ ယုံကြည်မိသည်။
"ယွဲ့ယွဲ့... ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲ"
မင်ယွဲ့က တုံ့ဆိုင်းဝေခွဲမရ ဖြစ်နေသည်ကို မြင်သောအခါ မိုဟန်ကျီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကို သေချာစွာ စိုက်ကြည့်
ရင်း မေးလိုက်သည်။
"ချစ်သူတွေပေါ့"
မင်ယွဲ့သည် ဤအချက်ကို လူမြင်ကွင်းတွင်ဖြစ်စေ၊ သီးသန့်ဖြစ်စေ မည်သည့်အခါမျှ ငြင်းပယ်ခဲ့ခြင်း မရှိပေ။ သူမ၏ ဦးဆုံးသော အချစ်စစ်ကို မိုဟန်ကျီအား စိတ်ရင်းအမှန်ဖြင့် ပေးအပ်ထားပြီး ဖြစ်သည်။
"ဒါဆိုရင် မင်းအနေနဲ့ တွန့်ဆုတ်နေဖို့ မလိုတော့ဘူးလေ မင်းရဲ့ ချစ်သူကို သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေး ပေးသင့်တယ်လို့ ငါထင်တယ်"
မိုဟန်ကျီက မင်ယွဲ့၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
မင်ယွဲ့သည် ညင်သာစွာ ပြုံးလိုက်ပြီး မိုဟန်ကျီ၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ရာ သူတို့နှစ်ဦး၏ လက်ချောင်းများမှာ အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့သွားကြတော့သည်။
"ကောင်းပါပြီ... ချစ်သူရယ်"
ထိုမြင်ကွင်းကို ကြည့်နေသော ယွမ်ပေါ့မှာမူ ဆက်၍ မကြည့်ရက်တော့သကဲ့သို့ မျက်လုံးများကို စုံမှိတ်ထားလိုက်လေသည်။
"ယွမ်ပေါ့ ဘာဖြစ်သွားတာလဲ"
ဟု မိုဟန်ကျီက နားမလည်နိုင်ဘဲ မေးလိုက်
သည်။
"အိပ်ငိုက်သွားတာ ထင်တယ်"
မင်ယွဲ့က ရင်ခွင်ထဲမှ ယွမ်ပေါ့ကို တစ်ချက်
ငုံ့ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
အစောပိုင်းကမှ တက်ကြွနေသော ယွမ်ပေါ့မှာ အဘယ်ကြောင့် ရုတ်တရက် အိပ်ငိုက်သွားရသနည်းဟု သူတို့နှစ်ဦးလုံး ဇဝေဇဝါ ဖြစ်နေသော်လည်း အလေးအနက်ထား၍ စဉ်းစားမနေတော့ပေ။
နောက်ဖေးဥယျာဉ်သို့ ရောက်ရှိသောအခါ မင်ယွဲ့
က ယွမ်ပေါ့ကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။
"နိုးသွားပြီလား"
မိုဟန်ကျီမှာ အံ့ဩသွားရသည်။
ခုနကတင် မျက်စိမှိတ်ကာ အိပ်ငိုက်နေသော ပန်ဒါလေးမှာ ယခုအခါတွင်မူ အားအင်များ ပြည့်ဝနေဟန်ရှိပေသည်။
"သူက ဒီလိုပါပဲ၊ ခဏခဏ တက်ကြွနေတတ်
တာ"
မင်ယွဲ့သည် မလှမ်းမကမ်းတွင် ပျော်မြူးနေသော ယွမ်ပေါ့ကို ကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။
ဥယျာဉ်အတွင်းရှိ သစ်ပင်အောက်တွင် ယွမ်ပေါ့အတွက် သီးသန့် အိပ်ပုခက်လေးတစ်ခု ဆင်ပေးထားသလို မနီးမဝေးတွင်လည်း ဒန်းလေးတစ်ခု ရှိနေပေသည်။
ထို့ပြင် ရွေ့လျား ရေအရင်းအမြစ် စနစ်တစ်ခုကိုလည်း တပ်ဆင်ထားသေးသည်။ ဤသည်မှာ သာမန်အိမ်မွေးတိရစ္ဆာန်များအတွက် နိဗ္ဗာန်ဘုံတစ်ခုသဖွယ် ဖြစ်နေပေတော့သည်။ အိမ်မွေးတိရစ္ဆာန်အယောင်ဆောင်ထားသော စနစ်တစ်ခုဖြစ်သည့် ယွမ်ပေါ့ပင်လျှင် အလွန်အမင်း ကျေနပ်သွားရသည်။
【ယွဲ့ယွဲ့... ငါ ဒီဥယျာဉ်ကို အရမ်းသဘောကျတာပဲ】
ယွမ်ပေါ့က စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ ၎င်း၏ အသံမှာ ပိုမိုမြင့်တက်လာပြီး ကလေးငယ်တစ်
ဦး၏ ပျော်ရွှင်မှုကို မင်ယွဲ့ ခံစားလိုက်ရသည်။
【ဒါဆိုရင် နင် ဒီမှာပဲ ဆက်နေခဲ့မလား၊ ငါ နောက်ရက်အနည်းငယ်ကြာရင် လာကြိုမယ် လေ】
မင်ယွဲ့က မေးလိုက်သည်။
【ကောင်းပြီလေ】
ယွမ်ပေါ့က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
【နောင်ကျရင် ငါ့အိမ်မှာလည်း အိပ်ပုခက်တွေ၊ ဒန်းတွေ၊ ကစားစရာတွေနဲ့ နောက်ဖေးခြံအကျယ်ကြီး တစ်ခု ပြင်ဆင်ပေးရမယ်နော်】
ယွမ်ပေါ့သည် သူ၏ အနာဂတ်အိမ်နှင့် ပတ်သက်သော တောင်းဆိုချက်များကို အသေးစိတ် ပြောပြနေတော့သည်။
【ကောင်းပါပြီ】
မင်ယွဲ့က ပြုံးလျက် ပြန်ဖြေလိုက်သည်။
သူမသည် ယွမ်ပေါ့ကို မိသားစုဝင်တစ်ဦးအဖြစ် ကာလရှည်ကြာ သတ်မှတ်ထားခဲ့သူ ဖြစ်ရာ နောင်တွင် အိမ်သစ်ဝယ်ယူ၍ အလှဆင်သည့်အခါ ယွမ်ပေါ့၏ ဆန္ဒများကို အလေးထား လုပ်ဆောင်ပေးမည်မှာ သေချာလှပေသည်။
၎င်းတို့၏ လက်ရှိ ငွေကြေးအင်အားအရ ယွမ်ပေါ့၏ တောင်းဆိုချက်အားလုံးနှင့် ကိုက်ညီသော အိမ်တစ်လုံးကို ရှာဖွေရန်မှာ ခဲယဉ်းသောအရာ မဟုတ်ပေ။
ယွမ်ပေါ့သည်လည်း မင်ယွဲ့က သဘောတူလိုက်သဖြင့် အတိုင်းမသိ ဝမ်းသာသွားလေသည်။ မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ကစားကွင်းထဲတွင် လမ်းလျှောက်နေကြသော မိဘများကဲ့သို့ ယွမ်ပေါ့ကို ကြင်နာသော အပြုံးများဖြင့် ငေးကြည့်နေကြသည်။
ယွမ်ပေါ့ ဆော့ကစားပြီးသောအခါ မင်ယွဲ့က လက်လှမ်းမမီမီမှာပင် မိုဟန်ကျီက လျင်မြန်စွာ ပွေ့ချီလိုက်သည်။
"သွားကြစို့"
မိုဟန်ကျီက လှည့်၍ ပြောလိုက်သည်။
မိုဟန်ကျီ၏ မိဘများ ပြန်ရောက်လာချိန်တွင် သူတို့နှစ်ဦး ယှဉ်တွဲလျက် ကလေးတစ်ဦးကို ပွေ့ချီထားသည့် ပုံစံမှာ အသစ်စက်စက် အိမ်ထောင်ကျကာ ရင်သွေးလေးကို ထိန်းကျောင်းနေသော ဇနီးမောင်နှံနှင့်ပင် တူနေတော့သည်။
"ငါ တကယ်ပဲ အိုမင်းလာပြီထင်တယ်၊ မျက်စိတွေတောင် ဝေဝါးနေပြီ"
ဟု မစ္စတာမိုက ဆိုသည်။
"ရှင်က မြေးချီချင်နေတာ မဟုတ်လား"
ဟု မစ္စတာမိုကို မိုအမေက စနောက်လိုက်သည်။
ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စကားမပြောဘဲ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။
"ဟန်ကျီနဲ့ ယွဲ့ယွဲ့ရဲ့ ကိစ္စတွေကို ရှင် ဝင်မရှုပ်နဲ့ဦးနော် ဒီဘက်ခေတ် လူငယ်တွေမှာ သူတို့ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိကြတယ်"
သူတို့နှစ်ဦး အနားသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ မိုအမေက သူမ၏ခင်ပွန်းအား အမြန်ပင် သတိပေးလိုက်သည်။
သူမ၏သားမှာ နောက်ဆုံးတွင်မှ ချစ်သူရထားခြင်းဖြစ်ရာ ခင်ပွန်းဖြစ်သူ ဝင်ရောက်နှောင့်ယှက်သဖြင့် ပျက်စီးသွားမည်ကို သူမက အလွန်စိုးရိမ်နေခြင်း ဖြစ်ပေသည်။
အခန်း (၂၇၇) အစွမ်းကုန် ကြိုးပမ်းအားထုတ်
ခြင်း
မိုအိမ်တော်တွင် ညစာသုံးဆောင်ပြီးနောက် ယွမ်ပေါ့ကို ထားရစ်ခဲ့ကာ မင်ယွဲ့သည် ပြန်ရန် ပြင်ဆင်တော့သည်။ အဘွားမိုသည် ယွမ်ပေါ့ကို ပွေ့ချီထားရင်း လူငယ်နှစ်ဦး၏ ထွက်ခွာမှုကို မေတ္တာဖြင့် ငေးကြည့်နေခဲ့သည်။
"ကောင်းကောင်း အနားယူလိုက်ပါဦး"
မိုဟန်ကျီသည် မင်ယွဲ့ကို နေထိုင်ရာ ရပ်ကွက်အဝင်ဝအထိ လိုက်လံပို့ဆောင်ပေးကာ နှုတ်ဆက်စကား ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ရှင်လည်း အပြန်လမ်းကို ဂရုစိုက်မောင်းပါဦးနော်"
မင်ယွဲ့က မှာကြားပြီးနောက် ကားလေး မမြင်ကွယ်ရာအထိ ရောက်သွားသည်အထိ လှေကားရင်းမှ ရပ်ကာ လက်ယမ်းနှုတ်ဆက်နေခဲ့သည်။
ကားရိပ်ကလေး ပျောက်ကွယ်သွားသည်နှင့် သူမသည် လှည့်ပြန်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ သို့သော် မိုဟန်ကျီ မှာကြားခဲ့သကဲ့သို့ အနားယူခြင်းမပြုဘဲ ကိုယ်လက်သန့်စင်ပြီးနောက် စိတ်ကူးယဉ် သင်ယူမှုအခန်း အတွင်းသို့
ချက်ချင်းပင် ဝင်ရောက်လိုက်သည်။
ယွမ်ပေါ့နှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ သူမသည် အသိပညာအသစ်များကို စဉ်ဆက်မပြတ် ဆည်းပူးနေရသည့် ဤဘဝပုံစံကို ကျင့်သားရနေပြီ ဖြစ်သည်။ ဤသင်ယူမှုနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် သူမ၏ စိတ်ဝိညာဉ်မှာ ငြိမ်သက်အေးချမ်းသွားကာ စူးစိုက်မှု အပြည့်အဝ ရရှိသွားတော့သည်။
ထိုနေရာသည် မင်ယွဲ့၏ ပညာရှာမှီးမှုအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေသည်။
စိတ်ကူးယဉ် သင်ယူမှုအခန်း၏ ကောင်းကင်ယံ၌ ရဟတ်ယာဉ်တစ်စင်း ပေါ်ပေါက်လာကာ စိတ်အလိုကျ လှုပ်ရှားနေသည်။ မင်ယွဲ့သည် ရဟတ်ယာဉ်၏ ပဲ့ကိုင်ခန်းအတွင်းသို့ ကျွမ်းကျင်စွာ တက်ရောက်လိုက်ပြီး ထိန်းချုပ်မောင်းနှင်မှု ခလုတ်များကို စတင်
ကိုင်တွယ်လေတော့သည်။
ပန်ကာဒလက်များမှာ တစ်စထက်တစ်စ လျင်မြန်စွာ လည်ပတ်လာပြီး ဟိန်းဟောက်
သံကြီးနှင့်အတူ လေထုကို တုန်ခါစေသည်။
ကာလအတန်ကြာ သင်ယူလေ့ကျင့်ခဲ့ပြီးနောက် မင်ယွဲ့သည် ရဟတ်ယာဉ် မောင်းနှင်ခြင်းအတတ်ပညာကို ကောင်းစွာ ကျွမ်းကျင်နေပြီ ဖြစ်သည်။
ရဟတ်ယာဉ်သည် မြေပြင်မှ ရုတ်တရက် ထိုးတက်သွားကာ မြေကမ္ဘာနှင့် တဖြည်းဖြည်း ဝေးကွာသွားတော့သည်။
မင်ယွဲ့သည် လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် အောက်ခြေမြင်ကွင်းကို ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ အဆောက်အအုံများမှာ သေးငယ်သထက် သေးငယ်သွားကာ သူမသည် ပြာလွင်သော ကောင်းကင်နှင့် တိမ်တိုက်ဖြူဖြူများဆီသို့ ချဉ်းကပ်လာခဲ့သည်။
အမြင်အာရုံဖြင့်သာ ပျံသန်းရသော ရဟတ်ယာဉ်များမှာ တိမ်တိုက်များကို ဖြတ်သန်း၍ မရသော်လည်း မင်ယွဲ့သည် တိုင်းတာရေး ကိရိယာများဖြင့် မောင်းနှင်
နိုင်သော စနစ်ကို အသုံးပြုထားသည့် ရဟတ်ယာဉ်ကို မောင်းနှင်နေခြင်း ဖြစ်သည်။
သူမသည် ပညာရှင်သုံး ဝတ်စုံကို ဝတ်ဆင်ထားကာ တိမ်တိုက်များအကြား စိတ်အလိုကျ ပျံသန်းနေသည်။ ယခင်က လေယာဉ်စီးစဉ် တိမ်တိုက်များကို မြင်တွေ့ရသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ဦးစီးကာ တိမ်တိုက်လွှာများကို တိုးဝှေ့ရသည့် ခံစားမှုမျိုးမှာမူ အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
သူမသည် ရဟတ်ယာဉ်ကို ရှေ့တိုးနောက်ငင် ပြုလုပ်ခြင်း၊ ကောင်းကင်ယံ၌ ဇောက်ထိုးလှည့်ခြင်းနှင့် ထောင်တက်ခြင်း စသည့် အဆင့်မြင့် မောင်းနှင်မှုများကို ပြုလုပ်နေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ သာမန် ပျံသန်းခြင်းထက် ကျော်လွန်ကာ အလွန်ခက်ခဲပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းသော ပညာရှင်အဆင့် စွမ်းဆောင်ရည်များ ဖြစ်နေသည်။
ဤနေရာတွင် မည်သူမျှ မြင်တွေ့နိုင်ခြင်း မရှိသော်လည်း အကယ်၍ တစ်စုံတစ်ယောက်ကသာ မြင်တွေ့ခဲ့ပါက မင်ယွဲ့၏ မောင်းနှင်ပုံကို အံ့ဩဘနန်း ချီးကျူးကြမည်မှာ ဧကန်ပင်။
ရဟတ်ယာဉ်တစ်စင်းကို တိုက်လေယာဉ်တစ်စင်း၏ အရှိန်အဝါမျိုးဖြင့် ကောင်းကင်ယံ၌ လှည့်ပတ်ပျံသန်းနေခြင်းမှာ အမှန်တကယ်ပင် ခန့်ညားလှပေသည်။
နာရီပေါင်းများစွာကြာအောင် ပျံသန်းပြီးနောက် မင်ယွဲ့သည် စိတ်ကြည်လင်လန်းဆန်းသွားကာ ရဟတ်ယာဉ်ကို မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်စေခဲ့သည်။
သူမသည် ရဟတ်ယာဉ်ပေါ်မှ ဖျတ်လတ်စွာ ခုန်ဆင်းလိုက်ပြီး ခေါင်းဆောင်းကို ချွတ်ကာ ဆံနွယ်များကို ခါယမ်းလိုက်သည်။ လေထဲတွင် ဝဲဖြာသွားသော ဆံနွယ်များနှင့်အတူ မင်ယွဲ့၏ ပုံစံမှာ လွတ်လပ်ပေါ့ပါးပြီး မြင့်မြတ်သော အရှိန်အဝါတို့ ထွက်ပေါ်နေတော့သည်။
အချိန်ကို စစ်ဆေးပြီးနောက် ရဟတ်ယာဉ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ သူမ ကိုင်ဆောင်ထားသော ခေါင်းဆောင်းနှင့် ဝတ်ဆင်ထားသော ဝတ်စုံများမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မင်ယွဲ့သည် မိမိ၏ အိပ်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
သူမသည် ကိုယ်လက်သန့်စင်ပြီးနောက်မှသာ နောက်ဆုံးတွင် အိပ်စက်အနားယူလေတော့သည်။
အချိန်ကာလသည် အနှေးနှင့်အမြန် မျောလွင့်ကုန်ဆုံးသွားခဲ့ရာ တောင်ကိုရီးယား ပညာတော်သင် ကိုယ်စားလှယ်အဖွဲ့မှာလည်း ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
ပရော်ဖက်ဆာ ယန်က ဤကိစ္စသည် ကျောင်း၏ ဂုဏ်သိက္ခာသာမက နိုင်ငံတော်၏ ဂုဏ်ဒြပ်နှင့်လည်း သက်ဆိုင်နေသဖြင့် အစွမ်းကုန် ကြိုးစားရန် မင်ယွဲ့ကို မှာကြားထားခဲ့သည်။
တရုတ်နိုင်ငံသည် အထီးကျန်ဆန်မှုနှင့် အကူအညီမဲ့မှုများကို ကြုံတွေ့ခဲ့ဖူးသဖြင့် အားနည်းသောနိုင်ငံတွင် သံတမန်ရေးရာ အင်အားမရှိကြောင်းနှင့် နောက်ကျကျန်ရစ်ခြင်းမှာ အနိုင်ကျင့်ခံရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။
ထို့ကြောင့်ပင် တရုတ်ပြည်သူများမှာ ယနေ့တိုင် အစွမ်းကုန် ကြိုးစားအားထုတ်နေကြခြင်း ဖြစ်သည်။
ဆင်းရဲပင်ပန်းမှုများကို ကျော်ဖြတ်ပြီးနောက် ရရှိလာသော လွတ်မြောက်မှုနှင့် စွမ်းအားများက သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ ထိုတက်ကြွသော စိတ်ဓာတ်များက တရုတ်နိုင်ငံကို လျင်မြန်စွာ တိုးတက်စေခဲ့ပြီး ယခုအခါတွင်မူ မည်သူမျှ အထင်သေး၍ မရသော အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်စေခဲ့ပြီဖြစ်သည်။
သာယာဝပြောခြင်း၊ ဒီမိုကရေစီဆန်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းနှင့် သဟဇာတဖြစ်ခြင်း ဟူသော စကားလုံးများမှာ စာအုပ်ထဲ၌သာ ရှိနေသည်မဟုတ်ဘဲ လက်တွေ့ဘဝတွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေခြင်း ဖြစ်သည်။
ကိုရီးယားနိုင်ငံမှာ သေးငယ်သော်လည်း နိုင်ငံတကာ ဆက်ဆံရေးတွင် ထူးခြားသော စည်းလုံးမှုကို ပြသတတ်ကြသည်။
တရုတ်ပြည်သူများမှာလည်း နိုင်ငံရေးသမား၊ လုပ်ငန်းရှင်၊ လယ်သမား၊ အလုပ်သမားနှင့် ကျောင်းသားများအထိ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးကြပေသည်။
ယခုအချိန်တိုင်အောင် မင်ယွဲ့၏ ရင်ထဲတွင်လည်း မျိုးချစ်စိတ်ဓာတ်မှာ လျော့ပါးသွားခြင်း မရှိပေ။ တရုတ်နိုင်ငံသည် မျိုးချစ်စိတ်ဓာတ် သင်ကြားမှုကို အစဉ်အမြဲ အလေးထားခဲ့ရာ "မိခင်နိုင်ငံသည် ထိပါး၍မရ၊ နယ်မြေဒေသသည် ခွဲခြား၍မရ" ဟူသော အသိစိတ်မှာ နိုင်ငံသားတိုင်း၏ နှလုံးသားထဲတွင် စွဲမြဲနေပြီး ဖြစ်သည်။
ထို့ကြောင့် ပရော်ဖက်ဆာ ယန်က သတိမပေးစေကာမူ မင်ယွဲ့သည် ဤတာဝန်ကို အကောင်းဆုံး ထမ်းဆောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
အခန်း (၂၇၈) အမှန်တကယ်ပင် လှပလွန်းလှသည်
တောင်ကိုရီးယား ပညာတော်သင် ကိုယ်စားလှယ်အဖွဲ့သည် သတ်မှတ်ထားသည့် အချိန်အတိုင်း ဆိုက်ရောက်လာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ဧည့်ဝတ်ပြုရန် တာဝန်ရှိသူများမှာ ယန်ကျင်းတက္ကသိုလ်မှ ကျောင်းသားများသာမကဘဲ အခြားသော ထိပ်တန်းတက္ကသိုလ်အသီးသီးမှ ထူးချွန်ကျောင်းသားများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများပါ စုဝေးရောက်ရှိနေကြခြင်း ဖြစ်သည်။
မင်ယွဲ့သည် ယန်ကျင်းတက္ကသိုလ် ကိုယ်စားလှယ်များကြားတွင် အေးအေးလူလူပင် ရပ်နေခဲ့သော်လည်း သူမ မော့ကြည့်လိုက်သည့်အခါ ထွက်ပေါ်လာသော ထူးကဲသည့် ရုပ်အဆင်းမှာ လူအများ၏ အာရုံကို မဆွဲဆောင်ဘဲ မနေနိုင်ခဲ့ချေ။
"အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်"
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူသည် ယဉ်ကျေးပျူငှာစွာဖြင့် လက်ကမ်းနှုတ်ဆက်လိုက်သည်။
ဤလက်ဆွဲနှုတ်ဆက်ခြင်းသည် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား တရားဝင် ဖလှယ်ရေးလုပ်ငန်းစဉ်များ
စတင်ပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်။
ပရော်ဖက်ဆာ ယန်က မင်ယွဲ့အား ဤပွဲတွင် တောက်ပစေချင်သော်လည်း သူမသည် ယန်ကျင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးအနေဖြင့်သာ တက်ရောက်လာခြင်းဖြစ်ရာ ဧည့်သည်တော်များအကြားတွင် သူမ၏ အဆင့်အတန်းမှာ ထင်ရှားခြင်း မရှိသေးပေ။
ကျောင်းသားများမှာ တရုတ်နိုင်ငံ၏ တက်ကြွလှုပ်ရှားပြီး အလားအလာရှိသော လူငယ်ထုနှင့် နိုင်ငံတော်၏ အနာဂတ်မဏ္ဍိုင်များကို ပြသရန်အတွက် ပွဲဦးထွက် အလှဆင်သက်သက်သာ ဖြစ်နိုင်ပေသည်။
ကိုရီးယား ဧည့်သည်တော်များသည် ကျောင်းအသီးသီးမှ လာသော ကျောင်းသားများကို အလေးထားခြင်း မရှိဘဲ တစ်ချက်မျှသာ ဝေ့ကြည့်ကာ မျက်နှာလွှဲသွားကြသည်။
"ဒါဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ"
ကိုရီးယားဘက်မှ တာဝန်ရှိသူက လက်အုပ်ချီနှုတ်ဆက်ရင်း ကျနသပ်ရပ်သော တရုတ်စကား ဖြင့် တုံ့ပြန်လိုက်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကိုရီးယားကိုယ်စားလှယ်အဖွဲ့အား ကြိုတင်စီစဉ်ထားသော ဟိုတယ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
မင်ယွဲ့သည် စီတန်းလှည့်လည်ရာ နောက်ဆုံးမှ အေးအေးဆေးဆေး လိုက်ပါလာစဉ် ရှေ့ဆုံးမှ ခေါင်းဆောင်နှစ်ဦးမှာမူ ရင်းနှီးပွင့်လင်းစွာ စကားလက်ဆုံ ကျနေကြသည်။
သူမသည် ပျင်းရိစွာဖြင့် မြေပြင်ကို ငုံ့ကြည့်လိုက်၊ ပြာလွင်သော ကောင်းကင်နှင့် ထိုးထွက်နေသော အဆောက်အအုံ မြင့်ကြီးများကို မော့ကြည့်လိုက်ဖြင့် အချိန်ဖြုန်းနေလေသည်။
ထို့နောက် အဖွဲ့သားအားလုံး ကားပေါ်သို့ တက်ရောက်ကာ ဟိုတယ်သို့ ဦးတည်မောင်းနှင်ခဲ့ကြသည်။
"မင်းတို့အနေနဲ့ အဖွဲ့နောက်ကနေ လိုက်ပြီးတော့ အင်အားကြီးနိုင်ငံတစ်ခုရဲ့ ယဉ်ကျေးပျူငှာမှုကို အစွမ်းကုန် ပြသပေးကြပါ အကယ်၍ သူတို့ဘက်က တစ်ခုခု အခက်တွေ့အောင် လုပ်လာရင် ငါတို့ဆီ ချက်ချင်း အကြောင်းကြားပါ၊ ငါတို့ ဖြေရှင်းပေးမယ်"
တရုတ်အဖွဲ့၏ တာဝန်ခံက မှာကြားလိုက်သည်။
သူတို့၏ အမြင်တွင် မင်ယွဲ့နှင့် ကျန်ကျောင်းသားများမှာ လောကအန္တရာယ်ကို မသိသေးသော ကလေးငယ်များသာ ဖြစ်နေသေးသည်။
သံတမန်ရေးရာတွင် အသေးအဖွဲကိစ္စဟူ၍ မရှိသဖြင့် သူတို့က အလွန်အလေးထားကြသလို၊ နိုင်ငံ၏ အထွဋ်အထိပ် တက္ကသိုလ်များမှ လာသော ကျောင်းသားများကိုလည်း အကောင်းဆုံး စောင့်ရှောက်ရန် လိုအပ်သည် မဟုတ်ပါလား။
"ဟုတ်ကဲ့ပါ"
မင်ယွဲ့သည် အခြားကျောင်းမှ ကျောင်းသားများနှင့်အတူ ကားပေါ်တွင် ထိုင်နေခဲ့သည်။
"မင်းက ယန်ကျင်းတက္ကသိုလ်က ဖြစ်ရမယ် ဒီတစ်ခါတော့ ငါတို့ ဘာမှ ထွေထွေထူးထူး မလုပ်ရဘဲ အေးအေးဆေးဆေး လိုက်ခဲ့ရတာပဲနော်"
"ဟုတ်ကဲ့၊ ကျွန်မ မင်ယွဲ့ပါ၊ ပီကင်းတက္ကသိုလ် ဘဏ္ဍာရေးဌာနကပါ"
"မင်ယွဲ့... နာမည်လေးက လှလိုက်တာ၊ သိရတာ ဝမ်းသာပါတယ်"
"မင်္ဂလာပါ၊ ကျွန်မက ချန်ယွီပါ မင်းက တကယ်ကို လှတာပဲ"
အလှအပကို မြတ်နိုးသူများ၏ မျက်စိထဲတွင် ရုပ်ရည်လှပခြင်းမှာ အမှန်တကယ်ပင် အောင်လက်မှတ်တစ်ခုကဲ့သို့ ဖြစ်ပေသည်။ ချန်ယွီသည် မင်ယွဲ့၏ အဆင်းကို စူးစိုက်ကြည့်ရင်း သူမ၏ အလှတရားတွင် လုံးဝ စွဲလန်းသွားရသည်။
"ကျေးဇူးတင်ပါတယ်၊ ချန်ယွီလည်း လှပါတယ်"
မင်ယွဲ့က အားနာ၍ ပြောခြင်းမဟုတ်ဘဲ ချန်ယွီမှာလည်း အမှန်တကယ် ချစ်စဖွယ်ကောင်းသူ ဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးလေးများမှာ ဗာဒံစေ့ပုံစံရှိပြီး ပြုံးလိုက်လျှင် ပါးချိုင့်ကလေးနှစ်ဖက် ပေါ်လာတတ်သည့် သူမ၏ ပုံစံမှာ မင်ယွဲ့၏ စိတ်ကို ကြည်နူးစေခဲ့သည်။
"ဟားဟား... ငါတို့တွေက ဝမ်ဖော့ က ဖရဲသီးရောင်းရင်း ကိုယ့်ပစ္စည်းကိုယ် ချီးမွမ်းနေသလို ဖြစ်နေဦးမယ်"
ချန်ယွီသည် မိမိကိုယ်ကို ရုပ်ဆိုးသည်ဟု မထင်သော်လည်း ရိုးရိုးယဉ်ယဉ် မိန်းကလေးတစ်ဦးထက် မပိုချေ။ လမင်းနှင့် ပန်းပွင့်များကိုပင် အရှက်ရစေကာ တိုင်းပြည်ကိုပင် ပြိုလဲစေနိုင်သော မင်ယွဲ့၏ အလှတရားနှင့်မူ နှိုင်းယှဉ်၍ မရနိုင်ပါချေ။
ကားများသည် လျင်မြန်စွာ မောင်းနှင်လာပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ရှေ့တွင် အေးဆေးစွာ ရပ်တန့်လိုက်သည်။
ပြည်ပဧည့်သည်များနှင့် မည်သို့သော ဆက်ဆံရေးရှိသည်ဖြစ်စေ၊ ဧည့်ဝတ်ကျေပွန်သော တရုတ်လူမျိုးများအဖို့ ကြယ်ငါးပွင့်ဟိုတယ်တွင် ထားရှိခြင်းက ကြီးမြတ်ပြီး သာယာဝပြောသော နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ပင် ဖြစ်သည်။
ကားပါကင် ဝန်ထမ်းသည် ကားကို ကူညီရပ်နားပေးရန် ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
"တောက်... ငါ့ဖိနပ်တွေ ညစ်ပတ်ကုန်ပြီ"
မင်ယွဲ့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် နောက်ကပ်လျက် ကားပေါ်မှ ကိုရီးယားလူငယ်တစ်စု ဆင်းလာကြသည်။
"တရုတ်ပြည်က လမ်းတွေက တကယ်ကို ညစ်ပတ်တာပဲ"
သူတို့သည် မျက်မှောင်ကြုတ်ကာ ရွံရှာစက်ဆုပ်ဖွယ် အမူအရာများဖြင့် ကိုရီးယားဘာသာဖြင့် တိုးတိုးလေး ကျိန်ဆဲလိုက်ကြသည်။ ရှေ့တွင် လျှောက်လှမ်းနေသော မင်ယွဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူတို့ဆီသို့ လှည့်ကာ စူးစိုက်စွာ ကြည့်လိုက်သည်။
"သူ ငါတို့ပြောတာကို နားလည်နေတာလား"
ကိုရီးယားလူငယ်တစ်ဦးက ဘေးမှ သူငယ်ချင်း၏ လက်မောင်းကို တွန်းကာ မေးလိုက်သည်။
"မဖြစ်နိုင်ပါဘူး၊ သူ နားလည်မှာ မဟုတ်ပါဘူး"
မင်ယွဲ့ဘက်မှ ထူးခြားသော တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ သူတို့နှစ်ဦးမှာ မသိနိုင်ဟု ယူဆကာ စိတ်အေးသွားကြသည်။ ထိုမှသာ မင်ယွဲ့၏ အလှတရားကို အချိန်ယူ၍ ငေးကြည့်ရန် အခွင့်အရေး ရသွားတော့သည်။
"ဒီကောင်မလေးက တကယ်ကို လှပြီး ဆွဲဆောင်မှုရှိတာပဲ"
အခန်း (၂၇၉) ထပ်မံ၍ ခေါ်ဆိုပါဦး
"သူတို့က ဘာတွေများ ကွာခြားလို့လဲ"
ခန့်ညားထည်ဝါသော မျက်နှာပေးသည် ရုတ်တရက် နီးကပ်လာခဲ့ရာ မင်ယွဲ့သည် ရင်ခုန်သံများ မြန်ဆန်လာကာ အသက်ရှူပင် မှားသွားရသည်။
သူမသည် တံတွေးကို ခက်ခဲစွာ မျိုချရင်း အဖြေကို သိပါလျက်နှင့်ပင် တမင်တကာ မေးမြန်းလိုက်မိသည်။
"မင်းနဲ့အတူ ရှိနေရတာမို့လို့ ဘယ်လောက်ကြာကြာ အလုပ်လုပ်ရပါစေ ငါလိုလိုလားလား ရှိနေတာပါ မင်းက ငါ့အနားမှာ အချိန်တွေအများကြီး... အရင်ကထက် ပိုပြီး ရှိနေပေးဖို့ပဲ ငါမျှော်လင့်ပါတယ်"
မိုဟန်ကျီ၏ တိုးညှင်းသော စကားသံများသည် မင်ယွဲ့၏ ပါးပြင်ကို ပန်းသွေးရောင် သန်းသွားစေတော့သည်။
"ကောင်းပါပြီ၊ သွားစားကြရအောင်လေ"
"ရှင် တစ်ခုခုကို မေ့နေတယ်လို့ မခံစားရဘူးလား"
ယွမ်ပေါ့သည် ကုမ္ပဏီထဲမှ ထွက်လာသော သူတို့နှစ်ဦး၏ နောက်မှ လိုက်ပါလာခဲ့သည်။
ဝန်ထမ်းအားလုံးမှာ ထို "မိသားစု သုံးယောက်" ကို ငေးကြည့်နေကြပြီး သူတို့နှစ်ဦးမှာ ယွမ်ပေါ့ကို သတိမထားမိဘဲ တစ်ကောင်တည်း လမ်းလျှောက်ခိုင်းထားသည်ဟုပင် ထင်မှတ်နေကြသည်။
ယွမ်ပေါ့၏ အသံသည် သူမ၏ စိတ်ထဲတွင် မြည်ဟည်းလာမှပင် မင်ယွဲ့သည် သတိပြန်ဝင်လာကာ မိုဟန်ကျီ၏ ရင်ဘတ်ကို အသာအယာ တွန်းလိုက်သည်။ မိုဟန်ကျီသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ သူမကို လွှတ်ပေးလိုက်လေသည်။
ယွမ်ပေါ့သည် ဖျတ်လတ်စွာ ခုန်တက်လိုက်ပြီး မင်ယွဲ့၏ ရင်ခွင်ထဲသို့ ဒေါသတကြီး တိုးဝင်ကာ မိုဟန်ကျီကို စူးစိုက်ကြည့်နေတော့သည်။ မိမိ၏ သခင်ကို လုယူသွားသောသူနှင့် အေးချမ်းစွာ အတူမနေနိုင်ကြောင်း ထင်ရှားလှပေသည်။ ဤအချိန်၌ ယွမ်ပေါ့သည် မကြာသေးမီက မိုဟန်ကျီ ပေးအပ်ခဲ့သော ကောင်းကင်ဘုံကဲ့သို့ စောင့်ရှောက်မှုများကို အကုန်မေ့လျော့နေပုံရသည်။
"ယွမ်ပေါ့လေး"
မိုဟန်ကျီက လက်လှမ်း၍ ထိတွေ့ရန် ကြိုးစားသော်လည်း ယွမ်ပေါ့သည် ချက်ချင်းပင် ရှောင်တိမ်းသွားသည်။
"တကယ့်ကို မြင့်အောင် ခုန်နိုင်တာပဲ"
ဟု သူက သက်ပြင်းချရင်း ဆိုလိုက်သည်။
"သွားစားကြစို့"
မင်ယွဲ့သည် ယွမ်ပေါ့ကို ပွေ့ချီကာ သူမ၏ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသို့ မရောက်ဖြစ်သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
"ဘယ်ဆိုင်က ပိတ်သွားတာလဲ"
လမ်းတစ်ဖက်ခြံရှိ စားသောက်ဆိုင်မှာ ဆိုင်းဘုတ်ကို ဖြုတ်ချနေသည်ကို မင်ယွဲ့ မြင်တွေ့လိုက်ရသည်။ ဆိုင်ကို ပြန်လည်ရောင်းချနေခြင်း ဖြစ်ဟန်တူသည်။
"အဲဒါ ဖြစ်နိုင်ပါတယ်"
မိုဟန်ကျီကလည်း သူမ၏ အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်သည်။ မင်ယွဲ့၏ ဆိုင်နှင့် နှိုင်းယှဉ်လျှင် လမ်းတစ်ဖက်ဆိုင်မှာ ဖောက်သည်များ အလွန်အမင်း လျော့နည်းသွားကာ နောက်ဆုံးတွင် အရှုံးပေါ်ပြီး ဆိုင်လွှဲပြောင်းပေးရသည့် အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။
မင်ယွဲ့သည် တည်ငြိမ်အေးဆေးစွာပင် ရှိနေပြီး မည်သည့်သနားစိတ်မျှ မရှိခဲ့ချေ။
ထိုကဲ့သို့ ယုတ်မာသောသူမှာ ဤကဲ့သို့သော ကံကြမ္မာနှင့် ထိုက်တန်လှပေသည်။ သနားညှာတာမှုနှင့် မထိုက်တန်သော သူသည် သူ၏ လုပ်ရပ်များအတိုင်းသာ ပြန်လည် ခံစားရခြင်း ဖြစ်သည်။
မင်ယွဲ့နှင့် မိုဟန်ကျီတို့ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူငယ်လေးတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့သည်။
"မမ ယွဲ့ယွဲ့"
မင်ယွဲ့က ကိုယ်ကို ကိုင်းညွတ်ကာ သူ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ရှောင်နော့လည်း ဒီမှာ ရှိနေတာပဲ"
သူသည် ရွှီမိသားစု၏ သားဖြစ်သူ ရွှီနော့ပင် ဖြစ်သည်။ မင်ယွဲ့နှင့် သူမ၏အဖွဲ့သည် သူ့ကို တောင်ပေါ်ကျေးရွာ တစ်ခုမှ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ မိဘအရင်းများ၏ မေတ္တာရိပ်တွင် နေထိုင်ရသဖြင့် သူသည် အစပိုင်းကဲ့သို့ အေးစက်မနေတော့ဘဲ ပိုမို တက်ကြွလန်းဆန်းလာခဲ့သည်။
မှန်ပါသည်၊ မိဘများအပြင် မင်ယွဲ့သည် သူ၏ အယုံကြည်ရဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
"နေကောင်းလား ယွမ်ပေါ့"
ရှောင်နော့သည် ယွမ်ပေါ့နှင့် မကြာခဏ တွေ့ဖူးသဖြင့် သဘာဝကျကျပင် နှုတ်ဆက်လိုက်သည်။
"ရှောင်နော့က ငါ့ကိုကျတော့ နှုတ်မဆက်တော့ဘူးလား"
မိုဟန်ကျီက လူအများ စည်းလုံးညီညွတ်စွာ ရှိနေသည်ကို ကြည့်ရင်း ရှောင်နော့က သူ့ကို မေ့နေသဖြင့် ဝင်ပြောလိုက်သည်။
"နေကောင်းလား မိုဦးလေး"
ရှောင်နော့က မဝံ့မရဲဖြင့် နှုတ်ဆက်လိုက်သည်။
"ရှောင်နော့... ငါက မင်းရဲ့ မမမင်ယွဲ့ရဲ့ ချစ်သူပါ"
ဟု မိုဟန်ကျီက အားမလိုအားမရ ပြောလိုက်
သည်။
မင်ယွဲ့သည် လူကြီးတစ်ယောက်က ကလေးတစ်ယောက်နှင့် ငြင်းခုံနေသည်ကို ကြည့်ကာ တခိခိ ရယ်မောနေမိသည်။
"ဦးလေးက ဒီနှစ်ထဲမှာ အသက်ဘယ်လောက်ရှိပြီလဲဟင်"
ကလေးတို့ဘာသာ ရိုးသားစွာ မေးမြန်းလိုက်သော်လည်း မိုဟန်ကျီမှာမူ ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"ငါက ငယ်ပါသေးတယ်၊ ဒါမယ့် ငါ့ကို ဦးလေးလို့ ခေါ်တာက သဘာဝကျပါတယ်”
မိုဟန်ကျီသည် ကလေးတစ်ဦး၏ အထင်သေးမှုကို ခံလိုက်ရသကဲ့သို့ ခံစားရသည်။
သူက ငယ်ချင်ယောင်ဆောင်နေခြင်း မဟုတ်သလို "ဦးလေး" ဟု ခေါ်သည်ကို လက်မခံနိုင်သည်လည်း မဟုတ်ပေ။
သို့သော် ကလေးက မင်ယွဲ့ကို "မမ" ဟု ခေါ်ပြီး သူ့ကိုကျမှ "ဦးလေး" ဟု ခေါ်ခြင်းက သူတို့နှစ်ဦးကို မျိုးဆက်ကွာခြားနေသကဲ့သို့ ခံစားရစေသောကြောင့် ဖြစ်သည်။
"ကဲပါ... နောက်မနေကြနဲ့တော့ စားပြီးကြပြီလား၊ မမတို့နဲ့အတူ စားမလား"
မင်ယွဲ့က ကြားဝင်စေ့စပ်ပေးလိုက်သည်။
ရှောင်နော့သည် "မောင်လေး" ဟု ခေါ်သည်ကို ငြင်းပယ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"မစားရသေးဘူး၊ ဖေဖေက အလုပ်များနေတယ်"
"မင်းက ငယ်သေးတာပဲ၊ ဗိုက်ဆာခံလို့ မဖြစ်ဘူးငါတို့နဲ့အတူ လာစားပါ"
စကားပြောရင်း မင်ယွဲ့သည် သူ၏လက်ကို ဆွဲကာ သီးသန့်အခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ စားဖိုမှူးကြီး ရွှီသည် မင်ယွဲ့ ရောက်ရှိလာကြောင်း သိသည်နှင့် အခန်းထဲသို့ ချက်ချင်းပင် လာရောက်နှုတ်ဆက်လေသည်။
ဝန်ထမ်းအသစ်မှာမူ စားဖိုမှူးကြီး ရွှီက အလုပ်များနေသည့်ကြားမှ လူကိုယ်တိုင် လာရောက် ဧည့်ခံသည်ကို ကြည့်ကာ အံ့ဩနေမိသည်။
သူ ဤနေရာသို့ ရောက်သည်မှာ မကြာသေးသော်လည်း စားဖိုမှူးကြီး ရွှီ၏ ကျွမ်းကျင်မှုနှင့် ကျော်ကြားမှုကိုမူ ကောင်းစွာ သိထားသည်။
"ဟိုကလေးကို မြင်လား၊ အဲဒါ စားဖိုမှူးကြီးရဲ့ သားလေ"
ဟု ဝန်ထမ်းဟောင်းက ဆိုသည်။
"စားဖိုမှူးကြီးရဲ့ အမျိုးတွေလား"
ဝန်ထမ်းဟောင်းက သူ၏ ခန့်မှန်းချက် မှားနေကြောင်း သိသဖြင့် ရှင်းပြလိုက်သည်။
“အဲဒီ အမျိုးသမီးက ငါတို့ဆိုင်ရဲ့ သူဌေးကြီးလေ"
ဝန်ထမ်းအသစ်များသည် အလုပ်ဝင်သည်မှာ တစ်လရှိပြီဖြစ်သော်လည်း သူဌေးကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်း ဖြစ်သည်။
"ဒါကို မှတ်ထားပါ၊ ဒါ ငါတို့ရဲ့ သူဌေးပဲ၊ ကောင်းကောင်း ဧည့်ခံရမယ်"
ဝန်ထမ်းဟောင်းက သူ၏ ပုခုံးကို ပုတ်ကာ သတိပေးပြီးနောက် အလုပ်ပြန်လုပ်လေတော့သည်။
"သီးသန့်အခန်းထဲကို မဝင်ရရင်တောင် ဧည့်ခံခွင့်လေးတော့ ရချင်လိုက်တာ"
ဟု ဝန်ထမ်းအသစ်က တိုးတိုးလေး ရေရွတ်ကာ ဆိုင်ခန်းမထဲသို့ ထွက်သွားခဲ့သည်။
"မစ္စမင်... ဘာသုံးဆောင်ချင်ပါသလဲ၊ ကျွန်တော် ကိုယ်တိုင် ချက်ပေးပါ့မယ်"
မင်ယွဲ့သည် သူတို့၏ သားကို ကူညီရှာဖွေပေးခဲ့သလို ယခုအခါတွင်လည်း အလုပ်ရှင် ဖြစ်နေသဖြင့် သူမသည် ကျေးဇူးရှင်ရော၊ စီးပွားရေး အထောက်အပံ့ပေးသူပါ ဖြစ်နေပေသည်။
ထို့ကြောင့် သူက အစွမ်းကုန် ဧည့်ခံလိုနေခြင်း ဖြစ်သည်။
"ဦးလေး အကျွမ်းကျင်ဆုံး ဟင်းလျာတွေကိုပဲ ပြင်ပေးပါ"
စားဖိုမှူးကြီး ရွှီသည် မင်ယွဲ့၏ ချက်ပြုတ်မှု စွမ်းရည်မှာ မိမိထက် သာလွန်ကြောင်း သိထားသဖြင့် မင်ယွဲ့ စိတ်တိုင်းကျ သုံးဆောင်နိုင်ရန်သာ မျှော်လင့်နေပြီး သူမ၏ ရှေ့တွင် မိမိကိုယ်ကို ဆရာတင်ရန် မဝံ့ရဲပေ။
"ကောင်းပါပြီ၊ ရှောင်နော့ကို ကျွန်တော် ခေါ်သွား
လိုက်ပါ့မယ်၊ မစ္စတို့ အနှောင့်အယှက် မဖြစ်
အောင်လို့ပါ"
စကားပြောရင်း သူက ရှောင်နော့၏ လက်ကို လှမ်းကိုင်လိုက်သည်။ သူတို့ ဇနီးမောင်နှံမှာ ပျောက်ဆုံးသွားပြီးမှ ပြန်တွေ့ရသော သားဖြစ်သူကို အလွန်ပင် အလိုလိုက်ထားကြသည်။
သို့သော် မိမိတို့၏ ကလေးက အခြားသူများကို အနှောင့်အယှက် ပေးမည်ကိုမူ သူတို့က အမြဲသတိထားကြသည်။
"မလိုပါဘူး၊ သမီးတို့က ဒီကလေးကို ချစ်လို့ပါ၊ သူပါ အတူတူ စားပါစေ"
မင်ယွဲ့က ပြောလိုက်သဖြင့် စားဖိုမှူးကြီး ရွှီလည်း ဘာမှ ဆက်မပြောတော့ဘဲ မီးဖိုချောင်သို့ အပြေးအလွှား သွားလေတော့သည်။
ရှောင်နော့သည် ယွမ်ပေါ့ကို စူးစိုက်ကြည့်နေသည်။ ထိုအခြင်းအရာကို မြင်သောအခါ မင်ယွဲ့က ယွမ်ပေါ့ကို သူ၏ပေါင်ပေါ်သို့ တင်
ပေးလိုက်သည်။
သူသည် လှုပ်ပင်မလှုပ်ရဲဘဲ တောင့်တောင့်ကြီး ဖြစ်နေရှာသည်။ ယွမ်ပေါ့ ငြိမ်သက်သွားမှသာ သူသည် ဝံ့ဝံ့ရဲရဲဖြင့် ၎င်း၏ နူးညံ့ချောမွေ့သော အမွှေးအမျှင်များကို အသာအယာ ပွတ်သပ်
ကြည့်လေတော့သည်။
ဟင်းလျာများမှာ လျင်မြန်စွာ ရောက်ရှိလာပြီး မိုဟန်ကျီသည် မင်ယွဲ့အတွက် ဟင်းများကို ထည့်ပေးရန်သာ အာရုံစိုက်နေသည်။
"ရှင်လည်း စားပါဦး၊ ကျွန်မကိုပဲ ဂရုစိုက်မနေနဲ့"
"စားနေပါတယ်"
မိုဟန်ကျီက သူ၏ ပန်းကန်ထဲမှ အစာကို ပါးစပ်ထဲထည့်ကာ ဖြည်းဖြည်းချင်း ဝါးနေလေသည်။
"နှုတ်ဆက်ပါတယ် မမ၊ နှုတ်ဆက်ပါတယ် ယွမ်ပေါ့"
ညစာစားပြီးနောက် သူတို့နှစ်ဦး ပြန်ရန် ပြင်ဆင်ကြရာ ရှောင်နော့က ဆိုင်ရှေ့မှ ရပ်၍ နှုတ်ဆက်လိုက်သည်။
"တာ့တာ ရှောင်နော့"
မင်ယွဲ့က ယွမ်ပေါ့၏ လက်ဖဝါးကလေးကို မြှောက်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"တာ့တာ... ကိုကို"
ဤအသံမှာ သိသိသာသာ ပိုမို တိုးညှင်းလှသည်။
"တာ့တာ"
ဟု မိုဟန်ကျီက တုံ့ပြန်လိုက်သည်။
"ကိုကို... ကားမမောင်းတော့ဘူးလား"
မင်ယွဲ့သည် ဘေးခုံတွင် ထိုင်ကာ ခါးပတ်ပတ်ရင်း
နောက်ပြောင်လိုက်သည်။
ဤ "ကိုကို" ဟူသော ခေါ်သံမှာ မိုဟန်ကျီအတွက် ထူးခြားသော အနက်အဓိပ္ပာယ် ရှိနေပေသည်။
"ထပ်ခေါ်ပါဦး"
မိုဟန်ကျီသည် ကားမောင်းရန် ပြင်နေရာမှ ရပ်တန့်လိုက်ပြီး မင်ယွဲ့ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။ ရှောင်နော့သည် ဟိုတယ်ရှေ့မှ ရပ်ကာ သူတို့ကား အဘယ်ကြောင့် မထွက်သေးသနည်းဟု နားမလည်စွာ ကြည့်နေရှာသည်။
"မခေါ်တော့ဘူး"
မင်ယွဲ့က မျက်နှာကို လွှဲကာ ရှေ့သို့သာ စိုက်
ကြည့်နေတော့သည်။
"ယွဲ့ယွဲ့..."
မိုဟန်ကျီသည် မင်ယွဲ့က သူ၏ အသံကို နှစ်သက်ကြောင်း သိထားသဖြင့် သူမ၏ နားနားသို့ တိုးကပ်ကာ တိုးညှင်းစွာ ခေါ်လိုက်သည်။
သူ၏ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံမှာ မင်ယွဲ့၏ နှလုံးသားကို အမွှေးအမျှင်ကလေးနှင့် ပွတ်သပ်လိုက်သကဲ့သို့ ခံစားရစေသည်။
"နောက်တစ်ခါလောက် ထပ်ခေါ်ပေးလို့ ရမလား"
နွေးထွေးသော အသက်ရှူသံမှာ မင်ယွဲ့၏ နားရွက်ဖျားကလေးများကို ထိတွေ့သွားရာ ချက်ချင်းပင် နားရွက်ကလေးများ နီမြန်းသွားရသည်။
"မခေါ်ဘူး၊ အခုချက်ချင်း မောင်းတော့"
မင်ယွဲ့သည် ရှက်ကိုးရှက်ကန်းဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။ မိုဟန်ကျီသည် အနည်းငယ် စိတ်ပျက်စွာဖြင့် ကားကို စက်နှိုးကာ ထွက်ခွာခဲ့တော့သည်။ သူ၏ အသံဖြင့် တိုက်စစ်ဆင်မှုမှာ ယနေ့တွင် မအောင်မြင်ခဲ့သဖြင့် အံ့ဩနေမိသည်။
ယွမ်ပေါ့မှာမူ အလိုက်သိစွာဖြင့် ရှေ့တွင် မထိုင်ဘဲ နောက်ခန်းတွင် တစ်ကောင်တည်း ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ နေရာလွတ်က ကျယ်ဝန်းပြီး မည်သူမျှ မနှောင့်ယှက်သဖြင့် ကားပေါ်တက်သည်နှင့် ဟောက်သံပေးကာ အိပ်ပျော်သွားတော့သည်။
"ကျွန်တော့်အိမ်ကို လိုက်ခဲ့မလား"
အခန်း (၂၈၀) ကျွန်တော့်ကို အခွင့်အရေးပေးပါ
"မလိုက်တော့ပါဘူး၊ မနက်ဖြန် အလုပ်အားမှပဲ အဘွားတို့ဆီ သွားလည်တော့မယ်"
ယွမ်ပေါ့ကြောင့် မိုမိသားစုမှာ အလုပ်ရှုပ်ခဲ့ရသည်ဖြစ်ရာ ယနေ့တွင် ဘာပြင်ဆင်မှုမှမရှိဘဲ ရုတ်တရက်သွားရန်မှာ မသင့်တော်ဟု မင်ယွဲ့က ယူဆသည်။ စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်မှသာ မနက်ဖြန်တွင် သွားရောက်ခြင်းက ပို၍ လျောက်ပတ်ပေလိမ့်မည်။
"ကောင်းပါပြီ၊ ဒါဆိုရင် အရင်ဆုံး အိမ်ပြန်
လိုက်ပို့ပေးမယ်လေ"
မိုဟန်ကျီသည် ခွဲခွာရမည်ကို နှမြောတသဖြစ်နေသော်လည်း မနက်ဖြန်တွင် ပြန်လည်ဆုံတွေ့ရဦးမည်ဖြစ်၍ မင်ယွဲ့ကို အိမ်သို့ ပြန်လည်
ပို့ဆောင်ပေးခဲ့သည်။
"မနက်ဖြန်မှ တွေ့ကြမယ်နော်၊ လမ်းမှာ ဂရုစိုက်မောင်းပါဦး"
မင်ယွဲ့သည် ကားအပြင်ဘက်တွင် ရပ်ကာ သူ့ကို လက်ယမ်းနှုတ်ဆက်လိုက်သည်။
"လူလည်း ထွက်သွားပြီပဲ၊ သခင်မလေးလည်း ပြန်ဝင်တော့လေ"
ဟု ယွမ်ပေါ့က မကျေမနပ် လေသံဖြင့် ဆိုသည်။
"အေးပါ၊ ခဏနေရင် နင်စားဖို့ အရသာရှိတာတစ်ခုခု လုပ်ပေးမယ်"
"ဟုတ်ကဲ့၊ သခင်မလေးက အကောင်းဆုံးပဲ"
ယွမ်ပေါ့၏ လေသံမှာ ချက်ချင်းပင် တက်ကြွရွှင်လန်းသွားတော့သည်။ မင်ယွဲ့သည် ပြုံးလျက် ၎င်း၏ဦးခေါင်းကို ပွတ်သပ်ကာ အပေါ်ထပ်သို့ ပွေ့ချီတက်လာခဲ့သည်။
"ကို အိမ်ပြန်ရောက်ပြီ"
မိုဟန်ကျီသည် အိမ်သို့ ရောက်သည်နှင့် မင်ယွဲ့ထံသို့ ဗီဒီယိုဖုန်း ချက်ချင်းခေါ်ဆိုလိုက်သည်။ မင်ယွဲ့က ဖုန်းကို လက်ခံဖြေကြားကာ မီးဖိုချောင် စားပွဲတင်စင်ပေါ်တွင် တင်ထားလိုက်သည်။
"ဘာလုပ်နေတာလဲ"
မိုဟန်ကျီသည် ဖုန်းမျက်နှာပြင်မှတစ်ဆင့် မင်ယွဲ့၏ ပုံရိပ်အပြည့်အစုံကို မမြင်ရဘဲ သူမ၏ ကိုယ်ဟန်အချို့ကိုသာ မှေးမှိန်စွာ မြင်တွေ့နေရသည်။ ဖုန်းသည် သူမနှင့် နီးကပ်လွန်းနေပြီး အောက်ဘက်သို့ ရောက်နေသောကြောင့် ဖြစ်သည်။
"ဟင်းချက်နေတာ"
ဖုန်းထဲမှတစ်ဆင့် ဓားဖြင့် နုတ်နုတ်စဉ်းနေသော အသံများ ထွက်ပေါ်လာသည်။
"ခုနတင် စားလာခဲ့တာ မဟုတ်လား၊ ဧည့်သည်လာလို့လား"
ဤအချိန်ကြီးတွင် မင်ယွဲ့ထံသို့ မည်သူလာသနည်းဟု မိုဟန်ကျီက သိချင်စိတ်ပြင်းပြနေသည်။
"ယွမ်ပေါ့ ဗိုက်ဆာလို့လေ"
ဟု မင်ယွဲ့က ရှင်းပြလိုက်သည်။
မိုဟန်ကျီသည် ဤအကြောင်းပြချက်ကို ချက်ချင်းပင် လက်ခံလိုက်သည်။
အကြောင်းမှာ ယွမ်ပေါ့ကို စောင့်ရှောက်ဖူးသည့် ကာလအတွင်း ၎င်းသည် အချိန်မရွေး စားနိုင်သူဖြစ်ကြောင်း သိထား၍ဖြစ်သည်။ ဆရာဝန်က ယွမ်ပေါ့သည် ကျန်းမာရေး အထူးကောင်းမွန်သည်ဟု မပြောခဲ့ပါက ၎င်း အစာလွန်ကဲပြီး တစ်ခုခုဖြစ်မည်ကို သူပင် စိုးရိမ်မိမည်ဖြစ်သည်။
"ဒါဆိုရင်လည်း မြန်မြန်ချက်ပြီး အနားယူလိုက်ပါဦး၊ ငါ ထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး"
သူတို့နှစ်ဦးသည် ခေတ္တမျှ စကားစမြည်ပြောဆိုပြီးနောက် ဖုန်းချလိုက်ကြသည်။
"ညစာ ရပြီနော် ယွမ်ပေါ့"
မင်ယွဲ့ ခေါ်စရာပင် မလိုချေ၊ အစားအသောက်ဆိုလျှင် ယွမ်ပေါ့က အမြဲအသင့်ရှိနေတတ်သည်။ ယွမ်ပေါ့ အစာစားနေစဉ် မင်ယွဲ့သည် မနက်ဖြန် မိုမိသားစုထံ သွားသည့်အခါ မည်သည့်
လက်ဆောင် ယူသွားရမည်ကို စဉ်းစားနေမိသည်။
သူမ၏ ကိုယ်ပိုင်သိုလှောင်ခန်းထဲရှိ အဖိုးတန်ပစ္စည်းများသည် မိုမိသားစုအတွက်မူ သာမန်မျှသာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ငွေကြေးတန်ဖိုးထက် စိတ်စေတနာပါမှုကို ပြသနိုင်မည့်
အရာကို ရွေးချယ်ရမည်ဖြစ်သည်။
အတော်ကြာ စဉ်းစားပြီးနောက် သူမ ကိုယ်တိုင် ပန်းထိုးထားသော လက်ကိုင်ပဝါများနှင့် ပိုးပဝါအချို့ကို မိုမိသားစုမှ အမျိုးသမီးများအတွက် လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ရိုးရိုးရှင်းရှင်း သွားရောက်လည်ပတ်ခြင်းဖြစ်ရာ အလွန်အမင်း အဖိုးတန်လွန်းသည်များကို ပေးကမ်းခြင်းကလည်း မသင့်လျော်ပေ။ မဟုတ်ပါက သူမသည် အဘွားမိုအတွက် ရှေးဟောင်းကြေးအိုးငယ်ကိုပင် ပေးရန် စဉ်းစားခဲ့သေးသည်။
သူမသည် စတိုခန်းထဲတွင် အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူတို့တစ်ဦးချင်းစီနှင့် လိုက်ဖက်မည့် ချောင်ဆန်းဝတ်စုံ တစ်စစီကို ရှာတွေ့ခဲ့သည်။
မနက်ဖြန်သည် စနေ၊ တနင်္ဂနွေ အားလပ်ရက်ဖြစ်ရာ မိုဟန်ကျီ၏ ဝမ်းကွဲညီမ မိုယွီလည်း ရှိနေနိုင်ပေသည်။ သူမသည် လိုလီတာ ဖက်ရှင်ကို နှစ်သက်သည်ဟု ကြားသိထားသဖြင့် မင်ယွဲ့သည် စိတ်ကူးယဉ်သင်ယူမှုခန်းအတွင်းသို့ ဝင်ရောက်ကာ အချိန်စီးဆင်းမှုကို အသုံးချ၍ အရေးပေါ် အလှချုပ်လုပ်ငန်းကို စတင်
တော့သည်။
ညှပ်ခြင်း၊ ချုပ်ခြင်း၊ ဖာထေးခြင်းများ ပြုလုပ်ပြီးနောက် လှပဆန်းပြားသော လိုလီတာဝတ်စုံတစ်စုံမှာ ပြီးမြောက်သွားခဲ့သည်။
"ဟူး... နည်းနည်းတော့ ပင်ပန်းသွားပြီ ယွမ်ပေါ့... အိပ်ကြစို့"
မင်ယွဲ့သည် သင်ယူမှုခန်းထဲမှ ထွက်လာကာ နူးညံ့သောအိပ်ရာပေါ်တွင် ကိုယ်လက်ဆန့်ထုတ်လိုက်သည်။ အိပ်ရန် အချက်ပေးသံကြားသည်နှင့် ယွမ်ပေါ့က မီးခလုတ်ကို ပိတ်လိုက်ပြီး မင်ယွဲ့သည် ၎င်းကို ပွေ့ဖက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် နေရောင်ခြည် ဖြာကျနေသော်လည်း ယွမ်ပေါ့မှာမူ နိုးထခြင်းမရှိသေးပေ။ မင်ယွဲ့သည် ၎င်းကို စနစ်ဟင်းလင်းပြင်ထဲ၌ ထားရစ်ခဲ့ကာ မနေ့ညက ထုပ်ပိုးထားသော လက်ဆောင်များကို ယူ၍ ကိုယ်တိုင် ကားမောင်းသွားရန် ပြင်ဆင်လိုက်
သည်။
"ယွဲ့ယွဲ့... နိုးပြီလား၊ ငါ လာကြိုမယ်လေ"
မိုဟန်ကျီက ဖုန်းဆက်၍ မေးမြန်းသည်။
"ကျွန်မဘာသာပဲ မောင်းလာခဲ့ပါ့မယ်၊ ရှင် တစ်ခေါက်တည်းနဲ့ သွားလာနေရမှာ ပင်ပန်းမှာစိုးလို့ပါ"
"မင်းရဲ့ ချစ်သူကို သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေး ပေးသင့်တာပေါ့ မင်းက ဘာအခွင့်အရေးမှ မပေးရင် ငါ့မှာ ခက်ခဲလှပါတယ်"
ဟု မိုဟန်ကျီက ဆိုသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ ချစ်သူရယ်... မြန်
မြန်လာကြိုပါ၊ စောင့်နေမယ်နော် နောက်ကျရင်တော့ စိတ်ဆိုးမှာ"
မင်ယွဲ့သည် သာယာစွာ ရယ်မောလိုက်သည်။
မိုဟန်ကျီသည် ချစ်သူများကြားမှ ထိုစနောက်မှုများကို သဘောကျနေပြီး မင်ယွဲ့ကို လာကြိုသည့်လမ်းတွင် အလွန်စိတ်ကြည်လင်နေခဲ့သည်။
မိုဟန်ကျီသည် မင်ယွဲ့၏ အိမ်သို့ အလျင်အမြန်
ပင် မောင်းနှင်လာခဲ့သည်။
"ချစ်သူလေး... စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကားပေါ်တက်ပါဦးခင်ဗျာ"
မိုဟန်ကျီ၏ ဟန်ပန်မှာ ဆွဲဆောင်မှုရှိလှပြီး သူသည် ရှေ့ခန်းတံခါးကိုပင် အလိုက်သိစွာ ဖွင့်ပေးထားသည်။
မင်ယွဲ့သည် ပြင်ဆင်ထားသော လက်ဆောင်များနှင့်အတူ ကားပေါ်သို့ တက်လိုက်ပြီး မိုအိမ်တော်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
ဤအချိန်၌ မိုအိမ်တော်အတွင်းရှိ အခြေအနေမှာမူ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းနေသည်။ အားလုံးက မင်ယွဲ့ရောက်လာမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြစဉ် မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်တစ်ဦးကြောင့် အချိန်အခါမှာ ပျက်စီးသွားရသည်။
"ဝမ်မိန်းကလေး... ဒီနေ့ ဘာကိစ္စများ ရှိလို့လဲ"
ဟု မိုအမေက ဧည့်ခံနှုတ်ဆက်လိုက်သည်။
"အန်တီမို... ကျွန်မကို ရှောင်ချင်းလို့ပဲ ခေါ်ပါနော်ကျွန်မ ငယ်ငယ်တုန်းကဆိုရင် အန်တီက ကျွန်မကိုတောင် ချီဖူးသေးတာလေ"
ဟု ဝမ်ချင်းက နွေးထွေးသော အပြုံးဖြင့် ဆိုသည်။
"ဟုတ်လို့လား"
မိုအမေသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် လူချစ်လူခင်များသူဖြစ်ရာ ယဉ်ကျေးမှုမရှိသော လုပ်ရပ်မျိုးကို မပြုလုပ်တတ်ပေ။ သို့သော် ယနေ့သည် ဧည့်သည်လက်ခံရန် မသင့်တော်သောနေ့ဖြစ်သဖြင့် သူမအနေဖြင့် အနည်းငယ် စိတ်မအေးဖြစ်နေမိသည်။
ဝမ်ချင်း၏ စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသော်လည်း အပြုံးမပျက်အောင် ထိန်းထားဆဲပင်။
"အန်တီက ကျွန်မကို သမီးအဖြစ်တောင် လိုချင်တယ်လို့ ပြောခဲ့သေးတာလေ"
အကြိမ်ကြိမ် သတိပေးမှပင် မိုအမေသည် ရှေ့တွင်ရှိနေသော အမျိုးသမီးကို မှတ်မိသွားတော့သည်။
မိုအမေတွင် သားတစ်ဦးတည်းရှိသဖြင့် အခြားမိသားစုများ၌ သမီးရှိသည်ကို အမြဲအားကျတတ်သည်။ ထို့ကြောင့် ဝမ်ချင်း ခြောက်နှစ်သမီးအရွယ်တွင် သူမက ချစ်စရာကောင်းကြောင်းနှင့် ထိုကဲ့သို့ သမီးမျိုး လိုချင်ကြောင်း စနောက်၍ ပြောခဲ့ဖူးခြင်းဖြစ်သည်။
သူမ၏ စနောက်စကားကို ဤမျှကြာအောင် မှတ်မိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အသက်ခြောက်နှစ်အရွယ် ကလေးတစ်ဦးအဖို့ လူကြီးတစ်ယောက်က အမြဲတစေ ပြန်မပြောပြပါက မှတ်မိရန်မှာ မဖြစ်နိုင်သလောက်ပင်။
မိုအမေသည် သူမကို မှတ်မိသွားသော်လည်း ဝမ်းမသာရုံမျှမက ဝမ်မိသားစုအပေါ် ထားရှိသော အမြင်ပါ ပိုမိုဆိုးရွားသွားသည်။ သူမအကြောင်းကို ကောလာဟလများ ဖြန့်နေကြသလားဟုပင် တွေးတောမိသည်။
"အန်တီ..."
ထိုစဉ် မိုယွီ၏ မိသားစု ရောက်ရှိလာသည်။ သူမသည် ပျော်ရွှင်စွာ ပြေးလာပြီး မိုအမေ၏လက်ကို ဖက်လိုက်သည်။ သူမသည် မိသားစုတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သဖြင့် အလွန်
အလိုလိုက်ခြင်း ခံရသူဖြစ်သည်။
"ရှောင်ယွီ ရောက်ပြီလား"
မိုအမေ၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားသည်။ ဝမ်ချင်းမှာမူ သူတို့နှစ်ဦး၏ သံယောဇဉ်ကြီးမားပုံကို ကြည့်ရင်း မိမိကိုယ်ကို အပိုလူတစ်ဦးသဖွယ် ခံစားလိုက်ရသည်။ သူမ အနေခက်နေစဉ်မှာပင် မိုအမေက သူမဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ဝမ်မိန်းကလေး... အန်တီက ချစ်စရာကောင်းတဲ့ မိန်းကလေးတိုင်းကို သဘောကျပါတယ်"
မိုအမေ၏ စကားမှာ သူမကို သမီးအဖြစ် လိုချင်သည်ဆိုသော အချက်ကို သွယ်ဝိုက်၍ ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။
"အန်တီ... ဘယ်သူက အချစ်ရဆုံးလဲဟင်"
ဟု ရှောင်ယွီက မေးသည်။
"ရှောင်ယွီပေါ့၊ မင်းက တို့မိသားစုရဲ့ တစ်ဦးတည်းသော မင်းသမီးလေးပဲလေ"
သူတို့နှစ်ဦး၏ စကားဝိုင်းကြောင့် ဝမ်ချင်းမှာ အရှက်ရသွားရသည်။ အတိတ်ကို ပြန်ပြောပြခြင်းဖြင့် ရင်းနှီးမှုရရှိကာ အထင်ကြီးခံရမည်ဟု ထင်ခဲ့သော်လည်း အခြေအနေမှာ ပိုမိုဆိုးရွားသွားခဲ့သည်။
အမှန်စင်စစ် ဝမ်ချင်း၏ အတွေးမှာ မမှားပေ။
အကယ်၍ မိုဟန်ကျီတွင် ချစ်သူမရှိပါက မိုအမေသည် သူတို့၏ လူမှုအသိုင်းအဝိုင်းထဲမှ မိန်းကလေးတစ်ဦးနှင့် သေချာပေါက် မိတ်ဆက်ပေးမည်ဖြစ်ပြီး ဝမ်ချင်း၏ ချဉ်းကပ်မှုကိုလည်း ငြင်းပယ်လိမ့်မည်မဟုတ်ပေ။
သို့သော် ယခုအခါတွင် မိုဟန်ကျီ၌ ချစ်သူရှိနေပြီဖြစ်ပြီး မိုအမေသည် မင်ယွဲ့ကို အလွန်သဘောကျနေသည်။ အရေးကြီးဆုံးမှာ ယနေ့တွင် မင်ယွဲ့ လာမည်ဖြစ်သောကြောင့် ဝမ်ချင်းမှာ အချိန်
မှား၍ ရောက်ရှိလာခြင်းပင် ဖြစ်တော့သည်။
"မဟုတ်ဘူး၊ မမယွဲ့လည်း ရှိသေးတယ်၊ သူကလည်း ကျွန်မတို့ရဲ့ မင်းသမီးလေးပဲ"
ရှောင်ယွီသည် မင်ယွဲ့ကို အမှန်တကယ် သဘောကျပြီး သူမနှင့် ဝီချက် (WeChat) မှတစ်ဆင့် မကြာခဏ စကားပြောလေ့ရှိသည်။
"ဟုတ်သားပဲ၊ အန်တီ မေ့သွားလို့"
ထိုစဉ် အပြင်ဘက်တွင် ကားရပ်သံ ကြားလိုက်
ရသဖြင့် အိမ်စေက ထွက်၍ ကြိုဆိုလေသည်။
"မမယွဲ့ ရောက်ပြီလား၊ သွားကြည့်ဦးမယ်" ဟု မိုယွီက ဆိုကာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။
"အဲဒီ ကလေးမလေးကတော့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်မနေနိုင်ဘူး" ဟု မိုအမေက ပြုံးလျက် ဆိုသည်။
ဝမ်ချင်း၏ စိတ်ထဲတွင်မူ မိုယွီ ပြောသွားသော "မမယွဲ့" ဆိုသည်မှာ မည်သူဖြစ်သနည်းဟု အတွေးများ ပြည့်နှက်နေသည်။
မိုမိသားစု၏ လက်ရှိမျိုးဆက်တွင် ထိုအမည်နှင့် မိန်းကလေးရှိကြောင်း သူမ တစ်ခါမျှ မကြားဖူးခဲ့ချေ။
"ဝမ်မိန်းကလေး... အန်တီတို့ဆီမှာ အရေးကြီးတဲ့ ဧည့်သည်ရှိနေလို့ ဧည့်ခံဖို့ အဆင်မပြေဖြစ်နေတယ် နောက်တစ်ခါမှပဲ လာခဲ့ပါဦးနော်"
မိုအမေသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်ရာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် စကားမျိုးကို မပြောဘဲ သွယ်ဝိုက်၍ ပြန်ခိုင်းလိုက်ခြင်းဖြစ်သည်။
"အန်တီ... ဒီနေ့ အရေးကြီးတဲ့ ဧည့်သည်ရှိတယ်ဆိုရင်လည်း သမီး မနှောင့်ယှက်တော့ပါဘူး နောက်တစ်ခါမှပဲ လာခဲ့ပါ့မယ်"